← Chapters

ပြီးပြည့်စုံသော ပျော်ရွှင်မှု။

Vol. 31 Ch. 423

ပြီးပြည့်စုံသော ပျော်ရွှင်မှု။

Vol. 31 Ch. 423

ဘာသာပြန်- The Fate

ကွင်းပြင်ကြီးထဲတွင် ဘုန်းတော်ကြီးတုအာထုတ်လွတ်လိုက်သော ကြောက်လန့်ဖွယ်ရာစွမ်းအားများကို လီပိုင်တစ်ယောက်တည်းကသာ ခက်ခက်ခဲခဲခုခံနိုင်ခဲ့သည်။ လီပိုင်ကသန်မာသော်လည်း သူ၏ကျင့်ကြံမှုအဆင့်က တျန်းရှင်းအထွတ်အထိပ်အဆင့်၌သာရှိနေ‌ေသးသည်။ သူကဘုန်းတော်ကြီးတုအာနှင့် အဆင့်ကြီးနှစ်ဆင့်ကွားခြားနေပါသည်။

"ဘုန်း..."

ဘုန်းတော်ကြီးတုအာ၏ ဗလာနတ္ထိမျက်၀န်းများက၀မ်ဖုန်းတို့ကို ထူးမခြားနားစွာစိုက်ကြည့်နေသည်။အရေးမပါသော ပုရွက်ဆိတ်များအား ကြည့်ရှု့နေသည့်အလား သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှု ၀မ်းနည်းမှုများမပါရှိချေ။ ပြီးနောက် သွေးနီရောင်အလင်းတန်းများ တောက်ပနေသော ဗုဒ္ဓလက်ဖ၀ါးကြီးသည် ဖြေးညင်းစွာ သက်ဆင်းလာခဲ့သည်။

သွေးနီရောင်လက်ဖ၀ါးကြီးအတွင်း၌ ကိန်း၀ပ်နေသော ထိတ်လန့်ဖွယ်စွမ်းအားများသည် ကျောက်တုံးခန်းမကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်လှုပ်စေခဲ့သည်။ ထိုလက်ဖ၀ါးကြီးက မိုးကောင်းကင်၏လက်ဖ၀ါးကြီးအလား ၀မ်ဖုန်းတို့အား အပိုင်းပိုင်းအစဖြစ်အောင် ဖိခြေပစ်ရန် ကျရောက်လာခဲ့တော့သည်။

ဟွမ်

ဤကဲ့သို့ အခိုက်အတန့်တွင် ၀မ်ဖုန်းနှင့် အခြားသူများအရှေ့၌ ယောင်၀ါး၀ါးပုံရိပ်တစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုသူက ခေါင်းမော့လိုက်ပြီး ဧရာမလက်၀ါးကြီးကိုစိုက်ကြည့်ကာ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

ခမ်းနားကြီးကျယ်သော စွမ်းအားများသည် လက်သီးချက်အတွင်း၌ ပါ၀င်နေခဲ့ကာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဧရာမလက်၀ါးကြီးဆီသို့ ပြေးထွက်သွားခဲ့သည်။

"ဘုန်း..."

လက်ဖ၀ါးကြီးနှင့်လက်သီးချက်တို့သည်ပြင်းထန်စွာပွတ်တိုက်မိသွားကာ နားကွဲလုမတတ်ကျယ်လောင်သောအသံကြီးများ ထွက်ပေါ်လာခဲ့သည်။အားကြီးသော စွမ်းအားများက ကျောက်တုံးခန်းမကြီးတစ်ခုလုံးကို ယိမ်းခါစေခဲ့ကာမြေပြင်၌အက်ကွဲရာကလေးများ ဖြစ်ပေါ်လာစေခဲ့သည်။ထွက်ပေါ်လာသော ယောင်၀ါး၀ါးပုံရိပ်မှာ ရှန်ရှန်ဂိုဏ်း၏ ဒုတိယအကြီးအကဲ ရှီကန်းတန်ဖြစ်၏။သူထွက်ပေါ်လာသည့်အခါ ၀မ်ဖုန်းတို့အပေါ် ကျရောက်နေသော ဧရာမဖိအားကြီးများကလည်းပျောက်ကွယ်သွားခဲ့ကာ ၀မ်ဖုန်းနှင့်အခြားသူများကလည်း သက်သောင့်သက်သာဖြစ်သွားခဲ့ကြသည်။သူတို့ကအလျှင်အမြန် မတ်တပ်ရပ်လိုက်ပြီး ဘုန်းတော်ကြီးတုအာကို စူးစိုက်ကြည့်လိုက်ကြသည်။

