အကောင်းဆုံးသော ရွှေနဂါးပတ်တိုင်
Vol. 60 Ch. 838
လီလော့ ရေနန်းတော်မှ ထွက်သွားသောအခါ၊ ရေကန်အပြင်ဘက်ရှိ လူအုပ်ကြီးနှင့် ဧည့်သည်များ ခဏတာ တိတ်ဆိတ်သွားကြသည်။
ဒါဟာ တကယ့်ကို မမျှော်လင့်ထားတဲ့ ဖြစ်ရပ်ပင်.....
လီလော့သည် ချင်ရိနှင့် အနီးကပ်ရန်ပွဲအပြီးတွင် ရေနန်းတော်မှ ပထမဆုံးထွက်လာနိုင်သူဖြစ်လာခဲ့သည်။
"လီလော့က တော်တော်ထူးခြားတယ်.... သူ့ထက် အဆင့်မြင့်တဲ့သူကို အနိုင်ယူခဲဲ့တဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ပဲ.... ဒါဟာ လွယ်လွယ်ကူကူ စွမ်းဆောင်နိုင်ခဲ့တာတော့ မဟုတ်ဘူး...."
"ဘယ်လိုပဲ ကြည့်ကြည့် ချင်ရိက ကဏ္ဍတိုင်းမှာ သူ့ထက် သာလွန်တယ်.... နောက်ဆုံး လီလော့ သုံးခဲ့တဲ့ ပညာရပ်က တော်တော် ကြောက်ဖို့ကောင်းပေမယ့် ရေစီးကြောင်တစ်ထောင်သတ်ဖြတ်ခြင်းနဲ့ ထိပ်တိုက်တွေ့ပြီးနောက် ချင်ရိရဲ့ ရေကျောက်စိမ်းချပ်ဝတ်ကိုအနိုင်ယူဖို့သူ့မှာ လုံလောက်တဲ့ ခွန်အားကျန်တော့မယ် မထင်ဘူး...."
"ယုတ္တိရှိရှိပြောရရင် သရေရလဒ်က လီလော့ ရသင့်တဲ့ အကောင်းဆုံးရလဒ်ပဲ...."
"အဲဒါက အဓိပ္ပာယ်ရှိတယ်။ လီလော့ရဲ့အောင်ပွဲက တကယ့်ကို ထူးဆန်းနေတယ်..."
"မင်းတို့က အပေါ်ယံပဲကြည့်နေကြတာကိုး.... ဒီတိုက်ပွဲရဲ့သော့ချက်ကို ဘယ်သူမှ မမြင်ခဲ့ကြဘူး... လီလော့သုံးတဲ့ မိုးကြိုးယပ်တောင်က ရှေ့ပြေးသက်သက်ပဲ... ချင်ရိရဲ့ ရေကျောက်စိမ်းချပ်ဝတ်ကို ဖြတ်ကျော်နိုင်စေမယ့် သော့ချက်က မိုးကြိုးယပ်တောင်ထဲမှာ ဝှက်ထားတဲ့ အထူးစွမ်းအင်တမျိုးရှိနေတယ်...အဲ့တာက အလွန်ထက်မြက်ပြီး တားဆီးလို့ ပညာရပ်ပုံစံတစ်ခုပဲ... "
"အိုး? ဒီလိုဆိုရင် လီလော့မှာလဲ သူ့အဖေ လီတိုင်ရွှမ်လို ဝှက်ဖဲတွေအများကြီးရှိနေတာပဲ......"
ဧည့်သည်တွေ အချင်းချင်း တိုးတိုးပြောနေကြသည်။ သူတို့အားလုံးသည် မြို့စားအဆင့်များဖြစ်ကြသော်လည်း တိုက်ပွဲ၏နိဂုံးမှာ ၎င်းတို့အတွက် အံ့အားသင့်စရာအဖြစ် ရှိနေသေးသည်။ လီလော့နှင့် ချင်ရိတို့သည် သဟဇာတဖြစ်ခြင်းကိုအသုံးပြုပြီးနောက် မြို့စားအဆင့် ခွန်အားကို ပိုင်ဆိုင်ထားကြပြီဖြစ်သည်။
ယနေ့ တကယ့်ကိုအမြင်ကျယ်စေမည့် တိုက်ပွဲမျိုးကြုံတွေ့ခဲ့ရပြီ....
