ဘုံရန်သူ
Vol. 63 Ch. 942
ဂမ္ဘီရခြံဝန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်ကျသွားလေသည်။
ကျင့်ကြံသူများအားလုံးနီးပါးသည် လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲအလယ်ရှိ လူနှစ်ယောက်ကို အာရုံစူးစိုက်၍ စောင့်ကြည့်နေကြလေသည်။
အဲ့ဒါက သူတို့နှစ်ယောက်စလုံး၏ သေရေးရှင်ရေးအဖြစ်ဆုံး အခြေအနေသို့ ရောက်ရှိလာခဲ့လေပြီ။
မင်းဟန်က သူ၏ ဆဋ္ဌမမြောက်ဓမ္မအင်းကွက်ကို စုဖွဲ့ဖို့ ကြိုးပမ်းနေလေသည်။
လျှိုဟန်ယန်က သူမ၏ ပဉ္စမမြောက်အင်းကွက်ကို စုဖွဲ့နေလေသည်။
မည်သူကမှ အလျှော့မပေးကြပေ...
နောက်ဆုံးအခိုက်အတန့်ထိ ဤလက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲ၏ ရလဒ်ကို မည်သူကမှ မပြောနိုင်ကြသေးပေ။
ဘာပဲပြောပြော မူလဓမ္မလက်နက်များကို ဖန်တီးဖို့ရန် ဓမ္မအင်းကွက် ၆ ခုကို စုဖွဲ့ရခြင်း၏ အောင်မြင်မှုနှုန်းက အလွန်တရာနိမ့်ကျလေသည်။
မင်းဟန်က ကျရှုံးသွားမည်ဆိုလျှင် လျှိုဟန်ယန်က သေချာပေါက် အနိုင်ရပေလိမ့်မည်။
သို့သော်လည်း လက်ရှိအခြေအနေထိတော့ မင်းဟန်က အသာစီးရနေဆဲပင်။
သူသည် ပဉ္စမမြောက်ဓမ္မအင်းကွက်ကို အရင်ဆုံး ဖွဲ့တည်ပြီး လျှိုဟန်ယန်အပေါ်ဖိအားကို ထပ်တိုးပေးလိုက်လေသည်။
အသွန်းတစ်ရာဂိုဏ်းမှ တပည့်များစွာသည် စိုးရိမ်ထိတ်လန့်နေပြီး သူတို့၏ လက်သီးများကိုဆုပ်၍ လျှိုဟန်ယန်အတွက် ဆုတောင်းပေးနေကြလေသည်။
လျှိုဟန်ယန်၏မျက်နှာက အနည်းငယ်ဖြူလျော့နေလေပြီ။
လက်နက်သွန်းလုပ်ရခြင်းက စိတ်စွမ်းအင်ကို အတော်လေးကုန်ဆုံးစေလေသည်။
ဒါ့အပြင်သူမသည် သိပ်သည်းပြင်းထန်သည့် ဖိအားအောက်မှာ ရောက်ရှိနေလေသည်။
မင်းဟန်သည် သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ပန်းပဲမီးဖိုအတွင်းရှိ ဓားပျံကို အားရုံခံနေလေသည်။ ဓားပျံက ဖြည်းဖြည်းချင်းကြွတက်လာပြီး ငရဲမီးလုံးတစ်လုံးအတွင်းသို့ ကျဆင်းသွားခဲ့ကာ ဓားသွားက ထင်ရှားပြတ်သားသော အင်းကွက် ၅ ခုနှင့် တောက်လောင်နီရဲလာခဲ့လေသည်။
မင်းဟန်၏ အမူအရာက ယခင်ကကဲ့သို့ စိတ်လက်ပေါ့ပါးခြင်းမရှိတော့ပေ။ သူက အနည်းငယ်သုန်မှုန်လာခဲ့လေသည်။
သူသည်လည်း ဆဋ္ဌမမြောက်ဓမ္မအင်းကွက်ကို စုဖွဲ့ဖို့အတွက် ယုံကြည်မှုကောင်းကောင်းမရှိပေ။
ဝှစ်...
