← Chapters

လဝတ်ပြုဒေသကြီး၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ပြပွဲ

Vol. 66 Ch. 1024

လဝတ်ပြုဒေသကြီး၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ပြပွဲ

Vol. 66 Ch. 1024

ခေါင်းဆောင်၏ စကားကို ကြားသောအခါ ဝူကျန်းဝူသည် ခေါင်းမော့လိုက်သည်။ သူ၏ နှလုံးသားထဲမှာ အလွန်သက်တောင့်သက်သာ ရှိလာသည်။

သူ၏ ဇာတ်ကောင်မှတဆင့် ကြီးကျယ်မြင့်မြတ်သော စိတ်အာရုံကို ခံစားမိသည်။ သူက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

‘ အားညိုက အကျင့်ကောင်းတဲ့လူ မဟုတ်ဘူး… ဒါပေမဲ့ အကျင့်သီလငါးပါးထဲက ကြင်နာတတ်တဲ့ နှလုံးသားလေးတော့ သူ့မှာ ရှိပါသေးတယ် ’

သူက ကဗျာစပ်လိုက်ခြင်းမဟုတ်ပေ။ သို့သော်လည်း သူ၏ အမူအရာပေါ်မှာ ပေါ်လွင်နေသည်။

ဝူကျန်းဝူ၏ အမူအရာကို မြင်လိုက်သောအခါ ခေါင်းဆောင်သည် ချီးကျူးစွာ ပြုံးလိုက်သည်။

အားလုံးထံမှာ ဇာတ်ကောင်ကိုယ်စီရှိသည်ကို မြင်လိုက်ရသောအခါ လင်းအာသည် ရွှီချင်း၏ ကော်လံထဲမှ တွားသွားထွက်လာပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူက မျှော်လင့်တောင့်တသော အသံဖြင့် ပြောသည်။

“ စီနီယာအကိုအားညို… ငါကရော ”

“ မင်းလား… မင်းက နတ်ဘုရားအမှူထမ်းရဲ့ တာအိုနောက်လိုက်အဖြစ် ပါဝင်ရမယ် ”

ခေါင်းဆောင်က ချက်ချင်း ပြောသည်။ လင်းအာသည် ချက်ချင်း ဝမ်းသာသွားပြီး စိတ်ကျေနပ်သွားသည်။

“ ပြီးတော့ ကောင်လေးလီ… မင်းက နင်နင်လေးနောက်ကို လိုက်ရမယ်… မင်းရဲ့ ဇာတ်ကောင်က ရှေးဘုရင်ရွှမ်ယုံရဲ့ အမိန့်တော်ကို ဖတ်ပြရမယ့် မိန်းမစိုးပဲ ”

လီယိုဖေးသည် သူသရုပ်ဆောင်ရမည့် ဇာတ်ကောင်အတွက် အထူးတလည် တောင်းဆိုခြင်းမရှိပေ။ အထူးသဖြင့် ရွှီချင်းက နန်းတွင်းအဝတ်အစားများအား ဝတ်ဆင်တော့မည်ကို မြင်လိုက်ရသောအခါ သူက မည်သည့်စကားမှ မပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။

“ မင်းကရော ”

ရွှီချင်းသည် တည်ငြိမ်သော အမူအရာဖြင့် မေးသည်။

“ ငါလား… ဟား ဟား ငါက အသက်ကြီးနေပါပြီ… ထင်ပေါ်ကျော်ကြားမှာကို မလိုချင်တော့ပါဘူး… ဒီဟာက မင်းတို့လူငယ်တွေ ထင်ပေါ်ကျော်ကြားဖို့ အခွင့်အရေးပါ… မင်းတို့လူငယ်တွေဆိုတာ အနာဂတ်ရဲ့ အထောက်အပံ့တွေပါ… ငါက မင်းတို့ကို ဘေးကနေ ပံ့ပိုးပေးမယ်… ငါက ဇာတ်လမ်းနောက်ကွယ်က ပုံရိပ်အနေနဲ့ပဲ ရှိနေပါမယ် ”

ခေါင်းဆောင်သည် တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။ ထို့နောက် သူက ဇာတ်ညွှန်းအကြောင်းအရာကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းပေလွှာများကို လူတိုင်းထံသို့ ပေးအပ်လိုက်သည်။

သူတို့ထဲတွင် ဝူကျန်းဝူသည် စိတ်လှုပ်ရှားဆုံးလူ ဖြစ်သည်။ သူက ဇာတ်ညွှန်းကို ထပ်ခါတလဲလဲ မှတ်သားနေပြီး သူ့ကိုယ်သူ ဇာတ်ကောင်ထဲမှာ လုံးဝစိတ်နစ်မြှုပ်ထားသည်။ နင်ယန်သည်တော့ ဇာတ်ညွှန်းထဲမှာ စီးဆင်းမျောပါသွားဟန် ရသည်။ သူက ဝူကျန်းဝူကဲ့သို့ စိတ်မနစ်မြှုပ်ထားသော်လည်း စိတ်ဝင်တစား လုပ်ဆောင်သည်။

