အံ့ဩစရာကောင်းသောဆေး
Vol. 42 Ch. 624
အမီရာသည် Ph. D ကို လေ့လာနေစဉ်အတွင်း ဆေးပညာ ဆောင်းပါးများစွာကို ရေးသားခဲ့ပြီး အတော်လေး ဆူဆူညံညံ ဖြစ်စေခဲ့သည်။ ဘွဲ့ရပြီးနောက် သူသည် ရောဂါနှင့် ဆေးဝါး သုတေသန၌ ပါဝင်ခဲ့ပြီး ဆေးများစွာကို ဖန်တီးနိုင်ခဲ့သဖြင့် နာမည်ကြီးလာခဲ့လေသည်။
“ဈေးကွက်ထဲက အာနိသင်အရှိဆုံး အကိုက်အခဲပျောက်ဆေးကို ဖန်တီးခဲ့သူ မဟုတ်လား၊ အံ့ဩဖို့ ကောင်းလိုက်တာ”
“ဒီကို သူကိုယ်တိုင် ရောက်နေပြီဆိုတော့ နောက်ထပ် သမိုင်းတွင်မယ့် ဖန်တီးမှုတစ်ခု ဖြစ်လာလောက်တယ်”
“အိန္ဒိယရဲ့ ထူးဆန်းတဲ့ ဆေးပညာတွေက အံ့ဩဖို့ ကောင်းပါတယ်ကွာ၊ ငါ အမာရွတ် ရတဲ့အခါတိုင်း သူတို့ရဲ့ ပလာစတာကို ကပ်လိုက်တာ”
“အဲ့ဒီ ပလာစတာကို အမီရာက ကျောင်းတက်နေတုန်း သူ့ဆရာနဲ့အတူ တီထွင်ခဲ့တာ”
…
တီးတိုး ပြောဆိုသံများက ဆက်လက် ထွက်ပေါ်နေပြီး လူတိုင်းက စင်မြင့်ထက်သို့ စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
ထိုအချိန်မှာပင် ခွဲစိတ်ခန်းသုံး mask များနှင့် လူနှစ်ယောက်က နိုင်ငံတကာ ဆေးပညာအဖွဲ့အစည်း၏ တံခါးဝ၌ ပေါ်လာသည်။ သူတို့သည် ဝင်ခွင့် လက်မှတ်များကို ပြပြီးနောက် အေးအေးလူလူ ဝင်လာကြလေသည်။
သို့သော် ထိုလူနှစ်ယောက် ဝင်ရောက်လာခြင်းက နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်း တစ်ခုလုံးကို အသက်ဝင်လာစေပြီး လေထုထဲ၌ ထူးဆန်းသော အငွေ့အသက်များ ပါဝင်လာလေသည်။
ရဲ့လင်းချန်နှင့် အလီတို့သည် စောင့်ဆိုင်းခန်း၌ တိတ်ဆိတ်စွာ စောင့်နေကြသော်လည်း နေရာတိုင်းမှ စေ့စေ့စပ်စပ် ကြည့်ခြင်း၊ မယုံသင်္ကာအကြည့်၊ စိတ်လှုပ်ရှားသော အကြည့်၊ အံ့ဩသော အကြည့်နှင့် ခံစားချက်များ ရောထွေးနေသော အကြည့် စသည့် ထူးဆန်းသော အကြည့်များကို ခံစားမိနေသည်။
ထိုအတောအတွင်း လူများစွာက ရှေ့သို့ လှမ်းလာပြီး စကားစချင်သော်လည်း သူတို့အားလုံးကို အလီက တားဆီးထားည်။
တစ်ဖက်တွင် အမီရာသည် သူ၏ဆေးကို မိတ်ဆက်၍ ပြီးသွားပြီဖြစ်ပြီး လူတိုင်း တအံ့တဩ ဖြစ်ကာ သိသိသာသာကို အောင်မြင်သွားခဲ့သည်။
ထိုအချိန်၌ သူ၏ လက်ထောက်က အလျင်အမြန် ပြေးလာပြီး သူ့နားနားကပ်၍ တီးတိုးပြောလာသည်။
“နတ်ဆေးဆရာဝိုင်လား”
