နှလုံးသားထဲမှာ မုန်တိုင်းရှိတာက အသက်ရှင်သန်ဖို့အတွက် အဓိပ္ပာယ်ပဲ
Vol. 66 Ch. 1036
သို့သော်လည်း နောင်တကို မည်သည့်အရာက ကုစားနိုင်မည်နည်း။
သို့ဖြစ်၍ နင်ယန်က မည်မျှသက်ပြင်းချပါစေ ဆုံးရှုံးသွားပြီးသော အခွင့်အရေးကို ပြန်မရနိုင်တော့ပေ။
ရွှီချင်းသည် နင်ယန်၏ နောင်တကို မြင်သွားသည်။ သူက မည်သည့်စကားမှ မပြောပေ။ ခေါင်းဆောင်သည်တော့ ဂုဏ်ယူဝင့်ကြွားစွာ ပြုမူလိုက်သည်။ အတိတ်တွင် နင်ယန်ကို သူနှင့် ရွှီချင်း၏ အနာဂတ်လက်နက်အဖြစ် သတ်မှတ်ခဲ့သောကြောင့် တစ်ဖက်လူကို သူက သတိပေးခဲ့သည်။
သို့သော်လည်း တစ်ဖက်လူသည် သူ၏ စကားကို မယုံဘဲ အူကို မလှီးဖြတ်ခဲ့ပေ။ ယင်းက သူကိုယ်တိုင် ရွေးချယ်ခဲ့သောအရာ ဖြစ်သည်။ သူနှင့်ဘာမှမပတ်သက်ပေ။
ဤအခိုက်အတန့်မှာ ဆေးဆိုင်သည် တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် အိမ်ရှေ့စံမင်းသားသည် လက်ဖက်ရည်ခွက်ကို ပြန်အောက်ချလိုက်ပြီး ပြုံးလိုက်သည်။ သူက ရွှီချင်းကို ခေါင်းညိတ်ပြသည်။
“ မဆိုးဘူး ”
ရွှီချင်းသည် တုံ့ဆိုင်းနေသည်။ အိမ်ရှေ့စံမင်းသား၏ အပြုံးက အတင်းလုပ်ယူထားခြင်းဖြစ်ကြောင်း သူပြောနိုင်သည်။ သူ့ကောင်းကင်ဘုံတာအို၏ သရုပ်က တစ်ဖက်လူကို အံ့ဩသွားစေခဲ့ကြောင်း သူသိသည်။ ထို့ကြောင့် သူက တစ်စုံတစ်ခု ပြောတော့မည့်အချိန် အိမ်ရှေစံမင်းသားက အမြန် စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ ကောင်းကင်ဘုံတာအိုက မင်းမိသားစုရဲ့ ကိစ္စပဲ… အဲ့ဒါကို ကောင်းကောင်းနားလည်ရင် ရပြီ… အဲ့ဒီအကြောင်းကို ဆက်မပြောရအောင်… အခု မင်းရဲ့ တစ္ဆေအင်ပါယာတောင်ကုန်းကို ပြောမယ် ”
“ အဲ့ဒီတောင်ကုန်းက… ”
အိမ်ရှေ့စံမင်းသား၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ သူက စကားပြောတော့မည့်အချိန် မင်းသမီးမင်မိန်က လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။
ထိုအပြုအမူက အိမ်ရှေ့စံမင်းသားကို ရပ်တန့်သွားစေသည်။ သူက တစ်ခဏတွေးပြီးနောက် အက်ရှရှအသံဖြင့် ပြောသည်။
“ မင်းက ဝိညာဉ်စုစည်းခြင်းခန္ဓာကိုယ်ကို မင်းရဲ့ အသိစိတ်ပင်လယ်ထဲ ရွှေ့ပြောင်းပြီး ဝိညာဉ်နတ်သူငယ်အဖြစ် ဖွဲ့စည်းခဲ့တယ်ဆိုမှတော့ မင်းမှာ ကိုယ်ပိုင်အစီအစဉ်ရှိရမယ်… ဒီလိုဆိုမှတော့ မင်းရဲ့ ကိုယ်ပိုင်အတွေးအတိုင်းပဲ ဆက်လက် လုပ်ဆောင်ပါ ”
“ ဒီနေ့ ငါမင်းကို ခေါ်ရတဲ့အကြောင်းအရင်းက မင်းရဲ့ ကောင်းကင်မိစ္ဆာကိုယ်ပွားကြောင့်ပဲ ”
“ ကောင်းကင်မိစ္ဆာကိုယ်ပွားလား ”
