ဖေဖေဝမ်၏ ချစ်ရေးချစ်ရာ
Vol. 39 Ch. 576
အဘိုးအိုက ဤအဖြစ်အပျက်ကို ပြောနေစဉ်တွင် လူငယ်ကဖုန်းထဲမှ သတင်းကို စစ်ဆေးနေသည်။
မီဒီယာတိုင်းက ဤသတင်းကို ဖော်ပြခဲ့ကြသော်လည်း ပညာရပ်ဆိုင်ရာ စာတမ်းအတုလုပ်သည့် ခွေးပိုင်ရှင်ကို နှင်ထုတ်ခြင်းမပြုဘဲ သတိပေးရုံသာ ပြုလုပ်ခဲ့သည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ အထက်တန်းကျောင်းသား ၃၆ ယောက်နှင့် ပတ်သက်သည့် နောက်ထပ် သတင်းတစ်ပုဒ်ဖြစ်သည်။
ထိုကျောင်းသားများက အချိန်မီ အိပ်ရာမဝင်ဘဲ ကျောင်းမှထွက်ပြေးရန် ဗြုန်းစားကြီး စီစဉ်ခဲ့ကြသည်။
အဆုံးသတ်မှာ ကျောင်းသားမိဘတွေကို စိတ်သက်သာမှုရှိအောင် ဖြောင်းဖြခဲ့ကြပြီး ကျောင်းသားများကို သတိပေးရုံဖြင့်သာ လွှတ်ပေးလိုက်ကြသည်။
ထိုအဖြစ်အပျက်နှစ်ခုက ပြင်းထန်မှု အတိုင်းအတာ ကွဲပြားသော်လည်း တူညီသောပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့သည်။
ဤအဖြစ်အပျက် နှစ်ခုကြားတွင် ဆက်စပ်မှုတစ်ခုခု ရှိနေနိုင်သည်ဟု လူငယ်က ခံစားလိုက်ရသည်။
ဝိညာဉ်ခွေးကို အပြစ်မတင်သင့်ဟု သူက ထင်မိသည်။
ဓားဝိညာဉ်သည် ၎င်း၏သခင်နှင့်တူသည်ဟု ယခင်က ဆိုရိုးစကားတစ်ခု ရှိခဲ့ဖူးသည်။
ဆိုလိုသည်မှာ ဝိညာဉ်သားရဲနှင့် ၎င်း၏သခင်ကြားဆက်ဆံရေးသည် အဆင့်တစ်ခုသို့ ရောက်သည်နှင့် ဝိညာဉ်ဓားအတွင်း၌ ဓားဝိညာဉ်တစ်ခု မွေးဖွားလာမည်ဖြစ်သည်။
ထိုဓားဝိညာဉ်သည် များသောအားဖြင့် ၎င်း၏သခင်နှင့် ဆင်တူမည် ဖြစ်သည်။
တကယ်တမ်းတွင် ယင်းသီအိုရီက ဝိညာဉ်ဓားအတွက်သာ မဟုတ်ဘဲ မှော်ရတနာများ၏ လက်နက်ဝိညာဉ်များနှင့် ဝိညာဉ်သားရဲများ အတွက်ပါ အကျုံးဝင်သည်။
ခွေးအမျိုးအစား ဝိညာဉ်သားရဲများသည် ၎င်းတို့၏ ပိုင်ရှင်ကို သစ္စာစောင့်သိကြသည်။
ထို့ကြောင့် ပိုင်ရှင်၏ အမြင်၃ပါးနှင့် သူတို့ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်က သူတို့အား သိမ်မွေ့စွာ လွှမ်းမိုးသွားခဲ့သည်။
လူငယ်က သက်ပြင်းချလိုက်ပြီး အဘိုးအိုကို စိတ်ချင်းဆက်သွယ်၍ စကားပြောလိုက်သည်။
“ခွေးပိုင်ရှင်က သေချာပေါက်မရိုးရှင်းဘူး.. သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို စုံစမ်းလိုက်တာနဲ့ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ချက်ချင်း ဆက်သွယ်ပြီး ဆက်မလုပ်ဖို့ ပြောခဲ့တယ်.. အဲဒီလူက ကျွန်တော့်ထက် အဆင့်မြင့်တယ်”
အဘိုးအိုက ပြုံးလိုက်သည်။
“အသစ်ခန့်အပ်ထားတဲ့ ဥက္ကဌဖြစ်တဲ့ သခင်ကြီးရဲ့ လက္ခဏာကို မသိသေးတဲ့ အတွက်ကြောင့်ပဲ.. မဟုတ်ရင် ဒီလိုလူမျိုးတွေကို ဖယ်ရှားဖို့ဆိုတာ လုံးဝခက်ခဲမှာမဟုတ်ဘူး”
