← Chapters

အရိုးဘုရင်ရဲ့ သမားရိုးကျမဟုတ်သောပြောင်းလဲမှု

Vol. 39 Ch. 573

အရိုးဘုရင်ရဲ့ သမားရိုးကျမဟုတ်သောပြောင်းလဲမှု

Vol. 39 Ch. 573

ဤအဆင့်မြှင့်ထားသော အသံလှိုင်း မှော်စွမ်းရည်သည် ထွင်ထျန်းဟာကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။

ထွင်ထျန်းဟာက ဤမှော်စွမ်းရည် မည်မျှ အစွမ်းထက်သည်ကို သိရှိထားပြီးဖြစ်သည်။

ကုန်းငါးမန်းက ရွှေရောင်ကျောကုန်း ဂေါ်ရီလာ၏ ကျောပေါ်တွင် ရွှေခေါင်းလောင်းအား တင်လိုက်သည်ကို မြင်သည်နှင့် ထွင်ထျန်းဟာက ကုန်းငါးမန်း၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။

ကုန်းငါးမန်းက အသံလှိုင်း မှော်စွမ်းရည်၏ အဆုံးစွန်သော ဗားရှင်းကို ရွှေခေါင်းလောင်းကို အသုံးပြု၍ ဖော်ထုတ်ရန် စီစဉ်နေခဲ့သည်။

ဤတိုက်ခိုက်မှုက ပုံမှန်တိုက်ခိုက်မှုထက် ၁၀ ဆပိုမိုအားကောင်းနိုင်သည်ဟု ထွင်ထျန်းဟာ ခန့်မှန်းနိုင်သည်။

ယခင်က ကုန်းငါးမန်း အသုံးပြုခဲ့သော အသံလှိုင်းမှော်စွမ်းရည်သည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

သို့သော်လည်း ရွှေခေါင်းလောင်းကို အသံချဲ့စက်အဖြစ်အသုံးပြုခြင်းဖြင့် အရပ်မျက်နှာ အသီးသီးသို့ ရောက်ရှိသွားနိုင်သည့် ဝိညာဉ်စွမ်းအားလှိုင်းများသည် အတူတကွ စုစည်းသွားနိုင်ပြီး မူလစွမ်းအားထက်ပင် အဆပေါင်းများစွာ တိုးတက်လာနိုင်သည်။

ကုန်းငါးမန်းသည် မူလကတည်းကပင် မာနကြီးပြီး ပြိုင်ဆိုင်မှု ပြင်းထန်သောမျိုးစိတ် ဖြစ်သည်။

ထွင်ထျန်းဟာက ကုန်းငါးမန်း၏ တိုက်ခိုက်မှုကို လုံးဝအာရုံစိုက်နေပြီး ပေါ့ပေါ့ဆဆ သဘောမထားရဲခဲ့ပေ။

ဤကဲ့သို့သော တိုက်ခိုက်မှုနှင့် ကြုံတွေ့ရသည်က ရှားပါးသောအခွင့်အရေးတစ်ခုဖြစ်​၍ ထွင်ထျန်းဟာ သဘောကျနေခဲ့သည်။

တစ်ဖက်တွင်လည်း ဝေ့ကျစ်က သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ကိုယ်ပိုင်မှော်ရတနာတစ်ခုကို ထုတ်ယူခဲ့သည်။

ထိုမှော်ရတနာသည် အလွန်အစွမ်းထက်သော မှော်ရတနာတစ်ခုဖြစ်သည့် ခေါက်ယပ်တောင် ဖြစ်သည်။

ဝေ့ကျစ်က ခေါက်ယပ်တောင်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် ခိုင်ခံ့သော အတားအဆီးတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားခဲ့သည်။

ဤအရာက ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိစေသောအရာ ဖြစ်သည်။

ကုန်းငါးမန်းက အသံလှိုင်းမှော်စွမ်းရည်ကို လက်တွေ့ အသုံးမပြုရသေးသော်လည်း အစောပိုင်း အတွေ့အကြုံကို အခြေခံ၍ ဝေ့ကျစ်က ဖိအားများကို ဆက်လက် ခံစားနေရဆဲ ဖြစ်သည်။

အသံလှိုင်းစွမ်းအားက အလွန် ကြောက်မက်ဖွယ်ကောင်းသည်။

ကုန်းငါးမန်း တစ်ကောင်တွင် ဤစွမ်းရည်မျိုး ရှိမည်ဟု ဝေ့ကျစ် တစ်ခါမှ မထင်ထားခဲ့ပေ။

ကုန်းငါးမန်းက သရေစာစားရုံဖြင့် ၎င်း၏သားရဲ အတန်းအစားနှင့် လုံးဝကိုက်ညီမှု မရှိသော ခွန်အားကို လှုံ့ဆော်နိုင်သည် မဟုတ်လော။

