ရွှေခေါင်းလောင်းအကာအကွယ်
Vol. 39 Ch. 571
ရွှေရောင်ကျောကုန်း ဂေါ်ရီလာသည် ၎င်း၏ ကြမ်းတမ်းထူထဲသောအရေပြားကြောင့် တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိသည်။
ထို့ပြင် ၎င်းသည် တိုက်ခိုက်မှုများကို ရင်ဆိုင်လိုက်သည်နှင့် ပေါက်ကွဲစွမ်းအားကို ပေးစွမ်းနိုင်သည့် ဝရုန်းသုန်းကား သောင်းကျန်းခြင်းမုဒ်သို့ ဝင်ရောက်သွားနိုင်သောကြောင့် အားနည်းသည်ဟု ဆို၍မရပေ။
သို့သော် စတုတ္ထတန်းစား ဝိညာဥ်သားရဲသည် အဆုံးသတ်တွင်စတုတ္ထတန်းစား ဝိညာဉ်သားရဲသာ ဖြစ်သည်။
တတိတယတန်းစား ဝိညာဉ်သားရဲ နှင့် စတုတ္ထတန်းစား ဝိညာဉ်သားရဲ ကွာဟချက်သည် အလွန်ပင်ကြီးမားလှသည်။
တတိယတန်းစား ဝိညာဉ်သားရဲကို အနိုင်ရခဲ့ခြင်းမှာ ကင်းမြီးကောက်၏ အဆိပ်သုံးမှုက ကန့်သတ်ခံထားရ၍ ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ယခုအခါတွင် ကြမ်းတမ်းသောရုပ်ပိုင်းဆိုင်ရာ သဘာဝကို နှိုးဆွထားသည့် ကုန်းငါးမန်းနှင့် အမျိုးအမည် မသိရသည့် မြစိမ်းရောင်တုတ်ကို ထုတ်ဖော်ခဲ့သော အမွေးစိမ်းခွေး တို့သည် ပျမ်းမျှအားဖြင့် ဒုတိယတန်းစား တိုက်ခိုက်ရေးစွမ်းရည် ရှိနေသည်။
ဤအခိုက်အတန့်တွင် ရွှေရောင်ကျောကုန်း ဂေါ်ရီလာသည် စိတ်ပျက်အားငယ်သလို ခံစားလိုက်ရသည်။
ယင်းမှာအဆင့်၂ဆင့် ကွာခြားချက် ဖြစ်သည်။
သူ့အနေဖြင့် ဤပြိုင်ပွဲတွင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။
ဤပြိုင်ပွဲကို ဘေးကနေသာ ထိုင်ကြည့်ရတော့မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူက ကင်းမြီးကောက်ဘုရင်ကို အနိုင်ရခဲ့သောကြောင့် တတိယနေရာရလည်း မဆိုးဟု တွေးမိလိုက်သည်။
ပွင့်လင်းစွာပြောရလျှင် ကျန်းပိုင်၏ တုံ့ပြန်မှုသည် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူဖြစ်သည့် ရှဖေးကို အဆင်မပြေသည့် အနေအထားသို့ ရောက်စေခဲ့သည်။
ရှဖေးက အနည်းငယ် စိတ်ပျက်သွားသော်လည်း ကျန်းပိုင်ကိုလုံးဝ အပြစ်မတင်နိုင်ခဲ့ပေ။
အဓိကအကြောင်းရင်းမှာ ယနေ့ငြိမ်းချမ်းရေးခေတ်တွင်စာချုပ်ချုပ်ဆိုထားသည့် ဝိညာဉ်သားရဲများ၏ ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝများသည် အတိုင်းအတာတစ်ခုအထိ အားနည်းသွားခြင်းကြောင့် ဖြစ်သည်။
ထို့ပြင် ဝိညာဉ်သားရဲပြိုင်ပွဲများတွင် သေသည်အထိတိုက်ခိုက်ခြင်းမျိုး မရှိတော့သောကြောင့် အားကစားကွင်းအတွင်း ဝိညာဉ်သားရဲအမျိုးမျိုးကို စိန်ခေါ်ရာတွင် အထူးပြုထားသည့် ဝိညာဉ်သားရဲများသည် သားရဲအသိဉာဏ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူက ကျန်းပိုင်၏ပိုင်ရှင် မဟုတ်ပေ။