“အင်း.. ဒါတော့အမှန်ပဲ”
အဘိုးအိုက ခေါင်းညိမ့်လိုက်သည်။
“ဒါပေမဲ့ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လူထုကို ကြေညာပြီးတဲ့အထိ စောင့်ရဦးမယ်.. ဒါ့အပြင် သူတော်စင်အဖွဲ့အစည်းက ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပေမဲ့လည်း ဝိညာဉ်သားရဲ အတန်းအတွက် အမာခံအဖွဲ့ဝင် ၆ဦးခေါ်ယူဖို့ လိုအပ်နေတယ်.. လက်ရှိ သူတော်စင်အဖွဲ့အစည်းက ဥက္ကဌမရှိသေးတဲ့အတွက် ဟွာရှို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ တိုက်ရိုက်ရှိနေတယ်.. အတွင်းရေးမှူးတာခန်း ကိုယ်တိုင် ဦးဆောင်ဖို့အတွက် ငါတို့အားလုံးက အတူတကွ အခိုင်အမာပြောဆိုရမယ်.. အချိန်ကျလာလို့ရှိရင် ဒီလိုညစ်ညမ်းတဲ့ လူ့အဖွဲ့အစည်းကို သုပ်သင်ရှင်းလင်းဖို့ အတွက် အစီအရင်ခံစရာတောင် တင်စရာမလိုတော့ဘူး.. သူတို့ကို ဖိနှိပ်ဖို့ စကားလုံးတစ်လုံးထဲနဲ့ တင် လုံလောက်လိမ့်မယ်”
သူတော်စင်အဖွဲ့အစည်း ဥက္ကဌရာထူးသည် ဗိုလ်ချုပ်၁၀ပါးနှင့် တန်းတူရာထူး ဖြစ်သည်။
“သူက နိုင်ငံကို စော်ကားနေပြီ.. သူ့မှာ ကျောထောက်နောက်ခံရှိရင်တောင် အချိန်အကြာကြီး မပြေးနိုင်တော့ပါဘူး.. ငါကိုယ်တိုင် မကိုင်တွယ်နိုင်ဘူးဆိုရင်တောင် သူနဲ့ရင်ဆိုင်မယ့်သူ ရှိမယ် ဆိုတာ သေချာပါတယ်..”
လူငယ်က သူ့ထက် အဆင့်မြင့်သူထံမှ သတိပေးချက်ကို ရရှိပြီးနောက်တွင် အဘိုးအိုသည် လျှို့ဝှက်အကောင့် တစ်ခုကို ဖန်တီးပြီး စာရေးဆရာ ဝမ်စစ်ထူ၏ Weibo စာမျက်နှာတ္ငင် မှတ်ချက်တစ်ခု ချန်ထားခဲ့သည်။
ဤစာရေးဆရာ၏ အမာခံပရိတ်သတ်အဖွဲ့သည် အလွန်အစွမ်းထက်ကြောင်း ကျင့်ကြံခြင်း အသိုင်းအဝိုင်းမှ လူတိုင်းက သိရှိခဲ့ကြသည်။
ဂုရုစာရေးဆရာ ဝမ်စစ်ထူ၏ လစဉ်မဲတိုက်ပွဲသည် ဟွာရှို့၏ ကျင့်ကြံမှုအသိုင်းအဝိုင်း ထက်ဝက်နီးပါးကို တုန်လှုပ်စေခဲ့သည်။
အဘိုးအိုက ခပ်ယဲ့ယဲ့ပြုံးကာ သူ့ရှေ့မှလူငယ်ကို ကြည့်လိုက်သည်။
“အခုလောလောဆယ်တော့ ဒီကိစ္စတွေကို စောင့်ကြည့်ဖို့ မင်းကိုအားကိုးရမှာပဲ.. ဒီအမွေးစိမ်းခွေးက အတော်လေး ထူးခြားတယ်လို့ ငါ့စိတ်ထဲက သိနေတယ်.. မစ္စတာဝေ့ကျစ်ကို ဝိညာဉ်သားရဲတစ်ကောင်နဲ့ ပျော်နေတာ တစ်ခါမှမမြင်ဖူးဘူး”
ထိုစကားကိုကြားလျှင် လူငယ်က ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပါပြီသခင်ကြီး.. ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်”
“ဒီလူ ဘယ်မှာနေလဲဆိုတာ သိတာနဲ့ လက်ဆောင်တွေ ပို့ပေးရမယ်.. အကြောင်းအရင်းကို ရှင်းပြတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိရှိနဲ့ သိမ်သိမ်မွေ့မွေ့ ပြောပြရမယ်.. အကယ်၍ သဘောတူညီချက်ကို တစ်ကြိမ်တည်း မရခဲ့ရင်လည်း အလျင်စလိုလုပ်ဖို့ မလိုအပ်ဘူး.. ငါတို့ရဲ့ ရိုးသားမှုနဲ့ လေးစားမှုကို အဓိကပြသရမယ်”
