နီးကပ်သောအောင်ပွဲ......
Vol. 60 Ch. 837
လီလော့ မိုးကြိုးယပ်တောင်ကို လွှဲယမ်းလိုက်သောအခါတွင် မိုးကြိုးပစ်သံများ မုန်တိုင်းထန်သွားသည်။ ရုတ်တရက် ပြင်းထန်သော လေပြင်းများ ကြည်လင်သော ခန်းမထဲတွင် တိုက်ခတ်နေပြီး ပျက်စီးမှုများကိုသာချန်ရစ်ခဲ့သည်။
ကြည်ပြာရောင်လေပြင်းများကြားတွင်ရှိနေသည့် အလွန်ပြင်းထန်သော မိုးကြိုးစွမ်းအင်များပါရှိသော လျှပ်စီးအလင်းလုံးများသည် နှောင်းပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကိုပင် အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။
ကြည်ပြာရောင်လေပြင်းနှင့်
လျှပ်စီးလက်နေသည့်အလင်းလုံးများက လေဟာနယ်ကိုဖြတ်ကျော်ကာ ဝင်လာသော နက်ပြာရောင်ရေစီးကြောင်းများနှင့် တိုက်ရိုက်ထိမှန်သွားသည်။
နက်ပြာရောင် ရေစီးကြောင်းများ၏ ကြောက်မက်ဖွယ်ကောင်းသည့် ထိုးဖောက်ဝင်ရောက်မှုနှင့် ထိတွေ့လိုက်သည်နှင့် လျှပ်စီးအလင်းလုံးများ ချက်ချင်း ကွဲကြေသွားကြသည်။
သို့သော်၊ ၎င်းသည် လီလော့ဆီသို့ ဆက်လက် ရွေ့လျားနေသော်လည်း အရှိန်ကို သိသိသာသာ နှေးကွေးစေခဲ့သည်။
"တံခွန်ကိုင် လီလော့၊ ဒါက ရှင်သုံးဖူးတဲ့ တတိယမြောက် နဂါးငွေ့တန်းကိုးသွယ်ပညာရပ်ပဲ.... အံ့သြစရာပဲ! တံခွန်ကိုင် လီချင်းဖုန်းတောင်မှ တနဂါးငွေ့တန်းကိုးသွယ်ပညာရပ်နှစ်ခုပဲ ပိုင်ဆိုင်တယ်...ရှင်ပြန်လာပြီး လအနည်းငယ်အကြာမှာ ဒီလို အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်ချက်တွေကို ရရှိခဲ့တာ တကယ်ကို အထင်ကြီးစရာပဲ"
ဤတိုက်ခိုက်မှု မည်မျှ ဆိုးရွားခဲ့သည်ကို သူမ ရှင်းရှင်းလင်းလင်း ပြောပြနိုင်သည်။ လီလော့သည် ပထမအဆင့် မြို့စားအဆင့်တွင်သာ ရှိသေးသော်လည်း၊ သူမ၏ ရေစီးကြောင်း တစ်ထောင်သတ်ဖြတ်ခြင်းပညာရပ်ကို လွန်စွာ ဖိနှိမ့်နိုင်သေးသည်။ ထို့အပြင်၊ သူမသည် သူမ၏ကိုယ်ပိုင်အဆင့်ထက်မြင့်သော ပြိုင်ဘက်များကို အမြဲအနိုင်ယူခဲ့သူဖြစ်သည်။ လီလော့၏ နှောင့်ယှက်မှုကို ခံရခြင်းက သူမကို ခံရခက်စေသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် သာမန်ပြိုင်ဘက်မဟုတ်ပေ။ ဤနေရာတွင် ခွန်အားကွာခြားချက်မှာ များစွာအရေးကြီးနေသည်။
သူမ၏ညွှန်ကြားမှုအောက်တွင် နက်ပြာရောင်ရေစီးကြောင်းများသည် အပြာရောင်လေပြင်းနှင့် လျှပ်စီးလက်မေသော အလင်းလုံးများကို လျင်မြန်စွာဖြတ်သွားကာ လီလော့ဆီသို့ တိုးဝင်လာသည်။
ထိုအချိန်တွင် ပုံမှန်မဟုတ်သော လျှပ်စီးအလင်းလုံးတစ်ခု ရေစီးကြောင်းများရှေ့တွင် ပေါ်လာသည်။ ဤလျှပ်စီးအလင်းလုံးတွင် မိုးကြိုးများသာမက ပြင်းထန်လှသော လေပြင်းများ ဝန်းရံထားသည်။ သံသယမရှိဘဲ၊ ၎င်းသည် စွမ်းအားနှစ်ခုလုံးကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
၎င်းသည် ယခင်တိုက်ခိုက်မှုများထက် ပိုမိုပြင်းထန်နေသည်။
နက်ပြာရောင် ရေစီးကြောင်းတွေနဲ့ တိုက်မိသွားအချိန်တွင် ချင်ရိ၏ တည်ငြိမ်သော မျက်နှာထား သိသိသာသာ ပြောင်းလဲသွားပြီး လှပသော မျက်နှာပေါ်တွင် အံ့သြထိတ်လန့်ဖွယ်ရာ အကြည့်များ ပေါ်လာသည်။
