ပွဲကြီးပွဲကောင်း
Vol. 62 Ch. 926
တာအိုသက်ရှိယွီတင်းနှင့်အတူ ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ ဝင်ရောက်လာပြီးနောက် လူတိုင်းသည် ကြည်လင်စိမ်းလဲ့သော ရေကန်များ ၊ စိမ်းစိုလန်းဆန်းသော သစ်ပင်ဝါးပင်များနှင့်အတူ ငွားငွားစွင့်စွင့်မြင့်မားသော တောင်တန်းများကို မြင်လာရလေသည်။
ပေထောင်ချီမြင့်မားသော ရေတံခွန်များက ကျဆင်းနေပြီး ရေများက အဘက်ဘက်သို့ လွင့်စင်ထွက်ကာ ရေမြူခိုးများက သိပ်သည်းစွာဖြစ်ပေါ်လာလေသည်။ အဲ့ဒါက သုခဘုံတစ်ခုနှင့် တူနေလေသည်။
အသွန်းတစ်ရာဂိုဏ်းက ရှေးကျ၍ တည်ကြည်ခိုင်မာသော ခံစားချက်ကို ပေးစွမ်းလေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်းကတော့ ဆန်းကြယ်သိမ်မွေ့သော အင်မော်တယ်နန်းတော်တစ်ခု သို့မဟုတ် ကမ္ဘာမြေပေါ်ရှိ သုခဘုံတစ်ခုနှင့် ပို၍တူနေလေသည်။
ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး ခပ်လှမ်းလှမ်းကြီးမားသည့်ခြံဝန်းထဲရှိ မြေပြင်ပေါ်တွင် ငွားငွားစွင့်စွင့် ဖြစ်ပေါ်နေသော ရှေးကျသည့်သစ်ပင်တစ်ပင်ကို တွေ့မြင်လိုက်ရလေသည်။
အဲ့ဒါက အပေါ်သို့ ဖြောင့်မတ်နေပြီး စိမ်းစိုလန်းဆန်းသော သစ်ရွက်များရှိလေသည်။ သစ်ပင်၏ထိပ်ဖျားက ကြည်လင်စိမ်းလဲ့၍ ရှင်းသန့်သော မွှေးရနံ့တစ်ခုကို ထုတ်ပေးနေလေသည်။
ပေတစ်ထောင်အကွာအဝေးကနေတောင် ခပ်ဖျော့ဖျော့ မွှေးရနံ့ကို သူက ရှုရှိုက်မိလေသည်။
ထိုမွှေးရနံ့က အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းကို နိးနိုးကြားကြားဖြစ်သွားစေပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ချက်ချင်းပင် အနည်းငယ်စုဖွဲ့လာသည်ဟု ထင်ရလေသည်။
သူထင်တာမမှားဘူးဆို အဲ့ဒါက ကမ္ဘာဦးခေတ်မှဆင်းသက်လာသော ဒဏ္ဍာရီလာ ဂမ္ဘီရလက်ဖက်ပင် ဖြစ်ပေလိမ့်မည်။
“အဲ့ဒါက နာမည်နဲ့လိုက်အောင်ကို ခံ့ညားထည်ဝါတာပဲ... တစ်ကယ်ပဲ ဂမ္ဘီရဆန်ပါပေတယ်”
ဆူဇီမိုက မသိမသာ ခေါင်းညိတ်လိုက်လေသည်။
ဂမ္ဘီရလက်ဖက်ပင်၏ မွှေးရနံကို လေတစ်ချက်အဝေ့မှာ ရှုရှိုက်မိရုံနှင့် ဤမျှအကျိုးသက်ရောက်မှုရှိသည်ဆိုလျှင် လက်ဖက်ရည်တစ်ခွက်ကို သောက်သုံးရခြင်းက များစွာပို၍ အကျိုးအမြတ် ကြီးမားပေလိမ့်မည်။
