← Chapters

လိုက်လျောညီထွေမှုရှိရမယ်

Vol. 40 Ch. 596

လိုက်လျောညီထွေမှုရှိရမယ်

Vol. 40 Ch. 596

“ကောင်းပါပြီ စီနီယာခွေး”

ကျန်းရွမ်က ယခင်အတိုင်း အမိန့်ကိုနာခံပြီး ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

ဤသည်က ကြောက်မက်ဖွယ်ဗျူဟာ တစ်ခုမှန်း သူ့စိတ်ထဲတွင် ကောင်းစွာသိသည်။

စင်စစ် ထိုနတ်ဆိုးမျာသည် အမှန်တကယ် အရေးယူစရာအကြောင်းမရှိပေ။

သူ၏အောက်ဘက်ရှိ ထောင်ပေါင်းများစွာသော နတ်ဆိုးသားရဲများ မျက်နှာဖြူဖျော့လာသည်ကို မြင်လိုက်ရလျှင် ကျန်းရွမ်က အနည်းငယ် ပျော်စရာကောင်းသလို ခံစားလိုက်ရပြီး သူ၏နှုတ်ခမ်းထောင့်များက အပေါ်ဘက်သို့ ကွေးတက်သွားခဲ့သည်။

နတ်ဆိုးသားရဲလေးများကို အရူးလုပ်ရခြင်းသည် အလွန်စိတ်ပျော်ရွှင်စရာ ကောင်းသည်ဟု သူခံစားမိသည်။

ကျန်းရွမ်၏အပြုံးက တစ်စုံတစ်ရာ မှားယွင်းနေသောကြောင့် ထွင်ထျန်းဟာက အင်မော်တယ်ကျန်းရွမ်၏ ထူးဆန်းသော အမူအကျင့် တချို့ကို အမှတ်မထင် လှုံ့ဆော်မိခဲ့သလားဟုပင် ထင်မြင်ခဲ့သည်။

ထွင်ထျန်းဟာက သူ့ကိုကူညီရန်အတွက် ကျန်းရွမ်ကို ဆင့်ခေါ်မိခြင်းကို အဆုံးမဲ့ နောင်တရနေခဲ့သည်။

ဤအပြုံးက ရုပ်ရှင်ထဲမှ လူယုတ်မာ သခင်လေးများ၏ အပြုံးမျိုး ဖြစ်သည်။

အင်မော်တယ်ကျန်းရွမ်က စိတ်ဖောက်သွားလျှင် မခက်ပေလော။

စောစောကသာ သိခဲ့လျှင် သူ့အနေဖြင့် သခင်လေးလင်းကို ပြတ်ပြတ်သားသား အကူအညီ တောင်းမိပေလိမ့်မည်။

ထိုအချိန်တွင် ကျန်းရွမ်က ထွင်ထျန်းဟာကိုကြည့်၍ ပြောလိုက်သည်။

“စီနီယာခွေး.. ကောင်းကင်ပေါ်မှ ဒီလိုရပ်နေတာက စီနီယာခွေးအတွက် သိက္ခာကျတယ်လို့ ကျွန်တော်ထင်တယ်.. ကျွန်တော် ထိုင်ခုံတစ်လုံးလောက် လုပ်ပေးရမလား.. စီနီယာခွေးသာ ထိုင်ခုံမှာထိုင်လိုက်ရင် ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းမျိုး ဖြစ်လာမှာ အမှန်ပဲ”

ကျန်းရွမ်က သူ၏အောက်ဘက်မှ နတ်ဆိုးများစွာကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားသော လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ”

ထွင်ထျန်းဟာက ပြန်ဖြေလိုက်သည်။

“ဒါဆို စီနီယာခွေး အတွက် အခုချက်ချင်း ထိုင်ခုံတစ်လုံး ဖန်တီးပေးမယ်”

