← Chapters

နတ်ဆိုးကမ္ဘာနှင့် ပတ်သက်၍ ရတက်မအေးသော ထွင်ထျန်းဟာ

Vol. 40 Ch. 594

နတ်ဆိုးကမ္ဘာနှင့် ပတ်သက်၍ ရတက်မအေးသော ထွင်ထျန်းဟာ

Vol. 40 Ch. 594

ဤရုတ်တရက် ဆုံးဖြတ်ချက်က တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့ မျှော်လင်ထားသည်ကို ကျော်လွန်သွားခဲ့သည်။

ဤသည်က ရယ်စရာမဟုတ်မှန်း သူတို့ပြောနိုင်သည်။

ဤဆံပင်နီ လူငယ်လေးတွင် ထိုကဲ့သို့သော ခွန်အားမျိုး အမှန်တကယ် ရှိပေသည်။

နယ်မြေ၄ခုကို မဆိုထားနှင့် ဂြိုဟ်တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်ရန် လွယ်ကူသောအရာ ဖြစ်သည်။

နယ်မြေသံတမန်နှစ်ဦးက ခြေကုန်သုတ်၍ ထွက်ပြေးသွားကြပြီး အတွင်းပိုင်း နယ်မြေများ၏ နတ်ဘုရားများနှင့် ဆွေးနွေးရန် ပြန်သွားကြသည်။

“စီနီယာခွေး.. ဒီနယ်မြေ၄ခုက နတ်ဆိုးနတ်ဘုရားတွေကို ဖိအားပြင်းပြင်းထန်ထန် ပေးပြီး ပြန်လည် ပေါင်းစည်းအောင် လုပ်မလို့လား”

ခဏအကြာတွင် အင်မော်တယ်ကျန်းရွမ်က မေးလိုက်သည်။

“အင်း”

ထွင်ထျန်းဟာက ခေါင်းငြိမ့်လိုက်သည်။

နတ်ဆိုးကမ္ဘာသည် တစ်ချိန်က အလွန်ပင် အေးချမ်းခဲ့သည်။

သို့သော် လွန်ခဲ့သောနှစ်ပေါင်း၁၀၀ကျော်က မျိုးဆက်သစ် နတ်ဆိုးနတ်ဘုရားများ အုပ်စိုးလာပြီးနောက်တွင် ယခုအချိန်ထိ မဖြေရှင်းနိုင်သေးသော အငြင်းပွားမှုများ တိုးလာခဲ့သည်။

ထိုမျိုးဆက်သစ် နတ်ဆိုးနတ်ဘုရားများသည် အထူးသဖြင့် အစွန်းရောက်ကြသည်။

အနောက်ပိုင်းနယ်မြေမှ နွားအရှင်မြတ်နှင့် တောင်ပိုင်းနယ်မြေမှ ဝိညာဥ်အင်ပါယာတို့ နှစ်ဦးစလုံးသည် စစ်ကို လိုလားသူများဖြစ်သည်။

မြောက်ပိုင်းနယ်မြေမှ လိပ်မိစ္ဆာကမူ ကြားနေဝါဒ ဖြစ်ပြီး အင်အားသာသည့်ဘက်သို့ အလွယ်တကူ ယိမ်းသွားတတ်သည်။

အရှေ့ပိုင်းနယ်မြေနှင့် ကျန်နယ်မြေ၃ခု အကြား အငြင်းပွားမှုသည် စင်စစ် အနောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေများမှ နတ်ဆိုးနတ်ဘုရားနှစ်ပါး၏ လက်ချက်ဖြစ်သည်။

ဤကဲ့သို့ စစ်ကိုလိုလားသူများ၏ အဓိကလက္ခဏာမှာ ၎င်းတို့သည် ၎င်းတို့၏ ပျော်ရွှင်စရာအကြောင်းကိုသာ တွေးတောလေ့ရှိပြီး ၎င်းတို့နယ်မြေအတွင်းရှိ အခြားသော နတ်ဆိုးများကို လုံးလုံးလျားလျား ထည့်သွင်းစဉ်းစားခြင်းမျိုး မရှိကြခြင်းဖြစ်၏။

ထို့ကြောင့် ယခုတစ်ကြိမ် ထွင်ထျန်းဟာ၏ အစီအစဉ်သည် စစ်ကို ရပ်တန့်ရန်အတွက် စစ်ပွဲကို အသုံးချရန်သာ ဖြစ်သည်။

ဟုတ်ပါသည်၊ ဤစစ်ပွဲက အမှန်တကယ် ဖြစ်လာမည်မဟုတ်ပေ။

အင်မော်တယ်ကျန်းရွမ်က ထွင်ထျန်းဟာနှင့်အတူ ကစားပေးရန် လိုအပ်သည်။

လေးလေးနက်နက် တွေးနေပုံရသော ထွင်ထျန်းဟာကို ငေးကြည့်ရင်း ဆံပင်နီလူငယ်လေးက အဆုံးမရှိ ရိုသေလေးစားမှုများ ပြည့်နှက်နေသည်။

