← Chapters

လဝတ်ပြုဒေသကြီးတွင် ရွှီချင်း၏ ပထမဆုံး ပွဲထွက်မှု

Vol. 66 Ch. 1030

လဝတ်ပြုဒေသကြီးတွင် ရွှီချင်း၏ ပထမဆုံး ပွဲထွက်မှု

Vol. 66 Ch. 1030

လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံး၏ စိတ်ထဲမှာ ပေါ်ထွက်လာသော ရှေးဟောင်းမြင်ကွင်းသည် မိုးခြိမ်းသံအဖြစ်သို့ ပြောင်းလဲသွားပြီး ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားသည်။ ယင်းက အဆုံးမရှိသည့်အလား ထပ်ခါတလဲလဲ ပဲ့တင်ထပ်သွားသည်။

ထိုအခိုက်အတန့်မှာ စိတ်ခံစားချက်လှိုင်းများသည် သက်ရှိအားလုံး၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

ယနေ့ သူတို့မြင်လိုက်ရသော အရာအားလုံးသည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ယင်းက သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို တုန်ယင်သွားစေသည်။

သူတို့၏ ရူးသွပ်မှုနှင့် စိတ်ပျက်အားငယ်မှုသည်တော့ ယခု အက်ကွဲရာများ ရှိလာပြီး လုံးဝပျက်စီးသွားသည်။

ထိုကောင်းကင်ဘုံဆေဘာဓားသည် နီလာနတ်သမီးကို သတ်ဖြတ်ခဲ့ရုံသာမက သူတို့၏ နှလုံးသားထဲမှ အချုပ်အနှောင်များကိုလည်း ဖြတ်တောက်ပစ်ခဲ့သည်။

အချုပ်အနှောင်များက လုံးဝမပျက်စီးသွားခဲ့သည်မှာ ဖြစ်နိုင်သော်လည်း အနည်းဆုံးတော့ ကြီးမားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုအက်ကွဲကြောင်းအောက်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဝေးရှိနေခဲ့သည် မကျေနပ်မှုနှင့် ရူးသွပ်မှုတို့ ရှိသည်။

ထို့ကြောင့် ထိုအက်ကွဲကြောင်းသည် အလွန်အမင်း အရေးကြီးသည်။

ထိုမြင်ကွင်းသည် နီလာနတ်သမီး နတ်ဘုရားမဖြစ်ခင်က မြင်ကွင်းသာဖြစ်သော်လည်း ယင်းက အရေးမကြီးပေ။ အရေးကြီးသည်မှာ သမိုင်းကြောင်းသည် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

အရေးကြီးဆုံးမှာ နီလာနတ်သမီးသည် တစ်ခါတုန်းက သေမျိုးဖြစ်ခဲ့သည်။

နီလာနတ်သမီးသည် တစ်ကြိမ် အသတ်ခံရဖူးသည်။

မည်သူကမှ ကျွန်အဖြစ် မမွေးဖွားလာချင်ကြပေ။ သို့ဆိုလျှင် အစားအစာဖြစ်လာမည့် ဤကံကြမ္မာစက်ဝန်းထဲမှာ မည်သူကများ ထပ်ခါတလဲလဲ ဝဋ်ခံချင်မည်နည်း။

သို့သော်လည်း အတိတ်တုန်းက တွေ့ကြုံခဲ့ရသော ဆင်းရဲဒုက္ခများသည် သူတို့၏ ခုခံချင်သော စိတ်ကို ဖိနှိပ်လိုက်သည်။ သူတို့၏ ပုန်ကန်ချင်သော စိတ်ကို သတ်ဖြတ်လိုက်သည်။ အညံ့ခံလိုသော စိတ်သည် နောင်မျိုးဆက်များထိတိုင်အောင် သူတို့၏ အရိုးထဲမှာ တံဆိပ်ရိုက်နှိပ်ခံထားရသည်။

