← Chapters

ကြိုးကြာတစ်ထောင်ဂိုဏ်း

Vol. 62 Ch. 925

ကြိုးကြာတစ်ထောင်ဂိုဏ်း

Vol. 62 Ch. 925

အသွန်းတစ်ရာဂိုဏ်းတွင်...

ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို တက်ရောက်ကြမည့်ဂိုဏ်းမှ ကျင့်ကြံသူများသည် အသွန်းတစ်ရာဂိုဏ်း မဟာခန်းမရှေ့တွင် စုဝေးနေကြပြီဖြစ်လေသည်။ အဲ့ဒီမှာ လူပေါင်းတစ်ထောင်ကျော်ရှိပြီး သူတို့အားလုံးနီးပါးက နိုးထဝိညာဥ်များဖြစ်ကြလေသည်။

ဆူဇီမိုကလည်း သူတို့ထဲတွင်ပါဝင်လေသည်။

အဲ့ဒါက ထိပ်သီးဂိုဏ်းကြီးများ၏ အခြေခံအုတ်မြစ်ဖြစ်လေသည်။

အသွန်းတစ်ရာဂိုဏ်းသည် လက်နက်သွန်းလုပ်ခြင်း ဂိုဏ်းတစ်ဂိုဏ်းမျှသာ ဖြစ်ပြီး အဲ့ဒီမှာ နိုးထဝိညာဥ်တစ်ထောင်ကျော်ကို အလွယ်တကူစုစည်းနိုင်လေသည်။

ဒါ့အပြင် အဲ့ဒါက အကုန်မဟုတ်သေး​ပေ...

တိုက်ခိုက်ရေးကို ဦးစားပေးသော အင်မော်တယ်ဂိုဏ်း ၉ ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်း ၇ ဂိုဏ်းဟူသော ရှေးဟောင်းထိပ်သီးဂိုဏ်းကြီးများ၏ ခွန်အားက ဘယ်လောက်တောင်ကြီးမားမလဲ စဥ်းစားကြည့်နိုင်လေသည်။

ဆန်းကြယ်တောင်ထွတ်မှာဆိုလျှင် နိုးထဝိညာဥ်တစ်ရာပင်မပြည့်ပေ။

သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုရင်း ဆူဇီမိုက သူ့ဘေးရှိ နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ကို ကြည့်ကာ မေးလိုက်လေသည်။

“ကြိုးကြာတစ်ထောင်ဂိုဏ်းကို သွားမယ့်ခရီးစဥ်မှာ ငါတို့နဲ့အတူ မူလနတ္ထိ တာအိုသက်ရှိတစ်ယောက်က လိုက်ပါလာမယ့်ပုံပဲ... ဟုတ်တယ်မလား”

ဆူဇီမို၏ အကြည့်နောက်ကို လိုက်ပါကြည့်ရှုမည်ဆိုလျှင် အဲ့ဒီမှာ မူလနတ္ထိတာအိုသက်ရှိတစ်ယောက်သည် တာအိုအရှင်အဖြူရောင်မီးတောက်နှင့် တာအိုအရှင်ကြယ်သွေးနီ၏ရှေ့တွင် ရိုသေလေးစားသော အမူအရာနှင့် အနည်းငယ်ဦးညွတ်ကာ ရပ်နေလေသည်။

ထိုသူက တာအိုအရှင်နှစ်ယောက်၏ အကြံဉာဏ်ကို နားထောင်နေပြီး ရိုသေလေးစားသော အမူအရာဖြင့် မကြာမကြာခေါင်းညိတ်နေလေသည်။

ထိုသည်ကို ရူရွှမ်ကြားသောအခါ သူမက ဆူဇီမိုကို စိတ်လိုလက်ရ ရှင်းပြလေသည်။

ကြိုးကြာတစ်ထောင်လက်ဖက်ရည်ဧည့်ခံပွဲသည် ကြိုးကြာတစ်ထောင်ဂိုဏ်းကနေ နှစ်တစ်ရာတိုင်းမှာတစ်ကြိမ် ကျင်းပပေးသည့် မဟာပွဲတော်တစ်ခုဖြစ်လေသည်။ အဲ့ဒါက ရှားရှားပါးပါး အခွင့်အလမ်းတစ်ခုလည်းဖြစ်ပေသည်။

