← Chapters

ဘယ်သူက ငါ့မျိုးနွယ်စုကို အောင်နိုင်မယ်လို့ ထင်လဲ

Vol. 39 Ch. 583

ဘယ်သူက ငါ့မျိုးနွယ်စုကို အောင်နိုင်မယ်လို့ ထင်လဲ

Vol. 39 Ch. 583

သူက ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးသို့ အလျင်အမြန် သွားလိုက်သော်လည်း ကောင်စစ်ဝန်ရုံးအတွင်းရှိ လေထုက လုံးဝ မငြိမ်းချမ်းပေ။

ဆန်ကျင်ဘက်အားဖြင့် လေထုထဲတွင် ရန်ငြိုးရန်စ အရိပ်အယောင်များ ရှိနေသည်။

ဤဆွေးနွေးပွဲက အကျိုးဖြစ်ထွန်းမည် မဟုတ်ကြောင်း သူအစောတည်းကပင် မျှော်လင့်ထားပြီးသား ဖြစ်သည်။

သို့သော်လည်း စိတ်ထဲကနေ သက်ပြင်းချ၍ အတွင်းသို့ ဖြည်းညင်းစွာ ဝင်သွားခဲ့သည်။

အတွင်းပိုင်းနယ်မြေများ ဖြစ်သည့် တောင်ပိုင်းနယ်မြေ မြောက်ပိုင်းနယ်မြေနှင့် အနောက်ပိုင်း နယ်မြေများမှ သံတမန် ၃ယောက်သည် ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံး၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေကြသည်။

ယခုတစ်ကြိမ် စေလွှတ်လိုက်သော သံတမန်၃ဦးသည် နတ်ဆိုးနတ်ဘုရား၏ လက်အောက်ငယ်သားများ အသီးသီး ဖြစ်ကြသည်။

၎င်းတို့က အနောက်ပိုင်း နွားအရှင်မြတ် လက်အောက်ရှိ တာအိုကျင့်ကြံသူ မြင်းမျက်နှာ၊ တောင်ဘက် ဝိညာဥ်အင်ပါယာ လက်အောက်ရှိ တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး၊ မြောက်ပိုင်း လိပ်မိစ္ဆာလက်အောက်ရှိ ကြေးလိပ်တို့ ဖြစ်ကြသည်။

ဤတစ်ကြိမ်တွင် အရှေ့ဘက်နယ်မြေကို ဖြုတ်ချရန် နယ်မြေ၃ခုစလုံးက မဟာမိတ်ဖွဲ့ထားလိမ့်မည်ဟု ကင်းမြီးကောက်ဘုရင်ပင် မထင်ထားခဲ့ပေ။

ထို့ပြင် ယခုဆွေးနွေးပွဲသည် ရိုးသားမှု လုံးဝမရှိဟုပင် ဆိုနိုင်သည်။

တကယ်တမ်းသာ ငြိမ်းချမ်းရေးအတွက် ဖြေရှင်းလိုလျှင် သံတမန်အဖွဲ့တစ်ဖွဲ့စီ စေလွှတ်ပေးသင့်သည်။

အဆုံးသတ်တွင် ဤနေရာ၌ သံတမန်၃ဦးမျှသာ ရှိနေခဲ့သည်။

ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံး၏ အစည်းအဝေးခန်းမတွင် စားပွဲဝိုင်းတစ်ခုရှိပြီး သံတမန်၃ဦးက ထိုင်နေကြသည်။

အကြီးအကဲဝမ်က စကားတစ်ခွန်းမှ မပြောဘဲ ထိုင်ရန် နေရာရှာလိုက်သည်။

နှစ်မိနစ်ခန့် ငြိမ်သက်သွားပြီး နောက်တွင် တာအိုကျင့်ကြံသူမြင်းမျက်နှာက စကားပြောလိုက်သည်။

