← Chapters

သမိုင်းအမှန်

Vol. 66 Ch. 1027

သမိုင်းအမှန်

Vol. 66 Ch. 1027

လေပြေတိုက်ခတ်မှု၏ အစသည် အဝေးတွင် မလှုပ်မယှက် တရားထိုင်နေသော ရွှီချင်းထံမှ ဖြစ်သည်။

ဤအခိုက်အတန့်မှာ လေနှင့် တိမ်တိုက်များသည် ယဇ်ပလ္လင်ပေါ်တွင် ပေါ်လျှိုးလာပြီး မိုးခြိမ်းသံများ ပဲ့တင်ထပ်လာသည်။ လူတိုင်းက စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။

ကောင်းကင်ပေါ်မှ ဝဲကတော့သည်ပင် ပိုပြီးထစ်ချုန်းလာသည်။

စောစောက သူတို့သည် လေပြေတိုးဝှေ့မှုထဲမှ မထင်ရှားသော အားလှိုင်းတစ်ခုကို အာရုံခံမိခဲ့ကြသည်။ ဤသည်မှာ ထိုလေက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာဟန် ရသည်။ ထို့နောက် လောကကြီးသည် လှုပ်ခါသွားသည်။

မြေပြင်သည် တုန်လှုပ်သွားပြီး အဝေးမှ ဓားသွားသဖွယ် တောင်တန်းသည်လည်း တုန်လှုပ်သွားသည်။ ကြီးမားသော ကျောက်တုံးများသည် လျှိုမြောင်ထဲသို့ ပြုတ်ကျသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံများကို ထုတ်လွှတ်လာသည်။

“ ဘာဖြစ်တာလဲ ”

နင်ယန်သည် ကြောက်လန့်တကြား အသက်ရှူသွင်းလိုက်သည်။

ခေါင်းဆောင်သည် မျက်လုံးပြူးကျယ်သွားသည်။ သူက အဝေးမှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသော ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ နှလုံးသည် ပရမ်းပတာ ခုန်ပေါက်လာသည်။

အိမ်ရှေ့စံမင်းသားသည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။

“ အဲ့ဒါက… ”

မင်းသမီးမင်မိန်နှင့် တခြားလူများသည်လည်း အမြန်လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။

အဌမသားတော်သည် ခန္ဓာကိုယ်တုန်ယင်လာပြီး အလန့်တကြား ပြောသည်။

“ ဘာလဲ… တကယ်ကြီး သူနားလည်သွားတာလား ”

လူတိုင်းက အံ့ဩထိတ်လန့်သွားကြစဉ် ပြိုင်ဘက်ကင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ဤနေရာမှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ယင်းက သန္ဓေလောင်းပုံစံမျှသာ ရှိသေးပြီး အပြည့်အဝ ဆင်းသက်လာရန် အချိန်လိုအပ်သည်။

သို့တိုင်အောင် ယင်းက ကြည့်ရှုနေသူအားလုံး၏ နှလုံးသားထဲ၌ လှိုင်းလုံးများ ပေါ်လျှိုးလာစေသည်။ အထူးသဖြင့် အိမ်ရှေ့စံမင်းသားဖြစ်သည်။ သူက ရွှီချင်းကို ကြည့်လိုက်သည်။ အမှန်မှာ ထိုသို့မြင်ရသည်ကို သူက ပျော်ရွှင်သင့်ပေသည်။ ရွှီချင်းက သူ၏ ညွှန်ကြားမှုအောက်မှာ ထိုသို့အောင်မြင်မှုကို ရရှိလာခြင်းမဟုတ်ပါလော။

သို့သော်လည်း သူက အကူအညီမဲ့မှုကို မခံစားမိဘဲ မနေနိုင်ပေ။

ဤအခိုက်အတန့်မှာ သူက ရွှီချင်း၏ ဆရာကို ထပ်မံစဉ်းစားမိသွားသည်။ သို့ဖြစ်၍ သူက မင်းသမီးမင်မိန်ကို အလိုအလျောက် ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ မင်းသမီးမင်မိန်သည်လည်း သူ့ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှုတ်ဆိတ်သွားကြသည်။

…..