အင်မော်တယ်ကျန်းရွမ်က ခေါင်းညိမ့်လိုက်သည်။

ကျန်းရွမ်က သူ၏လက်ညိုးဖြင့် လေထဲ၌ မှော်အစီအရင် တစ်ခုကို ရေးဆွဲလိုက်ပြီး ကောင်းကင်ဆီသို့ တွန်းပို့လိုက်သည်။

ထိုခဏတွင် အစီအရင်မှ ရွှေရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်ကို ထွင်ထျန်းဟာ မြင်လိုက်ရသည်။

ကျန်းရွမ်ထံတွင် ဇာချဲ့တတ်သော စရိုက်ရှိကြောင်း ထွင်ထျန်းဟာ ကောင်းစွာသိသည်။

တစ်နည်းအားဖြင့် ကျန်းရွမ် ထုတ်သုံးလိုက်သော မှော်စွမ်းရည်အားလုံးသည် ကြီးကျယ်ခမ်းနားသည်မှာ အသေအချာပင်။

ယခု ကျန်းရွမ် ထုတ်သုံးလိုက်သော မှော်စွမ်းရည်သည် ဟွာရှို့နိုင်ငံ၏ မှော်စွမ်းရည်မဟုတ်ပေ။

ရွှေရောင်အစီအရင်၏ အပြင်အဆင်ကို အကဲခတ်ကြည့်လျှင် အတွင်းရှိ သင်္ကေတအများစုသည် အနောက်တိုင်းမှ ဖြစ်သည်။

“ဒီထိုင်ခုံက စီနီယာခွေးအတွက် ဆိုတော့ စီနီယာနဲ့ လိုက်ဖက်အောင် ပြင်ဆင်ပေးရမယ်”

ကျန်းရွမ်က ထွင်ထျန်းဟာကို လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

ထို့နောက် သူက လက်ဟန် စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်ရာ ကမ္ဘာကြီးတစ်ခုလုံးပင် တုန်ခါသွားခဲ့သည်။

ထောင်ပေါင်းများစွာသော နတ်ဆိုးများက ထိုတုန်ခါခြင်းကနေ မြေကြီး၏ ဖိအားကို တိုက်ရိုက်ခံစားခဲ့ရပြီး ၎င်းတို့၏ ဦးခေါင်းများက ကူကယ်ရာမဲ့စွာ တုန်ယင်သွားကြသည်။

အချို့ဆိုလျှင် ပါးစပ်ထဲမှ အမြုပ်ထသည်အထိ တုန်လှုပ်သွားသည်ကို ထွင်ထျန်းဟာ မြင်လိုက်ရသည်။

ထွင်ထျန်းဟာ “……….”

ထို့နောက်တွင် ကောင်းကင်ပေါ်ရှိ ရွှေရောင်အစီအရင်က ချက်ပြားတစ်ခုကဲ့သို့ လှည့်ပတ်နေရင်း အဆပေါင်း မရေမတွက်နိုင်အောင် ကြီးမားလာခဲ့သည်။

ထိုခဏတွင် အစီအရင်၏ အလယ်ဗဟို၌ အပေါက်တစ်ခု ပွင့်သွားပြီး ထိုအပေါက်ထဲမှ သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် အနောက်တိုင်း စစ်သည်အများအပြား ပေါ်ထွက်လာခဲ့သည်။

အင်မော်တယ်ကျန်းရွမ် “ဒါက မီရှို့နိုင်ငံကနေ ကျွန်တော်သင်ယူခဲ့တဲ့ သူရဲကောင်းဝိညာဉ်ကို ဆင့်ခေါ်တဲ့ အဆင့်၉မှော်စွမ်းရည် နည်းစနစ်ပဲ.. ဒါပေမဲ့ ကျွန်တော်ပြုပြင်လိုက်တော့ ဒီအစီအရင်က အဆင့်၁၀ နီးပါးလောက်ကို အစွမ်းထက်သွားခဲ့တယ်.. အစီအရင်မှာ အရှေ့တိုင်းရဲ့ စိတ်ကူးစိတ်သန်းတွေကိုလည်း ပေါင်းစပ်ထားခဲ့တယ်.. စီနီယာကြီး ရှုစားကြည့်ပါဦး”

