← Chapters

အသံကြောင့် ဖားသေ

Vol. 62 Ch. 929

အသံကြောင့် ဖားသေ

Vol. 62 Ch. 929

ပြောရမည်ဆိုလျှင် နန်းကုန်လင်းနှင့်အခြားသူများက ဤအ​ခြေအနေမှာတိုက်ခိုက်ရဲခြင်းမရှိကြပေ။

ယုဝေလို အချိန်အတော်ကြာအောင် နာမည်ကြီးကျော်ကြားခဲ့သော နိုးထဝိညာဥ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့က ပိုလို့တောင် စိုးရိမ်နေကြလေသည်။

သို့သော်လည်း ဆူဇီမိုကဘယ်သူပါလဲ...

သူသည်တစ်ခါတုန်းက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်နေရာကို ရယူခဲ့သူဖြစ်လေသည်။ များစွာသော ပြိုင်စံရှားများနှင့် ထိပ်သီးဂိုဏ်းကြီးများကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်စေခဲ့သော ပြန်ဝင်စားမွန်းစတားဖြစ်လေသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်က သီယင်းသည် သူ၏ မိတ်ဆွေကောင်းများကို အမဲလိုက်ခဲ့လေသည်။

ယခုသီယင်း၏ တစ်ဂိုဏ်းတည်းဂျူနီယာညီဖြစ်သူက ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ လာရောက်ပြီး သူ့သူငယ်ချင်းနှင့် အတင်းအကျပ် လက်ထပ်ထိမ်းမြားချင်နေသည်။

အရာရာတိုင်းက ဆူဇီမို၏ အမျက်ဒေါသကို အမှန်တစ်ကယ်ပင် နှိုးဆွမိလိုက်လေသည်။

သူက အသွန်းတစ်ရာဂိုဏ်းသို့ မဝင်ရောက်ခဲ့သော်လည်း တာအိုအရှင်အဆုံးစွန်မီး၏ တပည့်တစ်ယောက်အနေဖြင့် အသွန်းတစ်ရာဂိုဏ်းအပေါ် တစ်စုံတစ်ယောက်က နင်းချေ စော်ကားလာသည်ကို သူက ဒီတိုင်းခွင့်ပြုပေးမထားနိုင်ပေ။

ဆူဇီမိုက သူ့ထံသို့ လျှောက်လှမ်းလာနေသည်ကို ယုဝေမြင်သောအခါ သူ၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်မည့် အရိပ်အယောင်ကို ထုတ်ဖော်ပြသလာလေသည်။

အလယ်ပိုင်းတိုက်၏ အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းအနေဖြင့် အာဏာရှင်ဧကရာဇ်တောင်တန်းသည် ခန္ဓာမီးဆေးခြင်းမှာ အထူးပြုလေသည်။

အာဏာရှင်ဧကရာဇ်တောင်တန်း၏ အမွေအနှစ်ကျင့်ကြံရေးနည်းစနစ်ဖြစ်သော ကောင်းကင်နှင့်မြေကြီး အာဏာရှင်ဧကရာဇ်ကျမ်းသည် သူတို့ဂိုဏ်း၏ အခြေခံအုတ်မြစ်လည်းဖြစ်ပေသည်။

အဲ့ဒါက ဖန်သားနန်းတော်၏ ဖန်သားနှလုံးသားသုတ္တန်နှင့် စိန်ကျောင်းတော်၏ စိန်ခန္ဓာကိုယ်နှင့် မနှိုင်းယှဥ်နိုင်သော်လည်း အဲ့ဒါက တုန်လှုပ်စရာကောင်းသည့် ကိုယ်ကာယတစ်ခုကို ထုတ်ဖော်ပေးနိုင်သော ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခု ဖြစ်လေသည်။

ယုဝေအတွက်တော့ သူ့ထံသို့ချည်းကပ်လာနေသော ဆူဇီမိုက သေချင်နေတာပင်...

