← Chapters

ငါအသိအမှတ်ပြုလက်မှတ် ရရှိခဲ့တယ်

Vol. 40 Ch. 600

ငါအသိအမှတ်ပြုလက်မှတ် ရရှိခဲ့တယ်

Vol. 40 Ch. 600

သူတော်စင်ကျောက်တိုင်သည် နတ်ဆိုးလောက တစ်ခုလုံး၏ ကျောရိုး ဖြစ်သည်။

ထို့အပြင် ၎င်းသည် နတ်ဆိုးသူတော်စင်၏ လက်ထဲမှမှော်ကျိုင်းကို ဖန်တီးခဲ့သောအရာ ဖြစ်သည်။

ကမ္ဘာတစ်ခု ဖြစ်လာဖို့ ကောင်းကင်တာအို ဆယ်ခု အနည်းဆုံး လိုအပ်သည်။

ထို့ကြောင့် နတ်ဆိုးသူတော်စင်က အင်မော်တယ် အရှင်မြတ် အဆင့်သို့ မရောက်သေးသော်လည်း နတ်ဆိုးလောက၏ အလိုဆန္ဒ စွမ်းအားဖြင့် ပံ့ပိုးမှုကို ခံရသရွေ့ ကျန်းရွမ် ထက် အားနည်းနေမည် မဟုတ်ပေ။

နတ်ဆိုးသူတော်စင်က သူတော်စင်ကျောက်တိုင်မှ တဆင့် နတ်ဆိုးကမ္ဘာ၏ အလိုဆန္ဒ စွမ်းအားကို အသုံးပြုလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထွင်ထျန်းဟာက တစ်စုံတစ်ခု မူမမှန်သည်ကို နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်။

ဤသည်မှာ"လက်မောင်းအားလှဲခြင်း"ပြဇာတ် ဖြစ်ပြီး အဓိကသရုပ်ဆောင်များမှာ ကျန်းရွမ် နှင့် နတ်ဆိုးသူတော်စင်တို့ ဖြစ်သည်။

ကောင်းကင်တာအို ခြောက်ခု ထပ်တိုးခြင်းဖြင့် နတ်ဆိုးသူတော်စင်၏ စွမ်းအားက တစ်ဖန် တိုးမြင့်လာသည်။

ယခုတစ်ကြိမ်တွင် အပင်များသာမက အခြားသော သက်ရှိသတ္တဝါများပါ ထိခိုက်ခံခဲ့ရသည်။

အဆင့်နိမ့် နတ်ဆိုးအချို့သည် အော်ရာ အတက်အကျများအောက်တွင် မေ့လဲသွားကြသည်။

မျိုးနွယ်စုတိုင်း၏ နတ်ဆိုးဘုရင်များသည် ၎င်းတို့၏ လည်ချောင်း၌ ငါးရိုးများ နင်နေသကဲ့သို့ ခံစားခဲ့ရပြီး အသက်ရှုရ ကျပ်လာကြသည်။

ဤစွမ်းအားအဆင့်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်း၍ နတ်ဆိုးနတ်ဘုရား လေးပါးသည် အသားအရေများပင် အရောင်ဖျော့သွားခဲ့သည်။

သူတို့က နတ်ဆိုးဘုရင်များ ကဲ့သို့ ငါးအရိုးနင်သည့် ခံစားချက်ကို မခံစားခဲ့ရသော်လည်း သူတို့ ပခုံးပေါ်မှ အလေးချိန်က တကယ်ကို လေးလံလွန်းသည်ဟု ခံစားရသည်။

"ဒါက နတ်ဆိုးသူတော်စင်ရဲ့ စွမ်းအားလား"

နယ်မြေလေးခုမှ နတ်ဆိုးနတ်ဘုရားများက ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

ကောင်းကင်နှင့် မြေကြီး တွင်လည်း မှင်ရောင်ကဲ့သို့ ထူထဲသော အလွှာများဖြင့် ပြည့်နှက်နေသည်။

နတ်ဆိုးသူတော်စင်၏ စွမ်းအား လွှမ်းမိုးမှုအောက်တွင် သက်ရှိအရာအားလုံးက ညှိုးနွမ်းစပြုလာသည်။

