← Chapters

ထွင်ထျန်းဟာကိုမျက်စိကျခြင်း

Vol. 39 Ch. 575

ထွင်ထျန်းဟာကိုမျက်စိကျခြင်း

Vol. 39 Ch. 575

ထွင်ထျန်းဟာက သူ၏ အခြေခံခွေးနည်းစနစ်ကို ထုတ်သုံးလိုက်သည်နှင့် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်။

အစီအရင်ခံ တင်ဆက်သူက ရလဒ်ကို ကြေညာခဲ့သည်။

ကုန်းငါးမန်းနှင့် ကျန်းပိုင်တို့က တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားခဲ့သည်။

“ဒီတိုက်ပွဲမှာ ကစားသမားခွေး2က အနိုင်ရတယ်”

ရလဒ်ကို လူတိုင်း အံ့ဩသွားကြသည်။

သူတို့က နောက်ဆုံးအချီတွင် ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲဝင်သုံးဦးကို ဘက်ညီသော ပြိုင်ဘက်များဟု ထင်ခဲ့သော်လည်း ကြေကွဲစရာ ရှုံးနိမ့်မှုမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ဤအချိန်တွင် လူအများအပြားသည် လူသိနည်းသော SSR အဆင့် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူကို ရုတ်တရက်ကြည့်လိုက်ကြသည်။

ဤလူက တိုက်ပွဲအတွင်း ညွှန်ကြားချက်များ ပေးပြီး အစိမ်းရောင်ခွေးနှင့် ကောင်းမွန်စွာ အလုပ်လုပ်ဆောင်ခဲ့သည်။

ထို့ပြင် ပြိုင်ဘက်၏ ရည်ရွယ်ချက်ကို ခွဲခြမ်းစိတ်ဖြာပြီး ခန့်မှန်းရာတွင်လည်း အလွန်လိမ္မာပါးနပ်သူ ဖြစ်သည်။

ဤကဲ့သို့ ကြီးကျယ်ခမ်းနားသူ တစ်ယောက်က အဘယ်ကြောင့် လူသိနည်းရပါသနည်း။

အစီအရင်ခံ တင်ဆက်သူပင် အံ့ဩသွားခဲ့သည်။

အစီအရင်ခံကြေညာသူက ဝေ့ကျစ်နှင့် ပတ်သက်သည့် အချက်အလက်များကို အမျိုးသား အိမ်မွေးတိရိစ္ဆာန်လေ့ကျင့်ရေးမှူးများ ဝက်ဘ်ဆိုက်တွင် ရှာဖွေကြည့်လိုက်သည်။

SSRအဆင့် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူ အများအပြားမရှိသောကြောင့် ဝက်ဘ်ဆိုက်တွင် ဝေ့ကျစ်အကြောင်းကို အလွယ်တကူပင် ရှာဖွေတွေ့ရှိခဲ့သည်။

ထို့နောက် အစီအရင်ခံကြေညာသူသည် အဖွဲ့ဓာတ်ပုံတွင် ဝေ့ကျစ်ကို အဝါရောင်ကြွက်ကလေးနှင့်အတူ တွေ့လိုက်ရသည်။

ထိုအဝါရောင်ကြွက်ကို မြင်သည်နှင့် သူ၏ အသိဉာဏ်များကလင်းလက်သွားသလို သူ့နဖူးကို လက်ဝါးဖြင့် ပြန်ရိုက်လိုက်သည်။

“လက်စသက်တော့သူကိုး.. နှစ်တစ်သောင်းအတွက် ဒုတိယဆု”

သို့သော် ယနေ့တွင်မူ သူက ပထမရရှိခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်သားရဲ အကဲဖြတ်ရေးဌာန၏ ဧည့်ခန်းတွင် ဆံပင်ဖြူကျိုးတိုးကျဲတဲ ပေါက်နေသော အဘိုးအိုသည် တီဗွီမှ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေခဲ့သည်။

“ဘယ်လိုမြင်လဲ ဥက္ကဌကြီး”

