အရုပ်တွေကို တူနဲ့ ထုတိုင်း ကစားနေတာလား
Vol. 40 Ch. 595
ကန်ဘုရင်ဓား ပျက်စီးသွားချိန်တွင် အနောက်ပိုင်းနယ်မြေမှ နွားအရှင်မြတ်သည် တစ်ဖက်လူက သူယှဉ်ပြိုင်နိုင်သည့် ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်ရသဖြင့် အေးစက်သောချွေးစေးများ ထွက်လာသည်။
ဤမြင်ကွင်းကိုကြည့်ရင်း ကျန်းရွမ်က မျက်မှောင်ကြုတ်လိုက်သည်။
သူအင်မော်တယ်အရှင်မြတ် ဖြစ်လာစဉ်ကတည်းက သူ၏ အတွင်းစိတ်နတ်ဆိုးဖြစ်သည့် လေဝိညာဉ်မှ လွဲ၍ မည်သည့်တိုက်ပွဲမှ ခဲယဉ်းစွာ မတိုက်ခဲ့ဖူးပေ။
ယင်းက လွန်ခဲ့သော နှစ်၁၀၀အတွင်း လေဝိညာဉ်မှလွဲ၍ အခြားမည်သူနှင့်မှ မတိုက်ခိုက်ခဲ့ရဟု ဆိုနိုင်သည်။
၎င်းက နတ်ဆိုးလောက၏ နတ်ဆိုးနတ်ဘုရား ဖြစ်သည့်အပြင် အတွင်းပိုင်းနယ်မြေ၄ခု၏ အရှင်သခင်လည်း ဖြစ်၍ နတ်ဆိုးသူတော်စင်မှ လွဲလျှင် ဤနေရာတွင် အစွမ်းအထက်ဆုံး ဖြစ်သင့်သော်လည်း သူက လွယ်လွယ်ကူကူပင် အနိုင်ယူနိုင်ခဲ့သည်။
“အရမ်းအားနည်းလွန်းတယ်”
ထိုသို့တွေးလိုက်ပြီး ဆံပင်နီလူငယ်လေးက သူ့ဘေးမှ ထွင်ထျန်းဟာကို ငေးကြည့်လိုက်သည်။
ဤစီနီယာခွေးက စိတ်နှလုံးပြည့်ဝသည်ဟု ခံစားမိကာ ပို၍ပင်သဘောကျလာသည်။
စီနီယာခွေးက တစ်ဖက်သားကို ဂရုဏာပြပြီး ညှာညှာတာတာလုပ်ရန် ထပ်ခါထပ်ခါ သတိပေးနေသည် မဟုတ်ပါလော။
ထိုသို့မဟုတ်ဘဲ သူ၏ပုံမှန်စိတ်နှင့်သာ ဆိုလျှင် ဤနွားအရှင်မြတ်သည် နေရာမှတင် သေဆုံးသွားပေလိမ့်မည်။
ကျန်းရွမ်က ထိုအချိန်က စီနီယာခွေး၏ မလှုပ်မယှက်တိုက်ခိုက်မှုကို ရုတ်တရက် တွေးတောမိလိုက်ပြီး ဤကိစ္စကို ဆောင်ရွက်ရန် အတွက် သူ့ကို တမင်တကာ ဆင့်ခေါ်ခဲ့ခြင်းဖြစ်မည်ဟု တွေးမိခဲ့သည်။
စီနီယာခွေးက ဤကိစ္စကို ကိုယ်တိုင် မဆောင်ရွက်လိုခြင်းမဟုတ်သလို ပျင်းရိနေခြင်းလည်း မဟုတ်ပေ။
စီနီယာခွေးကဲ့သို့ အစွမ်းထက်သောခွေးသည် ၎င်း၏စွမ်းအားကိုထိန်းချုပ်ရန် ဂရုမစိုက်မိလျှင် ဤနတ်ဆိုးကမ္ဘာက မိနစ်ပိုင်းအတွင်း ပျက်စီးသွားလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့် စီနီယာခွေး၏နှလုံးသားက သက်ရှိအားလုံးအတွက် ဖြစ်သည်ဟု ကျန်းရွမ်ထင်ခဲ့သည်။
[ကြီးမြတ်တဲ့စိတ်ဓာတ်.. ဒါမှတကယ်ကြီးမြတ်တဲ့စိတ်ဓာတ်ပဲ]
ထိုသို့တွေးမိပြီး ကျန်းရွမ်က ထွင်ထျန်းဟာကို ကြည့်လိုက်ရာ စီနီယာခွေး၏ မျက်လုံးက ပို၍ကြီးမားပြီး အရပ်ကလည်းပိုရှည်လာသလို ထင်ရသည်။
