← Chapters

ခွေး2ရဲ့နတ်ဆိုးကမ္ဘာသို့ခရီး

Vol. 39 Ch. 581

ခွေး2ရဲ့နတ်ဆိုးကမ္ဘာသို့ခရီး

Vol. 39 Ch. 581

ထွင်ထျန်းဟာက ဝေ့ကျစ်၏နေရာမှ ထွက်ခွာလာပြီးနောက်တွင် တိုက်ပွဲ၌ အသုံးပြုခဲ့သော အခြေခံခွေးနည်းစနစ်များ အကြောင်းကို စဉ်းစားနေခဲ့သည်။

လက်ရှိတွင် ဤဘောက်ဆင်နည်းစနစ်ကို ကျင့်ကြံရာ၌ အမှားအယွင်း တစ်စုံတစ်ရာကို မခံစားရပေ။

ထို့ပြင် ထိုကျင့်စဉ်က သူ့ခန္ဓာကိုယ်၌ ပိတ်ဆို့နေသော သွေးကြော အများအပြားကိုပင် ဖွင့်ပေးခဲ့ပြီး သူ၏ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေသော အဆင့်သို့ ရောက်ရှိစေခဲ့သည်။

ဝေ့ကျစ်ကဲ့သို့ ဝိညာဉ်သားရဲနှင့် ပတ်သက်၍ အတွေ့အကြုံကြွယ်ဝသူ တစ်ဦး၏ စကားကြောင့် ထွင်ထျန်းဟာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

အဓိကအချက်မှာ ထွင်ထျန်းဟာသည် ယခင်က နတ်ဆိုးတစ်ကောင် ဖြစ်ခဲ့သည်။

ယခု သူက ဝိညာဉ်သားရဲကျင့်စဉ်ကို ကျင့်ကြံနေခဲ့သည်။

အကယ်၍ တစ်စုံတစ်ရာ မှားယွင်းခဲ့လျှင် မည်သို့ ဆက်ဖြစ်နိုင်မည်နည်း။

ဆရာလေးလင်းက နတ်ဆိုးဘုရင်နှလုံးသားကျမ်းကို သူ့အတွက် လုံးဝစိုးရိမ်စရာပင် မလိုလောက်အောင် ပြုပြင်ပေးခဲ့သည်။

ပြဿနာမှာ ငွေရောင်လေး၏ ခွေးနည်းစနစ် ဖြစ်သည်။

၎င်းကို ငွေရောင်လေးက ခွေးသူတော်စင်၏ ကျမ်းစာသိုလှောင်ခန်းတွင် မှတ်တမ်းတင်ထားသည့် ကျမ်းစာများမှတစ်ဆင့် ရရှိခဲ့သည်။

ထို့ပြင် ငွေရောင်လေးသည် ထိုဝိညာဉ်နည်းစနစ်ကို သူ့နည်းသူ့ဟန်ဖြင့် ပြန်လည်တီထွင်ကာ မူရင်းဗားရှင်းထက် ပိုမိုသန့်စင်သွားစေရန် ပြုလုပ်ခဲ့သည်။

သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ဤနည်းစနစ်ကယုံကြည်စိတ်ချရခြင်း မရှိဟု ထွင်ထျန်းဟာခံစားရသည်။

အိမ်အပြန်လမ်းတွင် ထွင်ထျန်းဟာသည် ငွေရောင်လေး ဆီသို့ ကူကယ်ရာမဲ့စွာ စာပို့လိုက်သည်။

“မင်းငါ့ကို နောက်ဆုံအချိန်က ပေးခဲ့တဲ့ အခြေခံခွေးနည်းစနစ်တွေက ပြည့်စုံမှုရော ရှိရဲ့လား”

“???”

ထိုမက်ဆေ့ကို မြင်သောအခါ ငွေရောင်လေးက အံ့ဩသွားခဲ့သည်။

“အဲဒါက..”

ထွင်ထျန်းဟာ”နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလား”

ငွေရောင်လေး”……….”

