← Chapters

ဝိညာဉ်စုစည်းခြင်းအဆင့်သွေး၏ လမ်းပြမှု… ရှေးဟောင်းကဒ်ဘေးဒုက္ခ ဆင်းသက်လာခြင်း

Vol. 66 Ch. 1031

ဝိညာဉ်စုစည်းခြင်းအဆင့်သွေး၏ လမ်းပြမှု… ရှေးဟောင်းကဒ်ဘေးဒုက္ခ ဆင်းသက်လာခြင်း

Vol. 66 Ch. 1031

ယုံကြည်မှုစွမ်းအားဆိုသည်မှာ တောင်းဆုပြုမှု၊ လိုအင်ဆန္ဒနှင့် စိတ်ခံစားချက်များ၏ စွမ်းအား ဖြစ်သည်။

ယင်းက လူသားသဘာဝ၏ ရုန်းကန်မှုဖြစ်ပြီး ဘဝ၏ အလိုအလျောက် တုံ့ပြန်မှုများထဲမှ တစ်ခုဖြစ်သည်။

ပုံမှန်အားဖြင့် သက်ရှိများက စိတ်အားထက်သန်လာသည့်အခါ သို့မဟုတ် ရိုသေကိုင်းရှိုင်းလာသည့်အခါ ယုံကြည်မှုစွမ်းအားက ပျံ့လွင့်လာလိမ့်မည်။ သို့သော် ပထမတစ်ခုသည် ရောနှောနေပြီး ဒုတိယတစ်ခုသည် ရှားပါးသည်။

ဤအခိုက်အတန့်မှာ ဇာတ်ဝင်ခန်းနှစ်ခန်းပြီးနောက် ရှေးဟောင်းမှတ်ဉာဏ်ကို ပြသပြီးနောက် နီလာနတ်သမီးအသတ်ခံရပြီးနောက်…

သက်ရှိအားလုံး၏ စိတ်ခံစားချက်များသည် တစ်ခါမှမဖြစ်စဖူး အပြင်းအထန် လှုပ်ခတ်လာသည်။ လွတ်လပ်မှုအပေါ် သူတို့၏ ဆာလောင်မှုနှင့် အသက်ရှင်သန်ရန် စိတ်ဆုံးဖြတ်ထားမှုက ကြီးမားစွာ ပေါက်ကွဲထွက်လာသည်။

ထိုထဲမှာ ရုန်းကန်မှုနှင့် ခုခံမှုလည်း ပါရှိသည်။

အထူးသဖြင့် မျိုးဆက်ပေါင်းများစွာတိုင်အောင် စုဝေးနေခဲ့သော မကျေနပ်မှုများ ဖြစ်သည်။ ယင်းက ဤအခိုက်အတန့်မှာ ချက်ချင်း မီးထတောက်လာပြီး အလွန်များပြားသော ယုံကြည်မှုစွမ်းအားကို ထုတ်လွှတ်လာသည်။

ယုံကြည်မှုစွမ်းအားက ဆက်လက် ပေါ်လျှိုးလာနေသည်နှင့်အမျှ မိုးကုပ်စက်ဝိုင်းတွင် အနီရောင်လပေါ်လျှိုးလာပြီး ကောင်းကင်က အနီရောင်ပြောင်းလဲသွားသည့်အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် နောက်ထပ်အလင်းရောင်က လဝတ်ပြုဒေသကြီး၏ ကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။

ယင်းက အဖြူရောင်အလင်းဖြစ်သည်။

ယင်းက မရေမတွက်နိုင်သော မီးပွားစများ၏ စုဝေးမှုမှ ဖြစ်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ထွန်းလင်းသွားစေသည်။ ထိုအလင်းရောင်ကို လဝတ်ပြုဒေသကြီး၏ မည်သည့်နေရာမှဖြစ်စေ မြင်နိုင်ပေသည်။

တစ်နှစ်ပတ်လုံး အလင်းရောင်မမြင်နိုင်သော တချို့နေရာများသည်ပင် ဤအခိုက်အတန့်မှာ အလင်းရောင်ရရှိလာကြသည်။

ထိုမီးပွားစများသည် ကြယ်ကလေးများသဖွယ် တည်ရှိနေကြသည်။ ယင်းတို့က မယုံကြည်နိုင်ဖွယ်ကောင်းသော နည်းလမ်းဖြင့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနေကြပြီး ၎င်းတို့၏ ဦးတည်ရာဆီသို့ ပျံသန်းသွားနေကြသည်။