သို့သော်လည်း ဝိညာဉ်သခင်မယုံကျင်းသည် ဇာတ်ညွှန်းကို တစ်ခေါက်သာ ဖတ်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ သူက လူသားအရေပြားမီးအိမ်ကို ဆက်လက် ထုရိုက်နေသည်။

သူ၏ နှလုံးသားထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့်ဖြစ်စေ သို့မဟုတ် လူသားအရေပြားမီးအိမ်က ကောင်းမွန်သော အထိအတွေ့ကို ပေးစွမ်းသောကြောင့်ဖြစ်စေ ဝိညာဉ်သခင်မယုံကျင်းသည် ထိုသို့ထုရိုက်ရသည်ကို အတော်လေး သဘောကျနေသည်။

ခေါင်းဆောင်သည် ဝိညာဉ်သခင်မယုံကျင်း၏ အပြုအမူကို ဂရုမစိုက်ပေ။ သူက သူ၏ ဇာတ်အဖွဲ့ငယ်လေးကို သဘောကျစွာ ကြည့်လိုက်သည်။ သူသည်လည်း စိတ်လှုပ်ရှားလာပြီး ပြပွဲအတွက် မျှော်လင့်နေသည်။

“ သေချာဖတ်ထားကြပါ… အချိန်ကျလာရင် လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံးက မင်းတို့ကို မြင်ကြလိမ့်မယ်… ဟုတ်သားပဲ မင်းတို့ကို မိတ်ကပ်လိမ်းပေးရဦးမယ်… ပြီးတော့ မင်းတို့ကို ရှေးဟောင်းအဝတ်အစား စပွန်စာပေးတဲ့လူက အမယုံကျင်းပဲ ”

ဝူကျန်းဝူသည် အမြန်ခေါင်းညိတ်လိုက်သည်။ နင်ယန်သည် ပိုပြီး အလေးအနက်ထားလာသည်။ ရွှီချင်းတစ်ယောက်တည်းသာ အမူအရာကင်းမဲ့စွာဖြင့် ဆက်ရှိနေဆဲပင်။

သူ၏ ဇာတ်ညွှန်းများသည် အလွန်ရိုးရှင်းသည်။ မည်သည့်စကားပြောခန်းမှ မပါရှိပေ။ နီလာနတ်သမီးခေါင်းဖြတ်ခံရသည့်အချိန်မှာ သူက သွေးကို ထုတ်လွှတ်ပေးရုံသာ လုပ်ဆောင်ရလိမ့်မည်။

မည်သို့ဖြစ်ပါစေ ရွှီချင်းသရုပ်ဆောင်ရမည့် ပထမဇာတ်ကောင်သည် သွေးဖြစ်သည်။

နတ်ဘုရားကွပ်မျက်စင်ပေါ်မှ နတ်ဘုရားအမှူထမ်းဇာတ်ကောင်တွင်လည်း မည်သည့်စကားပြောခန်းမှ မပါရှိပေ။ သူက ဆေဘာဓားကိုမြှောက်ပြီး အောက်သို့ ခုတ်ချပေးရုံသာ လုပ်ဆောင်ရလိမ့်မည်။

သူ့ကို နတ်ဘုရားအမှူထမ်းအဖြစ် ခေါ်ဆိုသော်လည်း အမှန်မှာ အာဏာပါးကွပ်သားသာ ဖြစ်သည်။

သို့ဖြစ်၍ ရွှီချင်းသည် သရုပ်ဆောင်ခြင်းထက် ဤနေရာမှ ပျက်စီးနေသော ယဇ်ပလ္လင်ကို ပိုပြီးစိတ်ဝင်စားသည်။

ဤနေရာတွင် ရှေးဟောင်းအရှိန်အဝါသည် အလွန်သိပ်သည်းပြီး ရာသီဥတုသက်ရောက်မှုများကို မည်သည့်နေရာတွင်မဆို မြင်နိုင်ပေသည်။

ယင်းက ရွှီချင်းအား ကောင်းကင်ဆေဘာဘုရားကျောင်းကို ပြန်အမှတ်ရသွားစေသည်။ ထိုဘုရားကျောင်းသည် ဤနေရာနှင့် အနည်းနှင့်အများ တူညီသည်။

“ ဒီနေရာက တစ်စုံတစ်ယောက်အတွက် ဆင်ခြင်သုံးသပ်ဖို့ သင့်တော်ပါ့မလား ”

ရွှီချင်း၏ အတွေးများသည် အဝေးသို့ လွင့်မျောသွားသည်။

ခေါင်းဆောင်သည် လူတိုင်းက သူတို့၏ ဇာတ်ကောင်ကို ပိုပြီးနားလည်လာကြရန် ဤပြပွဲ၏ စီစဉ်ကြီးကြပ်သူဖြစ်သော သူ့အနေဖြင့် ကောင်းမွန်သော ရှင်းပြမှုကို ပေးသင့်သည်ဟု ခံစားမိသည်။ သို့မှသာ လူတိုင်းက သူတို့၏ ဇာတ်ကောင်နှင့် အံဝင်ခွင်ကျဖြစ်လာကြလိမ့်မည်။