ကျန်းရွမ် မျက်မှောင်ကြုတ်လိုက်သည်။

သူက အလျင်စလို မလုပ်ဘဲ နတ်ဆိုးကမ္ဘာကြီး၏ အလိုဆန္ဒနှင့် အတူ ပါလာသော ဖိအားများကို ခံစားသိရှိရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။

နတ်ဆိုးသူတော်စင်နှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးသောကြောင့် ဤသည်မှာ ကျန်းရွမ် အတွက် ရှားပါးပြီး အဖိုးတန်သော အတွေ့အကြုံ ဖြစ်သည်။

နတ်ဆိုးသူတော်စင်က အလွန်သန်မာကြောင်းကိုတော့ သူဝန်ခံရပေမည်။

သို့သော် ထိုအချိန်က မိုးခေါင်ခြင်း ကြယ်ဂြိုဟ်တွင် စီနီယာခွေး ပြသခဲ့သည့် ထိတ်လန့်ဖွယ်စွမ်းရည်များ နှင့် နှိုင်းယှဥ်လျှင်မူ အလှမ်းဝေးလွန်းသည်ဟု ကျန်းရွမ် တွေးမိခဲ့သည်။

သူတို့နှစ်ဦးစလုံးက အမည်ခံဥပဒေများကို နှုတ်ဖြင့် ခေါ်ဆိုနိုင်သော အခွင့်အာဏာရှိသည်။

ပိုသန်မာသောသူက အောင်နိုင်လိမ့်မည်။

အင်မော်တယ်ကျန်းရွမ်က ကောင်းကင်တွင် ပျံဝဲနေသည်။

နောက်ထပ် အခိုက်အတန့်တွင် သူ့မျက်လုံးကို ဖွင့်လိုက်သည်။

လေအရမ်း မတိုက်သော်လည်း သူ၏ မေပယ်နီရောင် တာအိုဝတ်ရုံက တဖျပ်ဖျပ် လူးလွင့်နေသည်။

နောက်ထပ် တခဏတွင် သူ့နောက်ကျောမှ ရွှေရောင်အလင်းစက်ဝန်းက အရွယ်အစား နှစ်ဆခန့် ကြီးထွားလာပြီး အရင်ကထက် ပို၍ပင် ပြင်းထန်သော အလင်းတန်းများနှင့် တောက်ပလာခဲ့သည်။

၎င်းက နတ်ဆိုးသူတော်စင်၏ စွမ်းအားကို လွှမ်းခြုံသွားခဲ့သည်။

"ကောင်းကင်တာအို၆ခု ထပ်ထည့်လိုက်တာလား"

ကျန်းရွမ်က နတ်ဆိုးသူတော်စင်၏ ပုံရိပ်ယောင် ခန္ဓာကိုယ်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ငါလည်း ကောင်းကင်တာအို ၆ခု ထပ်ထည့်ထားတယ်.. အဲဒါတွေက ပြင်ပအရင်းအမြစ် မဟုတ်ဘူး"

"မင်းမှာရှိတဲ့ ကောင်းကင်တာအို အရေအတွက်က ပုံမှန်မဟုတ်ဘူး"

နတ်ဆိုးသူတော်စင်က ကျန်းရွမ်ကို အနီးကပ် စိုက်ကြည့်လိုက်သည်။

ထွင်ထျန်းဟာကလည်း နတ်ဆိုးသူတော်စင် ကဲ့သို့ အံ့သြနေမိသည်။

မိုးခေါင်ခြင်း ကြယ်ဂြိုဟ်တွင်ရှိစဥ်က ကျန်းရွမ်၌ ကောင်းကင်တာအို သုံးခုသာ ရှိသည်ကို သူအမှတ်ရမိသည်။

အချိန်က သိပ်မကြာသေးသော်လည်း ရုတ်တရက်ကြီး ကောင်းကင်တာအို အများအပြားရှိလာခဲ့သည်။

သိထားရမည်မှာ ကောင်းကင်တာအိုက ကြက်ဥဥသလို စိတ်ကြိုက်ဥခိုင်း၍ မရပေ။

"ဒါက စီနီယာခွေးရဲ့ ကျေးဇူးပဲ"

ကျန်းရွမ်က ပြန်ဖြေလိုက်သည်။

ထွင်ထျန်းဟာ "???"

