လင်းကျန်းရန်၏စူးရဲသောအကြည့်
Vol. 40 Ch. 588
ဝမ်လင်းက အချိန်ကို တစ်ချက်ကြည့်လိုက်သည်။
ထွင်ထျန်းဟာ နတ်ဆိုးလောကသို့ ပြန်ရောက်သည်မှာ နာရီဝက်နီးပါး ရှိသွားပြီဖြစ်သည်။
အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်မဖြစ် သူမသိပေ။
ထွင်ထျန်းဟာတွင် ရွှေရောင်အလင်းဒိုင်းလွှာ ပါရှိသော်လည်း ဝမ်လင်းက အနည်းငယ် စိုးရိမ်နေသေးသည်။
နတ်ဆိုးလောကတွင် မသေချာ မရေရာမှုများစွာ ရှိခဲ့သည်။
အထူးသဖြင့် ရှေးဟောင်းစာအုပ်ကြီး၏ သမိုင်းအတန်းတွင် နတ်ဆိုးသူတော်စင် အကြောင်း လေ့လာပြီးနောက် ဝမ်လင်းက ဆိုးရွားသော ခံစားချက်ကို ရရှိခဲ့သည်။
ဤအတွေးဖြင့် ဝမ်လင်းသည် သခင်မထံ ချက်ချင်းသွားလိုက်သည်။
ထို့နောက် အိမ်သာအဖုံးကို ဖွင့်လိုက်သည်။
ဝမ်လင်း၏ အမိန့်အရ သခင်မာက လေထဲတွင် နတ်ဆိုးကမ္ဘာမှ ထွင်ထျန်းဟာ၏ ပုံရိပ်များကို တိုက်ရိုက်ပြသခဲ့သည်။
ဝမ်လင်းက တာအိုကျင့်ကြံသူ မြင်းမျက်နှာအား ကန်ကျောက်နေသည့် ထွင်ထျန်းဟာကို မြင်လိုက်ရသည်။
တာအိုကျင့်ကြံသူ မြင်းမျက်နှာက ဒေါသအမျက်ထွက်ကာ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။
ထိုခဏတွင် ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးရှိ လူတိုင်း၏ အမူအရာက ကြောက်စရာကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသလိုပင် ပြောင်းလဲသွားသည်။
သူတို့က ခေါင်းမော့ကာ မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။
ဝမ်လင်းက သခင်မာ၏ နောက်မှ ရေခလုတ်ကိုဖွင့်၍ ရေဆွဲချလိုက်ပြီး ရေမျက်နှာပြင် ပြောင်းလဲမှုကို စောင့်ကြည့်ခဲ့သည်။
သခင်မက တစ်စုံတစ်ဦးကို ပို့ဆောင်နိုင်စွမ်း ရှိရုံမျှမက မေးခွန်းထုတ်ခံရသူ၏ ပုံရိပ်ကို ပုံဖော်နိုင်သည့်အပြင် ၎င်းပတ်ဝန်းကျင်ရှိ ဖိအားများကိုပါ သိရှိနိုင်သည်။
ထွင်ထျန်းဟာ ပတ်ဝန်းကျင်ရှိ ဖိအားကို တုံ့ပြန်သည့်အနေဖြင့် သခင်မာ၏ ရေတိုင်ကီရှိ ရေပမာဏက ပြောင်းလဲသွားမည် ဖြစ်၏။
ဝမ်လင်းက ရေကန်ကို ဖွင့်လိုက်သောအခါတွင် ရေသည် ယခင်က တစ်ခါမှ မဖြစ်ဖူးသော အမြင့်အထိ ချဉ်းကပ်လာသည်ကို တွေ့ရှိခဲ့သည်။
ထိုသို့သော ဖိနှိပ်ချုပ်ချယ်မှုကို ထုတ်လွှတ်နိုင်သူသည် အနိမ့်ဆုံး ပကတိအင်မော်တယ်အဆင့် ဖြစ်နိုင်ချေရှိသည်။