ရွှီချင်း၏ အကြည့်သည် အေးခဲသွားသည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ ပုံရိပ်ယောင်တစ်ရာကျော်သည် သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့အားလုံးက အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့က ဝိညာဉ်များဖြစ်သော်လည်း ဝိညာဉ်မဟုတ်ဟန် ရသည်။
၎င်းတို့၏ ခန္ဓာကိုယ်သည် ဝေဝါးနေပြီး ပုံရိပ်ယောင်ခံစားမှုကို ပေးသည်။ သို့သော်လည်း ၎င်းတို့၏ အန္တရာယ်အရှိန်အဝါသည် အလွန်အားကောင်းသည်။ ၎င်းတို့ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဆေးဆိုင်တစ်ခုလုံးသည် အေးစက်သွားသည်။
ပဉ္စမညီမတော်သည် ဂရုတစိုက် လေ့လာသည်။ အဌမသားတော်သည် ကောင်းကင်မိစ္ဆာကိုယ်ပွားများကို မြင်သွားသောအခါ တိုးညင်းစွာ အော်ပြောလိုက်သည်။
“ ဒါဘယ်လို နတ်ဘုရားအတတ်ပညာလဲ… အသက်ကို ဝိညာဉ်တွေအဖြစ် သန့်စင်ပြီး မြေအောက်လောကရဲ့ အငွေ့အသက်နဲ့ ပေါင်းစပ်ထားတယ်… ဒီထဲမှာ အသူရာချောက်နက်ကိုးခုရဲ့ စိတ်ဆန္ဒလည်း ပါရှိတယ်… ထူးခြားဆန်းကြယ်တယ်… ဒါက သာမန်လူတွေ ဖမ်းဆုပ်နိုင်တဲ့အရာ မဟုတ်ဘူး ”
မင်းသမီးမင်မိန်သည် နက်နဲစွာ တွေးတောလိုက်သည်။
အိမ်ရှေ့စံမင်းသားသည် တိတ်တဆိတ် လေ့လာလိုက်သည်။ ရွှီချင်း၏ ကြောက်မက်ဖွယ်ကောင်းသော နားလည်နိုင်စွမ်းဖြစ်စေ ထူးခြားဆန်းကြယ်သော ဝိညာဉ်နတ်သူငယ်များဖြစ်စေ ယင်းတို့ကို သူညွှန်ပြမပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း နတ်ဘုရားစွမ်းအားနှင့် မန္တန်များကိုတော့ သူက သင်ကြားပေးနိုင်သေးသည်ဟု ခံစားမိသည်။ ထို့ကြောင့် သူက တည်ငြိမ်စွာ ပြောသည်။
“ ဒီဝိညာဉ်နတ်သူငယ်ကျင့်ကြံခြင်းအတတ်ပညာက မင်းရဲ့ဆရာ သင်ကြားပေးခဲ့တဲ့အရာမဟုတ်လား… အဲ့ဒါကို ကောင်းကင်အာဏာစက်စုပ်ယူခြင်းအတတ်ပညာနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် မဆိုးဘူး ”
“ ဒါပေမဲ့ မင်းက ဒီအတတ်ပညာကို သေချာမလေ့လာရသေးဘူး… တကယ်တော့ အဲ့ဒီကောင်ကင်မိစ္ဆာကိုယ်ပွားတွေကို ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းနဲ့ အသုံးပြုနိုင်တယ် ”
ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ကောင်းကင်မိစ္ဆာကိုယ်ပွားများကို ကြည့်လိုက်ပြီး နှုတ်ဆိတ်သွားသည်။ သူ့ဆရာက ဤကျင့်ကြံခြင်းအတတ်ပညာကို သူ့အား လွှဲပြောင်းပေးခဲ့စဉ် ပြောကြားခဲ့သော စကားများကို ရွှီချင်းက ပြန်စဉ်းစားလိုက်သည်။
ထိုကောင်းကင်မိစ္ဆာကိုယ်ပွားများကို ကောင်းကင်ကဒ်ဘေးဒုက္ခအား ကျော်လွှားရာတွင် အသုံးပြုနိုင်ကြောင်း သူ့ဆရာက ပြောကြားခဲ့သည်။