လူငယ်တစ်ယောက်က ခပ်တိုးတိုးမေးလိုက်သည်။

“မဆိုးပါဘူး.. သူ့မှာ ငါတို့ပျိုးထောင်လို့ရတဲ့ အရည်အချင်းရှိတယ်.. ငါတို့ရဲ့ ဝိညာဉ်သားရဲ အတန်းမှာ အဖွဲ့ဝင်အလုံအလောက် မရှိသေးတာနဲ့အတော်ပဲ”

အဘိုးအိုက ပြောလိုက်သည်။

“ကျွန်တော်တို့ သူနဲ့စကားပြောဖို့ တစ်ယောက်ယောက်ကိုလွှတ်လိုက်သင့်လား”

“မလုပ်နဲ့ဦး”

အဘိုးအိုက ခေါင်းခါလိုက်သည်။

“အရင်က ငါတို့လို ဟန်ဆောင်တဲ့အဖွဲ့တစ်ဖွဲ့ ရှိခဲ့ဖူးတယ်.. သူတို့ကြောင့် ငါတို့သူတော်စင်အဖွဲ့က ကျောင်းသားတွေကို အတင်းအကျပ် စုဆောင်းနေတယ်လို့ မကောင်းသတင်းတွေထွက်ခဲ့တယ်.. ဒါကြောင့် ငါတို့အလျင်စလို မလုပ်တာပဲ ကောင်းတယ်.. ဒီကစားသမားခွေး2ရဲ့ ပိုင်ရှင်အစစ်က ဘယ်သူလဲဆိုတာ အရင်စောင့်ကြည့်ပြီးမှပဲ ဆက်လုပ်ကြတာပေါ့.. ဘယ်လိုပဲဖြစ်နေပါစေ.. သိပ်မကြာခင် အချိန်အတွင်းမှာ ဒီခွေး2နဲ့ လက်မှတ်ထိုးနိုင်မယ်လို့ ငါယုံကြည်တယ်”

ထိုစကားကြောင့် လူငယ်က ထိတ်လန့်သွားသည်။

သူတော်စင်အဖွဲ့အစည်း၏ ဝိညာဉ်သားရဲအတန်းတွင် ဝိညာဉ်သားရဲအများအပြားကို စုဆောင်းခြင်းမပြုခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့က အကဲဖြတ်မှုများစွာ ပြုလုပ်ပြီးမှ ရွေးချယ်ခဲ့သောကြောင့် ဖြစ်သည်။

သူတို့၏ ဝိညာဉ်သားရဲအတန်းသို့ ဝင်ရောက်ခွင့်ရသော စာချုပ်ဝိညာဉ်သားရဲ အားလုံးသည် စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းကို ခံရပြီး နိုင်ငံတော်မှ ထောက်ပံ့သော အရင်းအမြစ်များကိုလည်း တိုက်ရိုက် ခံစားခွင့်ရသည်။

၎င်းတိုက မကြုံစဖူးသော ဂရုစိုက်မှုကိုခံရမည် ဖြစ်ပြီး ကျင့်ကြံမှုအရှိန်ကို ကောင်းစွာ မြှင့်တင်နိုင်မည်ဖြစ်သည်။

အရေးအကြီးဆုံးမှာ ၎င်းတို့အတွက် အခြေခံအကျိုးပြုစနစ် တစ်ခုရှိနေခဲ့သည်။

ဤအကျိုးပြု ရမှတ်စနစ်သည် ဝိညာဉ်သားရဲအတန်း တစ်ခုအတွက် သာမက သူတော်စင်အဖွဲ့အစည်း တစ်ခုလုံးနှင့်လည်းသက်ဆိုင်နေသည်။

သူတော်စင်အဖွဲ့အစည်းမှ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ပြီးလျှင် ရာထူးများကို အကျိုးပြုရမှတ်များဖြင့် လဲလှယ်ရရှိနိုင်သည်။

ထို့ကြောင့် သီအိုရီအရပြောရလျှင် ဝိညာဉ်သားရဲပင်လျှင် ခရိုင်တစ်ခု၏ အကြီးအကဲ သို့မဟုတ် မြို့တော်ဝန် ကဲ့သို့ ဖြစ်လာနိုင်ပေသည်။