သူမ ဤတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ချက်ချင်းတွေ့မြင်ခဲ့ရသည်။ တိုက်မိသောအခါတွင် သူမ၏ နက်ပြာရောင် ရေစီးကြောင်းများက လေထဲတွင် ကွဲအက်သွားသည်။
အရှိန်မြင့်လာသော ရေစီးကြောင်းတစ်ခုစီ ပြိုကျပြီး နောက်မှလိုက်လာသော လေပြင်းကြောင့် ကွဲထွက်သွားသည်။
သူမ၏ ပြင်းထန်သော တိုက်ခိုက်မှုသည်အချိန်တိုတိုအတွင်း လုံးဝပျက်စီးသွားခဲ့ပြီး လျှပ်စီးအလင်းလုံးက ပစ်လွှတ်လိုက်သည့် မြှားကဲ့သို့ ချင်ရိဆီသို့ တိုက်ရိုက်ပျံသန်းသွားခဲ့သည်။
သူမ မြန်မြန် သတိကပ်လာပြီး ဒီတစ်ကြိမ်မှာတော့ သူမကို အံ့အားသင့်သွားစေခဲ့သည်။ လီလော့အနေဖြင့် သူမ၏တိုက်ခိုက်မှုကို ဘယ်လိုဖြတ်ကျော်နိုင်ခဲ့သည်ကို နားမလည်တော့ပေ။
အမှန်တော့၊ သူမ၏ ရေစီးကြောင်း တစ်ထောင်သတ်ဖြတ်ခြင်း အဘယ်ကြောင့် သူ့အလိုလို ပြိုကွဲသွားသည်ကိုပင် သူမ မမြင်နိုင်ခဲ့ပေ။ သူမသည် အမှန်တကယ် ကြောက်စရာကောင်းသော ရန်သူကို ရုတ်တရက် ကြုံတွေ့ခဲ့ရသလိုပင်။
သို့သော်လည်း ယခုအချိန်တွင် ဤအရာအားလုံးကို စဉ်းစားရန်မှာ အဓိပ်ပါယျမဲ့ကွောငျး သူမသိသည်။ သူမ လက်နှစ်ဖက်ကို အလျင်အမြန် မြှောက်လိုက်ပြီး သူမ၏ ပဲ့တင်ထပ်သံ စွမ်းအားများ တိုးလာသည်။ မကြာခင်မှာပဲ လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်လိပ်ကြီးတစ်ကောင် သူ့ရှေ့မှာ ပေါ်လာသည်။
လိပ်နက်ကြီးသည် ကြီးမာခိုင်မာပြီး အနက်ရောင်တောင်ကြီးတစ်ခုလို သူ့ရှေ့တွင် ရပ်နေ၏။
"မှော်လိပ်တောင်တန်းဒိုင်းကာ!"
ဤသည်မှာ အလွန်ပြင်းထန်သော ကာကွယ်နိုင်စွမ်းရှိသော ချင်ရိ၏ ခံစစ်ပညာရပ်ဖြစ်သည်။ ယခင်ရေစီးကြောင်းတစ်ထောင်သတ်ဖြတ်ခြင်းနှင့် ထိပ်တိုက်တွေ့ပြီးတဲ့ နောက်မှာတော့ ပြင်းထန်တဲ့လေပြင်းတွေနဲ့ လျှပ်စီးအလင်းလုံးများကို လျှော့မတွက်ရဲတော့ပေ။ ဤအကာအကွယ်သည် ၎င်းကိုကာကွယ်ရန် လုံလောက်သင့်သည်။
သူမ တွေးနေစဥ်မှာပဲ လျှပ်စီးအလင်းလုံးနှင့် လိပ်ရဲ့နောက်ကျောဘက် တိုက်မိသွားသည်။
ရိုက်ခတ်ပြီးနောက်၊ လျှပ်စီးအလင်းလုံးသည် မျှော်လင့်ထားသည့်အတိုင်း မရေမတွက်နိုင်သော မီးပွားငယ်များအဖြစ်သို့ ကွဲအက်သွားသည်။
သို့သော် ချင်ရိအတွက်တော့ သက်ပြင်းချရန် မလုံလောက်သေးပေ။ သူမ၏လိပ်ခွံပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာသည်ကိုသတိပြုမိပြီး ၎င်းတို့သည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူမ ထူးဆန်းသောစွမ်းအားကိုပါ ခံစားလိုက်ရသည်။
လျှပ်စီးအလင်းလုံး ကွဲအက်သွားသောအခါ၊ သိသာထင်ရှားသော စွမ်းအင်ကြိုးမျှင်များ လိပ်နက်ထဲသို့ စိမ့်ဝင်သွားသွားသည်။ ဤသည်မှာ ခုခံမှုပညာရပ်မှတဆင့် အလွယ်တကူ ချိုးဖျက်နိုင်သော စွမ်းအားဖြစ်သည်။
ဤစွမ်းအားများမှ ထွက်ပေါ်လာသော လှိုင်းလုံးများသည် အားနည်းနေသော်လည်း ရပ်တန့်မသွားနိုင်ပုံရသည်။
"ဘာလဲ?!"