"ကောင်းပါပြီသခင်ကြီး.. ကျွန်တော် လက်ဆောင်ထုပ်ကို ဘယ်လိုမျိုး ပြင်ဆင်ရင် ကောင်းမလဲ.. အခုခေတ်မှာ အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားတွေက ခေါက်ဆွဲအကြွပ်ကြော်တို့ ချောကလက် သကြားလုံး တို့လိုမျိုး အဆာပြေ သရေစာတွေ စားရတာ ကြိုက်တယ်”
“ငါတို့ အဆင့်အတန်းနဲ့ဆိုရင် သရေစာတွေက အဆင့်နိမ့်လွန်းတယ်လို့ ငါထင်တယ်.. ငါတို့အနေနဲ့ သူ့ကို စူပါဆေးလုံး လက်ဆောင်ပေးလိုက်ရင် ပိုဆွဲဆောင်မှုရှိမယ် မထင်ဘူးလား”
အဘိုးအိုက ရယ်မော၍ ပြောလိုက်သည်။
အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားများသည် ရွှေအမြုတေအဆင့် တက္ကသိုလ်သို့ ဝင်ရောက်ပြီးသည့် အခါတွင် အစိုးရမှ ထောက်ပံ့သည့် စူပါစိတ်ဝိညာဉ်ဆေးလုံးကို အရင်းအမြစ်အဖြစ် ရရှိကြသည်။
သာမန်လူတစ်ယောက် အနေဖြင့် ဤကဲ့သို့ သွေးဆောင်မှုများကို မည်သို့မှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ထွင်ထျန်းဟာက အိမ်မွေးတိရိစ္ဆာန် သားရဲများ တိုက်ပွဲတွင် အောင်ပွဲခံခဲ့သလို အမှတ်၆၀ အထက်တန်းကျောင်းသည်လည်း ယခုတစ်ကြိမ် ခရိုင်အားကစားပြိုင်ပွဲတွင် အခြားကျောင်းများထက် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်။
အကောင်းဆုံးက ယခင်က တင်ရှိထားခဲ့သည့် စံချိန်မှတ်တမ်းများကိုပင် ချိုးဖျက်နိုင်ခဲ့ခြင်းပင်။
ပြိုင်ပွဲရလဒ်များကို ကြည့်ရှုရန် ကော်ဟောက် အနီးတွင် လူများ စုဝေးနေသည်ကို တွေ့လျှင် ဝမ်လင်းက ကျောင်းမှထွက်ခွာရန် ပြင်ဆင်လိုက်သည်။
လက်ရှိတွင် အမှတ်၆၀ အထက်တန်းကျောင်းသည် အဓိကမြို့ပြ အထက်တန်းကျောင်း၏ စံနှုန်းနှင့် လုံးဝပြည့်မီနေပြီဖြစ်သည်။
“ဒီတစ်ခေါက် ငါတို့တကယ်ကို ကံကောင်းပြီပဲ.. ကစားသမားတွေ အားလုံးက ဖုတ်သွင်းပြီး ပြိုင်ပွဲဝင်လိုက်သလိုပဲ”
ချန်းချောင်က ပြိုင်ပွဲရလဒ်ကြောင့် အံ့အားသင့်သွားခဲ့သည်။
“ပြောပါတယ်.. ဝမ်လင်းက ငါတို့ရဲ့လာဘ်ကောင်လေးပါပဲလို့”
ထွက်ခွာတော့မည့်အချိန်တွင် ချန်းချောင်က ဝမ်လင်း ထိတ်လန့်စေမည့် စကားကို ပြောလိုက်သည်။
“မင်းတို့အားလုံး သတိပြုမိကြရဲ့လား.. ဝမ်လင်း ပါဝင်ခဲ့တဲ့ဖြစ်ရပ်တွေမှာ မှတ်တမ်းတွေက ပြတ်သွားလေ့ရှိတယ်.. မသိရင် သူက ဒီဖြစ်ရပ်တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူလိုပဲ.. အချက်အလက်တွေအရ သူက တကယ့် လာဘ်ကောင် ဆိုတာ သက်သေပြနေတယ်”
ဝမ်လင်း “……….”