''အရမ်းကို ထူးချွန်ပြောင်မြောက်လွန်းတယ်''
ကျန်းရွမ်၏မျက်နှာက မျှော်လင့်ချက် ရောင်ခြည်များ ပြည့်နှက်နေသည်။
သူ့အနေဖြင့် စီနီယာခွေး၏အဆင့်အထိ ရောက်ရှိနိုင်ရန် အပတ်တကုတ် ကြိုးစားရပေမည်။
မည်သို့ပင်ဆိုစေကာမူ ယခုလောလောဆယ်တွင် စီနီယာခွေး၏ နောက်သို့လိုက်ရန် လိုအပ်နေသေးသည်ဟု
ကျန်းရွမ် ခံစားမိသည်။
ဤအတွေးက သူ၏စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပုံပင်။
တစ်ဖက်တွင်လည်း အနောက်ပိုင်းနယ်မြေမှ နွားအရှင်မြတ်သည် အလွန်ပင် ရှက်ရွံ့နေသည်။
အဓိကအချက်မှာ သူ၏ကန်ဘုရင်ဓား ကျိုးသွားခြင်းကြောင့်မဟုတ်ဘဲ သူ၏ ပထမဆုံးလှုပ်ရှားမှုကို တစ်ဖက်သားက လွယ်လွယ်ကူကူ ချေဖျက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ပြင် ယင်းက နတ်ဆိုးအပေါင်းတို့၏ ရှေ့တွင် ဖြစ်ပျက်ခဲ့သောကြောင့် နွားအရှင်မြတ်ကို ပို၍ အရှက်ရစေသည်။
ကျန်းရွမ်က အနောက်ပိုင်းနယ်မြေမှ နွားအရှင်မြတ်ကို သင်ခန်းစာတစ်ခု သင်ကြားပေးပြီးနောက်တွင် ထွင်ထျန်းဟာသည် စီနီယာတစ်ဦး၏ အနေအထားကို ထိန်းသိမ်းကာ ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် နွားအရှင်မြတ်က ခေါင်းကိုမော့ကာ လေထဲသို့ တစ်ချက်လှမ်းကြည့်၍ အော်ဟစ်လိုက်သည်။
အခြားသော နတ်ဆိုးများကလည်း နွားအရှင်မြတ်၏ နောက်သို့ လိုက်ကြည့်လိုက်ကြသည်။
အနောက်ပိုင်းနယ်မြေမှ နွားအရှင်မြတ်နှင့် မြေပြင်ပေါ်မှနတ်ဆိုးများက အလွန်အမင်း ဝမ်းမြောက်သွားကြသည်။
စစ်ကူတွေ ရောက်ရှိလာပြီဖြစ်သည်။
သို့သော် ကျန်းရွမ်က သူ၏လက်ညှိုးကို ညင်သာစွာလှုပ်ရှားလိုက်သောအခါ အနောက်ပိုင်းနယ်မြေမှ နွားအရှင်မြတ်နှင့် စုန်းနတ်ဆိုးတို့သည် ၎င်းတို့၏ ဦးခေါင်းပေါ်သို့ တောင်ကြီးတစ်ခု ကျရောက်လာသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးက မြေကြီးထဲသို့ နှစ်မြုပ်သွားပြီး ဦးခေါင်းတစ်လုံးသာအပြင်ဘက်တွင် ကျန်ရှိတော့သည်။
အရေးအကြီးဆုံးအချက်မှာ ဤမှော်စွမ်းရည်တွင် အကျဉ်းချနိုင်သော အကျိုးသက်ရောက်မှု ရှိနေ၏။
ဤကဲ့သို့ ခေါင်းတစ်ခုသာ ချန်ထား၍ ကျန်သည့်ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံး မြေကြီးထဲသို့ ဖိသိပ်ခံရသည့် ခံစားချက်က နွားအရှင်မြတ်ကို အလွန်ပင် ခံစားရခက်စေသည်။
