← Chapters

ယှဉ်ပြိုင်မှု

Vol. 60 Ch. 827

ယှဉ်ပြိုင်မှု

Vol. 60 Ch. 827

ဤအခိုက်အတန့်တွင် သက်ဝင်လှုပ်ရှားနေသော ရွှေနန်းတော်ကြီးတခုလုံး တိတ်ဆိတ်သွားသည်။ လူအုပ်ကြီးက ရှေ့ကို ဆက်မျှော်နေကြသော်လည်း စိတ်ထဲတွင်သိလိုစိတ်ပြင်းပြနေကြသည်။

ချင်လျန်၊ လီတိုင်ရွှမ်နဲ့ တန်တိုင်လန်တို့၏ အဖြစ်အပျက်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ထျန်းယွမ်တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး အင်အားစုနှစကြား စစ်ပွဲတစ်ခု ပြီးလုနီးပါးပင်ဖြစ်ခဲ့သည်။

အကယ်၍ ဤကဲ့သို့ အင်အားကြီးသော အင်အားစုနှစ်ခုသာ တိုက်ခိုက်ခဲ့လျှင် ထျန်းယွမ်ကြီးတစ်ခုလုံး ထိခိုက်မည်မှာ သေချာပါသည်။

ကံကောင်းစွာနဲ့ပဲ နှစ်ဖက်စလုံးက အသီးသီး ကိုယ်ရှိန်သတ်ခဲ့ကြသည်။ နောက်ဆုံးတွင် လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ ထျန်းယွမ်တိုက်ကြီးမှ ထွက်ခွာသွားခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ထိုအဖြစ်အပျက်က အနှစ်နှစ်ဆယ်နီးပါးရှိပြီဖြစ်သော်လည်း လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ ပြန်ရောက်မလာသေးပေ။ ယင်းအစား၊ ၎င်းတို့သည် သားဖြစ်သူကို နဂါးစွယ်ကလန်သို့ ပြန်ပို့ခဲ့သည်။

အပေါ်ယံတွင် ချင်လျန်သည် မွေးနေ့ပွဲ တက်ရောက်ရန် နဂါးသွေးတောင်တန်းသို့ ရောက်ရှိလာခဲ့သည်ဟုထင်ရသော်လည်း အမှန်တော့ လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ရဲ့သားကို မြင်ချင်သောကြောင့်ပင်.....

လီလော့၏မိဘများ လောလောဆယ်တွင် အနားတွင်မရှိပေ။ သို့သော် သူ့အဖိုး လီကျင်းဇယ်ရှိနေသည်။ သူ့မြေးကို ကြိုဆိုဖို့အတွက် မျိုးဆက်ဟောင်းတွေရဲ့ရန်ငြိုးများက မျိုးသစ်များနှင့်မဆိုင်ကြောင်း ကြေငြာထားသည်။ ချင်လျန်သည် ယခုအချိန်တွင် လီလော့ကို အနိုင်ကျင့်ချင်လျှင် လီကျင်းဇယ် ခွင့်ပြုမည်မဟုတ်ပေ။

လီလော့က ခပ်အေးအေး မတ်တပ်ထရပ်လိုက်ပြီး....

"ကျွန်တော်က လီလော့ပါ... မင်္ဂလာပါ... ခန်းမသခင်ချင်လျန်......"

စူးစူးရှရှ အကြည့်များစွာ သူ့ဘက်သို့ လှည့်လာခဲ့သည်။ ထို့အပြင်၊ သူသည် လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့၏သားဖြစ်သည်။ ပြင်ပနတ်ဘုရားတိုက်ကြီးကနေ ပြန်လာတဲ့ ကောင်လေးအကြောင်းကို လူတိုင်းသိချင်နေကြသည်။

လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့သည် တချိန်က ထျန်းယွမ်တိုက်ကြီးတွင် ထွန်းလင်းတောက်ပသော မီးရှူးတန်ဆောင်များ ဖြစ်ခဲ့ကြသည်။ လက်ရှိ မြို့စားအဆင့်အများစုသည် ၎င်းတို့နှင့် မျိုးဆက်တူမှ ဆင်းသက်လာကြပြီး ၎င်းတို့နှစ်ဦး မည်မျှအားကောင်းသည်ကို ကောင်းစွာသိကြသည်။

ထို့ကြောင့် သူတို့သားလေးအကြောင်း သိချင်စိတ်ပြင်းပြနေသည်မှာ မထူးဆန်းတော့ပေ။

လီလော့ကို အကဲခတ်ရင်း အချို့က ခေါင်းညိတ်လိုက်ကြသည်။ သူ့ပုံပန်းသဏ္ဍာန်က မိဘနှစ်ပါးနဲ့တကယ်တူတယ်...ဒါပေမယ့် ကျင့်ကြံရေးအပိုင်းတော့ အားနည်းနေတယ်......