အမီရာ မျက်ခုံးပင့်သွားပြီး မျက်လုံးများ လက်သွားသည်။
“ဟုတ်တယ်၊ နတ်ဆေးဆရာဝိုင်က နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းထဲကို ဝင်လာပြီးတော့ သူ့ဆေး စမ်းသပ်ခံဖို့ စောင့်နေတယ်လို့ ကျွန်တော် သတင်းရပါတယ်”
လက်ထောက်က ခေါင်းညိတ်ပြီး သတိထားနေသော အသံဖြင့် ပြောလေသည်။
“အရင်ရက်တွေတုန်းက ဆူညံသွားစေခဲ့တဲ့ ခွေးရူးရောဂါ ကုသဆေးများလား”
အမီရာ နှာခေါင်းပွတ်နေသည်။
“တရုတ်ရဲ့ ဆေးပညာ အောင်မြင်မှုက နိုင်ငံတကာ အဆင့်ထဲမှာ မရှိဘူး၊ ပြီးတော့ တရုတ်ဆေးတွေက တတိယအဆင့် စံချိန်စံနှုန်းကို ကျနေတာ၊ သူတို့ ဒီလိုဆေးမျိုးကို တကယ် ဖန်တီးနိုင်ပါ့မလား”
“အဲ့ဒါက အရင်တုန်းကပါ၊ ကျွန်တော် ကြားခဲ့တဲ့ သတင်းအရဆိုရင် နတ်ဆေးဆရာဝိုင်ရဲ့ ဆေးပညာက ထိပ်တန်းပဲ”
လက်ထောက်က လေးနက်စွာ ပြောလာသည်။
“လွန်ခဲ့တဲ တစ်လတုန်းက တရုတ်နိုင်ငံမှာ နတ်ဆေးဆရာဝိုင် ကုသပေးခဲ့တဲ့ ရောဂါတွေ အများကြီးပဲ၊ လူတိုင်းက သူ့ကို ချီးကျူးပြီး သိပ်လေးစားကြတာ၊ လေပူ လက္ခဏာ တုပ်ကွေးရောဂါကို အောင်အောင်မြင်မြင် ကုခဲ့တာ နတ်ဆေးဆရာဝိုင်ပဲ၊ ဒီတစ်ခေါက် သူ တစ်ကမ္ဘာလုံးကို ထိတ်လန့်သွားအောင် လုပ်နိုင်မယ်လို့ ကျွန်တော် ခံစားနေရတယ်”
“တစ်ကမ္ဘာလုံး ထိတ်လန့်သွားမယ် ဟုတ်လား”
အမီရာ၏ မျက်လုံးတွင် အထင်သေးသော အရိပ်အယောင် ဖြတ်ပြေးသွားသည်။
*တရုတ်က သူတို့တွေ တစ်ကမ္ဘာလုံးကို ထိတ်လန့်စေမယ့် ဆေးမျိုး ဖန်တီးနိုင်မယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြတာလား*
ဆေးပညာသည် နက်နဲပြီး တန်ဖိုးရှိသော အတွေ့အကြုံများ၊ အဆင့်ဆင့် ဆည်းပူးလာသော ပညာများနှင့် သုတေသနများစွာ လိုအပ်သည်။ အိန္ဒိယသည်လည်း ရှေးဦး နိုင်ငံကြီးတစ်ခု ဖြစ်ကာ အံ့ဩစရာ ကောင်းသော ဆေးပညာနှင့် ပတ်သက်လာလျင် ရှည်လျားသော သမိုင်းကြောင်း ရှိပေသည်။ ထို့ကြောင့်ပင် အမီရာသည် ယခင်မျိုးဆက်များ၏ အခြေခံများနှင့် တိုးတက် အောင်မြင်အောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၌ သူတို့၏ ကျဆင်းနေသော တရုတ် ဆေးပညာမှအပ အခြား ဘာများ ရှိနိုင်ဦးမည်နည်း။
*နတ်ဆေးဆရာဝိုင်က ကင်ဆာကိုတောင် ကုနိုင်တယ်လို့ ကျွန်တော် ကြားတယ်”
