← Chapters

မင်းတို့ဘုရင်ပြန်လာပြီ

Vol. 39 Ch. 584

မင်းတို့ဘုရင်ပြန်လာပြီ

Vol. 39 Ch. 584

ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးတွင် အကြီးအကဲဝမ်သည် အတွင်းပိုင်းနယ်မြေ၏ သံတမန်၃ဦး သူ့ကို ဘာမှမလုပ်နိုင်ကြောင်း အတည်ပြုပြီး နောက်တွင် အတော်လေး စိတ်ချသွားခဲ့သည်။

ယခုအချိန်မှစ၍ သူမည်သို့ပင် ရုန့်ရင်းစွာ ပြုမူနေပါစေ အရေးမကြီးတော့ပေ။

တာအိုကျင့်ကြံသူ မြင်းမျက်နှာကမူ အတော်လေး နောင်တရနေခဲ့သည်။

ဤသို့ ဖြစ်လာမည်မှန်း စောစောကသာ ကြိုသိခဲ့လျှင် ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံး အတွင်း၌ တွေ့ဆုံရန် စီစဉ်ခဲ့မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် အတွင်းပိုင်းနယ်မြေ၃ခုမှ သံတမန်များသည် အချင်းချင်း ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

သူတို့၏စိတ်ထဲတွင် နတ်ဆိုးသူတော်စင်၏ ကန့်သတ်ချက် အမှန်တကယ် ရှိမရှိကို တွေးတောနေကြသည်။

ရှေးခေတ်ကတည်းက ဤစည်းမျဉ်းကို ချိုးဖောက်ခဲ့သူ မရှိသဖြင့် ထိုကန့်သတ်မှုက အမှန်တကယ် ဟုတ်မဟုတ် အတည်ပြုရန် နည်းလမ်းမရှိပေ။

ပြဿနာက သူတို့ သေချာမသိလျှင်ပင် သူတို့ ဖြတ်ကျော်ဝံ့သောစည်းမျဉ်း မဟုတ်ပေ။

တာအိုကျင့်ကြံသူ မြင်းမျက်နှာက ဒေါသတကြီး ပြောလိုက်သည်။

“ဝမ်ဟဲ.. ငါတို့ကို အနိုင်လာမကျင့်နဲ့.. စေ့စပ်ညှိနှိုင်းဖို့ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးမှာ ငါတို့က မင်းကို ချိန်းဆိုခဲ့တယ်.. မင်းကတော့ ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးကို မင်းရဲ့ အိမ်လိုပဲ သဘောထားနေတယ်.. မင်းက တော်တော် အရှက်မရှိတာပဲ”

“???”

အကြီးအကဲဝမ် အံ့ဩသွားသည်။

ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးထဲသို့ ဝင်လာပြီး ကတည်းက တောက်ပသော မျှော်လင့်ချက်အပြည့်ရှိသည့် ဖားတစ်ကောင်အနေဖြင့် အသက်စွန့်ရတော့မည်ဟု သူတွေးထားခဲ့သည်။

သို့သော်လည်း တစ်ဖက်က သူ့ကို မတိုက်ခိုက်ရဲသည့် အပြင် အရှက်မရှိဟု ပြန်လည် ပြောဆိုနေသည်။

အကြီးအကဲဝမ် “မင်းတို့အနေနဲ့ ငါတို့ အရှေ့ပိုင်းနယ်မြေအရှင် ကင်းမြီးကောက်ဘုရင်ကို မစောင့်နိုင်ရင် အရင်ထွက်သွားလို့ရတယ်.. ဘာပဲဖြစ်ဖြစ် ငါကတော့ ငြိမ်းချမ်းရေးကောင်းစစ်ဝန်ရုံးထဲမှာ ရှိနေမှာပဲ.. ငါ့ရဲ့ စကားထဲမှာ မသင့်လျော်တာ ဘာတစ်ခုမှမပါဘူး.. ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးရဲ့ မူလရည်ရွယ်ချက်က တရားမျှတမှုကို ထိန်းသိမ်းဖို့ ပဋိပက္ခတွေကိုညှိနှိုင်းဆွေးနွေးဖို့နဲ့ ခိုကိုးရာမဲ့နေတဲ့ နတ်ဆိုးတွေကို ခိုလှုံခွင့်ပေးဖို့ ဖြစ်တယ်”

သူ၏စကားကို အခြားနယ်မြေ၃ခုမှ သံတမန်များက ချေပနိုင်ခြင်း မရှိခဲ့ပေ။

“………..”

