← Chapters

ပုံတူ.......

Vol. 60 Ch. 832

ပုံတူ.......

Vol. 60 Ch. 832

လီချင်းဖုန်း၊ လီလော့ နှင့် အခြားတံခွန်ကိုင်များ ရေနန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက်၊ရေကန် အပြင်ဘက်ရှိ အကြီးအကဲများ၏အမူအရာများ ပြောင်းလဲသွားသည်။

ဧည့်သည်များက ချင်ဇီမင်းနှင့်ချင်လျန်တို့ဆီ ရံဖန်ရံခါ လှမ်းကြည့်နေကြသည်။

တစ်ခါတစ်ရံတွင်၊ ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်မှ အကြီးအကဲများကလည်း သူတို့ကို မကျေနပ်သည့်အကြည့်ဖြင့် ကြည့်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ အကြီးအကဲငါးဦးစလုံး နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့သည်။ သို့သော်

သူတို့မျက်နှာမှာ ပျော်ရွှင်မှုတွေ ဒေါသတွေ မတွေ့ခဲ့ရပေတစ်ဖက်တွင် အကြီးအကဲငါးဦးအောက်ရှိ ခန်းမသခင်များကတော့ စိတ်ပျက်လက်ပျက် အရိပ်အယောင် အနည်းငယ်ပြသနေသည်။

ချင်ရိ ဤကဲ့သို့ ကြီးစိုးသည့်ပုံစံဖြင့် ပြုမူမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။

ရွှေနဂါးပတ်တိုင်သို့ တည့်တည့်သွားလျှင်တောင် နားလည်နိုင်ပေမည်။ သို့သော် သူမမှာက မဆီမဆိုင် နဂါးပတ်တိုင်ခြောက်ခုကို ဖုံးအုပ်ထားသည့် ရေနန်းတော်ကို ဖန်တီးခဲ့သည်။ သူမသည် ကောင်းကင်နဂါးကလန်ငါးခုမှ မျိုးဆက်သစ်လူငယ်များကို မျက်နှာသာမပေးဘဲ ၎င်းတို့အား ဤနေရာတွင် ပြတ်ပြတ်သားသား စိန်ခေါ်နေခဲ့သည်။ ထို့အပြင်၊ သူမသည် သူမ၏ခွန်အားတစ်ခုတည်းဖြင့် တံခွန်ကိုင်များကို တိုက်ခိုက်ဖို့ ကြေငြာခဲ့သည်။

ချင်ရိကတော့ ဘယ်လိုပဲကြည့်ကြည့် အရှုံးသမားတစ်ယောက်လို ထွက်လာမှာမဟုတ်ပေ။ နောက်ဆုံးတော့၊ သူမ ရှုံးခဲ့ရင်တောင် ဂုဏ်ယူစရာဖြစ်နေပေလိမ့်မည်။ ထို့အပြင် သူမ၏ ရဲစွမ်းသတ္တိရှိသော ကြိုးစားမှုအတွက် သူမကို ချီးမွမ်းကြလိမ့်မည်။

တစ်ဖက်တွင်၊ လီချင်းဖုန်းနှင့် အခြားသော တံခွန်ကိုင်များသည် သူမ၏ဝိညာဉ်ရေကြေးမုံမှန်နန်းတော်ကို အောင်နိုင်ခြင်းမရှိပါက၊ ၎င်းတို့အတွက် ကြီးမားသော အရှက်ကွဲမှုနှင့်ကြုံရလိမ့်မည်။

ဤသတင်းထွက်လာသည်နှင့် ထျန်းယွမ်တိုက်ကြီးရှိ လူတိုင်းသည် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်ကို ရယ်မောကြလိမ့်မည်။

ထိုကဲ့သို့ ရယ်စရာကောင်းသောရလဒ်သည် အရှက်ကွဲခြင်းတိုင်တွင် ပါဝင်ပတ်သက်နေသော လူငယ်အားလုံးကို သေချာပေါက် အမှတ်ရစေမည်ဖြစ်သည်။

ချင်ရိက ရုပ်ချောသလောက် အကြံပက်စက်လွန်းလှသည်။ဒါဟာလည်း သူ့အမေ ညွှန်ကြားချက်ဖြစ်နိုင်သည်။

နောက်ဆုံးတွင်၊ ဤကဲ့သို့ ဖိနှိပ်ချုပ်ချယ်သော ချဉ်းကပ်မှုမျိုးက ချင်လျန်လုပ်နေကျ အပြုအမူမျိုးပင်.....

