← Chapters

ချင်ရိနှင့်တိုက်ပွဲ......

Vol. 60 Ch. 833

ချင်ရိနှင့်တိုက်ပွဲ......

Vol. 60 Ch. 833

ချင်ရိက စကားဆုံးသည်နှင့် တပြိုင်နက် ပဲ့တင်ထပ်သံစွမ်းအားများထုတ်ဖော်လိုက်ပြီး သူမ၏ နောက်ကွယ်တွင် တောက်ပသော လှိုင်းလုံးကြီး တစ်ခု ပေါ်လာသည်။ လှိုင်းလုံးကြီးပေါ်လာသည်နှင့်တပြိုက်နက် သူမ၏ ပတ်ပတ်လည်ရှိ လေဟာနယ် တုန်ခါနေပြီး ခပ်အုပ်အုပ် ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ စွမ်းအင်လှိုင်းများမှ လွှမ်းမိုးနေသော တည်ရှိမှုတစ်ခုက နေရာတိုင်းတွင် ပြန့်ကျဲနေသည်။

လီလော့ သူမ၏ စွမ်းအင်လှိုင်းများကို သတိပြုမိသောအခါ အမူအရာ လေးနက်လာသည်။အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ သဟဇာတဖြစ်မှုတို့ကို အသုံးပြုခြင်းဖြင့် အစောပိုင်းပထမအဆင့် မြို့စားစွမ်းအားကို ရရှိခဲ့သည်။ သို့သော် ချင်ရိသည် နှောင်းပိုင်း ပထမအဆင့် မြို့စားကဲ့သို့ပင် သန်မာသည်။

ထို့အပြင် သူမသည် အမှန်တကယ် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ တကယ်တော့ သူမထက် မြင့်မားတဲ့အဆင့်တွေမှာရှိသည့် ပြိုင်ဘက်တွေကို အနိုင်ယူနိုင်တဲ့ အရည်အချင်းတစ်မျိုးရှိနေပေမည်။ မီးကြာပန်းစခန်း ၏အကူအညီရသောအခါတွင် နှောင်းပိုင်း ပထမအဆင့်မြို့စားနှင့် ရင်ဆိုင်ရလျှင်ပင် သူမသည် ရှုံးမည်မဟုတ်ပေ။

ထို့အပြင်၊ ဤအရာသည် သူမ၏ ကန့်သတ်ချက်မဟုတ်ကြောင်း လီလော့ သိနေသည်။

ထွက်လာတဲ့ စွမ်းအင်လှိုင်းတွေကို အခြေခံပြီး သူမက လီချင်းဖုန်းထက် သန်မာကြောင်း မှန်းဆနိုင်သည်။

"ဒီရေနန်းတော်ကို ထိန်းသိမ်းဖို့နဲ့ တခြား တံခွန်​ကိုင်တွေကို ထောင်ချောက်ဆင်ဖို့အတွက် သူ့ရဲ့ စွမ်းအားတွေကို ခွဲထုတ်ခဲ့တာလား....."

လီလော့ ခဏလောက်စဉ်းစားပြီး နောက်ဆုံးနားလည်သွားခဲ့သည်။ဤသည်မှာ သာမန်ရေနန်းတော်မဟုတ်ပေ။ လီချင်းဖုန်းတို့လို ​အရည်အချင်းပြည့်မီသော တံခွန်ကိုင်များအားလုံးကို ဤနေရာတွင် ထိန်းသိမ်းထားနိုင်ရန်၊ စွမ်းအင်များစွာကို အသုံးပြုထားရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နန်းတော်ကို ထိန်းသိမ်းနေရသည့်တိုင် သူမ အလွန်အစွမ်းထက်မြက်နေနိုင်သည်ဟု ဆိုလိုသည်မှာ ချင်ရိသည် လက်ရှိမျိုးဆက်တွင် လီလော့အတွက် ယနေ့အထိ ရင်ဆိုင်ကြုံတွေ့ခဲ့ရသမျှပြိုင်ဘက်များထဲတွင် အပြင်းထန်ဆုံးပြိုင်ဘက်ဖြစ်သည်မှာ သေချာပါသည်။

လီလော့ ဤအခိုက်အတန့်တွင် သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး ကျင်းစဲ့ယွီရှန်းဓားကို ဆင့်ခေါ်လိုက်သည်။

ဆင်နတ်ဘုရားစွမ်းအား တတိယအလွှာ......