ထိုဦးတည်ရာသည် ရွှီချင်းရှိနေသော နတ်ဘုရားကွပ်မျက်စင်မှလွဲ၍ တခြားမဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ မရေမတွက်နိုင်သော မီးပွားစများသည် ကမ္ဘာငယ်ထဲမှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က တဖြည်းဖြည်း ပိုပြီးစုဝေးလာသောအခါ လူတိုင်းကို အံ့ဩသွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်လာသည်။

ခေါင်းဆောင်သည် စိတ်လှုပ်ရှားလာသည်။ သူက ဤကဲ့သို့ ကြီးမြတ်သော ပြပွဲတစ်ခုကို စီစဉ်ခဲ့ခြင်းသည် သက်ရှိအားလုံးထံမှ ယုံကြည်မှုစွမ်းအားကို စုစည်းချင်သောကြောင့် ဖြစ်သည်။

‘ မလုံလောက်သေးဘူး… နည်နည်း ထပ်စောင့်ရဦးမယ်… ’

ခေါင်းဆောင်သည် အတင်းအကျပ် သည်းခံသည်။ သူက မြင့်တတ်လာနေသော ယုံကြည်မှုစွမ်းအားကို ကြည့်နေရင်း သူ၏ နှလုံးသည် လှိုင်းထလာသည်။

ဤအခိုက်အတန့်မှာ နင်ယန်နှင့် ဝူကျန်းဝူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူတို့က ဘေးပတ်ဝန်းကျင်မှာ စုဝေးနေသော မီးပွားစများကို ကြည့်နေရင်း အလိုအလျောက် အာရုံခံမိသွားကြသည်။

ထိုမီးပွားစများထဲမှာ ရုန်းကန်မှုနှင့် မျှော်လင့်ချက်ပါရှိကြောင်း ရှင်းလင်းစွာ သူတို့အာရုံခံနိုင်ကြသည်။

ယင်းက ကံကြမ္မာကို ဆန့်ကျင်လိုသော ရုန်းကန်မှုနှင့် အသက်ရှင်ရန် မျှော်လင့်ချက် ဖြစ်သည်။

ဝိညာဉ်သခင်မယုံကျင်းသည် နှုတ်ခမ်းသပ်လိုက်ပြီး အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ကြည့်လိုက်သည်။ နောက်ဆုံးမှာ သူက ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲမှ လိုအင်ဆန္ဒကို အတင်းအကျပ် ဖိနှိပ်ထားရုံမှလွဲ၍ သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။

ထိုယုံကြည်မှုစွမ်းအားသည် သူ့အတွက် အကောင်းဆုံး အာဟာရဓာတ်ဖြစ်သည်။ သို့ဖြစ်၍ မြင်သာမြင်ရ မစားရသည့် အခြေအနေသည် သူ့အတွက် ညှဉ်းပန်းနှိပ်စက်မှုတစ်မျိုး ဖြစ်ပေသည်။

သို့သော်လည်း မည်သို့ဖြစ်ပါစေ သူက အလျင်စလို မဝါးမျိုဝံ့ပေ။ အကြောင်းမှာ သူက အိမ်ရှေ့စံမင်းသားကို ကြောက်သည်။ တခြားအကြောင်းမှာ ဤနေရာတွင် ကမ္မရှိနေကြောင်း သူအာရုံခံနိုင်သည်။ ထို့ကြောင့် ယင်းက ဝါးမျိုရန် ကောင်းမွန်သော အရာမဟုတ်ပေ။

ယင်းက လီယိုဖေးအတွက်လည်း အတူတူဖြစ်သည်။ သူက ထိုအရာအားလုံးကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ သို့သော်လည်း သူ၏ နှလုံးသည် မြန်ဆန်စွာ တည်ငြိမ်သွားသည်။

သူက ထိုအရာကို ကျင့်သားရနေပြီ ဖြစ်သည်။

အဆုံးမဲ့သော ယုံကြည်မှုစွမ်းအားဖြင့် ဝန်းရံခံထားရသည့် ရွှီချင်းသည်တော့ ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။ သူက ဘေးပတ်ဝန်းကျင်၌ ပြွတ်သိပ်တည်ရှိနေသော အဖြူရောင်မီးပွားစများကို ကြည့်လိုက်သည်။ ထိုမီးပွားစများက သူ့အတွက်ကြောင့် ဤနေရာသို့ ရောက်လာကြခြင်းမဟုတ်မှန်း သူအာရုံခံနိုင်သည်။

