← Chapters

ဓားတစ်လက်ဖြင့် သတ်ဖြတ်ခြင်း

Vol. 63 Ch. 939

ဓားတစ်လက်ဖြင့် သတ်ဖြတ်ခြင်း

Vol. 63 Ch. 939

“တာအိုရောင်းရင်း.. ရှင်က ဘယ်ကနေ လာတာလဲ”

လမ့်ရိုက မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို ကြည့်ပြီး သူမ၏ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ဖုံးဖိ၍ ညင်သာစွာ မေးလိုက်လေသည်။

“မြောက်ပိုင်းဒေသက”

ဆူဇီမိုက လမ့်ရိုဘက်သို့ လှည့်ပြီး ပြုံးပြလိုက်လေသည်။

ထိုစကားသံကို ကြားသောအခါ လမ့်ရိုက ဆက်လက်၍ သံသယမရှိတော့ပေ။

သူ၏အမည်၊ နတ်ပန်းပဲဆရာဆိုသော သူ၏ဘွဲ့နှင့် မြောက်ပိုင်းဒေသကဟူသော သူ၏နောက်ခံတို့က တိုက်ဆိုင်မှုများဆိုလျှင်တောင် အဲဒီမှာ တိုက်ဆိုင်မှုမဖြစ်နိုင်သော အချက်တစ်ချက် ရှိလေသည်။

သူတို့က ကူကယ်ရာမဲ့စွာဖြင့် ဖိအားတစ်ခုအောက်မှာ ရောက်ရှိနေချိန်တွင် ဤလူက သူတို့အတွက် ထွက်၍ ရပ်တည်လာခဲ့လေသည်။

အဲဒါက ထိုလူသာလျှင် ပိုင်ဆိုင်နိုင်သော ရဲဝံ့မှုမျိုး ဖြစ်လေသည်။

ဖက်တီးလေးကလည်း ကျိချန်းရှန်ဘက်သို့ စိတ်လှုပ်ရှားစွာဖြင့် လှည့်ကြည့်လိုက်လေသည်။

ကျိချန်းရှန်က မသိမသာ ခေါင်းညိတ်ပြလိုက်လေသည်။

ရှစ်ကျန့်ကသာလျှင် အပြည့်အဝ နားမလည်နိုင်သော တစ်ဦးတည်းသောသူ ဖြစ်လေသည်။ သူက တစ်စုံတစ်ရာနှင့် ပတ်သက်၍ တွေဝေရှုပ်ထွေးနေသည့်အလား သူ၏ခေါင်းကို ကုတ်နေလေသည်။

လမ့်ရိုက ပြုံးလိုက်လေသည်။

အဲဒါက သူမ၏ ရင်ထဲ အသည်းထဲကနေ လာသော စစ်မှန်သည့် အပြုံးတစ်ခု ဖြစ်လေသည်။

များစွာသော ကျင့်ကြံသူများသည် လမ့်ရို၏ မျက်နှာထက်ရှိ အပြုံးမှာ တွေဝေငေးမောသွားကြလေသည်။

လမ့်ရိုသည် တစ်သီးတခြားနေတတ်သော စိတ်နေစရိုက်ရှိပြီး ရေခဲကဲ့သို့ အေးစက်လေသည်။ သူမသည် စတင်ပေါ်ထွက်လာကတည်းက ထိုကဲ့သို့ အပြုံးတစ်ခုကို ထုတ်ဖော်ဖို့နေနေသာ.. တခြား မည်သူ့ကိုမှ စကားပြောဆိုခြင်း မရှိပေ။

လမ့်ရိုသည် လူသားစိတ်ခံစားချက်များကို ရှောင်လွှဲနိုင်သော အေးစက်နေသည့် တောင်တန်းတစ်ခုနှင့် တူသည်ဟုဆိုလျှင် ထိုအပြုံးက ရေခဲတောင်တန်းပေါ်မှ ဖူးပွင့်လာသော နှင်းပန်းတစ်ပွင့်နှင့် တူလေသည်။ အဲဒါက သလင်းကဲ့သို့ ကြည်လင်နေပြီး မှဲ့တစ်ပေါက် အစွန်းအထင်းမရှိကာ လူတိုင်းကို မှင်တက်သွားစေလေသည်။

“နတ်မိမယ် လမ့်ရိုက အဲဒီလူကိုတောင် ပြုံးပြနေတယ်ဆိုတော့.. အားရား.. ငါပဲ အမြင်မှားနေတာလား”