သူတို့အချင်းချင်း တိုးတိုးလေးပြောရင်း မျက်လုံးအချို့က ချင်လျန်၏ ဦးတည်ရာဆီသို့ ရွေ့သွားကြသည်။
ဖန်သားပြင်ပေါ်ရှိ တိုက်ပွဲ၏နိဂုံးကို စိုက်ကြည့်နေစဉ် ချင်လျန်၏မျက်နှာထား တင်းမာအေးစက်နေသည်ကို မည်သူမျှ မအံ့သြပေ။ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ သူမ၏ခန္ဓာကိုယ်မှ ခုန်ထွက်ကာ သူမ၏ပတ်ပတ်လည် လေဟာနယ်ပင် တွန့်လိမ်အက်ကွဲသွားသည်။ သူမသည်လည်း ချင်ရိ ကျရှုံးလိမ့်မည်ဟုပင် မမျှော်လင့်ခဲ့ပေ။
ချင်လျန်က....
"မဖြစ်နိုင်ဘူး၊ စောစောက လီလော့ ရဲ့ တိုက်ခိုက်မှုမှာ တစ်ခုခု အမှားအယွင်းရှိခဲ့တယ် ...သူ့အနေနဲ့ ချင်ရိရဲ့ ရေကျောက်စ်မ်းချပ်ဝတ်ကို ဖောက်ထွင်းနိုင်စရာအကြောင်းမရှိဘူး... ဒီလို ကြီးစိုးတဲ့ ဓားဆန္ဒက သူ့ကိုယ်ပိုင်မဖြစ်နိုင်ဘူး..."
သူမ လီကျင်းဇယ် ဘက်သို့ လှမ်းကြည့်ကာ "ကလန်အကြီးအကဲ လီကျင်းဇယ်က သူ့မြေးအတွက် စိတ်မကောင်းဖြစ်ပြီး တိတ်တဆိတ် ဖေးမပေးနေတာလား..."
လီကျင်းဇယ်က သူမကို တစ်ချက်ကြည့်ရုံမျှသာ တုံ့ပြန်ခဲ့သော်လည်း သူမ၏မေးမြန်းမှုကို မဖြေကြားခဲ့ပေ။
ယင်းအစား နဂါးစွယ်ကလန်မှ လီကျင်းပန်က ဖခင်ဖြစ်သူအား စွပ်စွဲသည့်အတွက် ဒေါသထွက်ခဲ့သည်။ သူက အေးစက်စွာရယ်မောပြီး.....
"ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်ထဲမှ ချင်လျန်က မာနကြီးပြီး ယုတ္တိမဲ့တယ်လို့ တခြားသူတွေက ပြောတာအမြဲကြားဖူးတယ့..ဒီနေ့ မင်းရဲ့စကားကြောင့်ဒါတွေဟာ ကောလသာလတွေမဟုတ်မှန်းသိခဲ့ရပြီ.... ငါတို့ရဲ့တတိယညီလေး မင်းကိုလက်မထပ်ခဲ့တာ အတော်ကံကောင်းတယ်...နို့မို့ဆို ငါတို့ နဂါးစွယ်ကလန်ကြီး ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး...."
ဤစကားများသည် အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သော စကားများဖြစ်ပြီး ချင်လျန် ချက်ချင်းပင် ဒေါသအမျက်ထွက်နေသည်။ သူမသည် လီကျင်းပန်ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်ကာ "ရှင် ဘာပြောလိုက်တာလဲ?!"
"ဒါက နင့်ရဲ့ မီးကြာပန်းခန်းမမဟုတ်ဘူး...အခြေနေနဲ့ အချိန်အခါကို ကြည့်ပြီး စကားကို ဆင်ဆင်ခြင်ခြင်ပြော..... zz
လီကျင်းပန်ကလည်း ဒေါသတကြီး ပြန်အော်လိုက်သည်။ ထိုစကားကိုကြားတော့ ချင်လျန်သည် ဒေါသတကြီး တုန်ရီနေပြီး သူမ၏ ပဲ့တင်ထပ်သံ စွမ်းအားများ မီးတောင် ပေါက်ကွဲသွားသလို ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောင်းကင်ကြီးတစ်ခုလုံး လုံးဝနီရဲလာသည်။
ကံကောင်းထောက်မစွာဖြင့် ဤအခိုက်အတန့်တွင် ချင်ဇီမင်းက သူ၏ ၀တျရုံလကျစကို ဝှေ့ယမ်းလိုက်သည်။ထိုအခါ ပုံသဏ္ဍာန်မရှိသော ကြီးမားလှသော ဖိအားမျညး ကောင်းကင်မှ ဆင်းသက်လာပြီး ချင်လျန်၏ ပဲ့တင်ထပ်သံ စွမ်းအားကို သူမခန္ဓာကိုယ်ထဲသို့ ပြန်လည်တွန်းပို့ခဲ့သည်။
ချင်ဇီမင်းက ဖော်ရွေသောမျက်နှာဖြင့် ကလန်ခေါင်းဆောင်ငါးဦးကို ပြုံးပြကာ....
