← Chapters

မင်းက ငတုံးလား

Vol. 40 Ch. 586

မင်းက ငတုံးလား

Vol. 40 Ch. 586

ထွင်ထျန်းဟာ၏ တိုက်ခိုက်မှုက မြန်ဆန်လွန်းသဖြင့်မည်သူမှမတုံ့ပြန်နိုင်ခဲ့ပေ။

အရာအားလုံးက စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးရှိ လူတိုင်းက အံ့ဩတုန်လှုပ်သွားကြသည်။

ဤသည်မှာ ထွင်ထျန်းဟာ၏ ပြင်းထန်သော တိုက်ခိုက်မှုဖြစ်သည်။

သူက ဓားတာအိုစွမ်းအားကို မထည့်သွင်းခဲ့သော်လည်း သူ၏ခွန်အားကိုမူ ရာနှုန်းပြည့် ထည့်သွင်းထားခဲ့သည်။

ထို့ပြင် ရွှေရောင်အလင်း အကာအကွယ်၏ သက်ရောက်မှုနှင့်အတူ ထွင်ထျန်းဟာ၏ ခြေကန်ချက်က နှစ်ဆခန့် ပြင်းထန်သွားခဲ့သည်။

ထို့နောက် တာအိုကျင့်ကြံသူ မြင်းမျက်နှာက ကြယ်တွေလတွေကို မြင်လိုက်ရပြီး ခေါင်းတစ်ခုလုံး မူးဝေသွားခဲ့သည်။

ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံး အဆောက်အဦးကို အထူးပစ္စည်းများဖြင့် တည်ဆောင်ထားခြင်း ဖြစ်၏။

သို့သော်လည်း ဤအမွေးစိမ်းခွေးက ပြတင်းပေါက်ကို ချိုးဖျက်၍ ဝင်လာပြီး တာအိုကျင့်ကြံသူ မြင်းမျက်နှာကို ပြင်းပြင်းထန်ထန် ကန်ကျောက်ခဲ့သည်။

ဤသည်ကပင် အမွေးစိမ်းခွေး၏ အင်အား မည်မျှရှိသည်ကို ပြသရန် လုံလောက်နေပြီ ဖြစ်သည်။

ဤအမွေးစိမ်းခွေး၏ ခြေကန်ချက်က တာအိုကျင့်ကြံသူ မြင်းမျက်နှာကို တိုက်ရိုက် ထိမှန်ပြီးနောက်တွင် တာအိုကျင့်ကြံသူမြင်းမျက်နှာသည် စာခြောက်ရုပ်ကဲ့သို့ လွင့်ထွက်သွားပြီး အဆုံးသတ်တွင် ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံး၏ နံရံအတွင်းထဲသို့ နစ်ဝင်သွားခဲ့သည်။

နံရံတွင် တာအိုကျင့်ကြံသူ မြင်းမျက်နှာ ပုံသဏ္ဍာန်အပေါက်တစ်ခု ဖြစ်သွားပြီး ပတ်ပတ်လည်တွင် ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

တစ်ဖက်တွက်လည်း တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့ နှစ်ဦးစလုံးက တာအိုကျင့်ကြံသူ မြင်းမျက်နှာ၏ ဒဏ်ရာကိုစစ်ဆေးရန် အလျင်အမြန် ပြေးသွားခဲ့ကြသည်။

သို့သော် အဆုံးသတ်တွင် သူတို့က ပို၍ပင် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

ဤသည်က ကန်ချက်တစ်ချက်သာ ဖြစ်သော်လည်း တာအိုကျင့်ကြံသူ မြင်းမျက်နှာကို အတွင်းဒဏ်ရာ ပေးစွမ်းနိုင်ခဲ့သည် မဟုတ်လော။

တာအိုကျင့်ကြံသူ မြင်းမျက်နှာက ခရမ်းရောင်သွေးများကို ပါးစပ်ထဲမှ ဖြန်းခနဲ အန်ထုတ်လိုက်ပြီး တာအိုကျင့်ကြံသူစုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူကြေးလိပ် တို့ကို မှီကာ နံရံမှမတ်တပ် ထရပ်လိုက်သည်။

သူ၏ခြေထောက်များက မခံမရပ်နိုင်လောက်အောင် တုန်ယင်နေခဲ့သည်။

ဤသည်မှာ အစောပိုင်းက ခြေကန်ချက်ကြောင့် မဟုတ်ဘဲ ထွင်ထျန်းဟာက သူ၏စိတ်ဝိညာဉ်ကို ဖိနှိပ်ထားခြင်းကြောင့်ဖြစ်သည်။