တစ်စုံတစ်ရာ အမှားလုပ်မိသည်နှင့် သူလည်ပင်းက ဖြတ်ပစ်ခံရမည်ဟု နွားအရှင်မြတ် ခံစားမိသည်။
ထို့နောက်တွင် အနောက်ပိုင်းနယ်မြေမှ နွားအရှင်မြတ်၏ နတ်ဆိုးဘုရင်များအပါအဝင် ထောင်ပေါင်းများစွာသော နတ်ဆိုးများကိုလည်း ကျန်းရွမ်က မြေကြီးသို့ ဖိသိပ်ကာ အပြင်ဘက်တွင် ဦးခေါင်းတစ်လုံးသာ ချန်ထားခဲ့သည်။
ဤမြင်ကွင်းက တကယ်ကို ဆန်းပြားနေ၏။
အဝေးမှကြည့်လျှင် ဦးခေါင်းများကို အစက်အပြောက်များအဖြစ်သာ မြင်ရမည်ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ထွင်ထျန်းဟာ၏ နှလုံးသားက အေးခဲသွားသလို ခံစားလိုက်ရသည်။
နှလုံးရောဂါရှိသူများအတွက် ဤမြင်ကွင်းမှာ ရောဂါထဖောက်လောက်သော မြင်ကွင်းမျိုး ဖြစ်သည်။
"စီနီယာ.. အနီးနားမှာ အော်ရာနှစ်ခုရှိနေတယ်"
ကျန်းရွမ်က ပြုံး၍ ပြောလိုက်သည်။
ဤဟန်ဆောင်ဇာတ်လမ်းတွင် သူက ဇာတ်ပို့နေရာဟု ခံစားရပြီး တိုက်ပွဲက သူ့အတွက် အပျော်သက်သက် မဟုတ်တော့ပေ။
ကျန်းရွမ်က သူကိုယ်တိုင် သရုပ်ဆောင်ရ၍ ပျော်ရွှင်နေပုံရသည်။
ကျန်းရွမ်က မိုးခေါင်ခြင်းကြယ်သို့ ပြောင်းရွှေ့နေထိုင်ရန်လှုံ့ဆော်သည့် ဇာတ်ကားတစ်ကားကို ရိုက်ကူးရန် အမြဲစိတ်ကူးခဲ့ဖူးသည်။
ထို့ကြောင့် ဤအခိုက်အတန့်သည် သူ၏ သရုပ်ဆောင်စွမ်းရည်ကို လေ့ကျင့်ရန် အခွင့်အရေးတစ်ခု ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ သူကိုယ်တိုင် ဒါရိုက်တာတစ်ယောက် ဖြစ်လာသည်အထိ စီနီယာခွေးထံမှ သင်ယူခွင့်ရခြင်း ဖြစ်သည်။
ကောင်းကင်ပေါ်တွင် တောင်ပိုင်းနယ်မြေ၏ တစ္ဆေအင်ပါယာနှင့် မြောက်ပိုင်းနယ်မြေ၏ လိပ်မိစ္ဆာတို့ ရှိနေသာည်။
အတွင်းပိုင်းနယ်မြေနှစ်ခု၏ နတ်ဆိုးနတ်ဘုရား နှစ်ပါးသည် တစ်ပါးပြီးတစ်ပါး ရောက်ရှိလာကြသည်။
သူတို့၏အစွမ်းသတ္တိက အနောက်ပိုင်းနယ်မြေ အရှင်သခင် နွားအရှင်မြတ်နှင့် တန်းတူဖြစ်၏။
ထိုနေရာသို့ နတ်ဆိုးနတ်ဘုရားနှစ်ပါး ရောက်ရှိလာသောအခါ နွားအရှင်မြတ်နှင့်အတူ အနောက်ပိုင်းနယ်မြေမှ နတ်ဆိုးထောင်ပေါင်းများစွာက မြေပြင်ထဲသို့ ခေါင်းတစ်လုံးသာ ကျန်သည်အထိ ဖိသိပ်ခံထားရသည်ကို မြင်လိုက်ရသည်။
နတ်ဆိုးနတ်ဘုရားနှစ်ပါးက တစ်ချိန်တည်းတွင် မျက်မှောင်ကြုတ်သွားသည်။
"ဒါကဘာလဲ.. အရုပ်တွေကို တူနဲ့ထုတမ်း ကစားနေတာလား"
