← Chapters

ဝိညာဉ်ရေကြေးမုံနန်းတော်....

Vol. 60 Ch. 831

ဝိညာဉ်ရေကြေးမုံနန်းတော်....

Vol. 60 Ch. 831

မြေပြင်ပေါ်မှ မြင့်မားစွာထိုးထွက်နေသော နဂါးပတ်တိုင်တခုချင်းစီကို တိမ်များနှင့် မြူခိုးအလွှာများ ရစ်ပတ်ထားပြီး ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် အတိအကျမြင်နိုင်သည်။ ထို့အပြင် ၎င်းတို့၏အရောင်များက တူညီခြင်းမရှိပေ။ အပြင်ဘက်အကျဆုံးတိုင်၏အရောင်မှာ ကြေးဝါရောင်ဖြစ်ပြီး၊ အလယ်နားက တိုင်နှစ်ခုကတော့ ငွေရောင်ဖြစ်သည်။ အနက်ရှိုင်းဆုံးနေရာ၌ တသီးတသန့်တည်ရှိနေသောတိုင်ကတော့ ပြိုးပြိုးပြက်ပြက်လင်းလက်နေသော ရွှေရောင်အလင်းတန်းများ ထုတ်လွတ်​နေသည်။

နဂါးပတ်တိုင် ခြောက်ခုကို ကြည့်လိုက်ရင်း ပြိုင်ပွဲဝင်တွေ စိတ်လှုပ်ရှားလာကြသည်။

လီလော့လည်း အလားတူ လှုံ့ဆော်ခံခဲ့သည်။ ဘေးဘီဝဲယာကို အကဲခတ်ကြည့်တော့ လူရှစ်ယောက်ရှိနေသည်ကို သတိထားမိလိုက်သည်။

လီချင်းဖုန်း၊ လီဟုန်လိ၊ တျန်ဖုန်းရှန် နှင့် လုချင်းမိန်တို့ကိုတော့ ကြိုသိပြီးသားဖြစ်သည်။ ဖန်သားအရိုးတံခွန်အဖွဲ့၏ တံခွန်ကိုင်ဖြစ်သည့် လီခွန်နှင့် မိုးကြိုးဉီးချိုတံခွန်အဖွဲ့မှ လီစန်းယန်တို့လည်း ရှိနေကြသည်။

ထို့အပြင် ချင်ရိလည်း ရှိနေသေးသည်။

သို့သော်လည်း သီးခြားနယ်မြေ မပိတ်သေးတာကြောင့် အခြားမည်သူ ရောက်ရှိလာမည်ကို အာမခံချက်မရှိပေ။

နဂါးပတ်တိုင် ခြောက်ခုသာရှိသော်လည်း ပြိုင်ပွဲဝင် ရှစ်ယောက် သီးခြားနယ်မြေထဲရောက်နေသဖြင့် ပြိုင်ဆိုင်မှုများရှိလာပေတော့မည်။ထို့အပြင် အားလုံးထဲတွင် သူ(လီလော့)ကသာ အားအနည်းဆုံးဖြစ်သည်။

ကောင်းသောအချက်မှာသူ၏ရည်ရွယ်ချက်က ကြေးနဂါးပတ်တိုင်တစ်ခုသာဖြစ်ပြီး လီချင်းဖုန်းနှင့် ချင်ရိတို့လို သန်မာသူများက ရွှေနဂါးပတ်တိုင်အတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လီလော့ ထိုအတွေးများကို စိတ်ထဲမှာ တွေးနေချိန် အခြားသူများက အချိန်ဆွဲမနေဘဲ နဂါးပတ်တိုင်ခြောက်တိုင်ဆီသို့ တိုက်ရိုက် ပြေးသွားနေကြပြီ.....

လီလော့ကတော့ တိုက်ပွဲဝင်ရန် စိတ်မဝင်စားဘဲ နောက်ဘက်တွင်သာ ရပ်နေခဲ့သည်။

သို့သော်၊ ပြိုင်ပွဲဝင်များ နဂါးပတ်တိုင် အနီးသို့ ရောက်သွားသောအခါတွင် ထူးဆန်းသော အဖြစ်အပျက်များ ပေါ်ပေါက်လာသည်။

ပထမဦးစွာ၊ အပြာရောင်ရေလှိုင်းများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး အတားအဆီးတခုသဖွယ် နဂါးပတ်တိုင်များကို ကာဆီးထားသည်။

