မင်း ငါ့ကို မေးခဲ့ဖူးလား
Vol. 63 Ch. 938
“အဲ့ဒါ ဘယ်သူလဲ.. ဘယ်လောက်တောင် သူရဲကောင်းဆန်လိုက်သလဲ”
“အဲဒီလူက နတ်မိမယ် လမ့်ရိုရဲ့ ရည်းစားဟောင်းများ ဖြစ်နေမလား”
“သူက အသွန်းတစ်ရာဂိုဏ်းကပဲ.. ငါ ဘာလို့ သူ့ကို အရင်က မမြင်ဖူးရတာပါလဲ”
လက်ရှိကျင့်ကြံသူ အများစုသည် ဆူဇီမိုကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
သူတို့က မိုလင်းဆိုသော နာမည်ကို ကြားဖူးမည်ဆိုလျှင်တောင် သူတို့နှစ်ယောက်ကို ဆက်စပ်ကြည့်နိုင်လိမ့်မည် မဟုတ်ပေ။
များစွာသော ကျင့်ကြံသူများက ဆွေးနွေးပြောကြားနေကြစဉ်.. ဓားဂိုဏ်းမှ ကျင့်ကြံသူများသည် ဆူဇီမိုကို ခက်ထန်ကြမ်းကြုတ်စွာဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေကြသည်ကို လူအတော်များများက သတိမထားမိကြပေ။
သူတို့၏အကြည့်များက ဆူဇီမိုကို အရှင်လတ်လတ် ဝါးမျိုပစ်ချင်သည့်အလား.. ဓားချီများထက်ပင် ပို၍ ထက်ရှနေလေသည်။
ရှေ့ဆုံးတွင်ရှိသော ဓားကျင့်ကြံသူသည် ဆူဇီမို၏ဘေးဘက်ရှိ ဓားရှည်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး ကြောက်မက်ဖွယ်ရာ အမူအရာတစ်ခုနှင့်အတူ အံကို တင်းတင်းကြိတ်ထားလေသည်။ သူ၏ လည်ပင်းပေါ်ရှိ သွေးကြောများက ထောင်ထလာလေသည်။
ထိုဓားကျင့်ကြံသူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ တတိယ.. ကျန့်ဝူကျုံးပင် ဖြစ်လေသည်။
သူ့ကို တစ်စုံတစ်ယောက်က ဆွဲထားခြင်းကြောင့်သာ မဟုတ်လျှင် သူက ယခုချက်ချင်း ပြေးဝင်ချသွားလောက်လေပြီ။
ဆူဇီမို ပစ်ထုတ်ပေးလိုက်သော ဓားသည် လေတိမ်မြို့တော်မှာတုန်းက ကျန့်ဝူကျုံးဆီကနေ သူလုယူလာခဲ့သော ရင်သပ်ရှုမောဓမ္မဓား ဖြစ်လေသည်။
သို့သော် ယခုအခါ.. သူက အဲဒါကို လမ့်ရိုကို ပေးနေလေသည်။
ဆူဇီမိုသည် အစကတည်းက ဓားကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။
ဒါ့အပြင် သူသည် ရင်သပ်ရှုမောဓားကို အမှတ်မထင် ရရှိလာခဲ့ခြင်းဖြစ်ပြီး သူက အဲဒါကို ပေးဖို့အတွက် အမှန်တကယ်ပင် တွန့်တိုမနေပေ။
“ဆရာဘိုးလေး အသေးလေးက တော်တော်ကြင်နာတတ်တဲ့သူပဲ”
နန်းကုန်လင်းက စိတ်ထဲကနေ ရေရွတ်လိုက်လေသည်။
သူက နဖူးကို လက်ဖြင့်အုပ်ထားပြီး လျှိုဟန်ယန်ကလည်း သူမ၏ခေါင်းကို တစ်ဘက်သို့လှည့်ကာ ဓားဂိုဏ်းမှ ကျင့်ကြံသူများနှင့် အကြည့်ချင်းမဆုံရဲကြပေ။
ထိုအခိုက်အတန့်တွင် သူတို့သည် ဆူဇီမိုကို သူတို့ဘက်သို့သာ ပြန်ဆွဲခေါ်ချင်မိလေသည်။