သူ၏နာမည်အတိုင်းပင် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ၏ အဓိကရည်ရွယ်ချက်က လက်ဖက်ရည်သောက်ဖို့ ဖြစ်လေသည်။

ဤလက်ဖက်ရည်က ရိုးရိုးသာမန်လက်ဖက်ရည်မဟုတ်ပေ။ အဲ့ဒါက ဂမ္ဘီရလက်ဖက်ပင်မှ ရသော လက်ဖက်ရည်ဖြစ်ပြီး အဲ့ဒါကိုသောက်သုံးမည့် နိုးထဝိညာဥ်များ၏ အမြုတေစိတ်ဝိညာဥ်များက အလွန်တရာ အကျိုးအမြတ် ကြီးမားလေသည်။

ထို့ကြောင့်ပင် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲသို့ တက်ရောက်ကြမည့် လူအများစုမှာ နိုးထဝိညာဥ်မျာဖြစ်ကြလေသည်။

တစ်ကယ်တော့ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသည် လက်ဖက်ရည်ဧည့်ခံပွဲသို့ မူလနတ္ထိ တစ်ယောက်စနှစ်ယောက်စကို စေလွှတ်ပေလိမ့်မည်။

သို့သော် မည်သို့ပင်ဆိုစေ ဤလက်ဖက်ရည်ဧည့်ခံပွဲ၏ အဓိကဇာတ်ကောင်များမှ နိုးထဝိညာဥ်များအဆင့် ပြိင်စံရှားများသာ ဖြစ်ကြလေသည်။

ရူရွှမ်ကပြောလိုက်လေသည်။

“အဲ့ဒီမှာ မူလနတ္ထိတွေ အများကြီးထည့်ပေးလိုက်လည်း အပိုပဲ... ကျွန်မကြားတာ အဲ့ဒီလက်ဖက်ရည်ဧည့်ခံပွဲကို ကြိုးကြာတစ်ထောင်ဂိုဏ်းက ဂိုဏ်းချုပ်ကိုယ်တိုင် ဧည့်ခံကျင်းပပေးမယ်လို့ပြောတယ်... သူက ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ဆိုတော့ မှားယွင်းမှုတစ်စုံတစ်ရာ ဖြစ်လာမှာမဟုတ်ဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးမှာ နားလည်သွားခဲ့လေသည်။

ရူရွှမ်က မလှမ်းမကမ်းရှိ မူလနတ္ထိကို လက်ညိုးထိုးပြီး ပြောလိုက်လေသည်။

“အဲ့ဒါက တာအိုသက်ရှိ ယွီတင်း... သူက ဂိုဏ်းချုပ်ရဲ့အကြီးဆုံးတပည့်ပဲ... သူက ပကတိမူလနတ္ထိအဆင့်ဖြစ်ပြီးသော လက်နက်သွန်းလုပ်ခြင်းနဲ့ တိုက်ခိုက်ရည်ခွန်းအားမှာ အတော်လေးကောင်းမွန်တယ်...”

နန်းကုန်လင်းက ထပ်ပြောလိုက်လေသည်။

“စီနီယာအစ်ကိုယွီတင်းက ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှ တည်ငြိမ်ပြီးတော့ ဣန္ဒြေရတယ်... ဒီတစ်ခေါက် ကျုပ်တို့ကို ဦးဆောင်မယ့်သူက သူပဲဖြစ်မယ်ထင်တယ်”

ထိုသို့သူ​ပြောနေစဥ်မှာပင် တာအိုအရှင်အဖြူရောင်မီးတောက်နှင့် တာအိုအရှင်ကြယ်သွေးနီတို့က သူတို့၏ ညွှန်ကြားချက်များကို ပြောဆိုလို့ ပြီးစီးသွားပုံရလေသည်။

တာအိုသက်ရှိယွီတင်းက ဆူဇီမိုတို့လေးယောက်အုပ်စုဘက်သို့ လှည့်၍လမ်းလျှောက်လာခဲ့လေသည်။