“နတ်မိမယ် လမ့်ရိုက မူလပကတိအရှင် ဓမ္မလက်နက်တစ်ခုတည်းနဲ့ ချက်ချင်း ယိမ်းယိုင်သွားတာများလား”

“ငါတော့ အဲ့လိုမထင်ဘူး.. နတ်မိမယ် လမ့်ရိုက အဲဒီလူကို အသုံးချနေတာပဲဖြစ်မယ်.. သူက မကြာခင် သေရတော့မယ့်လူပဲ… သူ့ကိုယ်သူတောင် အဲဒါကို မသိဘူး.. ဟီးဟီး”

ယဲထျန်းချန်က လမ့်ရို၏ မျက်နှာထက်မှ အပြုံးကို မနာလိုမုန်းတီးမှုများဖြင့် စိုက်ကြည့်လိုက်လေသည်။ သူ၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်က ၎င်း၏ အထွတ်ထိပ်သို့ ရောက်ရှိလုနီးပါး ဖြစ်လာခဲ့လေပြီ။

-ငါက အဲဒီမိန်းမကို သေတာထက်ဆိုးတဲ့ ဘဝမျိုး တွေ့ကြုံခံစားရအောင် လုပ်ပြမယ်-

သူက စိတ်ထဲကနေ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

ယဲထျန်းချန်၏ အမျက်ကို ခံစားမိပြီး မြေပြင်ပေါ်တွင် ဝပ်တွားနေသော မြွေနဂါးကိုးကောင်က တစ်ကောင်ပြီးတစ်ကောင် ထရပ်လာပြီး သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ သံမဏိဇက်ကြိုးများက တချွင်ချွင် မြည်သွားလေသည်။

“ဂါး”

မြွေနဂါးကိုးကောင်က ဆူဇီမိုကို အေးစက်ခက်ထန်စွာ စိုက်ကြည့်​ပြီး ကမ္ဘာတုန်လောက်ဖွယ်ရာ ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်လေသည်။

လေစီးကြောင်းများက တလိပ်လိပ်တက်လာပြီး ကျောက်စရစ်ခဲများက လွင့်ပျံသွားခဲ့လေသည်။

မြေပြင်က တုန်ခါလာပြီး များစွာသော ကျင့်ကြံသူများသည် သူတို့၏စိတ်က ထိန်းချုပ်မရအောင် လှုပ်ခတ်လာသည်ကို ခံစားလိုက်ရလေသည်။

မြွေနဂါးကိုးကောင်က အမှန်တကယ်ပင် ဒေါသထွက်လာသောအခါ အလယ်တွင်ရှိသော အကြီးဆုံးမြွေနဂါးသည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်ကို များစွာသော ကျင့်ကြံသူများက သိရှိလိုက်ရလေသည်။

အဲဒါက မူလနတ္ထိအဆင့်နှင့် ညီမျှလေသည်။

ယဲထျန်းချန်ထက် အဆင့်ကြီးတစ်ဆင့်လုံးလုံး မြင့်မားသော မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်က သူ၏ထိန်းချုပ်ခြင်းကို ခံထားရလေသည်။ ယဲထျန်းချန်၏ အစစ်အမှန် ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။

“ယဲထျန်းချန်က ဘာမှတောင် လုပ်စရာမလိုတော့ဘူး.. အဲဒီ တောကောင်ကိုးကောင်ကတင် အရာရာတိုင်းကို ဖြေရှင်းပေးနိုင်တယ်”

များစွာသော ကျင့်ကြံသူများက တိတ်တဆိတ် တုန်လှုပ်ချောက်ချားသွားကြလေသည်။

မြွေနဂါးကိုးကောင်၏ ခြိမ်းခြောက်မှုတွင် ဆူဇီမို၏ အမူအရာက ပြောင်းလဲမသွားဘဲ သူက ကုလားထိုင်တစ်လုံးပေါ်မှာ စိတ်အေးလက်အေးဖြင့် ထိုင်နေလေသည်။ သူက ဘေးနားရှိ လက်ဖက်ရည်ခွက်ကိုပင် ကောက်ယူပြီး လက်ဖက်ရည်သောက်ဖို့အတွက် သူ့ခေါင်းကို ငုံ့လိုက်လေသည်။

ရုတ်တရက်ဆိုသလို..