လေမှာ အသက်အရွယ်ရှိဟန် ထင်ရသည်။

အကယ်၍ လေမှာ အသက်အရွယ်မရှိလျှင် ဤနှစ်များမှာ ဖြစ်ပျက်ခဲ့သော အရာအားလုံး၏ သဲလွန်စများကို ၎င်းက မည်သို့မှတ်တမ်းတင်နိုင်မည်နည်း။

အကယ်၍ လေမှာ အသက်အရွယ်ရှိလျှင် ၎င်းတို့ကို မည်သို့ခွဲခြားနိုင်မည်နည်း။

လူအနည်းစုသာလျှင် ဤမေးခွန်းကို ဖြေနိုင်ကြလိမ့်မည်။

ဖြစ်နိုင်သည်မှာ လေ၏ အသက်အရွယ်ကို ၎င်းတွေ့ကြုံခဲ့သော အဖြစ်အပျက်များပေါ်မူတည်၍ ဆုံးဖြတ်နိုင်ဟန် ထင်ရသည်။ သို့ဖြစ်၍ ရှေးခေတ်ကာလနှင့် ပစ္စုပ္ပန်ကာလဟူ၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ လေသည် လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးကို တိုက်ခတ်သွားပြီး သူတို့၏ နှလုံးသားကို လှုံ့ဆော်လိုက်သည်။ တစ်ချိန်တည်းမှာ အနီရောင်လဗိမာန်သည် စတင်လှုပ်ရှားသည်။

အနီရောင်လဗိမာန်အတွက်တော့ ပထမအခန်း၏ မြင်ကွင်းသည် နတ်ဘုရားကို ပြစ်မှားစော်ကားခြင်း ဖြစ်သည်။

သူတို့က ထိုမြင်ကွင်းကို ထုတ်လွှတ်နေသည့် ဇစ်မြစ်ကို ရှာဖွေချင်သည်။

သို့ဖြစ်၍ အရေအတွက်များပြားသော အနီရောင်လကျင့်ကြံသူများသည် အရပ်မျက်နှာအသီးသီးသို့ ပျံသန်းသွားကြသည်။

သို့သော်လည်း အစိမ်းရောင်သဲကန္တာရအောက်မှ ယဇ်ပလ္လင်ကို အချိန်တိုလေးအတွင်း ရှာတွေ့ရန် မဖြစ်နိုင်ပေ။

ရှေးဟောင်းလေသည်တော့ ယဇ်ပလ္လင်ကို ဖြတ်သန်းတိုက်ခတ်နေပြီး လူတိုင်း၏ စိတ်ကို ပရမ်းပတာ လှုပ်ခါသွားစေသည်။

သို့သော်လည်း ဒုတိယအခန်းက တရားဝင်စတင်နေပြီဖြစ်သောကြောင့် သူတို့အနေဖြင့် မရပ်တန့်နိုင်ပေ။ နင်ယန်နှင့် တခြားလူများသည် နှလုံးတုန်နေကြသော်လည်း ဆက်ပြီးသရုပ်ဆောင်ရန် ကိုယ့်ကိုယ်ကို အားပေးရုံသာ တတ်စွမ်းကြသည်။

သို့ဖြစ်၍ ရှေးဟောင်းလေကြောင့် ပရမ်းပတာ လှုပ်ခါနေသော ကောင်းကင်နှင့်‌မြေပြင်သည် ဤဇာတ်ဝင်ခန်း၏ နောက်ခံမြင်ကွင်းဖြစ်လာသည်။ ကောင်းကင်ဘုံမျက်လုံးကြေးမုံမှတဆင့် ထိုမြင်ကွင်းသည် လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံး၏ စိတ်ထဲမှာ ပုံရိပ်ထင်ဟပ်လာသည်။

ပြပွဲကို ဆက်လက် ပြသနေသည်။

ပြပွဲကို စောင့်မျှော်နေကြသော သက်ရှိအားလုံးသည် လောကဓံ၏ အလှည့်အပြောင်းကို မသိလိုက်မသိဘာသာ ခံစားမိသွားကြသည်။ ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဤမြင်ကွင်းသည် အစစ်အမှန်ဖြစ်သည်ဟု သူတို့အား ပိုပြီးလက်ခံယုံကြည်မိစေသည်။

