← Chapters

မိုးကြိုးယပ်တောင်......

Vol. 60 Ch. 836

မိုးကြိုးယပ်တောင်......

Vol. 60 Ch. 836

လီလော့က ချင်ရိကို မည်သို့ဆက်လက်တိုက်ခိုက်ရမည်ကို စဉ်းစားနေချိန်တွင် ချင်ရိကလည်း ပြန်လည်တိုက်ခိုက်ရန် အစပြုခဲ့သည်။

အပြာနုရောင် ပဲ့တင်ထပ်သံစွမ်းအင်များ သူမခန္ဓာကိုယ်ထဲမှာ တဝုန်းဝုန်းထွက်ပေါ်လာသည်။

အပြာနုရောင်ပဲ့တင်ထပ်သံစွမ်းအားများသည်သူမ၏ ကျောက်စိမ်းနှင့်တူသော လက်ချောင်းများမှတဆင့် ငါးများအဖြစ်သို့ ပြောင်းလဲသွားသည်။ မဟုတ်ဘူး၊ သူတို့ကို ငါးလို့ ခေါ်တာထက်၊ ရန်သူကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီဖြစ်တဲ့ မရေမတွက်နိုင်တဲ့ ဓားတွေနဲ့ပိုတူနေသည်။

ငါးများက လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ လီလော့ထံ တိုက်ရိုက်ပျံသန်းသွားခဲ့သည်။

ထိုအချိန်တွင် လီလော့သည် သူ့ခြေဖဝါးအောက်မှ လျှပ်စီးကြောင်းများကို ဆင့်ခေါ်ပြီး မျက်စိတစ်မှိတ်အတွင်း ခြေလှမ်းထောင်ပေါင်းများစွာ ဆုတ်ခွာသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မရေမတွက်နိုင်သောငါးများကတော့ နောက်မှလိုက်လာခဲ့သည်။

သူ့အမူအရာ ပြောင်းလဲမှုမရှိဘဲ ဓားကိုဝှေ့ယမ်း၍ ခုတ်ပိုင်းလိုက်သည်။ တောက်ပသော ဓားစက်ဝန်းတခု သူ့ရှေ့တွင် ပေါ်လာပြီး အရှိန်ပြင်းပြင်းဖြင့် လှည့်ကာ မည်သည့်အရာကိုမဆို ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်နေသလိုပင်.....

ထိုအချိန်တွင် ငါးများ လုံးလုံးကြေမွသွားလေသည်။

သို့သော်လည်း ငါးများသည် အဆုံးမသတ်နိုင်သကဲ့သို့ ဆက်လက်ပေါက်ပွားနေဆဲပင်.... နောက်ဆုံးတော့ သူတို့ကြောင့် လီလော့၏ ဓားစက်ဝန်းသာ မှိန်ဖျော့လာသည်။

ထို့နောက် ငါးများ လီလော့ဆီသို့ ဆက်လက်ရွေ့လျားလာသည်။

လီလော့ကလည်း ဆက်လက်ဆုတ်ခွာသွားခဲ့သည်။ အမှန်မှာ၊ ချင်ရိလို အထက်တန်းအဆင့်မြို့စားနှင့် သူ့လို ပထမတန်းဆင့်မြို့စား၏ ခွန်အားကြား သိသာထင်ရှားသော ကွာခြားချက်တစ်ခုရှိသည်။ သူ့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်ခြင်း တတိယနယ်ပယ်ကြောင့်သာ မဟုတ်ရင်၊ သူတို့ရဲ့ တိုက်ခိုက်မှုတွေ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အခါ ချက်ချင်း ဖယ်ရှားခံရပါလိမ့်မယ်။တတိယနယ်ပယ်စွမ်းအား၏လျှို့ဝှက်ဆန်းကြယ်သောအကျိုးသက်ရောက်မှုသည်အစောပိုင်းကပြိုင်ဘက်၏အဆင့်ကိုးပဲ့တင်ထပ်သံစွမ်းအား၏ဆိုးကျိုးများကိုလျော့ပါးစေခဲ့သည်။

သို့သော်လည်း လီလော့ ဤနေရာတွင် ရှုံးနိမ့်တော့မလိုဖြစ်နေဆဲပင်.......

အရင်တုန်းကတော့ သူ့ရဲ့ ရေပဲ့တင်ထပ်သံကြောင့် ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့ပေမယ့် ဒီရန်သူဟာ အဆင့်ကိုး ရေပဲ့တင်ထပ်သံကို ပိုင်ဆိုင်ထားသဖြင့် သူမ၏နည်းဗျူဟာများက ရူးလောက်စရာပင်......