"တောင်းပန်ပါတယ် ချင်လျန်က အဲ့လိုပဲ..စိတ်ကြီးတယ်....."
နဂါးသွေးကလန်အကြီးအကဲ လီထျန်းကျိက တည်ငြိမ်စွာပြုံးပြီး.....
"စိတ်မပူပါနဲ့....ခန်းမသခင်ချင်လျန်က စိတ်အားထက်သန်ပြီး ကိုယ်ရည်ကိုယ်သွေးထက်မြက်မှန်း ငါတို့အားလုံးသိပါတယ်.... ဒါက သူ့ရဲ့ချစ်လှစွာသောသမီးလေး ရှုံးနိမ့်သွားလို့ ဒေါသထွက်နေရုံပါ....."
ချင်ဇီမင်းက သဘောတူသည့်အနေဖြင့်ခေါင်းညိတ်ပြရင်း ပြုံးနေခဲ့သည်။
"ဒါပေမယ့် လီလော့ သုံးသွားတဲ့ စွမ်းအားတွေက သူ့အဆင့်နဲ့ပိုင်ဆိုင်သင့်တဲ့အရာမဟုတ်ဘူး...."
ဒါကိုကြားတော့ လီကျင်းဇယ်က...
"ချင်ဇီမင်း... သိပ်လွန်မလာနဲ့ ချင်ရိ ဖန်တီးထားတဲ့ ရေနန်းတော်ကလည်း သူ့အဆင့်နဲ့ သုံးနိုင်တဲ့အရာမဟုတ်ဘူး...ဒါဆို မင်း သူ့ကို ကူညီခဲ့တာလို့ ယူဆလိုက်ရမလား..."
ချင်ဇီမင်းက....
"ဒါက နားလည်မှုလွဲနေတာပါ... ချင်ရိ ရေနန်းတော်ကို ဒီလောက်အဆင့်မြင့်အောင် စွမ်းဆောင်နိုင်ခဲ့တာ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကြောင့်ပါ..."
လီကျင်းဇယ်က လှောင်ပြောင်သည့်အနေဖြင့် ရယ်မောလိုက်ပြီး....
"သူ့နားကပ်ပေါ်က ကြေးမုံကျောက်တုံးကိုးခုက တကယ်ကို အဖိုးတန်တယ်.....ဒီ့အတွက် ကောင်းကင်ရွှေအတော်သုံးခဲ့ရမှာပဲ......"
ထိုအချိန်တွင် ချင်ဇီမင်း၏ အပြုံး အနည်းငယ် ဖျော့တော့သွားသည်။ အသက်အရွယ်ကြီးရင့်လာချိန်မှာတောင် လီကျင်းဇယ်း အမြင်အာရုံဟာ ထက်မြက်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။ ချင်ရိသည် ဝိညာဉ်ရေကြေးမုံနန်းတော်ကို ထိန်းချုပ်နိုင်ရန် သူမ၏နားကပ်တွင် ဝှက်ထားသည့် ကြေးမုံကျောက်တုံး၏အကူအညီကို ငှားခဲ့ကြောင်း တချက်ကြည့်ရုံနှင့်သိနေသည်။
"ကလန်အကြီးအကဲ လီကျင်းဇယ်က အမြင်အာရုံစူးရှသားပဲ...."