နှစ်တစ်ထောင်သွေးပင်လယ်၏ ကြီးမားသည့် အသက်ဓာတ်အဆီအနှစ်ကို စုပ်ယူပြီးနောက်တွင် ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က နောက်ပိုင်းနိုးထဝိညာဥ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်လေသည်။
နောက်ထပ်တိုက်ပွဲအချို့နှင့် သုံးလကြာအောင် သူ၏ကျင့်ကြံမှုကို ကျစ်လစ်ခိုင်မာအောင်ပြုလုပ်ပြီးနောက် သူက ပကတိနိုးထဝိညာဥ်အဆင့်သို့ ချိုးဖြတ်တက်လှမ်းဖို့ အခွင့်အရေးတစ်ခုသာလျှင် လိုတော့ပေသည်။
သူက ဂမ္ဘီရလက်ဖက်ရည်တစ်ခွက်ကို သောက်သုံးနိုင်မည်ဆိုလျှင် ထိုအဆင့်သို့ ချိုးဖြတ်နိုင်ဖို့ အခွင့်များလေသည်။
ထိုစဥ်မှာပင် ရူရွှမ်ကပြောလိုက်လေသည်။
“အဲ့ဒီမှာ လက်ဖက်ရွက်တွေက အဲ့လောက်များများပဲရှိတာ... လက်ဖက်ရည်ခွက်ရေက အကန့်အသတ်တစ်ခုရှိတယ်... ဒီကိုရောက်လာတဲ့ နိုးထဝိညာဥ်အဆင့် ပြိုင်စံရှားတိုင်းက အဲ့ဒီလက်ဖက်ရည်ကို သောက်ခွင့်ရကြမှာမဟုတ်ဘူး”
“နောက်ပြီး ဆရာဘိုးဘိုးအသေးလေး တစ်ချက်ကြည့်လိုက်ဦး”
ဆူဇီမိုက ရူရွှမ်၏ လက်ညိုးထိုးရာနောက် လိုက်ပါပြီး အာရုံစိုက်ကြည့်လိုက်လေသည်။
ရူရွှမ်ကပြောလိုက်လေသည်။
“ဂမ္ဘီရလက်ဖက်ပင်ရဲ့ လက်ဖက်ရွက်တွေရဲ့အရည်အသွေးက မတူညီကြဘူး.. လက်ဖက်ပင်ရဲ့ ထိပ်ဖျားမှာရှိတဲ့ လက်ဖက်ရွက်တွေက အနုညံ့ဆုံးနဲ့ လူတစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဥ်ကို သန့်စင်ပေးရာမှာ အကျိုးသက်ရောက်မှုအရှိဆုံးပဲ... အဲ့ဒါကို ထိပ်တန်းအဆင့် လက်ဖက်ရွက်လို့လည်း ခေါ်ကြတယ်”
ဂမ္ဘီရလက်ဖက်ပင်၏ ထိပ်ဖျားတွင် လက်ဖက်ရွက်ငါးရွက်ရှိနေလေသည်။ သူတို့က မြစိမ်းရောင်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အလှပဆုံးရတနာများကဲ့သို့ ကြည်လင်တောက်ပနေလေသည်။
ရူရွှမ်က ဆက်ပြောလိုက်လေသည်။
“ဒါပေမယ့်လို့ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်က လက်ဖက်ရည်ခွက်အနည်းငယ်ပဲရှိတာ... အဲ့ဒါကို သောက်သုံးဖို့အဆင့်မီတဲ့ နိုးထဝိညာဥ်တွေက ပြိုင်စံရှားတွေကြားထဲမှာမှ တစ်ကယ့်ပြိုင်စံရှားတွေပဲ...”