ဤအတွေးဖြင့် သူသည် ထပ်ခါတလဲလဲ ဆုတ်ခွာသွားကာ အဆုံးစွန်သော ခြေလှမ်းအတွက် ပြင်ဆင်ခဲ့သည်။

ဤသည်မှာ ဤတိုက်ပွဲတွင် အဆုံးအဖြတ်ပေးမည့် လှုပ်ရှားမှုပင် ဖြစ်ပေလိမ့်မည်။ ဒါတောင်မှ မအောင်မြင်ခဲ့ရင်၊ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေက သူ့ရဲ့ နောက်ဆုံးရွေးချယ်မှု ဖြစ်လာပေမည်။ ထိုအချိန်တွင် ချင်ရိသည် ကြည်လင်သော ခန်းမထဲတွင် မတ်တပ်ရပ်ရင်း ကြီးစိုးသော တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့သည်။ မရေမတွက်နိုင်သော ရေလှိုင်းများကို စွမ်းအားအပြည့်ဖြင့် လီလော့ဆီသို့ ပစ်ခတ်လိုက်သောအခါတွင် တဟုန်ထိုးမြည်နေသော ရေလှိုင်းသံများက နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ဒီလို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရင်း လီလော့ အရူးအမူး ထွက်ပြေးလွတ်မြောက်နေရသည်မှာ သေလုမျောပါးပင်......

သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာအချို့တောင် ရနေခဲ့ပြီ......

ကံကောင်းစွာပဲ၊ သူသည် ရေ၊ အလင်းနှင့် သစ်သားပဲ့တင်ထပ်သံများကို ပိုင်ဆိုင်ထားပြီး ၎င်းကို ပေါင်းစပ်အသုံးပြုသောအခါ ပြန်လည်သက်သာမှုပိုမိုမြန်ဆန်နေသည်။ ၎င်းတို့သည် ချင်ရိ၏ ပြင်းထန်သော ထိုးစစ်ကြောင့် ရရှိသော ဒဏ်ရာများကို လျှော့ချနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ၊ ကြည့်ရှုသူတိုင်း ဤနေရာတွင် ချင်ရိ အသာစီးရနေကြောင်း ခန့်မှန်းနိုင်သည်။

လီလော့ ခဏတာအတွင်း ပင်ပန်းနွမ်းနယ်နေပြီး ချင်ရိအတွက် လွယ်ကူသော အောင်ပွဲတစ်ခု ဖြစ်လာမည်ဖြစ်သည်။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ ချင်ရိ တစ်ခုခု မမှန်ဘူးလို့ ခံစားလာရသည်။လီလော့သည် သနားစရာကောင်းသည့်ပုံစံဖြင့် သူမ၏တိုက်ခိုက်မှုများကို ရှောင်တိမ်းနေသော်လည်း၊ သူ့ပတ်ဝန်းကျင်ရှိ စွမ်းအင်များက လျော့နည်းသွားမည့်အစား ရိုင်းစိုင်းစွာ စုစည်းလာသည်။

"လက်မလျှော့သေးဘူးလား?"

ချင်ရိသည် လီလော့၏ အစီအစဥ်ကို ချက်ချင်း ရိပ်မိလိုက်ပြီး သူ့ကို စူးရဲစွာကြည့်လိုက်သည်။ သူသည် ယခုအချိန်အထိ ဒဏ်ရာများစွာ ရရှိထားသည်။ ပြန်လည်ကောင်းမွန်လာသော်လည်း သွေးများ ဆက်လက်စိမ့်ထွက်နေပြီး သူ့အဝတ်အစားများ စိုစွတ်နေသဖြင့် ၎င်းကို မြင်ရသည်မှာ အမှန်တကယ်ပင် သနားစရာကောင်းလှသည်။