မြင်ကွင်းထဲမှာ ပထမဆုံး ထွက်ပေါ်လာသည်မှာ ယဇ်ပလ္လင်တစ်ခု ရှိသည်။

ယဇ်ပလ္လင်သည် အလွန်အမင်း ကြီးမားပြီး ကြီးကျယ်ခမ်းနားသည်။ တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ပြည့်နှက်နေသည်။ မှော်သင်္ကေတတစ်ခုစီသည် အနည်းငယ် အသက်ဝင်လာရုံဖြင့် နေ၊ လနှင့် ကြယ်များကို အက်ကွဲသွားစေရန် လုံလောက်သည်။

ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် နီလာနတ်သမီးသည် မရေမတွက်နိုင်သော ကြယ်များကို အသုံးပြု၍ ချိပ်ပိတ်ခံထားရသည်။ သူက ရွှေရောင်သံချပ်ကာဝတ် လူထွားကြီး၏ ရှေ့မှောက်တော်မှာ အတင်းအကျပ် ဒူးထောက်ခံထားရသည်။

သူက ရုန်းကန်ချင်သည်။ သို့သော်လည်း သူ၏ ကြိုးစားမှုသည် အချည်းနှီးသာ ဖြစ်၏။

ရွှေရောင်သံချပ်ကာဝတ် လူထွားကြီးက မျက်နှာဖုံးဝတ်ဆင်ထားသောကြောင့် သူ၏ မျက်နှာအမူအရာကို မမြင်နိုင်ပေ။ သို့သော်လည်း သူက နေရာမှာ မားမားမတ်မတ်ရပ်နေပြီး သူ၏ တစ်ကိုယ်လုံးမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်လျှံနေသည်။ သူက နီလာနတ်သမီး၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ဖိထားပြီး ကျန်လက်တစ်ဖက်က ခေါင်းဖြတ်ဓားကို ဆုပ်ကိုင်ထားသည်။

ထိုခေါင်းဖြတ်ဓားသည် အလွန်အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။ ပေတစ်သောင်းရှည်လျားသော ဆေဘာဓားပုံရိပ်သည် ကောင်းကင်ယံမှာ ထွက်ပေါ်နေသည်။

သူက အာဏာပါးကွပ်သားအဖြစ် ဆောင်ရွက်မည့် နတ်ဘုရားအမှုထမ်း ဖြစ်သည်။

ယဇ်ပလ္လင်၏ အပြင်ဘက်တွင် အုပ်ချုပ်သူအဖြစ် သရုပ်ဆောင်နေသော နင်ယန်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မရေမတွက်နိုင်သော ပုံရိပ်များသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်နေကြသည်။ သူတို့အားလုံးသည် ရိုသေလေးစားသော အမူအရာကို ထုတ်ဖော်ထားကြသည်။

သူတို့အားလုံးက ရှေးဘုရင်ရွှမ်ယုံ ရောက်ရှိလာပြီး အမိန့်တော်ချမှတ်မည်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ထိုမြင်ကွင်းသည် ရှင်းလင်းပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အလွန်သိပ်သည်းသည်။ ထိုအရာအားလုံးက သက်ရှိအားလုံး၏ စိတ်ထဲမှာ ရှင်းလင်းစွာ ထွက်ပေါ်လာပြီး လဝတ်ပြုဒေသကြီးထဲမှ လူတိုင်းကို နှလုံးတုန်သွားစေသည်။

အဘယ့်ကြောင့်ဆိုသော် ထိုမြင်ကွင်းထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အလွန်အံ့ဩဖွယ်ကောင်းသည်။ လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးသည် မြင်ကွင်းမှတဆင့် ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ကိုယ်တိုင်အာရုံခံမိကြသည်။

အစက လူအများစုသည် တုံ့ဆိုင်းနေကြသော်လည်း ဤအခိုက်အတန့်မှာ ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက တုံ့ဆိုင်းနေကြသော မျိုးနွယ်စုအသီးသီးမှ ပညာရှင်ကျင့်ကြံသူများကို စိတ်ယိမ်းယိုင်လာစေသည်။