အတိအကျဆိုရလျှင် ယင်းတို့က မျှော်လင့်ချက်အတွက် ရောက်ရှိလာခြင်းဖြစ်ပြီး သက်ရှိအားလုံး၏ ကမ္မပါရှိသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

ထိုအခိုက်အတန့်မှာ အိမ်ရှေ့စံမင်းသားက ရုတ်တရက် ပြောသည်။

“ ရွှီချင်း… မင်းရဲ့ ဝိညာဉ်သိုက်သစ်သီးကို ထုတ်ပြီး ဝါးစားလိုက်ပါ ”

“ ဒီက အကြွင်းအကျန်အရှိန်အဝါကို အသုံးပြုပြီး ရှေးဟောင်းမိုးကြိုးကဒ်ဘေးဒုက္ခကို ဆွဲဆောင်ပါ… အဲ့ဒါက မင်းရဲ့ ဝိညာဉ်နတ်သူငယ်အားလုံးကို စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခဆီ တတ်လှမ်းစေလိမ့်မယ် ”

“ ရှေးဟောင်းမိုးကြိုးကဒ်ဘေးရဲ့ နှစ်ခြင်းမင်္ဂလာက အချိန်ကာလကို ဖြတ်ကျော်လာတာမို့လို့ အချိန်စွမ်းအားပါရှိတယ်… အဲ့ဒါက မင်းအတွက် အရမ်းရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ ”

“ ဒီတစ်ကြိမ်မှာလည်း ရှန်းနန်ကျိန်စာအမိန့်တော်ကို မင်းအတွက် ဆက်ပြီး ငါအသက်သွင်းပေးမယ် ”

“ ဒီဟာက အခွင့်အရေးဆိုတာ မင်းမှတ်ထားပါ… အဲ့ဒါက မင်းအတွက် ဝှက်ဖဲတစ်ခုကို ဖန်တီးနိုင်မယ့် အခွင့်အရေးပဲ ”

“ မင်းက နတ်ဘုရားကွပ်မျက်စင်ကို နားလည်ခဲ့ပေမဲ့ ဒီနေရာကနေ မင်းထွက်သွားတဲ့အခါကျရင် ဒီလိုထူးခြားတဲ့ ပတ်ဝန်းကျင်မျိုးမဟုတ်ရင် နတ်ဘုရားကွပ်မျက်စင်ရဲ့ အစစ်အမှန်စွမ်းအားကို မင်းအသုံးပြုနိုင်မှာ မဟုတ်ဘူး… ဒီတော့ နတ်ဘုရားကွပ်မျက်စင်ကို မင်းရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ အသုံးပြုနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားပါ ”

“ အဲ့ဒါကို မင်းရဲ့ ဝှက်ဖဲကတ်အဖြစ် ပြောင်းလဲပါ ”

အိမ်ရှေ့စံမင်းသားသည် လေးနက်သော အကြည့်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။

“ ဒီတစ်ကြိမ်ကဒ်ဘေးဒုက္ခမှာ ရှန်းနန်ကျိန်စာအမိန့်တော်ကို အသက်သွင်းထားတယ်ဆိုပေမဲ့ အဲ့ဒါက မင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူလျှော့ပေးမှာ မဟုတ်ဘူး… နတ်ဘုရားကွပ်မျက်စင်က ဝှက်ဖဲကတ်အဖြစ် မပြောင်းသွားမချင်း အဲ့ဒါက မင်းကို ကူညီပေးလိမ့်မှာ မဟုတ်ဘူး… မင်းက အောင်မြင်သွားမှပဲ ရှန်းနန်ကျိန်စာအမိန့်တော်က မိုးကြိုးကဒ်ဘေးကို ငြိမ်းသတ်ပေးလိမ့်မယ် ”

“ တကယ်လို့ မင်းအောင်မြင်သွားရင် သက်ရှိအားလုံးရဲ့ ယုံကြည်မှုစွမ်းအားက ဆေဘာဓားပေါ်မှာ စုဝေးသွားမယ်… အဲ့ဒီအချိန်ကျရင် မင်းရဲ့ နတ်ဘုရားကွပ်မျက်ဓားက များပြားတဲ့ ကမ္မစွမ်းအားတွေနဲ့ ပြည့်နှက်လာလိမ့်မယ် ”

ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူက ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