သူ့ရဲ့ ဇွဲလုံ့လဟာ သူမ မျှော်လင့်ချက်တွေထက်ကို ကျော်လွန်သွားခဲ့ပါပြီ။

သို့သော် ယနေ့တိုက်ပွဲတွင် သူမအနေဖြင့် လီလော့ကို အခွင့်အရေးပေးမည်မဟုတ်ပေ။

ထို့ ကြောင့် သူမ တုံ့ဆိုင်းမနေတော့ဘဲ သွယ်လျသော ကလက်ချောင်းများကို လိပ်ပြာများ ကခုန်နေသလို လှုပ်ရှားလိုက်လေသည်။ တစ်ချိန်တည်းမှာပင်၊ ပဲ့တင်ထပ်သံစွမ်းအားအမြောက်အမြား သူမ၏နောက်ကွယ်မှ မရေမတွက်နိုင်သော စွမ်းအင်ထွက်ပေါက်များထဲသို့ ပြင်းထန်စွာ စီးဆင်းသွားခဲ့သည်။

ရေဝဲတစ်ခုစီအတွင်းတွင်မှ ရေလှိုင်းတစ်ခုသည် လေထဲသို့ လွင့်ထွက်ပြီး နှိုင်းမယှဉ်နိုင်သော ထိုးဖောက်ဝင်ရောက်မှုနှင့် ပိုင်းဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားကာ လျင်မြန်သောအရှိန်ဖြင့် ရွေ့လျားလာသည်။ ၎င်းသည် ရေပဲ့တင်ထပ်သံ အသုံးပြုသူများ အသုံးအများဆုံး ထိုးစစ်နည်းလမ်းဖြစ်သည်။

သို့သော် ချင်ရိ အသုံးပြုလိုက်သည်နှင့် အရာအားလုံး သဘာဝအတိုင်း ကွဲပြားသွားခဲ့သည်။

သူမ ဖန်တီးထားသော စည်းတံဆိပ်များကြောင့် မရေမတွက်နိုင်သော ရေလှိုင်းများသည် လက်တစ်ဘက်စာ အကျယ်အဝန်းရှိ နက်ပြာရောင် ရေစီးကြောင်းထဲသို့ ပေါင်းစည်းသွားသည်။

တောင်ပေါ်ရှိ စမ်းချောင်းတစ်ခုလို ငြိမ်သက်နေသည့် ရေစီးကြောင်းသည် ငြိမ်သက်နေပုံရသော်လည်း လီလော့အနေဖြင့် ၎င်းမှလာသော အန္တရာယ်ကို ခံစားနိုင်သည်။

ဒီအရာသာ သူ့ကို ဖြတ်သွားရင်တော့ သူ့ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားမှာ သေချာသည်။

သေချာသည်မှာ ချင်ရိက တိုက်ပွဲကို အချိန် ဆက်မဆွဲချင်တော့ပေ။

"ရေစီးကြောင်းတစ်ထောင် သတ်ဖြတ်ခြင်း!"

ဝုန်းးးးးးဝုန်းးးးး ဝုန်းးးးးးး

ပညာရပ်နာမည်ကို ကြွေးကြော်ပြီးတာနဲ့ နက်ပြာရောင်ရေစီးကြောင်းမျညး ရုတ်တရက် ပေါက်ထွက်ပြီး ပျက်ပြယ်သွားကာ အရှိန်ပြင်းပြင်းနဲ့ လေဟာနယ်ကိုပင်ဖောက်ထွင်းသွားလေသည်။

သို့သော် မပြီးသေးချေ။သူမ၏ လက်ချောင်းများကို လေထဲသို့ မြှောက်လိုက်သည်နှင့် ရေကြေးမုံများ လေထဲ၌ ပေါ်လာတော့သည်။ နက်ပြာရောင်ရေစီးကြောင်းက ရေကြေမုံကို

ဖြတ်သွားတဲ့အခါ အလင်းယိုင်မှုဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ နက်ပြာရောင်ရေစီးကြောင်းကနေ ပုံရိပ်ယောင်ရေစီးကြောင်းများဖြစ်ပေါ်လာသည်။

ဤကဲ့သို့ပင်၊ ရေစီးကြောင်းများ အကြိမ်ပေါင်းများစွာ အလင်းယိုင်သွားကာ၊ ခန်းမထဲတွင် အဆုံးမရှိသော နက်ပြာရောင်ရေစီးကြောင်းများဖြင့် ပြည့်နှက်နေပြီး လီလော့ဆီသို့သာ ဉီးတည်နေသည်။

ထိုသို့သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရသောအခါ လီလော့ အနည်းငယ်ထိတ်လန့်သွားသည်။ ရာနှင့်ချီသောရေစီးကြောင်းများကြားတွင် အစစ်အမှန် ရေစီးကြောင်းတစ်ခုသာ ရှိသည်ကို သူသိသည်။ အခြားအရာများ အားလုံးသည် သူ့ကို စိတ်ရှုပ်ထွေးစေရန် ပုံဖော်ထားသော ပုံရိပ်ယောင်များသာဖြစ်သည်။

