← Chapters

နတ်ဆိုးကမ္ဘာပေါင်းစည်းမည့်အစီအစဥ်

Vol. 40 Ch. 593

နတ်ဆိုးကမ္ဘာပေါင်းစည်းမည့်အစီအစဥ်

Vol. 40 Ch. 593

ကျင့်ကြံသူကြေးလိပ်က ဒဏ်ရာရရှိနေဆဲ ဖြစ်သည်။

သူက နတ်ဆိုးနယ်မြေတွင် အမြန်ဆုံးပြေးနိုင်သူ ဖြစ်သော်လည်း ယခုထက်ပို၍ မြန်ဆန်အောင် ပြေးနိုင်တော့မည်မဟုတ်ဟု ခံစားရသည်။

သေခြင်းတရား၏ ချိန်းခြောက်မှုနှင့် ထိပ်တိုက် ရင်ဆိုင်ရသောအခါတွင် သုံးစွဲနိုင်သည့် စွမ်းအားက အလွန်ကွဲပြားသည်။

အင်မော်တယ်ကျန်းရွမ်က ကောင်းကင်ပေါ်တွင် အလင်းတန်းများအဖြစ် ပျောက်ကွယ်သွားသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။

သူက လုံးဝစိုးရိမ်နေခြင်းမရှိပေ။

ထွင်ထျန်းဟာက ကျန်းရွမ်၏ လက်ထဲကနေ သံတမန်နှစ်ဦး လွတ်မြောက်ရန် နည်းလမ်းမရှိကြောင်း သိသောကြောင့် တစ်ချိန်လုံး တုန်လှုပ်ခြောက်ခြားနေသော သူ၏ အသွင်အပြင်ကို ထိန်းသိမ်းလိုက်သည်။

ဆံပင်နီလူငယ်လေးက နာရီဝက်ခန့်အကြာတွင် လှုပ်ရှားမှုစတင်ခဲ့သည်။

ကျန်းရွမ်က လက်ကို ဆန့်ထုတ်လိုက်သောအခါ လက်ငါးချောင်းတောင်ကဲ့သို့ လက်က ရှည်လျား၍ ထွက်လာခဲ့သည်။

သူ့လက်ချောင်း တဝိုက်ရှိ အမည်ခံဥပဒေသ အလွှာများက လေထုကို တိုက်ရိုက် ထိုးဖောက်သွားသည်။

ထို့နောက် အင်မော်တယ်ကျန်းရွမ်၏ လက်၅ချောင်းက အာကာပြင်ကို ဖြတ်ကျော်သွားပြီး အဆုံးသတ်တွင် သံတမန်နှစ်ဦး၏ဂုတ်ကို ဆွဲကိုင်လိုက်သည်။

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့်က လွန်ခဲ့သည့်နာရီဝက်အတွင်း မှော်ရတနာများကို အသုံးပြု၍ ထောင်သောင်းချီသော ခရီးကို နှင်ခဲ့ကြသော်လည်း ကျန်းရွမ်၏လက်မှ မလွတ်မြောက်နိုင်ခဲ့ကြပေ။

ကျန်းရွမ်က သူတို့ကို ဂုတ်မှ ဆွဲခေါ်သွားသည်။

ဤကြီးမားသော ဖိအားအောက်တွင် သံတမန်နှစ်ဦးသည်အသက်ရှူပင် မဝခဲ့ပေ။

ထွင်ထျန်းဟာက စီနီယာခွေး၏ အမူအရာဖြင့် တည်ငြိမ်စွာရှိနေသော်လည်း စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်နေခဲ့သည်။

ထွင်ထျန်းဟာမျှသာ မဟုတ်၊ ကျန်းရွမ်၏လှုပ်ရှားမှုကြောင့် အကြီးအကဲဝမ်ပင် နားမလည်နိုင်သည်အထိ ထိတ်လန့်သွားခဲ့သည်။

“ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ မှော်စွမ်းအားလဲ”