လှိုင်းပုတ်သံများမှ ကြောက်စရာကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်တွင် လီချင်းဖုန်းနှင့် ကျန်လူများ၏ အမြန်နှုန်းကို ချက်ချင်း လျော့ကျသွားစေခဲ့သည်။

လီချင်းဖုန်းက ပထမဆုံး တုံ့ပြန်ခဲ့သူဖြစ်သည်။ သူသည် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ရာ များပြားလှသော ပဲ့တင်ထပ်သံစွမ်းအားများ ထွက်လာကာ အစိမ်းရောင် နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားခဲ့သည်။ ဤနဂါးကြီးသည် ရေလှိုင်းများနှင့် တိုက်ရိုက်မထိတွေ့ခင် သဘာဝစွမ်းအင်ကို အဆုံးမရှိ ဝါးမျိုကာ ပြင်းထန်စွာဟိန်းဟောက်နေသည်။

ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်များ နေရာတိုင်းတွင် ပေါက်ကွဲထွက်ပြီး လူတိုင်း အတားအဆီးတစ်ခုကို ဖန်တီးရန် ၎င်းတို့၏ ပဲ့တင်ထပ်သံစွမ်းအားကို အလျင်အမြန် ဖြန့်ကျက်လိုက်ကြသည်။

လီချင်းဖုန်း၏ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုက သာမန်မဟုတ်ပေ။ သူပြသခဲ့သော ခွန်အားသည် နှောင်းပိုင်း ပထမအဆင့် မြို့စားနှင့် နှိုင်းယှဉ်နိုင်သည်။

လီလော့ သူ့နောက်တွင် ပေါ်လာသည့် အစိမ်းရောင်နဂါး၏ အရိပ်အယောင်ကို သတိပြုမိသည်။

အဆင့်ကိုးတပိုင်း လေနဂါးပဲ့တင်ထပ်သံ........

သို့သော် လီချင်းဖုန်း၏ တိုက်ခိုက်မှုက ရေအလွှာကို ဖောက်ဝင်ရန် မလုံလောက်ပေ။ အံ့သြစရာမှာ တောင်တန်းကြီးကဲ့သို့ ကြီးမားသော အပြာရောင်ခန်းမကြီးတစ်ခု ၎င်းတို့ရှေ့မှ ရေအလွှာတွင် ထင်ဟပ်နေခြင်းဖြစ်သည်။

ခန်းမကြီးက အထူးကျယ်ဝန်းပြီး နဂါးပတ်တိုင်ခြောက်ခုကို တိုက်ရိုက်ဖုံးအုပ်ထားသည်။

ဤဖြစ်ရပ်က လူတိုင်းကို အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။ ဒီလိုအခြေအနေမျိုးကို ဟွမ်းလုံရှီးရေကန်တွင် တစ်ခါမှ မကြုံဖူးပေ။

ဧရာမ အပြာရောင် ခန်းမကြီးဆီမှ ပဲ့တင်ထပ်သံစွမ်းအားကိုအာရုံခံမိသဖြင့် လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်

ဤခန်းမသည် ဟွမ်းလုံရှီးရေကန်မှ ဖန်တီးထားသည့် စမ်းသပ်မှု မဟုတ်ဘဲ လူတစ်ဦးက ဖန်တီးထားသောအရာဖြစ်သည်။

သူသည် အုပ်စုကို ဖြတ်ကျော်ကာ ငေးကြည့်ရင်း ချင်ရိ ပျောက်ကွယ်သွားသည်ကို သတိပြုမိသည်။

လီချင်းဖုန်း၏ အမူအရာ ပြောင်းသွားကယ တစ်ခုခုကို သတိပြုမိသွားပုံရပြီး.....

"မိန်းကလေးချင်ရိ.....မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

လီဟုန်လိတို့နှင့်အခြားသူများလည်း အနည်းငယ် ထိတ်လန့်သွားကြသည်။ ဒီကြောက်စရာကောင်းတဲ့ ရေအလွှာကို ချင်ရိ ဖန်တီးခဲ့တာလား......