လက်ထောက်က ပင့်သက်ရှိုက်၍ ထပ်ပြောသည်။
“ဟားဟား အဲ့ဒါ ဖြစ်နိုင်တယ်လို့ မင်း ထင်လား”
အမီရာက ရယ်လေသည်။
“မင်း ငါ့လက်ထောက် လုပ်လာတာ နှစ်တွေ ကြာနေပြီ၊ မင်းက သာမန်လူတွေထက် ရောဂါဗေဒတွေကို ပိုနားလည်နိုင်တယ်၊ မင်း ဘယ်လိုလုပ် ဒီလို ကောလာဟလတွေရဲ့ ယုံရတာလဲ၊ ကင်ဆာဆိုတာ သူ့ရဲ့ ကုမရနိုင်တဲ့ သဘောဝကြောင့် ဒီကမ္ဘာကြီးရဲ့ ဒုက္ခပြဿနာ ဖြစ်နေတာ၊ ဘယ်ကမှန်းမသိတဲ့သူက သူ ကုနိုင်တယ်လို့ ပြောတာနဲ့ ကုနိုင်ရောလား”
“ဒါပေမဲ့ ဒီကိစ္စကို တရုတ်တစ်နိုင်ငံလုံး အသေးစိတ်သိ …”
လက်ထောက်၏ မျက်လုံးတွင် တစ်စုံတစ်ရာကို တွေးမိဟန် ပေါ်လာပြီး မရေမရာ ဖြစ်သွားလေသည်။
“တရုတ်တွေက ကြွားဝါးတတ်တဲ့ ဗီဇ ရှိတယ်၊ အဲ့လို ဖြစ်အောင် သူတို့က သရုပ်ဆောင် တစ်ယောက်၊ နှစ်ယောက်လောက် ခေါ်ပြီးတော့ ကမ္ဘာကို ဖြန့်လို့ရတယ်၊ ငါတို့ ဒီလို ကြီးကြီးကျယ်ကျယ် ပြောတာကို တစ်ခါမက ကြားဖူးတာပဲ၊ အဲ့ဒါက မယုံရဘူး”
အမီရာက ယုံကြည်မှုအပြည့်နှင့် ငြင်းဆိုသည်။
“ဒါပေမဲ့ အခုက တိုက်တိုက်ဆိုင်ဆိုင်ဆိုတော့ ငါ ဆက်နေပြီး ကြည့်ကြည့်ဦးမယ်”
အမီရာ၏ လေသံက ရွှတ်နောက်နောက်အသံဘက်သို့ အနည်းငယ် ပြောင်းလဲသွားလေသည်။
…
ထိုအချိန်၌ တူညီသော အဖြစ်အပျက်များက နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းအတွင်း၌ ဖြစ်ပေါ်နေ၏။
ဂျပန်ုနိုင်ငံကဲ့သို့ အရှေ့တောင်အာရှမှ နိုင်ငံများသည်လည်း ထိုသတင်းကို ကြားခဲ့သည်။ စင်ပေါ်မှ ဆေးဝါး အကဲဖြတ်သူများတောင်မှ နတ်ဆေးဆရာဝိုင် ရောက်လာသည့် အကြောင်းကို သိကြလေသည်။
လူတိုင်းတွင် ဤနေရာ၌ ဆက်နေ၍ နတ်ဆေးဆရာဝိုင်ကို စောင့်ကြည့်ချင်သည့် အကြောင်းရင်း ကိုယ်စီ ရှိနေကြသည်။
ဆေးဝါး အကဲခတ်ခြင်းက ချောမွေ့စွာ ပြီးဆုံးနေပြီး အကဲဖြတ်ခြင်းများ တစ်ခုပြီးတစ်ခု ကျော်လွန်ကာ ရဲ့လင်းချန် အလှည့်သို့ ရောက်လာလေသည်။
“တရုတ်နိုင်ငံရဲ့ နတ်ဆေးဆရာဝိုင်တဲ့လား၊ သူ ဒီလောက် မြန်မြန် လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
မျက်မှန်အဝိုင်းနှင့် ဆံပင်များ ဖြူဖွေးနေသော ပရော်ဖက်ဆာ တစ်ယောက်က သူ့မျက်မှန်ကို ပင့်တင်၍ ပြောလာသည်။