သို့သော်လည်း…

မည်သူကများ သူတို့ဘဝတစ်လျှောက်လုံး ထိုအတိုင်း နေချင်ကြမည်နည်း။ မည်သူကများ အမှောင်ထုထဲမှာ နေထိုင်ရန် ဆန္ဒရှိကြမည်နည်း။

ရလဒ်အနေဖြင့် ထိုအက်ကွဲကြောင်း၏ ထွက်ပေါ်လာမှုသည် သူတို့၏ ဝိညာဉ်ထဲမှာ ဆူနာမီလှိုင်းလုံးကို လှုံ့ဆော်လိုက်ပြီး သူတို့၏ စိတ်ထဲမှ အမှောင်ထုကို အနိုင်ရသွားသည်။

ကောင်းကင်ယံမှ အနီရောင်လ၏ ချည်းကပ်လာမှုသည် သက်ရှိအားလုံး၏ ခုခံမှုကို ရုတ်တရက် ထိန်းချုပ်မရအောင် ပေါက်ကွဲထွက်လာစေသည်။

ထိုပေါက်ကွဲမှုသည် လဝတ်ပြုဒေသကြီး၏ အပျက်အစီးနေရာများထံမှ အင်အားကို စုဝေးသွားစေသည်။ ယင်းက မြို့များ၊ မျိုးနွယ်စုများနှင့် ကျင့်ကြံသူများ၏ နှလုံးသားကို လွှမ်းမိုးသွားသည်။

ဤအခိုက်အတန့်မှာ ဒေသကြီးတစ်ခုလုံးကို လောင်ကျွမ်းပစ်မည့် မီးပွားစတစ်ခုက စတင်ပေါ်လျှိုးလာနေပြီ ဖြစ်သည်။

သို့သော်လည်း တစ်စုံတစ်ခုက ပျောက်ဆုံးနေသည့်အလား မီးပွားစသည် အင်အားစုစည်းနေဆဲသာ ရှိသေးသည်။ ၎င်းက စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

အနီရောင်လဗိမာန်သည် အလွန်ဒေါသထွက်သွားသည်။ မရေမတွက်နိုင်သော အနီရောင်လကျင့်ကြံသူများသည် ထိုဖြစ်စဉ်၏ ဇစ်မြစ်ကို ရှာဖွေရန် အစိမ်းရောင်သဲကန္တာရထဲသို့ ဝင်ရောက်သွားကြသည်။

မြင်ကွင်းသည် သက်ရှိအားလုံး၏ စိတ်ထဲမှာ ဆက်လက် ထွက်ပေါ်နေသည်။ ယင်းက မီးပွားစထဲသို့ လောင်စာထပ်ထည့်လိုက်သည့်အလား ပိုပြီးပြင်းထန်စွာ တောက်လောင်လာစေသည်။

တစ်ချိန်တည်းမှာ ယဇ်ပလ္လင်တည်ရှိသော ကမ္ဘာငယ်ထဲတွင် သိသာသော အပြောင်းအလဲများ ထွက်ပေါ်လာသည်။

နတ်ဘုရားကွပ်မျက်စင်၏ မှတ်ဉာဏ်များက ထွက်ပေါ်လာသည့်အခါ ဘေးပတ်ဝန်းကျင်သည် လှုပ်ခါသွားသည်။ အထူးသဖြင့် ကောင်းကင်က ဆေဘာဓားဖြစ်လာပြီး မြေပြင်က ကွပ်မျက်စင်ဖြစ်လာသည့်အခါ နေလုံးသည် ဆုံလည်ဖြစ်လာသည်။ ထိတ်လန့်ဖွယ်ကောင်းပြီး အံ့ဩဖွယ်ကောင်းသော မြင်ကွင်းသည် လူတိုင်း၏ စိတ်ခံစားချက်များကို ပရမ်းပတာ ဖြစ်သွားစေသည်။

တောင်တန်းများနှင့် မြစ်များကို ဝါးမျိုသွားသော မြင်ကွင်းသည် လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ နင်ယန်နှင့် တခြားလူများသည် သူတို့၏ ဇာတ်ကောင်အတိုင်း ဆက်ပြီးသရုပ်မဆောင်နိုင်ကြတော့ပေ။ သူတို့သည် တုန်ယင်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အနောက်ဆုတ်သွားကြသည်။