ကျင့်ကြံခြင်းအဆင့်က ပိုပြီးမြင့်မားလေ ပိုပြီးစိတ်ယိမ်းယိုင်လာလေ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက မြင့်တတ်လာသည်နှင့်အမျှ သူတို့၏ အာရုံခံနိုင်စွမ်းသည် ပိုပြီးစူးရှလာလိမ့်မည်။ သို့ဖြစ်၍ ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒအပေါ် အာရုံခံမိခြင်းသည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။

“ ဒီသတ်ဖြတ်ခြင်းစိတ်ဆန္ဒက… ”

“ နည်းနည်းလေး အာရုံခံမိလိုက်တာနဲ့တင် ငါ့နှလုံးက တုန်လှုပ်လာတယ် ”

“ အဲ့ဒါဆို ဒီမြင်ကွင်းက တကယ့်ဖြစ်ရပ်မှန်လား ”

အပြင်လောကမှ သက်ရှိအားလုံးသည် နှလုံးတုန်သွားကြသည်။ အထူးသဖြင့် အနီရောင်လဗိမာန်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် ဤအခိုက်အတန့်မှာ ပိုပြီးထိတ်လန့်သွားကြပြီး သဲလွန်စများကို ကြိုးစားရှာဖွေကြသည်။

သို့သော်လည်း ထိုလူများမသိကြသည်မှာ ဇာတ်လမ်းထဲမှ သရုပ်ဆောင်များသည်ပင် အံ့ဩထိတ်လန့်နေကြခြင်း ဖြစ်သည်။

နင်ယန်သည် စိုးရိမ်ကြောင့်ကြစိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်နေပြီး ရွှီချင်းရှိနေသော နေရာကို လှည့်မကြည့်မိရန် ကြိုးစားနေသည်။ သို့သော်လည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ဘေးပတ်ဝန်းကျင်မှာ အလျှင်အမြန် တိုးပွားလာနေကြောင်း သူအာရုံခံမိသည်။ ယင်းက သူ့ကို ချောက်ချားစေသည်။ တစ်ချိန်တည်းမှာ သေခြင်းရှင်ခြင်းကဒ်ဘေး၏ အာရုံခံစားမှုက သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။

ခေါင်းဆောင်သည်လည်း တူညီစွာ အံ့ဩသွားသည်။ နီလာနတ်သမီးအဖြစ် သရုပ်ဆောင်နေသော ဝိညာဉ်သခင်မယုံကျင်းသည်ပင် တုန်လှုပ်နေသည်။ ယင်းမှာ သူက သရုပ်ဆောင်နေခြင်းမဟုတ်ပေ။ တကယ်တုန်လှုပ်နေခြင်း ဖြစ်သည်။

ဤနေရာမှ လေသည် ပိုပြီးအားကောင်းလာနေသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် တဖြည်းဖြည်း ပိုပိုပြီး သိပ်သည်းလာနေသည်။ ယင်းက ဤနေရာမှ ဥပဒေသများကိုပင် သက်ရောက်မှုရှိပေသည်။ နှင်းမှုန်များသည် ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကြားမှာ မျောလွင့်နေသည်။

အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်၏ အမူအရာသည် တည်ကြည်လေးနက်လာသည်။ သူတို့သည် ဤပြပွဲကို အလေးမထားကြတော့ပေ။ ဤအခိုက်အတန့်မှာ သူတို့အားလုံး၏ အကြည့်က ရွှီချင်းထံသို့ ကျရောက်သွားကြသည်။

ရွှီချင်းသည် ဆင်ခြင်သုံးသပ်နေဆဲပင်။

သူက ကျောက်ရှာအလင်း၏ အကူအညီဖြင့် မင်ရည်မြင်ကွင်းထဲမှာ လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သော လှိုင်းဂယက်ကို ရှာဖွေပြီး တုပချင်သည်။

အစောနကမှ သူသည် ထိုသဲလွန်စကို သူ၏ အသိစိတ်ပင်လယ်ထဲမှ အနက်ရှိုင်းဆုံးတစ်နေရာမှာ ရှာတွေ့သွားခဲ့သည်။