အဲ့ဒါက ကြီးမားသည့် အခွင့်အလမ်းတစ်ခုသာလျှင်မဟုတ် အဲ့ဒါက အထွတ်အမြတ် ဂုဏ်ယူဖွယ်ရာတစ်ခုလည်း ဖြစ်ပေသည်။
ထိပ်တန်းအဆင့် လက်ဖက်ရည်တစ်ခွက်ကို သောက်သုံးရခြင်းက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးဆယ်နေရာဝင်ရောက်ခြင်းထက် နိမ့်ကျလိမ့်မည်မဟုတ်ပေ။
လျှိုဟန်ယန်က ပြုံးလိုက်လေသည်။
“ငါတို့က ဂမ္ဘီရလက်ဖက်ရည်တစ်ခွက်ကို သောက်သုံးနိုင်မယ်ဆိုရင်တောင် အဲ့ဒါက မဟာအခွင့်အလမ်းတစ်ခုဖြစ်နေပြီ.. ငါတို့က ထိပ်တန်းလက်ဖက်ရည်ကို သောက်ရဖို့တော့ စိတ်ကူးယဥ်လို့ပဲရမယ်”
ဘေးနားကနေ နန်းကုန်လင်းက ပြောလိုက်လေသည်။
“ဆရာဘိုးလေးအသေးလေး ဘာမှမပူနဲ့... ခင်ဗျားရဲ့ ခွန်အားနဲ့ဆို ဒီလက်ဖက်ရည်ဧည့်ခံပွဲမှာ ဂမ္ဘီရလက်ဖက်ရည်တစ်ခွက်ကို သောက်ခွင့်ရဖို့က အခက်ခဲမရှိဘူး”
“မဟုတ်ရင်လည်း ကျုပ်အတွက်ဝေစု ခင်ဗျားကို ပေးမယ်”
“အမ်...”
ဆူဇီမိုက အနည်းငယ်အံ့အားသင့်သွားလေသည်။
နန်းကုန်လင်းက ရှင်းပြလိုက်လေသည်။
“အဲ့ဒါက လက်ဖက်ရည်ဧည့်ခံပွဲရဲ့ အလိုအလျောက် သဘောတူညီမှုတစ်ခုပဲ... ပြီးခဲ့တဲ့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်မှာရှိတဲ့ ကျင့်ကြံသူတွေက ဂမ္ဘီရလက်ဖက်ရည်တစ်ခွက်ကို သောက်သုံးခွင့်ရကြလိမ့်မယ်”
လေတိမ်မြို့တော်မှ တိုက်ပွဲပြီးကတည်းက ဆူဇီမိုအပေါ် နန်းကုန်လင်း၏ သဘောထားက သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။
ယခုအခါ သူ့အတွက်ဝေစုကိုပင် သူက ကမ်းလှမ်းပေးလာလေသည်။
ဆူဇီမိုက ရယ်ချလိုက်ပြီး လက်ကာပြကာ စနောက်လိုက်လေသည်။
“အဲ့လိုလုပ်စရာမလိုပါဘူး... မင်းက ပေးချင်သပဆိုလည်း မင်းရဲ့ ဂျူနီယာညီမလေး ဟန်ယန်ကိုပဲ ပေးလိုက်ပေါ့”
“ဟေး....”
ထိုစကားကိုကြာရချိန်တွင် နန်းကုန်လင်းက ရှက်ကိုးရှက်ကန်းဟန် ရယ်မောလိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပွတ်သပ်နေလေသည်။
“ဆရာဘိုးလေး...”
လျှိုဟန်ယန်ကလည်း ရှက်သွေးဖြာသွားခဲ့လေသည်။
“ကြည့်စမ်း... နှင်းပုံတောင်ကြားကလည်း ဒီကိုရောက်လာကြပြီ”
ရုတ်တရက် သူ့ဘေးနားရှိကျင့်ကြံသူက အံ့အားတသင့် ရေရွတ်လိုက်လေသည်။
“ကျွတ်ကျွတ်... သူတို့အားလုံးက အချောလှလေးတွေပဲ... ဘယ်လောက်တောင် မျက်စိပသာဒ သင့်လိုက်သလဲ”
ကျင့်ကြံသူအချို့၏ တဏှာရာဂစိတ်က နိုးကြွလာပြီး သူတို့က သွားရည်များစီးကျမတတ် ဖြစ်လာခဲ့လေသည်။
“နှင်းပုံတောင်ကြားက ပကတိအရှင် လင်းပိုင်ကလည်း ဒီကိုရောက်လာမယ်လို့ ငါကြားတယ်... သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နံပါတ် ၂၀ ထင်တယ်... နှင်းပုံတောင်ကြားမှာရှိတဲ့ ရှားရှားပါးပါး အမျိုးသားကျင့်ကြံသူတွေထဲက တစ်ယောက်ပေါ့”
“ဟိုမှာသူပဲ... နှင်းပုံတောင်ကြားက အမျိုးသမီးတစ်အုပ်စုက သူ့ကို ဝန်းရံထားတယ် ဘယ်လောက်တောင် ကံကောင်းလိုက်လဲ”