ကျန်းရွမ် "နောက်ဆုံးအကြိမ်က စီနီယာခွေး ထွက်သွားပြီးနောက်မှာ မိုးခေါင်ခြင်းကြယ်ဂြိုဟ်ကို ကျွန်တော်ကိုယ်တိုင် ဆက်လက် ပြုပြင်ခဲ့တယ်"

"ဒါပေမယ့် ဒီဂြိုဟ်ကို ပြုပြင်တာက ကျနော့်အတွက် ခံစားချက်တွေ တိုးလာစေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး.. ဒါကြောင့်ပဲ မိုးခေါင်ခြင်းကြယ်ဂြိုဟ်ရဲ့ အလိုဆန္ဒကို ရယူနိုင်ခဲ့တယ်"

ထွင်ထျန်းဟာ"............"

နတ်ဆိုးသူတော်စင်"............."

နတ်ဆိုးများအားလုံး".............."

"ဒီလို ဖြစ်ရပ်မျိုး ရှိခဲ့တယ်လား"

နတ်ဆိုးသူတော်စင်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က မေးလိုက်သည်။

"အဲဒီဂြိုဟ်က သင်ကိုယ်တိုင် ရှာထားတဲ့ ဂြိုလ်တစ်ခုလား"

ကျန်းရွမ် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်.. နဂါးငွေ့တန်းဂလက်ဆီကို ကျော်လွန်ပြီး စကြဝဠာရဲ့ ဆယ်ပုံတစ်ပုံကို မဖြတ်သန်းခင်မှာ ဒီဂြိုဟ်ကို ရှာတွေ့ခဲ့တာပဲ.. ဒီအတွက် အနှစ်တစ်ထောင်လောက် အချိန်ယူခဲ့ရတယ်.. ဒါက လေးနက်တဲ့ ကံကြမ္မာ ဖြစ်နိုင်ပါတယ်.. သိပ်မကြာခင်မှာပဲ ဂြိုဟ်ရဲ့ အသိအမှတ်ပြု လက်မှတ်ကို ရမယ်လို့ မထင်ခဲ့မိဘူး"

နတ်ဆိုးသူတော်စင် "အသိအမှတ်ပြုလက်မှတ် ဆိုတာက ဘာကြီးလဲ"

ကျန်းရွမ် "ဒါက ခေတ်သစ်ကျင့်ကြံခြင်း လောကမှာ ရေပန်းစားနေတဲ့ စကားတစ်ခွန်း ဖြစ်ပြီး သဘောတူညီချက်ကို ရယူခြင်းလို့ အဓိပ္ပါယ်ရတယ်"

ထွင်ထျန်းဟာ နှင့် နတ်ဆိုးများအားလုံး"............."

နတ်ဆိုးသူတော်စင်က အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့ပြီး ခေတ်နောက်ကျသလို ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် သင့်အနေဖြင့် သင်နှင့် အခြားသူကြား ကွာဟမှုကို အသိအမှတ်ပြုရသည်မှာ အမှန်တကယ် နာကျင်ရသောကြောင့်ပင်။

ထိုအချိန်က သူသည် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် အဖြစ် ဆက်ခံခဲ့ရသော်လည်း သူတော်စင် ကျောက်တိုင်၏ အပြည့်အဝ အသိအမှတ်ပြုမှုကို ခံယူရန် နှစ်တစ်ထောင်နီးပါး အချိန်ယူခဲ့ရသည်။

သူက နာကျင်မှုများစွာကို ခံစားခဲ့ရပြီး မျက်ရည်များစွာ ကျခဲ့ရသည်။

ဤသည်က ဂိမ်းထဲတွင် ရွှေကဒ်ဆွဲသလိုပင်၊ မဲနှိုက်ရန်အတွက် သင်က အကြွေစေ့များကို ဆယ်ကြိမ်ဆက်တိုက် ထည့်ခဲ့သော်လည်း ရွှေကဒ် တစ်ကဒ်ကိုပင် မရရှိခဲ့ပေ။

စနစ်က အခမဲ့ မဲဖောက်ပေးကာ ရွှေကတ်ရရှိခဲ့သည့် အင်မော်တယ်ကျန်းရွမ် နှင့် နှိုင်းယှဉ်လျှင် သူက ငွေမည်မျှ သုံးနေပါစေ သန်မာ မလာနိုင်သော ကံမကောင်းသည့် ကလေးတစ်ယောက်လို ခံစားရသည်။