ရိုးရှင်းသော ဓားကိုယ်ထည် တုန်ခါသွားပြီး ကမ္ဘာဉီးဆင်နတ်ဘုရားများသဖွယ် ကြီးမားသော အင်အားများ သူ့လက်ထဲသို့ စီးဝင်လာသည်။ လီလော့၏ လက်မောင်းအရေပြားတွေ ကွဲအက်လာပြီး သွေးများယိုစီးလာသည်။

မိုးကြိုးနတ်ဘုရားခန္ဓာ....အဆင့်နှစ်.......

သူ့နှလုံးသားထဲတွင် မိုးခြိမ်းသံများကို ကြားနေရပြီး ထိုအသံ သူ့တစ်ကိုယ်လုံးမှာ ပဲ့တင်ထပ်သွားပြီးနောက် အသွေးအသားတွေ တုန်ခါလာသည်။ ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ အားကောင်းလာသည်။

လီလော့အနေဖြင့် ချင်ရိလို သန်မာသော ပြိုင်ဘက်နှင့်ရင်ဆိုင်ရာတွင် ပေါ့ဆနေမည်မဟုတ်ပေ။

နဂါးငွေ့တန်းကိုးသွယ်ပညာရပ်...... ကောင်းကင်မိုးကြိုးနဂါးမီးတောက်....

နဂါးငွေ့တန်းကိုးသွယ်ပညာရပ်ကို စတင်အသုံးပြု၍ တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်မှုကို စတင်ခဲ့သည်။

ဝေါင်းးးးးးးးးးး

ခန်းမထဲတွင် နဂါးဟိန်းသံ ပဲ့တင်ထပ်ကာ လီလော့ နောက်ကွယ်တွင် ကြီးမားသော နဂါးကြီးတစ်ကောင် ပေါ်လာသည်။ ၎င်းသည် ပါးစပ်ကိုဖွင့်လိုက်ပြီး မိုးကြိုးမီးတောက်များကို ချင်ရိဆီသို့ တည့်တည့်ပစ်လွှတ်လိုက်လေသည်။

"ဒါက ကောင်းကင်နဂါးကလန်ငါးခုရဲ့ နဂါးငွေ့တန်းကိုးသွယ်ပညာရပ်ပဲ ဖြစ်ရမယ်....အထူးသဖြင့် တံခွန်အဖွဲ့သားတွေရဲ့ သဟဇာတဖြစ်ခြင်းရဲ့ ပေါင်းစပ်စွမ်းအားနဲ့ဆို ဒီပညာရပ်က တော်တော်ကို အထင်ကြီးစရာပဲ" ဟု ချင်ရိက ကြည်လင်အေးဆေးသောအကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။ လီလော့၏ ပြင်းထန်သောတိုက်ခိုက်မှုနှင့်ကြုံနေရသော်လည သူမ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင် မပြခဲ့ပေ။ ယင်းအစား သူမဆီသို့ လာနေသော မိုးကြိုးမီးတောက်ကို စိတ်ဝင်တစား ကြည့်နေသည်။

သူမ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကြီးမားလှသော စွမ်းအင်များ သူမရှေ့တွင် စုရုံးကာ ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိသော ပန်းပွင့်အဖြစ်သို့ လျင်မြန်စွာ ပေါင်းစပ်သွားသည်။

"ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်ရဲ့ လျှို့ဝှက်ပညာရပ်ကို ကြည့်ထား...."

သူမ၏ သွယ်လျသောလက်ချောင်းများကို ပွတ်ဆွဲလိုက်ခြင်းဖြင့် လှပသော စွမ်းအင်ပန်းပွင့်များ လွင့်ထွက်သွားသည်။ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသည့် ပန်းပွင့်များက အနံမီတာရာနှင့်ချီ၍ လျင်မြန်စွာ ကျယ်ပြန့်လာသည်။

ဝိဉာဉ်ဝါးမျိုခြင်းပန်းပွင့်များ......

ဒိုင်း!