သူ၏ မျက်လုံးသည် ဝင်းလက်လာသည်။ အချိန်တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက မင်းသမီးမင်မိန် သူ့အား လက်ဆောင်ပေးခဲ့သော ဝိညာဉ်သိုက်သစ်သီးကို ချက်ချင်း ထုတ်ယူလိုက်သည်။ သူက သစ်သီးကို တစ်လုပ်တည်း ဝါးမျိုပစ်လိုက်သည်။

သစ်သီးသည် သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည့်အခိုက် အရည်ပျော်သွားပြီး အပူလှိုင်းတစ်ခုကို ထုတ်လွှတ်လာသည်။ ဤသည်မှာ ကြောက်စရာကောင်းသော မီးတောင်တစ်ခုက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ ရုတ်တရက် ပေါ်လျှိုးလာသည့်အလားပင်။

ဤသည်မှာ ဝိညာဉ်သိုက်သစ်သီးထဲမှာ ကိန်းအောင်းနေသော အစစ်အမှန် လျှို့ဝှက်ရတနာသိုက်တစ်ခု၏ စွမ်းအားဖြစ်သည်။

ထိုသို့ပေါက်ကွဲထွက်လာသည့်အခါ ဝိညာဉ်သိုက်သစ်သီးထံမှ ဟိန်းသံများကိုပင် ရွှီချင်း ကြားနေရသည်။

ယင်းက တစ်ဖက်လူ၏ ကောင်းကင်ဘုံတာအိုထံမှ ဟိန်းသံဖြစ်သည်။

ချက်ချင်းဆိုသလို ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်နတ်သူငယ်အားလုံးသည် မျက်လုံးဖွင့်လိုက်ကြပြီး ထိုစွမ်းအင်ကို ဝန်းရံလိုက်ကြသည်။

ရွှေကျီးကန်းသည် ကခုန်လိုက်သည်။ တစ္ဆေအင်ပါယာတောင်ကုန်းသည် လှုပ်ယမ်းသွားပြီး အချိန်ပုလင်းသည် တုန်ယင်လာသည်။ ကျောက်ရှာအလင်းသည် ထွန်းလင်းတောက်ပလာသည်။

ခရမ်းလဝိညာဉ်နတ်သူငယ်မှလွဲ၍ ကျန်ဝိညာဉ်နတ်သူငယ်(၁၂)ကောင်သည် တွင်းနက်(၁၂)ခုသို့ ပြောင်းလဲသွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ အပူလှိုင်းများကို အစွမ်းကုန်သုံး၍ စုပ်ယူလိုက်ကြသည်။

ထိုသို့စုပ်ယူနေစဉ် ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်သည် ပြီးပြည့်စုံသော အဆင့်သို့ ပထမဆုံး ရောက်ရှိသွားသည်။ ထိုအခါ ကောင်းကင်ကဒ်ဘေးဒုက္ခ၏ စိတ်အာရုံသည် ချက်ချင်း ပေါ်လျှိုးလာသည်။

ဒုတိယတစ်ခုသည် ရွှီချင်း၏ ကောင်းကင်ဘုံတာအိုဝိညာဉ်နတ်သူငယ် ဖြစ်သည်။ မိုဆာဆောသည် အိမ်မောကျနေခြင်းမှ ပြန်နိုးထလာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်းက လျှို့ဝှက်ရတနာသိုက်၏ ကောင်းကင်ဘုံတာအိုဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ခရမ်းလစွမ်းအား၏ ဖိနှိပ်ပေးမှုအောက်မှာ ၎င်းသည် ကောင်းကင်ဘုံတာအိုကို ရူးသွပ်စွာ ဝါးမျိုပြီးနောက် တတိယကောင်းကင်ကဒ်ဘေးဒုက္ခ၏ ပြီးပြည့်စုံသော အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

နောက်တစ်ခုသည် တားမြစ်အဆိပ်ဖြစ်သည်။ ထို့နောက် ကျောက်ရှာအလင်း၊ အချိန်ပုလင်းနှင့် တစ္ဆေအင်ပါယာတောင်ကုန်းသည် တတိယကောင်းကင်ကဒ်ဘေးဒုက္ခ၏ ပြီးပြည့်စုံသော အဆင့်သို့ အသီးသီး တတ်လှမ်းသွားကြသည်။