ထို့ကြောင့် သူက ချောင်းဟန့်လိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။ သူက ကျောက်တုံးကြီးတစ်ခုပေါ်သို့ ခုန်တတ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

“ အားလုံးပဲ… ဒီကို ခဏလောက် အာရုံစိုက်ပေးကြပါ ”

“ ဒီတစ်ကြိမ် ငါတို့တွေ အခန်းနှစ်ခန်းကို သရုပ်ဆောင်ကြမယ်… မင်းတို့လက်ထဲက ဇာတ်ညွှန်းကို မင်းတို့ ဖတ်ပြီးသွားကြပြီ… ဒီတော့ ကိုယ်က ဘာနေရာမှာ ပါဝင်ရမလဲဆိုတာ နားလည်လောက်မယ် ”

“ ပထမအခန်းရဲ့ ခေါင်းစဉ်က ‘ ရှေးဟောင်းမိစ္ဆာမရဲ့ ဆိုးသွမ်းမှု ’ ”

ခေါင်းဆောင်၏ စိတ်ခံစားချက်များသည် လှိုင်းထလာပြီး သူ၏ အသံက ပဲ့တင်ထပ်လာသည်။

ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ သူက ယဇ်ပလ္လင်ပေါ်မှာ ပြန့်ကျဲနေသော ကျောက်တုံးကြီးများကို သေချာကြည့်လိုက်ပြီး ယင်းတို့ကို တိတ်တဆိတ် အာရုံခံကြည့်လိုက်သည်။ သူက ထိုသို့အာရုံခံနေစဉ် အချိန်ကာလ၏ ရှေးကျမှုကို တွေ့ကြုံခံစားနေသည်။ တစ်ချိန်တည်းမှာ ရှေးခေတ်အချိန်ကာလကို ဖြတ်ကျော်လာဟန်ရသော ခေါင်းဆောင်၏ အသံသည် သူ၏ နားထဲသို့ ပျံ့လွင့်လာသည်။

“ ဒီဇာတ်လမ်းက နတ်ဘုရားမဖြစ်လာခင် နီလာနတ်သမီးရဲ့ မောက်မာထောင်လွှားမှု၊ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ပရမ်းပတာဖြစ်စေခဲ့တဲ့ ဆိုးသွမ်းမှုတွေအပေါ် အခြေခံထားတယ်… နောက်ဆုံးမှာတော့ နီလာနတ်သမီးရဲ့ ဆိုးသွမ်းတဲ့ လုပ်ရပ်တွေကို ကြည့်မနေနိုင်တော့တဲ့ အုပ်ချုပ်သူက သူ့ကို တားဆီးနှိမ်နင်းဖို့ ရောက်လာတယ် ”

“ ဒါပေါ့… ဒီနေရာမှာ ဇာတ်ကြောင်းပြန်ပေးဖို့ နည်းနည်းလိုလိမ့်မယ် ”

“ ဇာတ်လမ်းထဲမှာ အုပ်ချုပ်သူက ကောင်းကင်နဲ့ မြေပြင်ကြားမှာ ထွက်ပေါ်လာမယ်… နောက်ခံမြင်ကွင်းထဲမှာ နေ၊ လနဲ့ ကြယ်တွေအပြင် လေ၊ မိုး၊ မိုးကြိုးနဲ့ လျှပ်စီးတွေ ရှိမယ်… ပြီးတော့ နတ်ဘုရားအတတ်ပညာအမျိုးမျိုးကနေ ဖြစ်ပေါ်လာတဲ့ ရောင်ခြည်တန်းတွေလည်း ပါဦးမယ်… အဲ့ဒါက အရမ်းခမ်းနားထည်ဝါရမယ်… အဲ့ဒီအပိုင်းကိုတော့ ငါတာဝန်ယူမယ် ”

ခေါင်းဆောင်က စကားပြောလိုက်သည်နှင့် ဝမ်းသာပျော်ရွှင်လာသည်။ ရှင်းလင်းစွာပင် သူက ဇာတ်လမ်းထဲမှာ ပထမဆုံး ပါဝင်ရမည့်လူ ဖြစ်သည်။

ထိုစကားများကို ကြားပြီးနောက် မသဲမကွဲပုံရိပ်တစ်ခုသည် ရွှီချင်း၏ စိတ်ထဲမှာ စတင်ဖြစ်ပေါ်လာသည်။

“ ပြီးသွားရင် အုပ်ချုပ်သူရဲ့ လွှမ်းမိုးခြယ်လှယ်တဲ့ အရှိန်အဝါနဲ့ ကြီးကျယ်မြင့်မြတ်ပုံကို အသားပေးဖော်ပြရမယ်… ကောင်းကင်အောက်မှာ သူက နီလာနတ်သမီးရဲ့ အပြစ်တော်ကိုးခုကို ထုတ်ဖော်ပြောမယ် ”