ဧည့်သည်များက ပြိုင်ပွဲကို ထူးဆန်းသောအကြည့်များဖြင့် စောင့်ကြည့်နေချိန်တွင်၊ နဂါးစွယ်ကလန်၏ ကြက်သွေးရောင်တိမ်တိုက်ခန်းမသခင် လီကျင်းပန်က အေးစက်စွာ ရယ်မောလိုက်သည်။

“ဧည့်သည် မပီသတဲ့ဧည့်သည်တွေကြောင့် ပွဲပျက်တော့မယ်ထင်တယ်...."

ကလန်အကြီးအကဲငါးဦးသည် အထူးအဆင့်အတန်းရှိသောကြောင့် မှတ်ချက်မပေးခဲ့ကြပေ။ သို့သော်၊ အထူးသဖြင့် ချင်လျန်ကို မကျေနပ်သော ခန်းမသခင်များက ၎င်းတို့၏ စိတ်ပျက်မှုများကို မျိုသိပ်မထားနိုင်တော့ပေ။

ချင်လျန်က လီကျင်းပန်ကို တစ်ချက်ကြည့်လိုက်ပြီး... "ဒါက ဂျုနီယာမျိုးဆက်တွေကြားက ပြိုင်ဆိုင်မှုပဲလေ.. ဒါကြောင့် အရမ်းတင်းကြပ်နေဖို့ မလိုပါဘူး၊ ဒါတင်မကဘူး၊ ငါ့သမီးကို နင်တို့မျိုးဆက်က လူငယ်တွေ ရင်မဆိုင်နိုင်မှာစိုးရိမ်နေတာလား.... ဒီကောင်လေးတွေရဲ့ ချို့ယွင်းချက်အခြေခံတွေကိုသိမှ သူတို့ကို အနာဂတ်မှာ ပိုကောင်းအောင် လေ့ကျင့်ပေးနိုင်မှာ....."

ကောင်းကင်နဂါးကလန်ငါးခုမှ အကြီးအကဲများ ထိုစကားကိုကြားသောအခါ ဒေါသဖြစ်ခဲ့ကြသည်။ သူတို့ ဒေါသတွေထွက်နေပေမယ့် ဟန်မပျက်အောင် ထိန်းနေရသည်။

ထိုအချိန်တွင် ချင်ဇီမင်း၏ မျက်လုံးများက အိပ်ပျော်နေသကဲ့သို့ အနည်းငယ် မှိတ်ကျသွားသည်။

သို့သော် ဤအရာသည် သူ့လုပ်ရပ်ဖြစ်ကြောင်း လူတိုင်းသိသည်။ ချင်လျန်က သူ့ခွင့်ပြုချက်မရှိဘဲ ဤပုံစံအတိုင်း ပြုမူရန် မည်သို့ သတ္တိရှိမည်နည်း။

ထို့အပြင်၊ ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်မှ အကြီးအကဲငါးဉီးက မည်သည့်အရာမှ မပြောခဲ့ပေ။ သူတို့သည် တိမ်ထူထပ်သော အခိုးအငွေ့များကို ဖောက်ထွင်းဝင်ရောက်နိုင်သည့် အကြည့်များဖြင့် ပြိုင်ပွဲကိုသာကြည့်နေကြသည်။

အခြေအနေတွေ ဒီလောက်အထိ ဖြစ်နေပြီမို့ ချင်လျန်ကို ထပ်ပြီး ဝေဖန်လို့လဲ အသုံးမဝင်တော့ပေ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက် လက်စားချေဖို့ သူမ ကြိုးစားနေမှန်း သိသာလွန်းလှသည်။ သို့သော်၊ သူမသည် ၎င်းကို မျိုးဆက်သစ်များ၏ ပြိုင်ဆိုင်မှုအဖြစ် ပုံစံပြောင်းပစ်ခဲ့သည်ဖယ

