← Chapters

ယဲ့ထျန်းချန်

Vol. 63 Ch. 932

ယဲ့ထျန်းချန်

Vol. 63 Ch. 932

တာအိုသက်ရှိယွီတင်းက ပြောလိုက်လေသည်။

“အဲ့ဒီမှာ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်က တစ်ခွက်ပဲကျန်တော့တယ်... ဒုတိယပိုင်းကတော့ ပြိုင်စံရှားတွေကြားက တိုက်ပွဲပဲ”

“ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်နောက်ဆုံးတစ်ခွက်က အရမ်းကို တန်ဖိုးရှိတယ်... အလယ်ပိုင်းတိုက်ရဲ့ နံပါတ်တစ်ပကတိအရှင်ကပဲ အဲ့ဒါကိုသောက်သုံးခွင့်ရလိမ့်မယ်”

နန်းကုန်လင်းက ရေရွတ်လိုက်လေသည်။

“အဲ့ဒါက ယဲ့ထျန်းချန်လား.. ပကတိအရှင်ဖန်းလန်လား ငါသိချင်လိုက်တာ... အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးက အဲ့ဒီလူနှစ်ယောက်ပဲ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို သောက်ဖို့အဆင့်မီလိမ့်မယ်လို့ ငါထင်တယ်”

“ငါကတော့ ယဲ့ထျန်းချန်ဘက်ကနေ လောင်းမယ်”

ရူရွှမ်က ဘေးဘက်သို့ လှည့်၍မေးလိုက်လေသည်။

“ဆရာဘိုးလေးအသေးလေး ရှင်ကရော... ဘယ်လိုထင်လဲ”

ဆူဇီမိုက ထူးမခြားနားပုံစံဖြင့်ပြန်ပြောလိုက်လေသည်။

သူတို့နှစ်ယောက်လုံး အဲ့ဒါကိုသောက်နိုင်မှာမဟုတ်ဘူးဆိုတဲ့ဘက်ကနေ ငါက လောင်းမယ်”

“အာ... ဘာလို့လိုလဲ”

ရူရွှမ်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်လေသည်။

ဆူဇီမိုက ပြုံး၍ သာမန်ကာလျှံကာပုံစံဖြင့်ပင် ပြောလိုက်လေသည်။

“ဘာလို့လဲဆိုတော့ ငါက အဲ့ဒါကို ခွင့်ပြုမှာမဟုတ်လို့ပဲ”

“ဆရာဘိုးလေးအသေးလေး... ရှင်က ကြွားလုံးထုတ်နေပြန်ပြီ”

ထိုစကားကိုကြားသောအခါ ရူရွှမ်က တခစ်ခစ်ရယ်ပြီး စိတ်ထဲမှာထည့်မထားပေ။

ထိုစဥ်မှာပင် အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းသည် ကြိုးကြာတစ်ထောင်ဂိုဏ်းကျင့်ကြံသူများနှင့်အတူ ခြံဝန်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။ သူတို့က ဂမ္ဘီရခြံဝန်းထဲသို့လှမ်းဝင်လိုက်သည့်ခဏမှာပင် အစက ဆူညံနေကြသော ခြံဝန်းသည် ခဏမျှတိတ်ဆိတ်ငြိမ်သက်သွားသည်ဟု အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းက ခံစားလိုက်ရလေသည်။

ခြံဝန်းထဲရှိ ဂိုဏ်းများနှင့် အဖွဲ့အစည်းအများစုက သူတို့၏ခုံမှာ နေရာယူထားကြလေပြီ။

နိုးထဝိညာဥ်အဆင့် ပြိုင်စံရှားများ၏ အစုအဝေးက ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းဖြစ်လေသည်။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပြီးလျှင် အဲ့ဒါက ကျင့်ကြံရေးလောကရှိ ရှားရှားပါးပါး ပွဲတော်တစ်ခုဖြစ်လေသည်။

ထိုအခိုက်အတန့်၌ အသွန်းတစ်ရာဂိုဏ်းက ဂမ္ဘီရခြံဝန်းထဲသို့ ဝင်ရောက်လာသည့်အခါ လူတိုင်းသည် သူတို့ကို တောက်လောင်နေသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြလေသည်။

“အသွန်းတစ်ရာဂိုဏ်းက ရောက်လာပြီပဲ...”