ကံကောင်းစွာဖြင့် ရှေးဟောင်းမှတ်ဉာဏ်၏ ထွက်ပေါ်လာမှုသည် သူတို့၏ ပုံရိပ်များကို လွှမ်းခြုံသွားသည်။ အပြင်လူများသည် သူတို့ကို မမြင်နိုင်ကြပေ။

မကြာမီ သူတို့က အိမ်ရှေ့စံမင်းသား၏ ဘေးသို့ အလိုအလျောက် ဆုတ်ခွာသွားကြသည်။

ယင်းက ဝိညာဉ်သခင်မယုံကျင်းအတွက်လည်း အတူတူဖြစ်သည်။ သူ၏ ထွက်ပြေးသော အလျင်သည် အားလုံးထဲမှာ အမြန်ဆုံး ဖြစ်သည်။ ဤသည်မှာ နတ်ဘုရားကွပ်မျက်စင်က တစ်ခုခု ချို့ယွင်းသွားပြီး သူ့အား သတ်ဖြတ်လာမည်ကို စိုးရိမ်နေဟန် ရသည်။

ခေါင်းဆောင်သည် သူတို့နောက်မှ လိုက်သွားသည်။

သို့သော်လည်း အိမ်ရှေ့စံမင်းသား၏ ဘေးနားသို့ ပြန်ရောက်သွားသည့်တိုင် သူတို့၏ အသိစိတ်သည် လှုပ်ခါနေဆဲပင်။ နတ်ဘုရားကွပ်မျက်စင်သည် တအိအိလှုပ်ခတ်လာပြီး ပမာဏများပြားသော သတင်းအချက်အလက်များကို လွှဲပြောင်းပေးခဲ့သည်။ ထိုထဲမှ သတင်းအချက်အလက်တစ်ခုစီသည် ထိတ်လန့်ဖွယ်ကောင်းသော စိတ်ခံစားချက်ဖြင့် ပြည့်နှက်နေသည်။

၎င်း၏ နောက်ကွယ်မှ အဓိပ္ပာယ်သည် အလွန်ကြီးမားသည်။

လီဇီဟွားသည် နီလာနတ်သမီးနှင့် တူညီသော နေရာဆီမှ ရောက်ရှိလာခြင်း ဖြစ်သည်။

သူက နတ်ဘုရားဖြစ်ခဲ့ဖူးသည်။

ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ နီလာနတ်သမီးအသတ်ခံခဲ့ရပြီး နှစ်ပေါင်းများစွာကြာပြီးနောက် နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာခြင်းကို သူတို့စဉ်းစားမိသွားခြင်း ဖြစ်သည်။

ထိုအရာက လီဇီဟွားပြောခဲ့သော မဟာကဒ်ဘေးဖြစ်နေမည်လော။

နီလာနတ်သမီးက နတ်ဘုရားဖြစ်လာသောကြောင့် နတ်ဘုရားမျက်နှာပျက်ကြီးကို ဆွဲဆောင်မိခဲ့ခြင်းလော။

လူတိုင်းသည် နှုတ်ဆိတ်သွားကြသည်။

ထိုအရာအားလုံးက ခန့်မှန်းမှုသာဖြစ်ပြီး တိကျသော မည်သည့်အဖြေမှ မရှိပေ။

နတ်ဘုရားမျက်နှာပျက်ကြီး ထွက်ပေါ်လာရသည့် အကြောင်းအရင်းသည်တော့ လူအနည်းစုသာ သိထားကြသော လျှို့ဝှက်ချက်ဖြစ်သည်။ ယင်းက အမှန်တကယ်ပဲ ဤကိစ္စနှင့်ဆက်စပ်နေခြင်း ဟုတ်မဟုတ်ကိုတော့ လူအနည်းစုက သိထားနိုင်သော်လည်း အများစုက မသိထားကြပေ။

