ပဲ့တင်ထပ်သံ ပူဖောင်း ၁၂ ခု.......
Vol. 60 Ch. 835
ကြီးမားပြီး မှုန်ဝါးနေသော ပုံသဏ္ဌန်ကြီးက လီလော့ကို ဆက်လက်ဖိနှိပ်ကာ သူ၏ ပဲ့တင်ထပ်သံစွမ်းအားကို ဖယ်ထုတ်လိုက်သည်။
ဒီအချိန်မှာ သူ့အမူအရာ ထူးထူးခြားခြား လေးနက်လာသည်။ ချင်ရိက တကယ့်ကို ဒုက္ခပေးခဲ့ပြီး သူမရဲ့ တန်ပြန်တိုက်စစ်က ထိချက်ပြင်းလွန်းလှသည်။
သူ့ခန္ဓာကိုယ်မှ ထွက်သည့် ပဲ့တင်ထပ်သံ စွမ်းအားသည် ဤကြီးမားသော ပုံသဏ္ဌန်မှတစ်ဆင့် သူမထံသို့ တဖြည်းဖြည်း လွှဲပြောင်းပေးနေကြောင်း ခံစားနေရသည်။
ထို့အပြင်၊ ၎င်းတို့ကြားတွင် ပဲ့တင်ထပ်သံ စွမ်းအား ကွာဟမှုလည်း ရှိခဲ့သည်။ အကယ်၍ ဤကဲ့သို့ ဆက်လက်စုပ်ယူနေပါက ခွန်အား ကွာခြားမှု ကျယ်ပြန့်လာမည် ဖြစ်ပြီး လီလော့ သေချာပေါက် ရှုံးနိမ့်ရမည်ဖြစ်သည်။
"အဆင့်ကိုး ပဲ့တင်ထပ်သံရှိတဲ့သူတွေက တကယ့်ကို လှည့်စားနိုင်တဲ့ ပြိုင်ဘက်တွေပဲ...."
ထိုသို့သော ပါရမီရှင်တစ်ဦးသည် ထိပ်တန်းအဆင့် အရင်းအမြစ်များရရှိသည့်အခါ ထိပ်ဆုံးအဆင့်တွင်ရပ်တည်နေနိုင်မည်သာ.....
ထို့အပြင်၊ ဝိဉာဉ်တက်လှမ်းခြင်းအဆင့်ပညာရပ်လိုမျိုး နဂါးငွေ့တန်းကိုးသွယ်ပညာရပ်နှင့် ယှဉ်နိုင်သော လျှို့ဝှက်ပညာရပ်များကိုလည်း ကျွမ်းကျင်ထားသေးသည်။
မီးကြာပန်းစခန်းမှ အဖွဲ့သားများ၏ သဟဇာတဖြစ်မှုတို့နှင့်အတူ ချင်ရိသည် ယခုအခါ စစ်မှန်သော ထိပ်တန်းအဆင့် ပထမအဆင့် မြို့စားတစ်ဉီးကဲ့သို့ပင် အားကောင်းနေပါသည်။
ဤအခိုက်အတန့်တွင်၊ လီလော့ သူ့ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများကို ပေါင်းစပ်လိုက်သည်။ ဤသို့ပေါင်းစပ်လိုက်ပါက စုပ်ယူမှုလုပ်ငန်းစဉ်ကိုနှေးကွေးစေရန်ကူညီလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤအရာသည် အချိန်ကို နှောင့်နှေးစေသောနည်းလမ်းတစ်ခုသာဖြစ်ပြီး လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ချင်ရိ ဤတန်ပြန်တိုက်ခိုက်မှုကို အချိန်အတော်ကြာ စီစဉ်နေခဲ့ခြင်းမှာ ထင်ရှားပါသည်။ လီလော့ဘက်က ထိတ်လန့်ဖွယ်ရာ အနှောက်အယှက်ကို စောစီးစွာ စတင်လိုက်သည်နှင့် သူမဘက်ကလည်း ဤလျှို့ဝှက်ပညာရပ်ကို စတင်ပြင်ဆင်နေပေလိမ့်မည်။
လီလော့၏ ဖောက်ခွဲတိုက်ခိုက်မှုကို သူမ၏ တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်ဖြင့် ရပ်တန့်လိုက်သောကြောင့် ယခုအခါ ၎င်း၏ တန်ပြန်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် လီလော့အတွက် အလှည့်ကျလာပြီဖြစ်သည်။
ချင်ရိက အနီရောင် နှုတ်ခမ်းတစ်စုံကို ဖွင့်ဟ၍ ကြည်လင်ပြတ်သားသောအသံဖြင့်......