“ငါကြားတာ အသွန်းတစ်ရာဂိုဏ်းက ရက်စက်ကြမ်းကြုတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပြိုင်စံရှားအချို့ကို ဆက်တိုက်အနိုင်ယူခဲ့တယ်... အခုဆိုရင် အဖွဲ့အစည်းတော်တော်များများက ဒေါသူပုန်ထနေကြလောက်ပြီ”

“ရက်စက်ကြမ်းကြုတ်တာက ဘာများထူးဆန်းလို့လဲ... ဒီမှာရှိတဲ့ ဘယ်ပြိုင်စံရှားကများ ရက်စက်ကြမ်းကြုတ်တာ မရှိလို့လဲ”

“ဟီးဟီး.. အသွန်းတစ်ရာဂိုဏ်းက လမ်းဆုံးခါနီးကို ရောက်နေပြီ... သူတို့က တစ်သီးပုဂ္ဂလလေးအုပ်စုထဲကနေ ဖယ်ထုတ်ခံရတော့မှာပဲ”

အသွန်းတစ်ရာဂိုဏ်းသည် လဲပြိုကျဆင်းတော့မည့် အခြေအနေတစ်ခုမှာ ရောက်ရှိနေလေပြီ။ သူတို့က ဤနေရာသို့ ရောက်ရှိလာသည့်ခဏမှာပင် မုန်တိုင်း၏ အဖျားခတ်မှုကို စတင်ခံစားလာရလေပြီ။

ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို နှစ်တစ်ထောင်တိုင်းမှာ တစ်ကြိမ်ကျင်းပလေသည်။

အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူအများစုသည် ဤကဲ့သို့သောအခြေအနေကို သည့်အရင်က တစ်ခါမှ တွေ့ကြုံခံစားဖူးခြင်းမရှိပေ။ ယခု သူတို့ဂိုဏ်းက လဲပြိုကျဆင်းတော့မည့်အခြေအနေနှင့် ကြုံတွေ့ရသောအခါ သူတို့ထဲမှ များစွာက စိတ်ထဲမှာ မသက်မသာခံစားလာရလေသည်။

နန်းကုန်လင်းနှင့်အခြားနှစ်ယောင်ပင်လျှင် မျက်နှာများတည်တံ့လာကြလေသည်။

ယခုအချိန်တွင် တည်တည်ငြိမ်ငြိမ်နှင့်နေနိုင်သော တစ်ဦးတည်းသောသူမှာ ဆူဇီမိုပင် ဖြစ်လေသည်။

အချိန်ခဏလေးအတွင်းမှာပင် သူသည် အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့်အတူ သူ့အပေါ်တွင် ကြန့်ကြာနေသော ထက်ရှသည့်အကြည့်များကို ခံစားမိခဲ့လေသည်။

ဆူဇီမိုက ထူးမခြားနားပုံစံပင် ရှိနေပြီ အဲ့ဒါကို အရေးလုပ်မနေပေ။

“အသွန်းတစ်ရာဂိုဏ်းက တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပေးပါ”

ကြိုးကြာတစ်ထောင်ဂိုဏ်းမှ ကျင့်ကြံသူသည် မလှမ်းမကမ်းရှိနေရာတစ်ခုသို့ လက်ညိုးထိုးပြီး လေးနက်သောအသံဖြင့်ပြောလိုက်လေသည်။

အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းသည် လှမ်းမျှော်ကြည့်ရှုလိုက်ပြီး သူတို့၏အမူအရာက ညိုမည်းသွားကြလေသည်။

အဲ့ဒါက တစ်သီးပုဂ္ဂလလေးအုပ်စု ရှိနေရမည့်နေရာဖြစ်လေသည်။ သို့သော်လည်း အဲ့ဒီမှာ ရှေးဟောင်းအစီအရင်ဂိုဏ်း ၊ ယန်ဆေးဂိုဏ်းနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းအပြင် နောက်ထပ်ကျင့်ကြံသူတစ်အုပ်စုက ရှိနေကြလေသည်။

ထိုကျင့်ကြံသူများ၏ ဝတ်ရုံများက နက်မှောင်နေပြီး သူတို့၏ အင်္ကျီလက်မောင်းများပေါ်တွင် ငရဲမီးတောက်ပုံကို ဆေးမင်ဖြင့် ရေးထိုးထားလေသည်။

ငရဲမီးစံအိမ်...

