← Chapters

ဟွမ်းလုံရှီးရေကန်ဖွင့်လှစ်ခြင်း......

Vol. 60 Ch. 828

ဟွမ်းလုံရှီးရေကန်ဖွင့်လှစ်ခြင်း......

Vol. 60 Ch. 828

နဂါးသွေးတောင်တန်းတွင်.......

ဤနေရာတွင် ရပ်နေသူတိုင်းသည် မြင့်မားသော တောင်ထိပ်များစွာ၏ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို ခံစားရမည်ဖြစ်သည်။ လက်ရှိတွင် ပြိုင်ပွဲဝင်မည့် လူငယ်များက မြေပြင်မှ ကြီးမားလှသော တွင်းကြီးတစ်ခု၏နှုတ်ခမ်းဝတွင် ပတ်ပတ်လည်ဝန်းရံထားသည်။

တွင်းထဲတွင် ထူထပ်သော၊ ဖအနီရောင်ဖျော့ဖျော့ အခိုးအငွေ့များနှင့်သဘာဝစွမ်းအင်များ အဆက်မပြတ် စီးဆင်းနေသည်။ နက်ရှိုင်းသောတွင်းနက်ကြီးထဲတွင် ကောင်းကင်နှင့်မြေပြင်ကို အနည်းငယ် တုန်ခါသွားစေသည့် ပြင်းထန်သောဟောက်သံတစ်ခုကို ကြားနေရသည်။

တဖြည်းဖြည်းနှင့် လျှို့ဝှက်ဆန်းကြယ်သောအငွေ့အသက်များ ဧရိယာအနှံ့ စိမ့်ဝင်သွားသည်။

ဤသည်မှာ ဟွမ်းလုံရှီးရေကန် တည်ရှိရာနေရာဖြစ်သည်။

ဤအခိုက်အတန့်၌ ကလန်အကြီးအကဲငါးယောက်က ထင်ရှားသောဧည့်သည်တော်များနှင့်အတူ တောင်ထိပ်ပေါ်ရှိ ပြန့်ပြူးသော စင်မြင့်ပေါ်သို့ လျှောက်သွားကြသည်။

လီလော့၊ လီချင်းဖုန်း နှင့် တံခွန်အဖွဲ့နှစ်ဆယ်မှ အခြားတံခွန်ကိုင်များက တိုက်ပွဲဝင်စိတ်ပြင်းထန်နေသော အဖွဲ့သားများနှင့်အတူ အသင့်ရှိနေကြသည

ဟွမ်းလုံရှီးရေကန် တိုက်ပွဲတွင် အဓိကဆုလာဒ်ကို တံခွန်ကိုင်ကသာရရှိမည် ဖြစ်မည်ဖြစ်သော်လည်း၊ သူတို့ရဲ့ သက်ဆိုင်ရာ တံခွန်ကိုင်တွေကို အားပေးရမည်သာ.....

သို့သော်၊ယခုတခေါက် ဟွမ်းလုံရှီးရေကန် တိုက်ပွဲက ယခင်ကနှင့် အနည်းငယ် ကွဲပြားသည်။

အမျိုးမျိုးသော တံခွန်ကိုင် အဖွဲ့ဝင်များက ထူးဆန်းသောအကြည့်များဖြင့် ညာဘက်ကို လှမ်းကြည့်သောအခါ၊ ပလက်ဖောင်းတစ်ခုပေါ်တွင် လူစိမ်းများရပ်နေသည်ကို မြင်တွေ့နိုင်သည်။ သူတို့အားလုံး မီးတောက်ကြာပန်းပုံ အမှတ်အသားပါသော ကြက်သွေးရောင် ချပ်ဝတ်တန်ဆာကို ၀တ်ထားသည်။

ထိုလူများသည် ကောင်းကင်ဧကရာဇ်ချင် သွေးမျိုးဆက်၏ မီးတောက်ကြာပန်းစခန်းမှ အဖွဲ့သားများဖြစ်ကြသည်။

