← Chapters

တည်ရှိမှုရှိရင် သဲလွန်စရှိမယ်

Vol. 66 Ch. 1025

တည်ရှိမှုရှိရင် သဲလွန်စရှိမယ်

Vol. 66 Ch. 1025

ပျက်စီးနေသော ယဇ်ပလ္လင်၏ အပြင်ဘက်တွင် ဝူကျန်းဝူသည် သူ၏ ဇတ်ညွှန်းကို လေ့လာနေသည်။ ရှေးဘုရင်ရွှမ်ယုံအပေါ် သူ၏ နားလည်သဘောပေါက်မှုကြောင့် ဇာတ်ကောင်အပေါ် အလွယ်တကူ စီးမျောသွားခဲ့သည်။

ယင်းက သူ့အတွက် မခက်ခဲပေ။ ရှေးဘုရင်ရွှမ်ယုံအဖြစ် သရုပ်ဆောင်ခြင်းသည် သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။

အတိတ်တွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ထဲမှ ရွှမ်ယုံဂိုဏ်း၏ တားမြစ်ဇုန်ထဲတွင် မိစ္ဆာမြွေ၏ အရိုးစုမှ အားလှိုင်းအတတ်အကျများကို လှုံ့ဆော်ရန် တူညီသော နည်းလမ်းကို သူအသုံးပြုခဲ့သည်။

နင်ယန်နှင့် ဝိညာဉ်သခင်မယုံကျင်းသည်လည်း အိမ်ရှေ့စံမင်းသား၏ အမိန့်ပေးမှုအောက်မှာ စတင်ဇာတ်တိုက်ကြသည်။

ယင်းက အိမ်ရှေ့စံမင်းသားသည် ဤပြပွဲကို ဦးဆောင်ရန် ချန်းအားညိုထက် အမှန်တကယ် ပိုသင့်တော်ကြောင်း ဖော်ပြနေ၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ အကြည့်အောက်မှာ လူတိုင်းသည် အားကြိုးမာန်တတ် အလုပ်ကြိုးစားကြပြီး သူတို့၏ ဇာတ်ကောင်အပေါ် နားလည်မှုသည်လည်း ပိုပြီးတိကျလာကြသည်။

“ တကယ်ကောင်းတယ်… အဲ့ကောင်လေး ဝူကျန်းဝူက စိတ်ဝင်စားစရာပဲ… တကယ်လို့ ငါတို့က သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို လျစ်လျူရှုထားပြီး ဟန်ပန်အမူအရာနဲ့ စကားပြောပုံကိုပဲ ကြည့်မယ်ဆိုရင် သူက ရှေးဘုရင်ရွှမ်ယုံလို့ ငါခံစားမိတယ် ”

“ နင်ယန်လည်းပဲ မဆိုးပါဘူး… သူက ခမည်းတော်ရဲ့ ဂုဏ်အရှိန်အဝါကို တစ်ဝက်လောက်နီးပါး တုပနိုင်တယ် ”

“ ဒါပေမဲ့ အားလုံးထဲမှာ ဝိညာဉ်သခင်မယုံကျင်းရဲ့ အမုန်းတရားက သဘာဝအကျဆုံးပဲ… အဲ့ဒါက စိတ်စင်စားဖို့အကောင်းဆုံးပဲ ”

“ ချန်းအားညိုက စင်ပေါ်မှာ ဘာမှမလှုပ်ရှားရဘဲ မတ်တတ်ရပ်နေတယ်… သူ့ကြည့်ရတာ နည်းနည်း အသက်မပါသလိုပဲ ”

အိမ်ရှေ့စံမင်းသားသည် သူ၏ တတိယအမတော်၊ ပဉ္စမညီမတော်နှင့် အဌမညီတော်ဖြင့် အတူတူ ထိုင်နေသည်။ သူတို့က ဇာတ်တိုက်နေကြသော ဂျူနီယာအုပ်စုကို ကြည့်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ ရံဖန်ရံခါ သူတို့၏ အကြည့်က အဝေးမှ ရွှီချင်းထံသို့ ကျရောက်သွားလေ့ ရှိသည်။ ရွှီချင်းက ရံဖန်ရံခါ မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်ရသောအခါ အိမ်ရှေ့စံမင်းသားသည် စိတ်ကျေနပ်သွားသည်။