ယုဝေက မကောင်းဆိုးဝါးဆန်ဆန်ရယ်မော၍ အေးစက်စွာဖြင့်ပြောလိုက်လေသည်။

“ဒီကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ အသေအကြေတိုက်ခိုက်တာကိုတော့ ခွင့်ပြုမထားဘူး... ဒါပေမယ့်လို့ ငါက မင်းကို ဒုက္ခိတဖြစ်အောင်လုပ်လို့ရတယ်”

ထိုသို့သူပြောပြီးသည့်ခဏမှာပင် ယုဝေ၏မျက်လုံးက ပြူးကျယ်သွားပြီး သူ၏သွေးချီက ပေါက်ကွဲထွက်ပေါ်လာလေသည်။ သူ၏ နှာရောင်ကတောက်ပသွားပြီး ဓမ္မစွမ်းအားများက တလိပ်လိပ်တက်လာလေသည်။

“အာဏာရှင်ဧကရာဇ်လက်ညိုး...”

ယုဝေက အော်ဟစ်၍ သူ့လက်ကိုမြှောက်ပြီး သူ၏လက်ညိုးကို ဆန့်ထုတ်လိုက်လေသည်။

သွေးချီက တလိပ်လိပ်တက်လာပြီး ဓမ္မစွမ်းအားများက စုဝေးလာလေသည်။ လူတိုင်း၏ ရှေ့မှောက်မှာပင် သူ၏ လက်ညိုးက မနှိုင်းယှဥ်သာအောင် တုတ်ခိုင်သော သံမဏိချောင်းတစ်ချောင်းကဲ့သို့ ဖြစ်လာလေသည်။

ရွှစ်...

လက်ညိုးက လေထုကို ဖြိုခွင်း၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ​ ဆူဇီမို၏ မျက်နှာဆီသို့ တိုးဝင်လာလေသည်။

“အာဏာရှင်ဧကရာဇ်လက်ညိုးက ကောင်းကင်နှင့်မြေကြီးဧကရာဇ်ကျမ်းရဲ့ ထိပ်တန်းအဆင့် ဓမ္မပညာရပ်တစ်ခုပဲ အဲ့ဒါရဲ့စွမ်းအားက တုန်လှုပ်စရာကောင်းတာပဲ”

“ယုဝေက လွန်ခဲ့တဲ့နှစ်ငါးဆယ်ကထက် ပိုပြီးတော့ ကြောက်စရာကောင်းလာတာပဲ”

“သူက တစ်ကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့လူပဲ.. သူတိုက်ခိုက်လိုက်တာနဲ့ နည်းနည်းလေးမှ အကဲစမ်းမနေဘူး... သူ့ရဲ့သွေးချီနဲ့ ဓမ္မစွမ်းအားကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်တော့ အဲ့ဒီဓမ္မအတတ်ရဲ့စွမ်းအားက သူ့ရဲ အကန့်သတ်ထိကို ရောက်ရှိသွားတာပဲ...”

ဆူဇီမို၏ အမူအရာက ပြောင်းလဲခြင်းမရှိပဲ သူ၏ခြေလှမ်းကိုပင် ရပ်တန့်ခြင်းမရှိပေ။

သူ့ရှေ့သို့ရောက်လာသော လက်ညိုးကို ကြည့်ပြီး သူ၏လက်ဝါးတစ်ဖက်ကိုသာ မြှောက်လိုက်လေသည်။

သူ၏သွေးချီ သို့မဟုတ် မည်သည့်ဓမ္မစွမ်းအားကိုမှ ထုတ်ဖော်ခြင်းမရှိပဲ သူက သာမန်ကာလျှံကာပုံစံဖြင့် ထိုလက်ညိုးကို ဖမ်းဆွဲလိုက်လေသည်။

ယုဝေ၏အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

သူ၏ အာဏာရှင်ဧကရာဇ်လက်ညိုးက ရှေ့သို့ဆက်မတိုးနိုင်တော့ပေ။

အဲ့ဒါက ရှေ့သို့ဆက်မတိုးနိုင်ရုံသာမက ယုဝေအနေဖြင့် သူ၏ အာဏာရှင်ဧကရာဇ်လက်ညိုးကို ပြန်လည်ရုပ်သိမ်းဖို့ပင် နောက်ကျသွားခဲ့လေပြီ။

“ကျိုးပြတ်စမ်း...”