     "ဒီလူအိုကြီး ဒကာတော်က်ို သတိမပြုမိဘူးပဲ"

ဘုန်းတော်ကြီးတုအာ၏ နှုတ်ဖျားမှ အနည်းငယ်အံ့သြသောအသံထွက်ပေါ်လာခဲ့ကာ သူ၏မျက်၀န်းများက ရှီကန်းတန်ကို ထွင်းဖောက်လုမတတ် စိုက်ကြည့်နေခဲ့သည်။

"သေမှာရှိ အေးဆေးမသေနိုင်ပဲ လောကကြီးကိုဒုက္ခပေးဖို့ကြံစည်နေသေးတယ်!"

ရှီကန်းတန်က ဘုန်းတော်ကြီးတုအာကို လှမ်းကြည့်လိုက်ပြီးလှောင်ပြောင်ပြောဆိုလိုက်သည်။

ထိုသို့ပြောဆိုလိုက်သည့်နောက် ရှီကန်းတန်က လေဟာပြင်အတွင်း ဖမ်းဆုပ်လိုက်သည့်အခါ မြင့်မြတ်သော ကျောက်တုံးဓားကြီးသည် သူ၏လက်အတွင်း၌ ရုတ်ချည်းဖြစ်ပေါ်လာခဲ့သည်။ သူ့လက် အတွင်း၌လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာခဲ့ကာ ကျောက်တုံးဓားကြီး အတွင်းသို့စီး၀င်သွားခဲ့ပြီး ဘုန်းတော်ကြီးတုအာကို ခုတ်ပိုင်းလိုက်သည်။

အဆုံးအစမဲ့မိုးကြိုးစွမ်းအားများကို သယ်ဆောင်ထားသော ထိတ်လန့်ဖွယ်ဓားအလင်းတန်းကြီးသည်နတ်ဘုရားများ၏ မိုးကြိုးချက်များအလား ဘုန်းတော်ကြီးတုအာထံသို့ ခုတ်ပိုင်းပြေး၀င်သွားခဲ့၏။

"ဘုန်း"

ပြင်းထန်သောဓားအလင်းတန်းနှင့်ရင်ဆိုင်လိုက်ရသည့်အခါ ဘုန်းတော်ကြီးတုအာက ခြေဆောင့်လိုက်သည်။ ကျောက်တုံးစင်မြင့်ကြီးတစ်ခုလုံးမှာ သူ၏ခြေဆောင့်အားကြောင့်ပြင်းထန်စွာတုန်ခါသွားခဲ့သည်။

မျက်စိကျိန်းလောက်သော သွေးနီရောင်ဗုဒ္ဓအလင်းတန်းများသည် လက်ဖ၀ါးချပ်ကြီးများအလား ပုံသဏ္ဍာန်ရှိသော သွေးနဂါးနှစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။ယင်းမှာအင်မတန်မှအစွမ်းထက်ပြီးပျံ့လွှင့်နေသော အရှိန်အ၀ါများကတောင် ကျောက်တုံးခန်းမကြီးတစ်ခုလုံးကိုပြင်းထန်စွာတုန်ခါသွားစေခဲ့သည်။ဘုန်းတော်ကြီးတုအာကိုဗဟိုပြု၍အရပ်လေးမျက်နှာ၌ အက်ကွဲကြောင်းများဖြစ်ပေါ်လာခဲ့သည်။

"ဘုန်း.."