ကျန်းပိုင်၏ပိုင်ရှင်သာ ဤနေရာတွင်ရှိနေလျှင် စာချုပ်၏ စွမ်းအားကိုအသုံးပြု၍ ကျန်းပိုင်ကို အမိန့်ပေးနိုင်ပါသေးသည်။
ရှဖေးက သူ့ဆရာဖိုးဖိုး ဝေ့ကျစ်လုပ်သမျှကို မျက်မှောင်ကြုတ်၍ အကဲခက်နေသည်။
ဝေ့ကျစ်က ညွှန်ကြားချက် သိပ်မပေးခဲ့ဘဲ အရိုးဘုရင်၏ ပြောင်းလဲမှုကိုသာ ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။
သူက ပိုကြည့်လေ မရိုးရှင်းလေဟု ခံစားနေရသည်။
သူ့အနေဖြင့် အရိုးဘုရင်ကို ထွင်ထျန်းဟာက မှော်ရတနာဖြင့် ပြန်လည်သန့်စင်လိမ့်မည်ဟု မတွေးတောမိခဲ့ပေ။
ထို့ပြင် သန့်စင်မှုအောင်မြင်ပြီးနောက်တွင် အရိုးဘုရင်သည် ဆန္ဒဖြင့် ပြောင်းလဲခြင်း မှော်စွမ်းရည်ကို ရရှိလာသည်။
ဆိုလိုသည်မှာ အရိုးဘုရင်သည် ထွင်ထျန်းဟာ လိုချင်သည့်အတိုင်း ပြောင်းလဲနိုင်၏။
ယခုအခါတွင် ကုန်းငါးမန်းက အနည်းငယ် ပင်ပန်းစပြုလာသည်။
ဤအမွှေးစိမ်းခွေးက ဤမျှကိုင်တွယ်ရခက်မည်ဟု သူ မထင်ထားခဲ့ပေ။
"ငါဒီထက်ပိုပြီး အလေးအနက်ထား တိုက်ခိုက်ရမယ်"
ကုန်းငါးမန်းက ထွင်ထျန်းဟာကို စိုက်ကြည့်လိုက်သည်။
ကုန်းငါးမန်းက (Mylike) တံဆိပ်ချောကလက်များကို ထုတ်ကာ အားလုံးကို သူ့ပါးစပ်ထဲ လောင်းထည့်လိုက်သည်။
ဤမြင်ကွင်းကို ထွင်ထျန်းဟာက အသေအချာ စိုက်ကြည့်နေခဲ့သည်။
ထို့ကြောင့် အာလူးကြော်က ကုန်းငါးမန်း၏ မငြိမ်သက်သောရုပ်ပိုင်းဆိုင်ရာ သဘာဝကို လှုံ့ဆော်မှုပေးနိုင်သည့် တစ်ခုတည်းသော သရေစာမဟုတ်ကြောင်း တွေ့ရှိရသည်။
ထိုအချိန်တွင် အစီရင်ခံ တင်ဆက်သူသည် လူအများအပြားက မေးခွန်းထုတ်လာမည်ကို ခန့်မှန်းမိသောကြောင့် ကျယ်လောင်စွာ ကြေညာလိုက်သည်။
"ပြိုင်ပွဲစည်းမျဥ်းအရ သရေစာတွေက တားမြစ်ထားတဲ့ပစ္စည်းတွေ မဟုတ်ဘူး"
တကယ်တမ်းတွင်၎င်းက စိတ်ကြွဆေးနှင့် တန်းတူဖြစ်နေပြီဖြစ်သော်လည်း ပြိုင်ဆိုင်မှုစနစ်တွင် ၎င်းအား ဆန့်ကျင်သည့်စည်းမျဉ်းများမရှိပေ။
ထို့ကြောင့် မတည်ငြိမ်သော ရုပ်ပိုင်းဆိုင်ရာ သဘောသဘာဝပါရှိသည့် ဤဝိညာဥ်သားရဲ အမျိုးအစားအတွက် အခွင့်အရေးတစ်ခုလို ဖြစ်နေသည်။
အမှန်တကယ်မှာ ယခင်နှစ်များတွင် ဝိညာဉ်သားရဲ အကဲဖြတ်ရေး စင်တာများ၏ အထွေထွေစည်းဝေးပွဲ အတွင်း လူတချို့သည် စည်းမျဥ်းအသစ်များ ချမှတ်ရန် အထူးအဆိုပြုခဲ့ကြသည်။
သို့သော်လည်း ဤဖြစ်ရပ်ကိုကြည့်လျှင် ယခုအချိန်ထိ အထမမြောက်သေးသည်မှာ ထင်ရှားသည်။
ချောကလက်သကြားလုံးက ကုန်းငါးမန်း၏ ဝိညာဉ်စွမ်းအင်ကို ထိန်းညှိပေးလိုက်သည်။
