← Chapters

ရွှေနဂါးပတ်တိုင်ကို သိမ်းပိုက်ခြင်း........

Vol. 60 Ch. 839

ရွှေနဂါးပတ်တိုင်ကို သိမ်းပိုက်ခြင်း........

Vol. 60 Ch. 839

လီလော့သည် ထူထပ်သော မြူခိုးများကို ဖြတ်ကျော်ကာ ကြေးနှင့် ငွေနဂါးပတ်တိုင်များကို ဖြတ်ကျော်၍ မိနစ်အနည်းငယ်အကြာတွင် ရွှေနဂါးပတ်တိုင်ကြီးရှေ့တွင် ရပ်နေခဲ့သည်။

ရွှေနဂါးပတ်တိုင်ကြီးသည် တိုင်းတာ၍မရနိုင်အောင် မြင့်မားလှသည်။၎င်း၏ အပေါ်ပိုင်းကို ထူထဲသော မြူခိုးများဖြင့် ဖုံးအုပ်ထားပြီး၊ ၎င်း၏အောက်ခြေသည် နက်နဲသော ဟွမ်းလုံရှီးရေကန်၏ အနက်ရှိုင်းဆုံးနေရာတွင် ဝှက်ထားသည်။ မည်သူ့ကိုမဆို ၎င်းနှင့်နီးလာသည်နှင့် အလွန်ပြင်းထန်သော စွမ်းအင်တစ်မျိုးကို ခံစားရမည်ဖြစ်သည်။

သက်ရှိနဂါးပုံများဖြင့် တိုင်၏မျက်နှာပြင်ကို အလှဆင်ထားပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ရေးထွင်းထားပြီး နဂါးအကြေးခွံတစ်ခုစီကနေ

ထူးဆန်းသောအလင်းရောင်များလင်းလက်နေ၏။နဂါးရုပ်ပုံများသည် သက်မဲ့မဟုတ်ဘဲ ဖြည်းညှင်းစွာ ကူးခတ်နေသကဲ့သို့လှုပ်ရှားနေသဖြင့် ၎င်းကို သက်ရှိသတ္တဝါဟုပင် ထင်လိုက်မိသည်။

ရွှေနဂါးပတ်တိုင်ရှေ့မှာ ရပ်နေချိန်မှာ သူ့နှလုံးသားက မျှော်လင့်ချက်တွေကြောင့်တဒိန်းဒိန်းခုန်လှုပ်နေသည်။ နောက်ထပ် မဆိုင်းမတွဘဲ ခုန်တက်လိုက်သည်။

ထိပ်ပိုင်းပေါ် ရောက်သွားသည်နှင့် တပြိုင်နက် အိပ်မောကျနေသော ရွှေနဂါးပတ်တိုင်ကြီး နိုးထလာသည်ကို ခံစားလိုက်ရပြီး ၎င်း၏ ခန္ဓာကိုယ် တုန်ခါလာသည်။ ထိုအခိုက်အတန့်မှာပင် တိုင်ပတ်ပတ်လည်ရှိ ရွှေနဂါးရုပ်ကြီး၏ မျက်လုံးများပွင့်လာသည်။

ဝေါင်းးးးးးးးးးးးးး

နက်နဲသည့် နဂါးဟိန်းသံနှင့်အတူ သူ့ပတ်ဝန်းကျင်မှာ ကြောက်စရာကောင်းတဲ့ ဖိအားတွေ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်တွင်၊ လီလော့သည် နဂါးကြီးများ၏ပါးစပ် စတင်ပွင့်လာသည်ကို သတိပြုမိသည်။ နဂါးပတ်တိုင်၏ထိပ်ပိုင်းနှင့် ချိတ်ဆက်မှုအဖြစ် ရွှေရောင်ခြည်တန်းများကို မမြန်လွန်း မနှေးလွန်းသည့်အရှိန်ဖြင့် သွန်းလောင်းကြသည်။