မိုးကြိုးနဂါးမီးတောက်နှင့် လှပသော ပန်းပွင့်မျာစ ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ပြီး ကြည်လင်ပြတ်သားသော မိုးခြိမ်းသံများကို ကြားနေရသည်။

လီလော့ အံ့သြစွာ ကြည့်လိုက်တော့ ချင်ရိ၏ပန်းပွင့်များသည် နူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိသော်လည်း၊ မိုးကြိုးနဂါးမီးတောက်ကြောင့် မပြိုကွဲခဲ့ပေ။ ယင်းအစား၊ ကခုန်နေသော ပန်းပွင့်များကြောင့် နဂါးမီးတောက်၏ စွမ်းအားများ လျင်မြန်စွာ ဆုံးရှုံးသွားခဲ့သည်။

တဖြည်းဖြည်းနဲ့ ပန်းပွင့်တွေရဲ့ပွင့်ချပ်တွေပေါ်မှာ မိုးကြိုးစွမ်းအားအရိပ်အယောင်အချို့ ပေါ်လာသည်။ဤသည်မှာ မိုးကြိုးနဂါးမီးတောက်ကို စုပ်ယူလိုက်သလိုပင်....

အချိန်နည်းငယ်ကြာပြီးနောက် မိုးကြိုးနဂါးမီးတောက်များ လုံးဝပျောက်ကွယ်သွားခဲ့ပြီး ချင်ရိ၏ပန်းပွင့်များသာကျန်ခဲ့သည်။

ချင်ရိ ပြုံးလိုက်သည်နှင့် ဆူညံသောပေါက်ကွဲသံများ တလစပ်ထွက်ပေါ်လာသည်။

မိုးကြိုးအငွေ့အသက်များ ပြည့်နှက်နေသော ပွင့်ချပ်များ လီလော့ဆီသို့ တိုက်ရိုက်ပျံသန်းလာနေသည်။

လီလော့ ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ခြေဖဝါးအောက်တွင် မိုးကြိုးများ ပေါ်လာသည်။

မိုးကြိုးပညာရပ်.........

ခဏအတွင်း လီလော့ သူ့မူလနေရာမှ ပျောက်ကွယ်သွားပြီး ချင်ရိ နောက်တွင် ပေါ်လာသည်။ ကျင်းစဲ့ယွီရှန်းဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်းဖြင့် သူ၏ ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ် စွမ်းအားများ သူ့လက်နက်အတွင်းသို့ စီးဆင်းသွားသည်။

လီလော့ ယခုထုတ်ဖော်လိုက်သော ဓားချက်တွင် ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းခြင်း တတိယနယ်ပယ်၏ဝိဉာဉ်အငွေ့အသက်များအပြင် မိုးကြိုးနတ်ဘုရားခန္ဓာ အဆင့်နှစ်နှင့် ဆင်နတ်ဘုရားစွမ်းအား တတိယအလွှာ၏ခွန်အားတို့ပြည့်ဝစွာပါဝင်နေသည်။

ဓါးအလင်း ပစ်မှတ်ဆီသို့ ဉီးတည်နေချိန်တွင် စူးရှထက်မြက်သော မြည်သံနှင့်အတူ လေဟာနယ်ပင် ကွဲအက်သွားသည်။

ဓါးအလင်းက ချင်ရိ၏ သွယ်လျသောခါးကိုဖြတ်တောက်၍ လီလော့ဘက်က ဤမိန်းမပျိုကို ဂရုဏာမထားကြောင်း ပြသခဲ့သည်။

ချင်ရိဘက်ကလဲ ကရုဏာထားနေမည်မဟုတ်ပေ။

ရုတ်တရက် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ သူမရဲ့ နောက်ကျောမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အရိပ်တစ်ခု ထွက်ပေါ်လာသည်။

၎င်းသည် အဆင့်ကိုး ပဲ့တင်ထပ်သံရှိသူများတွင်သာရှိနိုင်သော ဝိညာဉ်ကိုယ်ပွားတစ်ခုဖြစ်သည်။ ဝိဉာဉ်ကိုယ်ပွားတစ်ခု ပေါ်ပေါက်လာခြင်းသည် လူတစ်ဦး၏ အာရုံခံစားနိုင်စွမ်းနှင့် သဘာဝစွမ်းအင်များနှင့် ရင်းနှီးမှုကို တိုးမြင့်စေနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းသည် ပိုင်ရှင်အသုံးပြုနေသော ပညာကပ်များ၏ အကျိုးသက်ရောက်မှုကို များစွာ မြှင့်တင်ပေးလိမ့်မည်။