ထိုအခိုက်အတန့်တွင် ကုန်းငါးမန်းသည်​ ခြေရာမဲ့လေချဥ်တက် အသံလှိုင်း၏ နောက်ဆုံးဗားရှင်းကို ထုတ်ဖော်လိုက်ရာ မူလက မမြင်နိုင်သော အသံလှိုင်းစွမ်းအားများသည် လူတိုင်းရှင်းလင်းပြတ်သားစွာ မြင်နိုင်သော အသံလှိုင်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း၏ နှလုံးသားထဲတွင် တုန်လှုပ်သွားခဲ့သည်။

မမြင်နိုင်သောအ သံလှိုင်းများကို မြင်သာထင်သာရှိသော စွမ်းအားများ အဖြစ် ပြောင်းလဲနိုင်ခြင်းသည် ထိုမှော်စွမ်းရည် မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်း သက်သေပြရန်လုံလောက်သည်။

ဤစွမ်းအားမျိုးက သာမန်အားဖြင့် ထုတ်ဖော်နိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။

မှော်ခေါင်းလောင်း၏ အသံချဲ့စက် အစွမ်းကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

အသံလှိုင်းလုံးကြီးက ထွင်ထျန်းဟာကိုသာ ဦးတည်နေသည်။

ဤတိုက်ပွဲကို ကြည့်ရှုသူတိုင်းက အံ့အားသင့်နေကြသည်။

ထိုစွမ်းအားသည် နျူကလီးယထိပ်ဖူးမှ ပစ်လွှတ်လိုက်သည့်အမြောက် နှင့်ပင် တူနေသည်။

၎င်းက အဆင့်လွန်ရောင်ခြည်ကဲ့သို့ ၎င်း၏ ရှေ့ရှိ အရာအားလုံးကို ချေမှုန်းပစ်တော့မည့် အလားပင်။

ပတ်ဝန်းကျင်တစ်ခုလုံးက ကုန်းငါးမန်း၏ ဧရာမအသံလှိုင်းရိုက်ခတ်သည့်အသံကို ခံစားနေရသည်။

ဤတိုက်ခိုက်မှုက အရာအားလုံးကို မျက်စိတစ်မှိတ် အတွင်း ပြာမှုန်များအဖြစ် ပြောင်းလဲသွားစေနိုင်သည် အထိ အဆုံးမဲ့အစွမ်းရှိသည်။

ယင်းက ထွင်ထျန်းဟာအတွက် ကြီးမားသောစမ်းသပ်မှု တစ်ခုပင်။

ကုန်းငါးမန်းက သူ၏တိုက်ခိုက်မှုအပေါ် အလွန်ပင် ယုံကြည်နေပုံရသည်။

သို့သော် အမွှေးစိမ်းခွေး၏ အစွမ်းသတ္တိက သူ့ကို ထပ်မံ အံ့ဩစေခဲ့သည်။

သူက ပြင်းထန်သောအသံလှိုင်း တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်ခဲ့သော်လည်း အမွေးစိမ်းခွေးက နေရာမှပင် တစ်လက်မမျှ မရွေ့ခဲ့ပေ။

ကုန်းငါးမန်းက ထွင်ထျန်းဟာကို အကဲခတ်လိုက်သည်။

"ငါ့ရဲ့တိုက်ခိုက်မှုက တကယ်ပဲ နည်းနည်းလေးမှ အသုံးမဝင်ဘူးလား"

ကုန်းငါးမန်းက မျက်စိရှေ့မှမြင်ကွင်းကို မယုံနိုင်ဖြစ်နေသည်။

"ဒီအမွေးစိမ်းခွေးရဲ့ ဇစ်မြစ်က ဘာများဖြစ်နေမလဲ"

ဤအမွေးစိမ်းခွေး ဆုပ်ကိုင်ထားသည့် မြစိမ်းရောင်တုတ်၏ အပြောင်းအလဲကို သူသတိထားမိလိုက်သည်။

သူ၏တိုက်ခိုက်မှုကြောင့် မြစိမ်းရောင်တုတ်က နှစ်ပိုင်းပြတ်သွားခဲ့သည်။

ယင်းက သူ၏တိုက်ခိုက်မှု​ အမှန်တကယ် အကျိုးသက်ရောက်မှုရှိကြောင်း သက်သေပြနိုင်သည်။

တစ်ချိန်တည်းမှာပင် ကုန်းငါးမန်းသည် ဤအမျိုးအမည်မသိရသော မြစိမ်းရောင်တုတ်က သူ၏ အစွမ်းကုန်တိုက်ခိုက်ခြင်းကို ရင်ဆိုင်နိုင်သည်အထိ ခိုင်ခံ့ကြောင်း သဘောပေါက်လိုက်သည်။

ထို့နောက်တွင် ပို၍အံ့ဩဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။

ကုန်းငါးမန်း၏ အသံလှိုင်းစွမ်းအားကြောင့် မြစိမ်းရောင်တုတ်က နှစ်ပိုင်းကွဲသွားခဲ့သည်။

သို့တိုင် ၎င်းက အရိုးဘုရင်၏စွမ်းအားကို အပြောင်းအလဲဖြစ်စေမည် မဟုတ်သဖြင့် ဝေ့ကျစ်က ဝမ်းသာနေသည်။

ဝေ့ကျစ် "ညီနောင်ခွေး''

ထွင်ထျန်းဟာ ".........."