“ နီလာနတ်သမီးက မာနထောင်လွှားပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်… သူက အုပ်ချုပ်သူကိုတောင် ဝါးမျိုပစ်ဖို့ ကြိုးစားတယ်… အဲ့ဒီအခါ အုပ်ချုပ်သူက တုံ့ပြန်တဲ့အနေနဲ့ လက်ဝါးတစ်ချက် ထုတ်လွှတ်လိုက်ပြီး နီလာနတ်သမီးကို ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့တယ်… ပြီးသွားတော့ အုပ်ချုပ်သူက နီလာနတ်သမီးကို အရှင်ဖမ်းဆီးသွားခဲ့တယ် ”

“ ဒီနေရာမှာ ငါတို့သတိထားရမှာက အုပ်ချုပ်သူရဲ့ ပြိုင်ဘက်ကင်းအရှိန်အဝါပဲ… နင်ယန်… အုပ်ချုပ်သူရဲ့ စိတ်ခံစားချက်မျိုးရအောင် မင်းသေချာလုပ်ပါ… အုပ်ချုပ်သူဆိုတာ ဘုရင်တစ်ပါးပဲ… အဲ့ဒီတော့ အတိတ်မှာ မင်းမြင်ဖူးတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တချို့ကို ပြန်စဉ်းစားကြည့်ပါ ”

“ ငါမင်းကို ယုံကြည်တယ်… သေချာပေါက် မင်းလုပ်နိုင်လိမ့်မယ် ”

ခေါင်းဆောင်သည် နင်ယန်ကို အားပေးစကားပြောသည်။ နင်ယန်သည် သူ၏ ခမည်းတော်အကြောင်းကို ပြန်တွေးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ အမယုံကျင်းကတော့… ”

ခေါင်းဆောင်သည် ဝိညာဉ်သခင်မယုံကျင်းကို ကြည့်လိုက်သည်။

ဝိညာဉ်သခင်မယုံကျင်းသည် ခေါင်းဆောင်ကို အေးတိအေးစက် ပြန်စိုက်ကြည့်လိုက်သည်။

ခေါင်းဆောင်သည် ပြုံးလိုက်သည်။ သူ၏ လေသံသည် ညင်သာလာသည်။

“ အမယုံကျင်း… ငါမင်းကို အများကြီး ပြောနေစရာမလိုဘူးလို့ ထင်ပါတယ်… ဒါပေမဲ့ နီလာနတ်သမီးရဲ့နေရာမှာ သရုပ်ဆောင်ဖို့က မင်းအတွက် နည်းနည်းခက်ခဲလိမ့်မယ်… ဘာပဲပြောပြော နီလာနတ်သမီးက ရက်စက်ယုတ်မာတဲ့လူမလား… အဲ့ဒါက မင်းရဲ့ အကျင့်စရိုက်နဲ့ ခြားနားနေတယ် ”

“ အမယုံကျင်း… မင်းက သနားကြင်နာတတ်တဲ့ အကျင့်စရိုက်ရှိတယ်… ဒါကြောင့် မင်းရဲ့ အကျင့်စရိုက်နဲ့ ဆန့်ကျင်ဘက်ကို သရုပ်ဆောင်မယ်ဆိုရင် ဒီဇာတ်ကောင်က သေချာပေါက် မင်းအတွက် အံ့ဝင်ခွင်ကျဖြစ်လာလိမ့်မယ် ”

ဝိညာဉ်သခင်မယုံကျင်းသည် နှာခေါင်းရှုံ့လိုက်သည်။

ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်ပြီး ဆက်လက် ပြောသည်။

“ ဒါဆို ဒုတိယအခန်းကို ဆက်ပြောမယ်… အဲ့ဒါက ဒီဇာတ်လမ်းရဲ့ အဓိကပဲ ”

“ နီလာနတ်သမီးက အုပ်ချုပ်သူရဲ့ အရှင်ဖမ်းဆီးခံရပြီးနောက် ဒီကို အခေါ်ခံလာရတယ်… သူက ဘယ်လိုပဲ ရုန်းကန်ပါစေ အဲ့ဒါက အသုံးမဝင်ဘူး… သူက အကြမ်းပတမ်း ဖိနှိပ်ခံထားရတယ် ”

“ အဲ့ဒီအခန်းကိုရောက်ရင် ငါတို့က လေထုကို တင်းကြပ်ရမယ်… ကောင်းကင်နဲ့ မြေပြင်ရဲ့ အရောင်အသွေးကို ပြောင်းလဲပစ်ဖို့ မန္တန်တချို့ကို ထည့်သွင်းအသုံးပြုရလိမ့်မယ်… လေက တဟူးဟူး တိုက်ခတ်လာပြီး ဟိန်းသံတွေက အရပ်မျက်နှာအဘက်ဘက်ကို ပဲ့တင်ထပ်သွားရမယ်… အဲ့ဒါက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ရမယ် ”