ချင်ဇီမင်း အံကြိတ်ကာ ရယ်မောလိုက်သည်။
ဒီနောက်မှာတော့ လီလော့ဆီက ထူးကဲတဲ့ စွမ်းအားတွေအကြောင်း ထပ်မမေးတော့ပေ။
လီကျင်းဇယ်သည် အသုံးမဝင်သော ငြင်းခုံမှုမျိုးကို စိတ်မဝင်စားတော့ဘဲ ရေနန်းတော်ထဲမှ ထွက်လာသောလူငယ်လေးကိုသာ အာရုံစိုက်ကြည့်ရှုနေသည်။ သူ့မျက်နှာပေါ်တွင် ကျေနပ်နေသညခ့အရိပ်အယောင်ကို အထင်းသားမြင်နေရသည်။
ဒီနေ့ လီလော့၏ စွမ်းဆောင်မှုက အံ့သြစရာပင်......
ချင်ရိ၏ စီမံမှုကို ဖြတ်ကျော်နိုင်မည်ဟု မည်သူမျှ မမျှော်လင့်ထားဘဲ၊ ရေနန်းတော်မှ ပထမဆုံးထွက်ခွါလာသူလည်း ဖြစ်ခဲ့သည်။
ယနေ့ပွဲ၏နောက်ဆုံးတိုက်ပွဲသည် လီချင်းဖုန်း နှင့် ချင်ရိတို့၏တိုက်ပွဲဖြစ်လိမ့်မည်ဟု လူတိုင်းက မျှော်လင့်ခဲ့ကြသည်...
အခုဆို လီလော့၏အရည်အချင်းကို ဘယ်သူမှ မမေးရဲကြတော့ပေ။ ချင်ရိ သည် ရေနန်းတော်အား ထိန်းသိမ်းရန်နှင့် အခြားသူများကို ကန့်သတ်ရန် စွမ်းအားကို တစ်ပြိုင်နက် အသုံးပြုခြင်းကြောင့် အကောင်းဆုံးအနေအထားတွင်ရှိမနေသော်လည်း လီလော့သည် တိုက်ပွဲတွင် ပထမဆုံးအောင်မြင်သူဖြစ်ခဲ့သည်။
ယနေ့တိုက်ပွဲအပြီးတွင်၊ လီလော့၏အမည်သည် ကောင်းကင်နဂါးကလန်ငါးခုတွင် လူသိများလာမည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကလန်အသီးသီးမှအကြီးအကဲများ စိတ်ရှုပ်ထွေးနေကြသည်။ ဆံပင်ဖြူဖြူနှင့် ချောမောသော လူငယ်တစ်ယောက်သည် ဖန်သားပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ အကြောင်းတစ်ခုခုကြောင့်၊ လွန်ခဲ့သောနှစ်များစွာက ကောင်းကင်နဂါးကလန်ငါးခုကို တုန်လှုပ်စေခဲ့သော လီတိုင်ရွှမ်ကို အမှတ်ရနေကြသည်။
လီတိုင်ရွှမ်၏ တိုက်ပွဲများနှင့် အောင်မြင်မှုများသည် ထိုအချိန်က အံ့ဩစရာ ကောင်းလွန်းလှသည်။ သူသည် လွန်ခဲ့သည့်ရာစုနှစ်များတွင် ကောင်းကင်ဧကရာဇ်လီ၏ မျိုးဆက်သစ်လူငယ်များတွင် အတောက်ပဆုံးသော အရည်အချင်းရှိသူဖြစ်သည်။ ထိုအချိန်တွင် သူသည် ကောင်းကင်နဂါးကလန်ငါးခုတွင်သာမကဘဲ ထျန်းယွမ်တိုက်ကြီးတွင်ပါ ထင်ပေါ်ကြော်ကြားခဲ့သည်။
အခုတော့ သူ့သားက အဖေ့ခြေရာနင်းနိုင်ခဲ့ပြီ.......
