ကျွမ်းကျင် သရုပ်ဆောင်များ
Vol. 40 Ch. 597
တိမ်များနှင့် မြူခိုးအလွှာများ အထက်ရှိ နတ်ဆိုးသူတော်စင်သည် မှော်ကျိုင်းကို လက်ထဲတွင် ကိုင်ဆောင်ထားရင်း သူတော်စင် ကျောက်တိုင်ထိပ်မှ အောက်ကမ္ဘာရှိ လှုပ်ရှားမှုကို အေးဆေးစွာ ကြည့်ရှုခဲ့သည်။
နတ်ဆိုးသူတော်စင်၏ နောက်တွင် အဖြူရောင် တာအို၀တ်စုံဝတ်ထားသော အဖိုးအိုတစ်ဦး ချဉ်းကပ်လာသည်။
သူက အောက်ကမ္ဘာကို ငုံ့ကြည့်ရင်း ပြုံးလိုက်သည်။
"မလှုပ်ရှားဘူးလား"
အဖိုးအိုက ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်၏ သူတော်စင်ဆရာကြီ (ဝါ) နတ်ဆိုးလောက၏ အကြီးအကဲချုပ် ဖြစ်ပြီး ၎င်းတို့နှစ်ဦးက ခွဲခြား၍မရပေ။
သူ၏ အဓိကတာဝန်မှာ နတ်ဆိုးကမ္ဘာကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရာတွင် နတ်ဆိုးသူတော်စင်ကို ကူညီရန်နှင့် တစ်ချိန်တည်းတွင် နတ်ဆိုးသူတော်စင် ရာထူးဆက်ခံမှုကို ကြီးကြပ်ကွပ်ကဲရန် ဖြစ်သည်။
နတ်ဆိုးသူတော်စင် ရာထူးက မျိုးရိုးအလိုက် ဆက်ခံ၍ရသော ရာထူးမျိုး မဟုတ်ပေ။
အဖိုးအို၏ မေးခွန်းကိုကြားလျှင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ခေါင်းခါယမ်းလိုက်သည်။
"ဒီလူငယ်တွေကို သင်ခန်းစာတစ်ခု သင်ပေးချင်နေတာ ကြာပြီ...ဒါကြောင့် အခုချိန်မှာ တစ်ယောက်ယောက်က ငါ့ကိုယ်စား လုပ်ပေးနေတဲ့ အတွက် ကောင်းမွန်တဲ့အလုပ်ပါပဲ"
"ဒါ့အပြင် သူတို့မှာ အမှန်တကယ် သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် မရှိတာကို ငါခံစားမိတယ်.. ငါ အခု သိချင်နေတာက ဒီခွေးရဲ့ ဇစ်မြစ်ပဲ.."
နတ်ဆိုးသူတော်စင်က သူ့ဘေးနားက အဖိုးအိုကို လှမ်းကြည့်လိုက်သည်။
"သူတော်စင် ဆရာကြီး.. မင်းမှာ အကြံအစည်ရှိလား"
"မရှိဘူး"
ဆရာကြီးက ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။
"ငါ အစောပိုင်းလေးတင် ကံကြမ္မာစက်လုံးကို အသုံးပြုပြီး စစ်ဆေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ ငါမြင်သမျှက ခပ်ရေးရေး လေးထောင့်အကွက် အစက်အပြောက်တွေပဲ"
"Pixelsလား"
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် မှင်တက်သွားသည်။
{Pixel= ခပ်ရေးရေးသာ မြင်ရသည့် လေးထောင့်အကွက် အစက်အပြောက်}
"အင်း"
ဆရာကြီးက ခေါင်းညိတ်လိုက်သည်။
"ဒီ ခပ်ရေးရေး လေးထောင့်အကွက် အစက်အပြောက်တွေက ခွေးပိုင်ရှင်နဲ့ တိုက်ရိုက် ဆက်စပ်နေမယ်ထင်တယ်"