လက်ရှိအခြေအနေက အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်နေလေပြီ။
လမ့်ရိုဘက်ကနေ ထွက်၍ ရပ်တည်ခြင်းဖြင့် ဆူဇီမိုသည် တာအိုအရှင် လန်ရွဲ့နှင့် ယဲ့ထန်းချန်ကို ဆန့်ကျင်မိပေလေပြီ။
ယခုအခါ သူက ဓားဂိုဏ်းကိုပင် ဆန့်ကျင်လာခဲ့လေပြီ။
နန်းကုန်လင်းသည် မျက်ရည်များ ကျတော့မည့်ဆဲဆဲ ဖြစ်လာပြီး စိတ်ထဲကနေ ဆုတောင်းနေလေသည်။
“ဆရာဘိုးလေး အသေးလေး.. ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ.. ခင်ဗျားက သူ့ဓားကို လုယူလာခဲ့တာကို အသာထားဦး.. အခု ခင်ဗျားက လုယူလာခဲ့တဲ့ မူလဓမ္မလက်နက်ကို သူ့ရှေ့မှာတင် အခြားတစ်ယောက်ကို ပေးနေတယ်ဆိုတော့.. “
ရန်ငြိုးရန်စ အသစ်များနှင့် အဟောင်းများက ရောထွေးလာခဲ့လေသည်။ ဓားဂိုဏ်းမှ ကျင့်ကြံသူများသည် သူတို့၏ အကန့်အသတ်သို့ ရောက်ရှိခါနီးနေပြီး အချိန်မရွေး ပြေးဝင်ချင်နေသည်ကို နန်းကုန်လင်းက ခံစားမိလိုက်လေသည်။
ရူရွှမ်က အနည်းငယ် စိတ်ပျက်စွာဖြင့် ဘေးကနေ တိတ်တဆိတ် ငြိမ်သက်နေလေသည်။
ဆရာဘိုးလေး အသေးလေးကသာ ငါ့အပေါ်ကို အဲ့လောက်ကောင်းမယ်ဆိုရင်..။
ရူရွှမ်က စိတ်ထဲကနေ ရေရွတ်လိုက်လေသည်။
“အာ.. တစ်ခုခုတော့ လွဲနေပြီ”
“ဘာလို့ ဓားဂိုဏ်းက လူတွေရဲ့ မျက်လုံးက နီရဲနေတာလဲ.. သူတို့က ဘာလို့ တစ်ခုခုမှားနေတဲ့ပုံ ပေါက်နေရတာလဲ”
“အဲဒီဓားက ရင်းနှီးနေသလိုပဲ”
“ရင်သပ်ရှုမောဓမ္မဓား.. အဲဒါက ကျန့်ဝူကျုံးရဲ့ ရင်သပ်ရှုမောဓမ္မဓားမလား.. ဘာလို့ အဲဒါက သူ့လက်ထဲကို ရောက်နေရတာလဲ”
“မင်း မသိဘူးလား.. ရင်သပ်ရှုမောဓမ္မဓားကို တစ်စုံတစ်ယောက်က လုယူသွားခဲ့တယ်.. ငါကြားတာတော့ အဲဒါက မိုလင်းလို့ခေါ်တဲ့ အသွန်းတစ်ရာဂိုဏ်းက နိုးထဝိညာဉ်တစ်ယောက်ပဲ”
“အာ… အဲဒါ သူကိုး.. သူက လေတိမ်မြို့တော်မှာ နာမည်တစ်ခု တည်ဆောက်ပြီးတော့ ချန်ဖန်းကို ဒုက္ခိတဖြစ်စေခဲ့တဲ့သူပဲ”
သိပ်မကြာမီ ပိုမိုကျယ်လောင်သော အုံးအုံးကျက်ကျက် အသံများက လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာခဲ့လေသည်။
ကောင်းကင်စင်ရော်ဂိုဏ်း၏ ပကတိအရှင် ဖန်းလန်က လက်နှစ်ဖက်ကိုပိုက်ပြီး ဆူဇီမိုကို ပြုံးစစဖြင့် ကြည့်နေလေသည်။
သူက လွန်ခဲ့သည့် နှစ်လေးရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတစ်ပုဂ္ဂိုလ် ဖြစ်လေသည်။
သူက လက်ရှိနိုးထဝိညာဉ် အများစုထက် ပို၍အသက်ကြီးပြီး ပို၍ ရင့်ကျက်တည်ငြိမ်လေသည်။
သူ၏ ထင်မြင်ချက်အရတော့.. သူ ဘာမှမလုပ်လျှင်တောင် လက်ရှိအခြေအနေအရ မိုလင်းက ကိစ္စတုံးပေတော့မည်။