"တံခွန်ကိုင် လီလော့၊ ပဲ့တင်ထပ်သံနှစ်ခုရဲ့တတိယနယ်ပယ်က တကယ့်ကို ထူးထူးခြားတယ်..... ဒါပေမယ့် အချိန်နည်းနည်းပဲဆွဲထားလို့ရလိမ့်မယ်.....ရှောင်လွှဲလို့မရတဲ့အရှုံးအတွက် ဘာလို့အကျိုးမဲ့ ရုန်းကန်နေမှာလဲ......"
ဒါကိုကြားတော့ လီလော့ ရယ်လိုက်မိသည်။
"မင်းကလွဲရင် ဘယ်သူ့ကိုမဆို ရှုံးလို့ရတယ်...ဒါပေမယ့် မင်းကိုသာရှုံးခဲ့မှန်းသိရင် ငါ့အမေ ငါ့ကိုသေအောင်ရိုက်လိမ့်မယ်......"
"ဒါဆိုရင် ချုပ်နှောင်ထားလို့ ကျွန်မကို အပြစ်မတင်ပါနဲ့" ချင်ရီက တည်ငြိမ်စွာ ပြန်ဖြေတယ်။
သူမသည် ကျောက်စိမ်းနှင့်တူသော သွယ်လျသောလက်များဖြင့် အစီအရင်အချို့ကို လျင်မြန်စွာ ဖန်တီးခဲ့သည်။ထိုအခါ လီလော့ကို ခြုံလွှမ်းထားသော ခပ်ဝါးဝါးအမျိုးသမီး၏ပုံသဏ္ဍာန်ပေါ်တွင် မရေမတွက်နိုင်သော မှော်စာလုံးများ ခဏတာ တောက်ပနေပြီး လီလော့ထံမှ ပဲ့တင်ထပ်သံစွမ်းအားကို စုပ်ယူသည့်နှုန်းသည် လျင်မြန်စွာ မြင့်တက်လာသည်။
ခွန်အားတွေ ဆုံးရှုံးသွားသလို ခံစားလိုက်ရတော့ လီလော့မျက်နှာမှာ ထိတ်လန့်တဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။ သို့သော် အပြုံးမပျက်ခဲ့ပေ။
"ဒါဆို မင်းက လူတွေရဲ့ ပဲ့တင်ထပ်တဲ့ စွမ်းအားတွေကို စုပ်ရတာ သဘောကျလား.... ဟမ်..."
လီလော့ သူ့စိတ်ထဲတွင် အတွေးတစ်ခုဝင်လာကာ သူ့ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်သံ ပူဖောင်း ၁၂ လုံး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ဤသည်မှာ ပဲ့တင်ထပ်သံပူဖောင်းပညာရပ် ဖြစ်သည်၊ သူသည် ပဲ့တင်ထပ်သံစွမ်းအားများကို သိုလှောင်ရန် လွန်ခဲ့သည့် ယခင်ကတည်းက ပြုစုပျိုးထောင်ခဲ့သော အရာဖြစ်သည်။ သို့သော်လည်း မကြာသေးမီက စွမ်းအားများ သိသိသာသာ မြင့်တက်လာသောကြောင့် သိုလှောင်မှုအကျိုးသက်ရောက်မှုကို စိတ်မ၀င်စားတော့ပေ
ထို့ကြောင့် လီလော့အနေဖြင့် ပဲ့တင်ထပ်သံ စွမ်းအားများကို သိုလှောင်ရန် ပဲ့တင်ထပ်သံ ပူဖောင်းများကို အသုံးမပြုတော့ပေ။ အဲဒီအစား တခြားအရာတွေကို သိမ်းဆည်းဖို့သာအသုံးပြုခဲ့သည်။
ဥပမာ၊ သူ့ခန္ဓာကိုယ်ထဲမှာ တစ်ချိန်က ကျန်ခဲ့တဲ့ အဆိပ်နှစ်ခုလိုအရာမျိုးပင်....