တစ်ဖက်သားကို အချိန်အတော်ကြာအောင် ထွက်ပြေးခွင့်ပေးထားပြီးမှ လက်ချောင်းများဖြင့် အာကာပြင်ကို ထိုးဖောက်ကာ ဖမ်းဆီးလိုက်သည်မှာ အံ့ဖွယ်သရဲ လုပ်ရပ် ဖြစ်သည်။

ဆံပင်နီလူငယ်လေးက သူမည်မျှသန်မာကြောင်း ပြသရန်အတွက် သံတမန်နှစ်ဦးကို အချိန်အတော်ကြာအောင် လွှတ်ပေးထားကြောင်း ထွင်ထျန်းဟာ ကောင်းစွာသိသည်။

သို့သော် ဤမြင်ကွင်းက အတော်လေး ကြောက်စရာကောင်းပြီး ခမ်းနားသော ရုပ်ရှင်ကားတစ်ကား ကြည့်ရှုနေရသကဲ့သို့ပင်။

ဆရာလေးလင်းသာဆိုလျှင် ဤမျှ အင်အားကြီးမားသော အထူး အကျိုးသက်ရောက်မှုရှိသည့် မှော်စွမ်းအင်ကို ထုတ်သုံးရန် အထူးသတိချပ်နေမည် ဖြစ်သည်။

ယင်းက တကယ်တမ်းတွင် လူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး အကျင့်စရိုက်နှင့်သာ သက်ဆိုင်သည်။

ဆရာလေးလင်းက သိုသိုသိပ်သိပ် နေတတ်သောကြောင့် ဤအချက်ကိုအ ထူးအာရုံစိုက်ထားသော်လည်း အင်မော်တယ်ကျန်းရွမ်ကမူ ဇာချဲ့တတ်သော ကိုယ်ရည်ကိုယ်သွေး ရှိသည်ဟု ဆိုရမည်။

သူက မှော်စွမ်းရည်ကို ထုတ်သုံးရန် ဆုံးဖြတ်ပြီးကတည်းက တစ်ဖက်သားကို ဖမ်းရန်အတွက် ကြည့်အကောင်းဆုံး ဖြစ်နိုင်သည့် မှော်စွမ်းရည်ကို အသုံးပြုခဲ့သည်။

တစ်ချိန်က မိုးခေါင်ခြင်းကြယ်တွင်လည်း ထိုကဲ့သို့ လုပ်ခဲ့ဖူးသည်။

ထို့ကြောင့် တွေးကြည့်လိုက်လျှင် အင်မော်တယ်ကျန်းရွမ်သည် ဇာချဲ့လွန်းသည် ဟူသော စကားလုံးနှင့် တစ်ထပ်တည်း ဖြစ်နေသည်ဟု ထွင်ထျန်းဟာ ခံစားလိုက်ရသည်။

အင်မော်တယ်ကျန်းရွမ်က သံတမန်နှစ်ဦးကို ကောင်းကင်မှလွှတ်ချလိုက်သောအခါတွင် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့၏ မျက်နှာများသည် ထိုကြီးမားသောဖိအားကြောင့် ညိုမဲသွားပြီး အမူးသမားများကဲ့သို့ မြေပြင်ပေါ်တွင် ချာချာလည်အောင် မူးဝေသွားကြသည်။

“ဘယ်သူလဲ.. ဘယ်သူက ငါတို့ကို ထိုက်ကျိသိုင်းကို လေ့ကျင့်ခိုင်းနေတာလဲ”

“ပြေးချင်သေးလား”

ကျန်းရွမ်က သူတို့နှစ်ဦးကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

ဤအပြုံးမျိုးသည် ဖန့်ရှင်း၏ အမှတ်အသားဖြစ်သည့် လိမ္မာပါးနပ်သော အပြုံးမျိုးဖြစ်သည်။

အင်မော်တယ်ကျန်းရွမ်က သူ့လက်ကို မြှောက်ကာ လေထဲမှရွှေချည်မျှင် အချို့ကို ဆွဲယူလိုက်သည်။

ထို့နော်က သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ရာ အင်မော်တယ် ရက်ကန်းစင်ထဲသို့ ရောက်သွားသကဲ့သို့ ရွှေရောင်ချည်မျှင်များက ရောယှက်သွားပြီး အဆုံးသတ်တွင် ရွှေလှောင်အိမ် ဖြစ်သွားခဲ့သည်။