စကားပြောနေရင်း အင်မော်တယ်ကျန်းရွမ်က အစီအရင်၏ ဝင်ပေါက်ကို ညွှန်ပြလိုက်သည်။

အနောက်တိုင်း စစ်သည်များအပြင် မီးခိုးရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ရှေ့ခေတ်ဟွာရှို့စစ်သည်များလည်း အများအပြား ထွက်ပေါ်လာသည်။

“ဒီဟွာရှို့စစ်သည်တွေကို မူရင်းအစီအရင်ထဲမှာ ပေါင်းထည့်လိုက်တာပဲ.. ဒီအစီအရင် ဖန်တီးတဲ့အခါမှာ ခက်ခဲတဲ့အချက်က စစ်သည်တွေ အချင်းချင်း လိုက်လျောညီထွေ ရှိအောင် လုပ်ရတာပဲ.. ကျွန်တော်က သူရဲကောင်းဝိညာဉ် ဆင့်ခေါ်ခြင်း အစီအရင်မှာ ကျွန်တော်တို့ရဲ့ အရှေ့တိုင်းယဉ်ကျေးမှုကို ပေါင်းစပ်နိုင်ခဲ့တယ်.. ဒီလို ပေါင်းစပ်ဖို့အတွက် လွန်ခဲ့တဲ့နှစ်တစ်ရာက ထုထည်ကြီးမားတဲ့ တာရာကိုတာ စစ်သည်တွေကို အများအပြား ဝယ်ခဲ့ရသေးတယ်”

ထွင်ထျန်းဟာ “……….”

နတ်ဆိုးများ “……….”

အင်မော်တယ်ကျန်းရွမ်က ပြုံးလိုက်သည်။

“အခု ကျွန်တော် ဆင့်ခေါ်နိုင်တဲ့ အနောက်တိုင်း စစ်သည်တွေနဲ့ အရှေ့တိုင်း ရှေးခေတ်စစ်သည် စုစုပေါင်း တစ်သိန်းတိတိ ရှိတယ်”

“တစ်သိန်းလား”

ထွင်ထျန်းဟာက အံ့ဩသွားသည်။

“ထွက်လာကြစမ်း”

ကျန်းရွမ်က သူရဲကောင်းဝိညာဉ် ဆင့်ခေါ်ခြင်း အစီအရင်ကို ထိန်းချုပ်၍ စစ်သည်များကို အမိန့်ပေးလိုက်သည်။

အကြမ်းဖျင်းအားဖြင့် အင်အားတစ်သောင်းခန့် ရှိသော စစ်သည်များက ဝင်ပေါက်ထဲမှ ထွက်လာကြသည်။

ထိုထက် အရေးကြီးသည်မှာ ထိုသူရဲကောင်း ဝိညာဉ်တိုင်းသည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကို အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် မြေကြီးထဲတွင် မြုပ်နှံခံထားရသည့် တောင်ပိုင်း ဝိညာဥ်အင်ပါယာပင် ရင်တုန်သွားခဲ့ရသည်။

ဤတစ်ခေါက် ထိပ်တိုက်ရင်ဆိုင်မှုတွင် သူက ဝိညာဥ် ဗိုလ်ချုပ်များနှင့် စစ်သည်များကို အသုံးပြုရန် စီစဉ်ခဲ့သည်။

သူက ဝိညာဥ်စစ်သည် အများအပြားကို ဆင့်ခေါ်နိုင်သော်လည်း စစ်သည်အယောက် တစ်ထောင်တွင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ဝိညာဥ်ဗိုလ်ချုပ်မှာ တစ်ယောက်သာ ရှိသည်။

သို့သော် သူ၏အရှေ့ရှိ သူရဲကောင်းဝိညာဉ် အားလုံးမှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကြောက်စရာ အကောင်းဆုံးမှာ ၎င်းတို့က အရေအတွက် တစ်သောင်းကျော်ပင် ရှိနေခဲ့ခြင်း ဖြစ်၏။