“ ဒီကောင်လေး နောက်ဆုံးတော့ အခက်အခဲနဲ့ တွေ့သွားပြီ ”

“ နတ်ဘုရားကွပ်မျက်စင်က ခမည်းတော်ရဲ့ နတ်ဘုရားအစွမ်းဝှက်ဖဲကတ်ပဲ… အဲ့ဒီထဲမှာ ခမည်းတော်ရဲ့ ကျင့်ကြံခြင်းအားလုံးနဲ့ အတွေ့အကြုံအားလုံး ပါရှိတယ်… ဒီကောင်လေးမပြောနဲ့… ငါတောင် အဲ့ဒါကို အတိတ်မှာ မသင်ယူနိုင်ခဲ့ဘူး… အခု မရေမတွက်နိုင်တဲ့ နှစ်တွေအများကြီး ကုန်လွန်သွားပြီဆိုမှတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဒီနေရာက ပျက်စီးသွားခဲ့ပြီ… သူ ဘယ်လောက်ပဲ ကြိုးစားပါစေ နားလည်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလောက်ပဲ ”

အိမ်ရှေ့စံမင်းသားသည် ခေါင်းခါလိုက်သည်။

“ နဝမညီတော်ပဲ အပေါ်ယံလောက်ကို နားလည်ခဲ့တယ်… ”

နဝမညီတော်အကြောင်းကို တွေးမိသွားသောအခါ အိမ်ရှေ့စံမင်းသားသည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။ ဘေးမှ အဌမသားတော်သည် ရုတ်တရက် မေးသည်။

“ အကိုကြီး… အခုလို စောင့်ကြည့်တာက မကောင်းဘူးမလား… သူမအောင်မြင်နိုင်ဘူးဆိုတာကို မင်းက သိတယ်လေ… အဲ့ဒါဆို ဘာလို့ သူ့ကို နားလည်ဖို့ ကြိုးစားခိုင်းနေသေးလဲ ”

“ မင်းက အရမ်းဆိုးတာပဲ… မင်းက ဒီကောင်လေးကို အောင်မြင်စေချင်တာလား ကျရှုံးစေချင်တာလား ”

အိမ်ရှေ့စံမင်းသား၏ အမူအရာသည် မည်းမှောင်သွားပြီး အဌမညီတော်ကို ကြည့်လိုက်သည်။

အဌမညီတော်သည် ဇတ်ပုသွားသည်။ သူက စကားပြောမှားသွားကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက မျက်နှာချိုသွေးသော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ ရွှီချင်းက သူ့ရဲ့ နားလည်နိုင်စွမ်းအပေါ် ကျေနပ်ရောင့်ရဲနေမှာကို အိမ်ရှေ့စံမင်းသားက စိုးရိမ်တယ်… ဒါကြောင့် သူ့ကို ဒီနေရာမှာ သူ့ရဲ့ ချို့ယွင်းချက်တွေကို နားလည်စေချင်တယ်… အဲ့ဒါမှ သူက အနာဂတ်မှာ ပိုပြီးကောင်းကောင်း တိုးတတ်လာနိုင်မယ် ”

“ တစ်ချိန်တည်းမှာ ဒီဟာကို အတွေ့အကြုံအဖြစ် မှတ်ယူမယ်ဆိုရင် အနာဂတ်မှာ နဝမမောင်တော် လွတ်မြောက်လာတဲ့အခါ နတ်ဘုရားကွပ်မျက်စင်အတတ်ပညာကို ရွှီချင်းဆီ လွှဲပြောင်းပေးနိုင်မယ်… အဲ့ဒီအခါကျရင် သူက ပိုပြီးမြန်မြန် နားလည်လာနိုင်မယ် ”

မင်းသမီးမင်မိန်က တည်ငြိမ်စွာ ပြောသည်။

ပဉ္စမညီမတော်သည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက ရွှီချင်းကို အလွန်ချီးကျူးသည်။

အဌမသားတော်သည် တုံ့ဆိုင်းနေသည်။ သူက တစ်စုံတစ်ခုပြောချင်နေသော်လည်း စကားပြောမှားမည်ကို စိုးရိမ်နေသည်။ သို့သော်လည်း အဆုံးမှာတော့ သူက စိတ်ကို မချုပ်ထိန်းထားနိုင်ဘဲ တိုးညင်းစွာ ပြောလိုက်သည်။