ဤအတွေးကြောင့် နတ်ဆိုးသူတော်စင်၏ နှလုံးသားက ရုတ်တရက် တင်းကြပ်သွားသလို ခံစားလိုက်ရ၏။

အရာဝတ္ထုများကို ဖျက်ဆီးနိုင်သည့် စွမ်းအားများက မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်သည် အလွန် ခါးသီးသော အမူအရာဖြင့် သူတော်စင်ကျောက်တိုင် ထိပ်တွင် ဒူးထောက်ကျသွားသည်။

သူတော်စင်ဆရာကြီးက အလွန်ပင် ထိတ်လန့်သွားခဲ့သည်။

"ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်.. ကိုယ့်ကိုကိုယ် သတိထားပါဦး.. ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်"

…........................

"နတ်ဆိုးသူတော်စင်က အဖျက်စွမ်းအားတွေ ထပ်မထုတ်တော့ဘူးလား"

ကျန်းရွမ်က လေထုကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ကံဆိုးစွာဖြင့် နတ်ဆိုးသူတော်စင်၏ ပုံရိပ်ယောင် ခန္ဓာကိုယ်က ခပ်ရေးရေး ဖြစ်နေ၍ တစ်ဖက်သား၏ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

"ဘာဖြစ်တာလဲ"

အောက်ဘက်ရှိ နတ်ဆိုးများအားလုံး အံ့ဩသွားကြသည်။

"နတ်ဆိုးသူတော်စင်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က ရှိနေဆဲဖြစ်ပြီး တိုက်ရိုက် ပျောက်ကွယ်သွားခြင်း မရှိသေးဘူး.. တိုက်ပွဲက မပြီးလောက်သေးဘူးထင်တယ်"

ဝိညာဥ်အင်ပါယာက ပြောလိုက်သည်။

ထိုခဏတွင် ကျန်းရွမ်က ထွင်ထျန်းဟာဘက် လှည့်ကြည့်၍ ပြုံးလိုက်သည်။

"ဟားဟား စီနီယာခွေးရဲ့ မျက်လုံးတွေကနေ ဘာကိုမှ ဖုံးကွယ်ထားလို့မရပါလား"

ထွင်ထျန်းဟာ"???"

“ကျွန်တော်က မိုးခေါင်ခြင်းကြယ်ဂြိုဟ်ရဲ့ အလိုဆန္ဒကို အမွေဆက်ခံထားပြီးသား ဆိုတာ အစကတည်းက စီနီယာခွေး သိနေတယ် မဟုတ်လား"

"ဒီလိုမှမဟုတ်ရင် စီနီယာခွေးက ကျနော့်ကို ယုံကြည်ပြီး နတ်ဆိုးသူတော်စင်ကို တိုက်ခိုက်ဖို့ စေလွှတ်မှာ မဟုတ်ဘူးလေ"

"ကျနော်က စီနီယာခွေးကို စပရိုက်တိုက်ဖို့ တမင်ဝှက်ထားခဲ့တာပါ.. ကျနော့်စိတ်ထင် ဒီအလိုဆန္ဒက ကျနော့်အတွက် စီနီယာခွေး လက်ဆောင်ပေးတာ ဖြစ်ရမယ်"

ထွင်ထျန်းဟာက တိတ်ဆိတ်နေခဲ့သည်။

"................"

ဤဖြစ်ရပ်က သူနှင့် အမှန်တကယ် ဘာမှမဆိုင်ပေ။

ကျန်းရွမ် အနေဖြင့် ဂြိုဟ်တစ်လုံး၏ အလိုဆန္ဒကို အမွေဆက်ခံနိုင်ခြင်းမှာ ကံကြမ္မာအပြင် သူ့ကိုယ်ပိုင်အရည်အချင်းကြောင့်သာ ဖြစ်သည်။

ဂြိုလ်တစ်ခု၏ အလိုဆန္ဒထံမှ အသိအမှတ်ပြုမှုကို ရရှိရန်မှာ အလွန်ခက်ခဲသည်။

ထို့ကြောင့် ထွင်ထျန်းဟာက အလွန်ရှက်သွားခဲ့သည်။

စင်စစ် ကျန်းရွမ်က တကယ်ကို အံသြလောက်အောင် ပါရမီရှိသည့် လူတစ်ယောက် ဖြစ်သည်။

….................