"ညီနောင်ခွေး.. မင်းရဲ့အရိုးဘုရင်က နှစ်ပိုင်း ကွဲသွားပြီဆိုတော့ ဘယ်လိုပုံစံကို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်မလဲဆိုတာ စဉ်းစားဦး"

ထိုစကားကိုကြားသောအခါ ထွင်ထျန်းဟာက သေချာစဉ်းစားလိုက်သည်။

သူက ဝေ့ကျစ်၏ တိုက်တွန်းချက်ကို နားထောင်ပြီး ဤနှစ်ပိုင်းကွဲနေသော အရိုးဘုရင်ကို ပြောင်းလဲရန် စိတ်ကူးကြည့်လိုက်သည်။

စက္ကန့်များစွာ ကြာပြီးနောက်တွင် ဝေ့ကျစ်က ရုတ်တရက် အကြံဉာဏ်ရလာသည်။

"ညီနောင်ခွေး"

ထွင်ထျန်းဟာ "???"

ဝေ့ကျစ် "နံချပ်ကူကိုပဲ လုပ်လိုက်တော့.. အဲတာကအမြန်ဆုံးပဲ.. ဟားဟားဟား"

ထွင်ထျန်းဟာ ".........."

.......................

ထိုအတောအတွင်း အခြားနေရာများတွင် ညဦးစီးမှုးအဖွဲ့အစည်းသည် စုံစမ်းစစ်ဆေးမှုကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

ညဦးစီးမှူးအဖွဲ့အစည်း၏ ဥက္ကဌအနေဖြင့် ညသရဲဝိညာဥ်အင်ပါယာသည် မကြုံစဖူး အရှက်ရသွားခဲ့သည်။

သူက နိုင်ငံရပ်ခြားမှ ကြီးကျယ်ခမ်းနားသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

သို့သော်လည်း သူ၏လက်များကို အမျိုးအမည် မသိသောမှော်ရတနာက အမှန်တကယ် ဖြုတ်သွားခဲ့သည်။

ဒါတင်မကဘဲ သူ၏ အရည်အချင်းရှိသောလက်အောက်ငယ်သား အက်ဒ်မတ်လည်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

ဤသည်က သူ့ကို ဒေါသအိုးပေါက်ကွဲစေခဲ့သည်။

မှော်ရတနာ၏ အဖျက်စွမ်းအား သက်ရောက်မှုက သူထင်ထားသည်ထက် များစွာ ပို၍ အားကောင်းသောကြောင့် သူ၏လက်က ယခုတိုင် မသက်သာသေးပေ။

ထိုအဖျက်စွမ်းအားက သူ၏ပြန်လည်ကုသနိုင်စွမ်းကို ဖိနှိပ်ရုံသာမက သူတစ်ခါမှ မခံစားခဲ့ဖူးသော နာကျင်မှုကိုပင် ခံစားရစေသည်။

သူ၏ဒဏ်ရာကို ပုရွက်ဆိတ်များက အဆက်မပြတ် ကိုက်စားနေကြသည်ဟု သူခံစားနေရသည်။

"ရလဒ်တွေထွက်ပေါ်လာပြီလား"

ညသရဲဝိညာဉ်အင်ပါယာက သူ့ဘေးမှ လက်အောက်ငယ်သားကို မေးလိုက်သည်။

""အစီအရင်ခံပါတယ် ဝိညာဉ်အင်ပါယာ.. စုံစမ်းနေတုန်းပါပဲ"

လက်အောက်ငယ်သားက ပြန်ဖြေလိုက်သည်။

"အသုံးမကျဘူး"

ညသရဲဝိညာဥ်အင်ပါယာက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘာသိထားတာရှိလဲ"

လက်အောက်ငယ်သားက တုန်လှုပ်ခြောက်ခြားစွာ ပြန်ဖြေလိုက်သည်။

"ဒီမှော်ရတနာရဲ့ လမ်းကြောင်းကို ခြေရာခံကြည့်တော့ မှော်ရတနာက စုန့်ဟိုင်မြို့ကနေ လာတဲ့ပုံပဲ.. အခြေခံအားဖြင့်တော့ဒီတိုက်ခိုက်မှုက အင်မော်တယ်အရှင်မြတ် တစ်ပါးရဲ့တိုက်ခိုက်မှု မဟုတ်ဘူး.. ဒါက သေချာ ကြိုတင်ပြင်ဆင်ထားတဲ့ လုပ်ကြံမှု ဖြစ်နိုင်တယ်"

"ဆက်ပြီးစုံစမ်းပါ"

ညသရဲဝိညာဥ်အင်ပါယာက ပြောလိုက်သည်။

"ညဦးစီးမှုအဖွဲ့ကို စတည်ထောင်ကတည်းက ဒီလိုအရှက်ကွဲမှုမျိုး တစ်ခါမှ မကြုံဖူးဘူး.. တရားခံကိုရှာတွေ့ရင် ကောင်းကောင်းကြီး လက်စားချေရလိမ့်မယ်"

အပိုင်း(၅၇၃) ပြီး၏

All Chapters