ငွေရောင်လေးက အတိတ်ကို ချက်ချင်း ပြန်သတိရသွားသည်။

အဘယ်ကြောင့်ဆိုသော် သူတော်စင်ခွေးသည် ဤကျင့်စဉ်ကိုကျင့်ကြံရာတွင် သတိထားရမည့်အချက်ကို နောက်ကျောတွင် ရေးထားခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် ငွေရောင်လေးက ထိုအချက်ကို မမှတ်မိတော့ချေ။

ဤကျင့်စဥ်ကို ကျင့်ကြံသူက သတိပေးထားသည့် အချက်များကို ဂရုမစိုက်လျှင် နောက်ဆက်တွဲ ဆိုးကျိုးကို ဖြစ်ပေါ်စေနိုင်သည်ကိုသာ သူမှတ်မိသည်။

ငွေရောင်လေး၏ ပြန်ကြားချက်တွင် စာချန်ပြ အမှတ်အသားကိုမြင်လျှင် ထွင်ထျန်းဟာ အလွန် ထိတ်လန့်သွားပြီး သူ၏ ခွေးအမွေးများပင် အဆုံးထိ ထောင်တက်သွားခဲ့သည်။

“ဒါဆို တကယ်ပဲရှိနေတာလား”

ငွေရောင်လေးက သူ့မျက်နှာကို ပွတ်သပ်ရင်း စိတ်ပေါက်ပေါက်ဖြင့် ပြန်ပြောလိုက်သည်။

“အင်း.. သေချာတာက ဒီကျမ်းစာက ခွေးမျိုးနွယ်စု အတွက် ရည်ညွှန်းထားတဲ့ ကျမ်းစာတစ်ခုပဲ.. ခွေးမျိုးနွယ်စုနဲ့ သက်ဆိုင်တဲ့အတွက် ငါအဲဒါကို မကျက်မိခဲ့ဘူး.. ငါလည်း မင်းကို နည်းစနစ်တွေပေးပြီးမှ အဲဒီအချက်ကို သတိရမိတယ်”

ငွေရောင်လေး၏ စကားကြောင့် ထွင်ထျန်းဟာက ဒေါသထွက်သွားသည်။

“မဟုတ်ဘူး မင်းက ငါ့ကိုလှည့်စားခဲ့တာပဲ ငွေရောင်လေး မင်းက ငါ့ကိုသစ္စာဖောက်တယ်”

ငွေရောင်လေး “မင်းအခုဘာများဖြစ်နေလို့လဲ”

“ဘာမှမဖြစ်သေးဘူးလေ”

ငွေရောင်လေး “ဒါဆို ဘာကြောက်စရာရှိလဲ.. နောက်ဆက်တွဲဆိုးကျိုးက မပြင်းထန်တာလည်း ဖြစ်နိုင်တာပဲလေ”

“ဒီလိုမျိုး ကျင့်စဉ်တွေကျင့်ရင် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ မင်းသိလား”

ထွင်ထျန်းဟာ၏ မေးခွန်းကြောင့် ငွေရောင်လေးက တွေဝေသွားသည်။

လူသားများ တိရိစ္ဆာန်များ သို့မဟုတ် အခြားသော သက်ရှိများအားလုံးသည် မသိခြင်း၏ သဘောသဘာဝကို ကြောက်ရွံ့ကြသည်။

ထို့ကြောင့် ယနေ့ခေတ်တွင် ကြိုတင်ကာကွယ်ရေး အစီအစဉ်က ရေပန်းစားနေခြင်း ဖြစ်သည်။

ငွေရောင်လေးက အတွေးနက်နေသဖြင့် အချိန်အတော်ကြာစာမပြန်နိုင်ခဲ့ပေ။

သူ့အနေဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများကို မည်သို့ သိနိုင်ပါမည်နည်း။

အဓိကအချက်မှာ ထိုအချိန်က သူလုံးဝ ဂရုမစိုက်မိခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် သူ့အနေဖြင့် မေ့သွားစရာ အကြောင်းမရှိပေ။

