အရိပ်နဂါး.....
Vol. 60 Ch. 829
လီလော့ ဟွမ်းလုံရှီးရေကန်ထဲသို့ ဝင်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော အသံများ ပျောက်ကွယ်သွားသည်။ သူသည် ထူထဲသော အဖြူရောင် အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေပြီး သူ့ပတ်ဝန်းကျင်ရှိ နေရာလွတ်များ တဖြည်းဖြည်း ကွဲအက်သွားသည်။
သူသည် ပတ်ဝန်းကျင်တခွင် ဖုံးလွှမ်းနေသော မြူခိုးများကို ဖြတ်ကျော်ရန် ကြိုးစားရင်း မတ်တပ်ရပ်လိုက်သည်။ ထူထပ်သော အခိုးအငွေ့ကို ထွင်းဖောက်မမြင်နိုင်သောကြောင့် သူဘယ်ရောက်နေမှန်း မသိခဲ့ပေ။
လက်ရှိတွင် သူသည် ဟွမ်းလုံရှီးရေကန်ထိပ်ပိုင်းတွင် ရှိနေသည်။နဂါးပတ်တိုင် ကိုရရှိရန် ရေကူးကန်၏ အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်ရမည်ဖြစ်ပါသည်။
စောစောက စစ်ဆေးကြည့်ရသလောက်ဆို ရေကန်ရဲ့ အနက်ရှိုင်းဆုံးနေရာကို ရောက်ဖို့ မလွယ်မှန်း သူသိပြီးသားပင်.... အခြားသော တံခွန်ကိုင်များနှင့် ယှဉ်ပြိုင်ခြင်းအပြင် ရေကန်အတွင်း၌ အလွန်ကြောက်စရာကောင်းသော ခြိမ်းခြောက်မှုများလည်း ရှိနေသေးသည်။
ဥပမာ... အရိပ်နဂါးများ.......
လီလော့ ခေါင်းကို ညာဘက်သို့ လှည့်လိုက်ရာ မြူခိုးများ ပြင်းထန်စွာ လှုပ်ရှားနေသည်ကို သတိပြုမိသည်။ နောက်အခိုက်အတန့်တွင် ပေရာနှင့်ချီမြင့်သော ပုံသဏ္ဌန်တစ်ခု မြူခိုးများအတွင်းမှ ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
ဤသည်မှာ အရိပ်နဂါးဖြစ်သည်။ ပုံရိပ်ယောင်များဖြစ်သော်လည်း ၎င်း၏ခန္ဓာကိုယ်မှ ထွက်လာသည့် ကြောက်မက်ဖွယ်စွမ်းအင်များကို သံသယဖြစ်စရာမရှိပေ။ ၎င်းသည် မြို့စားအဆင့်တစ်ပိုင်းနှင့်တူသော ခွန်အားကို ပိုင်ဆိုင်ထားသည်။
အရိပ်နဂါးများက ဟွမ်းလုံရှီးရေကန်အတွင်းမှစွမ်းအင်များကြောင့် ဖြစ်ပေါ်လာအရာများဖြစ်ပြီး ရေကန်၏အစောင့်အကြပ်အဖြစ် တာဝန်ထမ်းဆောင်ကြပြီး လူများကို ရေကန်၏ အနက်ရှိုင်းဆုံးနေရာများသို့ မရောက်စေရန် တားဆီးခဲ့ကြသည်။
နက်နဲပြီး ပြင်းထန်သောဟိန်းဟောက်သံများ ထွက်ပေါ်နေချိန်တွင် သက်ဝင်လှုပ်ရှားနေသော အရိပ်နဂါး၏ ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းပုံစံများ တောက်ပနေသည်။ နောက်အခိုက်အတန့်တွင်၊ ၎င်းသည် ပါးစပ်ကိုဟ၍ လီလော့ဆီသို့ တိုက်ရိုက်ပျံသန်းလာသည်။
စွမ်းအင်ပေါက်ကွဲမှုက လေဟာနယ်ကိုဖြတ်သွားကာ ကျယ်လောင်သော ဟိန်းဟောက်သံက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေခဲ့သည်။
လီလော့၏ ကိုယ်ပိုင်စွမ်းအားဖြင့်သာ ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရပါက၊ ချက်ချင်းပင် ပျောက်ကွယ်သွားပေလိမ့်မည်။
ကံကောင်းစွာဖြင့် သူ့တွင် မြို့စားအဆင့် ၏ခွန်အားရှိနေခဲ့သည်။
လီလော့ လက်ဖဝါးများကို မြှောက်လိုက်ပြီး စွမ်းအင်များ တဟုန်ထိုး ခုန်တက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားသော ဆဠဂံရေဒိုင်းကယ