ယင်းအချိန်တွင် အကြီးအကဲဝမ်ကို စူးစိုက်ကြည့်နေသော တာအိုကျင့်ကြံသူ ကြေးလိပ်က တစ်စုံတစ်ရာကို သတိရသွားသည်။

ဝမ်ဟဲ.. မင်းသားလောင်းဥတွေကို ပေါက်ဖွားတဲ့ဆေး မယူလာဘူး မဟုတ်လား.. သားလောင်းဥတွေကို သားဖောက်ချင်ရင် အထူးပြုလုပ်ထားတဲ့ နတ်ဆိုးဆေးရည်ကို လိုအပ်တာ ငါသိတယ်”

“မယူလာတော့ ဘာဖြစ်လဲ”

အကြီးအကဲဝမ်က ပြောလိုက်သည်။

သားလောင်းဥများကို ပေါက်ဖွားစေသော နတ်ဆိုးဆေးသည် ယင်ကောင်များကို သားဖောက်ရန် အတွက် အရေးကြီးသောဆေး ဖြစ်သည်။

တာအိုကျင့်ကြံသူ မြင်းမျက်နှာက ရယ်မောလိုက်သည်။

“ဟားဟား.. ဝမ်ဟဲ.. မင်းက ငတုံးကောင်ပဲ.. သားလောင်းဥတွေကို ပေါက်ဖွားတဲ့ဆေး မရှိရင် မင်းယူလာတဲ့ သားလောင်းတွေက လုံးဝ အသုံးမဝင်ဘူးလေ.. မင်းက ဒီမှာ အချိန်ဘယ်လိုဖြန်းနိုင်မှာလဲ”

အကယ်၍ အကြီးအကဲဝမ်တွင်သာ သားလောင်းပေါက်ဖွားစေသောဆေး ရှိပါက အကြီးအကဲဝမ်သည် ဤနေရာတွင်အလွန်ကြာရှည်စွာ နေနိုင်မည် ဖြစ်သည်။

ယင်ကောင်များက အလွန်လျင်မြန်စွာ ပေါက်ဖွားကြပြီး ၎င်းတို့ပေါက်ဖွားရန် နတ်ဆိုးချီသာ လိုအပ်သည်။

၎င်းတို့က ဖားပြုပ်မျိုးနွယ်စုအတွက် နတ်ဆိုးစွမ်းအားကို ပြန်လည် ဖြည့်တင်းပေးရုံသာမက အာဟာရဓာတ် ကြွယ်ဝ သော အစားအစာအရင်းအမြစ် တစ်ခုလည်း ဖြစ်သည်။

အကြီးအကဲဝမ်က ဤနေရာသို့ သားလောင်းဥများစွာ ယူဆောင်လာခဲ့သည်။

သူ့အနေဖြင့် ယင်ကောင်များကို သားပေါက်လာအောင် လုပ်ဆောင်နိုင်သ‌ရွေ့ ၎င်းတို့က သူ၏ စားနပ်ရိက္ခာအရင်းအမြစ် ဖြစ်လာစေလိမ့်မည်။

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးကလည်း လှောင်ရယ်လိုက်သည်။

“ဝမ်ဟဲ.. မင်းက တကယ့်ကောင်ပဲ.. သားလောင်းပေါက်ဖွားတဲ့ နတ်ဆိုးဆေးရည်က အရေးကြီးပေမဲ့လည်း မင်းက ယူလာဖို့မေ့နေခဲ့တယ်.. အဲဒါကို ပြန်ယူဖို့အတွက် မင်းရဲ့ မျိုးနွယ်စုကိုပြန်သွားလိုက်တော့”

ထိုစကားက ပြောင်ပြောင်တင်းတင်း ခနဲ့လိုက်သော စကားပင် ဖြစ်သည်။

သို့သော် အကြီးအကဲဝမ်၏ အမူအရာက ထို၃ဦးထင်ထားသည်ထက် ပိုမို တည်ငြိမ်နေသည်။

ငြိမ်းချမ်ရေးကောင်စစ်ဝန်ရုံးထဲမှ ထွက်သွားခြင်းက သူ့အတွက် မည့်သည့်အဓိပ္ပါယ် သက်ရောက်နေသည်ကို သူမသိဘဲ မနေချေ။

ထို၃ဦးက သူငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးမှ ထွက်သွားသည်နှင့် တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည် မဟုတ်ပါလော။

“ဟားဟား.. ငါက သားလောင်းပေါက်ဖွားစေတဲ့ နတ်ဆိုးဆေးရည်ကို မယူလာမိဘူး.. ဒါပေမဲ့ ဖားပြုပ်မျိုးနွယ်စုထိ ပြန်သွားမယူဘဲ မင်းတို့ သံတမန်၃ယောက်နဲ့ အချိန်ဖြုန်း‌နေလို့ ရပါသေးတယ်”

ထိုစကားကို ပြောပြီးနောက် အကြီးအကဲဝမ်က တစ်စက္ကန့်အတွင်း သူ့ဖုန်းကို ထုတ်လိုက်သည်။

“ဒီကိုလာပို့ဖို့ ငါဖုန်းဆက်လိုက်ရင် ပြီးနေတာပဲ မဟုတ်ဘူးလား”

နယ်မြေ၃ခုမှသံတမန်များ “……….”