သို့သော်လည်း တိုးတတ်မှုအခြေအနေက အနည်းငယ် သွေဖယ်သွားခဲ့သည်။ ရွှီချင်းတွေ့ကြုံခဲ့ရသော ကောင်းကင်ကဒ်ဘေးဒုက္ခများသည် အိမ်ရှေ့စံမင်းသားကြောင့် အဆပေါင်းများစွာ ပိုအားကောင်းလာခဲ့သည်။ ထို့ကြောင့် ကောင်းကင်မိစ္ဆာကိုယ်ပွားများ၏ ကဒ်ဘေးဒုက္ခခုခံပေးမှုက မထင်မရှားဖြစ်လာခဲ့သည်။
“ စီနီယာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ကြားပေးပါ ”
ရွှီချင်းသည် ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။
အခြေအနေက သူ၏ လက်ထဲသို့ ပြန်ရောက်ရှိလာကြောင်း မြင်လိုက်ရသောအခါ အိမ်ရှေ့စံမင်းသားသည် နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားသည်။ သို့သော်လည်း မတော်တဆဖြစ်နိုင်သေးကြောင်း စဉ်းစားမိသွားသောအခါ သူက တတိယအမတော်ကို ကြည့်လိုက်သည်။
မင်းသမီးမင်မိန်သည် ရုတ်တရက် ပြောသည်။
“ ရွှီချင်း… မင်းရဲ့ ကောင်းကင်မိစ္ဆာကိုယ်ပွားတွေမှာ ရှန်းနန်ကျိန်စာအမိန့်တော်ရဲ့ အငွေ့အသက်ပါရှိတယ်ဆိုတာ ငါအာရုံခံနိုင်တယ်… မင်းရဲ့ ဆရာက တကယ်မရိုးရှင်းဘူး… သူက ဒီနတ်ဘုရားအတတ်ပညာကို မင်းအတွက် ဖန်တီးချိန်မှာ ရှန်းနန်ကျိန်စာအမိန့်တော်ကို မှီငြမ်းခဲ့ပုံပဲ ”
“ ဒီကောင်းကင်မိစ္ဆာကိုယ်ပွားတွေရဲ့ အဓိက ရည်ရွယ်ချက်က ကဒ်ဘေးဒုက္ခကို ကျော်လွှားနေချိန် မင်းရဲ့ နေရာမှာ အစားထိုးဖို့ပဲ ”
“ ဒါပေမဲ့ မင်းရဲ့ ကျောက်ရှာအလင်းနဲ့ ကောင်းကင်မိစ္ဆာကိုယ်ပွားတွေကို ဖုံးလွှမ်းလိုက်ပြီး အဲ့ဒါတွေကို မင်းနဲ့ ရုပ်ချင်းဆင်တူတဲ့ ဝိညာဉ်တွေအဖြစ် ပြောင်းလဲပစ်ဖို့ရော စဉ်းစားကြည့်ဖူးလား ”
“ ဒီနည်းနဲ့ဆိုရင် မင်းက တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်တဲ့အခါ ကောင်းကင်မိစ္ဆာကိုယ်ပွားတွေကို ဆင့်ခေါ်လိုက်ပြီး ရန်သူကို စိတ်ရှုပ်ထွေးသွားအောင် ပြုလုပ်နိုင်လိမ့်မယ်… ရန်သူက အတုနဲ့ အစစ်ကို အလွယ်တကူ ခွဲခြားနိုင်မှာမဟုတ်ဘူး… တစ်ချိန်တည်းမှာ မင်းက တိုက်ခိုက်တာရော နောက်ဆုတ်တာရော ခုခံတာရော ပြုလုပ်နိုင်တယ်… ဒီနည်းလမ်းမှာ အဆုံးမဲ့တဲ့ အလားအလာတွေ ရှိတယ် ”
ဤသည်ကို အိမ်ရှေ့စံမင်းသားကြားသောအခါ သူက ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ ငါလည်းပဲ အဲ့လိုထင်တယ်… မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို ကောင်းကင်မိစ္ဆာကိုယ်ပွားတွေထဲမှာ ရောနှောနိုင်မယ်ဆိုရင် မင်းရဲ့ တိုက်ပွဲစွမ်းအားက သေချာပေါက် တိုးတတ်သွားလိမ့်မယ်… ရန်သူက မင်းကို ရင်ဆိုင်ဖို့ အတော်လေး ခက်ခဲလိမ့်မယ် ”