ဤရွှေရောင်အလင်းတန်းသည် တိုင်ထိပ်တစ်ခုလုံးကို ပြည့်ပြည့်စုံစုံ ဖုံးအုပ်ထားလိုက်သည်နှင့် လီလော့အနေဖြင့် ပြင်ပတိုက်ခိုက်မှုများကို ကာကွယ်နိုင်လိမ့်မည်။ ဆိုလိုသည်မှာ သူသည် သူ့အတွက် ရွှေနဂါးပတ်တိုင်ကို လုံး၀ လုံခြုံစေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော်လည်း ဧရိယာကို လုံးလုံးလျားလျား မဖုံးလွှမ်းမီတွင် ၎င်းသည် မည်သည့် အကာအကွယ်မှ မပေးနိုင်သေးပေ။ ရွှေရောင်အလင်း၏ကာကွယ်မှုမရှိဘဲ၊ လီလော့သဘ့ တစ်ဦးတစ်ယောက်ကလာရောက်တိုက်ခိုက်ပါက ရင်ဆိုင်ရမည်ဖြစ်သည်။

ဒါဟာ ရွှေနဂါးပတ်တိုင်ကို ယှဉ်ပြိုင်ဖို့ စိန်ခေါ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပင်......

အခြားတံခွန်ကိုင်များကို လုံး၀လွှမ်းမိုးထားပြီး ရွှေနဂါးပတ်တိုင်အတွက် တိုက်ပွဲဝင်ရန် အတင်းအကြပ်မလုပ်နိုင်ပါက၊ အခြားသူများ၏ဝင်ရောက်စွက်ဖက်မှုကြောင့် လုံခြုံအောင်ပြုလုပ်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။

လီလော့ တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ထိုနေရာကိ စိုက်ကြည့်နေသည်။ သို့သော် သူ့ရင်ထဲ၌ အလွန်စိုးရိမ်ပူပန်နေမိသည်။

လီချင်းဖုန်း နှင့် ကျန်သူများ ရေနန်းတော်မှ မလွတ်မြောက်မီ ဧရိယာကို ရွှေရောင်အလင်းတန်းများ အပြည့်အဝ ဖုံးအုပ်နိုင်မည်ဟု သူမျှော်လင့်ခဲ့သည်။ ထိုအခါမှသာ ရွှေနဂါးပတ်တိုင်ကို လုံးလုံးလျားလျား သိမ်းပိုက်နိုင်မည်ဖြစ်သည်။

အစောပိုင်းက ချင်ရိကို တိုက်ခိုက်ရာတွင် ကိုယ်ပိုင် ပဲ့တင်ထပ်သံစွမ်းအားနှင့် သဟဇာတဖြစ်မှုမှ ပံ့ပိုးပေးသော စွမ်းအားတို့ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူသည် လီချင်းဖုန်း နှင့် အခြားသူများနှင့် ယှဉ်ပြိုင်ရန် လိုအပ်နေသေးပါက အမြီးသုံးကောင် ကောင်းကင်ဝံပုလွေ ၏ ခွန်အားကို အားကိုးရပေမည်။

လီလော့ အတွေးများနေချိန်တွင် တိုင်တစ်ခုလုံးကို ဖြည်းညှင်းစွာ ဖုံးအုပ်နေသော ရွှေရောင်အလင်းတန်းကိုသာ စိုက်ကြည့်နေသည်။

ကံမကောင်းစွာပဲ၊ ကောင်းသောအရာများက ကြာရှည်မတည်မြဲခဲ့ပေ......

ရွှေရောင်အလင်းတန်းများ တိုင်၏လေးပုံသုံးပုံကို ဖုံးအုပ်လိုက်သောအခါတွင် သူ့နောက်ကျောမှ ပြင်းထန်သော စွမ်းအင်လှိုင်းတံပိုးများ ထွက်လာသည်ကို ခံစားလိုက်ရသည်။ သူ ချက်ချင်းလှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းတွင်ရှိသည့် ကြီးမားသော ရေနန်းတော်မှ လှိုင်းလုံးများ ထွက်ပေါ်လာသည်ကို မြင်နေရသည်။

ဒါဟာ ရေနန်းတော် ပျောက်ကွယ်တော့မယ့် လက္ခဏာတစ်ခုပင်......