စီနီယာခွေးက စီနီယာခွေးသာ ဖြစ်သည်။

၎င်းက နတ်ဆိုးကမ္ဘာ၏ အခြေအနေအတွက် အတော်လေးစိုးရိမ်နေပုံပင် ။

ဤသည်က ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်လိုသည့် ကြီးမြတ်သောပုဂ္ဂိုလ်များ၏ စိတ်ဓာတ်လည်း ဖြစ်နိုင်သည်။

ထို့ပြင် အင်မော်တယ်ကျန်းရွမ် အလိုချင် အတောင့်တဆုံးအရာမှာ စီနီယာခွေး၏ ပဋိပက္ခ ပြဿနာများကို ဖြေရှင်းပေးပြီး စီနီယာခွေးထံ ပညာသင်ကြားခွင့်ရရန် ချဉ်းကပ်လိုခြင်းဖြစ်သည်။

အင်မော်တယ်ကျန်းရွမ်က အဝေးကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ဒီနတ်ဆိုးတွေက စီနီယာခွေးရဲ့ စေတနာကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

စဉ်းစားခန်းဝင်နေစဉ်မှာပင် ထွင်ထျန်းဟာက ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးကို လှမ်းကြည့်လိုက်သည်။

နယ်မြေသံတမန်နှစ်ဦး ထွက်သွားသည်ကိုမြင်လျှင် အကြီးးအကဲဝမ်ကလည်း ကောင်စစ်ဝန်ရုံးထဲမှ ထွက်လာပြီး ထွင်ထျန်းဟာကို ဦးညွှတ်ကာ အလင်းတန်းအဖြစ် ပြောင်းလဲ၍ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

အကြီးအကဲဝမ်က အရှေ့ပိုင်းနယ်မြေ၏ ကင်းမြီးကောက်ဘုရင်ထံ ဤသတင်းကိုပို့မည်ဟု ထွင်ထျန်းဟာ ခန့်မှန်းမိသည်။

အခြားသံတမန်နှစ်ဦးနှင့် မတူသည့်အချက်မှာ အကြီးအကဲဝမ်က အနည်းငယ် တွေဝေနေခဲ့သည်။

ထွင်ထျန်းဟာကလည်း သူ၏အပြုအမူကို ကြည့်ပြီး တစ်ခုခုကို တွေးတောနေလိမ့်မည်ဟု ခန့်မှန်းမိသည်။

သူ၏အစီအစဉ်က အရှေ့ပိုင်းနယ်မြေအတွက်အသက်ရှူချောင်စေပြီး ကျန်နယ်မြေ၃ခု၏ နတ်ဆိုးနတ်ဘုရားများကို ဖိနှိပ်နိုင်ရန်အတွက် အကောင်းမွန်ဆုံး နည်းလမ်း ဖြစ်သည်။

နယ်မြေ၄ခုကြား စည်လုံးညီညွတ်မှုကို ချောမွေ့အောင်ဆောင်ရွက်နိုင်ရန်မှာ အဆုံးသတ်တွင် နတ်ဆိုးနတ်ဘုရား၄ပါး၏ ဆုံးဖြတ်ချက် ပေါ်တွင်သာ မူတည်သည်။

သို့သော် ထွင်ထျန်းဟာ သိသလောက် စစ်ကိုလိုလားသည့် နတ်ဘုရားနှစ်ပါးသည် ခေါင်းတလားကို မမြင်မချင်း မျက်ရည်မကျသော ယောက်ျားများ ဖြစ်ကြသည်။

ထို့ကြောင့် ၎င်းတို့က ရှုံးနိမ့်ခြင်းကို လွယ်လွယ်နှင့် ဝန်ခံမည် မဟုတ်ပေ။

“သူတို့နဲ့ တိုက်ခိုက်တဲ့အခါကျရင် သူတို့ကို ညှာညှာတာတာလုပ်ပါ”

“ကောင်းပါပြီ စီနီယာကြီး”

ကျန်းရွမ်က သဘောကျစွာ ခေါင်းငြိမ့်လိုက်သည်။

ထို့နောက်တွင် ထွင်ထျန်းဟာက ကိုယ်တိုင်ကိုယ်ကျ လမ်းပြခဲ့သည်။

လူတစ်ယောက်နှင့် ခွေးတစ်ကောင်က အနောက်ပိုင်းနယ်မြေကို ဦးတည် ပျံသန်းလာကြသည်။

အနောက်ပိုင်းနယ်မြေသို့ ရောက်သောအခါ ထွင်ထျန်းဟာသည် အံ့ဩစရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