ခေါင်းဆောင်သည် ခေါင်းငုံ့လိုက်သည်။ အနက်ရောင်အလင်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက နှုတ်ဆိတ်သွားသည်။

လူတိုင်း၏ နှလုံးကို ပိုပြီးတုန်လှုပ်သွားစေသည်မှာ အုပ်ချုပ်သူလီဇီဟွား ပြောသွားခဲ့သော နောက်ဆုံးစကား ဖြစ်သည်။

ထိုရိုးရှင်းသော စကားကို အပြင်လောကမှ သက်ရှိအားလုံးက မကြားနိုင်ကြပေ။ သို့သော်လည်း ကမ္ဘာငယ်ထဲမှ လူတိုင်းက ယင်းကို ရှင်းလင်းစွာ ကြားနိုင်ကြသည်။

ယင်းက ကောင်းကင်ဘုံမိုးကြိုးသွားသဖွယ် ဆင်းသက်လာဟန် ထင်ရပြီး အချိန်ကာလကို ဖြတ်ကျော်သွားကာ လူတိုင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာလေသည်။

အထူးသဖြင့် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများဖြစ်သည်။

ဤအခိုက်အတန့်မှာ သူတို့အားလုံး၏ အမူအရာသည် တစ်ခါမှမဖြစ်စဖူး ပျက်ယွင်းသွားကြသည်။ အဌမသားတော်သည် မျက်လုံးပြူးကျယ်လာပြီး ပဉ္စမညီမတော်၏ အမူအရာသည် မိန်းမောတွေဝေသွားသည်။

အိမ်ရှေ့စံမင်းသားသည်တော့ သူ၏ အကြည့်သည် အဝေးတစ်နေရာသို့ ကျရောက်သွားသည်။ ဤသည်မှာ သူ၏ အကြည့်က ဤနေရာမှ ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး အပြင်လောကမှ နောင်တလွင်ပြင်၏ ဦးတည်ရာဆီသို့ ကျရောက်သွားဟန် ရသည်။

နောင်တလွင်ပြင်ပေါ်တွင် အုပ်ချုပ်သူ၏ သေဆုံးသွားသော ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသော ရုပ်တုတစ်ခု ရှိသည်။ ၎င်းက အနီရောင်လဗိမာန်၏ ဌာနချုပ်နေရာလည်း ဖြစ်သည်။

‘ ခမည်းတော်က အားလုံးကို ကြိုသိထားပြီးသားဆိုရင်… တကယ်ပဲ ခမည်းတော်က ဘာကို တွေးနေတာလဲ ’

အိမ်ရှေ့စံမင်းသားသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

မင်းသမီးမင်မိန်သည် ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး နတ်ဘုရားကွပ်မျက်စင်၏ မှတ်ဉာဏ်များမှ ဖြစ်ပေါ်လာသော သူ့ခမည်းတော်၏ ဝေဝါးဝါးပုံရိပ်ကို မျက်တောင်မခတ်ဘဲ ကြည့်လိုက်သည်။

ထိုစဉ် နတ်ဘုရားကွပ်မျက်စင်၏ မှတ်ဉာဏ်များသည် တဖြည်းဖြည်း လွင့်ပြယ်သွားနေသည်။ တဟူးဟူးတိုက်ခတ်နေသော ရှေးဟောင်းလေသည် သဲအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။ ဤသည်မှာ ၎င်းက လုံးဝရှင်းထုတ်ခံလိုက်ရသည့်အလားပင်။

လေသည် လွင့်ပြယ်သွားသော်လည်း တချို့အရာများသည် ဆက်လက် တည်ရှိနေဆဲပင်။

ပထမအဆင့်မှာ သူတို့ဖြတ်ကျော်ခဲ့သော တောင်တန်းမှ ဖြစ်ပေါ်လာသည့် ကောင်းကင်ဘုံဆေဘာဓားသည် ကောင်းကင်ပေါ်မှာ ဆက်လက်ရှိနေဆဲပင်။ ဒုတိယအဆင့်မှာ သူတို့တွေ့ကြုံခဲ့သော လျှိုမြောင်မှ ဖြစ်ပေါ်လာသည့် ဆေဘာဓား၏ မျှော့ကြောင်းသည် မြေပြင်ပေါ်မှာ ဆက်လက်ရှိနေဆဲပင်။