၎င်းတို့သည် တစ်ကောင်ပြီးတစ်ကောင် ပေါ်လျှိုးလာကြပြီး ဆက်လက် စွမ်းအားတိုးမြှင့်သွားကြသည်။ တားမြစ်အဆိပ်စွမ်းအားသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး ရွှီချင်း၏ အသွင်ပုံစံကို ဝေဝါးသွားစေသည်။

ကျောက်ရှာအလင်းက တောက်ပလာပြီး အရာအားလုံးက ဒြပ်ထည်ဖြစ်ပေါ်လာစေသည်။

အချိန်ပုလင်းသည် အထဲမှာ တအိအိလှုပ်ခတ်လာပြီး အချိန်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ တစ္ဆေအင်ပါယာတောင်ကုန်းသည်တော့ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာသည်။

နောက်ဆုံးမှာတော့ (ဃ၁၃၂)ဖြစ်သည်။

(ဃ၁၃၂)ထဲတွင် နတ်ဘုရားလက်ချောင်းသည် မလှုပ်ဝံ့ပေ။ ခေါင်းကြီးနှင့် တခြားတည်ရှိမှုများသည် တသိမ့်သိမ့် တုန်ယင်နေကြသည်။

အားလုံး၏ အကြည့်အောက်မှာ (ဃ၁၃၂)ထဲတွင် တင်ပျဉ်ခွေထိုင်နေသော အတိတ်တုန်းက ကောင်လေးနှင့် တူညီသည့် ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်သည် ချိပ်တံဆိပ်လက်သင်္ကေတများကို တရစပ် ဖွဲ့စည်းလိုက်သည်။ ထို့နောက် မရေမတွက်နိုင်သော ဝါးပေလွှာများသည် သူ့အား ဝန်းရံလာကြသည်။ ဝါးပေလွှာတစ်ခုစီသည် တလက်လက် တောက်ပသည်။

ဝုန်းခနဲ မြည်ဟိန်းသံများသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ တစ်ဟုန်ထိုး ထွက်ပေါ်လာနေသော အပူလှိုင်းများကြားမှာ ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်ရှစ်ကောင်သည် ကြောက်စရာကောင်းသော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်လာကြသည်။ သို့သော်လည်း ယင်းက အဆုံးသတ် မဟုတ်သေးပေ။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ နေနာရီသက်စောင့်မီးအိမ်ငါးခုသည် တုန်ယင်လာကြသည်။ ယင်းတို့က ဝဲကတော့ငါးခုသို့ ပြောင်းလဲသွားကြပြီး ဝိညာဉ်သိုက်သစ်သီးထံမှ ပမာဏများပြားသော စွမ်းအင်များကို စုပ်ယူရန် ဆက်လက် လှည့်ပတ်သွားကြသည်။

ထိုသို့လုပ်ဆောင်နေစဉ်အတွင်း နေနာရီများမှ နာရီလက်တံများသည် ယခင်ကထက် ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာကြသည်။ ထိုသို့ ဆက်တိုက် လှည့်ပတ်နေစဉ် အချိန်သည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ ကောင်းချီးပေးခံနေရသည့်အလား အောက်မေ့ရသည်။ မကြာမီ နေနာရီများပေါ်မှ နေလုံးများအသွင် ပြောင်းလဲထားကြသော ဝိညာဉ်နတ်သူငယ်များသည် တတိယကောင်းကင်ကဒ်ဘေးဒုက္ခ၏ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားကြသည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်ထဲတွင် ပိုပြီးမြင့်မားသော အဆင့်သို့ ရောက်ရှိပြီးနှင့်သည့် ခရမ်းလဝိညာဉ်နတ်သူငယ်မှလွဲ၍ တခြားဝိညာဉ်နတ်သူငယ်အားလုံးသည် တတိယကောင်းကင်ကဒ်ဘေးဒုက္ခ၏ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားကြသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ကဒ်ဘေးဒုက္ခကို ဆင့်ခေါ်ခြင်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ချိပ်ပိတ်ထားသော ဤကမ္ဘာငယ်ထဲမှာ ကောင်းကင်နှင့် မြေပြင်သည် တုန်လှုပ်လာသည်။

ရှေးဟောင်းလေသည် နောက်ထပ်တဖန် တိုက်ခတ်လာပြီး ဖုန်တထောင်းထောင်း ထသွားစေသည်။ တစ်ချိန်တည်းမှာ မိုးခြိမ်းသံများသည် ကောင်းကင်ပေါ်မှ ဧရာမဝဲကတော့ထဲမှာ ပဲ့တင်ထပ်လာသည်။

