လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲ
Vol. 63 Ch. 940
ဆူဇီမိုမည်သို့မည်ပုံ တိုက်ခိုက်လိုက်သည်ကို လူအတော်များများက မတွေ့မြင်လိုက်ကြပေ။
သို့သော်လည်း တစ်ခဏအတွင်းမှာပင် ယဲ့ချီက ရှုံးနိမ့်သွားခဲ့လေပြီ။
အဲ့ဒါက ရင်သပ်ရှုမောဓားချက်တစ်ချက် ဖြစ်လေသည်။
“ဘယ်လောက်တောင် ရက်စက်လိုက်တဲ့လူလဲ... သူက မိန်းမလှလေးတစ်ယောက်ကိုတောင် မျက်တောင်တစ်ချက်မခတ်ပဲ သတ်နိုင်တယ်”
“ဓားကျင့်ကြံသူတွေက သတ်ဖြတ်တဲ့နေရာမှာ ရက်စက်ပြတ်သားတာ ပုံမှန်ပါပဲ...”
“ဒါပေမယ့်လို့ အသွန်းတစ်ရာဂိုဏ်းမှာ ဘယ်တုန်းကများ အဲ့လောက်စွမ်းအားကြီးတဲ့ ဓားကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာခဲ့တာလဲ...”
များစွာသော ကျင့်ကြံသူများက တိုးတိုးတိတ်တိတ် ဆွေးနွေးလိုက်ကြလေသည်။
“ကောင်းလိုက်တဲ့ဓား...”
ပကတိအရှင်ဖန်းလန်က ရယ်မောလိုက်လေသည်။
ကျန့်ဝူကျုံး၏မျက်လုံးများက နီရဲလာပြီး သူက အံကိုကြိတ်၍ ပြောလိုက်လေသည်။
“ငါ့ရဲ့ရင်သပ်ရှုမောဓမ္မဓားကြောင့်သာမဟုတ်ရင် သူက သူ့ရဲ့ရန်သူကို ဓားချက်တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်မှာမဟုတ်ဘူး”
ကျန့်ဝူကျုံးသာလျှင် ထိုအတွေးရှိသည် မဟုတ်ပေ။
ကျင့်ကြံသူအများစုကလည်း ထိုသို့သော အတွေးရှိကြလေသည်။ တိုက်ခိုက်မှုက ဤမျှကြောက်စရာကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားခြင််းမှာ ရင်သပ်ရှုမောဓမ္မဓားသည် မူလပကတိအရှင်ဓမ္မလက်နက်တစ်ခု ဖြစ်နေသောကြောင့်ပင်။
ဓားဂိုဏ်း၏ ဟန်ချိုးယွီက သူ၏မျက်လုံးကို မှေးကျဥ်းပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
သူက ပြောနိုင်လေသည်။ ရင်သပ်ရှုမောဓမ္မဓား မရှိလျှင်တောင် ယဲ့ချီက သူမ၏ သေဆုံးမှုကနေ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။
ထိုတိုက်ခိုက်မှု၏စွမ်းအားက သိပ်သည်းပြင်းထန်သော်လည်း ထိုဓားနည်းစနစ်က တစ်နည်းတစ်ဖုံထူးဆန်းနေသည်ဟု ထင်ရလေသည်။
အဲ့ဒါက ဓားနည်းစနစ်တစ်ခုနှင့်မတူပဲ သူကအဲ့ဒါကို တစ်နေရာရာမှာ တွေ့မြင်ဖူးသော ခံစားချက်တစ်ခုကို ရနေလေသည်။
သို့သော်လည်း မိုလင်း၏တိုက်ခိုက်မှုက အရမ်းကို မြန်ဆန်ပြီး ဓားရောင်က ဖျတ်ကနဲ လက်သွားသည်ကိုသာ တွေ့မြင်လိုက်ရလေသည်။ သူက သေချာအနီးကပ်ကြည့်ဖို့ သေချာအခွင့်ရေးမရလိုက်ပေ။
ယဲ့ထျန်းချန်၏ အစေခံသေဆုံးမှုနှင့်အတူ ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ပွားတော့မည်ကို လူတိုင်းက နားလည်လိုက်ကြလေသည်။
“မင်းကတော့... သေချင်နေပြီပဲ”
ယဲ့ထျန်းချန်က ဖြည်းဖြည်းချင်းထရပ်ပြီး ရုန်းကန်ပေါက်ကွဲထွက်လာသော အော်ရာတစ်ခုကို ထုတ်ဖော်ပြီး ဂမ္ဘီရခြံဝန်းတစ်ခုလုံးကို တုန်ယင်သွားစေလေသည်။
ယဲ့ထျန်းချန်က တစ်စုံတစ်ရာမပြုလုပ်ခင်မှာပင် ယဲ့ယီက သူမ၏ ပုလွေကိုစတင်၍ မှုတ်လိုက်လေသည်။
ပုလွေသံက လူတိုင်း၏အသိစိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်ကို ထိခိုက်စေနိုင်သည့်အလား ခါးသက်စွာဖြင့် ဖြန့်ကြက်ထွက်ပေါ်လာခဲ့လေသည်။
“သတ်...”