တစ်ချိန်တည်းမှာပင် ပြင်းထန်သော စွမ်းအင်လှိုင်းများ ရေနန်းတော်၏ အတွင်းပိုင်းများမှ ဆက်လက် ထွက်ပေါ်လာသည်။

အထဲမှာ ပိတ်မိနေတဲ့ တံခွန်ကိုင်တွေ သူတို့ရဲ့ကိုယ်ပွားတွေကို တယောက်ပြီးတယောက် အနိုင်ယူလိုက်ပြီး အချိန်အတော်ကြာ ရုန်းကန်နေရပြီးနောက် ရေနန်းတော် ပြိုကျလာသည်။

ထို့အပြင် ချင်ရိသည် အစောပိုင်းတွင် လီလော့နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရေနန်းတော်အား အချိန်အကြာကြီး ထိန်းသိမ်းထားရန် ခွန်အားမရှိခဲ့ပေ။ တကယ်တော့ သူမအနေဖြင့်လည်း ဒါကို ဆက်ထိန်းထားချင်မှာ မဟုတ်ပေ။ ယခု လီလော့ နန်းတော်မှ ထွက်လာပြီး ရွှေနဂါးပတ်တိုင်ကို ရရှိတော့မည့်အတွက် ရသလောက် နှောက်ယှက်နေမည်သာ.....

"ဘယ်လိုတောင် စိတ်ထားသေးသိမ်တဲ့မိန်းမလဲ .... စောစောက ငါ့ရဲ့ စွမ်းဆောင်မှုကို သူ မယုံခဲ့ဘူးလား"

တစ်ချိန်တည်းမှာပင် ရေနန်းတော် ပိုမိုပြင်းထန်စွာ တုန်ခါလာသည်။အချိန်အနည်းငယ်ကြာပြီးနောက်၊ မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲထွက်လာပြီး လေထဲတွင် တောက်ပနေသော အပြာရောင်အလင်းတန်းများဖြင့် ပြည့်နေသည်။

ထို့နောက် အထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။

ပထမဆုံး လီချင်းဖုန်း ထွက်လာသည်။

နောက်တော့ တခြားတံခွန်ကိုင်တွေလည်း ပေါ်လာကြသည်။ ချင်ရိကို ရန်လိုသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေကြစဉ် သူတို့အားလုံး အမျက်ဒေါသ ထွက်နေကြသည်။ သူတို့ သူမကို ဝိုင်းဝန်း တိုက်ခိုက်လုနီးပါး ဖြစ်နေပုံရသည်။

"မိန်းကလေးချင်ရိ၊ ငါတို့က နင့်ကိုဧည့်သည်အဖြစ် တလေးတစားဆက်ဆံခဲ့ပေမယ့် နင်ကတော့ ငါတို့ကို ထောင်ချောက်ဆင်ရဲတယ်ပေါ့...."

လုချင်းမိန်က အေးစက်သောလေသံဖြင့် စတင်ပြောဆိုခဲ့သည်။

မူလက သူတို့သည် ချင်ရိကို ဟွမ်းလုံရှီးရေကန် တိုက်ပွဲတွင် ပါဝင်ခွင့်ပေးခဲ့ပြီး နဂါးပတ်တိုင်အတွက် ယှဉ်ပြိုင်ရန် ခွင့်ပြုခဲ့သည်။ သို့သော် သူမသည် ၎င်းတို့အားလုံးကို ရေနန်းတော်တွင် ပိတ်ထားပြီး နဂါးပတ်တိုင်များကို သိမ်းပိုက်ဖို့မကြိုးစားခဲ့ပေ။ ထင်ရှားနေသည်မှာ ကောင်းကင်နဂါးကလန်ငါးခုမှမျိုးဆက်သစ် လူငယ်များကို ဂုဏ်သရေရှိ ဧည့်သည်များရှေ့တွင် အရှက်ရစေရန် ကြိုးစားနေခြင်းပင်.....