ချင်ရိ လုံးဝကို စိတ်ရှုပ်နေပြီ.... နောက်တချက်တွင် သူမ၏ အရေပြားပေါ်တွင် နာကျင်ခြင်း ခံစားမှုတစ်ခု ပေါ်လာသည်။ ၎င်းသည် တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်က အလွန်အန္တရာယ်များသော အရာတစ်ခု ချဉ်းကပ်လာနေကြောင်း အချက်ပြနေခြင်းပင်.....
သို့သော်လည်း သူမ ဤအချိန်တွင် ဘာမဆိုလုပ်ရန် အချိန်နှောင်းသွားခဲ့သည်။
ထူးဆန်းသော စွမ်းအင်ကြိုးမျှင်များ လိပ်ခွံကို ထိုးဖောက်ဝင်ရောက်ကာ သူမ၏ လက်ဖဝါးအရေပြားနှင့် ထိတွေ့လာသောသည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
အိုး!
သူမ၏ တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ် ကွဲအက်သွားပြီး ထူးဆန်းသော စွမ်းအင်ကြိုးမျှင်များ ဆက်လက်၍ သူမ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
ဤဖျက်ဆီးမှုစွမ်းအားကို ရင်ဆိုင်ရာတွင် သူမ၏ တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်ပင် သူမကို မကယ်တင်နိုင်ခဲ့ဘဲ ဒဏ်ရာဒဏ်ချက်များ ချက်ချင်းရရှိခဲ့သည်။ သူမ၏ အဆင့်ကိုး ရေပဲ့တင်ထပ်သံ၏ ပြင်းထန်သော ပြန်လည်ကုသနိုင်စွမ်းဖြင့်ပင်၊ ချင်ရိသည် ဤတစ်ကြိမ်တွင် ငရဲလမ်းကို ဖြတ်သန်းရမည်ဖြစ်သည်။
သူ့ပတ်ဝန်းကျင်က စွမ်းအင်တွေ ရှုပ်ပွလာပြိး နူးညံ့သိမ်မွေ့သော မျက်နှာလေး ဖြူဖျော့သွားကာ သွေးတလုတ်အန်ထုတ်လိုက်ရသည်။
လတ်ဆတ်သောသွေးများ မြေပြင်ပေါ်သို့ကျလာသောအခါတွင် မရေမတွက်နိုင်သော အပေါက်များဖြစ်ပေါ်လာသည်။
ထိုအချိန်တွင် ချင်ရိသည် သူမ လုံးဝရှုံးနိမ့်သွားပြီဖြစ်ကြောင်း ကောင်းကောင်းသိလိုက်သည်။
သူမ၏ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သောဓားဆန္ဒမှာ အထူးပြင်းထန်ခြင်းမရှိသော်လည်း အလွန်ဒုက္ခများစေခဲ့သည်။ သူမ၏ အဆင့်ကိုး ရေပဲ့တင်ထပ်သံဖြင့်ပင်၊ ၎င်းကို လုံးလုံးလျားလျား ရှင်းပစ်ရန်နှင့် သန့်စင်ရန် အလွန်ပင် ခက်ခဲနေသည်။
လီလော့သည် ချင်ရိ ချောက်ချားသောအမူအရာဖြင့် ရပ်နေသည်ကို ကြည့်ရင်း နောက်ဆုံးတွင်သက်ပြင်းချလိုက်သည်။စကြဝဠာဓားဆန္ဒ၏ စွမ်းအားသည် သူမျှော်လင့်ထားသည်ထက် များစွာ အားကောင်းနေပုံရသည်။
ယခုအချိန်တွင် ချင်ရိကို အငိုက်ဖမ်းပြီး ဓားဆန္ဒဖြင့်တိုက်ခိုက်ဖို့ ကြံရွယ်ထားသောကြောင့် သူမအတွက် လွယ်ကူသောအချိန်မဟုတ်တော့ပေ။
ဒီတိုက်ပွဲအပြီးမှာ လီလော့ ပိုကောင်းလာပုံရသည်။