တခုသူ့ရှေ့တွင် ပေါ်လာသည်။
စွမ်းအင်ပေါက်ကွဲမှုသည် ဆဋ္ဌဂံရေဒိုင်းနှင့် ထိပ်တိုက်မိသောအခါ၊ ဒိုင်းကာက ပေါက်ကွဲမှုကို ကာကွယ်ပေးထားသည်။
ယင်းနောက်တွင် လီလော့၏လက်ထဲတွင် ရှေးဟောင်းဓားတလက် ပေါ်လာပြီး ခုတ်ပိုင်းလိုက်ရာ မီတာတစ်ထောင်လောက် မြင့်မားတဲ့ ဓားစက်ဝန်းတစ်ခုဖြစ်ပေါ်လာသည်။
ဓားစက်ဝန်းသည် အရိပ်နဂါး၏ ခန္ဓာကိုယ်ကိုဖြတ်ကာ မရေမတွက်နိုင်သော အလင်းတန်းများအဖြစ်သို့ ပျက်ပျယ်သွားခဲ့သည
မြို့စားအဆင့် တစ်ပိုင်းကဲ့သို့ အားကောင်းသည့် အရိပ်နဂါးကို လီလော့ အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။
သို့သော် ဤအရာသည် သူ့အတွက် ဂုဏ်ယူစရာမဟုတ်ခဲ့ပေ။ သူသည် ရေကန်ထဲသို့ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အရိပ်နဂါး၏ အင်အားနှင့် အရေအတွက်များ ဆက်လက်တိုးလာမည်ကို နားလည်ခဲ့သည်။
အရေးအကြီးဆုံးကတော့ တခြားတံခွန်ကိုင်တွေနဲ့လည်း ပြိုင်ဆိုင်မှုတွေ ရှိပါလိမ့်မည်။
လီလော့ လေးလေးနက်နက် စဉ်းစားနေပြီး အရေးအကြီးဆုံး တာဝန်မှာ ရေကန်၏ အနက်ရှိုင်းဆုံး နေရာကို တတ်နိုင်သမျှ အမြန်ဆုံး ဝင်ရောက်ဂန် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ နဂါးပတ်တိုင်စုဝေးနေသော နေရာကို ကန့်သတ်လိုက်မည့် သီးခြားနယ်မြေတစ်ခုကို မြင်တွေ့ရမည်ဖြစ်သည်။ ဤသီးခြားဧရိယာသည် အခိုးအငွေ့များ ငွေ့ရည်ဖွဲ့မှုမှ ဖန်တီးထားပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအင်များပါရှိသည်။
ထို့ကြောင့်၊ သီးခြားဧရိယာကိုဖွဲ့စည်းပြီးသည်နှင့်သူသည် နဂါးပတ်တိုင်များအနီးသို့မရောက်ရှိနိုင်တော့ပေ။
၎င်းသည် ဟွမ်းလုံရှီးရေကန်မှ ပြိုင်ပွဲဝင်များကို ပထမအကျော့ ပယ်ရှားခြင်းပင် ဖြစ်သည်။
မည်သူမဆိုနဂါးပတ်တိုင် ယကို လိုချင်ပါက သီးခြားဧရိယာ မပေါ်ပေါက်မီ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်ရန် လိုအပ်ပါသည်။
ထိုအချိန်တွင် လီလော့ အချိန်ကို လျင်မြန်စွာ ခန့်မှန်းပြီး နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူ့လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည့်အခါ စွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်လာပြီး ထူထပ်သော မြူခိုးများကို ဖြိုခွင်း၍ လမ်းရှင်းလိုက်လေသည်။
ယခုအချိန်တွင်သာ အမြန်ခရီးနှင်လျှင် သီးခြားနယ်မြေရှေ့၌ ချင်ရိနှင့် တွေ့ဆုံမည်မဟုတ်ဟု မျှော်လင့်ထားသည်။ချင်ရိကသာ နဂါးပတ်တိုင်ဆီကို မသွားဘဲ သူ့ကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူမကို တွန်းလှန်ဖို့ မဖြစ်နိုင်ပေ။
ဒီလိုဆိုရင် သူ့အတွက် တန်ဖိုးကြီးတဲ့ အခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်သာ.....