"ဒီခွေးရဲ့ပိုင်ရှင်က အရမ်းထူးခြားတယ်.. သူက ကမ္ဘာမြေက လူသားကျင့်ကြံသူ လုံးဝမဖြစ်နိုင်ဘူး.. သူက နဂါးငွေ့တန်းဂလက်ဆီပြင်ပက ဖြစ်နိုင်တယ်"
"နဂါးငွေ့တန်း ဂလက်ဆီရဲ့ အပြင်ဘက်ကို ငါတို့နားမလည်နိုင်ဘူး.. ဒါက အမှန်တကယ် ကြောက်စရာကောင်းတဲ့ တည်ရှိမှုပဲ"
ပထမ နတ်ဆိုးသူတော်စင် အုပ်စိုးစဉ်အတွင်းမှာလည်း နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်က ဂြိုဟ်သား တစ်ကောင်က နတ်ဆိုးကမ္ဘာရဲ့ အာကာပြင်ကို အမှတ်မထင်ဖြတ်သန်းသွားရင်း သူတော်စင်ကျောက်တိုင်ကို ဖြိုခွဲလုနီးပါး ဖြစ်ခဲ့သေးတယ်"
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အံ့သြသွားသည်။
"ဒီလိုမျိုး ရှိခဲ့တယ်လား.. ငါဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"
သူတော်စင်ဆရာကြီး "ဂြိုလ်သား ကျူးကျော်ဝင်ရောက်မှုရဲ့ တစ်ခုတည်းသော မှတ်တမ်းက နတ်ဆိုးသူတော်စင်ရဲ့ သူတော်စင်နန်းတော်မှာ ရှိတယ်.. ဒါပေမယ့် မင်းဆက်ခံပြီးကတည်းက မတွေ့ဖူးသေးဘူး"
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်"သူတော်စင်ဆရာကြီး.. ငါ နတ်ဆိုးသူတော်စင် ဖြစ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူးဆိုတာ မင်းသိပါတယ်.."
သူတော်စင်ဆရာကြီး "ဒါပေမယ့် ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒပဲ.. ငါက ပထမဆုံး နတ်ဆိုးသူတော်စင် အတွက် ဆက်ခံနည်းကို ဆုံးဖြတ်ခဲ့ရသူပါ.. ဒီနောက်ပိုင်းမှာ ပထမ နတ်ဆိုးသူတော်စင်က ဒီနည်းလမ်းကိုပဲ ဆက်ခံရေးနည်းလမ်း အဖြစ် အသုံးပြုခဲ့တယ်.. အမှန်တော့ ဒီဆက်ခံရေး နည်းလမ်းက နည်းနည်းတော့ ထူးဆန်းနေတာအမှန်ပဲ"
ထိုအချိန်တွင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ငိုချင်လာခဲ့သည်။
"ဒါက နည်းနည်း ထူးဆန်းတာထက် ပိုတာပေါ့ ဆရာကြီး.. ဒီဆက်ခံရေးနည်းလမ်းကို ပြောင်းလိုက်လို့မရဘူးလား.. အဲဒါဆို ငါပင်စာယူလို့ရပြီ"
ဆရာကြီးက ခေါင်းခါယမ်းလိုက်သည်။
"မဖြစ်နိုင်ဘူး.. မင်းပင်စာယူချင်ရင် နောက်မျိုးဆက် နတ်ဆိုးသူတော်စင် ပေါ်လာတဲ့အထိ စောင့်ရလိမ့်မယ် မဟုတ်ရင် သူတော်စင်ကျောက်တိုင်ရဲ့ တုံ့ပြန်မှုကို ခံရလိမ့်မယ်"
"မင်းနတ်ဆိုး သူတော်စင်ရာထူးကို ဆက်ခံကတည်းက ဒီအချက်တွေ အားလုံးကို ငါပြောပြထားပြီးသားပါ"
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က တိတ်ဆိတ်သွားခဲ့သည်။
တကယ်တမ်းတွင် မျိုးဆက်သစ်များ အနေဖြင့် ဤရာထူးကိုဆက်ခံရန် သိပ်အလှမ်းမဝေးဟု သူခံစားခဲ့ရသည်။
…............