ထို့ကြောင့်၊ ကလနခအကြီးအကဲငါးဦးပင်လျှင် တိုက်ပွဲကို တွန်းအားပေးရပ်တန့်မည်မဟုတ်ပေ။ နောက်ဆုံးတော့၊ ကောင်းကင်ဧကရာဇီလီသွေးမျိုးဆက်မှာ ချင်ရိတစ်ယောက်ကို ဆန့်ကျင်နိုင်သူတွေ အများကြီးရှိနေသည်။ အသာစီးရနေသော်လည်း စိန်ခေါ်မှုကို လက်မခံဝံ့ကြောင်း သတင်းများ ထွက်ပေါ်နေပါက ၎င်းတို့၏ ဂုဏ်သိက္ခာကို ပို၍ပင် ထိခိုက်စေမည်ဖြစ်သည်။

ဒါကြောင့် မျိုးဆက်သစ်လူငယ်တွေကိုသာ ဖြေရှင်းခိုင်းရပေမည်။

……

လီချင်းဖုန်း ရေနန်းတော်ထဲသို့ ဝင်သွားသောအခါတွင် သူ့ပတ်ဝန်းကျင် အပြောင်းအလဲကို ချက်ချင်း သတိပြုမိသည်။ ကျယ်ဝန်းပြီး ကြည်လင်ပြတ်သားသော ရင်ပြင်တစ်ခုတွင် သူ့ပုံရိပ်က နေရာတိုင်းတွင် ရောင်ပြန်ဟပ်နေပုံရသည်။

လုချင်းမိန်နှင့် အခြားလူများ အထဲသို့ အတူဝင်ခဲ့သော်လည်း အနီးနားတွင် မရှိတော့သည်ကို သတိပြုမိသောအခါ မျက်မှောင်ကြုတ်မိလိုက်သည်။ နန်းတော်က သူတို့ကို ရည်ရွယ်ချက်ရှိရှိ ခွဲထုတ်လိုက်လေပြီ......

"ငါတို့ကို တစ်ယောက်ပြီးတစ်ယောက် ဆွဲချချင်လား"

ရေနန်းတော်က ထူးခြားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဝင်ရောက်လာသော လူများကို ပိုင်းခြားထားနိုင်သော ကမ္ဘာကို ဖန်တီးထားသောကြောင့် ဖြစ်သည်။

ဒါပေမယ့် ချင်ရိက သူတို့ကို ဒီမှာပဲ ချုပ်နှောင်ဖို့ စဉ်းစားနေတာလား.....

ထိုအချိန်တွင် လီချင်းဖုန်းက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို သူ့လက်ဖဝါးတွင် စုစည်းထားသည်။ သူ့လက်ထဲတွင် ဓားနှစ်လက် ပေါ်လာပြီး ကြီးကျယ်ခမ်းနားပြီး ရက်စက်ကြမ်းကြုတ်သော စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ ရုတ်တရက် ကြည်လင်ပြတ်သားသော ခန်းမတခုလုံး အနည်းငယ် တုန်ခါလာသည်။

လီချင်းဖုန်း ဓားနှစ်လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် နဂါးတစ်ကောင်နှင့်ဆင်တူသည့် ဓါးအလင်းနှစ်ခု ကြည်လင်သောခန်းမအတွင်းရှိ သလင်းကျောက်တိုင်များဆီသို့ ပျံသန်းသွားသည်။

ဝုန်းးးး

လေဟာနယ်ပင်တွန့်လိမ်သွား သော်လည် တိုက်ခိုက်မှုများကြောင့် သလင်းကျောက်တိုင်များ မပြိုကွဲခဲ့ပေ။ ယင်းအစား၊ တိုင်များမှ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာသည်။

ကောင်းကင်တစ်ခွင်၌ ခပ်တိုးတိုး ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး အလင်းတန်းများ လီချင်းဖုန်း၏ ရှေ့တွင် ဆုံစည်းသွားသည်။

ခဏအကြာတွင် အလင်းတန်းများ ကျုံ့သွားပြီး သူ့ရှေ့တွင် ရုပ်ပုံတစ်ခုပေါ်လာသည်။

လီချင်းဖုန်း ထိုရုပ်သွင်ကို မြင်သောအခါ အံ့သြသွားသည်။

ဒီပုံက သူနဲ့တူနေတယ်......

ဒါဟာ လီချင်းဖုန်း နောက်တစ်ယောက်ပင်.......