“သူ ကြွားဝါရဲတယ်ဆိုတော့ သူ ပြောတာမျိုး ရှိလို့နေမှာပေါ့၊ တရုတ်နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်က တိတ်ဆိတ်နေခဲ့တာ နှစ်တွေ ကြာပြီ၊ သူတို့ တစ်ခုခုကို ချိုးဖောက်နိုင်သွားတာ ဖြစ်မယ်”
ဂျာမနီမှ ပါမောက္ခတစ်ယောက်က ပြောသည်။
“အဲ့လောက် မလွယ်နိုင်ဘူး ဟုတ်တယ်မလား၊ ခွေးရူးရောဂါပိုးက ပြင်းထန်လာတာတဲ့ သွေးကြောထဲ ဝင်ရောက်ပြီးတော့ အာရုံကြောတွေကို နှောင့်ယှက်တာ၊ ဒီရောဂါက မယုံနိုင်လောက်အောင် ကုသဖို့ ခက်ခဲတယ်”
ကိုရီးယားနိုင်ငံမှ ပါရဂူက ပျက်ရယ်ပြု၍ ခေါင်းခါသည်။
*သူက ဒီလို ရဲတင်းတဲ့ စကားမျိုး ပြောပြီးတော့ ဆေးကို ကိုရီးယားနိုင်ငံဆိ ထောက်ပံ့မှာ မဟုတ်ဘူးလို့ ပြောရဲတာက မယုံနိုင်စရာပဲ*
အခြားနိုင်ငံများမှ ဆေးဝါး သုတေသန ပညာရှင်များကလည်း ခေါင်းညိတ်သည်။ ဆေးပညာလောကမှ လူများသည် ခက်ခဲမှုများကို ပို၍ သိနားလည်ကြသည်။ ရောဂါပုံစံများက များပြားလွန်းပြီး အချို့ရောဂါများသည် ကုနိုင်သည်ဟု ပြောရုံသက်သက်နှင့် မကုသနိုင်ချေ။
ထိုအချိန်တွင် ရဲ့လင်းချန်က စင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်လာနေ၏။
တစ်စုံတစ်ယောက်က သူ့နာမည်ကို ကြေညာလေသည်။
“ဆယ့်တစ်ယောက်မြောက် ပါဝင်သူ နတ်ဆေးဆရာဝိုင်က ခွေးရူးပြန်ရောဂါကို ကုသနိုင်တဲ့ဆေးကို ယူလာပါတယ်”
“နတ်ဆေးဆရာဝိုင်လား”
“လခွမ်း၊ သူ တကယ်ကြီး လာတာပဲ”
“သတင်းထွက်ပြီးတာ သုံး၊လေးရက်ပဲ ရှိသေးတယ်လေ၊ တကယ် အံ့ဩဖို့ကောင်းတယ်”
“တရုတ်နိုင်ငံက သူတို့ရဲ့ ကြီးမြတ်မှုကို ပြသဖို့ အသင့်ဖြစ်နေပြီ”
“လုပ်ပြလိုက်၊ နတ်ဆေးဆရာဝိုင်၊ ငါတို့နိုင်ငံအတွက် အံ့ဩစရာကောင်းတဲ့ ဆုတံဆိပ်တစ်ခု ယူပြလိုက်”
ဤနေရာသို့ ရောက်နေသော တရုတ်လူမျိုးများသည် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာပြီး တရုတ် ဆေးတက္ကသိုလ်မှ ကျောင်းသားများသည်လည်း ထရပ်ကာ ရဲ့လင်းချန်အား သူတို့၏ ဆရာဟု ခေါ်လာကြသည်။
အခြားနိုင်ငံမှ လူများမှာမူ သူတို့အချင်းချင်းကြား တီးတိုးပြောဆိုကာ မယုံကြည်ဟန်များ ပြသနေသည်။ အချို့ဆိုလျင် နတ်ဆေးဆရာဝိုင်ကို တစ်ခါမှ မကြားဖူးသော်လည်း နတ်ဆေးဆရာဝိုင်၏ လုပ်ဆောင်မှုများ သိလိုက်ရပြီးနောက် မယုံတစ်ဝက်၊ ယုံတစ်ဝက် ဖြစ်နေကြသည်။