ကျင့်ကြံသူများစွာသည် ရုတ်ရုတ်သဲသဲ ဖြစ်နေကြပြီး သူတို့၏အသံများက တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံနေကြလေသည်။ ဖက်တီးလေးနှင့် အခြားသူများက မိုလင်းဆိုသောသူနှင့် ဓားကျင့်ကြံသူတစ်ယောက်နှင့် ပတ်သက်သော ပြန့်ကျဲနေသည့် သတင်းအချက်အလက် အချို့ကိုသာ ကြားရလေသည်။
သူတို့က အဲဒါကို အရေးလုပ်မနေကြပေ။
ကျိချန်းရှန်တစ်ယောက်ကသာလျှင် ဖြစ်ပျက်နေသည့်အရာများကို ကောင်းကောင်း နားလည်သဘောပေါက်လေသည်။
သို့သော်လည်း တာအိုအရှင် လန်ရွဲ့၏ အကြည့်အောက်တွင် သူက အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်ရဲခြင်း မရှိပေ။
“ကဲ.. တော်လောက်ပြီ”
တာအိုအရှင် လန်ရွဲ့က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ကြီးမားသည့် ဖိအားတစ်ခုကို ဂမ္ဘီရခြံဝန်းထဲသို့ ဆင်းသက်စေပြီး ဆူညံပွက်လောရိုက်နေသော အသံများကို တဖြည်းဖြည်း ငြိမ်သက်သွားစေလေသည်။
“မင်းရဲ့နာမည်က ဘယ်သူလဲ”
တာအိုအရှင် လန်ရွဲ့က တစ်ဘက်သို့လှည့်ပြီး ဆူဇီမိုကို လေးနက်သော အသံဖြင့် မေးလိုက်လေသည်။
ဆူဇီမိုက ပြုံး၍ လက်သီးနှစ်ဖက်ကို ယှက်ပြီး ပြောလိုက်လေသည်။
“ကျုပ်က မိုလင်း.. နတ်ပန်းပဲဆရာတစ်ယောက်ပဲ”
“ဟမ်”
လမ့်ရိုနှင့် ဖက်တီးလေးသည် ထိုနာမည်ကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွားကြလေသည်။
ရှစ်ကျန့်ပင်လျှင် ခဏမျှ ကြောင်အသွားခဲ့လေသည်။
အစကတော့ လမ့်ရိုသည် မြေပြင်ပေါ်မှာ မလှုပ်မယှက်နှင့် ဒူးထောက်နေခဲ့လေသည်။
သူမသည် ထိုနာမည်ကို ကြားသောအခါ.. ပထမဆုံးအကြိမ်အဖြစ် စူးစမ်းလိုမှုနှင့် ဆူဇီမိုကို လှည့်ကြည့်လိုက်လေသည်။
ဖက်တီးလေးနှင့် အခြားသူများနှင့်ယှဉ်လျှင် အမျိုးသမီးတစ်ယောက်အနေဖြင့် လမ့်ရိုက သူမ၏အတွေးမှာ ပို၍ စေ့စေ့စပ်စပ် ရှိလေသည်။
စောစောက ဆူဇီမို၏ စကားလုံးများသည် တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောနေပုံရသည်ကို သူမက ခံစားမိလိုက်လေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် အသွန်းတစ်ရာဂိုဏ်းက တပည့်တစ်ယောက်အနေနှင့် မိုလင်းသည် သူက နတ်ပန်းပဲဆရာတစ်ယောက်ဖြစ်သည် ဆိုတာကို အထူးတလည် ထုတ်ဖော်ပြောနေစရာ မလိုပေ။
ဤလူက သူသည် နတ်ပန်းပဲဆရာတစ်ယောက် ဖြစ်သည်ဟု ပြောခြင်းဖြင့် သူမကို တစ်စုံတစ်ရာ သတိပေးဖို့ ကြိုးစားနေခြင်းများလား..။
“သူများ ဖြစ်နေမလား..”