ဆံပင်နီလူငယ်လေး၏ စကားအရဆိုလျှင် အင်အားကိုးသောင်းခန့် ကျန်ရှိနေပါသေးသည်။

ဤကဲ့သို့ကြီးမားသော ခွန်အားကွာဟချက်ကြောင့် ဝိညာဉ်အင်ပါယာက စကားပင် မပြောနိုင်တော့ပေ။

သူတို့က အဆင့်၈ မှော်စွမ်းရည်ကို အရှားပါးဆုံး ရတနာအဖြစ် တန်ဖိုးထားကြသော်လည်း တစ်ဖက်လူကအဆင့်၁၀ မှော်စွမ်းရည်ကို ပေါ့ပေါ့တန်တန်ပင် ထုတ်ဖော်ပြခဲ့သည်။

“စီနီယာကြီး ခဏစောင့်နော်.. ကျွန်တော်စီနီယာကြီး အတွက် ကုလားထိုင်တစ်လုံး ချက်ချင်း ဆောင်ရွက်ပေးမယ်”

ကျန်းရွမ်က ဆင့်ခေါ်ထားသော‌ လေထဲမှ စစ်သည်တစ်သောင်းကို ကြည့်ရင်းပြောလိုက်သည်။

"ကဲ စဆောက်လိုက်တော့"

ထွင်ထျန်းဟာ “……….”

နတ်ဆိုးများအားလုံး “……….”

“ကုလားထိုင်တစ်လုံး ဆောက်မလို့လား”

ထို့နောက်တွင် ထောင့်နှင်ချီသော သူရဲကောင်း ဝိညာဉ်စစ်သည်များက စတင် လှုပ်ရှားတော့သည်။

သူတို့က တစ်ယောက်ပုခုံးပေါ် တစ်ယောက်တက်ကာ သူတို့၏ ခန္ဓာကိုယ်ကို အဆောက်အဦး၏ အုတ်မြစ်အဖြစ် အသုံးပြုခဲ့ကြပြီး အဆုံးသတ်တွင် ကြီးကျယ်ခမ်းနားသော ကုလားထိုင်တစ်လုံးကို ဖန်တီးခဲ့ကြသည်။

ဤသည်မှာ သူရဲကောင်း ဝိညာဉ်များဖြင့် ဖန်တီးထားသည့် အလွန် မြင့်မားသော ကျောမှီနှင့် ကျယ်ပြန့်သော လက်ရမ်းပါရှိသည့် သူရဲကောင်းဆန်သော တော်ဝင်ပလ္လင် ဖြစ်သည်။

ကုလားထိုင်က အလွန်လှပပြီး ခမ်းနားသော အသွင်အပြင် ဖြစ်ခဲ့သည်။

၎င်းက ခံ့ညားထည်ဝါပြီး လူတိုင်းကို ရူးသွပ်သွားစေလောက်သည့် လေထုကြီးတစ်ခု ရှိနေသည်။

“……….”

ထွင်ထျန်းဟာက သူ၏ နှလုံးသားအတွင်းမှ တုန်လှုပ်ချောက်ခြားမှုကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။

“စီနီယာခွေး.. ကျေးဇူးပြုပြီး ထိုင်ပါဦး”

အင်မော်တယ်ကျန်းရွမ်က သူ့လက်ကိုမြှောက်ကာ ကြိုဆိုသည့် အမူအရာ လုပ်လိုက်သည်။

ထို့နောက်တွင် ထွင်ထျန်းဟာက ထိုကုလားထိုင်တွင် ထိုင်လိုက်သည်။

ထိုင်ခုံက ကြီးကျယ်ခမ်းနားလွန်းနေပြီး ရိုးသားစွာဝန်ခံရလျှင် သူ့အတွက် သိပ်အဆင်မပြေပေ။