လက်ဖက်ရည်ဧည့်ခံပွဲက အမှန်တစ်ကယ် မစတင်သေးခင်မှာပင် အသွန်းတစ်ရာဂိုဏ်းနှင့် ငရဲမီးစံအိမ်က အတိုက်အခံဖြစ်လာကြပြီး ရန်လိုစိတ်က ပျံ့နှံ့လာခဲ့လေသည်။

အဲ့ဒါသည် အစကတော့ တစ်သီးပုဂ္ဂလလေးအုပ်စု နေရာယူရမည့် ဧရိယာဖြစ်လေသည်။ ယခုအခါမှာတော့ ဂိုဏ်းငါးဂိုဏ်းက ပေါ်ထွက်လာပြီး သူတို့၏ရည်ရွယ်ချက်က သိသာရှင်းလင်းလေသည်။

လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲတွင် ရှုံးနိမ့်သည့်သူက ဤနေရာမှာဆက်လက်ရပ်တည်ခွင့်ကို ဆုံးရှုံးရပေတော့မည်။

တာအိုသက်ရှိယွီတင်းက သုန်မှုန်နေသော အမူအရာတစ်ခုရှိနေပြီး ဘာကိုမှထပ်မပြောတော့ပေ။

ငရဲမီးစံအိမ်က ဤနေရာသို့ ရောက်လာပြီဆိုမှတော့ ကြိုးကြာတစ်ထောင်ဂိုဏ်းက အဲ့ဒါကို အသိအမှတ်ပြုထားသည်မှာ သိသာလေသည်။ သူတို့က ကန့်ကွက်ပြောဆိုမည်ဆိုလျှင်တောင် ဘာမှထူးခြားတာ ဖြစ်လာတော့မည်မဟုတ်ပေ။

ငရဲမီးစံအိမ်၏ အခြေခံအုတ်မြစ်က တည်ဆောက်ပြီးစီးသွားခဲ့လေပြီ။

“သူတို့ရဲ့ မူလနတ္ထိ​ခေါင်းဆောင်က တာအိုသက်ရှိချန်ဖုန်းပဲ... သူ့နောက်ကလူကတော့ မင်းဟန်... စီနီယာအစ်မလျှိုနဲ့ ယှဥ်ပြိင်မယ့်သူပေါ့”

ရူရွှမ်က တီးတိုးပြောဆိုလိုက်လေသည်။

ဆူဇီမိုက တစ်ချက်လှမ်းကြည့်ပြီးနောက် မင်းဟန်ကို ချက်ချင်းသတိထားမိသွားလေသည်။

ထိုကျင့်ကြံသူက အရမ်းကိုငယ်ရွယ်သေးပြီး အေးစက်စက်အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။ သူ၏ခေါင်းကို အနည်းငယ်မော့ထားပြီး အလွန်တရာမောက်မာသည့်ပုံပေါက်လေသည်။

သိပ်မကြာမီ အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းက သူတို့၏ ထိုင်ခုံများမှာ နေရာယူလိုက်ကြလေသည်။

“သူကတော့ ပကိတိအရှင်ဖန်းလန်ဖြစ်လိမ့်မယ်”

နန်းကုန်လင်းက ကောင်းကင်ဇင်ယော်ဂိုဏ်းဘက်သို့ကြည့်ပြီး ရှေ့ဆုံးတွင်ရပ်နေသော နိုးထဝိညာဥ်တစ်ယောက်ကို တွေ့မြင်သွားလေသည်။ သူ၏ဆံပင်ရှည်က တဖျပ်ဖျပ်လှုပ််ခါနေပြီး သူ၏မျက်လုံးများက ရှည်လျား၍ ကျဥ်းမြောင်းလေသည်။ ထိုအခိုက်အတန့်တွင် သူက ဆူဇီမိုကို ပြုံးစစဖြင့် ကြည့်နေလေသည်။

“အဲ့ဒါကတော့ ဟန်ချိုးယွီပဲ...”