သူသည် လမ်းကြောင်းပေါ်မှ လျင်မြန်စွာ ပြေးဆင်းလာသည်နှင့်အမျှ အရိပ်နဂါး တိုက်ခိုက်မှုအချို့ကို ထပ်မံကြုံတွေ့ရပြန်သည်။ သို့သော်ပြင်ဆင်ထားသောကြောင့် ခြိမ်းခြောက်မှုများစွာမရှိခဲ့ပေ။
သို့ပေမယ့် အရိပ်နဂါးများသည် ဟွမ်းလုံရှီးရေကန် အနက်ရှိုင်းဆုံးနေရာကို ရောက်လေလေ ပိုအားကောင်းလာလေပင်ဖြစ်သည်။ ၎င်း၏ စွမ်းအားများသည် ပထမတန်း မြို့စားအဆင့်နှင့် နီးစပ်သောကြောင့် သူတွေ့ခဲ့သော နောက်ဆုံး အရိပ်နဂါးကို အနိုင်ယူရန် အတော်အသင့်အားထုတ်ခဲ့ရသည်။
တစ်ချိန်တည်းမှာပင် သူသည် ရေကန်ထဲသို့ ပိုမိုနက်ရှိုင်းစွာ သွားလာရင်း အနီးနားရှိ စွမ်းအင်မျာ ရုန်းရင်းဆန်ခတ်ဖြစ်မှုကိုလည်း ခံစားနိုင်သည်။ ၎င်းသည် အရိပ်နဂါးနှင့် တိုက်ခိုက်နေသော အခြား တံခွန်ကိုင်များဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရေကန်အနက်ပိုင်းဆီသို့ ဦးတည်သွားရင်း ၎င်းတို့ကို ဂရုမစိုက်နိူင်ခဲ့ပေ။
လီလော့ ခရီးနှင်နေရင်း ဆယ်မိနစ်လောက်ကြာတော့ ရုတ်တရက် ရပ်တန့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
ထူထပ်သော မြူခိုးများအောက်တွင် အားနည်းသော စွမ်းအင်လှိုင်းလုံးများ သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသည်ကို ခံစားလိုက်ရသည်။
စွမ်းအင်လှိုင်းလုံးကြီးက တိတ်ဆိတ်သိမ်မွေ့ပြီး ပူနွေးစိုစွတ်သော ရေကဲ့သို့ စီးဆင်းနေသည်။သို့သော် ရေကန်၏မျက်နှာပြင်ပေါ်တွင် စွမ်းအင်လှိုင်းအချို့ ပြန့်ကျဲနေသည်။
"ဒီလှိုင်းက ချင်ရိ လုပ်နေတာပဲဖြစ်မယ်!"