ဖေဟောင်၏ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုကြောင့် ဤအဆိပ်များ ကျန်ရစ်ခဲ့သည်။ ၎င်းတို့သည် ကောင်းကင်နစ်မြှုပ်ခြင်းအဆင့်မှတစ်စုံတစ်ဦးကိုပင် ထိခိုက်စေနိုင်သည်။ လီကျင်းဇယ်ကို အကူအညီတောင်း၍ လုံးဝဖယ်ရှားနိုင်သော်လည်း လီလော့ကတော့ မဖယ်ရှားခဲ့ပေ။
ဒီလိုအချိန်မျိုးမှာ ကွက်တိအသုံးဝင်လာခဲ့ချေပြီ....
သူသည် ခန္ဓာကိုယ်အတွင်းမှ အနက်ရောင် ပဲ့တင်ထပ်သံ ပူဖောင်းဆယ့်နှစ်ခုကို အာရုံစူးစိုက်ထားရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်မိသည်။
ချင်ရိ စိတ်အားထက်သန်စွာဖြင့် ဖန်တီးခဲ့သော ထောင်ချောက်ကို တန်ပြန်တိုက်ခိုက်ဖို့အချိန်တန်ပြီ.......
အတွေးတစ်ခုဖြင့် ပဲ့တင်ထပ်သံ ပူဖောင်းဆယ့်နှစ်ပေါက် ပွင့်သွားပြီး ထူထပ်များပြားသော အဆိပ်များ ပျံ့နှံ့သွားသည်။ ယင်းနောက်တွင်၊ သူ၏ ပဲ့တင်ထပ်သံ စွမ်းအားဖြင့် ၎င်းတို့၏ တည်ရှိမှုကို ဖုံးကွယ်ကာ ခြေရာလက်ရာများအားလုံးကို ဝှက်ထားသည်။ ၎င်းသည် ကိုယ်ပိုင် ပဲ့တင်ထပ်သံ စွမ်းအားကို ထိခိုက်စေသော်လည်း အကန့်အသတ်ရှိသော ရွေးချယ်မှုများကို ထည့်သွင်းစဉ်းစားလိုက်လျှင် သုံးရကျိုးနပ်သည်ဟုဆိုနိုင်သည်။
မကြာခင်မှာပဲ၊ ဒီအဆိပ်တွေနဲ့ ပြည့်နေတဲ့ ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုက သူ့ခန္ဓာကိုယ်ကို စွန့်ခွာပြီး ဧရာမသဏ္ဌန်ပုံသဏ္ဌန်ထဲကို စီးဆင်းနေတာကို မြင်လိုက်ရသည်။ ခဏအကြာတွင် အဆိပ်ပျံ့နှံ့နေသောပဲ့တင်ထပ်သံစွမ်းအားများသည် ချင်ရိ၏ခန္ဓာကိုယ်ထဲသို့ ဝင်လာသည်။ အဆိပ်နှစ်ခုက သူမကို ထိရောက်မှုရှိ၊ မရှိ မသိနိုင်သေးပေ။
ယခုအချိန်တွင် ချင်ရိက လီလော့၏ အကြည့်များကြောင့် စိတ်မသက်မသာဖြစ်မိတော့သည်။ သူမ ချက်ချင်းပင် သတိကြီးကြီးထားလိုက်သည်။ လိမ္မာပါးနပ်ပြီး ကောက်ကျစ်တဲ့ကောင်က ဘယ်လိုဝှက်ဖဲတွေ ကိုင်ထားသလဲ....
လှည့်ကွက်တွေအကြောင်း သူမ တွေးနေချိန်မှာပဲ သူမရဲ့ အမူအရာ ပြောင်းလဲသွားပါတော့သည်။ရှင်းနေသည်မှာ၊သူမ၏ ခန္ဓာကိုယ်အတွင်း ပုံမှန်မဟုတ်သော အရာကို ခံစားလိုက်ရသည်။
၎င်းသည် သူမ၏ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီး မည်သည့်နေရာသို့သွားသည်ဖြစ်စေ ထူးဆန်းနေသည်။
"အဆိပ်?!" ချင်ရိ အံ့သြသွားသည်။ သူမ ကိုယ့်ကိုယ်သူ အာရုံစူးစိုက်လိုက်တော့ အနက်ရောင် အဆိပ်ငွေ့များ ပျံ့နှံ့နေသည်ကို ခံစားလိုက်ရသည်။
"အဆိပ်သုံးရဲတယ်?!"