“အဲ့ဒီလူကို ကြည့်ရတာ ဘာဟုတ်သေးလို့လဲ... ငါကြားတာ ဒီတစ်ခေါက် နှင်းပုံတောင်ကြားအဖွဲ့ရဲ့ ခေါင်းဆောင်က နတ်မိမယ်လောရွှယ်လို့ကြားတယ်... သူမက အလယ်ပိုင်းတိုက်မှာ နာမည်ကျော်ကြားတဲ့ အလှဘုရင်မပဲ”
ဆူဇီမိုသည် နတ်မိမယ်လောရွှယ်ဆိုသော အသံကိုကြားရချိန်တွင် ရင်တစ်ချက်ထိတ်သွားလေသည်။ လွန်ခဲ့သည့် နှစ်တစ်ရာ ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက နှင်းပုံတောင်ကြားအဖွဲ့ကို ဦးဆောင်လာခဲ့သော နိုးထဝိညာဥ်သည် နတ်မိမယ်လောရွှယ်ပင် ဖြစ်လေသည်။
သူမသည် အဲ့ဒီအချိန်တုန်းက နိုးထဝိညာဥ် ၁၂ ယောက်ကြားတွင် ရှင်သန်ကျန်ရစ်ခဲ့သော နိုးထဝိညာဥ်အနည်းအကျဥ်းထဲမှ တစ်ယောက်ဖြစ်လေသည်။
ဆူဇီမိုက လှမ်းမျှော်ကြည့်လိုက်လေသည်။
နှင်းပုံတောင်ကြားအဖွဲ့သည် အေးစက်နေသော အော်ရာတစ်ခုနှင့်အတူ ဧရာမနှင်းခဲစိတ်ဝိညာဥ်ယာဥ်ပျံတစ်ခုကို ဖြည်းဖြည်ချင်း စီးနင်းလာလေသည်။
သူတို့ကို အနက်ရောင်ဆံပင်နှင့် တဖျပ်ဖျပ်လှုပ်ခါနေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က ဦးဆောင်လာလေသည်။ ယာဥ်ဦးစွန်းမှာ မတ်တတ်ရပ်နေရင်း သူမက ကြည်လင်သန့်စင်ပြီး ကြော့ရှင်းနေလေသည်။ အဲ့ဒါကတော့ လွန်ခဲ့သည့်နှစ်တစ်ရာက သူနှင့်တွေ့ဆုံခဲ့ဖူးသော နတ်မိမယ်လောရွှယ်ပင် ဖြစ်လေသည်။
အသင်္ချေနယ်မြေမြို့တော်မှာတုန်းက နတ်မိမယ်လောရွှယ်သည် ဆူဇီမိုကို အကူညီများစွာပေးခဲ့ဖူးလေသည်။
ဒါ့အပြင် ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် သူမက ထွက်ပြေးဖို့မရွေးချယ်ခဲ့ပေ။ ထိုအစားသူမက မြို့ထဲမှာပင်နေပြီး မျိုးနွယ်စုနှစ်ခုကို ဆန့်ကျင်တိုက်ခိုက်ခဲ့လေသည်။
ဆူဇီမိုသည် နတ်မိမယ်လောရွှယ်နှင့် အရမ်းကြီးမရင်းနှီးသော်လည်း သူသည် သူမအပေါ် ကောင်းမွန်သည့် ထင်မြင်ချက်တစ်ခုရှိလေသည်။
နှစ်တစ်ရာကြာပြီးနောက် နတ်မိမယ်လောရွှယ်က မူလနတ္ထိအဆင့်သို့ ရောက်အောင် ကျင့်ကြံခဲ့ပြီးလေပြီ။
သူမသည် အသင်္ချေနယ်မြေမြို့တော်မှာတုန်းက တိုက်ပွဲအတွင်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း သူမက အဲ့ဒါကို အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချပြီး မူလနတ္ထိအဆင့်သို့ ချိုးဖြတ်ကာ သူမ၏ဂိုဏ်းတွင် အသက်အငယ်ဆုံး မူလနတ္ထိတစ်ယောက်ဖြစ်လာခဲ့လေသည်။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာက နတ်မိမယ်လောရွှယ်၏ မျက်နှာကိုမြင်သောအခါ အံ့အားတသင့်ရေရွတ်လိုက်ကြလေသည်။
များစွာသောအကြည့်များက သူမထံမှာ စုဝေးသွားကြလေသည်။ အသွန်းတစ်ရာဂိုဏ်းကျင့်ကြံသူများကြားတွင် ဆူဇီမိုက သိသာထင်ရှားမှုမရှိပဲ နတ်မိမယ်လောရွှယ်၏ စိတ်အာရုံကိုလည်း ဖမ်းစားနိုင်လိမ့်မည် မဟုတ်ပေ။
နှင်းပုံတောင်ကြားနှင့် အသွန်းတစ်ရာဂိုဏ်းအပြင်...