အနောက်တိုင်း နှင့် အရှေ့တိုင်း သူရဲကောင်းဝိညာဉ်များ၏ ပုံသဏ္ဍာန်ဖြင့် ပြုလုပ်ထားသည့် ပလ္လင်ပေါ်တွင် ထွင်ထျန်းဟာက မိန့်မိန့်ကြီးထိုင်နေပြီး အမြင့်ကနေ အောက်သို့ ငုံ့ကြည့်လိုက်သည်။
ဤပုလ္လင်က တကယ်ကို ခမ်းနားလွန်းပြီး ထောင်ပေါင်းများစွာသော စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် သူရဲကောင်း ဝိညာဉ်များ၏ အော်ရာက လူအများကို ကြောက်ရွံ့မှုအား ခံစားရစေသည်။
အော်ရာများက တစ်ခုနှင့်တစ်ခု ထပ်နေသဖြင့် မူလက အပြာရောင် ကောင်းကင်ကြီးသည် အော်ရာများဖြင့် ပြည့်နှက်နေပြီး ကမ္ဘာကြီး၏ အရောင်များပင် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
မီးတိုင်ကို ကိုင်ထားရင်း ဂဲဂါမက်ရှ်သည် ထွင်ထျန်းဟာ၏ ဦးခေါင်းအထက်ကနေ မီးဆလိုက်ဖြင့် ထိုးထားပေးခဲ့သည်။
ဤမြင်ကွင်းက ကျန်းရွမ်ကို အနုပညာ လက်ရာတစ်ခု၏ ခံစားချက်မျိုးအား ကျေကျေနပ်နပ်ကြီး ပေးစွမ်းခဲ့သည်။
ဂဲဂါမက်ရှ်၏ အလင်းရောင် စွမ်းရည်များသည် ကျန်းရွမ်၏ လမ်းညွှန်ချက်များ အောက်တွင် ဤနှစ်များတစ်လျှောက်လုံး မှန်မှန် တိုးတက်လာခဲ့သည်။
"သူတို့ ဒီကို ရောက်ခါနီးပြီ"
ထိုအချိန်တွင် ထွင်ထျန်းဟာက ကောင်းကင်ကို ရုတ်တရက် မော့ကြည့်လိုက်သည်။
အရှေ့ဘက်မှ အော်ရာနှစ်ခု ချဉ်းကပ်လာသည်။
၎င်းတို့မှာ အရှေ့ပိုင်းနယ်မြေမှ ကင်းမြီးကောက်ဘုရင်နှင့် အကြီးအကဲဝမ်တို့ ဖြစ်သည်။
ကင်းမြီးကောက်ဘုရင် ရောက်ရှိလာခြင်းက တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်ပိုင်း နယ်မြေများရှိ နတ်ဆိုးနတ်ဘုရားများကို ရှက်ရွံ့စေခဲ့သည်။
၎င်းတို့ နယ်မြေသုံးခုက အင်အားပေါင်းစည်းကာ အရှေ့ဘက် နယ်မြေကို ဖိနှိပ်ခဲ့ကြပြီး နယ်မြေလေးခုတွင် အင်အားအကောင်းဆုံး ဖြစ်ခဲ့သည်။
ထို့အပြင် သူတို့နယ်မြေများကို ဖြတ်သန်းသည့် အခွန်အခများကို အဆတစ်ရာ ကောက်ခံခဲ့ပြီး အရှေ့ဘက်နယ်မြေ၏ ကုန်သွယ်မှုများကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့သည်။
ယနေ့ သူတို့ သေပြီဟု ထင်ခဲ့ကြသော်လည်း ကင်းမြီးကောက် ဘုရင် နှင့် အကြီးအကဲဝမ်တို့ ပေါ်လာမည်ဟု လုံးဝ မမျှော်လင့်ခဲ့ကြပေ။
စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် သူရဲကောင်း ဝိညာဥ် စစ်သည် ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ပလ္လင်တော်မှ ဖိအားများသည် အလွန်ကြီးမားသဖြင့် ပတ်၀န်းကျင်တွင် မျက်လုံးဖြင့်ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့် ကန့်သတ်ချက် အစီအရင် တစ်ခုကို အလိုအလျောက် ဖန်တီးခဲ့သည်။