သရေစာစားပြီး စက္ကန့်အနည်းငယ်အကြာမှာပင် ကုန်းငါးမန်းက တိုက်ပွဲဝင်ရန် အသင့်ဖြစ်သွားသလို ခံစားလိုက်ရသည်။
သို့သော်လည်း ၎င်းက တိုက်ခိုက်မှုကို ချက်ချင်းမပြုလုပ်ဘဲ ထွင်ထျန်းဟာနှင့် ၇လှမ်းခန့် ခုန်ဆုတ်သွားခဲ့သည်။
ထွင်ထျန်းဟာကလည်း ချက်ချင်းမတိုက်ခိုက်ခဲ့ပေ။
ဤချစ်စရာကုန်းငါးမန်း မည်သို့ တိုက်ခိုက်လာမည်ကို သူသိချင်နေခဲ့သည်။
ထိုခဏတွင် ကုန်းငါးမန်းက အသက်ပြင်းပြင်းရှူလိုက်ရာ တစ်ကိုယ်လုံး မီးပုံးပျံကဲ့သို့ ဖောင်းကားလာသည်။
ရွှေရောင်ကျောကုန်း ဂေါ်ရီလာက မကောင်းသော ခံစားချက်ကို ရရှိလိုက်သည်။
ဤသည်က ကြီးမားသောတိုက်ခိုက်မှု တစ်ခုအတွက် အစပျိုးနေသည်မှာ ထင်ရှား၏။
"ရွှေခေါင်းလောင်းအကာအကွယ်"
ကျန်းပိုင်က အော်ဟစ်လိုက်ပြီး သူ၏ ကိုယ်ပိုင်မှော်ရတနာကို မမျှော်လင့်ဘဲ ထုတ်လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ကြီးမားသောတိုက်ခိုက်မှု ဖြစ်လာမည်ကို သိရှိနေသောကြောင့်ဖြစ်သည်။
ဤသည်က အင်မော်တယ်များကြားမှ တိုက်ပွဲကဲ့သို့ ဖြစ်နေ၍ ကျန်းပိုင်က မပါဝင်ချင်သလို ထိခိုက်ဒဏ်ရာလည်း မလိုချင်ပေ။
ကွင်းထဲမှ တိုက်ရိုက် ထုတ်ပယ်ခံရသည်ထက်စာလျှင် တော်သေးသည် မဟုတ်လော။
ဤသေးငယ်သော နှစ်ကောင်ကြောင့် အရွယ်အစားကြီးမားသည့်သူက ကွင်းထဲမှ ထုတ်ပယ်ခံရလျှင် အမှန်တကယ် ရှက်စရာ ကောင်းပေလိမ့်မည်။
ကုန်းငါးမန်းက လေကို ဆက်လက်စုပ်ယူနေခဲ့ရာ နောက်ဆုံးတွင် အနက်ရောင်ပူဖောင်းကြီး တစ်ခုဖြစ်လာသည်အထိ ခန္ဓာကိုယ်က ပို၍ဖောင်းကားလာသည်။
"ညီနောင်ခွေး.. သတိထားပါ.. ဒါက အသံလှိုင်းမှော်စွမ်းရည်ဖြစ်နိုင်တယ်.. စိတ်ကို တည်ငြိမ်အောင်ထားပြီး ကွင်းထဲကနေလွင့်ထွက်မသွားအောင်လုပ်ပါ"
ကုန်းငါးမန်း၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသော ဝေ့ကျစ်က သူ၏ကြွယ်ဝသော အတွေ့အကြုံအရ မည်သည့်အရာ ဖြစ်မည်ကို ချက်ချင်းခန့်မှန်းမိသောကြောင့် ထွင်ထျန်းဟာကို သတိပေးလိုက်သည်။
သူတို့နှစ်ဦးလုံးက ကြီးမားလှသောဝိညာဉ်စွမ်းအင်များ ကုန်းငါးမန်းထံ စုစည်းလာသည်ကို ခံစားရသည်။
ဝေ့ကျစ်က သူ့နားစည်ကို ဝိညာဉ် စွမ်းအားများနှင့် ဖုံးအုပ်ထားလိုက်သည်။
နောက်ထပ် အခိုက်အတန့်မှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုစွမ်းအားက လေပြင်းကြီး တစ်ခုကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးကို တိုက်ခက်သွား၏။
အစီအရင်ခံ တင်ဆက်သူက ဤမြင်ကွင်းကိုစိုက်ကြည့်ကာ လုံးဝ အံ့ဩနေခဲ့သည်။