လီလော့ ဒါမျိုးကို ကျန်းချင်းအာထံတွင် မြင်ဖူးသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ကျန်းချင်းအာ၏ကိုယ်ပွားက အလင်းဝိဉာဉ်ကိုယ်ပွားဖြစ်ပြီး ချင်ရိကတော့ ရေဝိဉာဉ်ကိုယ်ပွားဖြစ်သည်။

ရေဝိဉာဉ်ကိုယ်ပွားပုံသဏ္ဍာန်နှင့်အတူ၊ ရေဓာတ်ပြည့်ဝသော သဘာဝစွမ်းအင်များ သူမနောက်တွင် ရူးသွပ်သောအရှိန်ဖြင့် စုရုံးလာပြီး ရေအကာအကွယ်တခုအဖြစ် လျင်မြန်စွာ ပေါင်းစည်းသွားသည်။

ရေအကာအကွယ်က စက္ကူတမျှပါးလွှာသော်လည်း အလွန်သိပ်သည်းပြီး လေးလံသောကြောင့် ၎င်းတွင် အလွန်ပြင်းထန်သော ခုခံနိုင်စွမ်းရှိနေသည်။

ဓားအလင်းသည် ကျဆင်းလာသောအခါတွင် ရေအကာအကွယ်နှင့် တိုက်ရိုက်ထိသွားသည်။

ဓားချက်ကြောင့် ရေအကာအကွယ် တဝက်လောက် ကွဲအက်သွားလေသည်။

ချင်ရိ၏ ငြိမ်သက်နေသော အကြည့်ထဲတွင် အံ့အားသင့်စရာအရိပ်အယောင်များ ရှိနေသည်။ လီလော့၏တိုက်ခိုက်မှုက သူမ ထင်ထားသည်ထက် ပိုမိုအားကောင်းနေပုံရသည်။

သူမ၏ လေးလံသော ရေအကာအကွယ်ကို သူမ၏ အဆင့်ကိုးရေပဲ့တင်ထပ်သံဖြင့် ဖန်တီးထားသည်။ သာမာန်အခြေအနေတွေမှာ ကွဲထွက်သွားဖို့အတွက် စွမ်းအင်ပမာဏများစွာကို သုံးစွဲဖို့လိုအပ်ပါလိမ့်မည်။

သို့သော်လည်း လီလော့က သူမ၏ အဆင့်ကိုး ပဲ့တင်ထပ်သံစွမ်းအားကို လုံးဝ ငြင်းပယ်လိုက်ပုံရသည်။

"ဝိညာဉ်ရေးရာ အငွေ့အသက်တွေပါနေတဲ့ ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်ခြင်းစွမ်းအား....?"

ချင်ရိသည် လီလော့၏ ဓားချက်မှ ထွက်ပေါ်လာသော ခြားနားချက်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူမ၏ အတွေ့အကြုံများနှင့် အသိပညာများကြောင့် လီလော့ ယခုလေးတင် ပြသခဲ့သည့် ထူးဆန်းသော ခွန်အားကို သူမ ချက်ချင်း နားလည်သွားသည်။ထိုဓားချက်တွင် သူမ၏ ရေအကာအကွယ်ကို တိုက်စားစေသော မှော်အစွမ်းတစ်မျိုးရှိနေပုံရသည်။

သို့သော်လည်း ဒါမျိုးကို သူမသည် သူမ၏ စီနီယာချူချင်း အသုံးပြုခဲ့သည်ကို မမြင်ဖူးသလို သူမနှင့်လည်း မရင်းနှီးခဲ့ပေ။

ပဲ့တင်ထပ်သံနှစ်ခု၏ တတိယနယ်ပယ်......