[ကျပမ်းပေါ်လာသာ့်အရုပ်များအား တူဖြင့်ထုရိုက်သည့်ကစားနည်းကိုရည်ညွှန်းသည်]
ထိုခဏတွင် သူ၏ညာလက်ရုံး ဖြစ်သည့် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးလည်း မြေကြီးထဲတွင် မြှုပ်ခံထားရသည်ကို မြင်လိုက်ရသဖြင့် ဝိညာဥ်အင်ပါယာက ဒေါသတကြီး ဖြစ်သွားရသည်။
သူက လေထဲမှပျံသန်းလာပြီး ထွင်ထျန်းဟာနှင့် ကျန်းရွမ်ကို စိုက်ကြည့်လိုက်သည်။
"မင်းတို့က ငါ့ရဲ့ဗိုလ်ချုပ်ကို ဒီလိုဆက်ဆံရဲတယ်လား"
သူ၏စကားမဆုံးခင်မှာပင် သူ့ခြေထောက်များက နစ်ဝင်သွားသလိုခံစားလိုက်ရသည်။
နောက်ထပ် တစ်စက္ကန့်တွင် တောင်ပိုင်းနယ်မြေမှ တစ္ဆေအင်ပါယာသည် မြေကြီးထဲသို့ နစ်ဝင်သွားပြီး ခေါင်းတစ်လုံးသာ ကျန်ရှိတော့သည်။
ထွင်ထျန်းဟာ စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ယင်းက တကယ်ကို ကြေကွဲစရာ ကောင်းလွန်းနေသည်။
တစ်ဖက်သတ်ဆန်သော တိုက်ခိုက်မှုလည်း ဖြစ်၏။
မြောက်ပိုင်းနယ်မြေမှ လိပ်မိစ္ဆာက ပို၍ပင် သနားဖို့ကောင်းသည်။
သူက နှာခေါင်းပေါ်ရုံအထိ နစ်မြုပ်သွား၍ ဘာစကားမှပင် မပြောနိုင်တော့ပေ။
ကျန်းရွမ်က နတ်ဆိုးနတ်ဘုရား၃ပါးကို အထူးတလည် တန်းစီ၍ ထားခဲ့သည်။
ယင်းက အမှန်တကယ် ရယ်စရာကောင်းသော မြင်ကွင်းဖြစ်သည်။
စိတ်ပျက်အားငယ်သော မျက်နှာအမူအရာ ဖြစ်နေသည့် နွားအရှင်မြတ်က ပြောလိုက်သည်။
"ဘာလို့စစ်သည်တွေ များများ ခေါ်မလာတာလဲ"
တောင်ပိုင်းနယ်မြေမှ ဝိညာဥ်အင်ပါယာက အံကြိတ်လိုက်သည်။
"ငါက အစီအရင်ခင်းကျင်းပြီးတာနဲ့ စစ်သည် ၁၀သန်းကို တိုက်ရိုက် ခေါ်နိုင်တယ်လေ.. ဒီကိုငါနဲ့အတူ ခေါ်လာစရာမှ မလိုတာ.. လခွမ်း.. ငါဒီကိုရောက်တာနဲ့ ဒီလိုဖြစ်လာမယ်လို့ ငါလည်း ဘယ်လိုသိမှာလဲ"
မြောက်ပိုင်းနယ်မြေမှ လိပ်မိစ္ဆာက သက်ပြင်းချလိုက်သည်။
"ဒီလိုအချိန်မှာ နတ်ဆိုးသူတော်စင်ကိုပဲ အားကိုးရတော့မယ်.. လူတွေရဲ့ခွန်အားက ငါတို့ရဲ့ခွန်အားနဲ့ ကွာခြားချက်ကြီးမားလွန်းတယ်"
ထိုအချိန်တွင် နတ်ဆိုးများအားလုံး တိတ်ဆိတ်သွားကြသည်။
ထိုစကားကြောင့် ထွင်ထျန်းဟာက စိတ်ထဲတွင် ပြုံးလိုက်မိသည်။
မြောက်ပိုင်းနယ်မြေမှ လိပ်မိစ္ဆာက အမှန်တကယ်ပင် နတ်ဆိုးသူတော်စင်ကို ဆင့်ခေါ်ခြင်းနှင့်ပတ်သက်၍ အရေးကြီးသောအချက်ကို ထုတ်ဖော်ခဲ့သည်။
နတ်ဆိုးအချို့သည် စည်းမျဉ်း ကန့်သတ်ချက်များကို မချိုးဖောက်သရွေ့ နတ်ဆိုးသူတော်စင်သည် နတ်ဆိုးလောက၏ အရေးကို ဂရုမစိုက်ပေ။
