စိတ်ဝိညာဉ် အတိတ်သို့ ပြန်လှည့်ခြင်း
Vol. 40 Ch. 598
သူ၏ခန္ဓာကိုယ်က မြေကြီးထဲသို့ နစ်မြုပ်သွားသောအခါ ကင်းမြီးကောက်ဘုရင်သည် သူ၏ ဝိညာဉ်က တာ့တာပြ၍ အသက်ဆီမီး ဆီသို့ ပြန်သွားသည်ကို မျက်စိရှေ့မှာပင် မြင်လိုက်ရသည်။
"ငါ သေတော့မှာလား"
ကင်းမြီးကောက်ဘုရင်က အသိစိတ် ပြန်ဝင်လာသောအခါတွင် သူ့ရှေ့ရှိ ရန်သူက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို လေးလေးနက်နက် သဘောပေါက်ခဲ့သည်။
သူက တစ်ဖက်သား၏ အော်ရာကို လုံးဝ မခံမရပ်နိုင် ဖြစ်နေပြီး ခွန်အား ကွာခြားချက်သည် ကောင်းကင်နှင့် ပုရွက်ဆိတ်တို့ အကြား ကွာခြားချက်မျိုး ဖြစ်နေ၏။
ဤခံစားချက်မျိုး ခံစားခဲ့ရသည်မှာ ကင်းမြီးကောက်ဘုရင် တစ်ယောက်ထဲ မဟုတ်ပေ။
မြေကြီးထဲ မြှုပ်ခံထားရသည့် နတ်ဆိုးအားလုံးက သူတို့၏ ဝိညာဥ်က သူတို့ကို တာ့တာပြ၍ အသက်ဆီမီး ဆီသို့ ပြန်သွားသည်ကို မျက်စိရှေ့မှာပင် မြင်လိုက်ရသည်။
"ဒီလိုမျိုးနဲ့ သေရတော့မှာလား"
လူသားများသာမက သက်ရှိသတ္တဝါ အများစုသည် ဆုံးရှုံးပြီးမှသာ တစ်စုံတစ်ရာကို မြတ်နိုးတတ်ကြသည်။
တစ်စုံတစ်ရာ ဆိုသည်မှာ လူတစ်ဦး၏ အသက် အပါအဝင် အရာများစွာ နှင့် သက်ဆိုင်နေသည်။
ယခင်က စစ်ပွဲများသည် နတ်ဆိုးနယ်မြေများ၏ အုပ်ချုပ်ခံ နတ်ဆိုးနတ်ဘုရားများထံ ဂုဏ်ကျက်သရေ ဆောင်ယူခဲ့ပြီး စိတ်လှုပ်ရှားဖွယ် ကောင်းစေသည်။
သို့သော် ဤတစ်ကြိမ် စစ်ပွဲတွင်မူ နတ်ဆိုးနတ်ဘုရားများသည် အသားထဲတင်မက အရိုးများတွင်ပါ နာကျင်မှုကို နက်နက်ရှိုင်းရှိုင်း ထွင်းထုခံလိုက်ရသလို ခံစားလိုက်ရသည်။
၎င်းတို့ အားလုံး သေတော့မည်ဟု တွေးမိလိုက်သည့် အခိုက်တွင် နတ်ဆိုးနတ်ဘုရားများ နှင့် နောက်ကွယ်မှ နတ်ဆိုးများက ပထမဆုံး စဉ်းစားမိသည်မှာ ငြိမ်းချမ်းရေး ဖြစ်သည်။
နတ်ဆိုးကမ္ဘာသည် နှစ်ပေါင်းတစ်ရာနီးပါး ငြိမ်းချမ်းရေးနှင့် ဝေးကွာနေခဲ့ရပြီး နေရာတိုင်း၌ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
မျိုးနွယ်စုများသည် အသေးငယ်ဆုံး အရင်းအမြစ် အတွက်ပင် ကို ကြီးမားသော တိုက်ပွဲများ ဆင်နွှဲရန် ဝန်မလေးခဲ့ကြပေ။
ထိုမတိုင်မီက ၎င်းတို့သည် နတ်ဆိုးကမ္ဘာရှိ အရင်းအမြစ်အားလုံးကို အညီအမျှ ခွဲဝေယူခဲ့ကြသည်။
ထိုအချိန်က နတ်ဆိုးဘုရင်များ နှင့် ၎င်းတို့၏ အမိန့်ပေးမှုအောက်တွင် နတ်ဆိုးများသည် စည်းစည်းရုံးရုံး ရှိကြသည်။