"ဒါဆို လီလော့က သူ့ရဲ့ ပဲ့တင်ထပ်သံ နှစ်ခုကို ဒီလောက်အဆင့်မြင့်အောင် ပြုစုပျိုးထောင်နိုင်ခဲ့တာလား.... သူက တကယ့်ကို ပါရမီရှင်ပဲ”

ထိုအတွေးများ သူမ စိတ်ထဲတွင် ဖျတ်ခနဲ တောက်လောင်နေချိန်တွင် သူမ၏ လှပပြီး ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် ဘာအမူအရာမှရှိမနေပေ။ လီလော့ ပဲ့တင်ထပ်သံနှစ်ခု၏ စွမ်းအားကို တတိယနယ်ပယ်အထိ အောင်မြင်အောင်ကျင့်ကြံနိုင်ခဲ့သည်မှာ အံ့အားသင့်စရာဖြစ်သော်လည်း သူမသည် လက်ရှိတွင် နှောင်းပိုင်း ပထမအဆင့်မြို့စား စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် လီလော့လို မိမိထက်အားနည်းသူအတွက် ပူပန်နေစရာမလိုပေ။

ချင်ရိ၏ ကျောက်စိမ်းနှင့်တူသော လက်ချောင်းများ၏ လမ်းညွှန်မှုအောက်တွင်၊ လေးလံသော ရေအကာအကွယ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး တောက်ပသော အလင်းပုံစံများပါရှိသော ပါးလွှာသည့် နက်ပြာရောင် ဝတ်ရုံအဖြစ် ပုံစံပြောင်းသွားသည်။

ထိုဝတ်ရုံသည်ပါးလွှာသော်လည်း ပျော့ပျောင်းသော လက်ချောင်းများကဲ့သို့ ဓါးအလင်းကို ရစ်ပတ်ထားပြီး တိုက်ခိုက်မှုကို လျင်မြန်စွာ တိုက်စားပစ်လိုက်သည်။

ရေပဲ့တင်ထပ်သံ၏ ပျော့ပြောင်းမှုနှင့် အမြဲပြောင်းလဲနေသော သွင်ပြင်လက္ခဏာများကို ဉာဏ်ရှိရှိအသုံးချနေခြင်းပင်....

လီလော့၏တိုက်ခိုက်မှုက သူမရဲ့ ခံစစ်ကို မဖြတ်နိုင်တော့ပေ။ သို့သော် သူ့အမူအရာမှာ မပြောင်းလဲခဲ့ပေ။ တကယ်တော့ ချင်ရိလို လူတစ်ယောက်ကို လွယ်လွယ်နဲ့ အနိုင်ယူဖို့ မျှော်လင့်ထားလို့မရပေ။

နောက်ဆုံးမှာတော့ သူတို့ရဲ့နှစ်ယောက်ကြားမှာ ကြီးမားတဲ့ခွန်အား ကွာဟချက်တစ်ခု ရှိနေခဲ့သည်။

လီလော့ ကျင်းစဲ့ယွီရှန်းဓားကို ကိုင်ဆောင်ကာ လက်တစ်ဖက်ဖြင့် စည်းတံဆိပ်များ စတင်ဖန်တီးခဲ့သည်။ ထို့နောက် သူ၏ ပဲ့တင်ထပ်သံစွမ်းအားများ ကြီးမားသော လှိုင်းလုံးများသဖွယ် ဓားသွားဆီ စီးဆင်းသွားလေသည်။

သူ၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှု၏ ရည်ရွယ်ချက်မှာ သူမ၏ ခွန်အားကို စမ်းသပ်ရန်သာ ဖြစ်သည်။

နဂါးငွေ့တန်းကိုးသွယ်ပညာရပ်..... ကောင်းကင်နဂါးပဲ့တင်ထပ်သံဉာဏ်အလင်း.......