ဆန့်ကျင်ဘက်အားဖြင့်၊ သူနှင့်ရွယ်တူများကြားတွင် အားနည်းသူပင်လျှင် နတ်ဆိုးခန္ဓာအဆင့်တွင် ရှိနေသည်။ နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင် တွင်သာရှိနေခြင်းသည် အမှန်တကယ်ပင် လီလော့အတွက် အားနည်းချက်ဖြစ်နေခဲ့သည်။ ပြင်ပနတ်ဘုရားတိုက်ကြီးရှိ သဘာဝစွမ်းအင်များက အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးများနှင့် နှိုင်းယှဉ်လျှင် အမှန်တကယ် ချို့တဲ့နေပါသည်။

ချင်လျန်က လီလော့ကို အေးစက်သော အကြည့်ဖြင့် အကဲခတ်နေသည်။ တချက်ကြည့်လိုက်ရုံနဲ့ ဒီကောင်လေးမျက်နှာပေါ်မှာ လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့၏ အရိပ်အယောင်ကို သူမ မြင်လိုက်ရသည်။ ဤအရာက သူမ၏ အကြည့်များကို ပို၍ပင် အေးစက်သွားစေခဲ့သည်။ သူတို့နှစ်ယောက်အပေါ် မုန်းတီးသည့် အမုန်းတရားက နက်ရှိုင်းလွန်းဟးသဖြင့် သေသည်အထိ မေ့ပျောက်နိူင်မာ်မဟုတ်ပေ......

"လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ ဘယ်မှာလဲကွာ..သူတို့... အသက်ရှင်နေသေးလား"ဟု ချင်လျန်က အေးစက်စွာမေးလိုက်သည်။

" ကျွန်တော့်မိဘတွေ အသက်ရှင်နေဆဲပါ.... သူတို့က အသက်ရှင်နေရုံတင်မကဘူး နတ်ဖက်တဲ့စုံတွဲလို တပူးပူးတတွဲတွဲနဲ့ကော်နဲ့ကပ်ထားသလို ပူးကပ်နေကြတာ...တယောက်နဲ့တယောက်မျက်စိအောင်က အပျောက်ခံတာမဟုတ်ဘူး...."

လီလော့က ပြုံးပြုံးရွှင်ရွှင်နဲ့သာ ပြောလိုက်သော်လည်း ရွှေနန်းတော်ထဲက လူတော်တော်များများက လီလော့ကို အထူးအဆန်းသဖွယ် ကြည့်နေကြသည်။

ဒီကလေးက ငယ်သေးပေမယ့် အတော်လျှာစောင်းထက်တယ်......

ချင်လျန်နဲ့ လီတိုင်ရွှမ်တို့ရဲ့ အဖြစ်အပျက်ကို မသိသူရှိပေ။ ယခု လီတိုင်ရွှမ် နှင့် တန်တိုင်လန်တို့ကြားက ချစ်ခြင်းမေတ္တာကို အလေးပေးပြောပြနေခြင်းသည် အနာကို ဆားသိပ်နေသလိုပင်......

မျှော်လင့်ထားသည့်အတိုင်း ချင်လျန်၏ အမူအရာ ရုပ်ဆိုးလာပြီး ရေခဲတမျှအေးစက်သောအသံဖြင့်.....

"အတော်ရိုင်းတဲ့ကလေးပဲ...ဒါတွေကို လီတိုင်ရွှမ်နဲ့ တန်တိုင်လန် သင်ပေးခဲ့တာလား......."

" ခန်းမသခင်ချင်လျန် ဘာကိုဆိုလိုတာလဲ....ကျွန်တော်က အဖေနဲ့အမေ အင်မတန် ချစ်ခင်ကြတယ်လို့ ပြောပြရုံပါ...ဘာမှားသွားလို့လဲ.... "

လီလော့က အပြစ်ကင်းသောအပြုံးဖြင့် တုံ့ပြန်ခဲ့သည်။

ထိုအချိန်တွင်၊ ချင်လျန်၏ မျက်လုံးထဲတွင် ဒေါသအငွေ့အသက်များ ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အသံတစ်ခုက စကားဝိုင်းကို အနှောင့်အယှက်ပေးခဲ့သည်။

"ခန်းမသခင်ချင်လျန် ၊ လူကြီးတစ်ယောက်အနေနဲ့ လူငယ်တစ်ယောက်ကို ဘယ်လိုတွေပြောလိုက်တာလဲ.... မင်းရဲ့စကားတွေက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်..... တကယ်ဆို မင်းကသာ ရိုင်းပြနေတာ....."