ထိုမိုးခြိမ်းသံထဲမှာ ထာဝရဟူသော အငွေ့အသက်တစ်ခု ပါရှိသည်။ ဤသည်မှာ မိုးခြိမ်းသံက အချိန်ကာလကို ဖြတ်ကျော်၍ လက်ရှိပစ္စုပ္ပန်ဆီသို့ ဆင်းသက်လာနေသည့်အလားပင်။ အိမ်ရှေ့စံမင်းသားသည် ခေါင်းလှည့်လိုက်ပြီး ပဉ္စမညီမတော်ကို ကြည့်လိုက်သည်။

ပဉ္စမညီမတော်သည် လက်ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် ကြက်တစ်အုပ်စုသည် ပျံသန်းထွက်လာကြသည်။

ယင်းတို့က ပဉ္စမညီမတော်၏ ကြက်ခြံထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ထိုကြက်အုပ်စု ထွက်ပေါ်လာသည့်အခိုက် သူတို့၏ မျက်လုံးထဲမှာ ချောက်ချားမှုဖြင့် ပြည့်နှက်သွားကြသည်။ သူတို့က စိတ်ပျက်အားလျော့သွားကြပြီး တကျွီကျွီမြည်သံများ ထုတ်ဖော်လာကြသည်။

သို့သော်လည်း သူတို့၏ အသနားခံမှုသည် အချည်းနှီးသာ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားက လက်ဝှေ့ယမ်းလိုက်လေရာ သူတို့နှင့် ရွှီချင်းကြားမှာ မမြင်နိုင်သော ဆက်သွယ်မှုတစ်ခု ရှိလာသည်။

ယင်းက ရွှီချင်းအပေါ် ကျရောက်လာတော့မည့် ကောင်းကင်ကဒ်ဘေးဒုက္ခ၏ အမြင်ကို ပြောင်းလဲသွားစေသည်။

သူက ဝိညာဉ်နတ်သူငယ်အဆင့်၏ စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခကို ဖြတ်ကျော်နေခြင်းမဟုတ်တော့ပေ။ ယင်းအစား သူက ပညာရှင်ကျင့်ကြံသူအများအပြား၏ စွမ်းအားကို စုဝေးထားသော ကောင်းကင်ကဒ်ဘေးဒုက္ခကို ရင်ဆိုင်ရတော့ပေမည်။

သို့ဖြစ်၍ မိုးခြိမ်းသံသည် ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးကြောက်စရာကောင်းလာသည်။ ဤသည်မှာ လောကကြီးက ပေါက်ကွဲထွက်သွားတော့မည့်အလားပင်။

အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို လေးနက်စွာ ကြည့်လိုက်သည်။ သူက ရုတ်တရက် လျှာကိုက်လိုက်ပြီး သွေးတစ်လုပ် ထွေးထုတ်လိုက်သည်။

မင်းသမီးမင်မိန်၊ အဌမသားတော်နှင့် ပဉ္စမညီမတော်သည်လည်း တစ်ချိန်တည်းမှာ ထိုသို့လုပ်ဆောင်လိုက်ကြသည်။

သူတို့လေးယောက်၏ သွေးသည် အတူတကွ စုဝေးသွားပြီး သွေးအကာအကွယ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သွေးအကာအကွယ်သည် ကောင်းကင်ပေါ်မှ ဆေဘာဓား၊ မြေပြင်ပေါ်မှ ကွပ်မျက်စင်၊ ရွှီချင်းနှင့် ကြက်များကို လွှမ်းခြုံသွားသည်။

သွေးအကာအကွယ်က အရာအားလုံးကို လွှမ်းခြုံသွားသောအခါ အလွန်ကြီးမားသော သွေးပိုးအိမ်တစ်ခု ဖြစ်ပေါ်လာသည်။

အဝေးမှကြည့်လျှင် ယင်းက လုံးဝန်းသော ဥတစ်လုံးနှင့် ဆင်တူသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် အိမ်ရှေ့စံမင်းသားနှင့် တခြားသုံးယောက်သည် အရှေ့သို့ ခြေချလိုက်ကြပြီး ဧရာမသွေးပိုးအိမ်ကို အဘက်ဘက်မှ ဝိုင်းရံလိုက်ကြသည်။ သူတို့သည် အရပ်မျက်နှာတစ်ခုစီမှာ တင်ပျဉ်ခွေထိုင်လိုက်ကြပြီး ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက ဧရာမသွေးပိုးအိမ်ကို လက်ညှိုးညွှန်လိုက်ကြသည်။