ဤအသံလှိုင်း တိုက်ခိုက်မှုက အလွန်ပြင်းထန်ခဲ့ပြီး အစီရင်ခံကြေညာခန်းကို အကာအကွယ်ပေးထားသည့် မှန်များကိုပင် ကွဲအက်သွားစေခဲ့သည်။
အသံလှိုင်းစွမ်းအားတွင် ပါရှိသည့် မရေမတွက်နိုင်သော လေဓားများက ကွင်းအတွင်းရှိ အုပ်နှင့်ကြွေပြားများကို ထွင်းဖောက်သွားခဲ့သည်။
ပြင်းထန်လှသော အသံလှိုင်း ဝိညာဉ်စွမ်းအားကို ရင်ဆိုင်ရန် ထွင်ထျန်းဟာသည် အရိုးဘုရင်ကို မြေကြီးထဲသို့ ထိုးသွင်းကာ မြဲမြံစွာ ကိုင်တွယ်ထားခဲ့သည်။
သို့မဟုတ်လျှင် သူ့အနေဖြင့် ကွင်းအပြင်သို့ လွင့်ထွက်သွားလိမ့်မည် မဟုတ်လော။
ရွှေရောင်ကျောကုန်းဂေါ်ရီလာနှင့် နှိုင်းယှဉ်လျှင် သူ၏ခန္ဓာကိုယ်က ပေါ့ပါးလွန်းသောကြောင့် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန်မှာ အရိုးဘုရင်ကို အားကိုးဖို့သာ ရှိတော့သည်။
ဤအသံလှိုင်း တိုက်ခိုက်မှုကြောင့် လူတိုင်းက တုန်လှုပ်သွားကြသည်။
ရွှေရောင်ကျောကုန်းဂေါ်ရီလာက ချွေးများ အလုံးအရင်း စီးကျနေသည်။
သူ၏ မှော်လက်နက် ရွှေခေါင်းလောင်း အကာအကွယ်ကိုသာ အချိန်မီ မထုတ်ယူနိုင်ခဲ့လျှင် ချက်ချင်းကွင်းပြင်သို့ ပျံဝဲသွားရမည် ဖြစ်သည်။
သို့တိုင် ရွှေရောင်ကျောကုန်း ဂေါ်ရီလာ ကျန်းပိုင်က ပြင်းထန်သောဖိအားကို ခံစားနေရဆဲဖြစ်သည်။
သူက အသံလှိုင်းစွမ်းအားတွင် ပါမသွားစေရန် သူ၏ရှိသမျှခွန်အားကို အသုံးပြုခဲ့ရသည်။
"တော်တော်အံ့ဩဖို့ကောင်းတာပဲ"
ထွင်ထျန်းဟာက မျက်မှောင်ကြုတ်ကာ စိတ်ထဲမှသက်ပြင်းချလိုက်သည်။
ဤ အသံလှိုင်းမှော်စွမ်းရည်သည် အနည်းဆုံး အဆင့် ၄ မှော်စွမ်းရည် အဆင့် ရှိသည်။
ကြောက်စရာအကောင်းဆုံးမှာ ၎င်းကို ပါးစပ်ကနေမှုတ်ထုတ်ထားခြင်း ဖြစ်သည်။
အသံလှိုင်းစွမ်းအင် တိုက်ခိုက်မှုတစ်ခုလုံးက စက္ကန့် ၄၀ ကျော်ကြာမြင့်ခဲ့သည်။
ကုန်းငါးမန်းက သူ့ခန္ဓာကိုယ်အတွင်းရှိ လေအားလုံးကို စွန့်ထုတ်ပြီးမှသာ အရာအားလုံးက ငြိမ်သက်သွားခဲ့သည်။
ကွင်းတစ်ခုလုံး ရှုပ်ပွသွားခဲ့ပြီ ဖြစ်သည်။
ထွင်ထျန်းဟာ အံ့ဩသွား၏။
"ဘယ်လိုအသံလှိုင်းစွမ်းရည်မျိုးပါလိမ့်"
ယခင်က ဤကုန်းငါးမန်း၏ အချက်အလက်ကို ရှာဖွေခဲ့ဖူးသော ဝေ့ကျစ်က မျက်မှောင်ကြုတ်သွားသည်။
"ဒီကုန်းငါးမန်းမှာ သူ့ဘာသာသူ တီထွင်ထားတဲ့ အသံလှိုင်းမှော်စွမ်းရည်ရှိတယ်လို့ ငါအရင်က ကြားဖူးတယ်.. အဲဒါကအလွန်အစွမ်းထက်တဲ့ အဖျက်စွမ်းအား ရှိတဲ့အပြင် အဆုံးမဲ့လေပြင်းကိုပါ တိုက်ခတ်နိုင်တယ်"
ထွင်ထျန်းဟာ "သူ့ရဲ့အသံလှိုင်းမှော်စွမ်းရည်မှာ နာမည်ရှိလား"
''ရှိတယ်.. ခြေရာမဲ့လေချဥ်တက်အသံလှိုင်း"
အပိုင်း(၅၇၁) ပြီး၏