ရလဒ်က ဝမ်လင်း မျှော်လင့်ထားသလိုပင်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် တာအိုကျင့်ကြံသူ မြင်းမျက်နှာသည် နတ်ဆိုးကမ္ဘာ၏ ကန့်သတ်ပြစ်ဒဏ်ကြောင့် သေဆုံးသွားပြီး နတ်ဆိုးသဲများ အဖြစ်သို့ လျော့ကျသွားခဲ့သည်။
ဤသည်က နတ်ဆိုးသူတော်စင်၏ စွမ်းအားဆိုသည်မှာ သံသယရှိစရာပင် မလိုပေ။
တာအိုကျင့်ကြံသူ မြင်းမျက်နှာ ကွယ်လွန်ပြီးနောက် အခြားနယ်မြေမှ သံတမန်နှစ်ဦးသည် ထွင်ထျန်းဟာကို ဖယ်ရှားပစ်ရန် နတ်ဆိုးသူတော်စင်အား ချက်ချင်း တောင်းဆိုခဲ့နေသည်ကို ဝမ်လင်းမြင်လိုက်ရသည်။
ခွေးကို ရိုက်ချင်ရင် ပိုင်ရှင်က ဘယ်သူလဲဆိုသည်ကို အရင်သိဖို့လိုသည် မဟုတ်ပါလော။
"နတ်ဆိုးသူတော်စင်ရဲ့ ကန့်သတ်စွမ်းအားကို အခြေခံပြီးတည်နေရာကို ရှာဖွေပါ"
ဝမ်လင်းက သခင်မာကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
"နားလည်ပါပြီ"
သခင်မက ချက်ချင်း နာခံလိုက်သည်။
စင်စစ် ခြေရာခံရန်က သခင်မအတွက် လွယ်ကူလွန်းသည်။
ယင်းက မဟာတာအိုထဲမှ ပြောင်းပြန်ခြေရာခံ တာအိုစွမ်းရည် ဖြစ်ပြီး ဤအိမ်လေးရှိ မှင်စာထဲတွင် သခင်မာကသာ ဤစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
သခင်မာက နတ်ဆိုးသူတော်စင်၏ တည်နေရာကို စုံစမ်းရန် လုံးဝ မကြာလိုက်ပေ။
သခင်မာ၏ ရုပ်ပုံပြကွက်မှတဆင့် ဝမ်လင်းက ပင်လယ်ပြင်ကနေ တိမ်များအထိ ဖောက်ထွင်းဝင်နေသော ပင်လယ်ပြင်ထိန်း ကျောက်တိုင်ကဲ့သို့ မြင့်မားသော တိုင်တစ်လုံးကို မြင်လိုက်ရသည်။
တိုင်တစ်ခုလုံးကို ထူးဆန်းသော ဒီဇိုင်းများဖြင့် ထွင်းထုထားသည်။
၎င်းက နတ်ဆိုးကမ္ဘာ၏ အလယ်ဗဟိုရှိ နတ်ဆိုးသူတော်စင် နေထိုင်ခဲ့သည့် ဒဏ္ဍာရီလာ သူတော်စင်ကျောက်တိုင် ဖြစ်သည်။
သူတော်စင်ကျောက်တိုင်၏ ထိပ်တွင် ဝမ်လင်းသည် အပြာရောင် အသားအရေ ရှိသည့် ဖက်တီးတစ်ယောက် အောက်သို့ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုဖက်တီးက အပြာရောင် တာအို၀တ်စုံကို ၀တ်ဆင်ထားပြီး လက်တစ်ဖက်တွင် မှော်ကျိုင်းကို ဆုပ်ကိုင်ထားသည်။
သူ၏ အရေပြားကို တောက်ပနေသော ငါးအကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။
".............."