သူတို့သွားမည့်လမ်းကို စောင့်ကြပ်နေသည်က အရပ်ရှည်ပြီး ခန္ဓာကိုယ် တုတ်ခိုင်သော‌ အသားညိုညို လူတစ်ယောက် ဖြစ်သည်။

ထိုလူ၏ခေါင်းတွင် နွားဦးချိုများ ပေါက်နေပြီး လက်ထဲတွင် ကန်ဘုရင်၏ဓားကို ကိုင်ထားသည်။

ထိုလူ၏နောက်တွင် ထောင်နှင့်ချီသော နတ်ဆိုးကောင်များ ရှိနေကြပြီး အများစုမှာ အနောက်ပိုင်းနယ်မြေမှ မျိုးနွယ်စုအသီးသီး၏ နတ်ဆိုးဘုရင်များ ဖြစ်သည်။

၎င်းတို့အားလုံးက အရေးပေါ် တိုက်ပွဲဝင်ရန်အတွက် ဤနေရာတွင် အချိန်တိုအတွင်း စုရုံးခဲ့ကြခြင်း ဖြစ်၏။

အမှန်တိုင်းပြောရလျှင် ထွင်ထျန်းဟာ၏ နတ်ဆိုးဘုရင်ဘဝ၌ ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမှမတွေ့ဖူးခဲ့ပေ။

နတ်ဆိုးကောင်များနှင့် နတ်ဆိုးဘုရင်အုပ်စုကို နတ်ဆိုးနတ်ဘုရားတစ်ပါးက ဦးဆောင်ထားသည်။

ထို့ကြောင့် ဤပတ်ဝန်းကျင်တွင် နတ်ဆိုးချီက လွမ်းမိုးနေခဲ့သည်။

ထွင်ထျန်းဟာက ရွှေရောင်အလင်း အကာအကွယ် ရှိနေသည်ကို ရုတ်တရက် အလွန်ဝမ်းမြောက်မိသည်။

သို့မဟုတ်လျှင် ဤနတ်ဆိုးချီကြောင့် သူ၏ ခြေထောက်များက အားနည်းကာ ပျော့ခွေသွားလိမ့်မည် ဖြစ်သည်။

စုန်းနတ်ဆိုးက ဦးချိုရှိသည့် အသားခပ်ညိုညိုလူ၏ ဘေးတွင် ရပ်နေသည်။

“နွားအရှင်မြတ်.. တောင်ပိုင်းနဲ့ မြောက်ပိုင်းရဲ့ နတ်ဆိုးနတ်ဘုရားနှစ်ပါးက ငါတို့နဲ့အတူ စစ်တိုက်ဖို့အတွက် မကြာမီ ရောက်လာလိမ့်မယ် ဆိုတဲ့ သတင်းကို ရထားပြီးပြီ”

နွားအရှင်မြတ်က မျက်မှောင်ကြုတ်လိုက်၏။

သူ၏အမူအရာက ရက်စက်ကြမ်းကြုတ်သောပုံ ပေါက်နေ၏။

သူကိုင်ထားသည့် ကန်ဘုရင်၏ဓားတွင် ဓားသွားတစ်လျှောက် နတ်ဆိုးစွမ်းအားများက စုဝေးနေပြီး ငွေရောင်အလင်းတန်းကို ထုတ်ဖော်နေသည်။

လည်ပင်းတွင်လည်း နွားဦးချိုများကို ကြိုးဖြင့်သီ၍ ဆွဲထားသည်။

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး၏ စကားကိုကြားလျှင် နွားအရှင်မြတ်သည် သူ၏အနီရောင်ဝတ်ရုံကို ချွတ်က ကြီးကျယ်ခမ်းနားသော အပေါ်ပိုင်း ကြွက်သားများကို ထုတ်ဖော်လိုက်သည်။

“ကျန်တဲ့ နတ်ဆိုးနတ်ဘုရားတွေက လာရဲမှာသေချာလို့လား”

ထွင်ထျန်းဟာက နွားအရှင်မြတ်ကို ခနဲ့လိုက်ပြီး ကျန်းရွမ်ဘက်သို့ လှည့်ကာ “မင်းဘယ်လိုထင်လဲ”ဟု မေးလိုက်သည်။

“ဂျူနီယာက စီနီယာရဲ့တွေးခေါ်မှုကို အပြည့်အဝ နားလည်ပါတယ်”

ကျန်းရွမ်က ပြန်ဖြေလိုက်သည်။

တစ်ခါတစ်ရံတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသည်မှာ မကောင်းပေ။

လူတော်တော်များများက မိမိကိုယ်ကို အထင်ကြီးတတ်ကြသော်လည်း တကယ်တမ်းတွင် ရေအိုင်ထဲမှ ဖားသူငယ်များသာ ဖြစ်သည်။