“ ပြီးသွားရင် နီလာနတ်သမီးက အုပ်ချုပ်သူရှေ့မှာ အတင်းအကျပ် ဒူးထောက်လိုက်ရတဲ့ မြင်ကွင်းကို ပြသမယ်… အုပ်ချုပ်သူက ကောင်းကင်ကို ဦးညွတ်လိုက်ပြီး ရှေးဘုရင်ရွှမ်ယုံဆီက ဆုံးဖြတ်ချက်ကို တလေးတစား တောင်းခံမယ်… အဲ့ဒီအခါ ရှေးဘုရင်ရွှမ်ယုံက ထွက်ပေါ်လာမယ်… ပြီးတော့ မိန်းမစိုးက မြင့်မြတ်အမိန့်တော်ကို ရွတ်ဖတ်မယ် ”

“ အဲ့ဒီအခါ လေထုက ထပ်မံပြောင်းလဲသွားမယ်… နောက်ခံမြင်ကွင်းကိုလည်း ထပ်တိုးမြှင့်မယ် ”

ခေါင်းဆောင်သည် ဇာတ်လမ်းကို ကြိုးစားပမ်းစား ဖော်ပြနေသည်။ သိသာစွာပင် သူက ဇာတ်လမ်းကို အတွင်းရောအပြင်ပါ နားလည်ထားသည်။ ဤအခိုက်အတန့်မှာ သူက စိတ်အားထက်သန်စွာ ရှင်းပြနေစဉ် ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။

ထိုမြင်ကွင်းက သူ၏ စိတ်ထဲမှာ အကြမ်းဖျဉ်း ထွက်ပေါ်လာသောအခါ ဤနေရာမှ လေကို ဝိုးတိုးဝါးတား သူအာရုံခံမိလာသည်။ လေတိုးသံနှင့်အတူ ရှေးခေတ်ရေရွတ်သံများကို သူကြားနေရသည်။

သို့သော်လည်း အတိအကျကိုတော့ ရွှီချင်း မကြားနိုင်ပေ။ ခေါင်းဆောင်၏ အသံသည်သာ ဆက်လက်ပဲ့တင်ထပ်နေသည်။

“ အဲ့ဒီနောက် အုပ်ချုပ်သူက အမိန့်တော်ကို နာခံပြီး လက်ကိုမြှောက်လိုက်တယ်… အဲ့ဒီအခါကျရင် ရွှီချင်း… နတ်ဘုရားအမှူထမ်းဖြစ်တဲ့ မင်းက လူသတ်ဓားကို မြှောက်ပြီး အောက်ကို ခုတ်ချရမယ် ”

“ ဒါပေမဲ့ မင်းသတိထားရမယ်… မင်းသရုပ်ဆောင်ရမယ့် သွေးက သဘာဝကျရမယ် ”

“ အဲ့ဒါက မူရင်းဇာတ်လမ်းနဲ့ နည်းနည်းကွဲလွဲနေတယ်ဆိုပေမဲ့ ငါတို့တတ်နိုင်တာ ဘာမှမရှိဘူး… အုပ်ချုပ်သူရဲ့ နတ်ဘုရားအစွမ်းကို ငါတို့ မတုပနိုင်ဘူး… ကောင်းကင်ကို ဆေဘာဓားအဖြစ် မြေပြင်ကို ကွပ်မျက်စင်အဖြစ် အသုံးပြုပြီး နေနဲ့လရဲ့ ဆယ်သွယ်မှုကို အသုံးပြုတာက အရမ်းခမ်းနားထည်ဝါလွန်းတယ်… ဒီတော့ ငါတို့မှာရှိတာနဲ့ပဲ သရုပ်ဆောင်ရလိမ့်မယ် ”

ခေါင်းဆောင်သည် အနည်းငယ် နောင်တရမိသည်။ သူက အုပ်ချုပ်သူ၏ နတ်ဘုရားအတတ်ပညာကိုလည်း ဇာတ်လမ်းထဲမှာ ထည့်သွင်းချင်သည်။ ယင်းက သူ၏ ဇာတ်လမ်းကို ပိုပြီး ပြည့်စုံသွားစေလိမ့်မည်။ သို့သော်လည်း ကံမကောင်းစွာပင် ထိုအရာက အုပ်ချုပ်သူ၏ နတ်ဘုရားအတတ်ပညာဖြစ်သည်။ ယင်းက သူတို့အဆင့်ဖြင့် လက်လှမ်းမှီနိုင်သောအရာ မဟုတ်ပေ။

“ တကယ်လို့ အိမ်ရှေ့စံမင်းသားနဲ့ တခြားလူတွေက ကူညီမယ်ဆိုရင်တော့… ”

ခေါင်းဆောင်သည် သူ၏ အကြည့်ကို ဘေးပတ်ဝန်းကျင်သို့ ပို့လွှတ်လိုက်သည်။ သို့သော်လည်း ထိုအဖိုးအို အဖွားအိုများ၏ ပုံရိပ်များကို သူမတွေ့ပေ။ သို့ဖြစ်၍ သူက ဝိညာဉ်သခင်မယုံကျင်းကို ကြည့်လိုက်သည်။