မီးကြာပန်းစခန်းရှေ့တွင် စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုတစ်ယောက်ရှိနေသည်။ မြူခိုးများနှင့်အတူ လေတိုက်သည်နှင့်အမျှ သူမ၏အနက်ရောင်ဆံပင်များ လေထဲတွင် ကခုန်နေပြီး သူမ၏စကတ်ရှည်က သူမ၏နူးညံ့သိမ်မွေ့သောခန္ဓာကိုယ်၏ ပြီးပြည့်စုံပြီး ခမ်းနားသောအကွေ့အကောက်များကို မီးမောင်းထိုးပြနေသည်။

ဤမိန်းကလေးသည် မီးကြာပန်းစခန်း၏ခေါင်းဆောင်ချင်ရိမှလွဲ၍ အခြားသူမဟုတ်ပေ။

တစ်နည်းဆိုရသော် ဤတိုက်ပွဲတွင် တံခွန်အဖွဲ့နှစ်ဆယ်သာမက ပြင်ပဧည့်သည်များလည်း ပါဝင်ပါသည်။

သူမသည် ဆွဲဆောင်မှုရှိပြီး လှပသော်လည်း ကျားတစ်ကောင်ဖြစ်ကြောင်း အားလုံးသိကြသည်။

ချင်ရိ ဦးစီးတာဝန်ယူကတည်းက မီးကြာပန်းစခန်းက တိုက်ပွဲတစ်ပွဲမျှ မရှုံးဖူးဟု ဆိုသည်။ ထို့ကြောင့် လီချင်းဖုန်း အပါအဝင် တံခွန်အဖွဲ့နှစ်ဆယ်မှ တံခွန်ကိုင်များအားလုံးသည် သူမ၏ စွဲမက်ဖွယ်ကောင်းသော ပုံသဏ္ဍာန်ကို ကြည့်ပြီးပင် သူတို့၏ နှလုံးသားထဲတွင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

ချင်ရိရဲ့ အရည်အချင်းကို သံသယဝင်မေစရာမလိုပေ။ မီးကြာပန်းခန်းမသခင်က သူမ၏မိခင်ဖြစ်သောကြောင့် အရင်းမြစ်များ ကြွယ်ဝစွာရရှိထားသည်။ဤသည်မှာ အဆင့်ကိုးရေပဲ့တင်ထပ်သံရှိသည့် ချင်ရိအတွက် ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုပင်.....

ချင်ရိလို ပြိုင်ဘက်နှင့် ရင်ဆိုင်ရသောအခါတွင် ယုံကြည်မှုအပြည့်ရှိသော လီချင်းဖုန်းတောင် သူ့ကိုယ်သူ သံသယဝင်လာသည်။

ထို့ကြောင့်၊ ချင်ရိ ပါဝင်လာခြင်းက ဟွမ်းလုံရှီးရေကန် တိုက်ပွဲတွင် နောက်ထပ် စိတ်လှုပ်ရှားရာများကို ဖြစ်ပေါ်စေမှာသေချာပေသည်။

လီလော့က ချင်ရိကို ကြည့်နေသော်လည်း သူ့မျက်နှာမှာ ဘာအမူအရာမှ မရှိပေ။ သူမ ပါဝင်လာခြင်းက တိုက်ပွဲအတွင်း ကမောက်ကမဖြစ်စေပြီး သူ့အတွက် အခွင့်အရေးပိုများစေမည်ဖြစ်သည်။ နောက်ဆုံးတွင်၊ သူ၏ အနိမ့်ဆုံးပန်းတိုင်မှာ ကြေးနဂါးပတ်တိုင်တစ်ခုရရှိရန်ဖြစ်သည်။

တစ်ခုတည်းသော ရွှေနဂါးကတ်တိုင်ကို လုံးဝမရည်ရွယ်ထားပေ။ အဘယ့်ကြောင့်ဆိုသော် ဒါကိုမျက်စိကျနေသူတွေ အရမ်းများသောကြောင့်ပင်...သူ့ လက်ရှိ ခွန်အားဖြင့် ၎င်းကို မက်မောပါက လူတိုင်း၏ ပစ်မှတ်ဖြစ်လာပြီး ကောင်းကျိုးမရှိနိုင်ပေ။ လီလော့ ဒါတွေကို တွေးတောနေစဉ် တာဝန်ရှိသူတဉီး ရှေ့ကိုတိုးလာသည်။ သူ့လက်ထဲက ရွှေနဂါးအလံကို လေထဲသို့ မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