“ ဒါပေမဲ့ တကယ်လို့ သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို နားလည်တာ အောင်မြင်သွားမယ်ဆိုရင်ရော… ဘာပဲပြောပြော အတိတ်မှာ ခမည်းတော်က တည်ရှိမှုရှိရင် သဲလွန်စရှိမယ်လို့ မပြောခဲ့ဘူးလား ”

အိမ်ရှေ့စံမင်းသားသည် နှုတ်ဆိတ်သွားသည်။

မင်းသမီးမင်မိန်သည်လည်း နှုတ်ဆိတ်သွားသည်။

ပဉ္စမညီမတော်သည် ရွှီချင်း၏ ပုံရိပ်ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

“ အဲ့ဒါဆိုရင် သူ့ရဲ့ နားလည်နိုင်စွမ်းက နဝမမောင်တော်ထက် ပိုပြီးအံ့ဩစရာကောင်းတယ်လို့ သတ်မှတ်ရလိမ့်မယ်… နဝမမောင်တော်ရဲ့ နားလည်နိုင်စွမ်းက ခမည်းတော်နဲ့ အတူတူလောက်ပဲ… ”

…..

တည်ရှိမှုရှိလျှင် သဲလွန်စရှိမည်။

တည်ရှိမှုတိုင်းမှာ သဲလွန်စရှိသည်။

ယင်းက ဤလောကထဲမှ အရာအားလုံးအတွက် မှန်ကန်၏။

လူသားများသည် ထိုအတိုင်းပင်။ အရာဝတ္ထုများနှင့် နတ်ဘုရားအတတ်ပညာများသည်လည်း ထိုအတိုင်းပင်။

လေသည် အရာအားလုံးကို မှတ်မိသည်။ ကမ္ဘာမြေသည် မှတ်ဉာဏ်များကို ထိန်းသိမ်းထားသည်။ ယင်းက ဤလောကထဲမှ အရာအားလုံးအတွက် ဖြစ်သည်။ အကယ်၍ လောကကြီးက အစဉ်အမြဲပြောင်းလဲနေမည်ဆိုလျှင်ပင် ကောင်းကင်ဘုံတာအိုက အမှတ်အသားအဖြစ် ဆက်လက် ကျန်ရှိနေဦးလိမ့်မည်။

အကယ်၍ ကောင်းကင်ဘုံတာအိုက မေ့လျော့သွားမည်ဆိုလျှင်ပင် ကောင်းကင်ဘုံတာအိုထက် ပိုပြီးအဆင့်မြင့်သော စိတ်ဆန္ဒတစ်ခုက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အားလုံးကို မှတ်တမ်းမတင်ထားဘူးဟု မည်သူက အခိုင်အမာ ပြောဝံ့မည်နည်း။

သို့သော်လည်း တချို့သဲလွန်စများသည် အလွန်အမင်း မှုန်ဝါးသည်။ တခြားလူများက ယင်းတို့ကို သတိထားမိရန် အလွန်ခက်ခဲပေသည်။ သို့ဖြစ်၍ သူတို့က အရာအားလုံးသည် မည်သည့်သဲလွန်စမှမကျန်အောင် ပျောက်ကွယ်သွားပြီဟု အလိုအလျောက် ထင်မှတ်သွားကြသည်။

သို့သော်လည်း အမှန်မှာ ထိုသို့မဟုတ်ပေ။

“ စိတ်ကူးနိုင်စွမ်းက နတ်ဘုရားအတတ်ပညာတွေရဲ့ စွမ်းရည်ကို ကန့်သတ်ထားတယ်… ”

မင်းသမီးမင်မိန်ပြောခဲ့သော ထိုစကားသည် ရွှီချင်းအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။ ယင်းက သူ့ကို လောကအသစ်တစ်ခု ဖွင့်လှစ်ပေးခဲ့သည်။

ပြတင်းပေါက်အပြင်ဘက်မှ မြင်ကွင်းသည် အကန့်အသတ်ရှိခြင်းမဟုတ်ပေ။ စိတ်ကူးနိုင်စွမ်းကသာ အမြင်ကို ကန့်သတ်ထားခြင်း ဖြစ်သည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ပျက်စီးနေသော ယဇ်ပလ္လင်ပေါ်မှာ ထိုင်နေသည့် ရွှီချင်းသည် လေကို အာရုံခံနိုင်နေသည်။