“ အမယုံကျင်း… မင်း ခေါင်းဖြတ်ခံရပြီးသွားရင် ပြင်းထန်တဲ့ အမုန်းတရားကို ထုတ်ပြဖို့ မမေ့ပါနဲ့… အဲ့ဒါက… ”

“ ငါ နင့်မျက်နှာကို မြင်ဖို့ပဲလိုတယ်… အဲ့ဒီအခါကျရင် ငါ့အမုန်းတရားက အထွတ်အထိပ်ထိ ရောက်ရှိသွားလိမ့်မယ် ”

ဝိညာဉ်သခင်မယုံကျင်းသည် ကြားဖြတ်ပြောလိုက်ပြီး ခေါင်းဆောင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်ပြီး မည်သည့်စကားမှ ဆက်မပြောတော့ပေ။ ယင်းအစား သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ဝူကျန်းဝူကို ကြည့်လိုက်သည်။

“ ကျန်းကျန်းကြီးက အဆင်ပြေသားပဲ ”

“ ချင်းလေး… မင်း… မင်းဘာလုပ်နေတာလဲ ”

ခေါင်းဆောင်သည် ရွှီချင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ တစ်ဖက်လူက ဆင်ခြင်သုံးသပ်နေကြောင်း သူသတိပြုမိသွားသည်။ ထို့ကြောင့် သူက ထိတ်လန့်သွားပြီး နူးညံ့စွာ သတိပေးလိုက်သည်။

“ ချင်းလေး… ဒီနေရာမှာ မင်းဘာမှ နားလည်နိုင်မှာမဟုတ်ဘူး… ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။

ခေါင်းဆောင်သည် စူးစမ်းလိုစွာ မေးသည်။

“ မင်းတစ်ခုခုကို နားလည်ခဲ့လား ”

“ ရေရွတ်သံတချို့ကိုပဲ မသဲမကွဲ ငါကြားမိတယ် ”

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

ခေါင်းဆောင်သည် ဆွံ့အသွားသည်။ သူ၏ နှလုံးသည် တုန်လှုပ်သွားပြီး သူ့ဘာသာ တွေးတောလိုက်သည်။

‘ ဒါဘယ်လို နားလည်နိုင်စွမ်းလဲ ’

ထို့နောက် သူက ချောင်းဟန့်လိုက်သည်။

“ ဒါဆို… ဆက်လုပ်ပါ ”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် ရွှီချင်းကို နောက်ထပ် မနှောင့်ယှက်တော့ပေ။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ကို မြှောက်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်သောအကြည့် ထွက်ပေါ်လာပြီးလျှင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ အားလုံးပဲ… နေရာယူထားကြပါ… ‘ နတ်ဘုရားသတ်ဖြတ်ခြင်း ’ ဇာတ်လမ်းအတွက် အစမ်းလေ့ကျင့်တာ ပထမအကြိမ် စမယ် ”

ဝူကျန်းဝူသည် သူ၏ ဇာတ်ကောင်ထဲသို့ ချက်ချင်း စီးမျောသွားသည်။ သူက လက်နောက်ပစ်လျက် မတ်တတ်ရပ်နေသည်။ လီယိုဖေးသည် အမြန်ပြေးလာပြီး သူနှင့်အတူ သရုပ်ဆောင်သည်။

သူတို့၏ ဘေးမှာရှိနေသော နင်ယန်သည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး မြေပြင်ပေါ်မှ ဝိညာဉ်သခင်မယုံကျင်းကို စိုက်ကြည့်လိုက်သည်။ သူက စိတ်ထဲမှာ သူ့ခမည်းတော်၏ စကားပြောပုံနှင့် လှုပ်ရှားပုံများကို ပြန်တွေးလိုက်သည်။ ထိုအခါ သူ၏ အမူအရာသည် တဖြည်းဖြည်း တည်ကြည်လေးနက်လာပြီး မြင့်မြတ်ထည်ဝါသော အရှိန်အဝါက သူ၏ ဘေးပတ်ဝန်းကျင်မှာ စတင်ပေါ်လျှိုးလာသည်။

“ မိစ္ဆာမ ”

ဝိညာဉ်သခင်မယုံကျင်းသည် ခေါင်းမော့လိုက်ပြီး နင်ယန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ထိုအေးစက်စက် အကြည့်အောက်မှာ နင်ယန်၏ မြင့်မြတ်ထည်ဝါသော အရှိန်အဝါသည် ချက်ချင်း ပြိုလဲပျက်စီးသွားသည်။

“ ရပ် ”

ခေါင်းဆောင်သည် စိုးရိမ်လာသည်။

“ နင်နင်လေး… မင်းရဲ့ စိတ်ခံစားချက်က မမှန်သေးဘူး… ထပ်လုပ်မယ် ”

…..