နန်းကုန်လင်းက အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်လေသည်။

ဆူဇီမိုကလည်း လိုက်ပါကြည့်ရှုလိုက်လေသည်။ သူက ဟန်ချိုးယွီကို မမြင်တွေ့ရသည်မှာ နှစ်တစ်ရာကြာသွားခဲ့ပြီဖြစ်ပြီး ထိုသူက အတော်လေးပြောင်းလဲသွားခဲ့လေသည်။ ယခုအခါသူက နောက်ပိုင်းနိုးထဝိညာဥ်အဆင့်၏ အထွတ်အထိပ်မှာ ရှိနေလေသည်။

သူက ထက်ရှသော်လည်း သူ၏ အော်ရာကို ချိုးနှိမ်ထားလေသည်။ ကျန့်ဝူကျုံးနှင့် နှိုင်းယှဥ်လျင် သူက ဓားတာအိုမှာ ပိုမိုမြင့်မားသည့်အဆင့်မှာ ရှိနေသည်မှာ သိသာလေသည်။

မိုးကြိုးလေပြည်နန်းတော် ၊ နှင်းပုံတောင်ကြား...

နန်းကုန်လင်းနှင့် ရူရွှမ်သည် အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းမှ ပြိုင်စံရှားများကို ဆူဇီမိုကို မိတ်ဆက်ပေးလိုက်လေသည်။

ဆူဇီမိုက စိတ်မပါလက်မပါရှိနေသည့်ပုံရပြီး ရံဖန်ရံခါမှသာ တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ရုံသာညိတ်ပြလေသည်။

ရုတ်တရက် လူအုပ်ကြီးထဲမှာ အုံးအုံးကျက်ကျက်အသံများက ထွက်ပေါ်လာပြီး များစွာသော ကျင့်ကြံသူများက တောက်ပလာသော မျက်လုံးများနှင့်အတူ အော်ဟစ်လိုက်ကြလေသည်။

မလှမ်းမကမ်းကောင်းကင်ထက်တွင် အကြမ်းဖျင်းအားဖြင့် ကစဉ့်ကလျားအမြုတေဂိုဏ်း ကျင့်ကြံသူတစ်ထောင်လောက်က စွမ်းအားကြီးသော ပုံစံများဖြင့် ချီတက်လာကြလေသည်။

အထင်ရှားဆုံးအရာမှာ ရှေ့ဆုံးရှိ မြွေနဂါးကိုး​ကောင်ဖြစ်လေသည်။

​မြွေနဂါးကိုးကောင်က တရုန်းရုန်းထကြွနေသော အော်ရာများနှင့်အတူ ကောင်းကင်ထက်သို့ ​ပျံတက်တော့မည့်အလား ဘေးချင်းယှဥ်၍ ပျံသန်းလာကြလေသည်။ သူတို့က ဧရာမပလ္လင်တစ်ခုကို ဖြည်းဖြည်းချင်း အတူတကွဆွဲလာကြလေသည်။

မြွေနဂါးက မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်ဖြစ်လေသည်။

သာမန်ကျင့်ကြံသူများအနေဖြင့် ထိုသတ္တဝါတစ်ကောင်ကို ရရှိလျင်တောင် အတော်လေးကံကောင်းလှပြီဟု ဆိုနိုင်လေသည်။ သို့သော် ယခုအခါမှာတော့ မြွေနဂါးကိုးကောင်ကို လူတစ်ယောက်တည်းက ထိန်းချုပ်ထားလေသည်။

“ကြည့်စမ်း...”