ဤနေရာမှာ လောကက ချိပ်ပိတ်ခံထားရသော်လည်း တိုက်ခတ်နေသော လေသည် ရှေးခေတ်အချိန်ကာလမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ရွှီချင်းသည် တိတ်ဆိတ်သွားသည်။

ဤသည်မှာ သူ၏ လှုပ်ရှားမှုတစ်ခုတည်း ငြိမ်သက်သွားခြင်း မဟုတ်ပေ။ သူ၏ နှလုံးသား၊ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားခြင်း ဖြစ်သည်။

လေတိုက်ခတ်နေသည်နှင့်အမျှ သူနှင့်ပတ်သက်သော အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

အပြင်လောကမှ မည်သည့်အသံကိုမှ သူမကြားရတော့ပေ။ အကြွင်းမဲ့ တိတ်ဆိတ်မှုက အရာအားလုံးကို လွှမ်းခြုံထားသည်။

သူ၏ စိတ်သည် ဗလာဖြစ်သွားသည်။ မည်သည့်အတွေးမှ မရှိတော့ပေ။ မည်သည့် လိုအင်ဆန္ဒမှ မရှိတော့ပေ။

အမှောင်ထုသာလျှင် ရှိသည်။

လေသည်သာ အသိအမြင်နယ်ပယ်ထဲမှာ ဆက်လက် တိုက်ခတ်နေသည်။ သို့သော် လေသည် သူ၏ ဆံခြည်မျှင်တစ်ပင်ကိုပင် မလှုပ်ရှားသွားစေသလို သူ၏ အဝတ်အစားအပိုင်းအစကိုလည်း မရွေ့လျားသွားစေပေ။ သို့တိုင် ယင်းက သူ၏ အသိစိတ်ပင်လယ်ထဲမှာ လှိုင်းဂယက်တချို့ကို ဖြစ်ပေါ်လာစေပြီး အသိအမြင်စက်ကွင်းများကို ဖန်တီးနေသည်။

ထိုလှိုင်းဂယက်များထဲမှာ မင်ရည်ကဲ့သို့ နက်မှောင်သော ပုံရိပ်တချို့ ထွက်ပေါ်လာသည်။

သို့သော် ပုံရိပ်များ၏ အသွင်အပြင်က မသဲကွဲသလို တိကျသော ပုံပန်းသဏ္ဍာန်လည်း မရှိပေ။ ထိုမင်ရည်ပုံရိပ်များသည် ဝေဝါးနေသည်။ ၎င်းတို့က အစဉ်အမြဲ ရောနှောသွားပြီး ပြန့်ကျဲထွက်သွားနေသည်။ ဤသည်မှာ အပိုင်းအစများကို တစ်ခုနှင့်တစ်ခု ဆက်စပ်ပြီး ပန်းချီကားတစ်ချပ်ဖြစ်လာရန် ကြိုးစားနေသည့်အလားပင်။

လေသည် ၎င်းသိမ်းဆည်းထားသော မှတ်ဉာဏ်များကို အပြင်လောကဆီသို့ ထုတ်ပြချင်သည်။ ၎င်းက လူသားများဆီ ထုတ်ပြချင်သည်။ ရွှီချင်းဆီ ထုတ်ပြချင်သည်။

သို့သော်လည်း သဲလွန်စများသည် မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အလွန်မှေးမှိန်နေသည်။ သို့ဖြစ်၍ လေမှ ဖန်တီးလိုက်သော လှိုင်းဂယက်များသည် ထိုမြင်ကွင်းကို ပြီးပြည့်စုံအောင် မထုတ်ဖော်နိုင်ပေ။

ရွှီချင်း၏ နားလည်နိုင်စွမ်းတွင် အကန့်အသတ်ရှိသည်။ ယင်းက အလွန်မြင့်မားသော အဆင့်အထိ မရောက်ရှိသေးပေ။

သို့ဖြစ်၍ သူက ထိုမင်ရည်ပုံရိပ်များထံမှ စစ်မှန်သော အဓိပ္ပာယ်ကို နားမလည်နိုင်ပေ။

ထိုမင်ရည်သည် တဖြည်းဖြည်း ၎င်း၏ စွမ်းရည်ကို ဆုံးရှုံးလာပြီး ငြိမ်သက်လာသည်။ ၎င်းက ရေသက်သက် မင်ရည်သက်သက် ခွဲထွက်သွားသည်။