လမ့်ရိုသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး သူမ၏နှလုံးက တဒိတ်ဒိတ်ခုန်လာခဲ့လေသည်။ သူမ၏ စိတ်ခံစားချက်များကိုပင် မနည်းချိုးနှိမ်လိုက်ရလေသည်။
တာအိုအရှင် လန်ရွဲ့က အထင်သေးစွာဖြင့် သရော်ပြုံးလိုက်လေသည်။
“အို.. မိုလင်းလား.. မရင်းနှီးတဲ့ နာမည်တစ်ခုပဲ.. အဲဒါက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ပေါ်ကလား.. ငါ ဘာလို့ အဲဒါကို အရင်က မကြားဖူးရတာပါလိမ့်”
တာအိုအရှင် လန်ရွဲ့က ပြန်လည်မေးမြန်းနေပုံရသော်လည်း သူမက မိုလင်းသည် သာမန်အညတရတစ်ယောက်ဟု သွယ်ဝိုက်ပြောဆိုနေခြင်း ဖြစ်လေသည်။
“အဲဒါက အဆင်ပြေပါတယ်”
ဆူဇီမိုက သွားဖြီးလိုက်လေသည်။
“ဒီနေ့ပြီး နောက်နေ့ကျရင် ခင်ဗျားက ကျုပ်ကို ကောင်းကောင်းမှတ်မိသွားလိမ့်မယ်”
“လမ့်ရိုက ငါ ဂုဏ်ယူရဆုံး တပည့်တစ်ယောက်ပဲ.. သူက မကြာခင် မဟာအဆောင်သခင်ဘွဲ့ကို ခံယူတော့မှာ”
တာအိုအရှင် လန်ရွဲ့က လှောင်ရယ်လိုက်လေသည်။
“မင်းက မူလပကတိအရှင် ဓမ္မလက်နက်တစ်ခုကို ထုတ်ပေးနိုင်တယ်ဆိုပေမဲ့လို့ မင်းက သာမန်အညတရတစ်ယောက်ပဲ.. ရှင်းရှင်းပြောရရင် မင်းက လမ့်ရိုနဲ့ လုံးဝမထိုက်တန်ဘူး”
“ဟမ့်”
ဆူဇီမိုက မျက်ခုံးနှစ်ဖက်ကို အနည်းငယ်ပင့်ပြီး မေးမြန်းလိုက်လေသည်။
“အဲ့တော့ ယဲ့ထန်းချန်က ထိုက်တန်သွားရောလား”
“ဟင်းဟင်း”
တာအိုအရှင် လန်ရွဲ့က နောက်တစ်ဖန် လှောင်ရယ်မောလိုက်လေသည်။
“ယဲ့ထန်းချန်က ဘယ်သူလဲ မင်းမသိဘူးလား.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က ထိပ်ဆုံးနေရာမှာ ရပ်တည်တဲ့သူ နံပါတ်တစ် ပကတိသက်ရှိအရှင်က မင်းနဲ့ နှိုင်းယှဉ်နေစရာတောင် မလိုဘူး”
“ရေတွင်းထဲက ဖားသူငယ်ပဲ”
“ဟာသပဲ.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်မှာတောင် နာမည်မရှိတဲ့သူက စီနီယာ အစ်ကိုယဲ့ရဲ့ လက်ထပ်မင်္ဂလာပွဲကို မူလပကတိအရှင် ဓမ္မလက်နက်တစ်ခုလောက်နဲ့ လုယူချင်နေသေးတယ်”
“အဲဒါက တောက်ပတဲ့ လရောင်ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့ ပိုးစုန်းကြူးတစ်ကောင်ပဲ”
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ကျင့်ကြံသူများစွာက ရယ်မောလိုက်ကြလေသည်။
မိုလင်းသည် လေတိမ်မြို့တော်မှာ သူ၏နာမည်ကို တည်ဆောက်နိုင်ခဲ့သော်လည်း သူ၏ နာမည်ဂုဏ်သတင်းက ယဲ့ထန်းချန်နှင့်ယှဉ်လျှင် နိမ့်ကျနေသေးလေသည်။
ရုတ်တရက် ဆူဇီမိုက ရယ်မောလိုက်လေသည်။
“နံပါတ်တစ် ပကတိအရှင် ဟုတ်လား”
ဆူဇီမိုက ထူးမခြားနားပုံစံဖြင့် ပြန်မေးလိုက်လေသည်။
“သူ့ကို အဲဒီဘွဲ့ ဘယ်သူက ပေးထားတာလဲ”
“သခင်က နိုးထဝိညာဉ်အဆင့်ကို ဝင်ရောက်ပြီးကတည်းက တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့တယ်.. သူက တစ်ခါမှ မရှုံးနိမ့်ဖူးသေးဘူး.. သူက နံပါတ်တစ် ပကတိအရှင်ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုဘူး”