အကြမ်းဖျင်း နှစ်မိနစ်ခန့် အကြာတွင်..

"နည်းနည်းကြာသွားလို့ တောင်းပန်ပါတယ်"

နတ်ဆိုးသူတော်စင်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါ အရမ်းသိချင်တာကြောင့် အခုပဲ အွန်လိုင်းပေါ်မှာ ဂြိုလ်တစ်ခုရဲ့ အလိုဆန္ဒအကြောင်းကို စူးစမ်းလေ့လာခဲ့တယ်"

ကျန်းရွမ်က ရယ်မော၍ ပြောလိုက်သည်။

"နတ်ဆိုးသူတော်စင်က ဒီလောက်ထိ စိတ်အားထက်သန်နေမယ်လို့ မထင်ခဲ့မိဘူး"

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်

"ဂြိုလ်တစ်ခုရဲ့ဆန္ဒကို အမွေဆက်ခံဖို့ သတင်း အချက်အလက် အနည်းငယ်ပဲ ရှိပေမယ့် မင်းကတော့ ဂြိုဟ်ကို ပြုပြင်ရင်းနဲ့ ဂြိုဟ်ရဲ့ အလိုဆန္ဒ အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့တယ်.. ဒီနည်းလမ်းကို အခုမှ ပထမဆုံးကြားဖူးတာပဲ"

"ငါကံကောင်းခဲ့တာပါ.. မင်းလည်း စမ်းကြည့်လို့ ရပါတယ် နတ်ဆိုးသူတော်စင်"

ထို့နောက် ကျန်းရွမ်က နတ်ဆိုးသူတော်စင်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ကြည့်ကာ ပြောလိုက်သည်။

"ကဲ.. ငါတို့ ဆက်ပြီး တိုက်ခိုက်ကြစို့"

သို့သော် နတ်ဆိုးသူတော်စင်က ငြင်းဆိုခဲ့သည်။

"တိုက်ခိုက်တာကို ရပ်လိုက်ရအောင်…"

ကျန်းရွမ် "............"

"မင်းက ဂြိုဟ်တစ်လုံးရဲ့ အလိုဆန္ဒကို အမွေဆက်ခံလိုက်ပြီ ဆိုမှတော့ ဆက်လက် ယှဥ်ပြိုင်နေလို့လည်း ငါတို့အတွက် ဘာမှအဓိပ္ပာယ်မရှိဘူး"

နတ်ဆိုးသူတော်စင်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က ပြောလိုက်သည်။

"မင်း ငါ့ကို မျက်နှာသာပေးမယ်ဆိုရင် ငါက မင်းနဲ့ စီနီယာခွေးကို ငါ့ရဲ့ သူတော်စင် ကျောက်တိုင်ထိပ်က သူတော်စင်နန်းတော်ဆီ ဆွေးနွေးဖို့ ဖိတ်ခေါ်ချင်ပါတယ်"

ကျန်းရွမ် "မိုးခေါင်ခြင်း ကြယ်ဂြိုလ်ကို ပြုပြင်တာနဲ့ ပတ်သက်ပြီးတော့လား"

"မဟုတ်ပါဘူး.. ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ဆွေးနွေးမလို့ပါ"

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ဂြိုလ်တွေကို ပြုပြင်ရတာက မလွယ်တဲ့အလုပ်ပါ.. ဒါပေမယ့် ပြုပြင်ခြင်းနဲ့ ပတ်သက်ပြီးပြောရရင် ငါ ငယ်ငယ်က ယာဉ်တွေကို ပြုပြင်တဲ့ အပိုင်းမှာ အကောင်းဆုံး ဖြစ်ခဲ့တယ်"

".............."

“ရှေ့မီးကြီးနဲ့ မီးငယ်တွေပါတဲ့ ကားတွေ၊ အားကစားကားတွေ ထရပ်ကားတွေ၊ တင့်ကားတွေ၊ လေယာဉ်တင် သင်္ဘောတွေနဲ့

မော်တော်ယဉ်ပြုပြင်ခြင်း လုပ်ငန်းတွေကို မင်း စိတ်ဝင်စားရင် အဲဒီ အကြောင်းအရာတွေကိုလည်း ဆွေးနွေးနိုင်ပါတယ်"

"….........."

အပိုင်း(၆၀၀) ပြီး၏

All Chapters