“ ဝိညာဉ်စုစည်းခြင်းအဆင့် သွေးရဲ့ လမ်းပြပေးမှုနဲ့အတူ ဒီကောင်လေးကို ခမည်းတော်ရဲ့ နတ်ဘုရားစွမ်းအားကို နားလည်ခွင့်ပေးပါ ”

“ ရှေးဟောင်းကဒ်ဘေးဒုက္ခကို သက်သေပြုထားပြီး စကြာဝဌာကို သန့်စင်ဖို့ အရာအားလုံးက ပေါင်းစပ်သွားမယ် ”

သူတို့လေးယောက်က တီးတိုးရေရွတ်လိုက်ကြသည်။ သူတို့၏ အသံထဲမှာ ကံကြမ္မာစွမ်းအားဖြင့် ပြည့်နှက်နေပြီး ကောင်းကင်ပေါ်မှ မိုးခြိမ်းသံကို တုံ့ပြန်နေသည်။ ဤသည်မှာ သူတို့က အဓိဌာန်တစ်ခုကို တည်ကြည်လေးနက်စွာ ကြေညာနေသည့်အလားပင်။

ဧရာမသွေးပိုးအိမ်သည် တုန်ယင်လာပြီး ကောင်းကင်ပေါ်ရှိ ဝဲကတော့ထံမှ မိုးခြိမ်းသံများသည် ပိုပြီးကျယ်လောင်လာသည်။ ဝဲကတော့ထဲမှာ လျှပ်စီးစက်ကွင်းများက ထွက်ပေါ်နေကြောင်း မည်သူမဆို မြင်နိုင်လိမ့်ပေမည်။

ထိုလျှပ်စီးစက်ကွင်းများသည် အပြာရောင်ဖြစ်သည်။ ယင်းတို့က ဆက်လက် တောက်ပလာသည့်အခါ လျှပ်စီးစက်ကွင်းများသည် တစ်နေရာတည်းမှာ စုဝေးသွားပြီး ရှေးဟောင်းမိုးကြိုးသွားတစ်ခုသို့ ပြောင်းလဲသွားသည်။ နားကွဲလုမတတ် ကျယ်လောင်သော မိုးခြိမ်းသံသည် နင်ယန်နှင့် တခြားလူများကို ချောက်ချားသွားစေသည်။

“ အဲ့ဒါက စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခလား… ဒါ ဘယ်လိုကောင်းကင်ကဒ်ဘေးဒုက္ခလဲ… သူတို့က ဘာလုပ်နေတာလဲ ”

“ ပထမကောင်းကင်ကဒ်ဘေးဒုက္ခက ဖုန်းဟိုင်ဒေသငယ်ရဲ့ ကမ္မစွမ်းအားကြောင့် အနောက်ဆုတ်သွားခဲ့တယ်… ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခကျတော့ ကောင်းကင်နဲ့မြေပြင်ကြားက ဥပဒေသတွေ ပရမ်းပတာဖြစ်နေချိန်မှာ ကျဆင်းလာခဲ့တယ်… တတိယကောင်းကင်ကဒ်ဘေးဒုက္ခကိုတော့ အစိမ်းရောင်သဲကန္တာရထဲမှာ ရှန်းနန်ကျိန်စာအမိန့်တော်နဲ့ ဖြတ်ကျော်ခဲ့တယ်… အခု စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခမှာတော့ ရှေးဟောင်းမိုးကြိုးသွားကို သူသန့်စင်နိုင်အောင်လို့ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေက ကူညီပေးနေကြတယ် ”

“ အဲ့ဒါဆို ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခကျရင်ရော… ဘယ်အရာက ဒီစတုတ္ထကောင်းကင်ကဒ်ဘေးထက် သာလွန်နိုင်မှာလဲ… နတ်ဘုရားတစ်ပါးက သူ့ရဲ့ ကောင်းကင်ကဒ်ဘေးဒုက္ခမှာ ဝင်ပါမှာလား ”

နင်ယန်သည် ထိတ်လန့်သွားသည်။

ဝူကျန်းဝူသည်လည်း ထိတ်လန့်သွားသည်။ လီယိုဖေးသည် ဂုဏ်ယူစွာ ပြုံးလိုက်သည်။ သူက တည်ငြိမ်နေဟန်ထင်ရသော်လည်း သူ၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်နေသည်။