“စီနီယာခွေး.. စကားတွေ ပြောချင်သေးလား.. ကျွန်တော့ရဲ့သူရဲကောင်းဝိညာဉ်တွေ ထဲမှာ မီးထိုးမှန်ထိုး ဒါရိုက်တာ တစ်ယောက်လည်း ရှိတယ်”

ကျန်းရွမ်က ပြုံး၍ ပြောလိုက်သည်။

“မီးထိုးမှန်ထိုး.ဒါရိုက်တာလား”

“ဟုတ်တယ်.. မီးထိုးမှန်ထိုး ဒါရိုက်တာ”

ထိုနောက် ကျန်းရွမ်က လက်ခုပ်တီးလိုက်ရာ ရွှေရောင်ချပ်ဝတ်နှင့် ရွှေရောင်နားကပ်များကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးကို ထွင်ထျန်းဟာ တွေ့လိုက်ရသည်။

လူငယ်က လက်ပိုက်ထားပြီး အလွန်မာန ထောင်လွှားပုံရသည်။

ထို့နောက်တွင် ဆံပင်ရွှေရောင် လူငယ်လေးသည် ထွင်ထျန်းဟာ၏ နောက်ကျောဘက်သို့ ရောက်ရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ထွင်ထျန်းဟာ၏ ဦးခေါင်းထက်တွင် မီးအလင်းရောင်များ စုဝေးလာသည်။

တစ်ခုတည်းသော အားနည်းချက်မှာ ဤအလင်း စုစည်းသော မှော်လက်နက်သည် စတိုင်ကျခြင်းမရှိခဲ့ပေ။

မှော်လက်နက်က တကယ်တမ်းတွင် မီးတိုင်တစ်ခု ဖြစ်ကြောင်း ထွင်ထျန်းဟာ တွေ့ရှိလိုက်ရသည်။

“စီနီယာခွေး..မင်းမသိဘူး.. ဒီမီးထိုးမှန်ထိုး ဒါရိုက်တာကို ခေါ်ဖို့ ငါအတော်လေး ကုန်ကျခဲ့ရတယ်”

မီးတိုင်ကို ကိုင်ဆောင်ထားသော ဆံပင်ရွှေရောင် လူငယ်လေးကိုကြည့်ကာ ကျန်းရွမ်က ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော် သူ့ကို အစတုန်းက မလိုချင်ခဲ့ဘူး.. ဒါပေမဲ့ သူ့ကို ဖလက်မီးအဖြစ် ခေါ်ထားတာကလည်း မဆိုးဘူးလို့ တွေးမိခဲ့တယ်.. အဓိကကတော့ သူကရုပ်ရည်ချောမောတယ်လေ.. သူ့တစ်ကိုယ်လုံးကလည်း ရွှေရောင်တောက်ပနေတယ်”

ထွင်ထျန်းဟာက မီးတိုင်၏ အဝါရောင်မီးကို လှမ်းကြည့်လိုက်သည်။

“ဒါပေမဲ့ ဒီအလင်းရောင်က နည်းနည်းလေး မှိန်နေတယ်လို့ မထင်ဘူးလား”

“စီနီယာခွေးက မှောင်တယ်လို့ ခံစားရလို့လား.. ပြဿနာမရှိဘူးလေ.. ချိန်ညှိလို့ရပါတယ်”

အင်မော်တယ်ကျန်းရွမ်က ဆံပင်ရွှေရောင်လူငယ်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဂဲဂါမက်ရှ်.. ကြားတယ်မဟုတ်လား.. စီနီယာခွေးက မင်းကိုအလင်းရောင် ပိုတောက်ပစေချင်နေတယ်”

[ဂဲဂါမက်ရှ်= ရှေး​ခေတ် မက်ဆိုပိုတေးမီးယမ်းဒဏ္ဍာရီ၏ သူရဲကောင်း]

ထွင်ထျန်းဟာ “……….”

နတ်ဆိုးများအားလုံး “……….”

အပိုင်း(၅၉၆) ပြီး၏

All Chapters