ရွှေနဂါးအလံ လွင့်ကျသွားသောအခါ ကွင်းပြင်ရှိ ပြိုင်ပွဲဝင် နှစ်ဆယ့်တစ်ယောက်စလုံးက သဟဇာတဖြစ်ခြင်းကို ချက်ခြင်း အသက်သွင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဆူနာမီလှိုင်းလုံးကြီးများ လွှမ်းခြုံသွားသလိုမျိုး ဧရိယာအတွင်းရှိ စွမ်းအားများ မြင့်တက်လာသည်။

နောက်အခိုက်အတန့်တွင်၊ ဤကြီးကျယ်ခမ်းနားသော စွမ်းအာများသည် ပြိုင်ပွဲဝင်များ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကာ လေထဲသို့ ဖြည်းညှင်းစွာ လွှင့်တက်သွားကြသည်။ အလွန်ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီးနောက် လှိုင်းလုံးများ ပြန့်ကျဲလာသည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်ခဲ့သည်။

ပြိုင်ပွဲဝင်များ၏ ဖိအားက အလွန်ကြီးမားသောကြောင့် ယခုအခါ မြို့စားအဆင့် နှစ််ဆယ့်တစ်ယောက် အတူရှိနေသလိုပင် ထင်ရသည်။

သူတို့ရဲ့ မြို့စားအဆင့်စွမ်းအားများက အတုအယောင်တွေသာဖြစ်ကြသည်။ ၎င်းတို့သည် မြို့စားအဆင့်များကဲ့သို့ အားကောင်းပုံရသော်လည်း စစ်မှန်သော မြို့စားအဆင့်၏ ကျွမ်းကျင်မှုများကို မပိုင်ဆိုင်ထားပေ။

ဥပမာအားဖြင့် ပဲ့တင်ထပ်သံစွမ်းအားနှစ်ကိုမည်သို့ပေါင်းစပ်ရမည်ကို မသိကြချေ......

"အိုး၊ ကောင်းကင်ဧကရာဇ်လီ သွေးလိုင်းမျိုးဆက်က လူငယ်တွေ မဆိုးဘူးပဲ....သူတို့ရဲ့ စွမ်းအင်အဆင့်ကို အခြေခံကြည့်ရင် တံခွန်ကိုင်တွေက သဟဇာတဖြစ်ခြင်းကိုသုံးပြီး မြို့စားအဆင့် တစ်ပိုင်း ခွန်အားကိုတောင် ပိုငိဆိုင်နိုင်ကြပြီ...."

"ကြည့်ရသလောက်ဆို လီဟုန်လိ ၊လီချင်းဖုန်းနဲ့လုချင်းမိန်တို့က ပထမအဆင့်မြို့စားနဲ့တောင်ယှဉ်နိုင်တယ်...."

"လီချင်းဖုန်း က ပိုသန်မာပုံရတယ်.... သူရဲ့ ခွန်အားက နှောင်းပိုင်း

ပထမအဆင့် မြို့စားနဲ့ ညီမျှတယ်လို့ ခံစားရတယ်.... သူ ရွှေနဂါးပတ်တိုင်ကို ရနိုင်မယ်ထင်တယ်......"

"ချင်ရိသာ မရှိရင် ရွှေနဂါးပတ်တိုင်က လီချင်းဖုန်း ဆီကို သေချာပေါက်ရောက်သွားလိမ့်မယ်....."

"ဟုတ်တယ်.. ခန်းမသခင်ချင်လျန် ရဲ့ သမီးလေးဟာ တကယ့်ကို ထူးခြားတယ်....သူ့ခွန်အားကို နယ်ပယ်တူတဲ့သူတွေထဲမှာတောင် လီချင်းဖုန်းတစ်ယောက်ပဲ သူ့ကို ယှဉ်ပြိုင်နိုင်မယ်...."

"ဒါဆို ရွှေနဂါးပတ်တိုင်က အပြင်လူလက်ထဲ ရောက်သွားနိုင်တာပေါ့....."