ကောင်းကင်နှင့် မြေပြင်ကို ဆက်စပ်ထားသော ယဇ်ပလ္လင်ပေါ်တွင် အုပ်ချုပ်သူလီဇီဟွား၏ ပုံရိပ်သည် ဝေဝါးလာပြီး ပုံရိပ်အသစ်တစ်ခုက ထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် လူငယ်တစ်ဦးဖြစ်ပြီး အနက်ရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့မှာ ရှည်လျားပြီး နက်မှောင်သော ဆံပင်ရှိသည်။ သူ၏ ဆံပင်ကို ကျောက်စိမ်းသရဖူဖြင့် ချည်နှောင်ထားသည်။ လေတဟူးဟူး တိုက်ခတ်မှုကြောင့် သူ၏ ဆံပင်သည် တအိအိလှုပ်ခတ်နေပြီး သူ၏ ချောမောလှပသော မျက်နှာကို ဖုံးကွယ်ရန် ကြိုးစားနေသည်။

ထိုသို့မျက်နှာသည် လူတိုင်းအတွက် တစ်ခေါက်ကြည့်ရုံဖြင့် မှတ်မိနေရန် လုံလောက်သည်။

သူက ယဇ်ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်။ သူက မျက်လုံးမှိတ်ထားသော်လည်း သူ့မှာ ကြယ်ကလေးများသဖွယ် တောက်ပသော မျက်လုံးတစ်စုံရှိလိမ့်မည်ဟု စိတ်ကူးကြည့်နိုင်ပေသည်။

ထိုသူက ရွှီချင်း ဖြစ်သည်။

စောစောက ထွက်ပေါ်လာသော နတ်ဘုရားကွပ်မျက်စင်သည် သူ့အား ဗဟိုပြု၍ ထွက်ပေါ်လာခြင်း ဖြစ်သည်။ နတ်ဘုရားကွပ်မျက်စင်မှ ထွက်ပေါ်လာသော မြင်ကွင်းများသည်တော့ သူထံမှ ဒြပ်ထည်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အရာအားလုံးသည် သူ့ထံမှ အစပြု၍ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ နတ်ဘုရားကွပ်မျက်စင်၏ မှတ်ဉာဏ်များက လွင့်ပြယ်သွားသောအခါ ထုံးစံအားဖြင့် ရွှီချင်း၏ ပုံရိပ်က ပြန်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကောင်းကင်၊ မြေပြင်နှင့် ခေါင်းဖြတ်စင်မြင့်ကြောင့် သူကိုယ်တိုင်က နတ်ဘုရားကွပ်မျက်စင်ဖြစ်လာဟန် ထင်ရသည်။

ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံး၏ အသိစိတ်သည် ထပ်မံလှုပ်ခါသွားသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ အသိစိတ်ထဲမှ မြင်ကွင်းက မပျောက်ကွယ်သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤအခိုက်အတန့်မှာ သူတို့က ရွှီချင်းကို ရှင်းလင်းစွာ မြင်နေရသည်။

ဤသည်မှာ လဝတ်ပြုဒေသကြီးထဲတွင် ရွှီချင်းက ပထမဆုံးအကြိမ် လူအာရုံစိုက်ခံရခြင်း ဖြစ်သည်။ ထို့ပြင် ယင်းက သူ၏ အစစ်အမှန် အသွင်အပြင် ဖြစ်သည်။

“ သူက… ”

“ အုပ်ချုပ်သူရဲ့ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ဒီလူက ထွက်ပေါ်လာတယ်… ဒီနောက်ကွယ်မှာ တခြားအဓိပ္ပာယ်များရှိနေမလား ”

“ ဒီဟာက ရှေးဟောင်းမှတ်ဉာဏ်လား ဒါမှမဟုတ် ပစ္စုပ္ပန်က မြင်ကွင်းလား ”