ချင်ရိကို ဒေါသတကြီး စိုက်ကြည့်ရင်း အခြားတံခွန်ကိုင်ခေါင်း ဆောင်များအားလုံးလည်း အလားတူ ဒေါသတကြီး ရှုံ့ချခဲ့ကြသည်။

ဒါကိုကြားတော့ ချင်ရိရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာပေါ်မှာ တောင်းပန်တဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။ သို့သော်လည်း သူမ မည်သို့ပင် လှည့်စားနေပါစေ သူမ၏ လုပ်ရပ်သည် အမှန်တကယ်ပင် ဆိုးရွားလှသောကြောင့် ရှင်းပြနိုင်ခြင်းမရှိပေ။

နောက်ဆုံးတွင်၊ ဤသည်မှာ ချင်လျန်၏ အမိန့်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမ နာခံရမည်သာ......

မည်သို့ပင်ဆိုစေကာမူ၊ လှပပြီး ချစ်စရာကောင်းသော သူမ၏မျက်နှာပေါ်တွင် တောင်းပန်မှုအရိပ်အမြွက်ကိုတွေ့လိုက်ရတော့ အမျိုးသားအချို့အတွက် ဒေါသတစ်ဝက်ကို ဖယ်ရှားပစ်ရန် လုံလောက်ပါသည်။

ဒါကိုမြင်တော့ လုချင်းမိန်က တိတ်တဆိတ် ခေါင်းခါလိုက်သည်။

"ဒီကောင်တွေက တကယ်ကို အားကိုးလို့မရဘူး....."

"တံခွန်ကိုင်လု စိတ်မပူပါနဲ့..... နဂါးပတ်တိုင် အတွက် လာမယ့်တိုက်ပွဲမှာ ငါ ဝင်မစွက်ဖက်တော့ဘူး"

ဒါကိုကြားတော့ လုချင်းမိန်က မျက်ခုံးပင့်လိုက်မိသည ချင်ရိ၏ ခွန်အားကို သံသယမရှိပေ။ သူသည် နဂါးပတ်တိုင်sအတွက် ယှဉ်ပြိုင်ခြင်းကို စွန့်လွှတ်ရန် ဆန္ဒရှိနေပါက၊ ဤသည်မှာ ၎င်းတို့အတွက် အမှန်တကယ် သတင်းကောင်းတစ်ခု ဖြစ်သည်။

သို့​သော်​ သူမဘာလို့ရုတ်​တရက်​လက်​​လျှော့လိုက်​ရတာလဲ.......

လုချင်းမိန် တွေးနေရင်းနဲ့ အဝေးကလူတစ်ယောက်က...... "ဟေး၊ ရွှေနဂါးပတ်တိုင်ကို ဖုံးအုပ်ထားတဲ့ ရွှေရောင်အလင်းတန်း ဘာလို့ရှိနေတာလဲ၊ ဟိုမှာ တစ်ယောက်ယောက်ရှိလား"

စကားသံထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း ထိတ်လန့်သွားကြသည်။ အေးအေးဆေးဆေးနေတတ်သော လုချင်းမိန်ပင်လျှင် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ လူတိုင်း ရေကန်၏ အနက်ရှိုင်းဆုံးနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ မြူခိုးထူထူကြီးကို စူးစူးစိုက်စိုက်ကြည့်ရင်း ရွှေရောင်တိုင်ကြီးရဲ့ထိပ်မှာအလင်းတန်းများ တကယ်ဖုံးလွှမ်းနေတာကို အားလုံးမြင်လိုက်ရသည်။

ပြီးတော့ ဖုံးအုပ်ထားတဲ့ ရွှေရောင်အလင်းတန်းတွေကြားမှာ လူတစ်ယောက် ရပ်နေသည်။

လီချင်းဖုန်း ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ သူက သေချာ ဆန်းစစ်ကြည့်ပြီး....