လှမ်းကြည့်သောအခါ နဂါးစွယ်ကလန်၏ ကလန်အကြီးအကဲ လီကျင်းဇယ် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

ဒီစကားကြားတာနဲ့ ချင်လျန်၏အမူအရာ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် လီကျင်းဇယ်က ချင်ဇီမင်း ဘက်သို့ လှည့်ပြီး ....

"နန်းတော်သခင်ချင်.... မင်းရဲ့ခန်းမသခင် ကိုဘောင်ကျော်မလာအောင်ထိန်းသင့်တယ်...." ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

ဒါကိုကြားတော့ ကောင်းကင်ဧကရာဇ်ချင် သွေးမျိုးဆက်၏ နန်းတော်သခင် ချင်ဇီမင်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး....

"ကလန်အကြီးအကဲကျင်းဇယ်.... မင်း လွန်လွန်ကဲကဲ တုံ့ပြန်နေတာပဲ.... ချင်လျန်က သိချင်စိတ်နဲ့ မေးရုံပါ.... ဘယ်သူ့ကိုမှ ခြိမ်းခြောက်ဖို့ မရည်ရွယ်ပါဘူး...."

လီကျင်းဇယ် ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ထွက်ပေါ်လာပြီး.... "ငါအရင်ကတည်းက ပြောထားပြီးသား.....အရင်ကအဖြစ်အပျက်တွေ နိဂုံးချုပ်သွားပြီ.... ဒီကိစ္စတွေကို လီလော့အပေါ် အပြစ်ပုံချပြီး အနိုင်ကျင့်မယ်ဆို ငါတို့နဂါးစွယ်ကလန်က ငြိမ်နေမှာမဟုတ်ဘူး....."

ဤစကားကိုကြားသောအခါ၊ ချင်ဇီမင်း၏ မျက်လုံးထဲတွင် လျှပ်စီးမီးတောက်များ ပို၍ပြင်းထန်စွာတောက်လောင်လာကာ.... "ကလန်အကြီးအကဲကျင်းဇယ်......ငါ့စကားနွားရ မပြောနဲ့....."

နှစ်ဖက်စလုံးက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အချင်းချင်း စိုက်ကြည့်နေကြပြီး ဧရိယာတစ်ဝိုက်ရှိ သဘာဝစွမ်းအင်များ လောင်ကျွမ်းသွားကာ ရွှေရောင်နန်းတော်အထက် လေဖိအားနည်းရပ်ဝန်းတွင် တေမုန်တိုင်းတစ်ခု စတင်ဖြစ်ပေါ်လာပြီး

ကောင်းကင်ကြီးတောင်မှ မှောင်မည်းလာသည်။

နန်းတော်အတွင်းရှိ ဧည့်သည်များ အားလုံး လေထု အပြောင်းအလဲကြောင့် အံ့ဩသွားကြသည်။ ဤဘုရင်အဆင့်နှစ်ယောက် ရုတ်တရက် ထိပ်တိုက်တွေ့မည်ကို မည်သူမျှ မမျှော်လင့်ထားပေ။

ထိုအချိန်တွင် နဂါးသွေးကလန်၏ ကလန်အကြီးအကဲ လီထျန်းကျိက ရုတ်တရက် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။ သူသည် ဤနည်းဖြင့် အထက်တွင် ဖြစ်ပေါ်နေသော စွမ်းအင်မုန်တိုင်းကို ဖြိုခွင်းလိုက်သည်။

သူ့အကြည့်များအောက်တွင် လီကျင်းဇယ်နှင့်ချင်ဇီမင်းတို့၏ ပဲ့တင်ထပ်သံ စွမ်းအားမျာ ငြိမ်သက်သွားသည်။

"ဒီ​နေ့ ငါ့​မွေး​နေ့​ပွဲ​လေကွာ...နည်းနည်းပါးပါး စိတ်ထိန်းကြပါဉီး...."