လက်ဖ၀ါးချက်ကြီးများနှင့် ဓားအလင်းတန်းတို့ထိတွေ့မိသွားကြကာကျောက်တုံးခန်းမကြီးအတွင်း၌အချိန်အတော်ကလေးကြာအောင်ပေါက်ကွဲသံများဆူညံသွားခဲ့သည်။ယင်းက ဂူသင်္ချိုင်းတစ်ခုလုံးကိုဖျက်စီးတော့မည့်အလားထင်မှတ်ရချေသည်။

ထျန်းတုမြို့အရှင်၏ဂူသင်္ချိုင်းကအင်မတန်မှခိုင်ခန့်နေ၍မဟုတ်လျှင် ရှီကန်းတန်နှင် ဘုန်းတော်ကြီးတုအာတို့၏တိုက်ပွဲကြောင့် ဂူသင်္ချိုင်းကြီးတစ်ခုလုံးပျက်စီးသွားပေလိမ့်မည်။

"ဘုန်း...ဘုန်း....."

စွမ်းအားကြီးသောတန်ပြန်အားကြောင့် ဘုန်းတော်ကြီးတုအာက အနောက်ဘက်သို့လွင့်စင်ထွက်သွားခဲ့သည်။သူကခြေထောက်ကိုအားပြုလိုက်ပြီးကျောက်တုံးစင်မြင့်အတွင်း၌ထောက်ကန်လိုက်ရသည်။သူအနောက်သို့ဆုတ်ခွာသွားသည့်ခြေလှမ်းတိုင်းတွင်ကျောက်တုံးစင်မြင့်ကြီးတစ်ခုလုံးယိမ်းခါသွားခဲ့ရသည်။

ရှီကန်းတန်ကလည်း တန်ပြန်အားကြောင့်အနောက်ကိုဆုတ်ခွာသွားခဲ့ရသည်။သို့ပါသော်လည်းဘုန်းတော်ကြီးတုအာနှင့်နှိုင်းယှဥ်ရလျှင်သူကခြေလှမ်းအနည်းငယ်သာ ဆုတ်ခွာလိုက်ရပြီးခန္ဓာကိုယ်ကို တည်ငြိမ်အောင်ပြန်လည်ထိန်းကျောင်းနိုင်ခဲ့သည်။

တုအာကသန်မာသော်လည်း သူဟာသေဆုံးခဲ့ပြီးသားဖြစ်သည်။ရှီကန်းတန်ကတော့ ထျန်း၀ူ အထွတ်အထိပ်ကျင့်ကြံမှုစွမ်းအားသာရှိသော်လည်း သူ၏တိုက်ပွဲ၀င်စွမ်းအားကရှန်းယီကျိအထွတ်အထိပ်စွမ်းအားရှင်များနှင့်ရင်ဆိုင်ရန်လုံလောက်ပါသည်။သူက သာမာန် ရှန်းယီကျိအထွတ်အထိပ်စွမ်းအာရှင်များကိုတောင်သတ်ဖြတ်နိုင်သေးသည်။

"ဒကာတော်က တကယ့်ကိုအံ့အားသင့်ဖို့ကောင်းတာပဲ ။ဒကာတော်ရဲ့စွမ်းဆောင်ရည်နဲ့ဆို ဒီဘုန်းတော်ကြီးတွေ့ဖူးသမျပါရမီရှင်တွေထဲမှာ ထိပ်ဆုံးသုံးယောက်မြောက်ပဲ"

သူ၏ခန္ဓာကိုယ်ကိုပြန်လည်တည်ငြိမ်အောင်ထိန်းကျောင်းနိုင်ခဲ့သော ဘုန်းတော်ကြီးတုအာသည် ရှီကန်းတန်ကို ဗလာနတ္ထိမျက်၀န်းများဖြင့်စူးစိုက်ကြည့်လိုက်ရင်းအံအားသင့်စွာပြောဆိုလိုက်သည်။ရှီကန်းတန်၏တိုက်ပွဲ၀င်စွမ်းအားက သူ့ကိုအံ့သြသွားစေခဲ့သည်။

"အိုး ....ထပ်ဆုံးသုံးယောက်မြောက်ပဲလား"

ဘုန်းတော်ကြီးတုအာ၏စကားကိုကြားလိုက်ရသည့်အခါ ရှီကန်းတန်က ခပ်ယောင်ယောင်ပြုံးလိုက်ပြီးစိတ်၀င်စားစွာမေးမြန်းလိုက်သည်။ ရှီကန်းတန်ဟာသူ၏တိုက်ပွဲ၀င်စွမ်းအားနှင့်ပတ်သက်ပြီးအတော်လေးယုံကြည်မှုရှိပါသည်။သို့ပါသော်လည်းဘုန်းတော်ကြီးတုအာကတော့သူ့ကိုထပ်ဆုံးသုံးယောက်မြောက်ဟုသာပြောဆိုခဲ့သည်။