"အဲ့တာ လီလော့ မဟုတ်လား?"

"ဘယ်လိုဖြစ်နိုင်မှာလဲ?!"

"သူ ဘယ်တုန်းက ရွှေနဂါးပတ်တိုင်ဆီကို ရောက်နေတာလဲ...."

ဒီရှာဖွေတွေ့ရှိမှုကြောင့် တျန့်ဖုန်းရှန်လည်း အံသြသွားခဲ့သည်။ သူတို့အားလုံး ရေနန်းတော်ထဲမှာ ပိတ်မိနေတာမဟုတ်လား? လီလော့က တခြားသူတွေရှေ့ကနေ ရွှေနဂါးပတ်တိုင်ကို ဘယ်လိုရောက်သွားတာလဲ။

လီဟုန်လိက ချင်ရိကို ကြည့်ပြီး .....

" မိန်းကလေးချင်ရိ ....ရှင် လီလော့ကို ပြင်းပြင်း ထန်ထန် မုန်းတီးနေတာ မဟုတ်လား ....သူ့ကို ရေနန်းတော်ထဲက ဘာလို့ အရင် လွှတ်လိုက်တာလဲ ? သူ့ရဲ့ချောမောတဲ့ရုပ်ရည်က မိန်းကလေးချင်ရိကိုတောင် စိတ်လှုပ်ရှားစေခဲဲ့တဲ့ပုံပဲ......"

သူမ၏ စကားသံတွင် ခါးသီးသော နာကြည်းမှုများဖြင့် ပြည့်နှက်နေပါသည်။ သူမ အရမ်းဒေါသထွက်နေမှန်း သိသာသည်။နောက်ဆုံးတော့ ရေနန်းတော်ထဲက ကိုယ်ပွားတွေက သူမကို ဒုက္ခအများကြီးပေးခဲ့သည်။ ချင်ရိက အလွန်အစွမ်းထက်သောကြောင့်၊ သူတို့ထက် အားနည်းသော လီလော့က ရေနန်းတော်ထဲမှ မည်သို့မည်ပုံ လွတ်မြောက်နိုင်မည်နည်း။

ချင်ရိ သူ့ကို လွယ်လွယ်လွှတ်ပေးခဲ့တာ သေချာတယ်.........

ထိုအချိန်တွင် အခြားသော တံခွန်ကိုင်များကလည်ယ ထူးထူးခြားခြား ရှုမြင်လာကြသည်။ လီလော့က ချင်ရိကိုတောင် စိတ်လှုပ်ရှားစေခဲ့တာလား...

လီချင်းဖုန်း လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအချိန်တွင် သူ၏ တည်ငြိမ်မှု အလုံးစုံ ပျောက်ကွယ်သွားပြီး သူ့နှလုံးသားထဲတွင် နားမလည်နိုင်သော ခံစားချက်တစ်ခု ပေါ်လာသည်။

သူတို့၏ ရှုပ်ထွေးသော အကြည့်များအောက်တွင် ချင်ရိ အံတင်းတင်းကြိတ်ထားပြီး ဒေါသကိုမျိုချနေရသည်။

သူမ လီလော့ကို လွယ်လွယ်နဲ့ လွှတ်ပေးခဲ့တာမဟုတ်ဘူး....

"တံခွန်ကိုင်လီဟုန်လိ ရှင် နားလည်မှုလွဲနေပြီ..... ငါ လီလော့ကို လွယ်လွယ်လွှတ်ပေးခဲ့တာမဟုတ်ဘူး....သူက ရေနန်းတော်ရဲ့လျှို့ဝှက်ချက်ကို နားလည်တဲ့အတွက် ငါနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်..."