သူတို့နှစ်ယောက်၏ စကားကို ကြားသောအခါ ခေါင်းဆောင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ နင်ယန်နှင့် ဝူကျန်းဝူသည် ပိုပြီးအံ့ဩသွားသည်။ အကယ်၍ သူတို့က တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေစဉ် ရုတ်တရက် သဏ္ဍာန်တူသော ပုံရိပ်တစ်ရာကျော်က ဘွားခနဲ ထွက်ပေါ်လာမည်ဆိုလျှင် ရင်ဆိုင်ရ အလွန်ခက်ခဲလိမ့်မည်။
ရွှီချင်း၏ မျက်လုံးသည် ဝင်းလက်သွားသည်။ သူက ထိုနည်းလမ်းကို ယခင်က မတွေးမိခဲ့ပေ။ ရိုသေလေးစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
သို့သော်လည်း မန္တန်များ၏ အပြောင်းအလဲထက်စာလျှင် သူက ဝိညာဉ်နတ်သူငယ်များ၏ အပြောင်းအလဲများကို ပိုပြီးမျှော်လင့်သည်။ သို့ဖြစ်၍ သူက အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်ကို ကြည့်လိုက်ပြီး သူတို့၏ နောက်ထပ်ညွှန်ကြားမှုကို စောင့်ဆိုင်းသည်။
“ စီနီယာ… ငါ့မှာ နောက်ထပ်ထူးခြားတဲ့ ဝိညာဉ်နတ်သူငယ်တစ်ကောင်ရှိပါတယ်… အဲ့ဒါက (ဃ၁၃၂)လို့ခေါ်တဲ့ အကျဉ်းထောင်ပါ… အကျဉ်းထောင်ထဲမှာ နတ်ဘုရားတစ်ပါးရဲ့ လက်တစ်ချောင်းရှိပါတယ် ”
“ ကိုယ်ဝါးနိုင်တာထက် ပိုမစားရဘူး ”
အိမ်ရှေ့စံမင်းသားသည် တင်းမာသော လေသံဖြင့် ပြောသည်။
“ အရင်ဆုံး မင်းရဲ့ ကောင်းကင်မိစ္ဆာကိုယ်ပွားတွေကို တိုးတတ်အောင် လုပ်ပါ… စိတ်မလောရဘူး… မင်းက အဲ့ဒါကို ဂရုတစိုက် စဉ်းစားရမယ် ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူက ဆန္ဒစောသွားကြောင်း သိသည်။ ထို့ကြောင့် သူက ဦးညွတ်လိုက်ပြီး နောက်ဖေးခန်းထဲသို့ လျှောက်သွားသည်။ သူက အခန်းထဲမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်မိစ္ဆာကိုယ်ပွားကို စတင်လေ့လာလိုက်သည်။
ထိုသို့ဖြင့် အချိန်သည် ကုန်ဆုံးသွားသည်။
ယခုဆိုလျှင် ရွှီချင်းနှင့် တခြားလူများက နတ်ဘုရားကွပ်မျက်စင်မှ ထွက်ခွာလာခဲ့သည်မှာ ခြောက်ရက်ရှိသွားပြီ ဖြစ်သည်။
ထိုခြောက်ရက်အတွင်းမှာ မီးခိုးရောင်မုန်တိုင်းသည် သဲမုန်တိုင်းထဲမှာ ဆက်လက် ဟိန်းဟောက်နေသည်။ ယင်းက ကောင်းကင်ကို ဖုံးအုပ်ထားပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
သဲကန္တာရ၏ အပြင်ဘက် လဝတ်ပြုဒေသကြီးထဲမှ ဧရိယာအတော်များများမှာ ကြမ်းတမ်းသော မုန်တိုင်းများဖြင့် ပရမ်းပတာဖြစ်နေသည်။ သို့သော်လည်း ထိုမုန်တိုင်းသည် ဒြပ်ထည်ရှိသောအရာ မဟုတ်ပေ။ ယင်းက သက်ရှိအားလုံး၏ နှလုံးသားထဲမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