ထိုစဥ်မှာပင် လျှိုဟန်ယန်၏ပန်းပဲမီးဖိုက တဖျတ်ဖျတ်တလက်လက်အလင်းများဖြင့် တောက်ပလာခဲ့လေသည်။
ကျင့်ကြံသူများက လှည့်ကြည့်ပြီး ပင့်သက်ကိုရှိုက်လိုက်ကြလေသည်။
ပဉ္စမမြောက်ဓမ္မအင်းကွက်...
လျှိုဟန်ယန်က ပဉ္စမမြောင်ဓမ္မအင်းကွက်ကို စုဖွဲ့နိုင်သွားလေပြီ...
သူမက ယခုချိန်ရပ်တန့်လိုက်မည်ဆိုလျှင် ပကတိအဆင့် ပကတိအရှင်ဓမ္မလက်နက်တစ်ခုကို အောင်မြင်စွာသွန်းလုပ်နိုင်နေလေပြီ။
နတ်ပန်းပဲဆရာ အများစုအတွက်တော့ ပကတိဓမ္မလက်နက်များကို သွန်းလုပ်နိုင်ခြင်းက သူတို့၏အကန့်သတ်ဖြစ်လေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် လျှိုဟန်ယန်သည် ဤပကတိအဆင့် ပကတိအရှင်ဓမ္မလက်နက်နှင့် ဆိုပါက အလယ်ပိုင်းတိုက်ရှိ နတ်ပန်းပဲဆရာများအားလုံးကို အနိုင်ယူနိုင်လေသည်။
သို့သော်လည်း သူမက မင်းဟန်ကို အနိုင်မရနိုင်သေးပေ။
မင်းဟန်၏ လက်နက်သွန်းလုပ်ခြင်းအမြန်နှုန်းက သူမထက်ပင် ပို၍မြန်ဆန်နေလေသည်။
ဒါ့အပြင် မင်းဟန်က လက်ရှိမှာ ဆဋ္ဌမမြောက်ဓမ္မအင်းကွက်ကို စုဖွဲ့ဖို့ကြိုးပမ်းနေလေသည်။
လျှိုဟန်ယန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူမ၏စိတ်ကို တည်ငြိမ်စေကာ မီးတောက်များကို ထိန်းချုပ်လိုက်လေသည်။ သူမက ဆဋ္ဌမမြောက်ဓမ္မအင်းကွက်ကို စုဖွဲ့ဖိုအတွက် အလောတကြီးရှိမနေပေ။ သူမက စောင့်ဆိုင်းနေလေသည်။
မင်းဟန်က ကျရှုံးသွားမည်ဆိုလျှင် သူမက ထိုပကတိအဆင့် ပကတိအရှင်ဓမ္မလက်နက်ဖြင့် ဤလက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲကို အနိုင်ရရှိနိုင်လေသည်။
မင်းဟန်သည် သူ၏ကိုယ်ပိုင်လောကထဲမှာ နစ်မျောနေသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို ပိတ်ထားဆဲဖြစ်လေသည်။
လျှိုဟန်ယန်၏ ပြုမူလှုပ်ရှားမှုက သူ့အပေါ်မှာ မည်သို့မျှ သက်ရောက်မှုမရှိသည့်အလားပင် ။
လူတိုင်းသည် အသက်ကို အောင့်ထားပြီး မျက်တောင်မခတ်ရဲကြပေ။
လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲသည် ၎င်း၏ အထွတ်အထိပ်ဆုံးအခြေအနေမှာ ရောက်ရှိနေပြီး အနိုင်ရလဒ်ကို အချိန်မရွေး ဆုံးဖြတ်ပေးသွားနိုင်လေသည်။
မသိလိုက်မသိဘာသာ အချိန်ကာလတစ်ခုက ကုန်ဆုံးသွားခဲ့လေသည်။
မင်းဟန်က ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်ပြီး ဟိန်းဟောက်လိုက်လေသည်။
“စုဖွဲ့စမ်း...”