“ယဲ့ထျန်းချန်က ဒီကိုရောက်လာပြီပဲ”

“ဘယ်လောက်တောင် ရင်သပ်ရှုမောဖွယ်ရာ ကောင်းလိုက်သလဲ... နံပါတ်တစ်ပကတိအရှင်ဆိုတဲ့အတိုင်းပဲ”

ပလ္လင်ပေါ်တွင်ထိုင်နေသူက အလွန်တရာချောမောလှပသော ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။ သူက ငယ်ရွယ်သေးပြီး မှေးစက်နေသည့်အလား သူ၏မျက်လုံးများကို မှိတ်ထားလေသည်။ သူက အရာရာတိုင်းကို ဖြန့်ကြက်နိုင်သော ပြိုင်ဘက်ကင်းအော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

ပလ္လင်၏ဘေးပတ်လည်တွင် အလွန်တရာချောမောလှပသော အမျိုးသမီးကိုးယောက်ရှိနေလေသည်။ သူတို့ထဲမှ အချို့က တူရိယာများကို တီးခတ်နေပြီး အချို့က ​ပန်းပွင့်များကို ကြဲပက်ကာ အခြားသူများက ငှက်မွေးယပ်တောင်များဖြင့် ညင်သာစွာ ခတ်ပေးနေလေသည်။

ကြောက်စရာအကောင်းဆုံးအချက်မှာ အမျိုးသမီးနောက်လိုက် ကိုးယောက်လုံးက နိုးထဝိညာဥ်အဆင့်များ ဖြစ်နေခြင်းပင်။

တစ်ကယ်ဆို အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ပကတိနိုးထဝိညာဥ်အဆင့်သို့ပင် ရောက်ရှိနေလေပြီ။

ဤကဲ့သို့သော ကျင့်ကြံမှုအဆင့်ဖြင့် သူမက ပလ္လင်ပေါ်ရှိ ကျင့်ကြံသူ၏ အစေခံအဖြစ် စိတ်လိုလက်ရ ခံယူထားလေသည်။ ထိုသူက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သိသာလေသည်။

ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးမှာရပ်တည်နေသူ ယဲ့ထျန်းချန်...

သူ၏ အသွင်အပြင်က များစွာသောအကြည့်များကို ဆွဲဆောင်မိသွားလေသည်။

ခံ့ညားထည်ဝါသော သူ၏ပုံစံကို မည်သူကမှ ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

နန်းကုန်လင်းက စိတ်ခံစားချက်များစွာဖြင့် သက်ပြင်းတစ်ချက်ချပြီး အထင်ကြီးလေးစားဟန်ဖြင့် ပြောလိုက်လေသည်။

“နံပါတ်တစ် ပကတိအရှင်ဆိုတဲ့အတိုင်းပဲ သူ့ရဲ့ ခံ့ညားထည်ဝါမှုကို ဘယ်သူမှမယှဉ်နိုင်ဘူးပဲ”

ယဲ့ထျန်းချန်ပေါ်ထွက်လာသောအခါ မူလနတ္ထိများအပါအဝင် လက်ရှိကျင့်ကြံသူများက တုန်လှုပ်သွားရလေသည်။

လွန်ခဲ့သည့်နှစ်လေးရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးမှာရပ်တည်ခဲ့ပြီး မူလနတ္ထိအဆင့်သို့ ခြေလှမ်းဝက်ဝင်နေပြီဟုဆိုသော ပကတိအရှင်ဖန်းလန်ပင်လျှင် သုန်မှုန်သောအမူအရာတစ်ခုကို ထုတ်ပြလာလေသည်။

တစ်ချိန်လုံးမျက်တောင်မခတ်ပဲ စိတ်အေးလက်အေးနေနိုင်သည့်သူမှာ ဆူဇီမိုသာဖြစ်လေသည်။

လျှိုဟန်ယန်နှင့် ရူရွှမ်က ထိုသည်ကိုမြင်သောအခါ ပို၍ပင် အံ့အားသင့်သွားရလေသည်။

ယဲ့ထျန်းချန်၏အော်ရာနှင့်ရင်ဆိုင်ရချိန်တွင် တည်ငြိမ်နိုင်သေးသော ကျင့်ကြံသူများကို မြင်တွေ့နေရဦးမည်ဟု သူတို့က စဥ်းစားကြည့်ဖို့ပင် ခက်ခဲလေသည်။