"ဒီအမွေးစိမ်းခွေးက ဘယ်လို ကောင်းကင်သူတော်စင်မျိုးပါလိမ့်.. အတော်ကို ကြောက်စရာကောင်းတာပဲ.. ဒီနတ်ဆိုးကမ္ဘာပေါ်မှာ ဘာတွေဖြစ်ပျက်နေတာလဲ''

တာအိုကျင့်ကြံသူ မြင်းမျက်နှာက ဒယိမ်းဒယိုင် ဖြစ်နေပြီး သူ၏ ပါးစပ်ထောင့်မှလည်း သွေးများစီးကျလာသည်။

ကန်ချက်တစ်ချက်က သူ၏မျိုးပွားအင်္ဂါကို ပြုတ်ထွက်မတက် လှုပ်ခါသွားစေခဲ့သည်။

ခေါင်းမူးပြေသွားသည်နှင့် အကြီးအကဲဝမ်၏ရှေ့တွင် အမွေးစိမ်းခွေး တစ်​ကောင်ကို ရုတ်တရက်တွေ့လိုက်ရသည်။

သူက ဒေါသကိုမထိန်းနိုင်ဘဲ ချက်ချင်း ပြေးတက်သွားခဲ့သည်။

"အတင့်ရဲလိုက်တဲ့ ရောကျော်ခွေး.. ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးထဲမှာ မင်းဆန္ဒအတိုင်း တိုက်ခိုက်နိုင်မယ်လို့ ထင်နေလား"

နောက်ထပ် အခိုက်အတန့်တွင် သူက နတ်ဆိုးစွမ်းအင်ကို ထုတ်လွှတ်ရန် ပြင်ဆင်လိုက်ရာ တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့က သူ့ကိုအတင်းအကျပ် ဟန့်တားလိုက်သည်။

"ညီနောင်မြင်းမျက်နှာ.. မလုပ်နဲ့.. ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးထဲမှာ နတ်ဆိုးသူတော်စင်ရဲ့ ကန်သတ်စည်းမျဉ်း ရှိတာကို မင်းမေ့နေပြီလား"

ဤအခိုက်အတန့်တွင် တာအိုကျင့်ကြံသူ မြင်းမျက်နှာသည် ဒေါသအလွန်ထွက်နေခဲ့သည်။

သူယခုလုပ်ချင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ကျဆင်းသွားသော ဂုဏ်သိက္ခာကို ပြန်ဆယ်ရန်ပင် ဖြစ်၏။

"ဒီကျင့်ကြံသူခွေးက အခုလေးတင် ပြင်းထန်တဲ့ ထိုးနှက်ချက်ကို အသုံးပြုခဲ့တယ်.. အဲဒါတောင် နတ်ဆိုးသူတော်စင်ရဲ့ ကန့်သတ်ချက်က မသက်ရောက်ခဲ့ဘူး.. ဒါက ဒီစည်းမျဉ်း လုံးဝမရှိဘူးဆိုတာကို သက်သေပြနိုင်နေပြီ.. ဒီစည်းမျဥ်းက တကယ်တော့ ငါတို့ကို လှည့်စားထားတဲ့ ကောလာဟလတစ်ခုပဲ"

ထို့နောက် သူက တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့၏ အကြံဉာဏ်ကို လျစ်လျူရှုကာ လက်နှစ်ဖက်ကို လွတ်အောင် ရုန်းကန်ခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ၏နတ်ဆိုးစွမ်းအင်ကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်၍ထုတ်လွှတ်လိုက်သည်။

ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအား ဖြစ်သည်။

သူက အထိန်းအကွပ်မဲ့ ပြင်းထန်သည့် စွမ်းအင်များကို လက်ဖဝါးတွင် စုစည်း၍ ထွင်ထျန်းဟာနှင့် အကြီးအကဲဝမ်တို့ထံ ပို့လွှတ်လိုက်သည်။

''သတိထားပါ.. ဒီလက်ဝါးက အရမ်းအစွမ်းထက်တယ်"

အကြီးအကဲဝမ်က သတိပေးလိုက်သည်။

ဤခွေးက ဘယ်နေရာမှလာမှန်း သူမသိသော်လည်း အကြောင်းတစ်ခုခုကြောင့် ရင်းနှီးသလို ခံစားနေရ၏။