သူ့ပတ်ဝန်းကျင်ကို အာရုံနိုင်ရန် အထူးနည်းလမ်းကို အသုံးပြုနေသည်ဟုထင်သည်။ သူ့တွက်ဆမှုသာ မှန်ကန်သည်ဆို ချင်ရိ သူ့ကိုရှာနေခြင်း ဖြစ်ပေလိမ့်မည်။
လီလော့ ထွေထွေထူးထူး အံ့သြမနေတော့ပေ။ ချင်လျန်က ချင်ရိကို ဟွမ်းလုံရှီးရေကန်ထဲကို ဝင်ဖို့ စီစဉ်ခဲ့တဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက သူ့ကို ပစ်မှတ်ထားဖို့ ဖြစ်ပေလိမ့်မညခ။
သို့သော်လည်း လီလော့ ယခုအချိန်တွင် ချင်ရိနှင့် မတွေ့ချင်ပေ။
ချင်ရိက ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်မယ်ဆိုတာ သူကောင်းကောင်းသိနေသည်။ တကယ်တော့ သူမသည် လီချင်းဖုန်း ထက်ပင် သန်မာနေပေလိမ့်မည်။
အကယ်၍ သူသည် ယခုအချိန်တွင် သူမကြောင့်နှင့် ရပ်တန့်လိုက်ရမည်ဆိုပါက အခွင့်အရေးများ အလဟသဖြစ်မည်မှာ သေချာပါသည်။
လီလော့ ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကို တွေးနေချိန်တွင် သူ့ညာဘက်နှင့် မနီးမဝေးတွင် ပြင်းထန်သော ပေါက်ကွဲအားကို ခံစားလိုက်ရသည်။
ဤသည်မှာ အလွန်ရင်းနှီးသော ပဲ့တင်ထပ်သံစွမ်းအားများဖြစ်သည်။
လီလော့ တခဏလောက်စဉ်းစားလိုက်ပြီး ထိုဘက်သို့ အရှိန်ပြင်းပြင်းနဲ့ ချက်ချင်း ပြေးသွားခဲ့သည်ယယ။
မြူခိုးတွေကို ဖယ်ရှားလိုက်သည့်အခါ နောက်ဆုံးတော့ ရှေ့က အရာကို မြင်နိုင်ခဲ့သည်။
ပေထောင်ပေါင်းများစွာ မြင့်မားသော အရိပ်နဂါးကြီး ခြေသည်းကို လွှဲယမ်းကာ ပထမအဆင့် မြို့စားခွန်အားဖြင့် တိုက်ခိုက်နေသည်။
ထိုအရိပ်နဂါးကြီးကို ရင်ဆိုင်တိုက်ခိုက်နေသူမှာ ဖန်သားကျိုင်းကို ကိုင်ဆောင်ထားသည့် မိန်းမလှလေးတဉီးဖြစ်သည်။ ၎င်းသည် မြင့်မြတ်သောအကြေးခွံတံခွန်အဖွဲ့မှ တံခွန်ကိုင် လုချင်းမိန်ပင် ဖြစ်သည်။
လီလော အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသောအခါ၊ လုချင်းမိန်က အသာစီးရနေပြီး အရိပ်နဂါးကို ပြောင်မြောက်စွာတိုက်ခိုက်နေသည်။ သူမသည် နဂါးခြေသည်းတိုက်ခိုက်မှုကို ဖျက်စီးပြီသ အရိပ်နဂါး၏ ခန္ဓာကိုယ်ကို သူမ၏ ဖန်သားကျိုင်းဖြင့် ရိုက်ချလိုက်သည်။
အရိပ်နဂါးကြီး ရှုံးနိမ့်သွားသောအခါ လုချင်းမိန်က လီလော့ကို လှည့်ကြည့်လိုက်သည်။
ဖြောင်းးးဖြောင်းးးဖြောင်းးးး
လီလော့က အပြုံးတပွင့်နှင့် လက်ခုပ်တီးပြီး သူ့ဆီ လျှောက်သွားကာ....
"ဘယ်သူများပါလိမ့်လို့ တွေးနေတာ...တံခွန်ကိုင်လုချင်းမိန်က တကယ့်ကို အံ့ဖွယ်ပဲ....ပထမအဆင့်မြို့စားခွန်အားနဲ့ နှိုင်းယှဉ်နိုင်တဲ့ အရိပ်နဂါးကိုတောင် အလွယ်တကူအနိုင်ယူနိုင်တယ်....."