ရှီကန်းတန်၏အနောက်တွင်ရှိနေသော ၀မ်ဖုန်းတို့အုပ်စုမှာလည်းအံသြသွားကြရသည်။ဤကွင်းပြင်ကြီးထဲတွင်ရှီကန်းတန်၏ခွန်အားက အသာလွန်ဆုံးဖြစ်ကြောင်း ၀မ်ဖုန်းသိထားပါသည်။ အဆင့်တူတွင်ဆိုလျှင်တောင် ရှီကန်းတန်က ထိပ်တန်းစွမ်းအားရှင်ဖြစ်လေသည်။

ပါရမီစွမ်းအားအရာ၌ လီပိုင်ကတောင်ရှီကန်းတန်ကိုမယှဥ်ပြိုင်နှိုင်ပါ။ ကုချိုး တို့ညီအကိုနှစ်ယောက်ကတော့ယှဥ်ပြိုင်နိုင်ကောင်းသည်။

"ဒီလူအိုကြီးရဲ့တပည့်က ဒီလူအိုကြီးတွေ့မြင်နေသမျှ ပါရမီရှင်တွေထဲမှာ အသန်မာဆုံးပဲ ။နောက်ထပ်အသန်မာဆုံးကတော့သူ့ရဲ့သမီးပေါ့ "

ဘုန်းတော်ကြီးတုအာက ဖြည်းလေးစွာပြောဆိုလိုက်ပြီး သူကသူ၏တပည့်နှင့်ပတ်သက်၍စိတ်ပျက်နေမိသော်လည်း ရွေးချယ်စရာမရှိဘဲ ၀န်ခံခဲ့ရပါသည်။ပါရမီစွမ်းအားအရဆိုပါက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံးတွင်ဖြစ်စေ ၊ယွမ်ဟွားကောင်းကင်ဘုံကြီးတွင်ဖြစ်ပါစေ တျန်းတုမြို့အရှင်နှင့် သူ၏သမီးတို့ကို ယှဥ်ပြိုင်နိုင်မည့်သူမရှိပါ။

ကမ္ဘာလောကကြီးအတွင်း၌ ဗုဒ္ဓလမ်းစဥ်နှင့် တာအိုလမ်းစဥ်ကိုကျင့်ကြံသူ ဘုန်းကြီးများ မရေမတွက်န်ိုင်အောင်ရှိလေသည်။ဗုဒ္ဓလမ်းစဥ်နှင့်တာအိုလမ်းစဥ်ကိုတပြိုင်နက်တည်းကျင့်ကြံသူများတောင် ရှိကြပါသည်။သို့ပါသော်လည်း ထိုသူများသည် ထိုလမ်းစဥ်နှစ်ခုစလုံးကိုအောင်မြင်စွာထိန်းချုပ်န်ိုင်ခြင်း မရှိခဲ့ကြပါ။ထျန်းတုမြို့အရှင်က ထို့ကဲ့သို့ပြုလုပ်န်ိုင်ခဲ့သည့်ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။သူကဗုဒ္ဓလမ်းစဥ်နှင့်တာအိုလမ်းစဥ်နှစ်ခုလုံးတွင်အောင်မြင်ထွန်းပေါက်ခဲ့သည်။

သူသာမိမိကိုယ်ကို အဆုံးမစီရင်ခဲ့ပါက သူဘယ်လောက်ထိအောင်မြင်မှုရရှိမည်ကို ဘုန်းတော်ကြီးတုအာတောင် မမှန်းဆရဲပါ။

၀မ်းနည်းဖွယ်အဖြစ်အပျက်များသာ မဖြစ်ပျက်ခဲ့ပါက တျန်းတုမြို့အရှင်၏ ဦးဆောင်မှုအောက်တွင် ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံးဟာ ယွမ်ဟွားကောင်းကင်ဘုံ၏ အကြွင်းမဲ့အာဏာရှင်တောင် ဖြစ်လာနိုင်သည်။

တကယ့်ကို၀မ်းနည်းစရာပင်။မျှော်လင့်ချက်တွေက အကောင်အထည် ပေါ်မလာခဲ့ဘူး....