ဒဏ္ဍာရီလာ နတ်ဆိုးသူတော်စင်က အမှန်တကယ်ပင် ရေသူထီး ဖြစ်နေလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
နတ်ဆိုးသူတော်စင်သည် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့်ကြေးလိပ်တို့၏ တောင်းဆိုမှုအား တွေးတောနေသည်ကို သူတွေ့လိုက်ရသည်။
နတ်ဆိုးသူတော်စင် ကိုင်ထားသည့် မှော်ကျိုင်း၏ မူလဇစ်မြစ်မှာ မရိုးရှင်းလောက်ပေ။
တစ်ချက်ကြည့်လိုက်သည်နှင့် နတ်ဆိုးကမ္ဘာ၏ အခြေအနေကို အလုံးစုံ ထိန်းချုပ်နိုင်သည့် ကမ္ဘာ့ဖီဆန် မှော်လက်နက်တစ်ခု ဖြစ်ကြောင်း ဝမ်လင်း ပြောနိုင်ခဲ့သည်။
တာအိုကျင့်ကြံသူ မြင်းမျက်နှာကို တိုက်ရိုက် ဖျက်စီးရန် နတ်ဆိုးသူတော်စင်၏ ကန့်သတ်စွမ်းအားကို အစပျိုးခဲ့သည်မှာ ဤမှော်ကျိုင်းပင် ဖြစ်သည်။
"သူ့ကို သတိပေးလိုက်"
ဝမ်လင်းက သခင်မာကို စိတ်ချင်းဆက်သွယ်၍ အမိန့်ပေးလိုက်သည်။
ထို့နောက်တွင် သခင်မာက ရွှေရောင်တိမ်တိုက်ကို ဖန်တီးရန် သူ၏ စွမ်းအားကို တိုက်ရိုက် အသုံးချခဲ့သည်။
ရွှေရောင်တိမ်တိုက်က တွေးတောနေသည့် နတ်ဆိုးသူတော်စင်၏ ရှေ့တွင် ပေါ်လာသည်။
ဤသည်မှာ ကြီးမားသော ဝိညာဉ်စွမ်းအားဖြင့် ထွက်ပေါ်လာသည့် ရွှေရောင်တိမ်တိုက် တစ်ခု ဖြစ်သည်။
သူတော်စင်ကျောက်တိုင်ထိပ်မှ နတ်ဆိုးသူတော်စင်က မှင်တက်သွားသည်။
အောက်ခြေမှ အထွတ်အထိပ်အထိ နတ်ဆိုးနယ်မြေများတွင် အတားအဆီး ကိုးသောင်း အပြည့် ရှိသည်။
ထို့အပြင် သူတော်စင်ကျောင်တိုင် ထိပ်ရှိ အာကာပြင်ကိုလည်း ချိတ်ပိတ်ထားခဲ့သည်။
အဆင့်၁၀ မှော်စွမ်းရည်ပင် တည်နေရာ ရွှေ့ပြောင်းရန် လုံးဝမဖြစ်နိုင်ပေ။
"ရွှေရောင်တိမ်တိုက်ကြီးက ဘယ်လိုပေါ်လာတာလဲ"
နတ်ဆိုးသူတော်စင်က မှင်တက်နေသည်။
သူက သခင်မာ ဖန်တီးထားသည့် ရွှေရောင်တိမ်တိုက်ကို မှော်ကျိုင်းကို ဝှေ့ယမ်း၍ တိုက်ခိုက်ရန် ကြိုးစားလိုက်ရာ မှော်ကျိုင်းကို ကိုင်ထားသည့် လက်က ဓာတ်လိုက်သကဲ့သို့ ချက်ချင်းပင် ထုံကျင်သွားခဲ့သည်။
နတ်ဆိုးသူတော်စင်က အေးစက်သော ချွေးများ ချက်ချင်း ထွက်လာသည်။
ဤရွှေရောင်တိမ်တိုက်က အနည်းဆုံး အဆင့် ဆယ့်တစ် မှော်စွမ်းရည် ဖြစ်သည်မှာ ရာနှုန်းပြည့် သေချာနေပြီ ဖြစ်သည်။
ဤတိမ်တိုက်ကို မောင်းထုတ်ရန် သူ၏ခွန်အားက လုံး၀ အသုံးမဝင်ခဲ့ပေ။
"ဒါပေမယ့် ဒီရွှေရောင်တိမ်တိုက်ကြီး ရုတ်ချည်းပေါ်ထွက်လာတာ ဘာကြောင့်လဲ"
နတ်ဆိုးသူတော်စင်က အံ့ဩသွားသည်။