ယဲ့ထန်ချန်ဘေးရှိ အမျိုးသမီးအစေခံ ကိုးယောက်ထဲမှ တစ်ယောက်သည် ဆိုင်းမဆင့် ဗုံမဆင့် လှုပ်ရှားလာခဲ့လေသည်။

အဲဒါက စောစောကတင် ခြံဝန်းထဲမှာ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခဲ့သည့် ယဲ့ချီ ဖြစ်လေသည်။

ယဲ့ချီ၏ အကြည့်က အေးစက်နေလေသည်။ ဖျတ်ခနဲဆို သူမက အလွန်တရာ လျင်မြန်စွာဖြင့် ဆူဇီမို၏ဘေးသို့ ရောက်ရှိလာခဲ့လေသည်။

သူမ၏ အင်္ကျီလက်စကို ညင်သာစွာ လှုပ်ခါလိုက်လေသည်။

ဓားမြှောင်တစ်လက်က ပေါ်လာပြီး ဆူဇီမို၏ လည်ပင်းဆီသို့ ထိုးသွင်းလိုက်လေသည်။

ဖြစ်စဉ်တစ်ခုလုံးက လျှပ်တပြက်အတွင်းမှာ ဖြစ်ပွားခဲ့လေသည်။

သူမ၏ တိုင်ပင်ကိုက် လှုပ်ရှားမှုနှင့် ရှုထောင့်ရွေးချယ်မှုက ပြီးပြည့်စုံနေလေသည်။

ဆူဇီမိုက လက်ဖက်ရည်ကို သောက်နေပြီး စိတ်အာရုံ ပျက်ယွင်းနေလေသည်။

ဒါ့အပြင် သူ့ခေါင်းကို ငုံ့ထားသည့်အတွက် ယဲ့ချီ၏ ချဉ်းကပ်လာမှုကို ထောက်လှမ်းနိုင်ဖို့ပင် သူ့အတွက် ခက်ခဲလေသည်။

ဤလုပ်ကြံသတ်ဖြတ်မှုက လျှို့ဝှက်မရဏဂိုဏ်းထက် မနိမ့်ကျပေ။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။

ကြိုးကြာတစ်ထောင်ဂိုဏ်းချုပ်၏ ရှေ့မှောက်မှာပင် တစ်စုံတစ်ယောက်က အခြားလူတစ်ယောက်ကို သတ်ဖြတ်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။

တာအိုအရှင်လန်ရွဲ့က မျက်မှောင်ကြုတ်လိုက်လေသည်။

အခြားသူများသည် အဲဒါကို တုံ့ပြန်နိုင်ချင်မှ တုံ့ပြန်နိုင်မည် ဖြစ်သော်လည်း.. သူမ၏ ကျင့်ကြံမှုအဆင့်နှင့် နည်းလမ်းများအရ သူမသာ ဆန္ဒရှိမည်ဆိုလျှင် ထိုလှုပ်ရှားမှုကို ကောင်းကောင်း တားဆီးနိုင်လေသည်။

သို့သော်လည်း သူမက လက်ရှောင်နေဖို့ ရွေးချယ်လိုက်လေသည်။

အသွန်းတစ်ရာဂိုဏ်းမှ ဤမိုလင်းသည် ရုတ်တရက် ထွက်ပေါ်လာပြီး တကယ်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလေသည်။

သူက မည်သည့် နာမည်ဂုဏ်သတင်းမှ မရှိဘဲ မူလပကတိအရှင် ဓမ္မလက်နက်တစ်ခုမျှနှင့် သူမ၏ ဂုဏ်အယူရဆုံး တပည့်၏ တာအိုလက်တွဲဖော် ဖြစ်ချင်နေလေသည်။

-အဲဒါက ဟာသပဲ။ သူက စိတ်လွတ်သွားတာပဲ ဖြစ်ရမယ်။-

မျက်မှောက်ခေတ်မှာဆိုလျှင် ကစဉ့်ကလျား အမြုတေဂိုဏ်း၏ ကံကြမ္မာအခွင့်အလမ်းနှင့် အလားအလာက ကောင်းကင်ကိုပင် ဖီဆန်နေပြီး ထူးချွန်ပြောင်မြောက်လှသည့် ပြိုင်စံရှားနှစ်ယောက်က ထွက်ပေါ်လာခဲ့လေသည်။

သူမက လမ့်ရိုကို ယဲထျန်းချန်နှင့် တာအိုလက်တွဲဖော်များ ဖြစ်လာစေမည်ဆိုလျှင် အဲဒါက ကြိုးကြာတစ်ထောင်ဂိုဏ်းအတွက် ပြီးပြည့်စုံမည့် ရလဒ်တစ်ခု ဖြစ်လာလိမ့်မည်ဆိုတာ တာအိုအရှင်လန်ရွဲ့က ယုံကြည်ထားလေသည်။