ရွှေလှောင်အိမ်အတွင်း ပိတ်မိနေသော အခိုက်အတန့်တွင် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့သည် စွမ်းအားမဲ့သည့် ခံစားချက်ကို ခံစားလိုက်ရသည်။

ဤရွှေရောင်လှောင်အိမ်က သူတို့၏စွမ်းအား အရင်းအမြစ်ကို ပိတ်ဆို့ထားခဲ့၍ နတ်ဆိုးစွမ်းအင်ကို လုံးဝ အသုံးမပြုနိုင်တော့ပေ။

ထို့အပြင် ဤရွှေလှောင်အိမ်က သူတို့ကို အားနည်းစေသဖြင့် သူတို့၏ ခွန်အားကိုလည်း မစုစည်းနိုင်တော့ပေ။

သူ၏ စွမ်းအင်များကို ပြသပြီးနောက်တွင် ဆံပင်နီလူငယ်ကထွင်ထျန်းဟာကို ထပ်မံ ဦးညွှတ်လိုက်သည်။

“စီနီယာခွေး.. ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကို ခွင့်လွှတ်ပေးပါ.. ကျနော် တတ်မြောက်ထားတဲ့ အကျဉ်းချ မှော်စွမ်းရည်တွေထဲမှာ အဆင့်၉ မှော်စွမ်းရည်အဆင့် ရှိတဲ့ ဒီနယ်နိမိတ် ဘောင်ခတ် မှော်စွမ်းရည်က ကျွန်တော် တတ်နိုင်တဲ့ တစ်ခုတည်းသောအရာပဲ”

ထိုစကားကိုကြားလျှင် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့က သွေးအန်လုနီးပါး ဖြစ်သွားကြသည်။

အဆင့်၉ မှော်စွမ်းရည် မပြောနှင့် အဆင့်၇ မှော်စွမ်းရည်ကပင် ၎င်းတို့ကို အကျဉ်းချရန် လုံလောက်နေပြီ ဖြစ်သည်။

ယင်းအချိန်တွင် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့သည် အင်မော်တယ်ကျန်းရွမ်၏ စကားထဲမှ သူတို့ သတိမမူမိသည့် အချက်ကို ဖမ်းဆုပ်မိလိုက်ကြသည်။

“ဒီလူက အဆင့်၉မှော်စွမ်းရည်လို့ ပြောလိုက်တာလား”

နှစ်ယောက်စလုံးက ထိတ်လန့်သွားကြသည်။

“အဆင့်၉မှော်စွမ်းရည်လား”

ဤအတိုင်းသာဆိုလျှင် လူငယ်သည် အင်မော်တယ်အရှင်မြတ် အဆင့် ကျင့်ကြံသူ ဖြစ်နိုင်ချေရှိသည်။

သံတမန်နှစ်ဦး၏ ကမ္ဘာ့အမြင်က ပြိုကျသွားခဲ့သည်။

ဟုတ်ပါသည်၊ လူသားကျင့်ကြံသူ အားလုံးက အစွမ်းထက်ကြသည်။

လူသားကမ္ဘာတွင် အင်မော်တယ်အရှင်မြတ် မရှိဟု ပြော၍မရပေ။

သို့သော်လည်း ဤကဲ့သို့ အင်မော်တယ် အရှင်မြတ်တစ်ပါးက အမွေးစိမ်းခွေး တစ်ကောင်ကို အဘယ်ကြောင့်အလေးအမြတ်ထားနေရပါသနည်း။

အင်မော်တယ်အရှင်မြတ်ကဲ့သို့ တည်ရှိမှုများသည် ၎င်းတို့ကိုယ်ကို ဂျူနီယာဟု သမုတ်ကြသည်လော။

“အင်း.. မဆိုးပါဘူး”