ယဲ့အာနှင့် ယဲ့စန် အစေခံနှစ်ယောက်သည် ထိုပုလွေသံ၏ သက်ရောက်မှုကို ခံစားရပုံမရပေ။ ထိုအစား သူတို့၏ အော်ရာက တလိပ်လိပ်တက်လာပြီး ဆူဇီမိုဆီသို့ ပြေးဝင်သွားကြလေသည်။
ယဲ့စီက သူမ၏လက်ကို ဝှေ့ယမ်းပြီး ပွင့်ဖတ်ပွင့်ချပ်များကို တဖွားဖွားကျဆင်းလာစေလေသည်။
ထိုပွင့်ဖတ်များက အားနည်းသည်ဟု ထင်ရသော်လည်း သူတို့ကျဆင်းလာသည့်အခါ လေဟာနယ်က အပိုင်းပိုင်းစုတ်ပြဲသွားသည်ဟု ထင်ရလေသည်။
ယဲ့ဝူက ငှက်မွေးယပ်တောင်တစ်ခုကို ကိုင်ထားပြီး ဓမ္မစွမ်းအားကို ထိုးသွင်းလိုက်လေသည်။
ဓမ္မအင်းကွက် ငါးခုက ယပ်တောင်ပေါ်မှာ တောက်ပလာခဲ့လေသည်။
အဲ့ဒါက ပကတိအဆင့် ပကတိအရှင်ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
ယဲ့ထျန်းချန်၏ အစေခံများကပင် ပကတိဓမ္မလက်နက်များကို အသုံးပြုနိုင်လေသည်။
“နင်တို့တွေက ဘာလုပ်ချင်နေတာလဲ...”
“အရေအတွက်နဲ့ အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား...”
အသွန်းတစ်ရာဂိုဏ်းဘက်ခြမ်းတွင် တာအိုသက်ရှိယွီတင်းနှင့် နန်းကုန်လင်းက သူတို့၏ ကျင့်ကြံသူများကို ဦးဆောင်လိုက်ကြလေသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြပြီး သူတို့၏ ဓမ္မလက်နက်များကို ထုတ်ဖော်ကာ လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်လိုက်ကြလေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်းဘက်မှ ကျင့်ကြံသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကြလေသည်။
တိုက်ပွဲက စတင်တော့မည့်ဆဲဆဲပင်...
ဤနေရာအရောက်တွင် အခြေနေတစ်ခုလုံးက ထိန်းချုပ်မှုကနေ လွတ်ထွက်လုနီးပါးဖြစ်လာခဲ့လေသည်။ တာအိုအရှင်လန်ယွဲ့က မျက်မှောင်ကြုတ်ပြီး တခြားရွေးချယ်စရာမရှိတော့သည့်အတွက် အခြေအနေကို ထိန်းချုပ်ဖို့ ရှေ့သို့တက်လှမ်းလိုက်ရလေသည်။
အခြေအနေက ဆက်လက်ပြင်းထန်၍ နှစ်ဖက်စလုံးက တိုက်ခိုက်ကြမည်ဆိုလျှင် ခြံဝန်းထဲရှိ ကျင့်ကြံသူများအားလုံးပါ ပါဝင်ငြိစွန်း၍ မည်သူကမှ ချမ်းသာရာရတော့မည် မဟုတ်ပေ။
အဲ့ဒီအခါ ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကိုလည်း ဆက်လက်၍ ကျင်းပနိုင်တော့မည်မဟုတ်ပေ။
ထိုအခါ ကြိုးကြာတစ်ထောင်ဂိုဏ်းနဲ့ တာအိုအရှင်လန်ယွဲ့က လူအများ၏ ဟားတိုက်စရာဖြစ်လာပေလိမ့်မည်။
“တော်လောက်ပြီ... “
တာအိုအရှင်လန်ယွဲ့က ဟိန်းဟောက်၍ အလွန်ကြီးမားလေးလံသည့် ဖိအားတစ်ခုကို ထုတ်ဖော်ပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံစေလိုက်လေသည်။
သူမ၏ အသံတွင် ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ စွမ်းအားပါဝင်ရုံသာမက အဲ့ဒီမှာ ကြိုးကြာအော်သံတစ်သံပါ ပါဝင်ပြီး အဲ့ဒါက ယဲ့ယီ၏ ပုလွေသံကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်လေသည်။