ထိုနှစ်ခုက ဆက်လက် မပေါင်းစပ်တော့ဘဲ သူတို့ဘာသာ ဖုံးကွယ်သွားကြသည်။

သို့သော်လည်း မင်ရည်ဧရိယာက လွင့်ပြယ်သွားတော့မည့်အချိန် ဆန္ဒမရှိမှုသည် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ အလိုအလျောက် ပေါ်လျှိုးလာသည်။ ယင်းက သူ့အတွက် အလွန်ကြီးမားသော အခွင့်အရေးကောင်းဖြစ်ကြောင်း သူ၏ မသိစိတ်က ပြောကြားနေသည်။

ထို့ပြင် ထိုအခွင့်အရေးသည် တစ်ကြိမ်တစ်ခါသာ ရောက်ရှိလာနိုင်သည်။

အကယ်၍ ထိုမင်ရည်ဧရိယာက လွင့်ပြယ်သွားမည်ဆိုလျှင် သူက ထိုအခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားလိမ့်မည်။

သို့ဖြစ်၍ သက်တံ့အလင်းသည် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ ရုတ်တရက် ပေါ်လျှိုးလာသည်။ ယင်းက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး လွင့်ပြယ်သွားတော့မည့် မင်ရည်ဖြင့် ပေါင်းစပ်သွားသည်။ ကျောက်ရှာအလင်းသည် မင်ရည်ကို တုပလိုက်ပြီး အသေးစိတ် ကြည့်ရှုလေ့လာလိုက်သည်။

အကယ်၍ အတိတ်တုန်းကဆိုလျှင် ရွှီချင်းသည် ထိုသို့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ယခု ကျောက်ရှာအလင်းအပေါ် သူ၏ နားလည်သဘောပေါက်မှုက အဆင့်တိုးမြှင့်သွားသောကြောင့် ယခင်က မဖြစ်နိုင်သော အရာအများစုသည် ယခု ဖြစ်လာနိုင်သည်။

နောက်အခိုက်အတန့်မှာ မင်ရည်သည် လှိုင်းထလာပြီး သက်တံ့အရောင်များ ထုတ်လွှတ်လာသည်။ မကြာမီ မင်ရည်နှင့် သက်တံ့အရောင်ကြားတွင် မြင်ကွင်းတချို့ အကြမ်းဖျဉ်း ထွက်ပေါ်လာသည်။

ယင်းက ဝေဝါးနေသော်လည်း အစောနကထက် အများကြီး ပိုကောင်းမွန်သည်။

ယခုတစ်ခေါက် ထွက်ပေါ်လာသော မြင်ကွင်းများသည် ပိုပြီးပြည့်စုံပြီး မြင်ကွင်းထဲမှ ပုံရိပ်များသည် ပိုပြီးရှင်းလင်းသည်။

ထို့နောက် ပုံရိပ်အပိုင်းအစများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်သွားပြီး ပေါင်းစပ်သွားကာ ပြီးပြည့်စုံသော မြင်ကွင်းတစ်ခုကို ထုတ်ဖော်ရန် ကြိုးစားနေသည်။

ထိုမြင်ကွင်းထဲတွင် ဝေဝါးသော ပုံရိပ်နှစ်ခုရှိနေသည်ကို မသဲမကွဲ မြင်နိုင်လိမ့်မည်။ တစ်ဦးသည် ကောင်းကင်ပေါ်မှာ ရှိနေပြီး တခြားတစ်ဦးသည် မြေပြင်ပေါ်မှာ ရှိနေသည်။

ကောင်းကင်ပေါ်မှ ပုံရိပ်က လက်မြှောက်လိုက်စဉ် မြေပြင်ပေါ်မှ ပုံရိပ်သည် ခေါင်းမော့လိုက်သည်။

သို့သော်လည်း သူက ထိုမြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်တော့မည့်အချိန် စိတ်ဆန္ဒအမျှင်တန်းတစ်ခုသည် ရုတ်တရက် ပေါ်လျှိုးလာသည်။

ယင်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြစ်သည်။

ထိုစိတ်ဆန္ဒထွက်ပေါ်လာသည်နှင့်ချက်ချင်း လျှပ်စီးတန်းများသည် ကောင်းကင်ဘုံကိုးခုမှ ဆင်းသက်လာကြသည်။ ရွှီချင်း၏ အသိစိတ်ပင်လယ်သည် ဝုန်းခနဲ မြည်ဟိန်းလာသည်။ လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးသည် သူ၏ အသိစိတ်ပင်လယ်ထဲမှာ ထွက်ပေါ်လာကြသည်။ နေ၊ လနှင့် ကြယ်များသည်လည်း ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒထဲမှ ပေါ်လျှိုးထွက်လာကြသည်။