ရှင်းလင်းစွာပြောရလျှင် နတ်ဆိုးသူတော်စင်သည် လွယ်ကူစွာ ထွက်ပေါ်လာမည် မဟုတ်ပေ။
အကယ်၍ နတ်ဆိုးသူတော်စင်ကို ဆင့်ခေါ်လိုလျှင် အတွင်းပိုင်း နယ်မြေ၄ခုမှ နတ်ဆိုးနတ်ဘုရားများက အတူတကွ ဆင့်ခေါ်ရမည် ဖြစ်သည်။
ယခုအခါတွင် တောင်ပိုင်းနယ်မြေ၊ မြောက်ပိုင်းနယ်မြေနှင့် အနေက်ပိုင်းနယ်မြေမှ မဟာမိတ်များ ပြုလုပ်က အရှေ့ပိုင်းနယ်မြေကို အတွင်းပိုင်းနယ်မြေထဲမှ ထုတ်ပယ်ရန် ကြံစည်ခဲ့ကြသည်။
အရှေ့ပိုင်းနယ်မြေမှ ကင်းမြီးကောက်ဘုရင်သည် နတ်ဆိုးသူတော်စင်ကို ဆင့်ခေါ်ဖို့ နေနေသာသာ ဤနေရာသို့ လာမလား ဆိုသည်ကိုပင် သူတို့မသိချေ။
တောင်ပိုင်းနယ်မြေမှ ဝိညာဥ်အင်ပါယာ "ဒီခွေးက လုံးဝကို ရူးသွပ်နေတာပဲ"
အနောက်ပိုင်းနယ်မြေမှ နွားအရှင်မြတ် "ဘာကြောင့် ဒီလိုကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးက နတ်ဆိုးကမ္ဘာဆီ ရောက်လာရတာလဲ"
မြောက်ပိုင်းနယ်မြေမှ လိပ်မိစ္ဆာ "ငါအစကတည်းက မလိုလားအပ်တဲ့ ပြဿနာတွေကို မလုပ်ပါနဲ့လို့ မင်းတို့ကိုမပြောဘူးလား.. အခုအခြေအနေကိုကြည့်စမ်း.. ငါတို့ ကင်းမြီးကောက်ဘုရင်ကို လိုအပ်နေပြီ.. သူသာ မလာရင် ငါတို့အားလုံးသေဖို့က သေချာသလောက် ဖြစ်သွားပြီ"
ယခုအချိန်တွင် နတ်ဆိုးနတ်ဘုရား ၃ပါးလုံး၏ နှလုံးသားထဲတွင် ဝမ်းနည်းလာကြသည်။
သူတို့က နတ်ဆိုးသူတော်စင်၏ စရိုက်ကို ကောင်းစွာသိသည်။
အတွင်းပိုင်းနယ်မြေ၄ခု၏ နတ်ဆိုးနတ်ဘုရား အားလုံးကို နတ်ဆိုးသူတော်စင်မှ ခန့်အပ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် နတ်ဆိုးသူတော်စင် အတွက် သူတို့၏ တည်ရှိမှုက အမှန်တကယ် မရှိမဖြစ်ဟုပင် ဆိုရမည်။
ထို့ကြောင့် အတွင်းပိုင်းနယ်မြေ၄ခုမှ နတ်ဆိုးနတ်ဘုရား ၄ပါး အတူတကွ ဆင့်ခေါ်ခြင်း မပြုခဲ့လျှင် နတ်ဆိုးသူတော်စင်ကို လုံးဝ ဆင့်ခေါ်၍ ရမည်မဟုတ်ချေ။
ယင်းအချိန်အနေတွင် အခြေအနေကို စောင့်ကြည့်နေသည့် ထွင်ထျန်းဟာက အမြီးကိုတွန့်လိုက်ပြီး အေးစက်စက် အသံဖြင့်ပြောလိုက်သည်။
"ကဲ.. အမြုပ်ခံထားရတဲ့ နတ်ဆိုးအားလုံးကို အရင်သတ်လိုက်ရအောင်"
သူ့အသံက အလွန်ကျယ်လောင်ခြင်း မရှိသော်လည်း နတ်ဆိုးနတ်ဘုရား၃ပါးနှင့် ၎င်းတို့၏ နောက်လိုက် နတ်ဆိုးများအားလုံးကို မျက်နှာများ ဖြူဖျော့သွားစေခဲ့သည်။
အပိုင်း(၅၉၅) ပြီး၏