ယဲ့စီ၏ ပွင့်ဖတ်ပွင့်ချပ်များကလည်း လေထဲမှာပဲ ရပ်တန့်သွားခဲ့လေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်းဖြစ်စေ အသွန်းတစ်ရာဂိုဏ်း ဖြစ်စေ ကျင့်ကြံသူများ၏ ထုတ်ဖော်ထားသော သို့မဟုတ် ထုတ်ဖော်နေဆဲဖြစ်သော ဓမ္မအတတ်များက ချက်ချင်းပင် ပျက်ပြယ်သွားခဲ့လေသည်။
ဓမ္မဝိသေသ ဂိုဏ်းချုပ်တစ်ယောက်၏ ခွန်အားက သိသာထင်ရှားလေသည်။
“ဒါက ကြိုးကြာတစ်ထောင်ဂိုဏ်းပဲ...”
တာအိုအရှင်လန်ယွဲ့က ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“အခုက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို ကျင်းပပေးနေတာ... နင်တို့တွေက ဘာလုပ်ဖို့ကြိုးစားနေတာလဲ... နင်တို့တွေက ငါ့ကို ဂိုဏ်းချုပ်တစ်ယောက်လို့တောင် မမြင်တော့ဘူးလား”
ယဲ့ယီက ဆူဇီမိုကို လက်ညိုးထိုးပြီး အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“အဲ့ဒီလူက ကြိုးကြာတစ်ထောင်ဂိုဏ်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မထီမဲ့မြင်ပြုပြီး တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခဲ့တာပဲ... သူက သေသင့်တယ်”
“ပေါက်ကရတွေမပြောစမ်းနဲ့...”
ဖက်တီးလေးက ဆက်လက်၍ မချုပ်တည်းနိုင်တော့ပဲ အော်ဟစ်ငေါက်ငမ်းလိုက်လေသည်။
“ကလေးမ... နင့်ပုံစံက နုနုနယ်နယ်နဲ့ သန့်စင်ပေမယ့်လို့ နင့်ရဲ့ စိတ်နှလုံးကတော့ အတော်လေးကို ညစ်ပတ်တာပဲ”
“နင်တို့တွေကရော.. ကြိုးကြာတစ်ထောင်ဂိုဏ်းကို တော်တော်လေးစားမှု ရှိနေလို့လား..”
ရူရွှမ်က လှောင်ပြောင်ရယ်မောလိုက်လေသည်။
“အဲ့ဒီအမျိုးသမီးက အရင်ဆုံးစတိုက်ခိုက်တဲ့သူပဲ... ငါတို့က ပြန်ပြီးခုခံလို့ ဘာလို့မရရမှာလဲ... ဟမ့် သူမက သေသင့်သေထိုက်လို့ သေရတာပဲ”
“ကဲ... ဒီကိစ္စကို အခုလောလောဆယ် ခဏဘေးချိတ်ထားရအောင်”
တာအိုအရှင်လန်ယွဲ့က တင်းမာခက်ထန်သောအမူအရာဖြင့် အလေးအနက်ပြောလိုက်လေသည်။
“မင်းတို့နှစ်ယောက်ကြားက ရန်ငြိုးရန်စကို ပြိုင်စံရှားတိုက်ပွဲမှာ ဖြေရှင်းကြ... အဲ့ဒီအချိန်ကျရင် ငါက ဝင်ပါမှာမဟုတ်ဘူး”
ကြိုးကြာတစ်ထောင်ဂိုဏ်းချုပ်၏ ကြားဝင်ဖြန်ဖြေမှုနှင့်အတူ အခြေအနေက နောက်ဆုံးမှာ တည်ငြိမ်သွားခဲ့လေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူများက နောက်ဆုတ်သွားကြလေသည်။
ရုတ်တရက် ယဲ့ထျန်းချန်က ဟားတိုက်ရယ်မောလိုက်လေသည်။ သူက အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူများကိုကြည့်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်လေသည်။
“ကောင်းတယ်ကွာ... ကောင်းတယ် အသွန်းတစ်ရာဂိုဏ်းက အခုဆို ကစဉ့်ကလျားအမြုတေဂိုဏ်းကိုတောင် စိန်ခေါ်ရဲလာပြီပေါ့... ဟားဟားဟားဟား”
“ဘာမှမပူပါနဲ့ အစ်ကိုယဲ့...”