“ကစဉ့်ကလျားအမြုတေဂိုဏ်းရဲ့ မဟာပြိုင်စံရှားနှစ်ယောက်ထဲက တစ်ယောက်ဆိုတဲ့အတိုင်းပဲ... သူတို့ဂိုဏ်းက တိုးတက်မြင့်မားလာဖို့ မလွဲဧကန်ပဲ”

“ကြိုးကြာတစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဒီပူးပေါင်းခြင်း လက်ထပ်ထိမ်းမြားပွဲကို ဖြစ်မြောက်လာဖို့ အသည်းအသန်ကြိုးစားနေတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ... ယဲ့ထျန်းချန်ရဲ့ အလားအလာက အကန့်သတ်မဲ့ပဲ... သူက နောင်အနာဂတ်မှာ ဧကရာဇ်တစ်ပါးဖြစ်လာဖို့တောင် အခွင့်ရှိတယ်”

တစ်ခဏအတွင်းမှာပင် ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူတိုင်းက ခြံဝန်းထဲသို့ ရောက်ရှိလာခဲ့ကြလေသည်။

ကြမ်းကြုတ်ခက်ထန်သော အကြည့်တစ်ခုနှင့်အတူ မြွေနဂါးကိုးကောင်က သူတို့၏ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး မာန်ဖီအော်ဟစ်လိုက်ကြလေသည်။

များစွာသော ကျင့်ကြံသူများက ကြောက်ရွံ့တုန်လှုပ်နေသောအမူအရာများဖြင့် နောက်ဆုတ်လိုက်ကြလေသည်။

“တိတ်တိတ်နေစမ်း... “

ယဲ့ထျန်းချန်က သူ၏မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

မြွေနဂါးကိုးကောင်က ထိုအသံကိုကြားသောအခါ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားပြီး မြွေပေါက်လေးများကဲ့သို့ မြေပြင်ပေါ်မှာ နာခံစွာဖြင့် ဝပ်တွားနေခဲ့လေသည်။

“ကျုပ်တို့မတွေ့ရတာဖြင့် ရက်အနည်းငယ်ပဲ ရှိသေးတယ်.. အစ်ကိုယဲ့ ခင်ဗျားက အရင်ကထက်ပိုပြီးတော့ အံ့မခန်းဖြစ်လာတာပဲ”

ထိုစဥ်မှာပင် ငရဲမီးစံအိမ်မှ ကျင့်ကြံသူတစ်ယောက်က ယဲ့ထျန်းချန်ဆီသို့ လျှောက်လှမ်းသွားပြီး သူ၏ လက်သီးနှစ်ဖက်ကို ယှက်၍ပြုံးပြလိုက်လေသည်။

“အမ်...”

နန်းကုန်လင်းက မျက်မှောင်ကြုတ်လိုက်လေသည်။

“သူက မင်းဟန်ပဲ... သူက ဘယ်လိုလုပ်ပြီး ယဲ့ထျန်းချန်နဲ့ သိနေရတာလဲ”

“နောက်ပြီးတော့ သူတို့ရဲ့ ပက်သက်ဆက်နွယ်မှုက သိပ်ပြီးတော့မဆိုးတဲ့ပုံပဲ..”

ရူရွမ်က စိုးရိမ်ပူပန်နေသော အမူအရာတစ်ခုနှင့် တီးတိုးရေရွတ်လိုက်လေသည်။

မင်းဟန်ကသာ ယဲ့ထျန်းချန်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိမည်ဆိုလျင်...

အဲ့ဒါသည် ကစဉ့်ကလျားအမြုတေဂိုဏ်းက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ ငရဲမီးစံအိမ်ဘက်ကနေ ရပ်တည်တော့မည်ဟု ဆိုလိုသည်မဟုတ်ပါလား”

ဒါ့အပြင် သူတို့က ငရဲမီးစံအိမ်အတွက် ဝင်ရောက်စွက်ဖက်လာနိုင်လေသည်။

All Chapters