အုပ်ချုပ်သူလီဇီဟွားက နီလာနတ်သမီးကို သတ်ဖြတ်ခဲ့သော မြင်ကွင်းသည် ထိုမုန်တိုင်း၏ ဇစ်မြစ်ဖြစ်သည်။ ယင်းက သက်ရှိအားလုံး၏ စိတ်ထဲမှာ အစဉ်မပြတ် လှုပ်ခတ်နေပြီး ခုခံချင်သော စိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးနေသည်။
သူတို့ဆီမှာ သေခြင်းကံကြမ္မာဖြင့် ရင်ဆိုင်ရန် အချိန်တစ်နှစ်ပင် မကျန်တော့ပေ။ အကယ်၍ သူတို့က ကံကြမ္မာကို မတော်လှန်လျှင် သေချာပေါက် အစာဖြစ်လာလိမ့်မည်။
အကယ်၍ သူတို့က တော်လှန်ပြီး သေဆုံးသွားမည်ဆိုလျှင်ပင် ဤဆိုးဝါးသော ဘဝမှာ ခေါင်းမော့ရင်ကော့ ထွက်သွားနိုင်လိမ့်မည်။
အနည်းဆုံးတော့ သူတို့က ဤဘဝမှာ စစ်မှန်သော အဓိပ္ပာယ်ကို ရှာတွေ့ခဲ့သည်ဟု ဆိုနိုင်လိမ့်မည်။
နတ်ဘုရားများသည် ပြိုင်ဘက်ကင်းတည်ရှိမှုမဟုတ်ပေ။ မျှော်လင့်ချက်က ထာဝရ တည်ရှိနေလိမ့်မည်။ သို့ဆိုလျှင် သူတို့က ရုန်းကန်ရပေမည်။ ရူးမိုက်စွာ ခုခံရပေမည်။ သို့မှသာ သူတို့၏ နောက်ဆုံးအခိုက်အတန့်မှာ မတူကွဲပြားသော အရောင်များကို ချန်ထားနိုင်လိမ့်မည်။
အနည်းဆုံးတော့ ယင်းက မျှော်လင့်ချက် ဖြစ်သည်။
မုန်တိုင်းသည် သက်ရှိအားလုံး၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ဂိုဏ်းတိုင်း၊ မျိုးနွယ်စုတိုင်းနှင့် မြို့တိုင်းသည် အော်ဟစ်လိုက်ကြပြီး လှုပ်ရှားကြသည်။
တစ်ချိန်တည်းမှာ လပုန်ကန်ခန်းမဝင်များဖြင့် ဖွဲ့စည်းထားသော တော်လှန်ရေးစစ်တပ်သည် နေရာအသီးသီးမှ အရေအတွက်များပြားသော အဖွဲ့ဝင်များကို ကြိုဆိုလက်ခံလာသည်။ ယခင်က မျှော်လင့်ချက်မဲ့နေကြသော ကျင့်ကြံသူအများအပြားသည် တော်လှန်ရေးစစ်တပ်ထဲသို့ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်လာကြသည်။
မျိုးနွယ်စုများနှင့် ဂိုဏ်းများမှ အရေအတွက်များပြားသော ကျင့်ကြံသူများသည် အနီရောင်လဗိမာန်ကို ရွံရှာမုန်းတီးသော အကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့၏ နှလုံးသားထဲမှာ ဆေဘာဓားကို မြှောက်တင်ထားကြသည်။
လပုန်ကန်ခန်းမထဲမှ လက်ထောက်ခန်းမသခင်ငါးယောက်သည် ပိတ်ကားနောက်ကွယ်မှ ထွက်လာရန် ရွေးချယ်ခဲ့ကြသည်။ သူတို့၏ ဘဝတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် သူတို့၏ သရုပ်မှန်ကို ထုတ်ဖော်လိုက်ကြပြီး တော်လှန်ရန် သက်ရှိအားလုံးကို လက်ကမ်းခေါ်ခဲ့သည်။
ထိုလက်ထောက်ခန်းမသခင်ငါးယောက်ထဲမှာ တချို့သည် မိသားစုကြီးများ၏ ခေါင်းဆောင်များဖြစ်ပြီး တချို့သည် ဂိုဏ်း၏ အထွတ်အမြတ် အကြီးအကဲများဖြစ်ကြသည်။ တချို့သည် တစ်ခေတ်တစ်ခါက လဝတ်ပြုဒေသကြီးထဲမှာ နာမည်ကျော်ကြားခဲ့ပြီး ဇာတ်မြှုပ်သွားခဲ့ကြသော ပညာရှင်ကျင့်ကြံသူများဖြစ်ကြသည်။