"မိန်းကလေးချင်ရိ.... ငါ အဆိပ်ခတ်ထားလို့ မင်းဘယ်လိုသိတာလဲ..... လွတ်လွတ်လပ်လပ် စုပ်လိုက်စမ်းပါ ရှက်နေစရာမလိုဘူး.... !"
လီလော့က မျှော်လင့်ချက်အပြည့်နဲ့ သူ့လက်နှစ်ဖက်ကို ဆန့်တန်း၍ ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် သူမ၏ လှပသော မျက်နှာပေါ်တွင် အနက်ရောင်လိုင်းများ ထွက်ပေါ်လာသည်။ ဒီအဆိပ်က တကယ်ကို ပြင်းထန်လွန်းသဖြင့် တုန်လှုပ်ခြောက်ခြားကာ ဒေါသတကြီးနှင့် နောက်ထပ်ဘာမှမလုပ်ဆောင်မီမှာပင် သူမ၏ ပဲ့တင်ထပ်သံစွမ်းအားကို ချက်ချင်းထုတ်နှုတ်ကာ အဆိပ်၏သက်ရောက်မှုများကို လျော့ပါးစေခဲ့သည်။
သန္ဓေပြောင်းခြင်းပညာရပ်နှင့်ပတ်သက်၍ ခဏတာစဉ်းစားပြီးနောက် ၎င်းကိုရပ်ဆိုင်းခဲ့သည်။
လီလော့၏ခန္ဓာကိုယ်ထဲတွင် အဆိပ်မည်မျှရှိနေသည်ကို သေချာမသိပေ။ သူသည် အဆိပ်နှင့်အတူ ပဲ့တင်ထပ်သံ စွမ်းအားများကို ဆက်လက်စုပ်ယူနေပါက၊ သူမအတွက်ပင် ဒုက္ခဖြစ်ပေလိမ့်မည်။
သန္ဓောပြောင်း ပုံသဏ္ဌန် တဖြည်းဖြည်း ပျောက်ကွယ်သွားသဖြင့် လီလော့ နောက်ဆုံးတွင် သူ၏လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့သည်။
"မင်းက အရမ်းသတိထားလွန်းတဲ့ ချင်ရိ..... ငါ့ဆီမှာ အဆိပ်နည်းနည်းပဲ ရှိတာ...မင်းသာ နည်းနည်းတောင့်ခံနိုင်ရင်ငါ ရှုံးနိမ့်ရလိမ့်မယ်"
ပဲ့တင်ထပ်သံ ပူဖောင်းဆယ့်နှစ်လုံးကို အသုံးပြုပြီးဖြစ်သောကြောင့် သူမကို လက်တုံ့ပြန်ရန် အခြားအရာများ ပေါ်လာသည်မှာ အမှန်ပင်။ သို့သော် ချင်ရိကို ဒေါသဖြစ်စေရန် ဤအခွင့်အရေးကို အသုံးပြုခဲ့သည်။
ထိုအချိန်တွင် ချင်ရိ၏မျက်နှာ ဖြူဖျော့နေပြီး အေးစက်နေသည်။ သူမသည် ပုံမှန်အားဖြင့် တည်ငြိမ်သော်လည်း လီလော့နှင့် ရင်ဆိုင်ရသောအခါတွင် ထူးဆန်းစွာ ဒေါသထွက်နေရသည်။
သူမ အသက်ပြင်းပြင်းရှူရင်း ရင်ဘတ်အောင့်လာသည်။ သူမသည် အဆင့်ကိုး ရေပဲ့တင်ထပ်သံဖြင့် သူမ၏ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ငြိမ်သက်စွာ သန့်စင်ရန် လိုအပ်သည်။
ဒါက တကယ့်ကို ကြီးစိုးတဲ့ အဆိပ်ပင်.... သူမ၏ ရေသံပဲ့တင်ထပ်သံ၏ သဘာဝသန့်စင်မှုစွမ်းရည်ဖြင့်ပင်၊ ၎င်းကိုဖယ်ရှားရန်အတွက် ပဲ့တင်ထပ်သံစွမ်းအားများစွာကို အသုံးပြုရမည်ဖြစ်ပါသည်။
ဤအဆိပ်က သူမကို ပိုနာကျင်စေခဲ့ပုံရသည်။
တကယ့်ကို...စိတ်ပျက်စရာပဲ!