သို့သော် ထွင်ထျန်းဟာက ဤလက်ဝါးကို လုံးဝဂရုမစိုက်ပေ။

သူ့တွင် ဆရာလေးလင်း၏ ရွှေရောင်အလင်းဒိုင်းကာ ရှိနေ၍ အထူးတလည် ကာကွယ်ရန် လိုအပ်သည်ဟုပင် မထင်ချေ။

ဤတိုက်ခိုက်မှုလောက်ကို ရွှေရောင်အလင်းဒိုင်းကာက အသာအယာ ပိတ်ဆို့နိုင်ပေသည်။

အတွင်းပိုင်းနယ်မြေရှိ သံတမန်တစ်ဦး၏ ခွန်အားသည် နတ်ဆိုးနယ်မြေတွင် အမြင့်မားဆုံး ဖြစ်သည်။

သို့သော် ဆရာလေးလင်း၏ ရွှေရောင်အလင်းဒိုင်းကာသည် အင်မော်တယ်အရှင်မြတ်တစ်ပါး၏ တိုက်ခိုက်မှုကိုပင် အပြည့်အဝ ကာကွယ်နိုင်စွမ်း ရှိနေ၏။

ထို့ပြင်ဆရာလေးလင်း၏ ရွှေရောင်အလင်းဒိုင်းကာတွင် တန်ပြန်တုံ့ပြန်မှု လုပ်ဆောင်ချက်လည်း ပါရှိသည်။

ထို့ကြောင့် ဤလုပ်ရပ်၏ နောက်ဆက်တွဲအကျိုးဆက်ကို တာအိုကျင့်ကြံသူ မြင်းမျက်နှာက ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ထို့အချိန်တွင် အခြားသော သံတမန်၂ဦးဖြစ်သည့် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့နှင့်အတူ ထွင်ထျန်းဟာနှင့် အကြီးအကဲဝမ်တို့က ကောင်းကင်ကို ရုတ်တရက် မျှော်ကြည့်လိုက်ကြသည်။

တာအိုကျင့်ကြံသူ မြင်းမျက်နှာပင်လျှင် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။

သူ၏အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

နတ်ဆိုးကမ္ဘာ၏ အလယ်ဗဟိုရှိ သူတော်စင်ကျောက်တိုင်ကနေ ဖော်မပြနိုင်သော ကြေက်မက်ဖွယ် အော်ရာတစ်ခု ပျံ့နှံ့လာသည်။

ယင်းက ကောင်းကင်၏ထိပ်ဆုံးနေရာရှိ တင်းကျပ်စွာ မှိတ်ထားသော မျက်လုံးတစ်စုံ ပွင့်လာသလိုပင်။

အလွန်အားကောင်းသော အော်ရာအရှိန်အဝါ၏ ဖိအားက သံတမန်၃ဦးနှင့် အကြီးအကဲဝမ်ကို ဒူးထောက်ကျသွားစေသည်။

သို့သော် ထိုစွမ်းအားက ရွှေရောင်အလင်းဒိုင်းကာဖြင့် လွှမ်းခြုံထားသော ထွင်ထျန်းဟာကိုမူ ထိခိုက်မှုမရှိပေ။

မည်သို့ပင်ဖြစ်စေ ထွင်ထျန်းဟာက ဤအော်ရာအရှိန်အဝါ မည်မျှ ပြင်းထန်သည်ကို ခံစားသိရှိနိုင်ခဲ့သည်။

သူ့အထင်မမှားလျှင် ဤသည်က နတ်ဆိုးသူတော်စင်၏ အော်ရာဖြစ်သည်။

သူတော်စင်ရှေ့တွင် သံတမန်များ နေနေသာသာ နတ်ဆိုးဘုရင်များပင် ဒူးထောက်ရပေသည်။

သံတမန်များနှင့် အကြီးအကဲဝမ်တို့က ချက်ချင်းပင် ဒူးထောက်ကျသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ၎င်းတို့က သမုဒ္ဒရာထဲမှ ပုရွက်ဆိတ်များကဲ့သို့ မည်မျှ သေးနုတ်သည်ကို ခံစားခဲ့ရသည်။

စက္ကန့်အတော်ကြာကြာ ပြင်းပြင်းထန်ထန် ဖိနှိပ်ပြီးမှသာ ၎င်းတို့က သက်သာရာရသွားခဲ့သည်။

နတ်ဆိုးသူတော်စင်၏ အော်ရာအရှိန်အဝါ ဖိအားက ၎င်းတို့၏ ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံး အတွင်းရှိ ကြမ်းပြင်ပေါ်တွင် လူတစ်ဦးက လဲလျောင်းနေခဲ့သည်။