တာအိုသက်ရှိယွီတင်းက အသက်သုံးထောင်ကျော်ရှိပြီး သူ၏အရွယ်ကောင်းမှာဖြစ်​လေသည်။ သူက ဆူဇီမိုရှေ့သို့ တည်ကြည်သောဟန်ပန်ဖြင့်ရောက်ရှိလာပြီး အနည်းငယ် ဦးညွတ်လိုက်လေသည်။

“ဆရာဘိုးလေးကို နှုတ်ဆက်ပါတယ်”

“ငါက ငယ်ပါသေးတယ်... အခုလိုမျိုး ယဥ်ကျေးနေစရာမလိုပါဘူး တာအိုညီကို...”

ဆူဇီမိုက တာအိုသက်ရှိယွီတင်းကို ကူညီဖေးမလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြလိုက်လေသည်။

တာအိုသက်ရှိယွီတင်းက တည်ကြည်၍ ဣန္ဒြေသိက္ခာကြီးမားသော်က သူက အလွန်တရာယဥ်ကျေးမှုရှိပြီး အသံတစ်ခုကို ထုတ်လွင့်ပို့လွှတ်လိုက်လေသည်။

“အမည်ခံအားဖြင့်တော့ ကျုပ်က ဒီအဖွဲ့ကိုဦးဆောင်တာပဲ... ဒါပေမယ့်လို့ ဆရာရော မျိုးဆက်ခေါင်းဆောင်ရောက တစ်ခုခုဖြစ်ပျက်လာရင် ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို နာခံရမယ်လို့ ညွှန်ကြားထားတယ်”

“ကျုပ်က အလယ်ပိုင်းတိုက်မှာ နေလာတာမဟုတ်သလို ကြိုးကြာတစ်ထောင်ဂိုဏ်းကိုလည်း ရောက်ဖူးတာမဟုတ်ဘူး... ကျုပ်က အဲ့ဒါနဲ့ပတ်သက်ပြီး ဘာမှမသိဘူး ဒီအဖွဲ့ကို ခင်ဗျားပဲဦးဆောင်မယ်ဆိုလည်း အဆင်ပြေပါတယ် တာအိုညီကို”

အဲ့ဒါသည် ဆူဇီမိုက နှိမ့်ချ၍ ပြောဆိုနေခြင်း မဟုတ်ပေ။ သူက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲနှင့်ပတ်သက်၍ ဘာကိုမှ တစ်ကယ်ပင် မသိပေ။

ဆူဇီမိုက ထိုသို့ပြောလိုက်သော်လည်း တာအိုသက်ရှိယွီတင်းက အထင်မြင်သေးသည့်ပုံစံ နည်းနည်းလေးမှ မရှိပေ။ သူက နောက်တစ်ဖန် ယဥ်ကျေးစွာဦးညွတ်ပြီးနောက် တခြားသော ကျင့်ကြံသူများဘက် လှည့်ထွက်သွားလေသည်။

တာအိုသက်ရှိယွီတင်းက ဘာစကားမှမပြောပဲ လေထဲတွင် သူ၏လက်ကို ဖိပြလိုက်သောအခါ အောက်ဘက်ရှိ နိုးထဝိညာဥ်များထံမှ ဆူညံသံများက လျင်မြန်စွာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

“ကြိုးကြာတစ်ထောင်ဂိုဏ်းကိုသွားမယ့် ဒီခရီးစဥ်မှာ မင်းတို့တွေက ဂိုဏ်းသားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပြီးတော့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာလိမ့်မယ်လို့ ငါမျှော်လင့်တယ်... ဂိုဏ်းကိုအရှက်မရစေနဲ့”

“နောက်ပြီးတော့ ငါတို့က ငရဲမီးစံအိမ်နဲ့လည်း လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲတစ်ခု ဆင်နွဲရဖို့ရှိတယ်... အဲ့ဒီအချိန်ကျရင် မင်းတို့အကုန်လုံးက ဂျူနီယာညီမလျှိုကို အားပေးရမယ်”

“နားလည်ပါပြီ...”