ထွင်ထျန်းဟာက ခေါင်းညိမ့်ပြလိုက်ပြီး အေးဆေးတည်ငြိမ်သလို ဟန်ဆောင်နေလိုက်သည်။

တကယ်တမ်းတွင် သူက ဆံပင်နီလူငယ်၏ စွမ်းအားကြောင့် လိပ်ပြာလွင့်မတတ် ဖြစ်နေသည်။

“သူတို့ကို ဖမ်းလိုက်တဲ့ လက်နည်းစနစ်က တော်တော်အစွမ်းထက်တာပဲ”

ထွင်ထျန်းဟာက စိတ်လိုလက်ရ ချီးကျူးလိုက်သည်။

အင်မော်တယ်ကျန်းရွမ်က ရိုသေစွာ ဦးညွှတ်လိုက်သည်။

“စီနီယာရဲ့ရှေ့မှာ ကျွန်တော့ရဲ့ စွမ်းဆောင်ရည်က ရယ်စရာဖြစ်နေပါပြီ.. အဲဒါက ကောင်းကင်လက်ဖဝါးဆိုတဲ့အဆင့်၁၀ လက်နည်းစနစ်ပဲ”

“အဆင့်၁၀တောင်လား”

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။

“မဆိုးပါဘူး.. နည်းနည်းလောက် ပိုကြိုးစားလိုက်ရင် မင်းငါ့ကိုကျော်တက်သွားမှာပါ”

ထွင်ထျန်းဟာက ဆိုလိုက်သည်။

“ဟုတ်ပါ့မလား.. အခုချိန်ထိ စီနီယာခွေး ထုတ်သုံးခဲ့တဲ့ မှော်စွမ်းရည်ကို ကျွန်တော်အခုထိ နားမလည်သေးဘူး.. အစကနေအဆုံးထိ ဘာလှုပ်ရှားမှုတစ်ခုမှ မလုပ်ဘဲနဲ့ အဆင့်၁၂မှော်စွမ်းရည်ကို တိုက်ရိုက် အသုံးပြုနိုင်ခဲ့တယ်.. အဲဒီမြင်ကွင်းကို အခုအချိန်ထိ လုံးဝ မမေ့နိုင်သေးဘူး”

“အဆင့်၁၂မှော်စွမ်းရည်လား”

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့က ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် ထွင်ထျန်းဟာသည် နယ်မြေသံတမန် နှစ်ဦး၏ အမူအရာကို တစ်ချက်ကြည့်လိုက်သည်။

ထိုနှစ်ဦးလုံး၏ မျက်နှာက အိုမိုဆပ်ပြာမှုန့်နှင့် ဆေး‌ကြောထားသကဲ့သို့ ဖြူဖွေးနေသည်။

“စီနီယာခွေး.. သူတို့ကို ဘာလုပ်ချင်လဲ”

အင်မော်တယ်ကျန်းရွမ်က ထွင်ထျန်းဟာကို မေးလိုက်သည်။

ထွင်ထျန်းဟာက တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့ကို တစ်ချက်ကြည့်လိုက်သည်။

တကယ်တမ်းတွင် ဤနှစ်ယောက်ကို သတ်ပစ်ရန်သူဘယ်တုန်းကမှ မကြံစည်ခဲ့ပေ။

သံတမန်နှစ်ဦးကို ကြည့်မရသော်လည်း သူ့အနေဖြင့် တရားလက်လွတ် မပြုမူနိုင်ကြောင်း ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

သူသာ ထိုနှစ်ယောက်ကို သတ်လိုလျှင် စကားတစ်ခွန်းသာပြောရန် လိုအပ်ပြီး ကျန်းရွမ်က ပုရွက်ဆိတ် ကဲ့သို့ လွယ်လွယ်ကူကူ သတ်ပစ်လိမ့်မည် ဖြစ်သည်။

သို့သော် ဤသံတမန်နှစ်ဦး၏ သေဆုံးမှုက ပြဿနာများ၏ အဖြေမဟုတ်ပေ။

တာအိုကျင့်ကြံသူ မြင်းမျက်နှာ သေဆုံးမှုက နတ်ဆိုးသူတော်စင်၏ ကန့်သတ် ပြစ်ဒဏ်ကြောင့် ဖြစ်သည်။