ကျောက်ရှာအလင်းသည် ထိုအရာနှင့် ပေါင်းစပ်သွားသည်။

သူက ယင်းကို ပုံတူကူးလိုက်ပြီး နားလည်ရန် ကြိုးစားလိုက်သည့်အခါ ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲသံသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ယခင်က မသဲမကွဲ သူကြားခဲ့ရသော တီးတိုးရေရွတ်သံများကို ပြန်ကြားလာရသည်။

ထိုလှိုင်းဂယက်သည် တီးတိုးရေရွတ်သံများ၏ ဇစ်မြစ်ဖြစ်သလို လေတိုက်ခတ်မှု၏ ဇစ်မြစ်လည်း ဖြစ်သည်။

ယခု အရာအားလုံးသည် ရှင်းလင်းလာသည်။

“ သတ် ”

“ သတ် ”

“ သတ် ”

မရေမတွက်နိုင်သော အသံများသည် အတူတကွ စုဝေးသွားပြီး ဤလောကထဲမှာ ဟိန်းခနဲ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ ၎င်းက ရွှီချင်း၏ စိတ်ထဲမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။

သူ၏ စိတ်သည် ပရမ်းပတာဖြစ်သွားပြီး သူ၏ အသိစိတ်ပင်လယ်ထဲမှ မင်ရည်သည် စတင်လှုပ်ခတ်လာသည်။

ထိုစဉ် ရှေးဟောင်းလေသည် ပိုပြီးပြင်းထန်စွာ တိုက်ခတ်လာသည်။ ရွှီချင်း၏ ခန္ဓာကိုယ်က ပါးစပ်ပေါက်အဖြစ် ရှိနေသည့်အလား လေကို ထုတ်လွှတ်နေသည်။ လေတဟူးဟူးတိုက်ခတ်သံသည် ပျက်စီးနေသော ယဇ်ပလ္လင်၏ ဘေးနားတစ်ဝိုက်မှာ ထွက်ပေါ်လာသည်။ ယင်းက ကောင်းကင်ဘုံမျက်လုံးကြေးမုံမှတဆင့် သက်ရှိအားလုံး၏ အသိစိတ်ထဲမှာ ဗြောင်းဆန်စွာ ပေါ်လျှိုးလာသည်။

သက်ရှိအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ အပြင်လောကရှိ မျိုးနွယ်အသီးသီးမှ ပညာရှင်ကျင့်ကြံသူအများအပြားသည် နှလုံးခုန်မြန်လာကြသည်။ ထိုင်ခုံမှ ကြောက်လန့်တကြား မတ်တတ်ရပ်လိုက်ကြသော လူတချို့ပင် ရှိသည်။ တချို့သည် ဆံပင်ထောင်သွားကြသည်။

ထိုမြင်ကွင်းထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ရှေးဟောင်းမိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူတို့၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်ဟု ခံစားမိကြသည်။

အထူးသဖြင့် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများဖြစ်ကြသည်။ လျှို့ဝှက်ဆန်းကြယ်သော ဒုခန်းမသခင်များသည် တစ်ယောက်ပြီးတစ်ယောက် အမူအရာပြောင်းလဲသွားကြသည်။

သူတို့၏ အမူအရာသည် တည်ကြည်လေးနက်နေသည်။ စောစောကတည်းက သူတို့သည် ထိုမြင်ကွင်းက လပုန်ကန်ခန်းမ၏ အကူအညီဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အာရုံခံမိကြသည်။ ယင်းက သူတို့ကို အတော်လေး အံ့အားသင့်စေခဲ့သည်။

သူတို့ထဲမှ အများစုသည် ပထမအခန်းကို မြင်သွားပြီးနောက် တုံ့ဆိုင်းနေကြသော်လည်း ဤကိစ္စက မည်မျှအရေးကြီးကြောင်း သိရှိထားကြသည်။

ယခု ဒုတိယအခန်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့၏ နှလုံးကို အပြင်းအထန် ခုန်ပေါက်သွားစေသည်။

“ အဲ့ဒါ တကယ်လား ”

အမှန်မှာ အနီရောင်လဗိမာန်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ဤအခိုက်အတန့်မှာ ပေါ်လျှိုးလာသည်။