ချက်ချင်းပင် လေဟာနယ်ထဲရှိ ကောင်းကင်နှင့်မြေကြီး၏.စွမ်းအားများက ဆူပွက်လာသည်ဟု ထင်ရလေသည်။
ကောင်းကင်နှင့်မြေကြီးစွမ်းအားများ၏ အဆုံးသတ်မရှိသော စီးကြောင်းတစ်ခုက ငရဲမီးဖိုထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး ဧရာမ ဝဲကတော့တစ်ခုအဖြစ် ဖြစ်ပေါ်လာလုနီးပါးပင်။
ငရဲမီးဖိုထဲမှ ဓမ္မစွမ်းအားများက လျှံထွက်လာပြီး တောက်ပသော အလင်းရောင်တစ်ခုက ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။
ဓားပေါ်တွင် ဆဋ္ဌမမြောက်ဓမ္မအင်းကွက်က ဖြစ်ပေါ်လာခဲ့လေသည်။ မူလပကတိအရှင်ဓမ္မလက်နက်ကို အောင်မြင်စွာပြုလုပ်နိုင်သွားခဲ့လေပြီ။
ကျင့်ကြံသူများက စိတ်လှုပ်ရှားသွားကြလေသည်။
လူတိုင်းသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် မယုံကြည်နိုင်စွာ ကြည့်နေကြလေသည်။
အဲ့ဒါက တုန်လှုပ်စရာကောင်းလွန်းလေသည်...
ငရဲမီးဖိုထဲကနေ သွေးနီရောင်ဓားပျံတစ်လက်က ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့လေသည်။ ဓားပေါ်တွင် ထင်ရှားပြတ်သားသော အလင်းရောင် ၆ ခုရှိနေပြီး အဲ့ဒါက တဖျတ်ဖျတ်တလက်လက်ဖြင့် တောက်ပနေလေသည်။
ကျင့်ကြံသူအများစုသည် သူတို့ဘဝသက်တမ်းတစ်လျှောက်လုံးမှာတောင် ထိုကဲ့သို့သော မြင်ကွင်းကို မြင်တွေ့ခွင့်ရချင်မှ ရပေလိမ့်မည်။
မည်သူကမှ အဲ့ဒါကို လက်လွတ်မခံလိုကြပေ။
“ဟုတ်သားပဲ..”
ကြိုးကြာတစ်ထောင်ဂိုဏ်းချုပ် တာအိုအရှင်လန်ယွဲ့ကပင်လျှင် မနေနိုင်ပဲ ချီးကျူးလိုက်လေသည်။
အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းသည် တုန်လှုပ်ချောက်ချားသွားပြီး သူတို့၏ အမူအရာများက ညိုမည်းလာခဲ့ကြလေသည်။
လျှိုဟန်ယန်သည် တုန်လှုပ်သွားပြီး သူမ၏မီးတောက်များကို မထိန်းချုပ်နိုင်တော့ပေ။
သူမ၏မီးဖိုထဲရှိဓားပျံက ပေါက်ကွဲလုနီးပါးဖြစ်လာခဲ့လေသည်။ သူမက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး မီးတောက်များကို အလျင်အမြန်တည်ငြိမ်စေလိုက်လေသည်။
မူလပကတိအရှင်ဓမ္မလက်နက်တစ်ခု ပေါ်ထွက်လာခြင်းဖြင့် သူမက နောက်ပြန်လှည့်လို့မရတော့ပေ။
သူမသည် ထိုစိန်ခေါ်မှုကို ထိပ်တိုက်ရင်ဆိုင်ပြီး သူမ၏ ဆဋ္ဌမမြောက်ဓမ္မအင်းကွက်ကို စုဖွဲ့ဖို့အတွက် ဆက်လက်ကြိုးပမ်းရန်သာ ရှိတော့လေသည်။