အေးစက်စက်အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုက ငေါင်ငမ်း၍ သူ့လက်ဖဝါးထဲရှိ ခွန်အားကို စိုက်ထုတ်ကာ အောက်သို့ဖိချလိုက်လေသည်။

ဂျွတ်!

အရိုးကျိုးပဲ့သံကို ရှင်းလင်းစွာကြားလိုက်ရလေသည်။

လူတိုင်း၏ ရှေ့မှောက်မှာပင် ယုဝေ၏လက်ညိုးက ကျိုးထွက်သွားခဲ့လေပြီ။

ကျိုးသွားသောအရိုးက ငေါ့ထွက်နေပြီး အသားစများနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းနေလေသည်။

“အား...”

ယုဝေ၏မျက်လုံးက ပြူးကျယ်၍ ခဏမျှရပ်တန့်သွားပြီးနောက် ချောက်ချားဖွယ်အော်ဟစ်သံတစ်သံကို ထုတ်ဖော်လိုက်လေသည်။

သူ့မျက်နှာက သွေးစုတ်သွားပြီး ချွေးများဒီးဒီးကျလာလေသည်။

ကောင်းကင်နှင့်​မြေကြီးအာဏာရှင်ဧကရာဇ်ကျမ်းနှင့် အာဏာရှင်ဧကရာဇ်လက်ညိုးက ဆူဇီမို၏ရှေ့တွင် ဘာမှဟုတ်မနေပေ။

ရှေ့သို့တက်လှမ်းပြီးနောက် ဆူဇီမိုက သူ၏လက်ဝါးကို ယုဝေ၏ ရင်ဘတ်ပေါ်သို့ ညင်သာစွာဖိချလိုက်လေသည်။

​ဖြောင်း!...

ယုဝေ၏ရင်ဘတ်က ချက်ချင်းပင်ချိုင့်ဝင်သွားပြီး သူ၏အဝတ်များက စုတ်ပြဲသွားလေသည်။ သူ၏ရင်ဘတ်ပေါ်တွင် ကြီးမားသည့် လက်ဖဝါးရာတစ်ခုက ထွက်ပေါ်လာပြီး သူ၏အသားများက မွစာကျဲသွားလေသည်။

ဖွီး...

ယုဝေက သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး သူ၏မျက်လုံးများက မှိန်ကျသွားခဲ့လေသည်။ သူသည်နောက်သို့လန်ကျ၍ မြေပြင်ပေါ်ပြင်းထန်စွာ ပစ်ကျသွားပြီး ဖုန်းများက ထောင်းကနဲထသွားလေသည်။

သူက မြေပြင်ပေါ်သို့ ရောက်ရှိသွားတာတောင် သူ၏ခန္ဓာကိုယ်က ဆက်လက်၍အကြောဆွဲနေပြီး အရိုးများကျိုးပဲ့သံကို ကြားနေရလေသည်။

လူအုပ်ကြီးက တုန်လှုပ်သွားရလေသည်။

ယုဝေကဲ့သို့ နိုးထဝိညာဥ်ပညာရှင်တစ်ယောက်ကိုတောင် တိုက်ခိုက်ဖလှယ်မှုတစ်ချက်တည်းဖြင့် ဒုက္ခိတဖြစ်သွားစေသည်ဆိုတော့...

သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခြင်းမခံရသည့်အတွက် သူက အသက်ရှင်နိုင်သေးလေသည်။

သို့သော်လည်း သူ၏ခန္ဓာကိုယ်ကို ပြန်လည်ကုသမည်ဆိုလျှင်တောင် သူ၏ ထိလိုက်ဒဏ်ရာများမှ ဆိုးဆိုးဝါးဝါး ခံစားရမည်ဖြစ်ပြီး သူက လူကောင်းပကတိပြန်ဖြစ်မလာနိုင်တော့ပေ။