အချိန်အနည်းငယ်အတွင်း များစွာသောဂိုဏ်းများနှင့် အဖွဲ့အစည်းကြီးများကလည်း ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ ရောက်ရှိလာခဲ့ကြလေသည်။
ဆူဇီမိုသည် ကျင့်ကြံရေးလောကရှိ အဆင့်မြင့်ဂိုဏ်းအတော်များများကို တွေ့မြင်လိုက်ရလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် အဆင့်မြင့်ဂိုဏ်းစုစုပေါင် ၁၀၈ ဂိုဏ်းရှိလေသည်။ မြောက်ပိုင်းဒေသတစ်ခုတည်းမှာပင် ၁၀ ဂိုဏ်းရှိပြီး ခံ့ညားထည်ဝါ၍ စည်ပင်ထွန်းကားမှုအရှိဆုံး အလယ်ပိုင်းတိုက်တွင် သူတို့ဂိုဏ်းအတော်များများကို တွေမြင်ရနိုင်လေသည်။
အဆင့်မြင့်ဂိုဏ်းများအားလုံးက သူတို့ဂိုဏ်း၏ ပကတိအရှင်များကို ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲသို့ စေလွှတ်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။
“မင်းကြားပြီပြီလား... ဒီတစ်ခေါက် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကိုလူတိုင်းက စောင့်ကြည့်နေကြတယ်တဲ့.. အဲ့ဒါက နှစ်တစ်ထောင်အတွင်းမှာ အခမ်းနားဆုံး ကျင့်ကြံရေးပွဲတော်တစ်ခုပဲ... ကြီးကြီးမားမား ကိစ္စတွေကလည်း အဲ့ဒီမှာဖြစ်ပျက်လာလိမ့်မယ်”
“အကြီးမားဆုံးဖြစ်ရပ်က အသွန်းတစ်ရာဂိုဏ်းနဲ့ ငရဲမီးစံအိမ်ကြားက လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲ မဟုတ်လား... အဲ့ဒီမှာ တခြားဘာရှိသေးလို့လဲ”
“ဟီးဟီး... မင်းက တော်တော်လေး သတင်းအချက်အလက်မဲ့တာပဲ”
ထိုကျင့်ကြံသူက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့တစ်လက လေတိမ်မြို့တော်မှာ ကြီးကြီးမားမား တိုက်ပွဲတစ်ချို့ဖြစ်ပွားခဲ့တယ်လို့ ငါကြားတယ်... ကောင်းကင်ဇင်ယော်ဂိုဏ်းက ချန်ဖန်းက ဒုက္ခိတဖြစ်သွားပြီးတော့ ကျန့်ဝူကျုံးကလည်း သူ့ရဲ့ ရင်သပ်ရှုမောဓားကိုတောင် မထုတ်နိုင်လောက်အောင် ဆိုးဆိုးဝါးဝါး အရိုက်ခံခဲ့ရတယ်... သူက သူ့ရဲ့ဓားကို ဆုံးရှုံးခဲ့ရုံတင်မကဘူး သူက တစ်ကယ့်ကို ဆိုးဆိုးဝါးဝါးကို အရှက်ခွဲခံခဲ့ရတာပဲ...”