“ဒီနေ့ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် သံတမန်၃ဦးကကောင်စစ်ဝန်ရုံးကို ရောက်လာကြတယ်.. ကင်းမြီးကောက်ဘုရင်က ဘာလို့ ငါတို့ကို ကိုယ်တိုင် လက်ခံ မတွေ့ဆုံရတာလဲ”

အကြီးအကဲဝမ်က စိတ်ထဲကနေသာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဤမေးခွန်းက တမင်တကာ မေးခြင်းသာဖြစ်ပြီး အဖြေကို ၎င်းတို့သိထားပြီးသား ဖြစ်သည်။

ဆိုရလျှင် အရှေ့ပိုင်းနယ်မြေ၏ နတ်ဆိုးနတ်ဘုရား ဖြစ်သည့် ကင်းမြီးကောက်ဘုရင်က သူတို့ကို ကိုယ်တိုင် လက်ခံတွေ့ဆုံမည် မဟုတ်မှန်း ကြိုသိထား၍ ဤနေရာတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

“ကင်းမြီးကောက်ဘုရင်က အဆင့်တက်ဖို့အတွက် အလုပ်များနေတယ်.. မင်းတို့ကို ထွက်တွေ့ဖို့အတွက် အချိန်မရှိမှာကို ငါစိုးရိမ်မိတယ်..”

အကြီးအကဲဝမ်က လက်သီးဆုပ်၍ ဂါရဝပြုကာ ပြောလိုက်သည်။

နယ်မြေ၃ခုမှသံတမန်များ “……….”

ထို့နောက်တွင် အကြီးအကဲဝမ်က ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ကြောက်ရွံ့ခြင်းကင်းသည့် အမူအရာဖြင့် ထိုင်ချလိုက်သည်။

သူက သေခြင်းတရားကို ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားပြီ ဖြစ်၏။

တာအိုကျင့်ကြံသူ မြင်းမျက်နှာက အကြီးအကဲဝမ်၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။

“မင်းကို ဘယ်သူကထိုင်ခွင့်ပေးလို့လဲ”

အကြီးအကဲဝမ်က ထိုစကားကို မကြားဟန်ဆောင်ကာ ခြေထောက်ကိုပင် ချိတ်လိုက်သေးသည်။

“သေခြင်းတရားကနေ မလွတ်မြောက်နိုင်မှတော့ ဘာကိုကြောက်နေရဦးမှာလဲ”

“……….”

တာအိုကျင့်ကြံသူ မြင်းမျက်နှာ၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။

“မင်းငါတို့ကို ရန်စနေတာလား..”

“ဒီနေရာကို ရောက်လာရင် ငါတို့အားလုံးက သံတမန်တွေပဲ.. ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးကို ဘက်မလိုက်တဲ့ စေ့စပ်ညှိနှိုင်းရေး ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တယ်..တရားမျှတမှုနဲ့ မမျှတမှုရဲ့ ခြားနားချက်က ဘာလဲဆိုတာတောင် မသိတဲ့ မင်းတို့၃ယောက်က ငါ့ကို အပေါ်စီးကနေ ဆက်ဆံဖို့ လုံးဝမစဉ်းစားနဲ့”

အကြီးအကဲဝမ်က လုံးဝ မကြောက်ရွံ့ဘဲ ပြတ်သားစွာ ပြောလိုက်သည်။

“ငါဒီကို ရောက်လာကတည်းက သေဖို့အတွက် ပြင်ဆင်ထားပြီးပြီ.. ငါ့အတွက် ဘာမှ ကြောက်စရာမရှိဘူး”

“မင်းအခု အတွင်းပိုင်းနယ်မြေ၃ခုကို ဆန့်ကျင်နေတယ် ဆိုတာ မင်းသိရဲ့လား.. မင်းရဲ့အပြုအမူကြောင့် ကောင်းကင်ဝါးမျိုဖားပြုပ် မျိုးနွယ်စုရဲ့ သားစဉ်မြေးဆက်က အနာဂတ်မှာရှင်သန်နေတယ်ဆိုရင်တောင် သူတို့ သွားလေရာ နေရာတိုင်းမှာ ကြွက်စုတ်တွေပဲ ဖြစ်နေလိမ့်မယ်”