ကြိုးကြာတစ်ထောင်ဂိုဏ်းက ကစဉ့်ကလျား အမြုတေဂိုဏ်း၏ ကာကွယ်မှုကို ရရှိနိုင်မည်ဆိုလျှင် သူတို့သည် အနည်းဆုံး နောက်ထပ် နှစ်ပေါင်းတစ်သောင်းကြာအထိ အခိုင်အမာ ရပ်တည်နိုင်ပေလိမ့်မည်။

ယခုအချိန်တွင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဖရိုဖရဲအခြေအနေများက ဖြစ်ပျက်လာနေခဲ့လေသည်။

တစ်သီးပုဂ္ဂလ လေးအုပ်စုသည် အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများကဲ့သို့ စွမ်းအားကြီးသော ထိပ်သီးဂိုဏ်းကြီးများ၏ ကာကွယ်ပေးမှု မရှိလျှင် သူတို့က ဖျက်ဆီး၍ အစားထိုးခံရနိုင်လေသည်။

အသွန်းတစ်ရာဂိုဏ်း၏ လက်ရှိအခြေအနေက အကောင်းဆုံးနမူနာ ဖြစ်လေသည်။

သူမသည် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်ဟု တာအိုအရှင်လန်ရွဲ့က ယုံကြည်လေသည်။ သူမ ပြုလုပ်သမျှ အရာရာတိုင်းက ဂိုဏ်းအတွက်သာ ဖြစ်လေသည်။

သို့သော်လည်း သူမသည် လမ့်ရို၏ စိတ်ခံစားချက်များကို​ ဘယ်တုန်းကမှ ထည့်သွင်း မစဉ်းစားပေးခဲ့ဖူးပေ။

လမ့်ရိုက သူမ ဂုဏ်အယူရဆုံး တပည့်ဖြစ်လေသည်။

အရာရာတိုင်းက သူမ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေလေသည်။

သူမသည် အမှားအယွင်း တစ်စုံတစ်ရာကို ဖြစ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။

ယဲ့ချီက မိုလင်းကို ရှင်းပစ်နိုင်မည်ဆိုလျှင် အဲဒါက သူမကိုယ်တိုင် လှုပ်ရှားရခြင်း မရှိဘဲ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။

မိုလင်းကလည်း လူအများ၏ ဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။

တာအိုအရှင်လန်ရွဲ့က အမူအရာကင်းမဲ့နေပြီး မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ တစ်နေရာကို ငေးကြည့်နေလေသည်။

ခြံဝန်းထဲတွင် အရာရာတိုင်းက ချက်ချင်းပင် ပြောင်းလဲသွားခဲ့လေသည်။

တုန်လှုပ်နေသော အကြည့်များ၏ အောက်မှာပင် ယဲ့ချီသည် ဆူဇီမို၏ဘေးသို့ ရောက်ရှိလာခဲ့လေပြီ။

သို့သော်လည်း ဆူဇီမိုက ဘယ်ဘက်လက်ဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး သူ၏ထိုင်ခုံပေါ်မှာ ထိုင်နေဆဲပင်။ သူက မည်သည့်အရာကိုမှ သတိမထားမိသည့်အလား သူ့ခေါင်းကိုငုံ့၍ လက်ဖက်ရည်ကို သောက်နေလေသည်။

“သူကတော့ ပြီးသွားပြီပဲ”

“ဟီးဟီး.. အရှည်ဆုံး သစ်ပင်က အရင်ခုတ်ခံရမှာပဲ.. အဲဒီလူက သူ့အတွက် ဘာကကောင်းတယ်ဆိုတာကို မသိမှတော့ သေသင့်ပါတယ်လေ”

“တာအိုအရှင်လန်ရွဲ့က လှုပ်ရှားမှု မပြုလုပ်ဘူးဆိုတော့ သူမက အဲဒါကို တိတ်တဆိတ် ခွင့်ပြုလိုက်တာ သိသာတာပဲ”

ယဲ့ချီ၏မျက်လုံးက ကြမ်းကြုတ်ခက်ထန်သော အမူအရာတစ်ခုနှင့်အတူ အေးစက်စွာ တောက်ပလာလေသည်။

အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူများစွာသည် တုန်လှုပ်သွားပြီး သူတို့၏ တုံ့ပြန်မှုများက အနည်းငယ် နှေးကွေးသွားခဲ့လေသည်။