လီလော့အနေဖြင့်လည်း ချင်ရိနှင့် ထိပ်တိုက်တွေ့ပြီးနောက်တွင် ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်၏ ထိပ်တန်း အရည်အချင်းရှိသူများကို ရင်ဆိုင်ရန် မည်မျှ စိန်ခေါ်နိုင်စွမ်းရှိသည်ကို ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့သည်။ လီလော့သည် သဟဇာတဖြစ်ခြင်း၏အကူအညီမပါဘဲ ကိုယ်ပိုင်အင်အားဖြင့် တိုက်ခိုက်ပါက ချင်ရိကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ထို့အပြင် ချင်ရိသည် ဤတိုက်ပွဲတွင် သူ့တစ်ယောက်တည်းအတွက် အင်အားသုံးနေခြင်းမဟုတ်ပေ။ လီချင်းဖုန်းနှင့် ကျန်သူများကို ထောင်ချောက်ဆင်နိုင်ရန် သူမသည် ရေနန်းတော်အား ထိန်းသိမ်းရန် စွမ်းအင်များစွာ ကုန်ဆုံးသွားခဲ့သည်။
ထို့ကြောင့်၊ ထျန်းယွမ်တိုက်ကြီးရှိ ပါရမီရှင်များကို လျော့မတွက်သင့်ပေ။
လီလော့ သူ့ကိုယ်သူ အားဖြည့်ရင်း ပြိုင်ဘက်ကို လှမ်းကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမနှင့် အလွန်နီးကပ်စွာ မချဉ်းကပ်မိစေရန် အလွန်သတိထားခဲ့သည်။ ချင်ရိ ဒေါသအမျက်ထွက်ကာ သူမ၏နောက်ဆုံးလက်ကျန်ခွန်အားအားလုံးကိုသုံး၍ အတူ ဆွဲချရန် ဖြစ်နိုင်ချေရှိသေးသည်။
ဆုလာဘ်များကို ရယူလိုသည့်အတွက် ဒီလိုတော့အဖြစ်မခံနိုင်ပေ။
လီလော့ ရယ်မောလိုက်သော်လည်း ချင်ရိနှင့် စကားပြောရန် အချိန်မဖြုန်းတော့ပေ။ သူသည် ကြည်လင်သောခန်းမနောက်ဘက်က တံခါးဆီသို့ တည့်တည့်လျှောက်သွားသည်။ ဤအခိုက်အတန့်တွင် တံခါးဝတွင် စူးစူးရှရှ အလင်းတန်းများ ဖြတ်သွားသော ရေအလင်းရောင်အချို့ ရှိနေသည်။
ဤသည်မှာ ရေနန်းတော်၏ ထွက်ပေါက်ဖြစ်သည်။
ချင်ရိ၏ အတားအဆီးမရှိဘဲ လီလော့ နောက်ဆုံးတွင် ထွက်သွားနိုင်တော့မည်။
သူ့ဓါးကို လွှဲလိုက်သဖြင့် ရေနန်းတော်၏ တံခါး ကွဲထွက်သွားပြီး အလင်းတန်းများက သူ့အပေါ် ကျရောက်လာသည်။
သူအဲဒီမှာရပ်နေရင်း နောက်ပြန်လှည့်ပြီး ချင်ရိကို ကြည့်လိုက်သည်။ သူမသည် မူလနေရာ၌ ရပ်နေပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။ ထိုအချိန်တွင် လီလော့က သူမကို တောက်ပစွာ ပြုံးပြလိုက်သည်။
"မိန်းကလေး ချင်ရိ...အပြင်ပြန်ရောက်ရင် မင်းအမေ မင်းကိုအပြစ်ပေးတော့မယ်ထင်တယ်...."
ချင်ရိ လက်သီး ဆုပ်ထားပြီး လက်မောင်းပေါ်တွင် အစိမ်းရောင်သွေးပြန်ကြောများ ပေါ်လာသည်။ သူမ ဒေါသအပြည့်ဖြင့် လီလော့ကို စိုက်ကြည့်နေသည်။
ထိုအချိန်တွင် လီလော့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူမကို ထပ်ပြီး မခနဲ့တော့ဘဲ တံခါးဝက မျှော်လင့်ချက်အပြည့်ဖြင့် ထွက်လာခဲ့လိုက်သည်။
လီချင်းဖုန်းနှင့် ကျန်သူများ ရေနန်းတော်ထဲတွင် ပိတ်မိနေသေးသဖြင့်၊ နဂါးပတ်တိုင်ခြောက်ခုစလုံးသည် သူ့ရွေးချယ်မှုအတွက် အဆင်သင့်ဖြစ်မည်မဟုတ်ပေ။