အဘယ်အရာက သူတို့ကို တစ်ကိုယ်ကောင်း ဆန်စေခဲ့ပါသနည်း။
အရာရာကို နောက်တစ်ကြိမ် ပြန်စခွင့်ရလျှင် သူတို့အားလုံးက ငြိမ်းချမ်းရေးကိုသာ လိုချင်ပြီး ဘယ်တော့မှ အငြင်းအခုံလုပ်ကြတော့မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် အတွင်းပိုင်း နယ်မြေလေးခုမှ နတ်ဆိုးနတ်ဘုရားများက တူညီစွာပင် တွေးတောနေကြသည်။
နယ်မြေကြီးလေးခုမှ နတ်ဆိုးနတ်ဘုရားများသာ စည်းစည်းရုံးရုံးရှိခဲ့လျှင် အစောကတည်းကပင် နတ်ဆိုးသူတော်စင်ကို ဖိတ်ခေါ်နိုင်မည် ဖြစ်ပြီး ဤအတိုင်းအတာ အထိ သိက္ခာ ကျဆင်းသွားမည် မဟုတ်ပေ။
ဆိုရလျှင် ငြိမ်းချမ်းရေးသည် သူတို့လိုအပ်သော တစ်ခုတည်းသော အရာဖြစ်သည်။
ထိုအတွေးများက အချိန်အတော်ကြာနေပုံ ရသော်လည်း တကယ်တမ်းတွင် စက္ကန့်အနည်းငယ်မျှသာ ဖြစ်သည်။
ဤသည်ကလည်း ကျန်းရွမ်၏ အစီအစဥ်တစ်ခုပင်။
နတ်ဆိုးနတ်ဘုရားများ၊ နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးသားရဲများကို မြေ၌မြှုပ်နှံရန် အသုံးပြုခဲ့သော မှော်စွမ်းရည်ကို "မြှုပ်နှံခြင်း"မှော်စွမ်းရည် ဟုခေါ်သည်။
ယင်းသည် မူလက ရှေးခေတ် ကျင့်ကြံခြင်း ဂိုဏ်းအချို့၏ လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။
လူအများကို မြုပ်နှံရန် မြေကြီး၏ စွမ်းအားကို အသုံးပြုပြီး မြေကြီး နှင့် သဲများရှိသည့် မည်သည့်နေရာမဆို အသုံးပြုနိုင်သည်။
ဆိုရလျှင် အရှင်လတ်လတ် မြှုပ်နှံဖို့ ခွန်အား အနည်းငယ်သာ လိုအပ်လိမ့်မည်။
သို့သော် ကျန်းရွမ်က မူရင်းဗားရှင်းလောက် မရက်စက်စေရန် အပ်ဒိတ်မြှင့်ထားခဲ့ပြီး ချုပ်နှောင်မှု သက်သက်သာ အသုံးပြုခဲ့သည်။
သူက မြုပ်နှံခြင်းမှော်စွမ်းရည်တွင် "အသက်ဆီမီး ဝိညာဉ်ပြန်လှည့်ခြင်း" မှော်စွမ်းရည်ကို ထပ်ပေါင်းထည့်ခဲ့၏။
မှော်စွမ်းရည်နှစ်မျိုးက ရွှေလက်တွဲဖော်များ ကဲ့သို့ အတူတကွ လုပ်ဆောင်ခဲ့သည်။
ဤ ''အသက်ဆီမီး ဝိညာဉ်ပြန်လှည့်ခြင်း"မှော်စွမ်းရည်သည် လူအများကို စိတ်နှလုံးထဲ၌ အေးအေးဆေးဆေး တွေးတောနိုင်စေရန် ဖန်တီးထားသည့် အဆင့်တစ်ဆယ် မှော်စွမ်းရည် ဖြစ်သည်။
"ငါဘယ်ကလာတာလဲ"
"ငါသေရင် ဘယ်သွားရမလဲ"
"ငါဘာလို့ ကမ္ဘာမြေကြီးပေါ် ရောက်နေတာလဲ။
"စကြဝဠာမှာ အဆုံးသတ်ရှိလား"
"တရုတ်နဂါးက အမွေးရှိလား မရှိဘူးလား"
"..........."