ငွေရောင်လေးက ထွင်ထျန်းဟာကို အမှန်တကယ် လှည့်စားခဲ့မိသလို ဆိုးရွားသော ခံစားချက်တစ်ခုကို ခံစားနေရသည်။

ထိုခွေးလေးက သူ့အပေါ် အချောင်အမြတ်ထုတ်တတ်သော်လည်း ငွေရောင်လေးက ထွင်ထျန်းဟာအပေါ် အလုံးစုံ နှစ်ခြိုက်သဘောကျသူဖြစ်သည်။

ကြယ်ငါးပွင့် အတိုင်းအတာဖြင့် မှတ်ချက်ပေးရလျှင် ထွင်ထျန်းဟာသည် ကြယ်ငါးပွင့်မရလျှင်ပင် ကြယ်လေးပွင့်တော့ ရရှိပေလိမ့်မည်။

ထို့ပြင် ထိုခွေးကလေးသည် အလွန်သစ္စာရှိသော ခွေးကလေးဖြစ်သည်။

သို့သော် ဤအခြေအနေတွင် ငွေရောင်လေးက ထွင်ထျန်းဟာကို မည်သို့နှစ်သိမ့်ရမလဲ မသိတော့ပေ။

ငွေရောင်လေးက အချိန်အတော်ကြာပြီးမှ ပြန်ဖြေလိုက်သည်။

“ငါသိရသလောက် နောက်ဆက်တွဲဆိုးကျိုးတွေက ခွန်အားမရှိခြင်း ပင်ပန်းနွမ်းနယ်ခြင်း ခါးနာခြင်း ကျောက်ကပ်အားနည်းခြင်းကြောင့် ညဘက်ချွေးထွက်များခြင်း အဲဒါတွေပဲ”

ထွင်ထျန်းဟာ “ကျောက်ကပ်အားနည်းတဲ့ရောဂါလား”

“အဆိုးဆုံးအခြေအနေဖြစ်လာရင် လျူဝေ့တိဟွမ် ဆေးလုံးကိုသောက်လိုက်ရုံပဲလေ”

ထွင်ထျန်းဟာ “……….”

ငွေရောင်လေး “စိတ်မပူပါနဲ့.. အရမ်းကြီး အလေးအနက်လည်းမထားပါနဲ့ဦး.. မင်းမှာ ဆရာလေးလင်း ရှိနေတာပဲလေ.. ဆရာလေးလင်းနဲ့ဆို မင်းဘာတွေ ထိတ်လန့်စရာလိုလို့လဲ.. မင်းအမှန်တကယ် ကျောက်ကပ် အားနည်းတယ်ဆိုရင် ဆရာလေးလင်းကို ခေါ်ပြီး ရင်ဘတ်ကို ပွတ်သပ်ခိုင်းလိုက်ပေါ့”

ထွင်ထျန်းဟာ “……….”

ငွေရောင်လေး “မင်းရဲ့ အမွေးတွေကို အညစ်ပတ်မခံနဲ့.. ဆရာလေးလင်းကို ပွတ်သပ်ခိုင်းလိုက်”

ထွင်ထျန်းဟာ “……….”

ထိုစကားကို ပြောပြီးနောက်တွင် ငွေရောင်လေးက သက်ပြင်းချလိုက်သည်။

“ဆရာလေးလင်းက ငါ့ဆံပင်တွေကို ဘယ်တော့မှ ပွတ်သပ်ပေးမလဲ မသိဘူး.. ဆရာလေးလင်းက မင်းကို ခဏခဏပြုလုပ်ပေးတယ်လို့ငါကြားတယ်.. သူ့ရဲ့ ပွတ်သပ်တဲ့နည်းစနစ်က အရမ်းကို စိတ်သက်သာရာ ရစေတယ်လို့ ငါထင်တယ်”

ထွင်ထျန်းဟာ “မင်းက အကျင့်မကောင်းတဲ့ကောင်ပဲ”

ထွင်ထျန်းဟာက အိမ်တံခါးဝသို့ ရောက်သောအခါတွင် နောက်ဆက်တွဲ ဆိုးကျိုးပြဿနာကို စိတ်၏အနောက်သို့တွန်းပို့ရန် အကောင်းဆုံး လုပ်ဆောင်ခဲ့သည်။