လူတိုင်းက အလွယ်တကူ သဘောတူလိုက်ကြလေသည်။

“သွားကြမယ်ဟေ့...”

သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းပြီး တာအိုသက်ရှိယွီတင်းက ဧရာမ စိတ်ဝိညာဥ်ယာဥ်ပျံတစ်ခုကို သူ၏သိုလှောင်အိတ်ထဲကနေ ဆင့်ခေါ်ထုတ်လိုက်လေသည်။ အဲ့ဒါက မဟာခန်းမ၏ရှေ့တွင် လွင့်မျောသွားပြီး သူကအရင်ဆုံး တက်ရောက်လိုက်လေသည်။

များစွာသော နိုးထဝိညာဥ်များကလည်း နောက်ကနေ လိုက်ပါသွားကြလေသည်။

ဆူဇီမိုတို့အုပ်စုကလည်း လိုက်ပါသွားခဲ့လေသည်။

စိတ်ဝိညာဥ်ယာဥ်ပျံသည် လေထုကို ထိုးခွင်း၍ သိပ်မကြာမီ အသွန်းတစ်ရာဂိုဏ်း၏ အထက်ကနေ ပျောက်ကွယ်သွားခဲ့လေသည်။

တာအိုအရှင်အဖြူရောင်မီးတောက်နှင့် တာအိုအရှင်ကြယ်သွေးနီက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး တဖြည်းဖြည်းပျောက်ကွယ်လာသော စိတ်ဝိညာဥ်ယာဥ်ပျံကို စိုးရိမ်ပူပန်မှုများဖြင့် ငေးကြည့်နေကြလေသည်။

တာအိုအရှင်ကြယ်သွေးနီက တီးတိုးရေရွတ်လိုက်လေသည်။

“ဒီတစ်ခေါက် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်တော့မယ်လို့ ငါက ခံစားမိနေတယ် လျှိုဟန်ယန်က ဒီပြိုင်ပွဲမှာ အနိုင်ရပါစေလို့ မျှော်လင့်ရတာပဲ”

“အာ... ငါလည်းမကြာသေးခင်ကမှ အဲ့လိုမျိုး မအီမသာခံစားချက်တစ်ခု ရရှိနေတယ်”

တာအိုအရှင်အဖြူရောင်မီးတောက်ကလည်း ခေါင်းခါလိုက်လေသည်။

“ဒီလက်ဖက်ရည်ဧည့်ခံပွဲကို လူတိုင်းကစောင့်ကြည့်နေကြမှာ ဟန်ယန်က ရှုံးသွားမယ်ဆိုရင် ငါတို့အသွန်းတစ်ရာဂိုဏ်းရဲ့ ဂုဏ်သတင်းကလည်း သေချာပေါက်လျော့ကျသွားမှာပဲ”

တာအိုအရှင်အဖြူရောင်မီးတောက်က စိုးရိမ်ပူပန်စွာပြောလိုက်လေသည်။

တစ်စုံတစ်ယောက်က ဒိကိစ္စမှာ လောင်စာထပ်ထည့်ပြီး အဲ့ဒီလက်ဖက်ရည်ဧည့်ခံပွဲမှာ ငါတို့ကို တစ်သီးပုဂ္ဂလလေးအုပ်စုကနေ ဖယ်ထုတ်ပစ်လိုက်မှာကို စိုးရိမ်နေမိတယ်”

“အဲ့အချိန်ကျရင် ဆရာဘိုးဘိုး အဆုံးစွန်မီးက သူ့ရဲ့ခန္ဓာကိုယ်ကိုတည်ဆောက်ပြီး ထွက်ပေါ်လာမယ်ဆိုရင်တောင် အဲ့ဒါက နောက်ကျလွန်းသွားပြီ”

ထိုစဥ်မှာပင် တာအိုအရှင်အဆုံးစွန်မီး၏ တည်ငြိမ်နေသောအသံက ခန်းမထဲကနေ ထွက်ပေါ်လာခဲ့လေသည်။

“မင်းတို့နှစ်ယောက်စလုံး ဝင်လာခဲ့ကြ”