ဆူဇီမို၏လက်ဖဝါးက ယုဝေ၏ရင်ဘတ်ပေါ်သို့ ဖိတွန်းလိုက်ရုံမျှသာဖြစ်လေသည်။

သို့သော်လည်း ထိုလက်ဖဝါးတွင် စွမ်းအားကြီးမားသော ဒီလှိုင်းစွမ်းပကားတစ်ခုက ပါဝင်ပြီး အဲ့ဒါက ယုဝေ၏ ခန္ဓာကိုယ်ထဲသို့ တစ်လွှာပြီးတစ်လွှာ ထိုးဖောက်ဝင်ရောက်ကာ သူ၏အရိုးအများစုကို ကြေမွသွားစေလေသည်။

ယုဝေပြောသည့်အတိုင်းပင် ကြိုးကြာတစ်ထောင်ဂိုဏ်းမှာ အသေအကြေတိုက်ခိုက်ခြင်းကို ခွင့်ပြုမထားပေ။ သို့သော်လည်း ဆူဇီမိုက သူတိုက်ခိုက်လိုက်သည့်ခဏမှာပင် ယုဝေကို ဒုက္ခိတဖြစ်သွားစေခဲ့လေသည်။

လူတိုင်းကပြောစရာစကား မဲ့သွားရလေသည်။

သူတို့သည်က ယုဝေက ရက်စက်ကြမ်းကြုတ်ကြောင်း ပြောနေစဥ်မှာပင် ထိုထက်ပို၍ ရက်စက်ကြမ်းကြုတ်သော တစ်စုံတစ်​​ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ​ပေ။ အစကတော့ ကျင့်ကြံသူအချို့သည် အသွန်းတစ်ရာဂိုဏ်း၏ နာမည်ကျဆင်းလာမှုအပေါ် အခွင့်ကောင်းယူပြီး အမြတ်ထုတ်ချင်ကြလေသည်။ သို့သော်လည်း ယခုအချိန်တွင် သူတို့က တွေဝေတုံ့ဆိုင်းသွားကြလေသည်။

အာဏာရှင်ဧကရာဇ်တောင်တန်းမှ ကျန်ရှိနေသော ကျင့်ကြံသူများသည် ဆူဇီမိုကို စိုးရိမ်ပူပန်နေသော မျက်လုံးများဖြင့် ကြည့်ပြီး ရှေ့သို့ဆက်မတက်ရဲကြပေ။

“မင်း... မင်း.. စောင့်ကြည့်နေလိုက်”

နောက်ဆုံးမှာတော့ အာဏာရှင်ဧကရာဇ်တောင်တန်းမှ နိုးထဝိညာဥ်တစ်ယောက်က ထွက်ရပ်ပြီး ချိနဲ့စွာဖြင့် ပြောလိုက်လေသည်။

“ရှေ့ဆက်ရမယ့်လမ်းက ရှိသေးတယ်... မင်းစောင့်ကြည့်နေလိုက်ဦး”

ထိုသို့ပြောပြီးသည်နှင့် အာဏာရှင်ဧကရာဇ်တောင်တန်းမှ လူတိုင်းသည် စူးစူးဝါးဝါး အော်ဟစ်နေသော ယုဝေကိုပွေ့ချီပြီး ထွက်ပြေးသွားကြလေသည်။

“အသွန်းတစ်ရာဂိုဏ်းကို ရန်စစော်ကားချင်တဲ့သူ တခြားဘယ်သူရှိသေးလဲ”

ဆူဇီမိုက သူ၏ဘေးပတ်လည်ကို စူးရှသောအကြည့်တစ်ခုဖြင့် ထောက်လှမ်းကြည့်ရှုလိုက်လေသည်။

လက်ရှိကျင့်ကြံသူများသည် အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့၏သတ္တိများက ပျောက်ဆုံးသွားသည်ဟု ထင်ရလေသည်။ သူတို့သည် အလိုလိုမျက်လွှာချပြီး ဆူဇီမို၏အကြည့်နှင့် ရင်ဆိုင်ရဲခြင်း မရှိကြပေ။

အဲ့ဒီမှာ အနည်းဆုံး နိုးထဝိညာဥ်တစ်ရာကျော်ရှိကြသော်လည်း သူတို့ထဲ မည်သူကမှ ရှေ့သို့မတက်ရဲကြပေ။