“နောက်ပြီးတော့ အဲ့ဒီပြိုင်စံရှားနှစ်ယောက်စလုံးက လူတစ်ယောက်တည်းဆီမှာ ရှုံးနိမ့်ခဲ့ကြရတာ”
“ဘယ်ပြိုင်စံရှားက အဲ့လောက်ထိသန်မာတာလဲ... အဲ့ဒါက ယဲ့ထန်းချန်များလား...”
“သူက အသွန်းတစ်ရာဂိုဏ်းက နိုးထဝိညာဥ်တစ်ယောက်ပဲ”
“ဟုတ်ပါ့မလား... မဖြစ်နိုင်တာကွာ.. အသွန်းတစ်ရာဂိုဏ်းက ဘယ်တုန်းကများ အဲ့လောက်ထိ ကြမ်းထော်နေတဲ့ လူတစ်ယောက်ကို မွေးထုတ်ပေးလိုက်တာလဲ... ငါက သူ့ကို အရင်တုန်းက မကြားဖူးပါလား”
များစွာသော ကျင့်ကြံသူများသည် ဤကိစ္စကိုဆွေးနွေးလိုက်ကြရင်း အသွန်းတစ်ရာဂိုဏ်းဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။
ဆူဇီမိုက တည်ငြိမ်နေသော အမူအရာတစ်ခုနှင့်အတူ ရှေ့သို့ လှမ်းမျှော်ကြည့်နေလေသည်။
“အဲ့ဒီကိစ္စကို ကြားသိရပြီးတဲ့နောက် ကောင်းကင်ဇင်ယော်ဂိုဏ်းနဲ့ ဓားဂိုဏ်းက အတော်လေးဒေါသူပုန်ထသွားတယ်လို့ ငါကြားတယ်... သူတို့က သူတို့ရဲ့ဂုဏ်သတင်းကို ပြန်အဖတ်ဆယ်ဖို့ သူတို့ရဲ့ နိုးထဝိညာဥ်ပြိုင်စံရှားတွေကို စေလွှတ်ကြလိမ့်မယ်... ဒီလက်ဖက်ရည်ဧည့်ခံပွဲမှာ ပွဲကြီးပွဲကောင်း ပြိုင်ပွဲတစ်ခုက ဖြစ်လာတော့မှာပဲ”
“ကျန့်ဝူကျုံးက ရှုံးနိမ့်သွားတယ်ဆိုရင် ဓားဂိုဏ်းမှာ တခြားဘယ်နိုးထဝိညာဥ်အဆင့် ကျင့်ကြံသူရှိသေးလို့လဲ”
“ငါ့လူ... မင်းက အဲ့ဒါကို လုံးဝမသိဘူးပဲ... လွန်ခဲ့တဲ့နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အကြောင်း မင်းမကြားဖူးဘူးလား”
“အဲ့ဒီအကြောင်း နည်းနည်းပါးပါးတော့ ငါကြားဖူးတယ်... အဲ့ဒီအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ကပ်ဘေးတစ်ခုက ဖြစ်ပွားခဲ့ပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က ပြိုင်စံရှားထက်ဝက်ကျော်က အသတ်ခံခဲ့ရတယ်လို့ ပြောကြတယ်”
“ဟုတ်တာပေါ့... လွန်ခဲ့တဲ့နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်ရောက်ခဲ့တဲ့ ဓားဂိုဏ်းက အရိုက်အရာဆက်ခံသူတစ်ယောက် ပေါ်ထွက်ခဲ့တယ်... သူရဲ့နာမည်က ဟန်ချိုးယွီ… အဲ့ဒီကပ်ဘေးပြီးတဲ့နောက် သူ့ရဲ့ကျင့်ကြံမှုအဆင့်ကလည်း တိုးတက်လာခဲ့တယ်လို့ပြောတယ်... ပြောကြတာတော့ သူက ကျန့်ဝူကျုံးထက်တောင် ပိုပြီးတော့ သန်မာတယ်တဲ့”
ဆူဇီမိုသည် ထိုနာမည်ကို ကြားရချိန်တွင် ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
သူ၏နောက်ထပ် မိတ်ဆွေဟောင်းတစ်ယောက်ပင် ဖြစ်လေသည်။