လီလော့သည် အပြင်ဘက်က ရုန်းရင်းဆန်ခတ်ဖြစ်မှုကို စိတ်မ၀င်စားနိုင်ပေ။ ရေနန်းတော်မှ လမ်းလျှောက်ထွက်ပြီးနောက်၊ ထူထပ်သော မြူခိုးများကြားတွင် မြင်နေရသော နဂါးပတ်တိုင်ခြောက်ခုကိုသာ စိုက်ကြည်နေသည်။
သူမျှော်လင့်ထားသလိုပဲ ရေနန်းတော်ထဲက ဘယ်သူမှ ထွက်မလာနိုင်သေးပေ။
လီချင်းဖုန်းသည် အမှန်တကယ်ပင် သန်မာသော်လည်း ရေနန်းတော်က အင်အားကြီးသောရန်သူနှင့် တွေ့ဆုံသောအခါ ပိုမိုအားကောင်းလာသည်။ သူသည် ကိုယ်ပွားနှင့် တိုက်ခိုက်ရန် အချိန်အနည်းငယ်ယူရပေမည်။ ထို့အပြင် နဂါးပတ်တိုင်ကိုရယူဖို့ တိုက်ပွဲအတွက်လည်း ခွန်အားချွေတာနေပေလိမ့်မည်။
ယခုချိန်တွင် လီလော့ အသာစီးရနေပုံရသည်။
မူလက သူသည် ကြေးသို့မဟုတ် ငွေနဂါးပတ်တိုင်တစ်ခုအတွက် တိုက်ပွဲဝင်ရန် ကြံစည်ခဲ့သည်။ ရွှေနဂါးပတ်တိုင်သည် ဆွဲဆောင်မှုရှိသော်လည်း၊ ထိုအခြေအနေမျိုးတွင် အားလုံး၏ ဘုံရန်သူဖြစ်လာမည်ဖြစ်သောကြောင့် ၎င်းကို ရည်မှန်းရန် မဝံ့ရဲပေ။ လီဖန်းရိနှင့်လီကျင်းထောင်တို့သာရှိနေလျှင် သူ့ကိုကူညီမည်ဖြစ်သော်လည်း လီချင်းဖုန်းကတော့ မဖြစ်နိုင်ပေ။ ထို့ကြောင့် အပြင်းအထန် ပြိုင်ဆိုင်ရမည့် ရွှေနဂါးပတ်တိုင်အတွက် ကြိုးစားရန် မလိုအပ်တော့ပေ။
သို့သော် အခြေနေတွေ တမျိုးပြောင်းသွားခဲ့ချေပြီ.......
အခြားတံခွန်ကိုင်များအားလုံး ချင်ရိ၏ ရေနန်းတော်ထဲတွင် ပိတ်မိနေဆဲဖြစ်သည်။
ဒါဟာ သူ့အတွက် တစ်သက်မှာ တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးပင်.....
ရွှေနဂါးပတ်တိုင်ကို အချိန်အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ထားသရွေ့ နဂါးအုတ်မြစ် အသက်ဝင်မည်ဖြစ်ပြီး ထိုတိုင်သည် သူ့အပိုင်ဖြစ်လာမည်ဖြစ်သည်။ အဲဒီအခါမှာ တခြားသူတွေ သူ့ဆီက လုယူဖို့မဖြစ်နိုင်တော့ပေ။ တစ်နည်းဆိုရသော် သူသည် ရွှေနဂါးပတ်တိုင်ကို သိမ်းပိုက်ရန် ယခုအချိန်၏ လှုပ်ရှားရမည်ဖြစ်သည
မည်သို့ပင်ဆိုစေကာမူ ၎င်းအတွက် အန္တရာယ်အချို့ ရှိပါသေးသည်။ လီချင်းဖုန်းနဲ့ ကျန်တဲ့သူတွေက ရေနန်းတော်ထဲကထွက်လာလျှင် သူ့အပေါ် ရန်ငြိုးတွေ အများကြီး ဆွဲဆောင်လာမှာ သေချာပါသည်။
ထိုအခြေအနေမျိုးတွင်၊ သူသည် နောက်ဆုတ်၍ အခြားတိုင်များကို ရှာဖွေရန်ပင် မဖြစ်နိုင်ပေ။
လီလော့ ဆုံးဖြတ်ရခက်နေသည်......
ရွှေနဂါးပတ်တိုင်သာလျှင် သူ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်မည်ဖြစ်သည်။ ဤသည်မှာ သူနှင့်အခြား တံခွန်ကိုင်များကြားကကွာဟချက်ကို ချူံ့နိုင်ရန် ကြီးမားသောတွန်းအားတစ်ခုဖြစ်သည်။
ထို့ကြောင့် အခွင့်အရေးရလာချိန်တွင် သတ္တိရှိရှိ စွန့်စားရပေမည်။
လီလော့ နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ လေဟာနယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ရွှေနဂါးပတ်တိုင်ကို ရနိုင်မှတော့ ကြေးနဂါးပတ်တိုင်က သူ့အတွက် ဆွဲဆောင်မှုမရှိတော့ပေ.......