စောစောက လှောင်ပြောင်မှုများက တစ်မဟုတ်ချင်းပျောက်ကွယ်သွားခဲ့လေသည်။

ရူရွှမ်သည် များစွာအထင်ကြီးလေးစားဟန်ဖြင့် ဘေးမှာရပ်နေပြီး သူမ၏မျက်လုံးများက ကြယ်များကဲ့သို့ တဖျတ်ဖျတ်လက်နေလေသည်။ သူမက ယစ်မူးနေသည့်ပုံပေါက်ပြီး ရှေ့သို့ပင် ခုန်တက်တော့မည့်အလားပင်။

“ဟေး...”

လျှိုဟန်ယန်က မနေနိုင်ပဲ ရူရွှမ်ကို တံတောင်ဖြင့် အသာအယာတွတ်၍ အသံတစ်ခုထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။

“သတိထားဦး.. နင်းက သွားရည်တွေတောင်ကျနေပြီ”

ရူရွှမ်က ရှက်သွေးဖြာသွားပြီး သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။

“ငါတို့ရဲ့ ဆရာဘိုးလေးအသေးလေးက သာမန်ရုပ်ရည်သွင်ပြင်ပဲရှိတာ နှမြောစရာပဲ... သူကသာ ဒီထက်ပိုပြီး ရုပ်နည်းနည်းချောမယ်ဆိုရင် လုံးဝပြီးပြည့်စုံသွားမှာပဲ...”

“ကလေးမ... နင်က ဒီလိုစကားမျိုးကို ဘယ်လိုတောင်အရှက်မရှိပြောနိုင်ရတာလဲ”

လျှိုဟန်ယန်က ငေါက်ငမ်းလိုက်လေငးသည်။

ရူရွှမ်က တည်တံ့သည့်ပုံပေါက်လာပြီး အလောတကြီးပြောလိုက်လေသည်။

“စီနီယာအစ်မ နင့်မှာ စီနီယာအစ်ကို နန်းကုန်ရှိနေပြီပဲ... သူ့အတွက် ငါနဲ့လာပြီး မတိုက်ခိုက်နဲ့နော်”

“ဟုတ်ပါပြီ ဟုတ်ပါပြီ... ငါက နင်နဲ့မတိုက်ခိုက်ပါဘူး သူက နင့်အပိုင်ပါပဲ”

လျှိုဟန်ယန်က လက်မြှောက်အရှုံးပေးလိုက်သည့်ပုံစံဖြင့် ပြောလိုက်လေသည်။

ရူရွှမ်၏အတွေးများက ပြေးလွှားနေပြီး သူမက တစ်ယောက်တည်း စိတ်ကူးယဥ်နေလေသည်။ သူမက တီးတိုးပြောလိုက်လေသည်။

“စီနီယာအစ်မ... ဆရာဘိုးလေးအသေးလေးနဲ့ ငါနဲ့က တာအိုလက်တွဲဖော်တွေ ဖြစ်လာမယ်ဆိုရင် ငါတို့ရဲ့ ဝါစဥ်အနိမ့်အမြင့်က ရှုပ်ထွေးကုန်မှာပေါ့နော်... ဟုတ်တယ်မလား ဆရာက ငါ့ကိုတွေ့ရင် ဦးညွတ်ရတော့မှာမလား”

“ဝိုး... အဲ့ဒီအတွေးက တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတာပဲ”

ရူရွမ်က သူမအတွေးနှင့်သူမ ရယ်မောလိုက်လေသည်။

ဤကလေးမတော့ ရူးသွပ်သွားလေပြီ...