နတ်ဘုရားသားတော် တံခါးပိတ်ကျင့်ကြံနေစဉ် နက်ရှိုင်းစွာ အိပ်မောကျနေသော မြင့်မြတ်ဘုန်းတော်ကြီးသည် ကိစ္စအဝဝကို တာဝန်ယူစီမံရန် အပြင်လောကသို့ ပြန်ထွက်လာခဲ့သည်။ ယခု သူ၏ အမူအရာသည် လေးနက်နေသည်။ သူသည်ပင် ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့် နှလုံးခုန်မြန်လာသည်။

အစက သူသည် ထိုပြပွဲက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ လှည့်ကွက်ဖြစ်မည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း ယခုတော့ သူမသေချာပေ။

တစ်ချိန်တည်းမှာ နင်ယန်နှင့် တခြားလူများသည် အပြင်းအထန် နှလုံးတုန်လာကြသည်။ ဇာတ်ညွှန်းအရဆို ယခုသည် ဝူကျန်းဝူ ထွက်ပေါ်လာရမည့်အချိန် ဖြစ်သည်။ သို့သော်လည်း ဝူကျန်းဝူ၏ ခြေလှမ်းသည် ရပ်တန့်သွားပြီး သူက နေရာမှာ ကျောက်ရုပ်သဖွယ် ရှိနေသည်။

သို့သော်လည်း သူ့ကို စောင့်မျှော်နေကြသည့် မရေမတွက်နိုင်သော ပရိသတ်များကို စဉ်းစားမိသွားသောအခါ ဝူကျန်းဝူသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်ရန် ကြိုးစားလိုက်သည်။ သူက ဧကရာဇ်ဝတ်ရုံနှင့် သရဖူကို ဆောင်းထားလျက် ကောင်းကင်ယံမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ သူက အုပ်ချုပ်သူအဖြစ် သရုပ်ဆောင်နေသော နင်ယန်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

ဤအခိုက်အတန့်မှာ သူ့အနေဖြင့် ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်ရန် မလိုအပ်ပေ။ ကောင်းကင်နှင့်ကမ္ဘာမြေသည် တုန်ယင်လာပြီး တောင်တန်းများသည် လှုပ်ခါလာသည်။ ဤသည်မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ အားလှိုင်းအတတ်အကျများကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများဖြစ်ပြီး ဤပြပွဲ၏ အကောင်းဆုံးသော နောက်ခံပြုပြင်မှုများ ဖြစ်လာသည်။

ယခင်ကဆိုလျှင် နောက်ခံပြုပြင်မှုများကို ထည့်သွင်းရန် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် မန္တန်များကို အသုံးပြုကြလိမ့်မည်။ သို့သော်လည်း ယခု သူတို့သည် ပြပွဲကို စိတ်မဝင်စားကြတော့ပေ။ သူတို့အားလုံးသည် ရွှီချင်းကို ကြည့်နေကြသည်။

‘ ဘာလို့ သူမနိုးသေးတာလဲ ’

အိမ်ရှေ့စံမင်းသားသည် ဇဝေဇဝါဖြစ်သွားသည်။ သို့သော်လည်း ရွှီချင်းအပေါ် သူ၏ နားလည်မှုကြောင့် ထိုကိစ္စကို သူက ပါးစပ်မှ ထုတ်မပြောပေ။ အဌမညီတော်က ထိုသို့ပြောလာလိမ့်မည်ဟု သူယုံကြည်သည်။

“ ဘာလို့ ဒီကောင်လေးက မနိုးသေးတာလဲ မသိဘူး… သူက နားလည်တာ အောင်မြင်သွားတာလား ”

အဌမသားတော်သည် အမှန်တကယ် ထုတ်ပြောလိုက်ပြီး အိမ်ရှေ့စံမင်းသားကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

“ သူက ဆင်ခြင်သုံးသပ်နေတုန်းပါ… သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့ရဲ့ အကန့်အသတ်မဟုတ်သေးဘူး ”

အဌမသားတော်၏ စကားကို ကြားသောအခါ အိမ်ရှေ့စံမင်းသားသည် တည်ငြိမ်စွာ ပြောသည်။

မင်းသမီးမင်မိန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

အဌမသားတော်သည် နှာခေါင်းရှုံ့လိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။