မင်းဟန်က လှမ်းအော်ပြောလိုက်လေသည်။
“လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲပြီးတာနဲ့ အသွန်းတစ်ရာဂိုဏ်းက တစ်သီးပုဂ္ဂလလေးအုပ်စုကနေ ဖယ်ထုတ်ခံရတော့မှာပဲ”
“ဟုတ်တာပေါ့...”
ယဲ့ထျန်းချန်က ဆူဇီမိုကို ကြည့်ပြီး အေးစက်စွာဖြင့်ပြောလိုက်လေသည်။
“အသွန်းတစ်ရာဂိုဏ်းက မင်းကိုဘယ်လောက်ကြာကြာကာကွယ်ပေးထားနိုင်မလဲ ကြည့်ရသေးတာပေါ့”
ဆူဇီမိုက တည်ငြိမ်စွာဖြင့်ပြုံးနေလေသည်။
ယဲ့ထျန်းချန်က အမှားတစ်ခုကို ပြုလုပ်မိလိုက်လေပြီ။
ဆူဇီမိုက ယဲ့ထျန်းချန်ကို ရင်ဆိုင်ရဲခြင်းမှာ အသွန်းတစ်ရာဂိုဏ်း၏ အားကိုးကြောင့်မဟုတ်ပေ။ အဲ့ဒါက သူကိုယ်တိုင်ကြောင့်ပင် ဖြစ်လေသည်။
တာအိုအရှင်လန်ယွဲ့က လမ့်ရိုကိုကြည့်လိုက်လေသည်။
“အဆောင်လက်ဖွဲ့ပြိုင်ပွဲမှာ အရင်ဆုံးသွားပြိုင်လိုက်.. နင့်ရဲ့လက်ထပ်မင်္ဂလာပွဲကိုတော့...”
ခဏမျှရပ်တန့်ပြီးနောက် တာအိုအရှင်လန်ယွဲ့ က ဆူဇီမိုကို တစ်ချက်လှမ်းကြည့်ပြီး လှောင်ရယ်လိုက်လေသည်။
“တစ်စုံတစ်ယောက်က သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ယဲ့ထျန်းချန်ကို စိန်ခေါ်ချင်နေမှတော့ ငါတို့က ပြိုင်စံရှားတွေတိုက်ပွဲမှာ သူ့ကိုအခွင့်အရေးတစ်ခုပေးရတာပေါ့”
“ရိုအာ... ယဲ့ထျန်းချန်က အနိုင်ရခဲ့မယ်ဆိရင် နင်က ငါ့ရဲ့အစီအစဥ်အတိုင်း တစ်သဝေမတိမ်း လိုက်နာရမယ်... ဘယ်လိုလဲ”
“ကောင်းပါပြီရှင်...”
လမ့်ရိုက ချက်ချင်းပင် မဆိုင်းမတွ သဘောတူလိုက်လေသည်။
တာအိုအရှင်လန်ယွဲ့ပင်လျင် အံ့အားသင့်မှင်တက်သွားရလေသည်။
လမ့်ရို၏ ပြန်ဖြေစကားက ယဲ့ထျန်းချန်သည် ထိုတိုက်ပွဲမှာ လုံးဝအနိုင်မရနိုင်ဟူသော ခံစားချက်တစ်ခုကို ပေးစွမ်းနေလေသည်။
အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ...