ဗုဒ္ဓတစ်၀က် နတ်ဆိုးတစ်၀က်ဖြစ်သော သူ၏သမီးကတော့ ဗုဒ္ဓနှင့်နတ်ဆိုး နှစ်ပါးစလုံးဖြစ်တည်ရန်ကံကြမ္မာဖန်လာခဲ့သူဖြစ်သည်။သူမ၏ပါရမီစွမ်းအားက တျန်းတုမြို့အရှင်ထက်တောင်ပို၍ထိတ်လန့်ဖွယ်ကောင်းနေသေးသည်။

ဘုန်းတော်ကြီးတုအာ၏စကားများက်ိုကြားလိုက်ရသည့်အခါ ရှီကန်းတန်က ခပ်မဲ့မဲ့ပြုံးလိုက်ပြီး သူ့လက်ထဲရှိဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။မိုးကြိုးအလင်းတန်းနှင့်ပြည့်နှက်နေသော ဓားအလင်းတန်းကြီးတစ်ခုသည် အလွန်အမင်းမြန်ဆန်သော နှုန်းထားဖြင့်ပြေးထွက်သွားခဲ့သည်။

အဆိုပါမိုးကြိုးဓားအလင်းတန်း ထွက်ပေါ်လာပြီးသည့်နောက်၄င်းက နှစ်ခုခွဲဖြာသွားခဲ့သည်။ထို့နောက် အလင်းတန်းနှစ်ခုမှ အလင်းတန်းလေးခုအဖြစ်သို့ခွဲဖြာသွားခဲ့ပြန်သည် ။နောက်ဆုံးမှာတော့ မိုးကြိုးချီစွမ်းအားကိန်း၀ပ်နေသော ဓားအလင်းတန်းများသည် မရေမတွက်နိုင်အောင် ခွဲဖြာထွက်လာပါတော့သည်။ အဆုံးအစမဲ့သော မိုးကြိုးဓားအလင်းတန်းများသည် ကမ္ဘာလောကကြီးတစ်ခုလုံးကိုအုပ်စိုးသွားခဲ့လေသည်။

" ဒါကိုယူလိုက်! "

ရှီကန်းတန်က ရုတ်တရက်တိုက်ခိုက်လာလိမ့်မယ်ဟု ဘုန်းတော်ကြီးတုအာ မျှော်လင့်မထားမိခဲ့ပါ။သို့ပါသော်လည်းသူဟာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားခြင်းမရှိဘဲ ရုတ်တရက် ဟစ်ကြွေးလိုက်ကာ ပြင်းထန်သောအဟုန်ဖြင့်ခြေဆောင့်လိုက်သည်။သူ့၏စွမ်းအားများမှာအရိုင်းဆန်စွာလှည့်ပတ်လာခဲ့ပြီးသွေးနီရောင်အလင်းတန်းများဖြင့် ဖုံးအုပ်ထားသော ဗုဒ္ဓရုပ်ထုကြီးတစ်ခုသည်သူ၏နောက်ကျောဘက်၌ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက်ဆိုသလ်ို ကြီးမားသော ဗုဒ္ဓရုပ်ပုံတော်ကြိးက သူ၏လက်နှစ်ဖက်ကိုဖြန့်ကားလိုက်ပြိီးဘုန်းတော်ကြီးတုအာကိုလက်ဖ၀ါးများအတွင်းအုပ်ကာ၍ ကာကွယ်ပေးလိုက်သည်။

"ဘုန်း...."

မိုးကြိုးစွမ်းအားများပါ၀င်နေသောဓားအလင်းတန်းမိုးကြီးသည် ဗုဒ္ဓရုပ်တုကြီး၏ လက်သီးပေါ်သို့ ပြင်းထန်သောအဟုန်ဖြင့်သက်ဆင်းသွားခဲ့သည်။ပေါက်ကွဲသံကြီးများထွက်ပေါ်လာခဲ့ကာ ဓားအလင်းတန်းများကလည်း အဆက်မပြတ် ဗုဒ္ဓရုပ်ထုကြီး၏လက်သီးလုံးကြီးပေါ်သို့ကျဆင်းနေခဲ့သည်။