“နတ်ဆေးဆရာဝိုင်နဲ့ ပတ်သက်ပြီး အကောင်း မမြင်တတ်လွန်းတာ ငါ တစ်ယောက်တည်း မဟုတ်တဲ့ပုံပဲ”
အမီရာသည် ဘေးဘီကို ဝေ့ကြည့်ပြီးနောက် ပြုံးလိုက်သည်။
ကမ္ဘာတစ်ဝှမ်းမှ ဆေးပညာ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရပြီး ဆေးဘက်ဆိုင်ရာ ပရော်ဖက်ရှင်နယ် ပရိသတ်များ ဝိုင်းနေသောလည်း ရဲ့လင်းချန်က တည်ငြိမ်မြဲ တည်ငြိမ်နေပြီး သူ၏ဆေးအား အကျဉ်းချုံး ရှင်းပြနေသည်။
ဆေး၏ ပါဝင်ပစ္စည်းများနှင့် ထုတ်လုပ်ခြင်း အဆင့်များ ပါဝင်ခြင်း မရှိဘဲ အာနိသင်နှင့် အသုံးပြုနည်းကို ရှင်းပြလိုက်သည်။
သို့သော် ရဲ့လင်းချန်၏ မိတ်ဆက်မှုကို နားထောင်ပြီးနောက် အကဲဖြတ်သူများ၏ မျက်နှာအမူအရာက မကြည်မသာ ဖြစ်လာပြီး ဘေးပတ်ဝန်းကျင်မှ ပရိသတ်များက မယုံနိုင်ဟန်သို့ ပြောင်းလဲသွားသည်။
လူအိုကြီးများထဲမှ တစ်ယောက်ဆိုလျင် သည်းမခံနိုင်ဘဲ ထရပ်၍ ရဲ့လင်းချန်၏ မိတ်ဆက်မှုကို ကြားဖြတ်လေသည်။
“မင်း ပြောနေတာတွေက လုံးဝ ယုတ္တိမရှိဘူး၊ ရောဂါကို ဆေးတစ်ချက် ထိုးလိုက်ရုံနဲ့ ပျောက်အောင် လုပ်နိုင်တာမျိုး မပြောနဲ့ ချက်ချင်း အာနိသင်ပြတဲ့ ဆေးမျိုးတောင် ဒီလောကမ္ဘာမှာ ဘာဆေးမှ မရှိဘူး၊ ဒါ သိပ္ပံနဲ့ လုံးဝ ဆန့်ကျင်နေတယ်၊ လုံးဝ အဓိပ္ပာယ် မရှိဘူး”
အဘိုးအို၏ မျက်နှာက နီရဲနေပြီး အလွန်အမင်း ဒေါသထွက်နေပုံရသည်။
“ဒီကောင်လေး ပြောတဲ့အတိုင်းသာ ဆိုရင် အိန္ဒိယရဲ့ မှော်ဆေးဆိုတဲ့ နာမည်ပြောင်ကို တရုတ်ကို ပေးရမလိုပဲ”
အမီရာက မနေနိုင်ဘဲ ရယ်မောလေသည်။
ထိုသို့ပြောလာသည့် အဘိုးအိုက အမီရာ သိသည့်သူ တစ်ယောက် ဖြစ်သည်။ သူသည် အင်္ဂလန်၏ ကိန်းဘရစ် တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ ပရော်ဖက်ဆာ တစ်ဦး ဖြစ်ပြီး ပါရဂူများစွာကို သင်ပြပေးခဲ့သည်။ သူသည် ပင်စင်ယူပြီးမှ ဆေးဝါး အကဲဖြတ်သူ အလုပ်အား လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
သူ၏ ဆေးဝါး သုတေသနက တင်းကျပ်သည်။ သူသည် နည်းနည်းလေးမှ မသမာမှုဖြင့် ရောနှောခြင်းကို လက်မခံဘဲ ဘာကိုမဆို ချက်ချင်း ကန့်ကွက်တတ်သည်။ ရဲ့လင်းချန်၏ ဆက်တိုက် လေလုံးထွားခြင်းက သူ့အား ဒေါသူပုန် ထွက်စေခဲ့သည်။