တာအိုအရှင်လန်ယွဲ့က ပြုံး၍ သူမ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်လေသည်။
သူမ၏မျက်လုံးထဲတွင် မိုလင်းက ယဲ့ထျန်းချန်ထက် သာသောအချက်တစ်ချက်မှာ သူ၏ကျင့်ကြံမှုအဆင့်သာ ဖြစ်လေသည်။
သို့သော်လည်း ယဲ့ထျန်းချန်လို ပြန်ဝင်စားမွန်းစတားအတွက် အစောပိုင်းနှင့် နောက်ပိုင်းအဆင့် နိုးထဝိညာဥ်အကြား ကွာဟချက်က ဘာမှပြောပလောက်စရာမဟုတ်ပေ။
ယဲ့ထျန်းချန်သည် အရင်က မူလနတ္ထိတစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့ဖူးလေသည်။
မိုလင်းက ရင်သပ်ရှုမောဓမ္မဓားအပေါ်မှာ မှီခိုအားထားချင်နေတာလား...
အဲ့ဒါက ပို၍ပင် ရယ်စရာကောင်းသေးလေသည်။
ယဲ့ထျန်းချန်မှာလည်း ပကတိမူလအရှင်ဓမ္မလက်နက်များ ရှိသည်ဆိုတာ တာအိုအရှင်လန်ယွဲ့ က ယုံကြည်လေသည်။ ဒါ့အပြင် သူ့မှာသေချာပေါက် တစ်ခုထက်ပို၍ ရှိပေလိမ့်မည်။
လမ့်ရို၏ သဘောတူလက်ခံမှုနှင့်အတူ ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို ဆက်လက်ကျင်းပလိုက်လေသည်။
ဘာကြောင့်ရယ်မသိ လမ့်ရိုသည် ထိုအချိန်မှစ၍ အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု တာအိုအရှင်လန်ယွဲ့ က ခံစားမိလေသည်။
လမ့်ရိုသည် ထူးမခြားနားအမူရာဖြင့် ရှိနေသော်လည်း သူမ၏ မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များကို တွေ့မြင်နေရလေသည်။
တာအိုအရှင်လန်ယွဲ့က သူမ၏ခေါင်းကိုခါပြီး အဲ့ဒါကို ဆက်၍စဥ်းစားမနေတော့ပေ။
မည်သိုပင်ဆိုစေ အခြေအနေက သူမ၏ ထိန်းချုပ်မှုအတွင်းမှာရှိနေဆဲပင်။
စောစောက ဖြစ်ရပ်များသည် ကြားဖြတ်ဝင်ရောက်လာသော ကြော်ငြာတစ်ခုလိုပင်။
လက်ဖက်ရည်ဧည့်ခံပွဲကို ဆက်လက်ကျင်းပခဲ့လေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်းကနေ စေလွှတ်ပေးသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် လမ့်ရိုသည် အလယ်ပိုင်းတိုက်ရှိ အမျိုးမျိုးသော အဆောင်သခင်များထံမှ စိန်ခေါ်မှုများကို လက်ခံရလေသည်။
အဆောင်လက်ဖွဲ့ပြိုင်ပွဲက ပို၍ပင် မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့လေသည်။
တစ်နာရီအတွင်းမှာ ရလဒ်က ထွက်ပေါ်လာခဲ့လေသည်။
တခြားသော အဆောင်သခင်များက သူတို့၏ ကိုယ်ပိုင်အဆောင်များကို မသန့်စင်နိုင်သေးခင်မှာပင် လမ့်ရိုသည် ကောင်းကင်ဘုံကိုးဆင့် မိုးကြိုးအဆောင်ကို သန့်စင်လို့ပြီးဆုံးသွားခဲ့လေပြီ။
ထိုအဆောင်၏စွမ်းအားက အထွတ်အထိပ် နိုးထဝိညာဥ်တစ်ယောက်ကို စိန်ခေါ်နိုင်လေသည်။
တစ်ကယ်ဆို အဲ့ဒါကို မူလနတ္ထိ အဆင့်များပင်လျင် စိုးရိမ်ပူပန်ရလေသည်။
အခြားသော အဆောင်သခင်များက ထိုသည်ကိုမြင်သော အခါ သူတို့၏လုပ်လက်စများကို လက်လျော့ပြီး ရှုံးနိမ့်ကြောင်းကို ဝန်ခံလိုက်ကြလေသည်။
ထိုသို့ဖြင့် လမ့်ရိုက မဟာအဆောင်သခင်ဘွဲ့ကို ခံယူပြီး ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို သောက်သုံးရလေသည်။
အဆောင်လက်ဖွဲ့ပြိုင်ပွဲပြီးနောက် လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲက ရောက်ရှိလာခဲ့လေပြီ။
အဲ့ဒါက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ၏ အရေးကြီးဆုံး ပြိုင်ပွဲစဥ်တစ်ခုလည်းဖြစ်လေသည်။