အခြေအနေတစ်ခုလုံးကပြောင်းလဲသွားခဲ့လေသည်။ ချက်ချင်းပင် ဖိအားများအားလုံးက ဤနုနုနယ်နယ်အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်သို့ စုပြုံကျရောက်လာသည့်အလားပင်။
တကယ်ဆိုသူမက အသက်ပင်ကောင်းကောင်းမရှုနိုင်တော့ဟု ခံစားလာရလေသည်။
မင်းဟန်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် မတ်တတ်ရပ်ရင်း လူအုပ်ကြီးထဲမှ အထင်ကြီးလေးစားသော အကြည့်များနှင့် ချီးကျူးပြောဆိုမှုများကို ခံယူနေလေသည်။ သူက သူ၏မျက်လုံးထောင့်ကနေ လျှိုဟန်ယန်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။
သူ၏အကြည့်က ဖော်မပြနိုင်သော အထင်မြင်သေးမှုဖြင့် ပြည့်နှက်နေလေသည်။
လျှိုဟန်ယန်က မင်းဟန်နှင့် မျက်လုံးခြင်းမဆုံရဲပေ။ သူမက သူမကိုယ်သူမ အကောင်းဆုံး ဣန္ဒြေဆယ်ပြီး သူမ၏ ဆဋ္ဌမမြောက်ဓမ္မအင်းကွက်ကို စုဖွဲ့နိုင်ဖို့ကြိုးပမ်းလိုက်လေသည်။
အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားခဲ့လေသည်။
လျှိုဟန်ယန်၏မျက်နှာက ဖြူလျော့လာပြီး သူမ၏ နဖူးထက်တွင် ချွေးစီးများက ထွက်ပေါ်လာလေသည်။ သူမက စုဖွဲ့ခြင်းကို ကြိုးပမ်းရဲခြင်းမရှိပေ။
သူမက ဤကြိုးပမ်းမှုမှာ ကျဆုံးသွားမည်ဆိုလျှင် ချောက်နက်ကြီးတစ်ခုထဲသို့ ပြုတ်ကျသွားပေလိမ့်မည်။ သို့သော်လည်း သူမက စုဖွဲ့ခြင်းကို မကြိုးပမ်းဘူးဆိုလျှင်လည်း အချိန်ကြာလာသည်နှင့်အမျှ သူမ၏ စိတ်ခွန်အားက ကုန်ခမ်းလာပြီး သူမ၏ အခွင့်အရေးကလည်း လျော့နည်းလာပေလိမ့်မည်။
ပြင်ပဖိအားများနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပမ်းနွမ်းလျမှုက လျှိုဟန်ယန်ကို လဲပြိုကျတော့မည့်အလား ခံစားရစေလေသည်။
မင်းဟန်က ထိုသည်ကိုမြင်သောအခါ သရော်ပြုံး ပြုံးလိုက်လေသည်။
သူက သေချာပေါက် အနိုင်ရရှိတော့မည်ဆိုတာကို သိလိုက်လေသည်။
ဆူဇီမိုနှင့်အခြားသူများကလည်း ဂမ္ဘီရလက်ဖက်ပင်အောက်ကနေ အခြေအနေကို စောင့်ကြည့်နေကြလေသည်။
“အဲ့ဒီအစ်မ ချောချောလေးက ရှုံးတော့မှာပဲ...”
ဖက်တီးလေးက သက်ပြင်းချလိုက်လေသည်။
လမ့်ရိုက ဆူဇီမိုကို လှည့်ကြည့်ပြီးပြောလိုက်လေသည်။
“သူမက ရှုံးသွားမယ်ဆိုရင် အဲ့ဒါက အသွန်းတစ်ရာဂိုဏ်းရဲ့ ဂုဏ်သတင်းပေါ်မှာ ကြီးကြီးမားမားသက်ရောက်စေလိမ့်မယ်.. ကျွန်မစိုးရိမ်မိတာက...”
ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ၏ ပထမအပိုင်းသည် တစ်သီးပုဂ္ဂလလေးအုပ်စုမှ မဟာသခင်လေးယောက်ကို ရွေးချယ်ဖို့ဖြစ်လေသည်။
မဟာဝင်္ကပါသခင် ၊ မဟာနတ်ဆေးဆရာ နှင့် မဟာအဆောင်သခင်ဘွဲ့များကို ရှေးဟောင်းအစီအရင်ဂိုဏ်း ၊ ယန်ဆေးဂိုဏ်းနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်း ကျင့်ကြံသူများက အသီးသီး ရရှိခဲ့ကြလေသည်။
သို့သော်လည်း အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူများက မဟာနတ်ပန်းပဲဆရာဘွဲ့ကို မခံယူနိုင်ဘူးဆိုလျှင် ငရဲမီးစံအိမ်က အဲ့ဒီအခွင့်အရေးကို သေချာပေါက်အသုံးချ၍ သူတို့ကို ထိုးနှက်လာပေတော့မည်။
ဆူဇီမိုက အလေးအနက်တွေး၍ မျက်မှောင်ကြုတ်လိုက်လေသည်။
ပြိုင်စံရှားတိုက်ပွဲမတိုင်ခင် သူ၏ခွန်အားကို.အတင်းအကျပ်ထုတ်ဖော်မည်ဆိုလျှင် တာအိုအရှင်လန်ယွဲ့က သူ့ကိုဤနေရာကနေ မောင်းထုတ်ပစ်ဖို့အခွင့်များလေသည်။
သို့သော်လည်း သူ၏ခွန်အားကို မထုတ်ဖော်ဘူးဆိုလျှင် သူ့မှာ များများစားစား ကူညီပေးနိုင်တာမရှိပေ။
ဆူဇီမိုက သူ၏နဖူးကိုညင်သာစွာပွတ်သပ်ပြီး အကြံထုတ်နေရင်း သူ၏မျက်လုံးများက တဖျတ်ဖျတ်ဖြစ်လာလေသည်။
“စုဖွဲ့စမ်း...”
ထိုစဥ်မှာပင် လျှိုဟန်ယန်က သူမ၏ ဆဋ္ဌမမြောက်ဓမ္မအင်းကွက်ကို.စုဖွဲ့ဖို့အတွက် နောက်ဆုံးမှာလှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်လေသည်။
သို့သော်လည်း သူမ ထိုသို့ပြောလိုက်သည့်ခဏမှာပင် ပန်းပဲမီးဖိုထဲကနေ အက်ကွဲသံခပ်ဖျော့ဖျော့က ထွက်ပေါ်လာခဲ့လေသည်။
ထိုအသံက မကျယ်သော်လည်း လျှိုဟန်ယန်၏နားထဲမှာ မိုးကြိုးပစ်ချလိုက်သည့်အလားပင်။
မင်းဟန်၏အပြုံးက ပိုမိုနက်ရှိုင်းသွားခဲ့လေသည်။
သူက အနိုင်ရရှိခဲ့လေပြီ...
စောစောကအသံသည် ဓမ္မအင်းကွက်ကို စုဖွဲ့ရန်ကြိုးပမ်းရာတွင် ကျရှုံးမှုမှ ထွက်ပေါ်လာသော ဓားသွားအက်ကွဲသည့်အသံဖြစ်လေသည်။
ထိုစဥ်မှာပင် ဓားပျံသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားပြီး မီးဖိုနံရံကိုရိုက်ခတ်ကာ ကျယ်လောင်သောအသံကို ထွက်ပေါ်လာစေလေသည်။
အဲ့ဒါက လျှိုဟန်ယန်၏ စိတ်အပေါ်သက်ရောက်သွားပြီး သူမ၏ခန္ဓာကိုယ်က ယိမ်းထိုး၍ လေထဲကနေပြုတ်ကျလာခဲ့လေသည်။ သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရလေသည်။
“ဟန်ယန်...”