ထျန်းယွမ်တိုက်ကြီးရှိ ထိပ်တန်းပါရမီရှင်များဟု ယူဆကြသော ဧည့်သည်များကြားတွင် တီးတိုးစကားသံများစွာရှိခဲ့သည်။ သူတို့အားလုံးသည် လေးစားဖွယ်ခွန်အားကို ကိုင်စွဲထားပြီး အများအားဖြင့် မြို့စားအဆင့်တွင်ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြိုင်ပွဲဝင် နှစ်ဆယ့်တစ်ယောက်၏ စွမ်းအားကို မှန်းဆနိုင်ပြီဖြစ်သည်။

လီလော့က လေထဲတွင် ပျံဝဲနေချိန်တွင် အခြား တံခွန်ကိုင်များ၏ အစွမ်းသတ္တိကို ခွဲခြမ်းစိတ်ဖြာနေပါသည်။ လူတိုင်း၏ခန္ဓာကိုယ်တွင် စွမ်းအင်လှိုင်းများ တဟုန်ထိုး လှုပ်ရှားနေသည်မှာအလွန်ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။

"အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ သဟဇာတဖြစ်ခြင်း စွမ်းအားနဲ့တောင် ငါ့ခွန်အားက အစောပိုင်း ပထမအဆင့်မြို့စားနဲ့ပဲ နှိုင်းယှဉ်နိုင်တယ်.... ဒါက လုချင်းမိန်တို့ လီဟုန်လိတို့ထက် အားနည်းနေတယ်....." ဟု လီလော့ သုံးသပ်လိုက်သည်။

သူသည် ယခု တံခွန်ကိုင် အယောက်နှစ်ဆယ်ကြားတွင် ပျမ်းမျှအထက်တွင် ရှိသင့်သော်လည်း လုချင်းမိန်နှင့် ထိပ်တန်းတံခွန်ကိုင် အနည်းငယ်အောက်တွင် ရှိနေဆဲဖြစ်သည်။

ဒါကို ကြိုတင်မျှော်လင့်ပြီးသားပင်.... တကယ်တော့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့က အရင်ကတည်းက အားနည်းခဲ့သည်။ နတ်ဆိုးလှိုဏ်ဂူတွင် တိုးတက်မှု နှေးကွေးလာသည်နှင့်အမျှ၎င်းတို့၏ လေ့ကျင့်မှုနှင့် ကျင့်ကြံရေးအပိုင်းတွင်လှုံ့ဆော်မှု အားနည်းခဲ့ပြီး အခြားသူများထက် နောက်ကျနေခဲ့သည်။

အရေးကြီးဆုံးအချက်ကတော့ သူတို့ရဲ့တံခွန်ကိုင်က နှောင်းပိုင်း နတ်ဆိုးနန်းတော်အဆင့်တွင်သာရှိနေသေးသည်။

ဆန့်ကျင်ဘက်အားဖြင့်၊ လုချင်းမိန်နှင့် လီဟုန်လိတို့က နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်မှာ ကြာပါပြီ။

အင်အားကွာဟချက်ကို ချုံ့နိုင်ရန် သဟဇာတဖြစ်ခြင်း၏အကူအညီမပါလျှင် လီလော့အနေဖြင့် ယခုသူတို့နှင့်ယှဉ်ပြိုင်မည့်ပွဲတွင် အခွင့်အရေးအနည်းငယ်သာ ရပ်တည်နိုင်မည်ဟု ခံစားမိသည်။

ထိုအချိန်တွင် သူသည် ချင်ရိကို လှည့်ကြည့်လိုက်သည်။ သူမထံမှ စွမ်းအင်များ လျှံထွက်နေသည့် ကြီးမားသော ဖိအားကို ခံစားလိုက်ရသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ဒါက လီချင်းဖုန်းရဲ့ ဖိအားထက်တောင် ပိုပြင်းထန်တယ်.......

လီလော့ သူမကို အကဲခတ်နေချိန်တွင် ချင်ရိကလည်း သတိထားမိပြီး အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

တခဏတာ အကြည့်ချင်းဆုံသွားသည့်အခါ....လီလော့က နွေးထွေးသောအပြုံးဖြင့်.....

"မိန်းကလေးချင်ရိ... Qin Yi၊ မင်းရဲ့ခွန်အားက အထင်ကြီးစရာကောင်းတယ်....မင်းသာ ရွှေနဂါးပတ်တိုင်ကို လိုချင်တယ်ဆို တံခွန်ကိုင် လီချင်းဖုန်းက ဧည့်ဝတ်ကျေပွန်မှုကို ပြတဲ့အနေနဲ့ ခြေတလှမ်းနောက်ဆုတ်ပေးလိမ့်မယ်...."