ဤမေးခွန်းများသည် ချုပ်နှောင်ခံရသူများကို စဉ်းစားစေမည့် မေးခွန်းများဖြစ်သည်။
ကျန်းရွမ်က အမှန်တကယ်ပင် ဉာဏ်ကြီးရှင် ဖြစ်ကြောင်း ထွင်ထျန်းဟာ ရုတ်တရက် တွေးလိုက်မိသည်။
သူတွေ့ဖူးသည့် လူအားလုံးထဲတွင် ကျန်းရွမ် ထက် ကျင့်ကြံခြင်းကို ပိုနားလည်သည့်သူမှာ ဆရာလေးလင်းက လွဲ၍ မည်သူမှ မရှိခဲ့ပေ။
ထွင်ထျန်းဟာက ကံကောင်းခြင်း အပြင် ပါရမီကလည်း ကျန်းရွမ်ကို အင်မော်တယ်အရှင်မြတ် အဆင့်ထိ ဖြစ်လာစေသည့် အဓိကအချက် တစ်ချက် ဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
…................
နတ်ဆိုးနတ်ဘုရားများနှင့် နတ်ဆိုးသားရဲများကို ကြည့်ပြီး ထွင်ထျန်းဟာက ဖြည်းညင်းစွာ ပြောလိုက်သည်။
"မင်းတို့မှာ နောက်ဆုံးပြောစရာရှိလား.."
"နောက်ဆုံးပြောစရာရှိလား.."
"နောက်ဆုံးပြောစရာ.."
"နောက်ဆုံးပြော.."
".........."
ထွင်ထျန်းဟာ "..........."
"အယ် လခွမ်းပဲ.. ဒီပဲ့တင်သံက ဘယ်ကလာတာလဲ...ဒါကမိစ္ဆာဓားနတ်ဘုရားရဲ့ အကျင့်စရိုက် မဟုတ်ဘူးလား"
ထွင်ထျန်းဟာက ရုတ်တရက် ဗီလိန်ဖြစ်လာသလို ခံစားရသည်။
အင်မော်တယ်ကျန်းရွမ်
"စီနီယာခွေး... စီနီယာကို ပြောဖို့ မေ့သွားတယ်.. သူရဲကောင်းဝိဉာဉ်ပလ္လင်မှာ ပဲ့တင်ထပ်တဲ့ အကျိုးသက်ရောက်မှုရှိတယ်"
ထွင်ထျန်းဟာ အံ့သြသွားသည်။
"အခုချိန်ထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ငါတို့ကိုယ်တိုင်ကြောင့်ဖြစ်လာတာပဲ
ငါတို့အပြစ်နဲ့ ငါတို့ကြောင့် သိပ်မပြောချင်တော့ဘူး.. စီနီယာခွေးသာ ငါတို့ကို တိုက်ခိုက်ဖို့ အခွင့်အရေးပေးရင် နောက်ဆုံးရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ.. ငါတို့ လုံးဝပျက်စီးသွားရင်တောင် ညည်းညူစရာ အကြောင်းမရှိပါဘူး"
အနောက်ဘက်နယ်မြေမှ နွားအရှင်မြတ်က ပြောပြီးသောအခါတွင် အခြား နတ်ဆိုးနတ်ဘုရားများ၏ မျက်နှာများမှာ မည်းမှောင်နေသည်။
ထွင်ထျန်းဟာ "မင်းတို့က ငါ့ကိုဘာနဲ့တိုက်နိုင်မှာလဲ"
"နတ်ဆိုးသူတော်စင်"
အနောက်ဘက်နယ်မြေမှ နွားအရှင်မြတ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"စီနီယာခွေးသာ ကျနော်တို့ကို လွှတ်ပေးရင် ကျနော်တို့အနေနဲ့ နတ်ဆိုးသူတော်စင်ကို ဖိတ်ခေါ်လို့ရတယ်"
ထွင်ထျန်းဟာက သူ့ခေါင်းကို ခွေးခြေတစ်ချောင်းဖြင့် ကုတ်လိုက်သည်။
"မင်းတို့ပြောမှ ငါသတိရတယ် ဒီဂျူနီယာကို ငါမေ့တောင်မေ့နေပြီ.. "
ထွင်ထျန်းဟာက တကယ့် စီနီယာကြီးတစ်ဦး၏ ဟိတ်ဟန်ဖြင့်ပြောလိုက်သည်။
သူတော်စင်ကျောက်တိုင်ထိပ်မှ နတ်ဆိုးသူတော်စင် "???"