ဤသည်မှာ အုပ်ချုပ်သူပင် ဤသတ်ဖြတ်ခြင်းစိတ်ဆန္ဒအောက်မှာ တုန်လှုပ်သွားရမည့်ဟန် ရသည်။ နတ်ဘုရားများသည်ပင် ဤသတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့် ချောက်ချားသွားရလိမ့်မည်။

ထိုစိတ်ဆန္ဒပေါ်လျှိုးလာသည်နှင့်ချက်ချင်း မြင်ကွင်းသည် ပြိုကွဲပျက်စီးသွားပြီး ပျောက်ကွယ်သွားသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ၏ အတွေးများသည် စောစောက အမှောင်ထုထဲမှာ တအိအိလှုပ်ခတ်သွားသည်။

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက အိမ်ရှေ့စံမင်းသား ပြောသွားခဲ့သောအရာ ဖြစ်သည်ဟု သူခံစားမိသည်။

“ တကယ်လို့ အဲ့ဒါကို ငါရှာတွေ့ပြီး တုပနိုင်မယ်ဆိုရင်… ဒါဆို စောစောက ပေါ်လာတဲ့ မြင်ကွင်းက အစစ်အမှန်ဖြစ်လောက်တယ် ”

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက အဓိကမဟုတ်ကြောင်း ရွှီချင်း ခံစားမိသည်။ ယင်းက ဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည်။ အဓိကအရာသည် ထိုမြင်ကွင်းဖြစ်သည်။

ထိုသို့တွေးမိသောအခါ သက်တံ့အလင်းရောင်သည် သူ၏ အသိစိတ်ပင်လယ်ထဲမှာ ခမ်းနားထည်ဝါစွာ ထွက်ပေါ်လာသည်။ သူက အစောနက မြင်ကွင်းကို အမြန်လိုက်ရှာလိုက်ပြီး တုပလိုက်သည်။

ချက်ချင်းဆိုသလို မင်ရည်သည် အဆုံးမဲ့စွာ တအိအိ လှုပ်ခတ်လာသည်။

တစ်ချိန်တည်းမှာ အပြင်လောကမှ ဇာတ်တိုက်ခြင်းသည် ပြီးမြောက်သွားသည်။ အားလုံးက သူတို့၏ ဇာတ်ကောင်အသီးသီးဖြင့် ရင်းနှီးကျွမ်းဝင်လာပြီး တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုရှိလာကြသည်။ ထိုပြပွဲကို အပြင်လောကမှာ တရားဝင် စတင်ထုတ်လွှင့်တော့မည် ဖြစ်သည်။

နင်ယန်နှင့် ဝိညာဉ်သခင်မယုံကျင်းသည် ရှေးခေတ်အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်ကြသည်။

ပြပွဲမစတင်ခင်မှာ ခေါင်းဆောင်သည် ထွက်လျှောက်လာသည်။ သူက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ဦးညွတ်လိုက်သည်။ ထို့နောက် သူက ချောင်းဟန့်လိုက်ပြီး ပြောသည်။

“ လူတိုင်းက ကြိုးစားသရုပ်ဆောင်ကြတယ်… ငါ့မှာက အခန်းကဏ္ဍတွေ အရမ်းများတာကြောင့် ဒီပြပွဲကို ကိုယ်တိုင်မှတ်တမ်းတင်နိုင်မှာ မဟုတ်ဘူး… ငါက ပြပွဲကို မှတ်တမ်းတင်ဖို့အတွက် ဒီပုလဲလုံးကို အသုံးပြုမယ်… ပြီးသွားရင် ဒီထဲက မှတ်တမ်းကို အပြင်လောကက ပေါက်စီလေးဆီ လွှဲပြောင်းပေးမယ်… အားလုံးပြီးသွားရင် အဲ့ဒါကို လေထဲမှာ ထုတ်လွှင့်နိုင်လိမ့်မယ် ”