သူမ စကားဆုံးသည်နှင့် အားလုံး မယုံကြည်နိုင်ဖြစ်နေကြသည်။

ချင်ရိက လီလော့ကို မတားနိုင်ခဲ့လား....

လီဟုန်လိ၏ အကြည့်တွင် သံသယများဖြင့် ပြည့်နှက်နေသည်။

တစ်ဖက်တွင်၊ ချင်ရိက.....

"ရှင်တို့အားလုံး လီလော့ကို လျှော့တွက်ခဲ့ကြတယ်... အမှန်တော့ သူက နှောင်းပိုင်းနတ်ဆိုးခန္ဓာမှာရှိနေပေမယ့် ရှင်တို့အားလုံးကို တစ်ဦးချင်းတိုက်ပွဲမှာ အလွယ်တကူ အနိုင်ရနိုင်တယ်...သဟဇာတဖြစ်ခြင်းရဲ့အကူအညီကြောင့် ကွာဟချက် သိသိသာသာနည်းပါးသွားသည့်အပြင်၊ လီလော့က နဂါးငွေ့တန်းကိုးသွယ်ပညာရပ် သုံးခုတောင် တတ်ကျွမ်းထားတယ်... တံခွန်ကိုင် လီချင်းဖုန်းတောင် သူ့ပြိုင်ဘက် ဟုတ်မှာမဟုတ်ဘူး....."

"နဂါးငွေ့တန်းကိုးသွယ်ပညာရပ် သုံးခု?"

လီချင်းဖုန်း၊လီဟုန်လိနှင့် လုချင်းမိန် တို့၏ မျက်နှာထားများပင်လျှင် ပြောင်းလဲသွားခဲ့သည်။ဤပညာရပ်များကို ဆည်းပူးရန် မည်မျှခက်ခဲသည်ကို သူတို့သုံးယောက် ကောင်းကောင်းသိသည်။ သူတို့အထဲမှာ လီချင်းဖုန်းပင်လျှင် ပညာရပ်နှစ်ခုသာ ဆည်းပူးနိုင်ခဲ့သည်။

ဒီကောင် ခွန်အားကို သေချာဖုံးကွယ်ထားတာပဲာ

"ဒါပေမယ့်၊ ရေနန်းတော်ကို ထိန်းထားနိုင်ဖို့ ခွန်အားနည်းနည်းလောက်တော့ သုံးစွဲခဲ့ရမယ်....ဒါကြောင့် လီလော့ကို တိုက်တဲ့အခါ အင်အားအပြည့်မသုံးနိုင်ခဲ့ဘူး....."

လီချင်းဖုန်း ၏ အမူအရာသည် ထိုစကားကိုကြားပြီးနောက် အနည်းငယ်ပျော့ပြောင်းလာသည်။

ထိုအချိန်တွင် ချင်ရိ၏ မျက်လုံးများ တောက်ပလာကာ....

"နဂါးပတ်တိုင်အတွက်တိုက်ပွဲမှာ ကျွန်မမပါဝင်တော့ဘူး.... သွားကြတော့ လီလော့ ရွှေနဂါးပတ်တိုင်ကို ရတော့မယ်....."

သူမညစကားဆုံးသောအခါ လီချင်းဖုန်း ၏မျက်နှာထား ချက်ချင်းပြောင်းလဲသွားသည်။ သူသည် တခဏချင်း ပေါက်ကွဲပြီး သူ၏ အမြင့်ဆုံးအရှိန်ဖြင့် ရွှေနဂါးပတ်တိုင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။ လီလော့ သည်းးးး ရေနန်းတော်မှ မည်သို့ရုန်းထွက်ပြီး ချင်ရိကို အနိုင်ယူခဲ့သည်ကို မသိသော်လည်း ရွှေနဂါးပတ်တိုင်ကို ရယူဖို့ဆုံးဖြတ်ထားသည့်အတွက် လီလော့ကို အလျှော့ပေးမည်မဟုတ်ပေ။

All Chapters