“ မင်းတို့မျက်နှာတွေက ဘာလိုလုပ် အဲ့လိုဖြစ်နေတာလဲ… မသိရင် မင်းတို့က ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုမျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့… စောစောတုန်းက မင်းတို့တွေ ဘယ်လိုစကားမျိုးပြောခဲ့လဲ… မင်းတို့ဟန်ဆောင်တာ အရမ်းသိသာလွန်းတယ်… ငါ့ကို ငတုံးလို့များ ထင်နေလား ”

မင်းသမီးမင်မိန်သည် အမူအရာကင်းမဲ့နေသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ အဌမသားတော်၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် အဝေးသို့ ချက်ချင်း လွင့်စင်သွားသည်။

“ အဌမမောင်တော်က အရိုက်ခံရပါများလို့ ဦးနှောက်မကောင်းတော့တာ မဟုတ်ဘူး… မွေးလာကတည်းက ဦးနှောက်မကောင်းတာ ဖြစ်ရမယ် ”

အိမ်ရှေ့စံမင်းသားသည် ပဉ္စမညီမတော်သည် ခေါင်းညိတ်လိုက်ပြီး သဘောတူကြသည်။ ဤအခိုက်အတန့်မှာ မင်းသမီးမင်မိန်၏ အကြည့်သည် ရွှိချင်းထံသို့ ကျရောက်သွားပြီး တိုးညင်းစွာ ပြောသည်။

“ ရှေ့ဆက် ဘာဆက်ဖြစ်မလဲ မြင်ချင်လှပြီ… နတ်ဘုရားကွပ်မျက်စင်ရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို နားလည်ပြီးသွားရင် သူက ဘယ်အဆင့်ထိ ရောက်သွားနိုင်မလဲ… ”

တစ်ချိန်တည်းမှာ ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲတွင် ပြင်းထန်သော လှုပ်ခတ်မှုများကြားမှာ မင်ရည်ထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရွှီချင်း၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။

ရွှီချင်းသည် တုန်ယင်လာသည်။ ပြင်းထန်သော နာကျင်မှုလှိုင်းများသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် မျက်လုံးဖွင့်ရန် စိတ်ကူးမရှိပေ။ ပြင်းထန်သော နာကျင်မှု၏ ဇစ်မြစ်သည် သူ၏ အသိစိတ်ကို မလှုပ်ခတ်နိုင်ပေ။ သူက တင်ပျဉ်ခွေလျက် တရားထိုင်နေပြီး ဆက်လက် ဆင်ခြင်သုံးသပ်နေသည်။

မင်ရည်မြင်ကွင်းက သူ၏ အသိစိတ်ထဲမှာ ရုပ်လုံးပေါ်လာမည်ကို သူက စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ယင်းက သူ၏ ရည်ရွယ်ချက်ဖြစ်သည်။

အတားအဆီးများဖြစ်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒအားလှိုင်းသည် သူ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး အပြင်လောကသို့ ထုတ်လွှတ်ခံလိုက်ရသည်။ သို့ဖြစ်၍ မြင်ကွင်းသည် နောက်တစ်ခါ မပြိုကွဲသွားနိုင်တော့ပေ။

ဤအခိုက်အတန့်မှာ မင်ရည်နှင့် သက်တံ့ရောင်သည် ပေါင်းစပ်သွားပြီး မြင်ကွင်းက သူ့ဘာသာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည်။

မြင်ကွင်းထဲတွင် ကောင်းကင်သည် နှစ်ပိုင်းခွဲခံထားရသည်။ အဖြူရောင်အပိုင်းသည် အပြာရောင်သို့ ပြောင်းလဲသွားပြီး အနက်ရောင်အပိုင်းသည် အနီရောင်သို့ ပြောင်းလဲသွားသည်။