တာအိုအရှင်နှစ်ယောက်က ခန်းမထဲသို့ အလောတကြီး ဝင်ရောက်သွားကြလေသည်။

“ဒီမှာ စာတစ်ချို့ရှိတယ်... အမှားအယွင်းမရှိအောင် မင်းတို့ကိုယ်တိုင် အဲ့ဒါကို ပို့ပေးလိုက်ကြ”

သူတို့နှစ်ယောက်သည် စာလွှာများကို လက်ခံပြီး အဲ့ဒါကို စစ်ဆေးကြည့်လိုက်ကြလေသည်။ ၎င်းပေါ်တွင်ရေးထားသော တာအိုဘွဲ့များကို မြင်သောအခါ သူတို့က တုန်လှုပ်သွားကြလေသည်။

“ဆက်လုပ်ကြ...”

တာအိုအရှင်အဆုံးစွန်မီးက ထူးမခြားနားပုံစံဖြင့်ပြောလိုက်လေသည်။

“အခုချိန်က ငါပြန်ရောက်လာပြီဆိုတာကို ငါ့ရဲ့မိတ်ဆွေဟောင်းအချို့ကို ပြောရမယ့်အချိန်ပဲ...”

. . . . .

သူတို့သည် အရုဏ်တက်ချိန်ကနေ ထွက်ခွာလာခဲ့ပြီး နေ့တစ်ဝက်နီးပါးရှိလာခဲ့လေပြီ။

အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းသည် သူတို့၏စိတ်ဝိညာဥ်ယာဥ်ပျံပေါ်မှာ စီးနင်းလိုက်ပါလာပြီး ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်လာကြလေသည်။

သူတို့က ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ မရောက်ခင်မှာပင် နွေးထွေးပျူငှာသောပုံစံဖြင့် ဧည့်သည်များကို ကြိုဆိုနေသော ကြိုးကြာများကို တွေ့မြင်လိုက်ရလေသည်။ ၎င်းတို့က လေထဲမှာ လှည့်ပတ်၍ အော်မြည်နေကြလေသည်။

ထိုကြိုးကြာများကို မြင်သောအခါ ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်မှ အင်မော်တယ်ကြိုးကြာအိုကြီးနှင့် ချင်ချင်တို့ကို အမှတ်ရသွားလေသည်။ လျှိုဟန်ယန်က အဲ့ဒါကိုသတိထားမိသွားပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်လေသည်။

“ဆရာဘိုးလေး.. အဲ့ဒီကြိုးကြာတွေက သားရဲတောကောင်အစစ်တွေမဟု​တ်ဘူးလေ”

“ဟမ်...”

ဆူဇီမိုက အံ့အားသင့်သွားခဲ့လေသည်။ လျှိုဟန်ယန်က ညင်သာစွာ လက်ယပ်ခေါ်လိုက်သောအခါ ကြိုးကြာတစ်ကောင်က ညင်သာစွာအော်မြည်လိုက်လေသည်။ ၎င်းက သူမ၏ ပုခုံးပေါ်သို့ ဖြည်းဖြည်းချင်းဆင်းသက်လာပြီး ၎င်း၏ နှုတ်သီးဖြင့် လျှိုဟန်ယန်၏ လက်မောင်းကို ညင်သာစွာ ပွတ်သပ်ပေးနေလေသည်။

လျှိုဟန်ယန်က ကြိုးကြာ၏ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်လေသည်။

ကြိုးကြာက ပျောက်ကွယ်သွားပြီး အဆောင်တစ်ခုအသွင်ပြောင်းလဲကာ ဖြည်းဖြည်ချင်း လွင့်မျောကျဆင်းလာလေသည်။ အဲ့ဒီနောက် လျှိုဟန်ယန်က ထိုအဆောင်ကို ဖမ်းယူပြီး လေထဲသို့ ပစ်ထုတ်လိုက်သောအခါ အဲ့ဒါက ကြိုးကြာတစ်ကောင်အဖြစ် နောက်တစ်ဖန် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားခဲ့လေသည်။

အဆောင်၏ အသွင်ပြောင်းလဲမှုက တစ်ကယ့်ကို အံ့မခန်းဖြစ်လေသည်။

ဆူဇီမိုက အံ့အားတသင့် ရေရွတ်လိုက်လေသည်။

“ကြိုးကြာတစ်ထောင်ဂိုဏ်းဆိုတဲ့ အတိုင်းပါပဲလား...”