" လီလော့..... ဘာလို့ အစွမ်းကုန် ရုန်းကန်နေတာလဲ....ရှင့်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုက ကျွန်မရဲ့ တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်ကို မချိုးဖျက်နိုင်ခဲ့ဘူး.....အခုနေ လွတ်မြောက်ခဲ့ပေမယ့် အဆုံးသတ်က ဒီအတိုင်းပဲရှိနေမှာ....."
လီလော့က ရိုးရှင်းစွာ ရယ်မော၍ တုံ့ပြန်လိုက်သည်။သူမ၏ တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် ထိုကဲ့သို့သော မြို့စားအဆင့်ပညာရပ်မျိုးကို တစ်ခါမျှ မမြင်ဖူးပေ။
"တကယ့်ကို ထိပ်တန်းပါရမီရှင်ပဲ...
နဂါးစွယ်လှိုဏ်ဂူထဲတွင် ထိုသို့သော ကာကွယ်ရေးပညာရပ်မျိုးကိုမြင်ခဲ့ဖူးသည်။ သို့သော်လည်း မိုးကြိုးနတ်ဘုရားခန္ဓာက ယခုအချိန်တွင် လုံလောက်နေသေးသောကြောင့် ၎င်းတို့ကို မရွေးချယ်ခဲ့ပေ။
ထို့အပြင်၊ ခန္ဓာကိုယ်ကြံခိုင်စေသော ပညာရပ်များကို ကျင့်ကြံခြင်းက အလွန်ပင် စိန်ခေါ်များပြားပြီး အရင်းအမြစ် အများအပြား လိုအပ်မည်ဖြစ်သည်။
တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်သည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြန်လည်သက်သာနိုင်စွမ်းရှိကြောင်း သိခဲ့ရသည်။ ချင်ရိကို တခဏချင်း ချေမှုန်းပစ်နိုင်တဲ့ ထိုးနှက်ချက် မထုတ်နိုင်ရင် မြန်မြန်ဆန်ဆန် ပြန်ကောင်းလာမှာ သေချာပါသည်။
ကံမကောင်းစွာဖြင့်၊ သူ၏ ပဲ့တင်ထပ်သံ စွမ်းအားမှာ အကန့်အသတ်ရှိပြီး လုံလောက်သော တိုက်ခိုက်မှုကို မထုတ်ဖော်နိုင်သေးပေ.....
ထိုအချိန်တွင် လီလော့၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူ့လက်ကောက်ဝတ်ပေါ်က ကြက်သွေးရောင် လက်ကောက်ကို ကြည့်လိုက်မိသည်။ အမြီးသုံးချောင်းကောင်းကင်ဝံပုလွေနှင့် သဟဇာတဖြစ်ခြင်း စွမ်းအားတို့ဖြင့် ချင်ရိကို ဤကဲ့သို့ ထိုးနှက်ရန် ခက်ခဲမည်မဟုတ်ပေ။ သို့သော်လည်း ဘုရင်အဆင့် ကျွမ်းကျင်သူများ အပါအဝင် မျက်လုံးများစွာဖြင့် စောင့်ကြည့်နေသဖြင့် ၎င်းသည် စည်းမျဉ်းများနှင့် ဆန့်ကျင်ခြင်းရှိ၊ မရှိ မသိနိုင်ပေ။ အမြီးသုံးချောင်းကောင်းကင်ဝံပုလွေအပြင်၊ သူကြိုးစားနိုင်တဲ့ အရာတစ်ခု ရှိပါသေးသည်။
၎င်းကို တွေးတောနေရင်း သူ့ကိုယ်တွင်းရှိ ဓားဆန္ဒများ စတင် ပေါ်ထွက်လာသည်။ ၎င်းသည် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါပညာရပ်ကို လေ့ကျင့်ခြင်းကြောင့်ရရှိထားသော ဓားဆန္ဒဖြစ်သည်။
မပြည့်စုံသေးသော်လည်း၊ ၎င်းသည် ကံကြမ္မာအဆင့်ပညာရပ် ဖြစ်သည်။