အပြာရောင်ကောင်းကင်ထဲတွင် အထွတ်အမြတ် ဘီလူးကြီးတစ်ကောင်သည် ရှည်လျားစွာ မတ်တတ်ရပ်နေပြီး ခမ်းနားထည်ဝါသော တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ကောင်းချီးမင်္ဂလာတိမ်တိုက်များက သူ၏ မျက်နှာအသွင်အပြင်ကို လွှမ်းခြုံထားသော်လည်း ယင်းက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှ လွှမ်းမိုးခြယ်လှယ်နိုင်သော အရှိန်အဝါကို မဖုံးကွယ်ထားနိုင်ပေ။ ထိုအရှိန်အဝါသည် အချိန်ကာလကိုပင် ဖိနှိပ်နိုင်စွမ်း ရှိသည်။

သူ၏ အကြည့် ကျရောက်သွားသောနေရာတွင် အချိန်သည် ပြောင်းပြန်လည်ပတ်သွားပြီး သူ၏ အသက်ရှူငွေ့ ကျရောက်သွားသောနေရာတွင် အရာအားလုံးသည် ဗလာနတ္ထိသို့ ပြန်ရောက်သွားကြသည်။

အနီရောင်ကောင်းကင်ပေါ်တွင် ကြီးမားသော ပုံရိပ်တစ်ခု မသဲမကွဲ ထွက်ပေါ်နေသည်။ ယင်းက အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူက သာမန်ရုပ်ရည်သာရှိသော်လည်း သူ၏ မျက်လုံးသည် ကြယ်တာရာကောင်းကင်အလား အလွန်နက်ရှိုင်းသည်။ ထိုမျက်လုံးများက နဂါးငွေ့တန်းများ၏ မွေးဖွားလာမှုနှင့် ကြယ်စင်စုများ၏ ပျက်စီးမှုကို မျက်မြင်မြင်တွေ့ဖူးသည့်အလားပင်။

သူ၏ ဂါဝန်အောက်တွင် ခြေထောက်များမရှိပေ။ ယင်းအစား မရေမတွက်နိုင်သော လက်တံများက ဆန့်တန်းတည်ရှိနေကြပြီး အနီရောင်ကောင်းကင်တစ်ခွင် လူးလွန့်လှုပ်ရှားနေကြသည်။ လက်တံတစ်ခုစီတွင် ကြယ်ဂြိုလ်တစ်လုံးက ထင်ရှားစွာ ရစ်ခွေနေသည်။

နတ်ဘုရားစွမ်းအင်လှိုင်းများသည် ကောင်းကင်အထိ ထိုးတတ်သွားသည်။

“ လီဇီဟွား… ငါ နတ်ဘုရားဖြစ်လာမှာကို လာတားဆီးတဲ့လူက နင်ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး ”

“ ခေါင်းဆောင်က နာမကျန်းဖြစ်နေတယ် ”

ရှည်လျားသော ပုံရိပ်သည် အက်ရှရှအသံဖြင့် ပြောသည်။

အမျိုးသမီးသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

“ ငါ့သီချင်းကို နင်မှတ်မိသေးလား ”

သူက သီဆိုလိုက်လေရာ သီချင်းသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

“ တချို့က လွတ်လပ်စွာ အသွင်ပြောင်းလဲပြီး ပျံသန်းနိုင်တယ်… လေနောက်ကို လိုက်ပြီး လမ်းတစ်လျှောက်မှာရှိတဲ့ လှိုင်းလုံးတွေကို ဖောက်ထွက်နိုင်တယ်… အနီရောင်လသမုဒ္ဒရာကို ပြန်သွားပြီး တခြားကုန်းမြေကြီးတွေဆီ လျှောက်လည်မယ်… ”

“ သက်ရှိအားလုံးရဲ့ ပြန်လည်မွေးဖွားခြင်းကို စိတ်ကူးကြည့်ပါ… လူတိုင်းရဲ့ အသွေးအသားတွေက အာဟာရဓာတ်တွေပါ… နေရောင်ခြည်က ငါ့မျက်လုံးကို ပူလောင်စေတယ်… အတွေးတွေကို မမြှုပ်နှံပစ်နိုင်ပါဘူး… ပိုပြီးကျယ်ပြောတဲ့နေရာကို ငါရှာဖွေတယ်… အနီရောင်လရဲ့ အပေါ်မှာ… ငါပျံသန်းမယ် ”

All Chapters