"တံခွန်ကိုင်လီလော့"
လုချင်းမိန် က ဆံပင်သပ်ရင်း နှုတ်ဆက်လိုက်သည်။ ပြောလိုက်သည်။ သူမ၏လက်ထဲတွင် ဖန်သားကျိုင်းကို ကိုင်ဆောင်ထားပြီး သူမ၏ရှည်လျားသွယ်လျသော ခြေတံများကို အထူးပေါ်လွင်စေမည့် ရှည်လျားပြီး တင်းကြပ်သောဝတ်စုံကို ဝတ်ဆင်ထားသည်။
သာမာန်အခြေအနေအရဆို တူညီသောကလန်များမှ တံခွန်ကိုင်များလွဲလျှင် အခြားကလန်မှ တံခွန်ကိုင်များသညခ ပြိုင်ဘက်များဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးတွင်သာနေသင့်သည်။ သို့သော် လုချင်းမိန်က ဘာမှ မပြောဘဲ လီလော့၏ ချောမောသော မျက်နှာကို ကြည့်ပြီး အနားကပ်ဖို့ ခွင့်ပြုထားသည်။ သူမသည် ရုပ်ရည်ကို အထူးတလည် ဂရုမစိုက်ဖူးသော်လည်း လီလော့က လူချောတစ်ယောက်ဖြစ်သည်ကိုတော့ မငြင်းနိုင်ပေ။
"တံခွန်ကိုင် လုချင်းမိန်.....အရေးပေါ်ကိစ္စတစ်ခုကြောင့် မင်းကိုလာရှာတာပါ" ဟု လီလော့က လေးနက်စွာပြောလိုက်သည်။
"ဘာလဲ?"
"ငါဒီကိုမလာခင် ချင်ရိဆီကလာတဲ့ စွမ်းအင်လှိုင်းတစ်ခုကို အာရုံခံမိတယ်..... ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်တွေထဲက တံခွန်ကိုင်တွေကို
အမဲလိုက်နေတာလို့ သံသယရှိတယ်..... သူမရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ....သူသာ ငါတို့ကို တားဆီးနိုင်ရင်ကောင်းကင်ဧကရာဇ်ချင် သွေးမျိုးဆက်က မျိုးဆက်သစ်တွေက ကောင်းကင်ဧကရာဇ်လီ သွေးမျိုးဆက်က မျိုးဆက်သစ်တွေထက် ပိုသာတယ်လို့ မွေးနေ့ပွဲကိုတက်ရောက်လာတဲ့ ဧည့်သည့်တွေ ထင်ကုန်ကြမှာ......"
လုချင်းမိန် က လီလော့ကို သံသယနဲ့ ကြည့်ရင်း ....."ချင်ရိက အဲ့လိုလူမျိုး မဟုတ်လောက်ဘူးထင်တယ်....."
"ချင်ရိက အဲ့လိုမဟုတ်ပေမယ့် သူအမေက....."