သို့သော် အလွန်ထိရောက်မှု ရှိခဲ့သည်။

၎င်းသည် လီလော့ အခြားသူများနှင့် တိုက်ခိုက်နေချိန်၌ ဤသို့အမြဲ ပြုမူခဲ့ဖူးသည်။

ခေါင်းကို မော့ပြီး ကောင်းကင်ယံမှာ ပြည့်လျှံလာတဲ့ ရေစီးကြောင်းတွေကို ငေးကြည့်ရင်း သူတို့ အသီးသီးဟာ သေစေလောက်တဲ့ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည်ကို အာရုံခံမိနေသည်။

အသက်ပြင်းပြင်းရှူပြီး နောက်ဆုံးတော့ သူပြင်ဆင်ထားတဲ့ ဒီနောက်ဆုံးလှုပ်ရှားမှုအတွက် အချိန်တန်ပါပြီ။

ပြင်းထန်ရက်စက်သောစွမ်းအားများ သူ့ပတ်ဝန်းကျင်မှာ ပေါက်ကွဲလာပြီး သူ့ပတ်ဝန်းကျင်မှာ စုစည်းထားတဲ့သဘာဝစွမ်းအင်တွေ စုဝေးလာသည်။

စွမ်းအင်များ ပိုမိုစုဆောင်းလာသည်နှင့်အမျှ ပေတစ်ရာခန့်မြင့်သော အရိပ်တစ်ခု လီလော့ ရှေ့တွင် တဖြည်းဖြည်း ပေါ်လာသည်။ အနီးကပ်ကြည့်လိုက်တော့ ယပ်တောင်တစ်လက်နှင့်တူနေသည်။

သို့သော်လည်း ဤယပ်တောင်တွင် လေနှင့် မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ ပျံ့လွင့်လာသည်။

လီလော့ သူ့လက်ကို ဆန့်တန်းကာ ယပ်တောင်ကျု ကိုင်လိုက်သည်။ ၎င်းသည် နဂါးလှိုဏ်ဂူမှ ရရှိသော တတိယမြောက် နဂါးငွေ့တန်းကိုးသွယ်ပညာရပ်ဖြစ်သည်။

မိုးကြိုးယပ်တောင်.......

လီလော့ သေချာအာရုံစိုက်၍ ယပ်တောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့အတွင်း၌ တဟုန်းဟုန်းတောက်လောင်နေသော စွမ်းအင်များကို ခံစားနိုင်သည်။ သို့သော် မိုးကြိုးယပ်တောင် တစ်ခုတည်းဖြင့် ချင်ရိကို ဒဏ်ရာပြင်းထန်စွာရရန် မလုံလောက်နိုင်ကြောင်း သူသိသည်။

ထိုအကြောင်းကို သူတွေးလိုက်သောအခါတွင် သူ၏ ပဲ့တင်ထပ်သံ နန်းတော်တစ်ခုတွင် သိမ်းဆည်းထားသည့် ဓားဆန္ဒ ပေါ်ထွက်လာသည်။

သို့သော်၊ ဓားရည်ရွယ်ချက်ကို အသက်သွင်းလိုက်သောအခါ၊ ပဲ့တင်ထပ်သံ နန်းတော်တစ်ဝိုက်ရှိ အဲ့မိုကွမ်း အလင်းတန်းများက ၎င်းနှင့်ထိတွေ့ရန် ကြောက်ရွံ့နေသကဲ့သို့ အဝေးသို့ ရွေ့လျားသွားကြသည်။

ဓားဆန္ဒ ပေါက်ကွဲထွက်လာသောအခါ လီလော့သည် ၎င်းကို သူ့လက်ထဲမှ မိုးကြိုးယပ်တောင်ထဲသို့ ပို့လွှတ်လိုက်သည်။

ထိုအချိန်တွင် နက်ပြာရောင် ရေစီးကြောင်းများက မိုးစက်များသဖွယ်ရွာကျလာသည်။

သူစုဆောင်းနိုင်သမျှခွန်အားကို အသုံးပြု၍ လီလော့သည် ယပ်တောင်

လက်ကိုင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ချင်ရိကို ချိန်ရွယ်၍ လွှဲယမ်းလိုက်လေသည်။

All Chapters