လျှိုဟန်ယန်က သူမ၏ ခေါင်းကိုခါယမ်းလိုက်လေသည်။

တစ်ဖက်မှာတော့ စောစောက ကျိချန်းရှန်ကို လှောင်ပြောင်ခဲ့သော ဒြပ်စင်ငါးမျိုးဂိုဏ်းမှ ကျင့်ကြံသူများသည် ရှက်ရွံ့သွားကြလေသည်။

နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က လှောင်ရယ်လိုက်လေသည်။

“ဟီးဟီး... အသွန်းတစ်ရာဂိုဏ်းက သိပ်ပြီးတော့ ကြာကြာရပ်တည်နိုင်တော့မှာ မဟုတ်ပါဘူး အဲ့ဒီအချိန်ကျရင် ငါတို့က ဘာမှလုပ်စရာမလိုဘူး မင်းတို့တွေကို တစ်စုံတစ်ယောက်က သေချာပေါက်ကိုင်တွယ်ပေးလိမ့်မယ်”

ဆူဇီမိုက စကားပြောလိုက်သော ထိုလူဘက်သို့ အနည်းငယ်လှည့်၍ စိုက်ကြည့်လိုက်လေသည်။

ဒြပ်စင်ငါးမျိုးဂိုဏ်းမှ ထိုကျင့်ကြံသူသည် ဆူဇီမို၏အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် ခေါင်းနပန်းကြီးသွားလေသည်။

ထိုသူက နောက်ဆုတ်ဖို့စဥ်းစားလိုက်ပြီး သူ၏သတ္တိကို စုစည်းကာ ပြောလိုက်လေသည်။

“မင်းငါ့ကို အဲ့လိုမကြည့်ပါနဲ့... ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲစတဲ့အခါ မင်းတို့ရဲ့ အသွန်းတစ်ရာဂိုဏ်းက ဘယ်လိုမျိုး နင်းခြေဖျက်​ဆီးခံရမလဲ​ဆိုတာ ငါတို့စောင့်ကြည့်လိုက်ဦးမယ်... သွားကြမယ်ဟေ့”

ထိုသို့ပြောပြီးသည်နှင့် သူက ချာကနဲလှည့်ထွက်လိုက်လေသည်။

ရွှစ်...

လေတစ်ချက်က တိုက်ခတ်သွားလေသည်....

ဆူဇီမိုက နေရာကနေ ပျောက်ကွယ်သွားလေသည်။

တစ်ခဏအတွင်းမှာပင် သူက ဒြပ်စင်ငါးမျိုးဂိုဏ်းမှ ထိုကျင့်ကြံသူရှေ့တွင် ပေါ်လာလေသည်။

“ဘယ်သူက မင်းကိုသွားခွင့်ပေးလို့လဲ”

ဆူဇီမိုက ထူးမခြားနားပုံစံဖြင့်ပြောလိုက်လေသည်။ သူက ထိုလူကို တုံ့ပြန်ခွင့်မပေးပဲ သူ၏လက်ကိုဆန့်ထုတ်ပြီး ထိုသူ၏ လည်ပင်းကို ဆုပ်ကိုင်ကာ သူ၏လက်ကောက်ဝတ်ကို လှုပ်ခါလိုက်လေသည်။

​ဖြောက်...

သူ၏အရိုးများအားလုံးက နေရာရွေ့ကုန်လေသည်။

ရုတ်တရက် ဆူဇီမိုက လက်တစ်ဖက်ကိုထုတ်ပြီး ထိုသူ၏ပါးပြင်ကို ရိုက်ချလိုက်လေသည်။

ဖြောင်း!...

အဲ့ဒီမှာ ဂျွတ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ချက်ချင်းပင် ထိုသူ၏ပါးပြင်က နီရဲ၍ ယောင်ကိုင်းသွားခဲ့လေသည်။

ဖြောင်း...

နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ကျင့်ကြံသူများအတွက်တော့ လူတိုင်း၏ ရှေ့မှောက်မှာ လေထဲသို့ ကိုင်မြှောက်၍ ပါးရိုက်ခံရခြင်းက ကြီးမားသည့် အရှက်ခွဲခံရမှုဖြစ်လေသည်။

“နင်က အဲ့လောက်တောင် နှုတ်မစောင့်စည်းမှတော့ အရိုက်ခံရသင့်တယ်”

ရူရွမ်က ထိုသူကိုကြည့်၍ ငေါက်ငမ်းလိုက်လေသည်။

All Chapters