လီချင်းဖုန်း အံ့အားသင့်သွားပြီး ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ရေကြေးမုံနန်းတော်က ပုံတူကူးနိူင်တဲ့ပညာရပ်လား...."

ဤပညာရပ်မျိုးက လူတစ်ဦး၏အသွင်အပြင်နှင့် တိုက်ခိုက်မှုများကို တုပနိုင်သည်ဟု သူကြားဖူးသည်။ ထို့အပြင်၊ ကူးယူထားသောပုံရိပ်ယောင်တွင် အစစ်အမှန်၏ စွမ်းပကားတစ်စိတ်တစ်ပိုင်းပါရှိသည်။

လီချင်းဖုန်း၏ မျက်လုံးများတွင် အပြာရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ သူသည် လေပြင်းတိုက်ခတ်သံနှင့်အတူ ရှေ့ကို တိုးလာပြီး တစ္ဆေသရဲကဲ့သို့ သူ၏ကိုယ်ပွားရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူသည် ကိုယ်ပွား၏ဦးခေါင်းကို ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် ခုတ်ပိုင်းလိုက်သည်။

လီချင်းဖုန်း၏ ဓားနှစ်လက် ကိုယ်ပွားကို ထိမိလုဆဲဆဲတွင်ပင်၊ အလားတူ ဓားအလင်းတန်းများ ကြားဖြတ်ထွက်ပေါ်လာပြီး တိုက်ရိုက် ထိမှန်သွားကြသည်။

မီးပွားများလွင့်စင်ကာ ခန်းမတခုလုံး တုန်ခါနေ၏။

လီချင်းဖုန်း ဤအခိုက်အတန့်တွင် နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်မိသည်။

သူ့ရှေ့က ကိုယ်ပွားက သူ့ထက် အားနည်းပေမယ့် တိုက်ခိုက်ရာတွင် အသားစီးမရခဲ့ပေ။

"ဒါ ဘယ်လိုဖြစ်ရတာလဲ..."

လီချင်းဖုန်း၏ မျက်ဝန်းတစ်စုံတွင် အလွန်ရင်းနှီးသော မျက်နှာကို ထင်ဟပ်နေချိန်တွင် စိတ်ထဲ၌လည်း တုန်လှုပ်သွားသည်။ ချင်ရိဖန်တီးထားသော ဤကိုယ်ပွားတွင် အစစ်အမှန်နှင့် တူညီသော စွမ်းအား မည်သို့ရှိနိုင်မည်နည်း။

တစ်ချိန်တည်းမှာပဲ၊ ဝိဉာဉ်ရေကြေးမုံနန်းတော်ထဲကို ဝင်ရောက်လာတဲ့ တခြားတံခွန်ကိုင်တွေလည်း လီချင်းဖုန်းလို အလားတူ ပြဿနာကို ရင်ဆိုင်နေကြရသည်။

၎င်းတို့အားလုံးသည် ၎င်းတို့နှင့် တူညီသော ခွန်အားရှိသော ကိုယ်ပွားများ နှင့် ယှဉ်ပြိုင်ခဲ့ကြသည်။

သို့သော် လီလော့ကတော့ ချွင်းချက်ပင်....

လီလော့သည် အနီးပတ်ဝန်းကျင်ရှိ သလင်းကျောက်တိုင်များကို လေ့လာရင်း ခန်းမထဲ၌ လမ်းလျှောက်နေသည်။ သူသည် ရောင်ပြန်ဟပ်နေသော အလင်းတန်းများအကြောင်း တွေးတောခဲ့ပြီး အခြားသော တံခွန်ကိုင်များကဲ့သို့ တိုက်ခိုက်မှုကို အလျင်စလို မပြုလုပ်ခဲ့ပေ။

"ဒါ ရေပဲ့တင်ထပ်သံစွမ်းအားကို သိမ်မွေ့စွာအသုံးပြုထားတာပဲ...."

အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် လီလော့ သက်ပြင်းလိုက်မိသည်။ သူပိုင်ဆိုင်ထားသော ပဲ့တင်ထပ်သံ ခြောက်ခုတွင် ရေပဲ့တင်ထပ်သံကို အကျွမ်းကျင်ဆုံးဖြစ်သည်။

ဒါဟာ သူ့ရဲ့ ပထမဆုံး ပဲ့တင်ထပ်သံဖြစ်ပြီး ရေပဲ့တင်ထပ်သံကြောင့် စိန်ခေါ်မှုအားလုံးကို အောင်နိုင်ခဲ့ပြီး ကြယ်တာယာခရီးရှည်ကောလိပ်တွင် အောင်မြင်မှုများစွာရရှိခဲ့ဖူးသည်။

"မိန်းကလေးချင်ရိ၊ မင်းရဲ့ ဝိညာဉ်ရေ ကြေးမုံနန်းတော်က ရေပဲ့တင်ထပ်သံစွမ်းအားနဲ့ အထူးဖွဲ့စည်းတည်ဆောက်ထားတာမလား... ငါထင်တာ မမှားဘူးဆို ဒီအရာက ရောင်ပြန်ဟပ်မှုနဲ့ ပုံတူကူးယူနိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားလိမ့်မယ်... တစ်ယောက်ယောက်က ပဲ့တင်ထပ်သံစွမ်းအားတွေသုံးပြီး

ဖြတ်ကျော်ဖို့ ကြိုးစားရင်၊ ကိုယ်ပွားတွေနဲ့ရင်ဆိုင်ရလိမ့်မယ်...."

လီလော့၏ ခပ်တိုးတိုး အသံသည် ကျယ်ပြောလှသော ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး.....

"ပြိုင်ဘက်က သန်မအင်အားကောင်းရင် အတုခိုးပြီး ဖန်တီးထားတဲ့ ကိုယ်ပွားကလည်း အားကောင်းမယ်....ပြိုင်ဘက်က အားနည်းရင် ကိုယ်ပွားလည်း အားနည်းမယ်..... ပြိုင်ဘက်က မလှုပ်ရှားဘူးဆိုရင် ကိုယ်ပွားရှိလာမှာမဟုတ်ဘူး..... ဒါကြောင့်..."

သူ့အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်လာခြင်းမရှိဘဲ လီလော့က သူ့ရှေ့ရှိ သလင်းကျောက်တိုင်တစ်ခုကို တောက်ပသော အပြုံးဖြင့် ကြည့်ရင်း သူ့မူလနေရာ၌ တင်ပျဉ်ခွေထိုင်နေ၏။

"မင်းငါ့ကိုဘယ်လိုဖြေရှင်းဖို့စီစဉ်ထားလဲ"

ခဏတာမျှ လှုပ်ရှားမှုမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်....

တစ်ချိန်တည်းမှာပင်၊ လီလော့၏ကိုယ်ပွားကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။

ဒါကိုမြင်တော့ လီလော့၏အပြုံးများ ပိုမိုပီပြင်လာသည်။

ထိုအချိန်တွင် ခန်းမထဲ၌ သက်ပြင်းချသံ တိုးညှင်းစွာ ထွက်ပေါ်လာသည်။ ယင်းနောက်တွင် လီလော့၏ရှေ့တွင် ချစ်စရာကောင်းသော မိန်းကလေးတစ်ဉီး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ချင်ရိ၏ ချစ်စဖွယ်မျက်ဝန်းတစုံက တောက်ပနေပြီး သူမ၏ လှပသော မျက်နှာသည် ကြည်လင်တောက်ပသော ရောင်ပြန်ဟပ်မှုအောက်တွင် ပို၍ပင် လှပနေပါသည်။ သူမသည် ပွင့်ချပ်နှင့်တူသော အနီရောင်နှုတ်ခမ်းတစ်စုံကို ဖွင့်ဟ၍.....

" တံခွန်ကိုင်လီလော့က အတော်ဉာဏ်ကောင်းတာပဲ.... ရှင်က ပြင်ပနတ်ဘုရားတိုက်ကြီးမှာ အချိန်အများကြီးကုန်ဆုံးခဲ့တဲ့ လူတစ်ယောက်နဲ့ တကယ်ကို မတူဘူး..... ရှင့်ကို ပုံတူကူးပြီး တိုက်ခိုက်လို့မရမှတော့.....ကျွန်မ ကိုယ်တိုင် တိုက်ခိုက်ရတော့မှာပေါ့....."

All Chapters