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက ပြောလိုက်သည်။

“ငါတို့ အရှေ့ပိုင်းနယ်မြေက အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်တဲ့ မှော်လက်နက်တွေကို သိမ်းဆည်းထားတယ်လို့ ကောလာဟလတွေ ပျံ့နှံ့လာချိန်ကစပြီး မင်းတို့နယ်မြေ၃ခုက ထက်ခါတလဲလဲ စွပ်စွဲခဲ့တယ်.. ဒီကိစ္စက မင်းတို့ စီစဉ်ခဲ့တယ်ဆိုတာ ငါတို့ အရှေ့ပိုင်းနယ်မြေက မျိုးနွယ်စုတွေ အားလုံး သိကြတယ်.. နယ်မြေ၃ခုရဲ့ သံတမန်တွေဖြစ်တဲ့ မင်းတို့၃ယောက်အနေနဲ့ ငါပြောတဲ့စကားက မျှတမှုမရှိဘူးလို့ထင်ရင် ငါနဲ့တိုက်ခိုက်လိုက်လေ”

အကြီးအကဲဝမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

တာအိုကျင့်ကြံသူ မြင်းမျက်နှာ၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

“မင်းက သေဖို့အဆင်သင့် ဖြစ်နေပြီဆိုတော့ ငါတို့အနေနဲ့ ပြောစရာ ဘာမှမရှိတော့ဘူး.. သတ္တိရှိရင် ကောင်စစ်ဝန်ရုံးထဲကထွက်သွားပြီး ငါတို့နဲ့ ယှဉ်ပြိုင်ကြည့်လိုက်လေ”

“ဘာလဲဟ.. မင်းတို့တွေ ကောင်စစ်ဝန်ရုံးထဲမှာ ငါ့ကို ဘာမှမလုပ်ရဲဘူးလား”

အကြီးအကဲဝမ်က ရယ်မောလိုက်သည်။

မတူကွဲပြားသော နတ်ဆိုးနယ်မြေများ၏ အမြင်များနှင့် ထင်မြင်ချက်များကို ဟန်ချက်ညီစေရန် ကနဦးရည်ရွယ်ချက်ဖြင့် ဤငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးကို တည်ထောင်ရန်အတွက် နတ်ဆိုးသူတော်စင်က အမိန့်ပေးခဲ့ကြောင်း သူကောင်းစွာ သိရှိခဲ့သည်။

ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးတွင် နတ်ဆိုးသူတော်စင်ကန့်သတ်ထားသည့် အချက်ရှိသည်ဟု ကောလာဟလ ရှိသည်။

ယင်းမှာ ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးတွင် မည်သူမဆိုရန်ဖြစ်ဝံ့လျှင် ချက်ချင်း ပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။

ကောလာဟလက အမြဲတစေ ရှိခဲ့သော်လည်း မည်သူမျှ မစမ်းသပ်ရဲကြပေ။

ထို့ကြောင့် ဤ၃ယောက်က ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးတွင် သူ့ကို လက်ဖျားနှင့်ပင် မထိဝံ့ဟု အကြီးအကဲဝမ် ယူဆခဲ့သည်။

အစောပိုင်းက ဖြစ်စဉ်က သူ့ကို လက်တွေ့သက်သေပြခဲ့သည်။

နတ်ဆိုးသူတော်စင်၏ ကန့်သတ်ချက်ကို အလွန်ကြောက်ရွံ့သဖြင့် အခြားနယ်မြေ၃ခုမှ တာအိုကျင့်ကြံသူ မြင်းမျက်နှာ၊ တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး နှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့၏ မျက်နှာများက ချက်ချင်း မည်းမှောင်သွားကြသည်။

“ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးမှာ နတ်ဆိုးသူတော်စင်ရဲ့ကန့်သတ်ချက် ရှိတယ်ဆိုတာ မင်းသိထားပြီးသား ထင်တယ်.. ငါတို့က ဘယ်လိုလုပ်ပြီး မင်းကိုတိုက်ခိုက်ရမှာလဲ.. သတ္တိရှိရင်အပြင်ကို ထွက်လာခဲ့လိုက်လေ”

အကြီးအကဲဝမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ကောင်စစ်ဝန်ရုံးထဲက ထွက်တာနဲ့ ငါက သေလူဆိုတာ သိထားပြီးသားပဲလေ.. ငါက ဘာလို့ ထွက်သွားရမှာလဲ”

တာအိုကျင့်ကြံသူ မြင်းမျက်နှာ တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး တာအိုကျင့်ကြံသူ ကြေးလိပ် “……….”

ထို၃ယောက်၏ မျက်နှာအမူအရာများကို မြင်လိုက်ရလျှင် အကြီးအကဲဝမ်က သူ့ကိုယ်ပေါ်မှ ဖိအားများ လျော့ကျသွားသလို ခံစားလိုက်ရသည်။

နတ်ဆိုးသူတော်စင်၏ ကန့်သတ်ချက်က ကောလာဟလအဖြစ် ထွက်ပေါ်ခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

သို့ရာတွင် မည်သူမှ မစမ်းသပ်ဝံ့သောကြောင့် ဤကန့်သတ်ချက်အောက်တွင် မည်သူမှ မသေဖူးပေ။

အကြီးအကဲဝမ်က ဤကန့်သတ်ချက် အမှန်တကယ်ရှိမရှိ မသိသော်လည်း အခွင့်အရေးတစ်ခုအဖြစ် အသုံးချခဲ့သည်။

ယခု ဤ၃ယောက်က သူ့ကိုလက်ဖျားနှင့်ပင် မထိဝံ့ကြောင်းအတည်ပြုပြီးနောက်တွင် အကြီးအကဲဝမ်သည် တာအိုကျင့်ကြံသူ မြင်းမျက်နှာကို စိုက်ကြည့်ကာ စိန်ခေါ်လိုက်သည်။

“လာစမ်း.. လာစမ်း.. ငါ့ကို လာတိုက်ခိုက်လေ”

ထို့နောက် သူက တာအိုကျင့်ကြံသူ မြင်းမျက်နှာ ရှေ့သို့ ခုန်ဝင်လိုက်သည်။

“ငါ့ကို မတိုက်ဘူးလား”

နယ်မြေ၃ခုမှသံတမန်များ “……….”

အကြီးအကဲဝမ် “ငါ့ကိုကျိန်ဆဲစမ်း.. မင်းတို့ပါးစပ်ကို မဖွင့်နိုင်ဘူးလား”

နယ်မြေ၃ခုမှသံတမန်များ “……….”

တာအိုကျင့်ကြံသူ မြင်းမျက်နှာ၏ နှုတ်ခမ်းထောင့်က တလှုပ်လှုပ် ဖြစ်သွားသည်။

သူက အချိန်အတော်ကြာ စဉ်းစားပြီးနောက် အကြီးအကဲဝမ်ကို ပြောလိုက်သည်။

“ကင်းမြီးကောက်ဘုရင် လာဖို့ မအားသေးဘူးဆိုရင် သူတံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာတဲ့အထိ တစ်ရက်လောက် ထပ်စောင့်လိုက်ရအောင်လား”

သူတို့၏ မူလအစီအစဉ်မှာ အကြီးအကဲဝမ်ကို သတ်ပစ်ရန်မဟုတ်ဘဲ ဖမ်းဆီးရန်သာ ဖြစ်သည်။

သို့သော် ဖမ်းဆီးလိုလျှင် နတ်ဆိုးနည်းစနစ်ကို အသုံးပြုခြင်းမှ ရှောင်ရှားနိုင်မည် မဟုတ်ပေ။