အကယ်၍ သင်က အတန်းခေါင်းဆောင်အဆင့်သို့ ရောက်ရှိသွားခဲ့လျှင် သင့်အနေဖြင့် မြို့တော်ဝန်နှင့် တန်းတူအဆင့် ဖြစ်လာပေလိမ့်မည်။

“လက်မှတ်ထိုးဖို့လောလို့မဖြစ်ဘူး.. ငါတို့ဘက်က ရိုးသားမှုကိုပြသရမယ်.. စာချုပ်ကိုတော့ သေချာလေး ပြင်ဆင်ထားလိုက်ပါ”

အဘိုးအိုက စိတ်ချင်းဆက်သွယ်၍ တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

လူငယ်က ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပါပြီ သခင်ကြီး.. ဝိညာဉ်သားရဲအတန်းက အဖွဲ့ဝင်တွေအတွက် သဘောတူညီချက်ကိုလည်း ကျွန်တော် ယူနိုင်ခဲ့တာပဲ.. ဒီတစ်ခေါက်မှာလည်း အမြန်ပြီးမြောက်အောင် လုပ်နိုင်ပါတယ်”

“မဟုတ်ဘူး.. အဖွဲ့ဝင်အဆင့်အတွက် သဘောတူညီမှုယူမှာမဟုတ်ဘူး”

လူငယ် “???”

“ငါက သူ့ကိုအတန်းခေါင်းဆောင်အဖြစ် တိုက်ရိုက်လက်မှတ်ထိုးဖို့ စဉ်းစားနေတာ”

အဘိုးအိုက ထိုစကားကို လေးလေးနက်နက် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် လူငယ်က အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။

“အတန်း… အတန်းခေါင်းဆောင်လား”

“ဟုတ်တယ်.. ဒါကြောင့် ဒီခွေးရဲ့ပိုင်ရှင်နဲ့ ဆက်ဆံရေးကောင်းကို ထူထောင်ရမယ်.. စာချုပ်က အပြန်အလှန် သဘောတူညီချက် ဒါမှမဟုတ် အစုရှယ်ယာ ပုံစံမျိုးနဲ့ဖြစ်ရမယ်.. ငါဆီမှာရန်ပုံငွေတွေ အများကြီးရှိနေတာပဲ.. သူ့ရဲ့ပိုင်ရှင်က အမှတ်၆၀ အထက်တန်းကျောင်းက သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျောင်းသားတစ်ဦး ဖြစ်နိုင်တယ်.. ဒီကျောင်းသားလေးက ပိုက်ဆံရဲ့သွေးဆောင်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး.. ပိုက်ဆံအပြင် ဒီကျောင်းသားကို အဓိကမြို့ပြအထက်တန်းကျောင်းကို လွှဲပြောင်းပေးတာမျိုး ဒါမှမဟုတ် တက္ကသိုလ်အတွက် အကြံပြုချက်ပေးတာမျိုးတွေ ကိုလည်း ပြုလုပ်ပေးနိုင်တယ်.. ဒါ့အပြင် ခွေးပိုင်ရှင်အတွက် အရင်းအမြစ် အတွက်လည်း တိုက်ရိုက် ကမ်းလှမ်းနိုင်တယ်”

ထိုစကားကြောင့် လူငယ်က အံ့ဩသွားသည်။

“ဒါက ထိုက်တန်တယ်လို့ သခင်ကြီးထင်လား.. အရမ်းသန်မာတာမှန်ပေမဲ့ ကျွန်တော်တို့ အဲဒါကို အကဲမဖြတ်ရသေးဘူးလေ”

“မင်းဘာမှမသိသေးပါဘူးကွာ”

အဘိုးအိုက ခေါင်းခါရမ်းပြီး မဲ့ပြုံးပြုံးလိုက်သည်။

“ခွေးကို ညွှန်ကြားနေတဲ့ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာက ဘယ်သူလဲဆိုတာ မင်းသိလား”

လူငယ်က ဖန်သားပြင်ကို ကြည့်လိုက်သည်။

ဤအိမ်မွေးတိရိစ္ဆာန်လေ့ကျင့်ပေးသူကို အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားရသော်လည်း အထင်ကြီးခြင်းတော့ မရှိပေ။