မလှမ်းမကမ်းတွင်ရှိနေသော လီချင်းဖုန်းက သူ့စကားကြားသောအခါ အနည်းငယ် တုန်လှုပ်သွားသည်။ သူသည် ချင်ရိကို အမှန်တကယ် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့သော်ငြားလည်း ထိုသို့သော အခြေအနေမျိုးတွင် ရွှေနဂါးပတ်တိုင်ကို ချင်ရိထံ မည်သို့ ပေးချင်မည်နည်း။ ဒါက နဂါးသွေးကလန်ကို မျက်နှာပျက်မည်မဟုတ်ပေလော....ထို့အပြင် အကြီးအကဲတွေက သူ့ကို သင်ခန်းစာကောင်းကောင်းပေးကြလိမ့်မည်။

ထို့ကြောင့် သူက အံကြိတ်ကာ.... "တံခွန်ကိုင်လီလော့...ပေါက်ကရတွေမပြောနဲ့...မိန်းကလေးချင်ရိရဲ့ ခွန်အားနဲ့ဆို သူသာလိုချင်ရင် သူ့ဘာသာသူ ယူလိမ့်မယ်... ဘာကြောင့် သူများကို အားကိုးနေမှာလဲ....."

လီလော့က ရယ်မောလိုက်ပြီး ...."ဒါဆိုရင်၊ ဘယ်သူက ပိုအစွမ်းထက်ပြီး အဆုံးသတ်မှာ ရွှေနဂါးပတ်တိုင်ကို ရယူနိုင်မလဲ ကြည့်ကြတာပေါ့....."

သူ့စကားအဆုံးသတ်ပြီးသည်နှင့် လီချင်းဖုန်း၏မျက်ဝန်းထဲတွင် ဒေါသအငွေ့အသက်များ ထွက်ပေါ်လာသည်။ လီလော့က အမှန်ပင် လိမ္မာပါးနပ်သူဖြစ်သည်။ သူသည် သူ့အတွက် ထောင်ချောက်တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ချင်ရိကို တိုက်ရိုက်ဆန့်ကျင်ရန် သွေးဆောင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ငြင်းရန်နည်းလမ်းမရှိပေ။ သူသည် ရွှေနဂါးပတ်တိုင်ကို အခြားမည်သူ့ကိုမျှ လွှဲအပ်ပေးချင်စိတ်မရှိပေ။

တစ်ဖက်တွင်မူ....

ချင်ရိက လီလော့၏ စကားများကို လျစ်လျူရှုထားပြီး မသိချင်ယောင်ဆောင်နေသည်။ အဲဒီအစား သူမက.....

"တံခွန်ကိုင်လီလော့....ရှင်က အရမ်းတော်တယ်..... ဒါပေမယ့် ဒီနေ့ ရှင့်ရဲ့ စွမ်းဆောင်ရည်ကို မြင်ရဖို့ မျှော်လင့်နေမယ်....ရှင် ကျွန်မကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်.... "

လီလော့က ပြန်ပြုံးပြသော်လည်း သူ့စိတ်ထဲတွင် သူမကို ကျိန်ဆဲနေမိသည်။ ဒီအမျိုးသမီးက သူ့ကို ပစ်မှတ်ထားနေတာလား.....

ထိုအချိန်တွင် စင်မြင့်ပေါ်က တာဝန်ခံက ရွှေနဂါးအလံကို ထပ်မံဝှေ့ယမ်းကာ...... "တံခွန်ကိုင်တွေ ရေကန်ထဲ ဝင်ကြရအောင်!"

သူစကားဆုံးပြီးနောက်၊ ကြိုတင်ပြင်ဆင်ပြီးသား မြို့စားအဆင့် ပြိုင်ဖက် နှစ်ဆယ့်တစ်ယောက်က သူတို့ရဲ့ ကြီးမားတဲ့ စွမ်းအင်ပမာဏကို စုစည်းပြီး လျှို့ဝှက်ဆန်းကြယ်ပြီး မြူခိုးတွေပြည့်နေတဲ့ ဧရာမတွင်းကြီးထဲကို ပြေးဝင်သွားကြလေတော့သည်။

All Chapters