သူတို့အားလုံး၏ ကျင့်ကြံခြင်းသည် စတုတ္ထဗလာနတ္ထိအဆင့်၏ အထွတ်အထိပ်မှာ ရှိကြသည်။
သူတို့၏ သရုပ်အဆင့်အတန်း၊ ကျင့်ကြံခြင်းစွမ်းအားနှင့် ရဲစွမ်းသတ္တိကြောင့် လက်ထောက်ခန်းမသခင်ငါးယောက်သည် ဝဲကတော့ကြီးငါးခုအသွင် ပြောင်းလဲသွားကြပြီး အနယ်နယ်အရပ်ရပ်မှာရှိသော ကျင့်ကြံသူများကို ဆွဲဆောင်ကြသည်။
သူတို့က စစ်ပွဲဇုန်ငါးခုကို ဖွဲ့စည်းခဲ့ကြသည်။
ထိုအခါ အနီရောင်လဗိမာန်သည် ဒေါသထွက်သွားပြီး ဖိနှိပ်မှုကို စတင်ပြုလုပ်သည်။
သို့သော်လည်း ထူးဆန်းသည့်ကိစ္စမှာ အနီရောင်လဗိမာန်၏ မြင့်မြတ်ဘုန်းတော်ကြီးက ကိုယ်တိုင်မပါဝင်ခဲ့ခြင်း ဖြစ်သည်။ သူ့မှာ တခြားအကြောင်းကိစ္စများရှိဟန်ရပြီး ဌာနချုပ်ကို ကာကွယ်ရန် ရွေးချယ်ခဲ့သည်။
သို့တိုင် အနီရောင်လဗိမာန်ထဲမှာ အင်အားစုများစွာရှိသောကြောင့် ဆက်လက်ဖိနှိပ်ထားခဲ့သည်။
စစ်ပွဲ၏ မီးတောက်များသည် လဝတ်ပြုဒေသကြီး၏ နေရာတိုင်းနီးပါးမှာ ပေါ်လျှိုးလာသည်။
သဲကန္တာရတစ်ခုတည်းသာ ငြိမ်းချမ်းသောနေရာ ဖြစ်လာသည်။
ရွှီချင်းသည် သူ၏ ကောင်းကင်မိစ္ဆာကိုယ်ပွားများကို လေ့လာနေဆဲပင်။ ကျောက်ရှာအလင်း၏ တိုးတတ်မှုအောက်မှာ သူက ကောင်းကင်မိစ္ဆာကိုယ်ပွားများကို သူနှင့် ရုပ်သဏ္ဍာန်တူသော ဝိညာဉ်များအဖြစ် ပြောင်းလဲနိုင်ပေသည်။
သို့သော်လည်း သူ့ကိုယ်သူ ကောင်းကင်မိစ္ဆာကိုယ်ပွားအဖြစ် ပြောင်းလဲခြင်းသည် သူ့အတွက် အလွန်ခက်ခဲ၏။ သူတို့၏ အနှစ်သာရသည် ခြားနားပြီး အသွင်ပြောင်းလဲခြင်းမှာ အတားအဆီးများရှိသည်။ ထို့ကြောင့် ရွှီချင်းသည် ဖုံးကွယ်ခြင်းမှာ အာရုံစိုက်ခဲ့သည်။
သူက ဖုံးကွယ်ခြင်းအတတ်ပညာကို အသုံးပြုလျှင် သူလိုချင်သော ဦးတည်ရာဖြစ်သည့် ရန်သူ၏ အလစ်အငိုက်ကို အမိဖမ်းနိုင်လိမ့်မည်။
အပြင်လောကမှ စစ်ပွဲကိုတော့ လပုန်ကန်ခန်းမမှတဆင့် သူအာရုံစိုက်ခဲ့သည်။ ထိုစစ်ပွဲက သူ့အတွက် သိပ်မဝေးကွာတော့ကြောင်း အာရုံရနေသည်။
အဘယ့်ကြောင့်ဆိုသော် ပဉ္စမညီမတော်နှင့် အဌမသားတော်က ပျောက်ကွယ်သွားကြောင်း သူသတိပြုမိသောကြောင့် ဖြစ်သည်။
သူတို့က မည်သည့်နေရာသို့ ထွက်သွားကြောင်း သူမသိပေ။
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ လာမည့်ရက်များတွင် စီနီယာအကိုကြီး၏ ပုံမှန်မဟုတ်သော အပြုအမူများကို သူသတိပြုမိလာသည်။
စီနီယာအကိုကြီးသည် အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်နားသို့ ယခင်ကထက် ပိုကပ်လာသည်။ အထူးသဖြင့် အိမ်ရှေ့စံမင်းသားထံ ဖြစ်သည်။