အစမ်းလေ့ကျင့်ခြင်းကို ထပ်ခါထပ်ခါ လုပ်ဆောင်ခဲ့ပြီး လူတိုင်းက အားကြိုးမာန်တတ် ပါဝင်ခဲ့ကြသည်။ သို့သော်လည်း အကြိမ်တိုင်းတွင် နင်ယန်နှင့်ပတ်သက်ပြီး ပြဿနာတချို့ ဖြစ်ပေါ်လာသည်။ အဆုံးမှာတော့ ခေါင်းဆောင်သည် ရွေးချယ်စရာမရှိတော့သည့်အဆုံး ရွှီချင်းကို သွားခေါ်လိုက်သည်။

ဆင်ခြင်သုံးသပ်နေသော ရွှီချင်းသည် အမူအရာကင်းမဲ့စွာဖြင့် လျှောက်လာသည်။ သူက ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေလျက် ဝိညာဉ်သခင်မယုံကျင်းကို ငုံ့ကြည့်လိုက်သည်။

သူ၏ အကြည့်အောက်မှာ ဝိညာဉ်သခင်မယုံကျင်းသည် တကယ်မျက်မှောင်ကြုတ်သွားသည်။ လေးနက်မှုက သူ၏ မျက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။ ကြီးမားသော ဖိအားက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာနေကြောင်း သူခံစားမိသည်။

ဘေးမှ နင်ယန်သည် ရွှီချင်း၏ အမူအရာနှင့် အပြုအမူများကို လေ့လာမှတ်သားသည်။ နောက်ဆုံးမှာတော့ သူ၏ သရုပ်ဆောင်ပုံသည် ယခင်ကထက် အများကြီး ပိုတိုးတတ်လာသည်။

ထိုအချင်းအရာကိုမြင်သောအခါ ခေါင်းဆောင်သည် သက်ပြင်းမချဘဲ မနေနိုင်ပေ။ အမှန်မှာ ယင်းက ဇာတ်လမ်းအပြည့်အစုံ မဟုတ်သေးပေ။ သူ၏ အမြင်မှာ ချစ်မေတ္တာနှင့် အမုန်းတရား အစရှိသော စိတ်ခံစားချက်အပြောင်းအလဲများက ဤဇာတ်လမ်းထဲမှာ ပါဝင်သင့်ပေသည်။ သို့မှသာ ပြီးပြည့်စုံသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာလိမ့်မည်။

သို့သော်လည်း အကယ်၍ အုပ်ချုပ်သူနှင့်ပတ်သက်ပြီး အရှက်ရစေမည့် ကိစ္စများအား ထည့်သွင်းထားခြင်းကို အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက မြင်တွေ့သွားမည်ဆိုလျှင် သူက ဆက်လက် ဇာတ်လမ်းရိုက်ကူးရန်ပင် အခွင့်အရေးမရှိမည်ကို ခေါင်းဆောင်က စိုးရိမ်သည်။

သို့ဖြစ်၍ သူက ထိုအကြံကို လက်လျော့ရုံသာ တတ်စွမ်းသည်။ ဤအခိုက်အတန့်မှာ နင်ယန်က သိပ်အဆင်မပြေသေးသည်ကို မြင်သောအခါ ခေါင်းဆောင်သည် လျှောက်လှမ်းလာပြီး စကားပြောရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အေးစက်စက် နှာခေါင်းရှုံ့သံသည် ကောင်းကင်ယံမှ မြည်ဟိန်းလာပြီး လူတိုင်း၏ စိတ်ထဲသို့ ဝင်ရောက်သွားကာ သူတို့၏ ဝိညာဉ်ကို တုန်ယင်သွားစေသည်။

“ မင်းတို့ကောင်တွေ ဘာတွေ လျှောက်လုပ်နေတာလဲ ”

ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ပုံရိပ်များသည် ကောင်းကင်ယံမှာ ထွက်ပေါ်လာကြသည်။ အဖွားငါးသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ မင်းသမီးမင်မိန်သည် မျက်မှောင်ကြုတ်ထားသည်။ သူ၏ ဘေးမှ အဖိုးရှစ်သည် လက်ပိုက်ထားလျက် ချန်းအားညိုကို နှာခေါင်းရှုံ့လိုက်သည်။

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ကောင်းကင်ကို အရိုအသေပေးလိုက်သည်။

“ အဖိုး အဖွား… ”

ခေါင်းဆောင်သည် ဖော်လံဖားသော အမူအရာကို အမြန်ထုတ်ဖော်လိုက်သည်။ သူက ရှင်းပြတော့မည့်အချိန် အိမ်ရှေ့စံမင်းသား၏ အသံသည် ဂုဏ်သိက္ခာကြီးမားစွာ ထွက်ပေါ်လာသည်။

“ မင်းရဲ့ ဇာတ်လမ်းက လုံးဝမှားယွင်းနေတယ် ”

“ ရွှီချင်း… မင်းက သွေးအဖြစ်ရော နတ်ဘုရားအမှူထမ်းအဖြစ်ရော သရုပ်ဆောင်စရာမလိုဘူး… ယဇ်ပလ္လင်ပေါ်က ကျောက်တုံးပေါ်မှာ သွားထိုင်ပြီး နတ်ဘုရားကွပ်မျက်စင်ရဲ့ အကြွင်းအကျန် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို နားလည်အောင် ကြိုးစားပါ ”