ထို့ကြောင့် ကင်းမြီးကောက်ဘုရင် နှင့် အကြီးအကဲဝမ်က လေထဲတွင် ဆက်လက်ပျံသန်း၍ မရတော့သဖြင့် ကောင်းကင်မှ ဆင်းသက်ရန်မှ တပါး ရွေးချယ်စရာ မရှိတော့ပေ။
သူတို့က ခြေလျင်သာ ချဉ်းကပ်နိုင်ခဲ့သည်။
သူတို့နှစ်ဦးက သူရဲကောင်း ဝိညာဥ်စစ်သည်များဖြင့် ပြုလုပ်ထားသည့် မြင့်မားခမ်းနားသော ရာဇပလ္လင်ကို မြင်သောအခါ အတောမသတ် အံသြမှုကို ခံစားလိုက်ရသည်။
"အရှင် ဒီမှာပါ"
အကြီးအကဲဝမ်က သူ့နံဘေးရှိ ခရမ်းရောင် နှင့် ရွှေရောင် တာအို၀တ်စုံကို ဝတ်ဆင်ထားသော လူငယ်အား ပြောလိုက်သည်။
သူက စကားပြောဆိုရန် ပါးစပ်ကို ဖွင့်လိုက်ရုံဖြင့်ပင် ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။
သူ့ဘေးမှာ ရပ်နေသည့် လူငယ်လေးက ရှည်လျားသော အအဖြူရောင်ဆံနွယ်ကို ဆံညှပ်ဖြင့် သေသပ်စွာ ညှပ်ထားသည်။
ဤအရာက သူ၏အမြီးကနေ ဖန်တီးထားသော သူတော်စင်လက်နက် ဖြစ်သည်။
သူတို့ နှစ်ယောက် နီးကပ်လာသည်နှင့် အမျှ သူတို့၏ ခြေလှမ်းများက ပို၍ လေးလံလာသည်ကို ခံစားလိုက်ရသည်။
"အနီးနားမှာ နွားအရှင်မြတ်၊ ဝိညာဥ်အင်ပါယာနဲ့ လိပ်မိစ္ဆာတို့ရဲ့ အော်ရာအပြင် အခြားသော နတ်ဆိုးသားရဲများစွာရဲ့အော်ရာကိုပါ ငါခံစားမိတယ်.. ဒါပေမယ့်…"
ကင်းမြီးကောက် ဘုရင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
"ဒါပေမဲ့ သူတို့ အားလုံးက ဘယ်မှာလဲ"
"............."
အကြီးအကဲဝမ် "ကင်းမြီးကောက်ဘုရင်.. ကျေးဇူးပြုပြီး အရှင့်ရဲ့ ခြေထောက်ကို ကြွလိုက်ပါ.. အရှင်က သူတို့အပေါ်မှာ ရပ်နေတယ်"
ကင်းမြီးကောက်ဘုရင်"............."
သူရဲကောင်းဝိညာဥ်ပလ္လင်၏ ပတ်ပတ်လည်တွင် ပျံ့နှံ့နေသော ရွှေရောင် အခိုးအငွေ့ကြောင့် ကင်းမြီးကောက်ဘုရင်က သတိမထားမိခဲ့ပေ။
အကြီးအကဲဝမ်၏ သတိပေးချက်ကို ကြားလျှင် သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ လုံးဝကို အံသြသွားခဲ့သည်။
သူ့ခြေဖဝါးအောက်ရှိ မြေပြင်တွင် နတ်ဆိုးများနှင့် ပြည့်နှက်နေသည်။
အနောက်နယ်မြေရှိ နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးနတ်ဘုရားသုံးပါးတို့သည် ဦးခေါင်းပေါ်ရုံလေးသာ မြေကြီးထဲတွင် မြှုပ်နှံခံထားရသည်။
"............."