တာအိုသက်ရှိ ယွီတင်း၏ အမူအရာပင်လျှင် ပြောင်းလဲသွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့လေသည်။ သူက အော်သံတစ်သံကိုသာလျှင် ထုတ်ဖော်လိုက်နိုင်လေသည်။

“ဘယ်လိုတောင် လုပ်ရဲတာလဲ”

ဓားမြှောင်က ဆူဇီမို၏ လည်ပင်းဆီသို့ ရောက်ရှိတော့မည့်ဆဲဆဲမှာပင် သူက သူ့ခေါင်းကို မော့မလာခဲ့ပေ။ ထိုအစား သူက လက်ဖက်ရည်သောက်နေရင်းနှင့် သူ၏ညာဘက်လက်ကို ဆန့်ထုတ်ပြီး သူ့ဘေးတွင် ချထားသော ရင်သပ်ရှုမော ဓမ္မဓားကို ဆွဲယူလိုက်လေသည်။

ဇီး..

ဓားက တုန်ခါသွားပြီး ရင်သပ်ရှုမော ဓမ္မဓားက ဆူဇီမို၏လက်ထဲတွင် တဖျပ်ဖျပ် တလက်လက် တောက်ပလာခဲ့လေသည်။ ဖျတ်ခနဲဆို အဲဒါက ဓားမြှောင်နှင့် ထိတွေ့ရိုက်ခတ်သွားခဲ့လေသည်။

ချွမ်း.. ချွမ်း..

သတ္တုချင်း ထိခတ်သံများကို ဆက်တိုက်ကြားလိုက်ရလေသည်။

သွေးရောင်က ဖြာလက်သွားလေသည်။

သူမ၏ မြင်ကွင်းထဲတွင် ဆူဇီမိုက သူ၏လက်ကို ဝှေ့ယမ်း၍ ခုတ်ပိုင်းလိုက်လေသည်။ ဓားပေါ်တွင် ဝဲဂယက်များက ဖြစ်ပေါ်လာပြီး သူမ၏ လက်ထဲရှိ ဓားမြှောင်က ချက်ချင်းပင် အပိုင်းပိုင်း အတစ်တစ်ဖြစ်ကာ နောက်သို့ လွင့်ကန်ထွက်လာခဲ့လေသည်။

ဖောက် ဖောက် ဖောက်

သူတို့နှစ်ယောက်ကြား အကွာအဝေးက အရမ်းကို နီးကပ်နေလေသည်။

ဓားမြှောင်၏ အပိုင်းအစများက ယဲ့ချီ၏ မျက်နှာထဲသို့ နစ်ဝင်သွားပြီး သူမ၏ အမြုတေစိတ်ဝိညာဉ်က နေရာမှာတင် ဖျက်ဆီးခံလိုက်ရလေသည်။

ယဲ့ချီက ရှေ့သို့ လျင်မြန်စွာ တက်သွားသော်လည်း သူမက ပို၍ပင် လျင်မြန်စွာ နောက်သို့ ပြန်ဆုတ်လာခဲ့လေသည်။

ဘုန်း

ယဲ့ချီသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်း၍ ယဲ့ထန်းချီ၏ ခြေထောက်ဘေးသို့ လိမ့်ဆင်းလာချိန်တွင် သူမက ရုပ်ပျက်ဆင်းပျက် မျက်နှာတစ်ခုနှင့်အတူ ပုံပျက်ပန်းပျက် အလောင်းတစ်လောင်း ဖြစ်နေခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် ဆူဇီမိုက နောက်ဆုံး သူ၏ လက်ဖက်ရည်ကို သောက်ပြီးသွားပြီး သူ့ခေါင်းကိုမော့ကာ လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်လေသည်။

ထိုအချိန်မှာပင် တာအိုသက်ရှိ ယွီတင်း၏ အော်ဟစ်သံက ပြီးဆုံးသွားခဲ့လေသည်။

လက်ဖက်ရည်ကို သောက်နေစဉ်မှာပင် ဆူဇီမိုက သူ၏ဓားဖြင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခဲ့လေသည်။

အရာရာတိုင်းက လျင်မြန်စွာ စတင်ဖြစ်ပွားခဲ့သော်လည်း ပို၍မြန်ဆန်စွာပင် အဆုံးသတ်သွားခဲ့လေသည်။

တစ်ခဏအတွင်းမှာပင် ကိစ္စများက ပြေလည်သွားခဲ့လေပြီ။

ယဲ့ချီက သေဆုံးသွားပြီဖြစ်သည်။

All Chapters