လုချင်းမိန် ဒါကိုတော့ မငြင်းနိုင်ခဲ့ပေ။ ခန်းမသခင်ချင်လျန်သည် အမှန်တကယ်ပင် သည်းမခံနိုင်တော့ဘဲ ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်ကို တိုက်ခိုက်ရန် ဤကဲ့သို့သော တစ်စုံတစ်ခုကို ပြုလုပ်မည်မှာ အံ့သြစရာမဟုတ်ပေ။ သမီးဖြစ်သူ ချင်ရိကလညိး သူ့အမေ၏ အမိန့်ကို သေချာပေါက် နာခံလိမ့်မည်။
သို့သော် ချင်ရိက နုံအသူမဟုတ်ပေ။ သူမ လူတိုင်းကို ရန်သူအဖြစ် ဖန်တီးမည်မဟုတ်ပေ။
လုချင်းမိန် ဖြစ်နိုင်ချေများကို တွေးတောနေချိန်တွင် စွမ်းအင်လှိုင်းလုံးများ အနောက်ဘက်မှ မြူခိုးများကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားသည်။ နောက်အခိုက်အတန့်တွင်၊ ရေအလင်းကြိုးတစ်ချောင်းက လျင်မြန်သော အရှိန်ဖြင့် လေဟာနယ်ကို ထိုးဖောက်ဝင်ရောက်က သတ်ဖြတ်ရန် ရည်ရွယ်ချက်များဖြင့် လီလော့ထံသို့ တိုက်ရိုက်တိုးဝင်လာသည်။
ထိုတိုက်ခိုက်မှုက ရုတ်တရက်ဆန်လွန်းသဖြင့် လီလော့ အချိန်မီ ဘယ်လို တုံ့ပြန်ရမလဲ မသိတော့ပေ။ ရေအလင်းကြိုးမျှင် သူ့အား ရိုက်ခတ်ခါနီးတွင် ကြီးမားသော ပဲ့တင်ထပ်သံစွမ်းအားများ ပြည့်နှက်နေသော ဖန်သားကျိုင်းတစ်ချောင်းက ရေမီးကြိုးမျှင်နှင့် တိုက်မိသွားသည်။
ဘန်းးးးးး
ပြင်းထန်သော စွမ်းအင်မုန်တိုင်းတစ်ခု ပေါက်ကွဲခဲ့ပြီး ပေပေါင်းထောင်ချီဧရိယာအတွင်းရှိ မြူခိုးများ ချက်ချင်း လွင့်ထွက်သွားသည်။
လုချင်းမိန်က ရေအလင်းရောင်ရှိရာဆီသို့ လှမ်းကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မြူခိုးတွေ လွင့်စင်သွားတဲ့အခ လှပတဲ့ အသွင်အပြင်တစ်ခု ပေါ်လာသည်။
ထိုသူမှာ ချင်ရိ ဖြစ်သည်။
လုချင်းမိန် က လီလော့အတွက် တိုက်ခိုက်မှုကို ဟန့်တားခဲ့သည်ကို မြင်ပြီးနောက်တွင် သူမ အနည်းငယ် အံ့သြသွားခဲ့သည်။ လုချင်းမိန် က လီလော့နဲ့ ဘယ်တုန်းက ရင်းနှီးခဲ့တာလဲ......
"တံခွန်ကိုင်လု.... ငါနဲ့တံခွန်ကိုင်လီလော့တို့ကြားမှာ ရှင်းစရာ ပြဿနာရှိတယ်.... မင်းဘေး ဖယ်ပေးနိုင်မလား"
လုချင်းမိန်က လီလော့ စောစောက ပြောခဲ့သော စကားများကို ပြန်သတိရကာ လီလော့ကို တစ်ချက်ကြည့်လိုက်သည်။
"ချင်ရိ က ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်ထဲက တံခွန်ကိုင်တွေကို တကယ်လိုက်ရှာနေတာလား......."
ထိုသို့ဆိုလျှင် သူမသည် ဘေးမဖယ်ပေးန်ိုင်ပေ။
ထို့ကြောင့် သူမက သေးသွယ်သော လက်ချောင်းများဖြင့် ဖန်သာကျိုုင်းကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ထို့နောက် ရှည်လျားသွယ်လျသော ခြေထောက်များဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ .....
"မိန်းကလေးချင်ရိ... နဂါးပတ်တိုင်တွေကို အခုထိမမြင်ရသေးတာကြောင့် တိုက်ပွဲဝင်ရမည့် အချိန်မဟုတ်သေးဘူး...ဒါပေမယ့် သိပ်ကိုတိုက်ခိုက်ချင်နေတယ်ဆို ငါ မင်းရဲ့ တိုက်ခိုက်ပေးမယ်...."
လီလော့ ထိုစကားကိုကြားလိုက်သောအခါ မယုံနိုင်လောက်အောင် ထိတ်လန့်သွားပြီး လုချင်းမိန််ကို စိတ်ထဲကနေ လက်မထောင်ပြလိုက်သည်။
"ကောင်းလိုက်တာ...ရှောင်လုလေးကြောင့် လမ်းပွင့်သွားပြီ...."