သူက ရေနွေးကို ကိုယ်တိုင်ကျိုပေးသည်။ လက်ဖက်ရည်ဖျော်ပေးခြင်းအပြင် သူက အိမ်ရှေ့စံမင်းသား၏ ပခုံးနှင့် ခြေလက်များကို ဆန္ဒရှိစွာ နှိပ်နယ်ပေးသည်။ သူက ထိုကိစ္စများကို စိတ်အားထက်သန်စွာ လုပ်ပေးနေခြင်း ဖြစ်သည်။
ရွှီချင်းသည် သူ၏ စီနီယာအကိုကြီးက အိမ်ရှေ့စံမင်းသားထံမှ တစ်စုံတစ်ခုကို တောင်းဆိုတော့မည်ဖြစ်ကြောင်း အာရုံရလာသည်။
ထိုအဖြေကို နောက်ငါးရက်ကြာပြီးနောက် သူသိရှိခဲ့သည်။
ထိုနေ့တွင် ရွှီချင်းက ကောင်းကင်မိစ္ဆာကိုယ်ပွားကို လေ့လာနေချိန် အိမ်ရှေ့စံမင်းသား၏ ခေါ်သံကို ကြားလိုက်ရသည်။
“ ရွှီချင်း… ဒီကို လာဦး ”
ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး အဓိကခန်းမကို ကြည့်လိုက်သည်။ ခေါင်းဆောင်က အိမ်ရှေ့စံမင်းသားကို ယပ်ခတ်ပေးနေကြောင်း သူသတိပြုမိသွားသည်။ ခေါင်းဆောင်၏ အမူအရာမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းသည် တစ်ခဏတွေးတောပြီးနောက် အပြင်ထွက်လာသည်။ သူက ခေါင်းဆောင်နှင့် အကြည့်ချင်းဆုံသွားသည့်အခါ ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး ပိုပြီးမြန်မြန် ယပ်ခတ်ပေးလိုက်သည်။
“ စီနီယာ ”
ရွှီချင်းသည် အမြန်လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။
“ အစကတော့ အဲ့ဒါကို အချိန်နည်းနည်းကြာပြီးမှ မင်းကို ပေးမယ်လို့ ငါစိတ်ကူးထားခဲ့တာ… ဒါပေမဲ့ အားညိုက နည်းနည်းဆန္ဒစောနေတယ်… ဒါကြောင့် မင်းကို စောစော ငါပေးရတော့မယ် ”
အိမ်ရှေ့စံမင်းသားသည် တည်ငြိမ်စွာ ပြောပြီးနောက် လက်ဝှေ့ယမ်းလိုက်ပြီး ကြေးမုံအစိတ်အပိုင်းတစ်ခုကို ထုတ်လိုက်သည်။
ထိုကြေးမုံသည် လပုန်ကန်ခန်းမနှင့် ဆက်နွယ်နေသော ကောင်းကင်ဘုံမျက်လုံးအပိုင်းအစမှလွဲ၍ တခြားမဟုတ်ပေ။ ယင်းက သက်ရှိအားလုံး၏ စိတ်ထဲသို့ ပုံရိပ်ပြန်နိုင်သည်။
ထိုကြေးမုံကို ကြည့်နေရင်း ခေါင်းဆောင်၏ မျက်လုံးထဲမှာ လိုချင်တပ်မက်မှုဖြင့် ပြည့်နှက်လာသည်။ သူက ထိုကြေးမုံအတွက် ဤအတောအတွင်း အိမ်ရှေ့စံမင်းသားကို ခယခဲ့ရသည်။
ရွှီချင်းသည် ကြေးမုံကို ကြည့်လိုက်သည်။ ထိုပစ္စည်းက အလွန်ထူးခြားကြောင်း သူသိသည်။
“ လပုန်ကန်ခန်းမက ငါ့ခမည်းတော်ရဲ့ အထွတ်အမြတ်ရတနာ ကောင်းကင်ဘုံမျက်လုံးကနေ ဖြစ်ပေါ်လာတာပဲ… ဒါပေမဲ့ အဲ့ဒါက နီလာနတ်သမီးနဲ့ တိုက်ပွဲမှာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားခဲ့တယ်… ဒီဟာက ကောင်းကင်ဘုံမျက်လုံးရဲ့ အကြီးမားဆုံး အပိုင်းအစပဲ ”