ခရမ်းရောင်ဝတ်ထားသော လူငယ်လေးက အေးစက်သောလေထုကို ရှုရှိုက်လိုက်သည်။
"ဘာလဲဟ...အရုပ်တွေကို တူနဲ့ ထုတိုင်း ကစားနေတာလား"
[ကျပန်းပေါ်လာသည့် အရုပ်များကို တူဖြင့် ထုရိုက်သည့် ကစားနည်းကို ရည်ညွှန်းပါသည်]
ကင်းမြီးကောက်ဘုရင်က လိပ်မိစ္ဆာကို နင်းမိထားသည်ကို သိလျှင် ခြေကိုကြွလိုက်သည်။
ထိုအခါမှ လိပ်မိစ္ဆာက ဦးခေါင်းကို သူ၏အခွံထဲကနေ ပြန်ထုတ်လိုက်သည်။
သူ့ ဦးခေါင်း ပြန်ထွက်လာသည့်အခါ သူ့မျက်နှာတွင် ဖိနပ်ရာတစ်ခုပင် ရှိနေခဲ့သည်။
ကင်းမြီးကောက်ဘုရင်၏ စိတ်က ချက်ချင်းပင် ဗြောင်းဆန်သွားသည်။
ဤနတ်ဆိုးနတ်ဘုရားများက လအတော်ကြာအောင် သူ၏ အရှေ့ပိုင်းနယ်မြေကို အနိုင်ကျင့်ခဲ့သူများ ဖြစ်သည်။
ထို့ကြောင့် လိပ်မိစ္ဆာ၏ ဦးခေါင်းကို ခြေထောက်ဖြင့် တက်နင်းမိသည်က အရသာရှိသလို ခံစားလိုက်ရသည်။
ကင်းမြီးကောက်ဘုရင်က အခြားသူများ၏ ဦးခေါင်းပေါ်တွင် လျှောက်ပြေးရင်ကောင်းမလား ဟုပင် တွေးနေသော်လည်း သူ၏ ခြေမလှုပ်မီမှာပင် သူ့ပခုံးပေါ်၌ ဖိအားတစ်ခုကို ခံစားခဲ့ရသည်။
"မင်းတို့ နှစ်ယောက်စလုံး မြေကြီးထဲ ဝင်လိုက်တော့"
ကျန်းရွမ်က နောက်တစ်ကြိမ် ထပ်လုပ်လိုက်ပြန်သည်။
ကင်းမြီးကောက် ဘုရင်နှင့် အကြီးအကဲဝမ်က မြေကြီးထဲ ဦးခေါင်းပေါ်ရုံ ဝင်သွားလျှင် ထိတ်လန့်သွားကြသည်။
သူတို့နှစ်ဦးကို အနောက်ဘက် နွားအရှင်မြတ် ဘေးတွင် မြှုပ်နှံထားသည်။
ထိုအချိန်တွင် အတွင်းနယ်မြေလေးခုမှ နတ်ဆိုးနတ်ဘုရားများက တစ်နေရာထဲတွင် စုဝေးသွားပြီး ဦးခေါင်းပေါ်ရုံသာ ခြွင်းချက်မရှိ မြှုပ်နှံခံလိုက်ရသည်။
ကျန်းရွမ်က လက်ခုပ်တီးပြီး ပြုံးလိုက်သည်။
"မိသားစုတစ်ခု အတွက် အရေးကြီးဆုံးက စည်းစည်းလုံးလုံး ရှိဖို့ပဲ"
အပိုင်း(၅၉၇) ပြီး၏