"ဟမ့် ငါ့ကို ဂျူနီယာ နတ်ဆိုးသူတော်စင်နဲ့ တိုက်ခိုက်စေမလို့လား"
ထွင်ထျန်းဟာက ဇာတ်ညွှန်းနှင့် အတူ ဆက်လက်ကစားခဲ့ပြီး အေးစက်စွာ အော်ဟစ်နေချိန်တွင် ၎င်း၏ မျက်လုံးများ၌ မထီမဲ့မြင်ပြုသည့် အရိပ်အယောင်ပါ ထင်ဟပ်စေခဲ့သည်။
"နတ်ဆိုးသူတော်စင်လောက်က ငါနဲ့ တိုက်ခိုက်ဖို့ အဆင့်မီလို့လား.. ကျန်းရွမ် သူတို့ကို လွှတ်လိုက်..."
ကျန်းရွမ်၏ အမူအရာက ရှုပ်ထွေးသွားသည်။
"စီနီယာခွေး သေချာလား.. ကျနော် သူတို့ကို ခက်ခက်ခဲခဲ ချုပ်ထားခဲ့ရတာနော် "
ထွင်ထျန်းဟာ "ဒါက တကယ်တော့ သူတို့ကို အဆုံးစွန်ထိ စိတ်ပျက်အားငယ်အောင် တွန်းပို့လိုက်တာပဲ"
နတ်ဆိုးများအားလုံး "???"
“တကယ်တော့ နတ်ဆိုးလောက ထဲမှာ အကြာကြီးနေခဲ့ရလို့ ငါနည်းနည်း ညီးငွေ့လာတယ်.. ဒီနတ်ဆိုးကမ္ဘာရဲ့ နတ်ဆိုးသူတော်စင်သာ ငါ့ကို မခန့်လေးစား လုပ်ရဲရင် ဒီမိုက်ရိုင်းတဲ့ ဂျူနီယာကို ငါသေချာပေါက် ဆုံးမပစ်တယ်"
"အမှန်တော့ ငါက စစ်ပွဲကို လိုလားတဲ့သူမျိုး မဟုတ်ဘူး.. ငါ့ရဲ့ နေ့ရက်တွေကို အေးအေးချမ်းချမ်း ဖြတ်သန်းရတာကိုပဲ ပိုသဘောကျတယ်"
"ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးက သံတမန်တွေကသာ ငါ့ကို မလှုံ့ဆော်ခဲ့ရင် ဒီလောက်အထိ ဖြစ်လာမှာ မဟုတ်ဘူး"
ထိုသို့ ပြောပြီးနောက် ထွင်ထျန်းဟာ၏ ကျောပေါ်ရှိ ခွေးမွေးများက အနည်းငယ် ထောင်မတ်လာသည်။
သူက သူ့စကားကိုပင် ပြန်၍ ထိတ်လန့်နေခဲ့သည်။
ကျန်းရွမ် သက်ပြင်းချလိုက်သည်။
"စီနီယာခွေး.. စီနီယာက သိပ်ကြင်နာတတ်တာပဲ"
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး "???"