ခေါင်းဆောင်သည် စကားဆုံးသည်နှင့် အလင်းပုလဲလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ သူက ပြပွဲကို အလိုအလျောက် မှတ်တမ်းတင်နိုင်ရန် ပုလဲလုံးကို လေထဲသို့ မြှောက်တင်လိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ အိမ်ရှေ့စံမင်းသားသည် လက်ဝှေ့ယမ်းလိုက်ပြီး ပုလဲလုံးကို ခေါင်းဆောင်၏ လက်ထဲသို့ ပြန်ထည့်လိုက်သည်။

“ အဲ့ဒါကို မလိုအပ်ဘူး ”

“ မင်းရဲ့ နည်းလမ်းမှာ လိုအပ်ချက်တချို့ရှိတယ်… သက်ရှိအားလုံးက အဲ့ဒါကို ကြည့်ဖို့ဆိုရင် ကောင်းကင်ဆီ ခေါင်းမော့ထားရလိမ့်မယ်… တချို့နေရာတွေဆို အဲ့ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ မဟုတ်ဘူး ”

“ နတ်ဘုရားအမှူထမ်းအဖြစ်ပဲ ပြန်သရုပ်ဆောင်ပါ… မှတ်တမ်းတင်ဖို့အတွက် မင်းဘာမှ စိတ်ပူစရာမလိုဘူး ”

အိမ်ရှေ့စံမင်းသားက တည်ငြိမ်စွာ ပြောသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သလင်းကျောက်တစ်ခုသည် သူ၏ အင်္ကျီလက်ထဲမှ ပျံသန်းထွက်လာပြီး ကောင်းကင်ဆီသို့ ဦးတည်သွားသည်။ နောက်ဆုံးမှာတော့ ၎င်းက ကောင်းကင်ပေါ်မှာ ရပ်တန့်သွားသည့်အခါ အလွန်ကြီးမားသော ကြေးမုံအပိုင်းအစတစ်ခုသို့ တကယ် ပြောင်းလဲသွားသည်။

ထိုကြေးမုံအပိုင်းအစသည် ပေတစ်သောင်းအရွယ်အစားရှိပြီး ပုံသဏ္ဍာန်သည် အစီအစဉ်မကျပေ။ သို့သော်လည်း ကြေးမုံပေါ်ထွက်လာသည့်အခါ ကျယ်ပြောသော စိတ်ဆန္ဒတစ်ခု ပေါ်လျှိုးလာသည်။ ခေါင်းဆောင်သည်ပင် ထိုကြေးမုံက လပုန်ကန်ခန်းမ၏ အရှိန်အဝါကို ထုတ်လွှတ်နေကြောင်း ခံစားမိသွားသည်။

ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင်ထွက်ပေါ်လာပြီး လူတိုင်း၏ နှလုံးက တုန်ယင်လာသည်။

ပေတစ်သောင်းရှည်လျားသော ဧရာမကြေးမုံသည်တော့ လေထဲမှာ ဖြည်းညင်းစွာ လှည့်ပတ်နေပြီး မြေပြင်ပေါ်မှ အဖြစ်အပျက်အားလုံးက ကြေးမုံ၏ မျက်နှာပြင်ပေါ်မှာ ပုံရိပ်ပြန်လာသည်။ ထို့နောက် ကြေးမုံပေါ်မှ မြင်ကွင်းသည် ကြီးမားကျယ်ပြောလာပြီး လူတိုင်းကို မှတ်သားထားလိုက်သည်။

ယင်းက အလွန်ရှင်းလင်းပြတ်သားစွာ တည်ရှိနေသည်။

“ ဒီပစ္စည်းက ခမည်းတော်ရဲ့ အထွတ်အမြတ်ရတနာပဲ… အဲ့ဒါကို ကောင်းကင်ဘုံမျက်လုံးလို့ ခေါ်တယ် ”

“ ဒီမျက်လုံးက အပေါ်က ကောင်းကင်ဘုံကိုးခုနဲ့ အောက်ဘက်က အသူရာချောက်နက်ဆယ်ခုကို ထွင်းဖောက်ကြည့်နိုင်တယ်… အတိတ်မှာ ခမည်းတော်က နီလာနတ်သမီးကို ရှုံးနိမ့်မသွားခင် ကောင်းကင်ဘုံမျက်လုံးကို ဖျက်ဆီးပစ်လိုက်တယ်… အဲ့ဒါက မရေမတွက်နိုင်တဲ့ အပိုင်းအစတွေအဖြစ် ကွဲထွက်သွားပြီး လဝတ်ပြုဒေသကြီးထဲက ကြေးမုံတွေ ဖြစ်လာကြတယ်… ဒါ့အပြင် ခမည်းတော်က သူ့ရဲ့ အသိစိတ်ကို ကောင်းကင်ဘုံမျက်လုံးထဲ ပေါင်းစပ်လိုက်ပြီး လက်နက်ဝိညာဉ်ကို သက်ရှိအားလုံးရဲ့ စိတ်ဆန္ဒကို နာခံဖို့ နောက်ဆုံးအမိန့်တော်အဖြစ် ပေးအပ်ခဲ့တယ် ”