လီထျန်းကျိက စိတ်ပျက်အားငယ်မှုကို ဖုံးကွယ်ထားသော အသံနက်ကြီးဖြင့် ပြောလိုက်သည်။

လီကျင်းဇယ် နှင့် ချင်ဇီမင်းတို့ သူ့စကားကြားပြီးနောက် သူတို့ခန္ဓာကိုယ်မှ ထွက်လာသည့် ကြောက်မက်ဖွယ်စွမ်းအားကို ဖြည်းဖြည်းချင်း ထိန်းထားလိုက်ကြသည်။

သို့သော် ဤရုတ်တရက် ခိုက်ရန်ဖြစ်ပွားမှုအပြီးတွင် မွေးနေ့ပွဲ၏ တက်ကြွသောအငွေ့အသက်များ ကွယ်ပျောက်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်မှ နဂါးစွယ်ကလန်နှင့် ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်မှ မိုးကြိုးမီးတောက်နန်းတော်သခင်တို့၏ ဆက်ဆံရေးသည် ဤဆယ်စုနှစ်များအတွင်းတွင်ပင် ရေခဲကဲ့သို့ အေးစက်သွားကြောင်း မည်သူမဆိုပြောပြနိုင်သည်။ သက်ဆိုင်ရာ အကြီးအကဲတွေကသာ ထိန်းမထားရင် အခုလောက်ဆို ထသတ်နေလောက်ပြီ....

တင်းမာနေသည့် အခြေအနေကို ကြည့်ပြီး လီထျန်းကျိက....."ဒီနေ့ နဂါးသွေးတောင်တန်းမှာ ဂုဏ်ထူးဆောင် ဧည့်သည်တွေနဲ့ ရန်ဖြစ်တာ မသင့်တော်ဘူး..... ဒါပေမဲ့ ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်က မျိုးဆက်သစ်လူငယ်တွေကြားမှယ ပြိုင်ဆိုင်မှုတွေ ရှိနေပါသေးတယ်....တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ဟွမ်းလုံးရှီးရေကန်ဖွင့်ပွဲ ကျင်းပမှာမို့ ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်....."

လီထျန်းကျိက တင်းမာသောလေထုကို ဖြေလျှော့ရန်အတွက် ဟွမ်းလုံရှီးရေကန် ဖွင့်ပွဲကို ရှေ့တိုးဆောင်ရွက်ရန် စီစဉ်ခဲ့သည်။

ရွှေနန်းတော်အတွင်း၊အပြင်က ဧည့်သည်တွေဒီစကားကြားတော့ အားလုံးက ရင်ခုန်နေကြသည်။

လီလော့ သက်ပြင်းတစ်ချက်ချလိုက်သည်။ နောက်ဆုံးတော့ ဒီအချိန်ရောက်လာခဲ့ပါပြီ။....ဒီလိုမှမဟုတ်ရင် ဒီလိုပွဲမျိုးကို လုံးဝတက်ရောက်မှာမဟုတ်ဘူး.......

အလားတူ၊ အခြားသော တံခွန်ကိုင်များသည် ၎င်းတို့၏ မျက်နှာများတွင် ပျော်ရွှင်မှု ခံစားချက်ဖြင့် မျှော်လင့်တကြီးစောင့်ဆိုင်းနေကြသည်။

ဒါပေမယ့် ချင်လျန်က လီထျန်းကျိကို ရုတ်တရက်ကြည့်လိုက်ပြီး.... "ကလန်အကြီးအကဲထျန်းကျိ ....ဟွမ်းလုံရှီးရေကန်က ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်အတွက် ရှားပါးတဲ့ အခွင့်အရေးတစ်ခုလို့ ကြားဖူးတယ်...မွေးနေ့ပွဲနဲ့တိုက်ဆိုင်နေတာ အရမ်းကောင်းတာပဲ...ဒီတော့ ကျွန်မ သမီးကို မျိုးဆက်သစ်လူငယ်တွေနဲ့ ပညာဖလှယ်ဖို့ ဒီပြိုင်ပွဲမှာ

ပါဝင်ခွင့်ပေးနိုင်မလား....."

သူမစကားဆုံးသောအခါ၊ ကောင်းကင်ဧကရာဇ်လီ သွေးမျိုးဆက်မှ ခေါင်းဆောင်များ အံ့အားသင့်သွားကြသည်။ ချင်လျန်က သူ့သမီးချင်ရိကို ဟွမ်းလုံရှီးရေကန် ပြိုင်ပွဲမှာ ပါဝင်စေချင်နေတာလား......