ယဲ့ထန်းချန်၏ နောက်ဘက်တွင် ရပ်နေသော အစေခံအမျိုးသမီးတစ်ယောက်က ထရပ်၍ ရယ်မောပြောဆိုလိုက်လေသည်။
“အို.. “
ဆူဇီမိုက ပြုံးလိုက်လေသည်။
“အဲ့တော့ နံပါတ်တစ် ပကတိအရှင်ဘွဲ့ကို ခံယူရတာက အဲ့လောက်တောင် လွယ်ကူရိုးရှင်းတာလား.. ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ.. ငါကလည်း နိုးထဝိညာဉ်အဆင့်ကို ဝင်ရောက်ပြီးကတည်းက တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးတယ်.. တစ်ခါမှလည်း မရှုံးနိမ့်ဖူးသေးဘူး.. အဲဒါဆိုရင် ငါကလည်း နံပါတ်တစ် ပကတိအရှင်ပဲ မဟုတ်ဘူးလား”
“နင်.. “
အမျိုးသမီးအစေခံက ပြောစရာစကား မဲ့သွားရလေသည်။
နောက်ခဏ၌.. ဆူဇီမိုက ယဲ့ထန်းချန်ကို ကြည့်ပြီး ခြံဝန်းတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် တစ်စုံတစ်ရာကို ပြောဆိုလိုက်လေသည်။
“မင်းကိုယ်မင်း နံပါတ်တစ် ပကတိအရှင်လို့ ခံယူတုန်းက အဲဒါနဲ့ ပတ်သက်ပြီး မင်း ငါ့ကို ခွင့်တောင်းခဲ့ဖူးလား”
ဟင်..
ကျင့်ကြံသူများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။
အဲဒါက ရိုးရှင်းသော စကားတစ်ခွန်းသာ ဖြစ်သော်လည်း လူတစ်ယောက်ကို တုန်လှုပ်ချောက်ချားသွားစေနိုင်သော လွှမ်းမိုးခြယ်လှယ်နိုင်သည့် အော်ရာတစ်ခုနှင့် ပြည့်နှက်နေလေသည်။
အဲဒါက ပကတိ စီးပိုးခြယ်လှယ်ခြင်း ဖြစ်လေသည်။
သူတို့က လုံးဝကို အတိုက်အခံ ဖြစ်လာကြလေပြီ။
ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ၏ ဒုတိယပိုင်းက မစတင်သေးခင်မှာပင် တစ်စုံတစ်ယောက်က ယဲ့ထန်းချန်ကို ထိပ်တိုက်ရင်ဆိုင်၍ စိန်ခေါ်လာလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားပေ။
ထိုအခိုက်အတန့်တွင် ယဲ့ထန်းချန်သည် မိုလင်းထက် နိမ့်ကျသည်ဆိုသော အတွေးအမြင်တစ်ခုကို ကျင့်ကြံသူ အားလုံးက ခံစားမိလာကြလေသည်။
ပကတိအရှင် ဖန်းလန်က ခနဲ့တဲ့တဲ့ ပြုံးလိုက်လေသည်။
“အဲဒီကို မသွားနဲ့ဦး”
ဟန်ချိုးယွီက ကျန့်ဝူကျုံးဆီသို့ အသံတစ်ခု ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
“အဲဒီ မိုလင်းက အရမ်းကို သန်မာတယ်.. မင်းလက်ထဲမှာ ဓားတစ်လက်ရှိမယ် ဆိုရင်တောင် မင်းက သူ့ကို ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး”
လမ့်ရို၏မျက်လုံးများက တောက်ပဝင်းလက်လာခဲ့လေသည်။
သူတို့က အရမ်းကို ဆင်တူကြလေသည်။
သူမ၏မျက်လုံးထဲတွင် မိုလင်းသည် သူမ၏ မှတ်ဉာဏ်များထဲမှ လူနှင့် ပေါင်းစည်းသွားသည်ဟု ထင်ရလေသည်။
လမ့်ရိုက အဲဒါကို ယုံကြည်လေသည်။
လောကတွင် ဤကဲ့သို့သော ပြိုင်ဘက်ကင်းအော်ရာကို ပိုင်ဆိုင်ထားသည့်သူက တစ်ဦးတည်းသာလျှင် ရှိလေသည်။