“ အဲ့ဒီနောက် လက်နက်ဝိညာဉ်က သက်ရှိအားလုံးရဲ့ ယုံကြည်မှုကို စုပ်ယူလိုက်တယ်… အဲ့ဒီလိုနဲ့ လပုန်ကန်ခန်းမဆိုပြီး ဖြစ်ပေါ်လာခဲ့တယ် ”

“ ဒီဟာကတော့ ကောင်းကင်ဘုံမျက်လုံး အက်ကွဲသွားပြီးနောက် ဖြစ်ပေါ်လာတဲ့ ကြေးမုံအပိုင်းအစတွေထဲက အကြီးဆုံးဟာပဲ ”

“ ဒီကြေးမုံကို မှတ်တမ်းတင်ဖို့ အသုံးပြုမယ်ဆိုရင် လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံးက လပုန်ကန်ခန်းမရဲ့ လက်နက်ဝိညာဉ်ကနေတဆင့် အလိုအလျောက် မြင်နိုင်လိမ့်မယ် ”

“ ငါတို့က မှတ်တမ်းတင်ပြီးမှ ထုတ်လွှင့်စရာ မလိုတော့ဘူး… တစ်ခါတည်း တိုက်ရိုက် ထုတ်လွှင့်နိုင်မယ် ”

“ အခု… ”

အိမ်ရှေ့စံမင်းသားသည် လူတိုင်းကို ကြည့်လိုက်သည်။

ခေါင်းဆောင်သည် စိတ်ဓာတ်တတ်ကြွလာသည်။ နင်ယန်နှင့် တခြားလူများသည် နှလုံးခုန်မြန်လာကြသည်။ သူတို့အားလုံးသည် စိတ်လှုပ်ရှားလာကြသည်။ သူတို့၏ သရုပ်ဆောင်ပုံကို အပြင်လောကမှ သက်ရှိအားလုံးက တစ်ချိန်တည်း မြင်နေရမည်ဟု သိလိုက်ရသောအခါ စိုးရိမ်ကြောင့်ကြလာကြသည်။

“ အားလုံးပဲ နေရာယူထားကြပါ… ပြပွဲ စတင်မယ် ”

ပေတစ်သောင်းရှည်လျားသော ကြေးမုံသည် ချက်ချင်း လင်းလက်လာသည်။ တစ်ချိန်တည်းမှာ အပြင်လောကရှိ အမည်မသိတစ်နေရာတွင် ပုန်းကွယ်နေသော လပုန်ကန်ခန်းမထဲဝယ် ဧရာမတောင်ကြီးသည် ရုတ်တရက် လှုပ်ခါလာသည်။ တောင်ပေါ်မှ ဘုရားကျောင်းအားလုံးသည် အလင်းရောင်တောက်ပလာကြသည်။

လပုန်ကန်ခန်းမထဲရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများက ချောက်ချားနေကြစဉ် မြင်ကွင်းတစ်ခုသည် သူတို့၏ စိတ်ထဲမှာ ချက်ချင်း ပေါ်လျှိုးလာသည်။

သူတို့ချည်းသာ မဟုတ်ပေ။

လဝတ်ပြုဒေသကြီးထဲရှိ သေမျိုးများ၊ သားရဲများနှင့် ကျင့်ကြံသူအားလုံးသည် သူတို့၏ စိတ်ထဲမှာ ထူးဆန်းသော မြင်ကွင်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရကြသည်။ အနီရောင်လဗိမာန်မှ ကျင့်ကြံသူများသည်ပင် ထိုမြင်ကွင်းကို သူတို့၏ စိတ်ထဲမှာ မြင်လိုက်ရကြသည်။

လဝတ်ပြုဒေသကြီး၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ပြပွဲက တရားဝင် စတင်လာပြီ ဖြစ်သည်။

All Chapters