ပြဿနာမှာ ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးထဲ၌ မည်သူကလှုပ်ရှားဝံ့ပါမည်နည်း။

“ငါတို့ကို ချောင်ပိတ်ရိုက်ဖို့အတွက် အတွင်းပိုင်း နယ်မြေ၃ခုရဲ့အစီအစဉ်ကို ငါသိပြီးပြီ”

၎င်းသံတမန်၃ယောက်က ငြိမ်းချမ်းရေးအတွက် လာခြင်းမဟုတ်ကြောင်း အကြီးအကဲဝမ် ကောင်းစွာသိသည်။

သူဝင်လာစဉ် ကတည်းကပင် ၎င်းတို့၏ မျက်လုံးများက သူ့ကိုအားလုံး ပြောပြနေသည်။

တာအိုကျင့်ကြံသူ မြင်းမျက်နှာက သည်းမခံနိုင်တော့ပေ။

“ဒါဆို မင်းဘာဆက်လုပ်မှာလဲ.. ဒီကောင်စစ်ဝန်ရုံးထဲမှာပဲဆက်နေမယ်လို့တော့ ငါ့ကိုမပြောနဲ့နော်”

ဂျွတ်…ဂျွတ်

အကြီးအကဲဝမ်က သူ့လက်ချောင်းများကို ချိုးကစားလိုက်သည်။

“နေသာထိုင်သာရှိလိုက်တာ”

နယ်မြေ၃ခုမှသံတမန်များ “……….”

အကြီးအကဲဝမ်က တင်ပျဥ်ခွေထိုင်လိုက်သည်။

ထို့နောက် အိတ်တစ်လုံးကို ထုတ်ယူက အတွင်းမှအိုးများ၊ဒယ်အိုးများနှင့် မီးဖိုချောင်သုံး ပစ္စည်းများအပြင် သားလောင်းဥများဖြင့် ပြည့်နှက်နေသော ဖန်ပုလင်းများကို တစ်ပုလင်းပြီး တစ်ပုလင်း ထုတ်ယူလိုက်သည်။

အကြီးအကဲဝမ် “ဒီပုလင်းထဲမှာ ယင်ကောင်ကြီးတွေကို သိုလှောင်ထားတယ်.. ဒီထဲမှာ အထီးဥ တစ်သိန်း အမဥ တစ်သိန်းရှိတယ်.. တချို့ကလည်း သားပေါက်တော့မယ်.. ဒါကြောင့် ဒီငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးထဲမှာ နေလည်း ငါ့အတွက် စားနပ်ရိက္ခာ ပူစရာမလိုဘူး.. ငါက အသက်ကြီးပြီဆိုတော့ အများကြီးလည်း မစားနိုင်ဘူးလေ.. ဒီတစ်ပုလင်းတည်းနဲ့တင် ငါ့ရဲ့နေ့ရက်တွေ ကုန်ဆုံးတဲ့အထိ ဒီမှာနေနိုင်တယ်”

နယ်မြေ၃ခုမှ သံတမန်များ “……….”

အကြီးအကဲဝမ်က လက်ထဲတွင် ဖန်ပုလင်းကို ကိုင်ထားလျက်ပြုံးလိုက်သည်။

“မင်းတို့က အတွင်းပိုင်းနယ်မြေ ၃ခုရဲ့သံတမန်တွေပဲလေ.. သတ္တိရှိရင် ဖားပြုပ်မျိုးနွယ်စုရဲ့ အကြီးအကဲဖြစ်တဲ့ ငါနဲ့ တစ်ပွဲလောက် စမ်းကြည့်လိုက်ပါလား”

နယ်မြေ၃ခုမှ သံတမန်များ “……….”

အပိုင်း(၅၈၃) ပြီး၏

All Chapters