ထိုလူက ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံး အတွင်း နတ်ဆိုးမှော်စွမ်းအားကို ပထမဆုံး အသုံးပြုခဲ့သည့် တာအိုကျင့်ကြံသူ မြင်းမျက်နှာမှလွဲ၍ အခြားသူမဟုတ်ခဲ့ပေ။

ဤအခိုက်အတန့်တွင် တာအိုကျင့်ကြံသူ မြင်းမျက်နှာက အလွန်အမင်း နောင်တရနေခဲ့သည်။

သူက အတွင်းပိုင်းနယ်မြေတစ်ခု၏ သံတမန်တစ်ဦး ဖြစ်ပြီး နတ်ဆိုးဘုရင်ထက်ပင် ရာထူးပိုကြီးသော သံတမန်တစ်ဦး ဖြစ်သော်လည်း ယခုလို သေခြင်းတရားနှင့် ကြုံတွေ့ရသည့်အခိုက်တွင် နှာရည်များ စီးကျကာ တုန်လှုပ် ခြောက်ခြားနေခဲ့သည်။

မမျှော်လင့်ဘဲ ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးတွင် နတ်ဆိုးသူတော်စင်က ကန့်သတ်စည်းမျဉ်း ချမှတ်ထားသည် ဆိုသောကောလာဟလမှာ အမှန်တကယ် ဖြစ်နေသည်။

ယခင်က ဤစည်းမျဥ်းကို မည်သူမှ ချိုးဖောက်ဝံ့ခြင်းမရှိခဲ့ပေ။

နတ်ဆိုးကမ္ဘာ၏ ရှည်လျားသောသမိုင်းတွင် တာအိုကျင့်ကြံသူမြင်းမျက်နှာသည် ပထမဆုံး ချိုးဖျက်သူ ဖြစ်လာခဲ့သည်။

ထွင်ထျန်းဟာက ကောင်းကင်ကို ငေးကြည့်ရင်း တွေးလိုက်မိသည်။

သူ ထင်ထားသည်နှင့် ဆန့်ကျင်ဘက်အဖြစ် ဤနတ်ဆိုးသူတော်စင်က တရားမျှတစွာ ပြုမူလိမ့်မည်ဟု ထွင်ထျန်းဟာ မထင်ထားခဲ့ပေ။

ဤအချိန်တွင် ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံး အတွင်း၌ ဒုက္ခရောက်နေသူမှာ တာအိုကျင့်ကြံသူ မြင်းမျက်နှာ တစ်ယောက်တည်းသာ ဖြစ်သည်။

သူက ရုပ်ပျက်ဆင်းပျက်ဖြင့် ငါးအသေတစ်ကောင် ကဲ့သို့ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်။

နတ်ဆိုးသူတော်စင်၏ ကြီးမားသောဖိအားက သူ့မျက်နှာနှင့်ခန္ဓာကိုယ်ကို ပုံပျက်စေခဲ့ပြီ ဖြစ်သော်လည်း နတ်ဆိုးသူတော်စင်၏ ဖိအားကမူ ဆက်လက် တိုးမြင့်နေဆဲ ဖြစ်သည်။

တာအိုကျင့်ကြံသူ မြင်းမျက်နှာက နာကျင်စွာ အော်ဟစ်လိုက်သည်။

"ဒါကမျှတမှုလုံးဝမရှိဘူး.. ဘာကြောင့်လဲ.. ဒီကန့်သတ်ချက်စည်းမျဥ်းက ဒီမိစ္ဆာခွေးနဲ့ ဘာကြောင့် မသက်ဆိုင်ရတာလဲ"

''ဘာကြောင့်လဲဆိုတော့ ငါက ဝိညာဉ်သားရဲ ဖြစ်နေလို့ပဲ"

ထွင်ထျန်းဟာက တာအိုကျင့်ကြံသူ မြင်းမျက်နှာကို ကောက်ကျစ်စွာ ကြည့်၍ ပြောလိုက်သည်။

"ငါကနတ်ဆိုးလား ဝိညာဉ်သားရဲလားတောင် မခွဲခြားနိုင်ရအောင် မင်းက ငတုံးလား''

အခြားနယ်မြေ၃ခုမှသံတမန်များ ".........."

အကြီးအကဲဝမ် ".........."

အပိုင်း (၅၈၆) ပြီး၏

All Chapters