ထို့ကြောင့် ထွင်ထျန်းဟာကို အပြစ်တင်၍မရပေ။

အကြီးအကဲဝမ်၏ မြေးဖြစ်သူ ဝမ်ယွီထံမှ အခြေအနေတစ်ခုလုံးကို သိရှိပြီးနောက်တွင် နယ်မြေ၄ခုကြားရှိ ပဋိပက္ခများကိုဖြေရှင်းရန် နည်းလမ်းရှိမရှိကို သူတွေးတောနေခဲ့သည်။

နတ်ဆိုးကမ္ဘာတွင် နယ်မြေ ၁၀၈ခုရှိပြီး အတွင်းပိုင်းနယ်မြေ၄ခုသည် အဓိကကျသော နယ်မြေ ဖြစ်သည်။

ပဋိပက္ခများကို ဖြေရှင်းနိုင်သရွေ့ နတ်ဆိုးလောကထဲရှိ နတ်ဆိုးများ အားလုံးကို မိသားစုတစ်စုတည်း အဖြစ် စုစည်းနိုင်မည် ဖြစ်၏။

သေချာစဉ်းစားပြီးနောက်တွင် ထွင်ထျန်းဟာက ဆုံးဖြတ်ချက်ချလိုက်သည်။

“သူတို့ကို လွှတ်ပေးလိုက်ပါ”

“ဟုတ်ကဲ့စီနီယာခွေး”

ဆံပင်နီလူငယ်က စီနီယာခွေး၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း လေးစားလိုက်နာခဲ့သည်။

သူက လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ရွှေလှောင်အိမ်ကို ဖယ်ရှားပေးလိုက်သည်။

ထွင်ထျန်းဟာက သံတမန်နှစ်ဦးထံ ချဉ်းကပ်လာခဲ့သည်။

ထိုစဉ်တွင် သံတမန်နှစ်ဦး တုန်လှုပ်နေသည်ကို သူရှင်းရှင်းလင်းလင်း သိနိုင်ခဲ့သည်။

“မင်းတို့ရဲ့ အသက်ကို နှမျောလို့ ချမ်းသာပေးလိုက်တယ်.. ဒါကြောင့် ငါ့ကိုယ်စား မက်ဆေ့ချ်ပို့ပေးပါ”

သူက စိုက်ကြည့်ရင်း ပြောလိုက်သည်။

“နောက်ထပ် နာရီဝက်ကြာရင် ငါတို့တွေ တောင်ပိုင်းနယ်မြေ မြောက်ပိုင်းနယ်မြေနဲ့ အနောက်ပိုင်းနယ်မြေတွေဆီ ဆင်းပြီး အားလုံးကို ဖျက်ဆီးပစ်မယ်”

ထွင်ထျန်းဟာက တစ်ခဏမျှ တွေးလိုက်ပြီး တမင်တကာဘက်လိုက်သလို ခံစားရသောကြောင့် သူ၏ စကားလုံးများကို အမြန် ပြန်ပြင်လိုက်သည်။

“အနောက်ပိုင်းနယ်မြေ မြောက်ပိုင်းနယ်မြေ တောင်ပိုင်းနယ်မြေတွေတင်မကဘူး.. အရှေ့ပိုင်းနယ်မြေကိုပါ တိုက်ခိုက်မယ်”

ထိုစကားကြောင့် သံတမန်နှစ်ယောက် အပြင် အကြီးအကဲဝမ်၏ အသားအရည်များကလည်း ဖြူဖျော့သွားသည်။

ထိုခဏဝယ်ထွင်ထျန်းဟာ ဘေးမှ အင်မော်တယ်ကျန်းရွမ်သည် စီနီယာခွေး၏ ရည်ရွယ်ချက်ကို အနည်းငယ် နားလည်သွားခဲ့သည်။

ဤသည်က အလွန်အသက်ဝင်သော သင်ခန်းစာ တစ်ခုသာ ဖြစ်လိမ့်မည်။

ပြီးနောက် စီနီယာခွေး၏ သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်ခြင်းလည်း ဖြစ်လာပေလိမ့်မည်။

အပိုင်း(၅၉၃) ပြီး၏

All Chapters