ဤအခိုက်အတန့်တွင် လီလော့၏ မျက်ဆံနှစ်ခုအရောင်ပြောင်းသွားပြီး ရုတ်တရက်ပင်၊ ရှေးဟောင်းကမ္ဘာဉီးနဂါးတစ်ကောင်၏ဟိန်းဟောက်သံတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် လီလော့၏ကျောဘက်တွင် လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး တဖြည်းဖြည်းနှင့် ကြီးမားသော ပုံသဏ္ဌန်တစ်ခုအဖြစ်ဖွဲ့စည်းသွားသည်။

ဤပုံသဏ္ဌန်သည် အကွေ့အကောက်များနှင့် ရောထွေးနေပြီး အလွန်ရှေးကျပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးကြီးတစ်ကောင်ဖြစ်သည်။

ဤနဂါးကြီးက ခုခံမှုအားလုံးကို ထိုးဖောက်ဝင်ရောက်ကာ စိတ်ဝိဉာဉ်၏ အနက်ရှိုင်းဆုံးနေရာသို့ တည့်တည့်တိုးဝင်သွားနိူင်သည်။

ထို့ကြောင့်၊ ချင်ရိ၏ ရေဝတ်လုံပင် ယခုအချိန်တွင် မထိရောက်တော့ပေ။ ကောင်းကင်နဂါး၏ စွမ်းအားသည် သူမ၏ စိတ်ဝိညာဉ်ကို တည့်တည့်ထိမှန်သွားပြီး ပုံမှန်အားဖြင့်တည်ငြိမ်အေးချမ်းသော သူမ၏ နှလုံးသား တခဏချင်း တုန်လှုပ်သွားလေသည်။

နောက်ဆုံးတွင် လီလော့သည် ၎င်း၏ ဒုတိယမြောက် နဂါးငွေ့တန်းကိုးသွယ်ပညာရပ်ကို ပြသရန် အချိန်တန်ပြီဟု ဆုံးဖြတ်ခဲ့သည်။

ကောင်းကင်နဂါးပဲ့တင်ထပ်သံဉာဏ်အလင်းကို အသုံးပြုပြီးနောက်၊ သူသည် စိတ်ပိုင်းဆိုင်ရာ အားကောင်းလာမှုကို ခံစားနိုင်သည်။ ယင်းက သူ၏ ပဲ့တင်ထပ်သံစွမ်းအားကို တိုက်ရိုက်မတိုးစေဘဲ၊ ယုံကြည်မှုပိုရှိစေပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်စေခဲ့သည်။

ထို့အပြင်၊ ကောင်းကင်နဂါးပဲ့တင်ထပ်သံဉာဏ်အလင်းသည် နဂါးစွမ်းအားကို ပိုင်ဆိုင်ထားသည့်အတွက် နဂါးပဲ့တင်ထပံနှင့်ဆက်စပ်နေသော ပညာရပ်များကို မြှင့်တင်နိုင်သည်။

သူသည် ယုံကြည်မှု မြင့်မားစွာဖြင့် လက်တစ်ဖက်တည်းဖြင့် စည်းတံဆိပ်များကို ထပ်မံဖန်တီးနေပြီး ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်နေသည်။

လက်ညိုးညွှန်လိုက်သည်နှင့် လေဟာနယ် အက်ကွဲသွားပြီး ရေစီးသံကို ကြားလိုက်ရသည်။

နောက်အခိုက်အတန့်မှာတော့ နက်မှောင်အေးစက်သော ရေများထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကြီးမားသော အနက်ရောင် နဂါးကြီးရေထဲမှ တိုးထွက်လာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လျှက် ချင်ရိဆီသို့ တိုက်ရိုက်ပျံသန်းကာ တိုက်ခိုက်ခဲ့သည်။

မဟူရာနဂါးကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံက ယခင်ကထက် ပိုမိုပြင်းထန်နေသည်။

ထင်ရှားသည်မှာ၊ ကောင်းကင်နဂါးပဲ့တင်ထပ်သံဉာဏ်အလင်း၏ အားကောင်းမှုကို လျှော့တွက်၍မရပေ။

မဟူရာနဂါးသည် သတ်ဖြတ်ရန်အတွက် မရဏမြစ်ထဲမှ ရုန်းထွက်လာသောအခါ ပုံမှန်အားဖြင့် ငြိမ်သက်နေသော ချင်ရိ သည် ဤအချိန်အတွင်းတွင် အန္တရာယ်အငွေ့အသက်ကို နက်နဲစွာ ခံစားလိုက်ရသည်။

လီလော့၏တိုက်ခိုက်မှုကြောင့် ပထမဆုံးအကြိမ်အဖြစ် သူမ ခြိမ်းခြောက်ခံနေရပြီ.........

All Chapters