သူက သူ၏အဆင်မပြေမှုများကို ထုတ်ဖော်ပြသလိုခြင်း မရှိခဲ့ပေ။

ယင်းက ဆရာလေးလင်းကို တစ်စုံတစ်ရာ သံသယဝင်စေမည် ဖြစ်သည်။

ထိုသို့ ဖုံးကွယ်ထားရခြင်းမှာ သူ့အနေဖြင့် ကိစ္စကြီးကြီးမားမားတစ်ခုကို မကြာမီဆောင်ရွက်ရတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။

သူက ထိုကိစ္စကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်း၍ ပျင်းရိသောခွေးကလေးအဖြစ်သာ ဝမ်မိသားစုအိမ်၌ ပြန်နေချင်ခဲ့သည်။

အိပ်မက်ထဲတွင် နိမိတ်ဖတ်ထားသည့် အချိန်က ကျရောက်လာပြီ ဖြစ်သည်။

ထို့ကြောင့် ယနေ့ညတွင် ထွင်ထျန်းဟာသည် သူ၏မျိုးနွယ်စုထံ ပြန်သွားရန် စီစဉ်ခဲ့သည်။

သူက ဆရာလေးလင်း၏ နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက်လုပ်နေရသောကြောင့် ဆရာလေးလင်း၏ အခန်းထဲသို့ ဝင်လိုက်သောအခါ အနည်းငယ် တုန်ယင်နေသည်။

သူ့အနေဖြင့် အရာအားလုံးကို အမြန်ဖြေရှင်းပြီး ဆရာလေးလင်း အနားတွင်သာ အမြန်ဆုံး ပြန်နေချင်ခဲ့သည်။

အချိန်က ကိုးနာရီရှိပြီ ဖြစ်သည်။

ဤအချိန်က မေမေဝမ် Mask ကပ်ရမည့်အချိန်ဖြစ်ပြီး ဖေဖေဝမ်က အပေါ်ထပ်တွင် လဲ့မုန့်မုန့်၏ မျက်စိအောက်၌ သူ၏စာမူကို ရေးနေရမည့်အချိန် ဖြစ်သည်။

ဆရာလေးလင်းကမူ ယနေ့တွင် အစောကြီး အိပ်ရာဝင်ခဲ့သည်။

[အားကစားပြိုင်ပွဲနဲ့ပတ်သက်ပြီး ပင်ပန်းသွားလို့များလား]

ဆရာလေးလင်းနှင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ခဲ့သောအခြားသူများကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိခဲ့သည်။

အခြားသူများ အားလုံးက ပြေးလွှားရင်း မောပန်းနေကြသော်လည်း ဆရာလေးလင်းကမူ သူ၏ကမ္ဘာဦးချီကို ပြေးလွှားရင်း ထိန်းချုပ်နေရသည်။

ဤလုပ်ဆောင်ချက်က အားကစားလုပ်သည်ထက်ပင် စွမ်းအင်ကို ပိုမို အသုံးချရသည်။

ထိုအချက်ကို တွေးမိလျှင် ဤရှင်းပြချက်က ပြီးပြည့်စုံလွန်းသည်ဟု ထွင်ထျန်းဟာ ရုတ်တရက် ခံစားလိုက်ရသည်။

သူက ကုတင်ဘေးနားသို့ ကပ်ကာ ဟောင်လိုက်သည်။

“ဝုတ်”

ဝမ်လင်းက အိပ်ပျော်ဟန်ဆောင်နေပြီး တုတ်တုတ်မျှ မလှုပ်ပေ။

“……….”

ထွင်ထျန်းဟာက အံ့ဩဝမ်းသာသွားခဲ့သည်။

“ဘုရားသခင်က ငါ့ကို တကယ်ပဲ ကူညီနေခဲ့တာလား”

အိပ်ပျော်ဟန်ဆောင်နေသောဝမ်လင်း “……….”