သူတို့ သံတမန်၃ယောက်က တစ်စုံတစ်ခုကို အမှန်တကယ် မေ့နေခဲ့သည်။

ဤသို့ဖြင့်ပင် အကြီးအကဲဝမ်က ကြီးကျယ်သော ကိစ္စတစ်ခုကို ဖြေရှင်းနိုင်ခဲ့သည်။

----------------------------

အခြားတစ်ဖက်တွင် ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု၏ မူလနေထိုင်ရာ အစို့အညှောင့်ရွာ.......

ထွင်ထျန်းဟာက ဤနေရာသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

သူ၏စိမ်းစိုနေသော အမွေးများ ပေါ်တွင် အနည်းငယ်တောက်ပနေသော ရွှေရောင်အလင်းတန်းကို မြင်လိုက်ရလျှင် သူအနည်းငယ် အံ့ဩသွားခဲ့သည်။

“ဒီအလင်းရောင်က ဆရာလေးလင်းရဲ့ ရွှေရောင်အလင်းအကာအကွယ် မဟုတ်လား.. ဘာကြောင့် ငါ့ဆီမှာ ရှိနေတာလဲ.. သခင်မာက ဒီနေရာကို လွှတ်လိုက်တာနဲ့ ရွှေရောင်အလင်းအကာအကွယ်က ငါ့ကိုလွှမ်းခြုံသွားတာ ဖြစ်နိုင်မလား”

ထွင်ထျန်းဟာ အနည်းငယ် အံ့ဩသွားခဲ့သည်။

သူ၏ နတ်ဆိုးကမ္ဘာသို့ လာမည့်အစီအစဉ်ကို ဆရာလေးလင်းအား မပြောဘဲ ကောင်းမွန်စွာ ဝှက်ထားနိုင်ပြီဟု ထင်ခဲ့သည်။

အကယ်၍ ဤရွှေရောင်အလင်း အကာအကွယ်ကို ဆရာလေးလင်း အထူးစီစဉ်ပေးခဲ့သည်ဆိုလျှင်…

ဤအတွေးက ထွင်ထျန်းဟာ၏ နှလုံးသားကို နွေးထွေးစေခဲ့သည်။

ဆရာလေးလင်းကို ပိုင်ဆိုင်ရခြင်းက အမှန်တကယ်ကောင်းချီး ဖြစ်သောကြောင့် မယုံကြည်နိုင်သည့် အချိန်များပင် ရှိခဲ့ဖူးသည်။

မည်သို့ပင်ဖြစ်စေ လုံးဝ အကာအကွယ် မရှိခြင်းထက်စာလျှင် ရွှေရောင်အလင်း အကာအကွယ် ရှိခြင်းက ပို၍ကောင်းသည် မဟုတ်လော။

သူ့အနေဖြင့် ခြေသလုံးအိမ်တိုင် အင်မော်တယ်ကို မယှဉ်နိုင်သေးသော်လည်း သာမန် နတ်ဆိုးဘုရင်ထက်မူ များစွာပို၍ အားကောင်းနေပါသေးသည်။

သို့သော် ထိုသို့ဖြစ်လျှင်ပင် နတ်ဆိုးကမ္ဘာသည် သူ့အတွက်အန္တရာယ်ရှိသော နေရာအဖြစ် ရှိနေပါသေးသည်။

ဤရွှေရောင်အလင်း အကာအကွယ်သည် ထွင်ထျန်းဟာကို ပို၍ သက်သောင့်သက်သာ ဖြစ်စေသည်။

ထွင်ထျန်းဟာက ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု တည်ရှိရာ အစို့အညှောင့် ကျေးရွာသို့ မျှော်ကြည့်လိုက်သည်။

သို့သော် ရွာကလေးက မထင်မှတ်ဘဲ ဗလာကျင်းနေပြီး ဖားပြုပ်များ၏ အရိပ်အယောင်ကိုပင် မမြင်ရချေ။

“အားလုံး ဘယ်‌ရောက်ကုန်တာလဲ”

ထိုမြင်ကွင်းကို ကြည့်ရင်း ထွင်ထျန်းဟာက စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