မြေကြီးထဲတွင် နစ်မြုပ်နေသည့် စုန်းနတ်ဆိုးက ကူရာမဲ့စွာဖြင့် နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားသည်။
ဤစကားက အမှန်ဆိုလျှင် ပထမဆုံး တိုက်ခိုက်ခဲ့သည်မှာ အမွေးစိမ်းခွေးဟု သူဘာကြောင့် အမှတ်ရနေပါသနည်း။
၎င်းက ခုန်ပျံကန်ချက်ဖြင့် ပြတင်းပေါက်ကို ချိုးဖျက်ပြီး မြင်းမျက်နှာ၏ မျက်နှာကို တိုက်ရိုက် ကန်ကျောက်ခဲ့သည် မဟုတ်လော။
ဆိုရလျှင် ဤဇာတ်ညွှန်းက မမှန်ကန်ပေ။
ထို့နောက်တွင် ကျန်းရွမ်က သူ့လက်ကိုဝှေ့ရမ်း၍ နတ်ဆိုးအားလုံးကို လွှတ်ပေးလိုက်သည်။
သူက နတ်ဆိုးလေးပါးကို စိုက်ကြည့်လိုက်သည်။
"ငါနတ်ဆိုးသူတော်စင်နဲ့ တစ်ခါမှ မတိုက်ဖူးဘူး.. ဒီတစ်ခါတော့ စီနီယာခွေးက ဒီမှာ ရှိနေတယ်.. ဂျူနီယာ တစ်ယောက်အနေနဲ့ တိုက်ပွဲကောင်း တစ်ခုကို တင်ဆက်သင့်တယ်.. ဒါကြောင့် မင်းတို့တွေ နတ်ဆိုးသူတော်စင်ကို ဖိတ်ခေါ်တဲ့အခါ ငါ့ကို အထင်မသေးဘဲ အစွမ်းကုန်တိုက်ဖို့ ပြောပေးပါ.. မဟုတ်ရင် သူငါ့ကို အနိုင်ယူဖို့ လုံးဝမဖြစ်နိုင်ဘူး"
နတ်ဆိုးများအားလုံး ချွေးများ ထွက်လာကြသည်။
ဤဆံပင်နီလူငယ်၏ အကြွင်းမဲ့စွမ်းအားကို ထိုအချိန်က သူတို့အားလုံး တုံ့ပြန်နိုင်စွမ်းမရှိခဲ့ပေ။
ယင်းအချက်ကြောင့်ပင် ဆံပင်နီလူငယ်က လေကြီးလေကျယ် ပြောဆိုခြင်း မဟုတ်ကြောင်း သိခဲ့သည်။
ထိုအချိန်တွင် ဝိညာဥ်အင်ပါယာက ရုတ်တရက် ပြောလိုက်သည်။
"ဆံပင်နီ စီနီယာကြီး.. ဒီဂျူနီယာကို မေးခွန်းတစ်ခုလောက် မေးခွင့်ပြုနိုင်မလား"
သူက ဤမေးခွန်းကို မေးရန် သတ္တိကို စုစည်းထားရသည်။
"မေးပါ"
အင်မော်တယ်ကျန်းရွမ်က ပြောလိုက်သည်။
"စီနီယာကြီးရဲ့တာအို နာမည်က ဘာများလဲ သိပါရစေ"
"ငါ့ တာအိုနာမည်လား.. တကယ်တော့ စီနီယာခွေး ရှေ့မှာ ငါ့ရဲ့ အနုပ်စုတ်ကုပ်စုတ် တာအိုနာမည်က ပြောဖို့တောင် မထိုက်တန်ပါဘူး"
ဆံပင်နီလူငယ်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။
"ငါ့ တာအိုနာမည်က ကျန်းရွမ်"
ကျန်းရွမ်လား..
ထိုနာမည်ကိုကြားလျှင် နတ်ဆိုးအပေါင်းတို့က ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
သူတော်စင်ကျောက်တိုင်ထိပ်ရှိ ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် ပင်လျှင် မျက်နှာ၌ အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်လာသည်။
"တကယ်ပဲ အင်မော်တယ်ကျန်းရွမ်လား"
ဤသည်မှာ ယနေ့ခေတ် လူသား ကျင့်ကြံသူများ၏ ကမ္ဘာတွင် ဒဏ္ဍာရီဆန်သော တည်ရှိမှုဖြစ်သည့် အင်မော်တယ်အရှင်မြတ် မဟုတ်ပါလော။
အပိုင်း(၅၉၈) ပြီး၏