အဘိုးအို “ဒီလူမှာ ထူးခြားတဲ့ရာဇဝင်ရှိတယ်.. သူက ငယ်ငယ်ရွယ်ရွယ်နဲ့ SSR အဆင့် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူ ဖြစ်ခဲ့တယ်.. တော်တော်များများက သူ့ရဲ့အစွမ်းအစကို နားမလည်ကြပေမဲ့ ငါကတော့ လေးလေးနက်နက် ခံစားမိတယ်.. အဲဒီအချိန်က ငါတို့ သူတော်စင်အသင်းရဲ့ အကြီးအကဲခေါ်ယူနေတဲ့အချိန်ပဲ.. ငါဒီလူနဲ့ ပုဂ္ဂိုလ်ရေးအရ ညှိနှိုင်းဖို့ တစ်ခေါက်သွားတွေ့ခဲ့တယ်.. စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတောင် မငြင်းဆန်နိုင်လောက်တဲ့ အရင်းအမြစ်တွေ သူ့ကိုပေးခဲ့တယ်.. ဒါတောင်မှ သူ့ကို မဆွဲဆောင်နိုင်ခဲ့ဘူး.. ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီလူ ငါတို့ရဲ့သူတော်စင်အသင်းကို ရောက်မလာတာလည်း ကောင်းတဲ့အချက်ပဲ ဆိုတာ ငါနားလည်လာခဲ့တယ်”

“ဘာကိုဆိုလိုတာလဲသခင်ကြီး”

လူငယ်ကမေးလိုက်သည်။

အဘိုးအို “ဒီလူက ဝိညာဉ်သားရဲတွေကို ပိုင်းခြားစိတ်ဖြာတဲ့နေရာမှာ တောတော်လေး လိမ္မာပါးနပ်တယ်.. သူမျက်စိကျတဲ့ဝိညာဉ်သားရဲတိုင်းက ရိုးရှင်းတဲ့သတ္တဝါတွေ မဟုတ်ဘူး.. သူက ငါတို့တပ်သားသစ်အဖြစ် စုဆောင်းလို့မရတဲ့ ဝိညာဉ်သားရဲ ၅ကောင်မှာ ၃ကောင်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်”

လက်ထောက်လူငယ် “……….”

“ဒီမစ္စတာ‌ဝေ့ကျစ် မျက်စိကျတဲ့ ဝိညာဉ်သားရဲတစ်ကောင် ဖြစ်နေသရွေ့ အဲဒီဝိညာဉ်သားရဲမှာ ထူးခြားတဲ့စွမ်းရည် ရှိမှာ ဧကန်မလွဲပဲ.. ဒါ့အပြင် ငါတို့ရဲ့ အဓိကစံနှုန်းဖြစ်တဲ့ စိတ်နှလုံး ရိုးသားဖြောင့်မတ်ခြင်း အပိုင်းမှာတော့ အပြည့်ရှိမှာ သေချာတယ်”

အဘိုးအိုက ပြောလိုက်သည်။

“ဒီခွေးရဲ့မျက်လုံးက နှစ်လိုဖွယ် ကောင်းတယ်လို့ မင်းမထင်ဘူးလား”

လူငယ်က အဘိုးအို၏စကားကို ကြားလျှင် အတွေးနက်နေခဲ့သည်။

ရိုးသားစွာဝန်ခံရလျှင် ဤခွေးကို အတန်းခေါင်းဆောင် အဖြစ် လက်မှတ်ထိုးမည်ဟု ဆုံးဖြတ်ခြင်းက အနည်းငယ်ချဲ့ကားရာကျသည်ဟု သူထင်မိသည်။

“မင်းငါ့စကားကို မယုံကြည်ဘူးဆိုတာ ငါနားလည်ပါတယ်.. အရင်တုန်းက တက္ကသိုလ်ကျောင်းသား တစ်ယောက်ရဲ့ ဝိညာဉ်ခွေးတစ်ကောင်ကို မျက်စိကျခဲ့တယ်.. သူက အရမ်းကိုဆွဲဆောင်မှုရှိပြီး သန်မာတဲ့ ခွေးတစ်ကောင်ပဲ”