ထို့နောက်တွင် ထွင်ထျန်းဟာက ရေချိုးခန်းထဲသို့ ဝင်သွားပြီး တံခါးကို ပိတ်လိုက်သည်။

ဆရာလေးလင်းက အင်မော်တယ်ကျန်းရွမ်၏ မိုးခေါင်ခြင်းကြယ်ဂြိုဟ် ဆီသို့ သွားစဉ် သခင်မာအား အသုံးပြုပုံကို သူအမှတ်ရမိသည်။

ရေချိုးခန်းထဲ ရောက်သည်နှင့် သခင်မာ၏ ခန္ဓာကိုယ်ပေါ်ရှိ အိမ်သာအဖုံးက သူ့အလိုလို ပွင့်သွားပြီး ယခင်လို ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ငါဆောင်ရွက်ပေးပါ့မယ်”

သခင်မာ၏ စကားမဆုံးခင်မှာပင် ထွင်ထျန်းဟာက ပြောလိုက်သည်။

“မင်းသေချင်နေတာလား.. သခင်လေးလင်းက အိပ်နေတယ်.. မင်းနားမလည်ဘူးလား”

သခင်မာက နာခံစွာပင် ပါးစပ်ပိတ်ထားလိုက်သည်။

“……….”

ထွင်ထျန်းဟာက ကိုဩဒိနိတ်အမှတ်များကို တိတ်တဆိတ်ရွတ်ဆိုပြီးနောက်တွင် သခင်မာက ယခင်ကကဲ့သို့ပင် တောက်ပသော အလင်းရောင်ဖြင့် ထွင်ထျန်းဟာကို လွှမ်းခြုံပေးလိုက်သည်။

ထို့နောက်တွင် ထွင်ထျန်းဟာသည် အလင်းတန်းတစ်ခု အဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

ထွင်ထျန်းဟာ ပျောက်ကွယ်သွားပြီနောက်တွင် ဝမ်လင်းကရေချိုးခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။

“ထွင်ထျန်းဟာ သွားပြီလား”

သူက သခင်မာကို စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

သခင်မာ “ဟုတ်ပါတယ် သခင်ဝမ်လင်း”

“အကာအကွယ်ရော ထည့်ပေးလိုက်သေးလား”

ဝမ်လင်းက ထပ်မေးလိုက်သည်။

သခင်မာ”ကျွန်တော်သေချာလုပ်ပေးလိုက်ပါတယ်”

ဤအကာအကွယ် မှော်စွမ်းရည်သည် သခင်မာ၏ ခန္ဓာကိုယ်အတွင်း၌ ဝမ်လင်း ထည့်သွင်းထားခဲ့သော စွမ်းရည်ဖြစ်သည်။

ထွင်ထျန်းဟာက သခင်မာကို အသက်သွင်းထားသရွေ့ ဝမ်လင်း၏ ရွှေရောင်အကာအကွယ် အလင်းများက ထွင်ထျန်းဟာ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် လွှမ်းခြုံပေးထားမည် ဖြစ်သည်။

သေချာအောင် မေးလိုက်ပြီးနောက်တွင် ဝမ်လင်းကစိတ်သက်သာရာ ရသွားသည်။

ထွင်ထျန်းဟာ ကိုယ်ပေါ်ရှိ သူ၏ ရွှေရောင်အလင်းများကြောင့် ထွင်ထျန်းဟာ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်စရာမလိုအပ်ဟု သူခံစားခဲ့ရသည်။

ထို့အပြင် ခွေး2လေးသည် အလွန်စမတ်ကျသည်။

သူ့တွင် အင်မော်တယ်ကျန်းရွမ်၏ အင်မော်တယ်တံဆိပ်လည်း ရှိနေသည်။

အကယ်၍ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် အင်မော်တယ် ကျန်းရွမ်သည် သူ့အမိန့်တစ်ခုတည်းဖြင့် ခွေးတစ်ကောင်ကဲ့သို့ အပြေးရောက်လာမည် ဖြစ်သည်။

အပိုင်း(၅၈၁) ပြီး၏

All Chapters