“တကယ်လို့ အဲ့ဒါက ရှေးခေတ်ကာလဆိုရင် ဒီလူရဲ့ သရုပ်က ဘာလဲ… တကယ်လို့ ပစ္စုပ္ပန်ဆိုရင် ဒီလူက စောစောတုန်းက အဖိုးတန်မြင်ကွင်းတွေကို အချိန်မြစ်ထဲကနေ ဆွဲထုတ်ပေးခဲ့တာလား ”

“ သူ… ဘယ်သူလဲ ”

သက်ရှိအားလုံးသည် ထိတ်လန့်သွားပြီး အဆုံးမဲ့သော ခန့်မှန်းမှုများက ထွက်ပေါ်လာကြသည်။ လဝတ်ပြုဒေသကြီးထဲမှ ကျင့်ကြံသူများသည်တော့ ပိုပြီးထိတ်လန့်သွားကြသည်။ အထူးသဖြင့် ပညာရှင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကြောင့် သူတို့၏ အသိစိတ်ထဲရှိ မြင်ကွင်းမှ ပိုမိုများပြားသော အချက်အလက်များကို သတိပြုမိကြသည်။

“ သူက ဆင်ခြင်သုံးသပ်နေတာလား ”

“ သူက စောစောက မြင်ကွင်းအားလုံးကို ဆင်ခြင်သုံးသပ်နေတာများလား ”

“ မဟုတ်မှ ဒီလူက နီလာနတ်သမီး အရင်က အသတ်ခံခဲ့ရတဲ့နေရာကို ရှာတွေ့သွားပြီး ဆင်ခြင်သုံးသပ်နေတာများလား… အဲ့ဒါကြောင့် လောကကြီးရဲ့ ဥပဒေသတွေက ပြောင်းလဲသွားပြီး စောစောက မြင်ကွင်းတွေကို ငါတို့မြင်ရလာတာလား ”

“ တစ်ယောက်ယောက်က အခုလိုမျိုး နားလည်နိုင်မယ်လို့ ငါမယုံဘူး ”

အံ့ဩသော အသံများသည် လဝတ်ပြုဒေသကြီး၏ နေရာတိုင်းမှာ ပေါ်ထွက်လာသည်။ အထူးသဖြင့် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများထံမှ ဖြစ်ကြသည်။ ပရမ်းပတာ လှိုင်းများသည် သူတို့၏ နှလုံးသားထဲမှာ ပိုပြီးပြင်းထန်စွာ ထွက်ပေါ်လာကြသည်။ ရွှီချင်း၏ နောက်ကြောင်းကို စတင်စုံစမ်းနေကြသည့် လူများပင် ရှိသည်။

ထိုလူက လပုန်ကန်ခန်းမ၏ စွမ်းအားကို ငှားယူအသုံးပြုနိုင်သောကြောင့် လပုန်ကန်ခန်းမထဲမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ရမည်ဟု သူတို့က ယုံကြည်နေကြသည်။

လူတိုင်းက ဇဝေဇဝါဖြစ်နေကြစဉ် အုပ်ချုပ်သူ၏ ခန္ဓာကိုယ်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ ထို့နောက် ရွှီချင်း၏ ပုံရိပ်သည် ပိုပြီးရှင်းလင်းစွာ ထွက်ပေါ်လာသည်။

သူက ဤအခိုက်အတန့်မှာ ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။

သူ၏ ကြယ်တာရာမျက်လုံးသည် ရေလှိုင်းများသဖွယ် တအိအိလှုပ်ခတ်သွားသည်။ တစ်ချိန်တည်းမှာ ထိုမြင်ကွင်းသည် သက်ရှိအားလုံး၏ အသိစိတ်ထဲသို့ ပုံရိပ်ထင်ဟပ်လာသည်။