နန်းကုန်လင်းက ရှေ့သို့အလောတကြီးပြေးချသွားပြီး ဝမ်းနည်း ပက်လက်အမူအရာတစ်ခုနှင့်အတူ လျှိုဟန်ယန်ကို ဖေးမလိုက်လေသည်။
“ငါ... ရှုံးသွားပြီ...”
လျှိုဟန်ယန်က ဆိုးဆိုးဝါးဝါးပျင်ယွင်းနေသော အမူအရာတစ်ခုနှင့် တီးတိုးပြောဆိုလိုက်လေသည်။ သူမ၏ မျက်လုံးများက နာကျင်မှုနှင့် ပြည့်နှက်နေလေသည်။
မင်းဟန်၏မျက်လုံးများက အေးစက်လာပြီး သူကအော်ပြောလိုက်လေသည်။
“မင်းတို့ရဲ့အသွန်းတစ်ရာဂိုဏ်းက မဟာနတ်ပန်းပဲဆရာဘွဲ့ကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် ဘာလို့ တစ်သီးပုဂ္ဂလလေးအုပ်စုထဲမှာ ရပ်တည်နေသေးတာလဲ...”
“ အဲ့ဒါအမှန်ပဲ..”
ကောင်းကင်ဇင်ယော်ဂိုဏ်းမှ ပကတိအရှင်ဖန်းလန်က မတ်တတ်ထရပ်လာပြီး ပြောလိုက်လေသည်။
“အသွန်းတစ်ရာဂိုဏ်းက ကျဆင်းလာတယ်ဆိုတာ အခုဖြစ်ရပ်က သက်သေပဲ... ငါ့အထင်တော့ မင်းတို့တွေက တစ်သီးပုဂ္ဂလလေးအုပ်စု ထဲကနေ ဖယ်ထုတ်ခံရသင့်တာ ကြာနေပြီ”
ကျန့်ဝူကျုံးကလည်း အေးစက်စွာဖြင့် ထပ်ပြောလိုက်လေသည်။
“ငါလည်းသဘောတူတယ်...”
သူက ထိုသို့ထွက်ရပ်၍ ပြောဆိုရခြင်းမှာ ဆူဇီမိုသည် အသွန်းတစ်ရာဂိုဏ်းမှ ဖြစ်နေသောကြောင့်ပင်။
ယဲ့ထျန်းချန်က မှင်သေသေဖြင့်ပြောလိုက်လေသည်။
“မင်းတို့အသွန်းတစ်ရာဂိုဏ်းက လူတွေက အဲ့ဒီမှာရပ်နေရဲသေးတယ်ပေါ့... ထွက်သွားစမ်း ဘာမှသုံးစားမရတဲ့လူတွေ”
သူ၏ရည်ရွယ်ချက်က ရိုးရှင်းလေသည်။ သူက အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းကို ကြိုးကြာတစ်ထောင်ဂိုဏ်းကနေ မောင်းထုတ်နိုင်သည်နှင့် အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းကိုသတ်ဖြတ်ဖို့အတွက် သူဘေးနားရှိ မြွေနဂါးကိုးကောင်ကို စေလွှတ်လိုက်မည်ဖြစ်လေသည်။
ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲသို့ တက်ရောက်လာသော အင်မော်တယ်ဂိုဏ်း ၆ ဂိုဏ်းထဲတွင် ၃ ဂိုဏ်းက ငရဲမီးစံအိမ်ဘက်ကနေ သူတို့၏ရပ်တည်မှုကို ထုတ်ဖော်ပြသလာလေသည်။
အခြားသော အင်မော်တယ်သုံးဂိုဏ်းကလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ဘေးကနေသာ စောင့်ကြည့်နေကြလေသည်။ သူတို့က ဝင်ရောက်စွက်ဖက်လိုခြင်းမရှိသည်မှာ သိသာလေသည်။
အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူများက ငေးငိုင်ကျသွားလေသည်။
ထိုအခိုက်အတန့်တွင် အသွန်းတစ်ရာဂိုဏ်းက လူတိုင်း၏ ဘုံရန်သူဖြစ်လာသည့်အလားပင်။