“ အဲ့ဒါက မင်းရဲ့ ကျင့်ကြံခြင်းအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ်လာလိမ့်မယ်… တကယ်လို့ မင်းက နတ်ဘုရားကွပ်မျက်စင်ရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ အမျှင်တန်းတစ်ခုကိုပဲ နားလည်မယ်ဆိုရင်တောင် ကြီးမားတဲ့ ကံကြမ္မာကောင်းကို ရရှိလိမ့်မယ် ”

“ ဒါပေမဲ့ အားလုံးက မင်းရဲ့ နားလည်နိုင်စွမ်းပေါ်မှာ မူတည်တယ်… မင်းဘယ်လောက်ထိ နားလည်နိုင်မလဲဆိုတာ မင်းအပေါ်မှာ မူတည်တယ် ”

ဤသည်ကို ရွှီချင်းကြားသောအခါ ထူးဆန်းသော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ခေါင်းငုံ့လိုက်ပြီး ခဏအကြာမှာ ခေါင်းညိတ်လိုက်သည်။ သူက ယဇ်ပလ္လင်ဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ သူက အစောကြီးကတည်းက ထိုနေရာသို့ သွားရောက်ပြီး ဆင်ခြင်သုံးသပ်ချင်သည်။ ဤအခိုက်အတန့်မှာ သူက ယဇ်ပလ္လင်ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားပြီး ကျောက်တုံးများကြားထဲမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ဤနေရာမှ အကြွင်းအကျန် အရှိန်အဝါကို အာရုံခံလိုက်သည်။

“ မင်းကတော့ နတ်ဘုရားအမှူထမ်းအဖြစ် သရုပ်ဆောင်နိုင်တယ်… ဆေးဆိုင်မှာတုန်းက မင်းက နေ့တိုင်း ဓားတစ်ကိုင်ကိုင်နဲ့ အစောင့်အကြပ်လုပ်ခဲ့တာ မဟုတ်ဘူးလား ”

အိမ်ရှေ့စံမင်းသားသည် ခေါင်းဆောင်ကို ကြည့်ပြီး ပြောသည်။

ခေါင်းဆောင်သည် ခေါင်းငုံ့လိုက်သည်။ သူက ဆန္ဒမရှိသော်လည်း ယင်းကို သူ၏ မျက်နှာပေါ်မှာ မထုတ်ပြဝံ့ပေ။ သူက အမြန်ပြေးသွားပြီး ရွှီချင်း၏ နေရာကို ဝင်ယူလိုက်သည်။

“ မင်းတို့တွေ ဆက်လေ့ကျင့်ကြပါ… ငါ မင်းတို့ကို ထောက်ပြပေးမယ် ”

အိမ်ရှေ့စံမင်းသားသည် စကားပြောပြီးနောက် မင်းသမီးမင်မိန်နှင့် တခြားလူများဖြင့် ဘေးမှာ အတူထိုင်လိုက်သည်။

သူတို့၏ အကြည့်အောက်မှာ လူတိုင်းသည် တုန်ယင်လာကြပြီး အစမ်းလေ့ကျင့်ကြသည်။ ဤတစ်ကြိမ်မှာတော့ ရပ်ခိုင်းသူသည် ခေါင်းဆောင်မဟုတ်တော့ဘဲ အိမ်ရှေ့စံမင်းသား ဖြစ်လာသည်။

သူ၏ အမိန့်ပေးမှုအောက်မှာ မူလဇာတ်ညွှန်းနှင့် စာသားများသည် ပြောင်းလဲသွားသည်။ တဖြည်းဖြည်း လူတိုင်းသည် ဇာတ်ကောင်၏ သရုပ်ဟန်ပန်နှင့် သဟဇာတဖြစ်လာကြပြီး အိမ်ရှေ့စံမင်းသား၏ မှတ်ဉာဏ်ထဲမှ မြင်ကွင်းများကလည်း ဖြည်းညင်းစွာ ပြန်ပေါ်လျှိုးလာသည်။

နောက်ခံမြင်ကွင်း၏ အလှတန်ဆာ ဆင်ယင်မှုသည်တော့ ယခင်က ခေါင်းဆောင်၏ လုပ်ဆောင်မှုထက် ပိုပြီးသဘာဝကျလာသည်။

သူတို့၏ သရုပ်ဆောင်ပုံကို ကြည့်နေရင်း အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွတ်သတိရသော အကြည့် ထွက်ပေါ်လာသည်။

ရွှီချင်းသည်သာ သရုပ်ဆောင်ခြင်းကို ရပ်တန့်လိုက်သည်။ သူက ပျက်စီးနေသော ယဇ်ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေလျက်ထိုင်နေပြီး ဤနေရာမှ အရှိန်အဝါကို အာရုံခံနေသည်။

အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ လေသည် ဗလာနတ္ထိမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဝိုးတိုးဝါးတား သူအာရုံခံမိလာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားပြီး နှလုံးသားထဲထိ ဝင်ရောက်သွားကာ လှိုင်းဂယက်များကို လှုံ့ဆော်နေလေသည်။

All Chapters