သူ၏ မျက်လုံးထဲမှ နားလည်သဘောပေါက်သော အကြည့်သည် မြင်ကွင်းမှတဆင့် သက်ရှိအားလုံး၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားသည်။ ယင်းက လဝတ်ပြုဒေသကြီးထဲမှ သေမျိုးများနှင့် ကျင့်ကြံသူများကို မိန်းမောတွေဝေသွားစေပြီး နှလုံးတုန်သွားစေသည်။

အများစုမှာ ဆွံ့အသွားကြသည်။

“ သူက တကယ်ကြီး ဆင်ခြင်သုံးသပ်နေတာပဲ ”

“ ဒါ… ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… စောစောက မြင်ကွင်းတွေက သူဆင်ခြင်သုံးသပ်နေရာကနေ ဖြစ်ပေါ်လာတာတွေလား… သူက ရှေးဟောင်းမှတ်ဉာဏ်တွေကို ပြန်တူးဖော်နိုင်တယ် ”

“ ဒီနားလည်နိုင်စွမ်းက ကောင်းကင်ဘုံဆန်ကျင်နေတာ မဟုတ်ဘူးလား ”

“ ဒီလူက တကယ်ပဲ ဘယ်သူလဲ ”

အံ့ဩထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုသည် ဆည်ကျိုးသွားသကဲ့သို့ ထိန်ချုပ်မရအောင် ဒလဟော ပေါ်လျှိုးလာသည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ နားလည်နိုင်စွမ်းသည် သက်ရှိအားလုံးကို ချောက်ချားသွားစေသည်။

ဤအခိုက်အတန့်မှာ သူ၏ ပုံရိပ်က လဝတ်ပြုဒေသကြီးထဲ၌ ကြီးမားသော မုန်တိုင်းတစ်ခုကို လှုံ့ဆော်လိုက်သည်။

အစိမ်းရောင်သဲကန္တာရထဲတွင် အနီရောင်လကျင့်ကြံသူများသည် ပိုပြီးမြန်ဆန်စွာ ရွေ့လျားနေကြသည်။ ရွှီချင်း၏ မျက်နှာသည် သူတို့၏ အသိစိတ်ထဲမှာလည်း ထွက်ပေါ်လာသည်။ မြင့်မြတ်ဘုန်းတော်ကြီးသည် ရွှီချင်းကို အလိုရှိဖမ်းဝရမ်း ချက်ချင်း ထုတ်ပြန်လိုက်သည်။

တစ်ချိန်တည်းမှာ အနီရောင်လဗိမာန်၏ ဌာနချုပ်ထဲမှ ရှိန်လောက်ဖွယ်ကောင်းသော သွေးနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာသည်။ ယင်းက အလွန်ကြီးမားသော ဧရာမကွန်ချာတစ်ခုသို့ ပြောင်းလဲသွားသည်။ ဧရာမကွန်ချာက အနီရောင်လကို တုံ့ပြန်ပြီးနောက် လဝတ်ပြုဒေသကြီးတစ်ခုလုံးကို အကြမ်းပတမ်း ဖိနှိပ်လိုက်သည်။

အနီရောင်သွေးကွန်ချာထဲတွင် အထွတ်အမြတ်စွမ်းအားကို ထုတ်လွှတ်နေသော ဦးခေါင်းပြတ်အလောင်းတစ်လောင်းရှိနေကြောင်း မသဲမကွဲ မြင်နိုင်လိမ့်ပေမည်။

ထိုအလောင်းသည် နီလာနတ်သမီး၏ သေမျိုးခန္ဓာကိုယ်မှလွဲ၍ တခြားမဟုတ်ပေ။

၎င်း၏ ထွက်ပေါ်လာမှုသည် လောကကြီး၏ အရောင်ကို ပြောင်းလဲသွားစေပြီး ကမ္ဘာငယ်ထဲမှ ကောင်းကင်ဘုံမျက်လုံးသည်ပင် သက်ရောက်ခံလိုက်ရသည်။ ထို့ကြောင့် သက်ရှိအားလုံး၏ စိတ်ထဲမှာ ထွက်ပေါ်လာသော မြင်ကွင်းသည် မှုန်ဝါးလာသည်။ ဤသည်မှာ မြင်ကွင်းက မကြာခင် ပျောက်ကွယ်သွားတော့မည်ဟန် ရသည်။