ကျန်းရွမ်က ဤအချက်ကို လေးလေးနက်နက် နားလည်ခဲ့သည်။

စီနီီယာခွေးနှင့် မတွေ့ဆုံမီက အင်မော်တယ်အရှင်မြတ် အဆင့်သည် အမြင့်ဆုံးနယ်ပယ်အဆင့် ဖြစ်နေပြီဟု သူထင်ခဲ့သည်။

နောက်ပိုင်းမှသာ ယင်းက လုံးဝမဟုတ်ကြောင်း သူသဘောပေါက်ခဲ့သည်။

သင့်ထက် သာလွန်သော အခြားတစ်ယောက်သည် အမြဲတစေ ရှိနေပေလိမ့်မည်။

ဘယ်လောက်ပဲ အမြင့်ကိုရောက်နေပါစေ သင်၏ စိတ်နေသဘောထားကို အမြဲလိုလို နှိမ့်ချနေရပေမည်။

စင်စစ် ယုံကြည်မှုရှိခြင်းနှင့် ယုံကြည်မှုမရှိခြင်းမှာ လုံးဝမတူပေ။

ယုံကြည်မှုက လွန်ကဲသွားလျှင် ကောင်းသောအရာ မဟုတ်ပေ။

“မင်းက ငါ့ရဲ့မြင်းမျက်နှာကို သတ်ခဲ့တာလား”

နွားအရှင်မြတ်က ကန်ဘုရင်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

သူက နှာခေါင်းကနေ ပြင်းထန်စွာ နှာမှုတ်လိုက်ရာ နတ်ဆိုးစွမ်းအင်များက သူ့နှာခေါင်းက ကွင်းကိုပင် တုန်လှုပ်သွားစေသည်။

စင်စစ် သူက နှာခေါင်းမှ လေထုနှင့် နှာခေါင်းကွင်းကြားမှ တုန်ခါမှုကို အသုံးပြုကာ ပြင်းထန်သောဝိညာဉ်ရေး ဖိနှိပ်မှုအသံကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

အင်မော်တယ်ကျန်းရွမ်က သက်ပြင်းချလိုက်ပြီး သူ့လက်ညိုးကို စက်ဝိုင်းသဏ္ဍာန် လှုပ်ရှား၍ နွားအရှင်မြတ်၏ အသံလှိုင်းမှော်စွမ်းရည်ကို တိုက်ရိုက် ချေဖျက်လိုက်သည်။

ဤနေရာမှာတင် မပြီးသေးဘဲ ဤရိုးရှင်းသည့် လက်ချောင်းလှုပ်ရှားမှုလေးက လေပြင်းများကို တိုက်ခတ်စေပြီး နတ်ဆိုးမျာကို လွင့်ထွက်သွားစေခဲ့သည်။

ဤသည်မှာ လက်ချောင်းတစ်ချောင်းမျှသာဖြစ်သည်။

“တကယ်ကို အစွမ်းထက်လွန်းတာပဲ”

နွားအရှင်မြတ်က မျက်မှောက်ကြုတ်သွားသည်။

ထိုနောက်တွင် သူက ကန်ဘုရင်ဓားသွားနှင့်အတူ လေထဲသို့ ခုန်တက်လိုက်သည်။

ကြီးကျယ်ခမ်းနားသော နတ်ဆိုးစွမ်းအားများက ဓားသွား၏ အစွန်းတစ်လျောက်တွင် စုဝေးလာခဲ့သည်။

ထိုအချိန်တွင် ကျန်းရွမ်က သူ့လက်ချောင်းများကို ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။

ရှိရှိသမျှ နတ်ဆိုးများအားလုံးက သတ္တုကွဲအက်သံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

“……….”

အနောက်ပိုင်းနယ်မြေ၏ နွားအရှင်မြတ်က ဤကဲ့သို့မြင်ကွင်းမျိုး ဖြစ်လာမည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။

သူက ဓားဖြင့်မတိုက်ခိုက်မီ သူ့လက်ထဲမှ ကန်ဘုရင်ဓားသွားသည် ဓားရိုးတစ်ခုသာ ကျန်ရှိတော့သည်။

“ကြိုးစားချင်သေးလား.. အကယ်၍ စီနီယာခွေး ကိုယ်တိုင်သာ မင်းတို့ကို အရေးယူဆောင်ရွက်မယ်ဆိုရင် သူ့ရဲ့ လက်ချောင်းတစ်ချောင်းတည်းနဲ့ မင်းတို့ သေသွားလိမ့်မယ်”

လေထဲမှကျန်းရွမ်က နွားအရှင်မြတ်ကို ပြုံးပြလိုက်သည်။

“စွမ်းအားနဲ့ပတ်သက်ပြီး မင်းဘာမှ နားမလည်ပါဘူး”

အပိုင်း(၅၉၄) ပြီး၏

All Chapters