အိမ်ရှေ့စံမင်းသားသည် ကြေးမုံကို ထိလိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
“ ဒီကြေးမုံကို အသုံးပြုပြီး လပုန်ကန်ခန်းမဆီ ဝင်ရောက်မယ်ဆိုရင် တခြားကြေးမုံတွေကို အသုံးပြုတာနဲ့ ခြားနားလိမ့်မယ် ”
“ ဒီကြေးမုံက လပုန်ကန်ခန်းမရဲ့ ခန်းမသခင် အရည်အချင်းစမ်းသပ်မှုကို အသက်သွင်းနိုင်တယ် ”
“ တကယ်လို့ မင်းက စမ်းသပ်မှုကို အောင်မြင်သွားမယ်ဆိုရင် လပုန်ကန်ခန်းမရဲ့ ခန်းမသခင်ဖြစ်လာလိမ့်မယ်… တကယ်လို့ မင်းက ကျရှုံးသွားရင် သေချာပေါက် လက်ထောက်ခန်းမသခင် ဖြစ်လာလိမ့်မယ်… လပုန်ကန်ခန်းမရဲ့ လက်ထောက်ခန်းမသခင်ငါးယောက်စလုံးက ဒီနည်းလမ်းအတိုင်း ပေါ်ပေါက်လာခဲ့ကြတာ ”
“ ဒါပေမဲ့ စမ်းသပ်မှုကို တစ်ကြိမ်ပဲ အသက်သွင်းနိုင်တယ်…တကယ်လို့ မင်းတို့နှစ်ယောက်က ဒီတစ်ကြိမ် ဝင်ရောက်ပြီးသွားရင် ကြေးမုံရဲ့ စမ်းသပ်မှုအသက်သွင်းနိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်… လပုန်ကန်ခန်းမက အချိန်အတော်ကြာ အိမ်မောကျသွားပြီး အားပြန်ဖြည့်ပြီးမှပဲ အဲ့ဒါကို နောက်တစ်ကြိမ် အသက်သွင်းနိုင်လိမ့်မယ် ”
အိမ်ရှေ့စံမင်းသားသည် စကားပြောပြီးနောက် ကြေးမုံကို စားပွဲခုံပေါ်မှာ တင်လိုက်သည်။
“ မင်းတို့နှစ်ယောက် အတူတူဝင်ရောက်ရမယ်… မင်းတို့ထဲမှာ ဘယ်သူက ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်မလဲ ကြည့်တာပေါ့ ”
အိမ်ရှေ့စံမင်းသားသည် မတ်တတ်ရပ်လိုက်ပြီး ဆေးဆိုင်အပြင်သို့ လျှောက်သွားသည်။ သူက ဤအတောအတွင်း လာမည့်တိုက်ပွဲအတွက် စီစဉ်မှုများနှင့် ပြင်ဆင်မှုများစွာကို ကြိုပြုလုပ်ထားရမည်။
အိမ်ရှေ့စံမင်းသားက ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် ဝမ်းသာပျော်ရွှင်သွားသည်။ သူက စိတ်အားထက်သန်သော အမူအရာဖြင့် ကြေးမုံကို မယူလိုက်သည်။
“ ချင်းလေး… နောက်ဆုံးတော့ ဒီအခွင့်အရေးကို ငါရလာပြီ… ဟား ဟား… မင်းက အမှတ်ကိုးဆေးလုံးဆရာသခင်မဟုတ်လား… ကိစ္စမရှိပါဘူး… ဒီတစ်ကြိမ် ငါက… လပုန်ကန်ခန်းမရဲ့ ခန်းမသခင်ဖြစ်လာရမယ် ”
“ ငါက ဒီအတွက် အချိန်အကြာကြီး ပြင်ဆင်ထားပြီးသားပါ ”
“ ချင်းလေး… ခဏနေ ငါတို့အထဲဝင်တဲ့အခါကျရင် မင်းက စိတ်ကျေနပ်သလို ကစားနိုင်ပါတယ်… ဘာဖိအားမှ ခံစားစရာမလိုသလို ငါ့ကို ဂရုစိုက်ဖို့လည်း မလိုပါဘူး… ငါက ဘာပဲဖြစ်လာပါစေ မင်းက ဘာမှမမြင်သလိုမျိုး ဟန်ဆောင်ပေးပါ ”
“ ငါ့မှာ အစီအစဉ်ရှိတယ် ”
ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးသည် ဝင်းလက်တောက်ပနေသည်။