ဒါကိုကြားတော့ လီလော့လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ချင်ရိ၏ ခွန်အားက ရွယ်တူတွေထက် အားကောင်းပြီး သူမ၏ အဆင့်ကိုး ရေပဲ့တင်ထပ်သံကလည်းပေါ့သေးသေးမဟုတ်ပေ။ သူမပါဝင်ခဲ့လျှင် ရွှေနဂါးပတ်တိုင်ကို ရနိုင်မည်မှာ သေချာသည်။

ထို့အပြင်... သူမ သူ့နောက်ကို လိုက်လာနိုင်သည်။

စင်စစ်သော်ကား ချင်လျန်က လက်စားချေလိုစိတ်ကို မထိန်းနိုင်တော့ပေ။ အကယ်၍ သူမက ချင်ရိကို ယခုပြိုင်ပွဲသို့ စေလွှတ်လိုပါက လီလော့ကို တားဆီးရန် ဖြစ်နိုင်ခြေများသည်။

ဒီအချိန်မှာ လီကျင်းဇယ်က....

"ဟွမ်းလုံရှီးရေကန်က ကောင်းကင်ဧကရာဇ်လီ သွေးမျိုးဆက်တွေအတွက် ထူးခြားပြီး ရှားပါးသောအခွင့်အရေးတစ်ခု..... အပြင်လူတွေကို ပါဝင်ခွင့်ပေးတာမျိုး တခါမှမရှိခဲ့ဘူး....."

ချင်လျန်က "ကလန်ချုပ်အကြီးအကဲကျင်းဇယ်.....ကျွန်မ သမီးဝင်ပြိုင်ရင် နဂါးစွယ်ကလန်အတွက် တခုမှမကျန်တော့မှာ ကြောက်နေတာလား....."

တစ်ချိန်တည်းမှာပင် ချင်ဇီမင်းက ရယ်မောပြီး လီထျန်းကျီကို လှည့်ကြည့်လိုက်သည်။

"ကလန်အကြီးအကဲထျန်းကျိ... ချင်ရိကို ဝင်ပြိုင်ခွင့်ပေးမယ်ဆို ကျူပ်တို့ ကောင်းကင်ဧကရာဇ်ချင် သွေးမျိုးဆက်က ကိုးတောင်တန်းဝိဉာဉ်ကမ္ဘာကိုဖွင့်တဲ့အခါ ခင်ဗျားတို့ဆီက မျိုးဆက်သစ်တွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမယ်...."

လီထျန်းကျိ ခဏလောက် စဉ်းစားနေသည်။ ချင်ဇီမင်းနှင့်ချင်လျန်တို့ သေချာတိုင်ပင်ဆုံးဖြတ်ထားကြပုံရသည်။ ချင်ရိသည် သူမ၏ စွမ်းပကားကို ပြသပြီး ကောင်းကင်ဧကရာဇ်လီ သွေးမျိုးဆက်မှ လူငယ်များကို ဖိနှိပ်ရန် ဤအခွင့်အရေးကို အသုံးချရဖို့ တွေးနေပုံရသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ဒီလိုအကွက်မျိုးကို နှစ်ဖက်စလုံးအပြန်အလှန် အသုံးပြုခဲ့ကြသည်။

သို့သော်၊ ချင်ဇီမင်း ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုနေသည့်အတွက် ထိုသို့သောအခြေအနေမျိုးတွင် ကမ်းလှမ်းချက်ကို ငြင်းပယ်ရန် သူ့အတွက် အမှန်တကယ်ပင် ခဲယဉ်းလှသည်။ နောက်ဆုံးတွင်၊ သူတို့သည် ချင်ဇီမင်းကို ဤပွဲသို့တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သူဖြစ်သည်။

"ကောင်းပြီ၊ ချင်ရိရဲ့ အဆင့်ကိုးရေပဲ့တင်ထပ်သံအကြောင်း ကြားဖူးထားတာကြာပြီ ဒီနေ့တော့ လက်တွေ့ကြည့်ကြတာပေါ့......."

သူ့စကားအဆုံးသတ်လိုက်သောအခါ လူတိုင်း တုန်လှုပ်သွားသည်။

ချင်ရိကို ပေါင်းထည့်လိုက်ခြင်းဖြင့်၊ ဟွမ်းလုံရှီးရေကန် ပြိုင်ပွဲတွင် ပိုမိုစိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ဆိုင်မှုများရှိလာပေတော့မည်။

All Chapters