သူတို့ ထိတ်လန့်တုန်လှုပ်နေစဉ်တွင် ဧရာမခန်းမကြီးထဲတွင် လှိုင်းလုံးကြီးများစွာ စုပုံလာပြီးနောက် ချင်ရိ၏ လှပသောသဏ္ဌန်အသွင် ပေါ်လာသည်။

သူမက တောင်းပန်သည့်လေသံဖြင့် ....." ဧည့်သည်တစ်ယောက်အနေနဲ့ ရှင်တို့ကိုတားဆီးမိတဲ့အတွက်တောင်းပန်ပါတယ်..... ဒါက ကျွန်မရဲ့ အဆင့်ကိုးရေပဲ့တင်ထပ်သံနဲ့ ဖန်တီးထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်တဲ့ ဝိဉာဉ်ရေကြေးမုံနန်းတော်ပါ...ဒီအထဲက နဂါးပတ်တိုင် တစ်ခုခုကို ရယူချင်တယ်ဆိုရင်တော့ ကျွန်မ ချင်ရိက ကောင်းကင်ဧကရာဇ်လီ သွေးမျိုးဆက်ရဲ့ အရည်အချင်းရှိသူတွေကို ရဲရဲတင်းတင်း ဖိတ်ခေါ်လိုက်ပါတယ်....."

သူမ၏ စကားများကြောင့် လူတိုင်း အမူအရာ ပြောင်းလဲသွားသည်။ သူတို့ကို နှောင့်ယှက်ရန် ဤကဲ့သို့သော ဖွဲ့စည်းမှုမျိုးကို ချမှတ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

"မိန်းကလေး ချင်ရိ..... မင်း ငါတို့အားလုံးကို တစ်ယောက်တည်း စိန်ခေါ်ဖို့ စီစဉ်နေတာလား....."

လီချင်းဖုန်းက သူမကို လေးနက်စွာကြည့်ရင်း မေးလိုက်သည်။

"စိန်မခေါ်ပါဘူး....ရှင်တို့ ကျွန်မဖန်တီးထားတဲ့ရေအလွှာကို ကျော်ဖြတ်နိုင်ဖို့ပဲလိုတာပါ......"

"မိန်းကလေး ချင်ရိ၊ မင်း အရမ်းမောက်မာနေတယ် မထင်ဘူးလား...."

ထိုသို့ပြောလိုက်သူမှာ ချင်ရိကို ဒေါသတကြီးစိုက်ကြည့်နေသော ဖန်သားအရိုးတံခွန်အဖွဲ့ ၏ တံခွန်ကိုင် လီခွန် ဖြစ်သည်။

ချင်ရိ ဤတံခွန်များကို လုံးဝဂရုမစိုက်ပုံရသည်။ သူမသည် အဆင့်ကိုးရေပဲ့တင်ထပ်သံကို ပိုင်ဆိုင်ထားသော်လည်း လီချင်းဖုန်း အမှန်တကယ် အားပြည့်လာသောအခါတွင် သူမကို အနိုင်ယူရန် အခွင့်အလမ်းကောင်းများ ရှိနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် တစ်ဉီးတည်းနှင့် တံခွန်ကိုင်ခုနှစ်ယောက်ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

ထို့အပြင်၊ သူမသည် နဂါးပတ်တိုင်ကိုရယူခြင်းမှဟန့်တားရန်အတွက် ဝိဉာဉ်ရေကြေးမုံနန်းတော်ကိုအသုံးပြုရုံသာမက သူမ၏ လုပ်ရပ်များက ထျန်းယွမ်တိုက်ကြီး တစ်ခွင်လုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေကာ ဤမျိုးဆက် ပါရမီရှင်များကို လှောင်ပြောင် ခံရစေမည်ဖြစ်သည်။

အနည်းဆုံးတော့၊ ဒီပွဲက အရှက်တကွဲနဲ့ ပြီးဆုံးသွားလိမ့်မည်........

ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်များက အဘယ်ကြောင့် ဤသို့ပြုမူကြသနည်း...... သူတို့၏ စေ့ဆော်ချက်များကို အမှန်တကယ်ပင် နားမလည်နိုင်အောင် ဖြစ်နေသည်။

ကျန်တဲ့ တံခွန်ကိုင်တွေကလည်း အမူအရာတွေ ရုပ်ဆိုးသွားသလို သူတို့ရဲ့ အကြည့်တွေထဲမှာ ဒေါသတွေနဲ့ ပြည့်နှက်နေသည်။

လီလော့အနေဖြင့်လည်း ချင်ရိ၏ ရိုင်းစိုင်းပြီး ရည်မှန်းချက်ကြီးသော စိတ်ထားကြောင့် အလားတူ ထိတ်လန့်သွားသည်။သူမ လူတိုင်းကို နှောက်ယှက်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘဲ ၎င်း၏ ကနဦး ခန့်မှန်းချက်မှာ ရွှေနဂါးပတ်တိုင်အတွက် လီချင်းဖုန်းနှင့်တိုက်ခိုက်လိမ့်မည်ဟုသာပင်.....