ထိုအချိန်တွင် ထွင်ထျန်းဟာက သူ၏ဦးခေါင်း အနောက်ဘက်သို့ အော်ရာတစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။

သူက ခေါင်းကို အသာယိမ်း၍ ရှောင်တိမ်းလိုက်ရာ ဖြူစင်သော မျက်နှာထားဖြင့် သူ့နောက်တွင် ရပ်နေသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

"ဒါက ဝမျယှီလား"

ထွင်ထျန်းဟာက လူငယ်လေး၏ အသွင်အပြင်ကို မြင်လျှင် မည်သူမည်ဝါ ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။

အကြီးအကဲဝမ်၏ နောက်သို့လိုက်ခဲ့သော ဖားပြုပ်ငယ်လေးသည် မျက်စိတစ်မှိတ်အတွင်း ကြီးပြင်းလာပြီး လူသားအသွင်ပြောင်းနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဝမ်ယွီက ရွာတံခါးဝတွင် ရပ်နေသောခွေးကို လေးလေးနက်နက် မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်သည်။

အစောပိုင်းက တိုက်ခိုက်မှုသည် စမ်းသပ်မှုတစ်ခုသာ ဖြစ်သည္။

သို့သော် ဤအမွေးစိမ်းခွေး၏ တုံ့ပြန်မှုက သူ့ကို အံ့အားသင့်စေခဲ့သည်။

သူ၏တိုက်ခိုက်မှုကို အရေးမစိုက်သကဲ့သို့ တစ်ဖက်လူက အလွယ်တကူပင် ရှောင်တိမ်းသွားခဲ့သည်။

ဟုတ်ပါသည်၊ ဤအရာတွေက အရေးမကြီးပေ။

ထိုထက် အရေးကြီးသည်မှာ ဤအမွေးစိမ်းခွေး ပေါ်တွင် နတ်ဆိုးချီ သဲလွန်စ အနည်းငယ်မျှပင် မရှိခြင်း ဖြစ်သည်။

ထိုအစား အမွေးစိမ်းခွေး၏ ကိုယ်ပေါ်တွင် စီးဆင်းနေသည်မှာ ဝိညာဉ်ချီသာ ဖြစ်၏။

ဆိုရလျှင် ဤသည်က နတ်ဆိုးကမ္ဘာအပြင်ဘက်မှ ဝိညာဉ်သားရဲ ဖြစ်သည်။

"မင်းဘယ်သူလဲ"

ဝမ်ယွီ၏ အမူအရာက ရုတ်တရက် နိုးကြားလာပုံရသည်။

သူက ထွင်ထျန်းဟာကို ဖိနှိပ်ရန် သူ၏အော်ရာကို ထုတ်လွှတ်လိုက်သည်။

သို့သော် ထွင်ထျန်းဟာက ဝမ်ယွီ၏အော်ရာကို လုံးဝ ဂရုမစိုက်သကဲ့သို့ ဝမ်ယွီထံ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။

တစ်နည်းအားဖြင့် ထွင်ထျန်းဟာသည် ဝမ်ယွီ ယခင်ထက် ပိုထက်မြက်လာသည်ကို အနည်းငယ် ကျေနပ်နေခဲ့သည်။

သူ့ခန္ဓာကိုယ်တွင် ရွှေရောင်အလင်း အကာအကွယ်များ ရှိသောကြောင့် ဝမ်ယွီ၏ အော်ရာက အနည်းငယ်မျှ အသုံးမဝင်ခဲ့ပေ။

အမွေးစိမ်းခွေး သူ့ထံ တစ်လှမ်းချင်း လျှောက်လာသည်ကိုမြင်လျှင် ဤခွေးက အလွန်အန္တရာယ်များသည်ဟု မသိစိတ်က အသိပေးနေခဲ့သည်။

ထိုခဏတွင် ထွင်ထျန်းဟာက ဝမ်ယွီကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

"ရွာက လူတွေရော ဘယ်မှာလဲ"

ထွင်ထျန်းဟာ၏ စကားကိုကြားလျှင် ဝမ်ယွီက ချက်ချင်း ထိတ်လန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်က ဒသမမြောက် ခေါင်းဆောင်၏ အသံ ဖြစ်သောကြောင့်ပင်။

ဝမ်ယွီ၏ မျက်လုံးများက ချက်ချင်းပင် နီရဲလာသည်။

''မင်းက.. "

''ငါမသေပါဘူး ကလေးရယ်"

ထွင်ထျန်းဟာက ပြတ်သားသော အကြည့်ဖြင့် သူ့ရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။

"မင်းတို့ဘုရင် ပြန်လာပြီလေ"

အပိုင်း(၅၈၄) ပြီး၏

All Chapters