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက မြင်ကွင်းကို ထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားကြသော်လည်း နောက်ဆုံးမှာ ယင်းက ပျောက်ကွယ်သွားရဆဲပင်။

သို့သော်လည်း သက်ရှိအားလုံး၏ အသိစိတ်ထဲမှ မြင်ကွင်းက ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း နက်ရှိုင်းသော အသံသည် ရုတ်တရက် မြည်ဟိန်းထွက်လာပြီး ယင်းက လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံး၏ နှလုံးသားထဲသို့ ပဲ့တင်ထပ်သွားသည်။

“ နတ်ဘုရားက ပြိုင်ဘက်ကင်း တည်ရှိမှုမဟုတ်ဘူး… ”

ထိုအသံမှ စကားလုံးတစ်လုံးစီသည် မိုးခြိမ်းသံသဖွယ် မြည်ဟိန်းသွားပြီး သက်ရှိအားလုံး၏ နှလုံးသားထဲမှာ ပေါက်ကွဲထွက်သွားသည်။ ယင်းက သက်ရှိအားလုံး စောင့်မျှော်နေကြသော အရာဖြစ်သည်။

ထိုစကားသံက ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း စောစောက အားအင်စုစည်းနေသော မီးပွားစသည် ရုတ်တရက် ပေါက်ကွဲသွားသည်။ ယင်းက မရေမတွက်နိုင်သော သက်ရှိများကို အလိုအလျောက် ပါးစပ်ဟသွားစေပြီး ကျယ်လောင်စွာ ဟိန်းအော်သွားစေသည်။

“ မျှော်လင့်ချက်က ထာဝရ တည်ရှိနေမယ် ”

ထိုအော်ဟစ်မှုက သူတို့၏ ဝိညာဉ်နှင့် နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအော်သံထဲမှာ သူတို့၏ ကံကြမ္မာကို တွန်းလှန်လိုသော စိတ်ဆန္ဒလည်း ပါရှိသည်။

ယင်းက လူတိုင်း၏ နှလုံးသားထဲမှာရှိသော မကျေနပ်မှုများကို အကြီးအကျယ် ပေါက်ကွဲထွက်လာစေသည်။ ဆန္ဒမရှိမှုသည် သူတို့နှလုံးသားထဲရှိ စောစောက အက်ကွဲကြောင်းထဲမှ ပေါ်လျှိုးထွက်လာသည်။

ဤအခိုက်အတန့်မှာ မီးပွားစသည် ဒေသကြီးတစ်ခုလုံးကို လောင်ကျွမ်းပစ်တော့မည်ဟန် ရသည်။

အမှန်မှာ ယင်းက ဒေသကြီးတစ်ခုလုံးကို လောင်ကျွမ်းနေပြီ ဖြစ်သည်။

မီးသည် တောင်တန်းတစ်လျှောက် ဖြတ်သန်းသွားပြီး ကုန်းမြေများ၊ လွင်ပြင်များနှင့် ဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ယခင်က စိတ်ပျက်အားငယ်နေကြသော ကျင့်ကြံသူများသည် လက်လျော့ရန် ငြင်းဆန်လာပြီး မျက်လုံးနီရဲလာကြသည်။

မရေမတွက်နိုင်သော သေမျိုးများသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး စတင်ရုန်းကန်ကြသည်။

ဤအခိုက်အတန့်မှာ ရုပ်သဏ္ဍာန်မရှိသော ယုံကြည်မှုစွမ်းအားသည် သက်ရှိအားလုံးထံမှ ပျံ့လွင့်လာသည်။ ယင်းတို့က နေရာတိုင်းထံမှ ပေါ်လျှိုးလာပြီး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။ နောက်ဆုံးမှာတော့ ယင်းတို့က နတ်ဘုရားကွပ်မျက်စင်မှာ စုဝေးသွားသည်။

All Chapters