သို့သော်၊ ဝိဉာဉ်ရေကြေးမုံနန်းတော်က ထင်ထားသလောက် မရိုးရှင်းပေ။ ၎င်းမှ ထွက်ပေါ်လာသော ထူးခြားသောအန္တရာယ် အငွေ့အသက်ကို ခံစားနေရသည်။

ဤ ရေကြေးမုံနန်းတော်ကို တံခွန်ကိုင်များ၏ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တားဆီးနိုင်မည်လော.......

"တံခွန်ကိုင် လီချင်းဖုန်း...သူ့ရဲ့ လုပ်ရပ်တွေက ရက်စက်လွန်းတာကြောင့်၊ သူ့ကို မျက်နှာသာပေးစရာ မလိုတော့ဘူး...ငါတို့အတူပူးပေါင်းပြီး ဖျက်ဆီးလိုက်ကြရအောင်" ဟု မိုးကြိုးဉီးချိုတံခွန်အဖွဲ့မှ လီစန်းယန်က ချက်ချင်း အကြံပြုခဲ့သည်။

လီချင်းဖုန်းက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး ချင်ရိဘက်သို့ လှည့်လိုက်သည်။

"မိန်းကလေး ချင်ရိ၊ ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်က ဂုဏ်သိက္ခာအကျခံမှာမဟုတ်ဘူး....."

ထို့နောက် သူသည် အခြား တံခွန်ကိုင်များဆီသို့ လှည့်ကြည့်လိုက်သည်။

"အားလုံးအတူပူးပေါင်းပြီး တိုက်ခိုက်ကြမယ်...ဒီရေအလွှာ ဘယ်လောက်စွမ်းလဲ ကြည့်ကြတာပေါ့ "

လီချင်းဖုန်းက ရေနန်းတော်ထဲကို မဝင်ဘဲ အပြင်ကနေ ဖျက်စီးပစ်ဖို့ အကြံပေးခဲ့သည်။ဤအရာတွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေသည်ကို မည်သူသိသနည်း။ သူတို့ ပေါ့ပေါ့တန်တန် တိုးဝင်လိုက်လျှင် ထောင်ချောက်ထဲ ကျသွားနိုင်ပေသည်။

သူသည် ယခင်က သူမအပေါ် ယဉ်ကျေးစွာ ပြုမူခဲ့ပေမည်၊ သို့သော် ဤအခြေအနေမျိုးတွင် သူမကို ဆက်လက် မျက်နှာသာပေးနေမည်ဆိုလျှင် ကောင်းကင်နဂါးကလန်ငါးခုမှ မျိုးဆက်သစ်များထဲတွင် သူ၏ ဂုဏ်သတင်း အလွန်အမင်း ကျဆင်းသွားနိူင်သည်။

ကျန်တဲ့ တံခွန်ကိုင်တွေက ခေါင်းညိတ်လိုက်ကြသည်။ မသိနိူင်သောအခြေအနေတစ်ခုတွင် ရေနန်းတော်သို့ မျက်စိစုံမှိတ်ဝင်ရောက်ခြင်းသည် ပညာရှိသောရွေးချယ်မှုမဟုတ်ပေ။

ထို့ကြောင့်၊ အတူပူးပေါင်းပြီး ကြောက်စရာကောင်းသော စွမ်းအင်များအသီးသီးထုတ်ဖော်လိုက်ကြသည်။ ခုနစ်ယောက်စလုံး ပထမအဆင့် မြို့စား ခွန်အားကို ပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုက ကောင်းကင်ကို လှုပ်ခါသွားစေနိုင်သည်။ ဧရိယာတစ်ခုလုံး ကြီးမားစွာ တုန်လှုပ်သွားပြီး သူတို့၏ ပြင်းထန်သော စွမ်းအားများကြောင့် အဖြူရောင် မြူခိုးများပင် ပျံ့လွင့်သွားသည်။

ဒိုင်း! ဒိုင်း!

မီတာတစ်ရာမြင့်သော စွမ်းအင်စီးကြောင်း အများအပြား ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်ကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်သည်။

ခဏအကြာတွင် စွမ်းအင်ရေစီးကြောင်းများ ရေနန်းတော်ထဲသို့ ကျဆင်းကုန်သည်။

သို့သော်လည်း လူတိုင်းကို ထိတ်လန့်စေသည့်အရာမှာ လူတိုင်း၏ စုပေါင်းအားထုတ်မှုများကြောင့်ပင် ရေနန်းတော်သည် အနည်းငယ်သာတုန်ခါသွားခဲ့သည်။

"ဘယ်လိုလဲ...?"