စက္ကန့်များစွာကြာပြီးနောက်တွင် သခင်မာ၏ အသံက ရွှေရောင်တိမ်တိုက်မှ ထွက်ပေါ်လာသည်။
သခင်မာက ဝမ်လင်း၏ ဆန္ဒကို ကြေငြာခဲ့သည်။
"ငါက မဟာ ဘုရင်ကြီးရဲ့ အမှုထမ်းပဲ.. မင်းလက်ကို ငြိမ်ငြိမ်လေးထားဖို့ အကြံပေးချင်တဲ့ အတွက် ဒီကို ရောက်လာခဲ့တာပဲ.. မဟုတ်ရင် ဒီနေ့က မင်းသေတဲ့နေ့ ဖြစ်လာလိမ့်မယ်”
ရွှေရောင်တိမ်တိုက်က ဝမ်လင်း အတွက်တော့ အထူးအဆန်းမဟုတ်ပေ။
၎င်းက ဝမ်လင်းအတွက် အဆင့် ဆယ့်နှစ်မှော်စွမ်းရည် တစ်ခုမျှသာ ဖြစ်သည်။
သခင်မာ၏ စကားကြောင့် အေးစက်သော ချွေးများက နတ်ဆိုးသူတော်စင်၏ မျက်နှာပေါ်သို့ ချက်ချင်းပင် စီးကျလာသည်။
ဤအသံမှ ထိုးဖောက်ဝင်ရောက်လာသည့် ဖိအားများက ကြောက်စရာကောင်းလွန်းသည်။
ရိုးရှင်းသော စကားတစ်ခွန်းကပင် နတ်ဆိုးသူတော်စင်ကို ဒူးထောက်ကျလု နီးပါး ဖြစ်စေသည်။
သူက ပကတိအင်မော်တယ် အထွတ်အထိပ်အဆင့် ဖြစ်သည်။
ထို့အပြင် သူတော်စင်ကျောက်တိုင်၏ စွမ်းအားကို ကိုင်စွဲထား၍ သူ့နောက်တွင် နတ်ဆိုးလောက၏ စွမ်းအား အလုံးစုံ ရှိနေသည်။
ထို့ကြောင့် သူက ပုံမှန် ပကတိအင်မော်တယ် အထွတ်အထိပ်အဆင့် နှင့် အလွန်ကွာခြားသည်။
သူက နတ်ဆိုးလောက တစ်ခုလုံး၏ ဆန္ဒအတွက် ရပ်တည်နေသော တည်ရှိမှုမျိုး ဖြစ်သည်။
ပုံမှန်အားဖြင့် တစ်ကမ္ဘာလုံး၏ အလိုဆန္ဒ စွမ်းအားသည် ကောင်းကင်တာအို ဆယ်ခု နှင့် တန်းတူ ဖြစ်သည်။
သို့သော် ဤရွှေရောင်တိမ်တိုက်မှ ထွက်လာသော အသံကို သူ မရင်ဆိုင်နိုင်ခဲ့ပေ။
မဟာဘုရင်ကြီးလား..
"ဒီမဟာဘုရင်ကြီးက ဘယ်သူလဲ"
နတ်ဆိုးသူတော်စင်က ရွှေရောင်တိမ်တိုက်ကို ကြည့်ရင်း ကြောက်လန့်တကြား ဖြစ်နေခဲ့သည်။
"ဘယ်က ကောင်းကင် သူတော်စင် စီနီယာလဲ ဆိုတာ မေးလို့ရမလား"
သခင်မာ "မဟာ ဘုရင်ကြီးက မင်းနဲ့ စကားပြောဖို့ ငြင်းဆန်တယ်.. မင်းက သူနဲ့စကားပြောဖို့ အဆင့်မမီသေးဘူး"
သခင်မာ ထိုသို့ပြောပြီးနောက်တွင် ရွှေရောင်တိမ်တိုက်၌ ပုံရိပ်တစ်ခု ရုတ်တရက် ထင်ဟပ်သွားခဲ့သည်။
မျက်လုံးတစ်စုံ..
ဝမ်လင်းက သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်သည်။
နတ်ဆိုး သူတော်စင်က အလွန်ထိတ်လန့်သွားပြီး လက်ထဲမှ မှော်ကျိုင်းကို လွှတ်ချလိုက်မိသည်။
အားကြီးသူများကြားတွင် စွမ်းအားကွာဟမှုကို အော်ရာတစ်ခုထဲဖြင့် ဆုံးဖြတ်၍မရပေ။
အကြည့်ချင်းဆုံသည်က ပို၍ တိုက်ရိုက်ဆန်သော နည်းလမ်းဖြစ်ခဲ့သည့် အချိန်များစွာ ရှိခဲ့သည်။
အပိုင်း(၅၈၈) ပြီး၏