နောက်ထပ်ခဏနေပြီးနောက် ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဝင်ပေါက်ဝကို လူတိုင်းက မြင်လိုက်ကြရလေသည်။

“ရှေ့က ဘယ်သူတွေလဲရှင်... ကျေးဇူးပြုပြီး ရှင်တို့ရဲ့ ဂိုဏ်းတံဆိပ်ကို ပြပေးပါဦး'

ကြိုးကြာတစ်ထောင် ဂိုဏ်းသားနှစ်ယောက်က ရှေ့သို့ ခုန်တက်လာပြီး အနည်းငယ်ဦးညွတ်၍ အသွန်းတစ်ရာဂိုဏ်း၏ စိတ်ဝိညာဥ်ယာဥ်ပျံကို တားဆီးလိုက်လေသည်။

ထိုကဲ့သို့သော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရမည့်သူက တာအိုသက်ရှိယွီတင်း ဖြစ်လေသည်။

အသွန်းတစ်ရာဂိုဏ်းနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းက တစ်သီးပုဂ္ဂလလေးအုပ်စုမှဖြစ်ကြပြီး သူတို့က တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း အလွန်တရာရင်းနှီးဖော်ရွေမှုရှိကြလေသည်။ အဲ့ဒါက ရိုးရှင်းသည့် လုပ်ရိုးလုပ်စဥ် တစ်ခုမျှသာဖြစ်လေသည်။

​ဆူဇီမိုက ဧည့်သည်များကို လာရောက်ကြိုဆိုသော ကြိုးကြာတစ်ထောင်ဂိုဏ်းသားနှစ်ယောက်က အမျိုးသမီးများဖြစ်ကြသည်ကို သတိထားမိလိုက်၏။ သူတို့က တစ်မူထူးခြား၍ စွဲမက်ဖွယ်ရာကောင်းနေလေသည်။

ရူရွှမ်က ရယ်မောလိုက်လေသည်။

“ဆရာဘိုးဘိုး... ကြိုးကြာတစ်ထောင်ဂိုဏ်းသားအများစု အချောအလှလေးတွေပဲ... ရှင်က အဲ့ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချရမယ်ထင်တယ်”

“ကျွန်မကြားတာ ကြိုးကြာတစ်ထောင်ဂိုဏ်းက နတ်မိမယ်လမ့်ရိုက ပြိုင်ဘက်ကင်းအလှလေးပဲ...သူမက ရေခဲလိုအေးစက်ပြီးတော့ မိုးပေါ်ကကျဆင်းလာတဲ့ နတ်မိမယ်တစ်ပါးနဲ့တူတယ်လို့ပြောကြတယ်”

နန်းကုန်လင်းက ပြောလိုက်လေသည်။

“ဒီဧည့်ခံပွဲမှာ ငါတို့က သူမကို မြင်တွေ့ခွင့်ရဖို့ ကံကောင်းနိုင်မလား သိချင်မိတယ်..”

လျှိုဟန်ယန်သည် တည်ကြည်သော စိတ်နေစရိုက်ရှိပြီး လောကီအရေးကိစ္စများနှင့် တစ်သီးတစ်ခြားနေတတ်လေသည်။ သို့သော်လည်း ထိုစကားကိုကြားသောအခါ သူမက နှာတစ်ချက်မှုတ်လိုက်လေသည်။

နန်းကုန်လင်းက ကြောက်ရွံ့မှုဖြင့် ဆတ်ကနဲတုန်ယင်သွားလေသည်။

ဆူဇီမိုက သူ၏မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ဆုံရတော့မည်ကိုတွေးကာ ကောင်းမွန်သော ခံစားချက်ရှိနေပြီး သူက နန်းကုန်လင်း၏ ပုခုံးကိုပုတ်ပြီး စနောက်လိုက်လေသည်။

“ကံကောင်းပါစေကွာ…”

All Chapters