ဝိညာဉ်သခင်မယုံကျင်းသည်တော့ ရွှီချင်းရှိနေသော ဧရာမသွေးပိုးအိမ်ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏ အတွေ့အကြုံဖြင့်ဆိုလျှင် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ရည်ရွယ်ချက်ကို ခပ်ရေးရေး သူမှန်းဆနိုင်သည်။

“ ပိုးအိမ်ကနေ ဖောက်ထွက်ပြီး လိပ်ပြာဖြစ်လာမှာလား… ”

ခေါင်းဆောင်သည် ခေါင်းမော့လိုက်ပြီး ပြုံးလိုက်သည်။ သူက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

“ ချင်းလေး… လဝတ်ပြုဒေသကြီးက ငါတို့တွေ အမြင့်ပျံသန်းကြမယ့်နေရာပဲ… နီလာနတ်သမီးက မင်းရဲ့ ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခ ဖြစ်လာလိမ့်မယ် ”

လူတိုင်း၏ အသိစိတ်က လှိုင်းထလာနေစဉ် ကျယ်လောင်သော ဟိန်းသံသည် ကောင်းကင်ယံရှိ ဝဲကတော့ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသော မိုးကြိုးသွားတစ်စင်းသည် အချိန်ကာလကို ဖြတ်ကျော်၍ ရွှီချင်း၏ ဦးတည်ရာပေါ်သို့ ကျဆင်းလာသည်။

မိုးကြိုးသွားဆင်းသက်လာသည်နှင့်ချက်ချင်း…

အိမ်ရှေ့စံမင်းသားသည် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး သူ၏ မျက်ခုံးနှစ်ခုကြားမှ နေရာကို ဖိနှိပ်လိုက်သည်။

“ ဒီကမ္ဘာငယ်ရဲ့ ကောင်းကင်နဲ့ မြေပြင်က အခုချိန်မှာ ဒီကောင်လေး အပိုင်ဖြစ်စေ ”

အဌမသားတော်သည် ကျယ်လောင်စွာ ဟိန်းအော်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။

“ ဒီကမ္ဘာငယ်ရဲ့ လိုအင်ဆန္ဒအားလုံးက အခုချိန်မှာ ဒီကောင်လေး အပိုင်ဖြစ်စေ ”

မင်းသမီးမင်မိန်၏ အသံသည် တိုးညင်းစွာ ထွက်ပေါ်လာသည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ အချိန်မြစ်သည် ပေါ်ထွက်လာပြီး ဤလောကဆီသို့ ကြားဖြတ်ဝင်ရောက်လာသည်။

“ ဒီကမ္ဘာငယ်ရဲ့ အချိန်က အခုချိန်မှာ ဒီကောင်လေး အပိုင်ဖြစ်လာစေ ”

ပဉ္စမညီမတော်၏ အသံသည် ညင်သာစွာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ပြန်လည်ကောင်းမွန်နိုင်သော စိတ်ဆန္ဒက ပေါ်လျှိုးလာသည်။

“ ဒီကမ္ဘာငယ်ရဲ့ ပြန်လည်မွေးဖွားခြင်းက အခုချိန်မှာ ဒီကောင်လေး အပိုင်ဖြစ်လာစေ ”

ကောင်းကင်ဘုံမိုးကြိုးသွားသည် တုန်ယင်လာပြီး ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်အသွင် ပြောင်းလဲသွားကာ ဧရာမသွေးပိုးအိမ်ကို ထိမှန်သွားသည်။

ဧရာမသွေးပိုးအိမ်သည် တုန်ယင်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံကို ထုတ်ဖော်လိုက်သည်။ မိုးကြိုးသည် ပြိုကွဲပျက်စီးသွားပြီး မရေမတွက်နိုင်သော လျှပ်စီးတန်းများသို့ ပြောင်းလဲသွားကာ ပိုးအိမ်အတွင်းသို့ တိုးဝင်သွားကြသည်။

နောက်အခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ ဝဲကတော့သည် ထပ်မံလှည့်ပတ်လာသည်။ ထို့နောက် ရှေးဟောင်းမိုးကြိုးသွားတစ်စင်းသည် ဝဲကတော့ထဲမှ မြည်ဟိန်းထွက်လာပြိး ဧရာမသွေးပိုးအိမ်ပေါ်သို့ နောက်တစ်ဖန် ဆင်းသက်လာပြန်သည်။

All Chapters