လူတိုင်း၏ မျက်လုံးထဲတွင် အံ့ဩမှုအရိပ်အယောင်များ ပေါ်လာသည်။ ချင်ရိ ဖန်တီးထားတဲ့ ရေနန်းတော်ဟာ အသံတောင် မထွက်ဘဲ မြို့စားအဆင့်တွေရဲ့ ပြင်းထန်တဲ့ စွမ်းအားကို ဘယ်လို ခံနိုင်ရည်ရှိခဲ့တာလဲ.......

လီလော့၏အမူအရာလည်း လေးနက်လာသည်။ သူမသည် ကောင်းကင်နဂါးကလန်ငါးခုမှ တံခွန်ကိုင်များအားလုံးကို တားဆီးရန် သတ္တိရှိသောကြောင့် သူမတွင် ကျွမ်းကျင်မှုအချို့ရှိနေပြီဖြစ်သည်။

ရေနန်းတော်သည် အမှန်တကယ်ပင် စိတ်ကူးထားသည့်အတိုင်း ဆန်းကြယ်လှသည်။

ထိုစဉ် ချင်ရိ၏ နူးညံ့သိမ်မွေ့သော အသံသည် သူတို့ဆီသို့ ပျံ့လွှင့်လာသည်။

"အရင်တုန်းက ပြောခဲ့သလိုပဲ လူတိုင်း ဒီရေအလွှာကို ဖျက်ချင်ရင် အတွင်းကနေ ဖျက်ရမှာ.... အပြင်ကနေ ဖျက်စီးချင်ရင် မဖြစ်နိုင်ပေမယ့် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါလိမ့်မယ်....ကျွန်မ သိထားသလောက်ဆို ဒီရေကန်ထဲမှာနေဖို့ အချိန်အကန့်အသတ်ရှိတယ်မလား....ရေအလွှာကို ဖျက်စီးဖို့အချိန်ဖြုန်းနေရင် ကျန်တဲ့အရာတွေအတွက် အချိန်ရှိမှာမဟုတ်ဘူး....."

ထိုစကားကြောင့် အားလုံး ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။

အဆုံးမှာတော့ လီချင်းဖုန်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး....

"ဒါကြောင့်မို့လို့ မိန်းကလေးချင်ရိ အကြံပေးတဲ့အတိုင်း လုပ်မှဖြစ်မယ်......."

ချင်ရိ ပြုံးလိုက်ပြီး ရေနန်းတော်အတွင်းသို့ဝက်ရောက် ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ရေနန်းတော်မှ တံခါးများ တဖြည်းဖြည်းပွင့်လာသည်။

"ဒီရေနန်းတော်က ဘယ်လောက်ပဲ လျှို့ဝှက်ဆန်းကြယ်နေပါစေ....ချင်ရိကတစ်ယောက်တည်းပဲ ..ငါတို့ အထဲဝင်ပြီးတာနဲ့ တခြားဘာမှ မလုပ်ခင်မှာ အရင်ဆုံး ပူးပေါင်းပြီး ရေအလွှာကို ချိုးဖျက်သင့်တယ်" ဟု လီချင်းဖုန်းက ကျန်သူများအား ပြောကြားခဲ့သည်။ ထိုအချိန်တွင် လီလော့လည်း ခေါင်းညိတ် သဘောတူလိုက်သည်။ နဂါးပတ်တိုင်၏ နောက်ဆုံးရလဒ် မည်သို့ပင်ရှိစေကာမူ၊ ဤအရာသည် အရေးကြီးဆုံးအခြေအနေဖြစ်သည်။ ချင်ရိကို အရင်ဆုံး ဖယ်ရှားပစ်ခြင်းသည် အကောင်းဆုံးဖြစ်မည် သို့မဟုတ်ပါက ကောင်းကင်နဂါးကလန်ငါးခု၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည်ဖြစ်သည်။

လီလော့ ယခုအချိန်တွင် အပြင်ဘက်မှ အကြီးအကဲများ၏ မျက်နှာပေါ်ရှိ အမူအရာများ မည်မျှ ရုပ်ဆိုးနေမည်ကို စိတ်ကူးကြည့်နိုင်သည်။

သဘောတူညီမှုရရှိပြီးနောက် လီလော့တို့ တုံ့ဆိုင်းမနေတော့ပေ။ အားလုံး ကျယ်ပြောလှသော ရေနန်းတော်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့ကြသည်။

All Chapters