ဤနေ့တွင် အမှတ်၆၀ အထက်တန်းကျောင်းသည် ဝိညာဉ်သားရဲ တိုက်ပွဲကြောင့် အတန်းချိန်များကို ရုတ်သိမ်းခဲ့သည်။
ထို့ကြောင့် ကျောင်းသားများကို စောစော အိမ်ပြန်စေခဲ့သည်။
ဝမ်လင်း အိမ်ပြန်ရောက်သောအခါတွင် ဝေ့ကျစ်က ညစာစားရန် ဖိတ်ကြားထားကြောင်း ထွင်ထျန်းဟာ မက်ဆေ့ချ်ပို့ခဲ့သည်။
မေမေဝမ်က ဖိုးဖိုးဝမ်နှင့်အတူ ခရီးသွား အေဂျင်စီတစ်ခုထံ ခရီးသွားလက်မှတ် အကြောင်းစုံစမ်းရန် အိမ်မှ ထွက်သွားခဲ့သည်။
ဖိုးဖိုးဝမ်က ရုတ်တရက် အပန်းဖြေခရီး သွားချင်နေပုံရသည်။
သို့သော် ဤသည်က အနည်းငယ် ထူးဆန်းနေသလို ဝမ်လင်းခံစားရသည်။
အကြောင်းရင်းမှာ ဖိုးဖိုးဝမ်နှင့် မီးဖိုချောင်သုံးဓားဂိုဏ်း၏ အကြီးအကဲ ကျန်းဟိုင်ဖူ တို့၏ ဟင်းချက်ပြိုင်ပွဲက မပြီးပြတ်သေးသောကြောင့် ဖြစ်၏။
“တစ်ခုခုတော့ တစ်ခုခုပဲ”
ဖေဖေဝမ်က ယနေ့တွင် စာမရိုက်ဘဲ ဆိုဖာပေါ်တွင်ဆေးပြင်းလိပ်ကို ရှိုက်ဖွာနေသည်။
ထို့နောက်တွင် သူက မြေအောက်ခန်းထဲ၌တစ်စုံတစ်ခုကို ရှာဖွေနေခဲ့သည်။
ဖေဖေဝမ်က မေမေဝမ်ထံ ရည်ရွယ်ရေးသားခဲ့သည့် ရည်းစားစာကို ရှာဖွေနေခြင်းပင်။
ဝမ်လင်းက ရုတ်တရက် ယနေ့ရက်စွဲကို သတိရမိသည်။
ဇူလိုင်လ၂၀ ရက် စာသင်နှစ်၏ ၁၃ ပတ်မြောက် ကြာသပတေးနေ့ ဖြစ်သည်။
“မင်းအောက်ကို ခဏဆင်းခဲ့စမ်း”
ဖေဖေဝမ်က ရုတ်တရက် အော်ဟစ်လိုက်သည်။
ထို့နောက် ဖေဖေဝမ်က သေတ္တာကြီးထဲမှ ဖိနပ်ပုံးအရွယ် အိတ်တစ်လုံးကို ထုတ်ကာ ထိုအိတ်ထဲမှ အနက်ရောင်သေတ္တာငယ်တစ်လုံးကို ထပ်မံ ထုတ်ယူလိုက်သည်။
အဆုံးသတ်တွင် ဖေဖေဝမ်က အနက်ရောင် သေတ္တာငယ်လေးထဲမှ စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။
သူက ဝမ်လင်းကိုကြည့်၍ ပြောလိုက်သည်။
မင်းအမေကို ပထုတ်ဖို့အတွက် မင်းအဖိုးကို အကူအညီတောင်းလိုက်တာပါ”
“အင်း”
သူက ခန့်မှန်းမိပြီးသား ဖြစ်သည်။
ဖေဖေဝမ် “ဒီနေ့က ငါတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ မဟုတ်ပေမဲ့ မင်းအမေကို ပထမဆုံးစတွေ့တဲ့နေ့ပဲ.. ရည်းစားစာကတကယ်တော့ 'ကြယ်စင်ကောင်းကင်ရဲ့ အချစ်ဘာသာစကား'လို့ အမည်ရတဲ့ သီချင်းတစ်ပုဒ်ပဲ.. ဒါပေမဲ့ သံစဉ်တွေတော့ မထည့်ရသေးဘူး.. လင်းလေး.. အဖေ့ကို ကူညီပေးလို့ရမလား”
ဝမ်လင်း “……….”
အပိုင်း(၅၇၆)