လက်ထောက်လူငယ်က မျက်ခုံးပင့်လိုက်သည်။

ဤအကြောင်းကို သူကြားဖူး၏။

“သခင်ကြီးပြောတာက ရှမန်ကျင့်ကြံရေး တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသား ကျောက်ယွီရှင်းပိုင်တဲ့ ဝိညာဉ်ခွေးကို ရည်ညွှန်းနေတာလား.. အဲဒီခွေးကို ကျဲကျဲလျန့်လို့ ခေါ်တယ်လေ”

“ဟုတ်တယ်.. ငါပြောချင်တာ အဲဒီခွေးပဲ”

အဘိုးအိုက ခေါင်းငြိမ့်လိုက်သည်။

“သူက နင်ဂျာခွေးအမျိုးအစားထဲက ဖြစ်ပြီးတကယ်ကို အံ့ဩစရာ ခွေးတစ်ကောင်ပဲ.. သူ့မှာကြောက်မက်ဖွယ် မိတ္တူကူးနိုင်စွမ်းရှိတယ်.. သူက အခြားဝိညာဉ်သားရဲတွေရဲ့ တိုက်ခိုက်ရေးနည်းစနစ်ကို တုပနိုင်တဲ့အတွက် ကော်ပီခွေး ဆိုတဲ့ အမည်ပြောင် ရထားတယ်”

လူငယ်က ခေါင်းငြိမ့်ပြလိုက်သေည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေပါသေးသည်။

“ဒါဆိုဘာလို့ လက်မှတ်မထိုးခဲ့တာလဲ”

“ငါက မစ္စတာဝေ့ကျစ်ကို ခွေးနဲ့မျက်နှာချင်းဆိုင် သီးသန့်ဆွေးနွေးပေးဖို့ တစ်စုံတစ်ယောက်ကို စီစဉ်ခိုင်းခဲ့တယ်.. အဆုံးသတ်မှာ ငါခိုင်းထားတဲ့လူက မစ္စတာဝေ့ကျစ်ရဲ့ မျက်နှာပေါ်မှာ မထီမဲ့မြင် အပြုအမူကို ရုတ်တရက် သတိပြုမိသွားခဲ့တယ်.. အဲဒီနောက်မှာတော့ ဒီခွေးနဲ့ ခွေးပိုင်ရှင်ရဲ့နောက်ခံသမိုင်းကြောင်းကို သေချာစုံစမ်းဖို့ တစ်ယောက်ယောက်ကိုစေလွှတ်လိုက်တယ်.. ‘’

“နောက်တော့ရော”

“ဒီတက္ကသိုလ်ကျောင်းသားရဲ့ ပညာရေးစာတမ်းကအတု ဖြစ်နေတာကို ရှာတွေ့ခဲ့တယ်.. ဒါတင် ဘယ်က ဦးမှာလဲ.. သူ့ရဲ့ခွေးမှာ ရိုးသားတဲ့အမြင်၃ပါး မတွေ့ရတဲ့အပြင် ငါတို့နိုင်ငံနဲ့ပတ်သက်ပြီး စော်ကားပြောဆိုမှုတွေ အမြောက်အမြား ပြုလုပ်ခဲ့တယ်.. ဒီလိုနဲ့ပဲ လက်မှတ်မထိုးဖြစ်ခဲ့ဘူး”

လူငယ်က သက်ပြင်းချလိုက်သည်။

“ဒီလောက်ဆို ဒီတက္ကသိုလ်ကျောင်းသားကို နှင်ထုတ်သင့်နေပြီ မဟုတ်လား ဥက္ကဌ”

အဘိုးအိုက ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။

“သူ့ကို စာတမ်းအတု ထပ်မတင်ဖို့ သတိပေးရုံလောက်ပါပဲ.. သူက အခုအချိန်ထိ တက္ကသိုလ်တက်နေတုန်းပဲလေ”

လက်ထောက်လူငယ် “……….”

အပိုင်း(၅၇၅) ပြီး၏

All Chapters