ဤအချိန်တွင် ဗုဒ္ဓရုပ်ထုကြီး၏ ကာကွယ်ပေးခြင်းခံနေရသော ဘုန်းတော်ကြီးတုအာသည် ရှိမြဲနေရာမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ကာ ရှီကန်းတန်၏အရှေ့၌ထွက်ပေါ်လာခဲ့ပြီး လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

ဟွမ်

ဘုန်းတော်ကြီး တုအာ၏လက်သီးပေါ်တွင် ခေါင်းလောင်းပုံသဏ္ဍာန်အလင်းတန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည့်ပုံပေါ်သည်။ပေပေါင်းထောင်ချီမြင့်မားသော တောင်တန်းကြီးများကို ဖြိုခွဲနိုင်သောအားပြင်းသည့်လက်သီးချက်ကြီးသည် အဟုန်ပြင်းစွာဖြင့်ကျဆင်းလာခဲ့သည်။

ရှီကန်းတန်၏မျက်၀န်းများမှာ မှေးကျဥ်းသွားပြီး လေဟာပြင်၌ဖမ်းဆုပ်လိုက်သည့်အခါ ဧရာမ ကျောက်တုံးတူကြီးသည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။သူကကျောက်တုံးတူကြီးကိုလွှဲရမ်းလိုက်ပြီးဘုန်းတော်ကြီးတုအာ၏ လက်သီးချက်ကိုထုချေပစ်လိုက်လေသည်။

သွေးနီရောင်ဗုဒ္ဓအလင်းတန်းများနှင့်ကျောက်တုံးတူကြီးမှထွက်ပေါ်လာသော အားလှိုင်းလုံးကြီးများသည် ခန်းမကြီးတစ်ခုလုံးကိုတုန်လှုပ်သွားစေခဲ့သည်။

ရှီကန်းတန်က သာမာန်ကာလျှံသာ တန်ပြန်တိုက်ခ်ုက်ခဲ့သော်ငြားလည်း ကျောက်တုံတူကြီး၏စွမ်းအားများနှင့် အလေးချိန်မှာ သာမာန်လူများတွေးထင်ထားသည်ထက် ကျော်လွန်နေခဲ့လေသည်။ရှီကန်းတန် ၏ခွန်အားနှင့်ပေါင်းစပ်လိုက်သည့်အခါ တူကြီး၏စွမ်းအားမှာ မယှဥ်သာနိုင်လောက်အောင်ကြောက်မက်ဖွယ်ကောင်းလာရသည်။

များမကြာမီတွင် ဘုန်းတော်ကြီးတုအာ၏ ခန္ဓာကိုယ်က လွင့်စင်ထွက်သွားခဲ့ပြီး အဝေးတစ်နေရာရှိကျောက်တုံးနံရံဖြင့် ထိတိုက်မိတ်ဆက်သွားလေသည်။သူ၏ခန္ဓာက်ိုယ်တစ်ခုလုံးမှာ ကျောက်တုံးနံရံအတွင်း၌နစ်မြုပ်သွားခဲ့သည်။ ဧရာမတူကြီးနှင့်ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော သူ၏လက်တစ်ဖက်မှာလည်း အရိုးများကွဲကြေသွားရသည်။

ထူးဆန်းသည်က သူ့၏လက်မှ သွေးများစီးထွက်နေခြင်းမရှိခဲ့ပါ။

တိုက်ခိုက်မှုအောင်မြင်သွားသည့်အခါ ရှီကန်းတန်က အားသာချက်တစ်ခုကိုတွေ့မြင်ခဲ့ရသည်။သူကမြင့်မြတ်သော ကျောက်တုံးဓားကိုသိမ်းဆည်းလိုက်ပြီး ကျောက်တုံတူကြီးကိုသာ ကိုင်ဆောင်ထားလိုက်ကာ ဘုန်းတော်ကြီးတုအာ၏ရှေ့၌ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ထပ်မံ၍ ထုရိုက်လိုက်ပြန်သည်။

ပြင်းထန်သော စွမ်းအားအဟုန်ကြောင့် တုအာ၏မျက်နှာအမှုအရာမှာ ပျက်ယွင်းအရုပ်ဆိုးသွားခဲ့ရလေသည်။သူကခန္ဓာကိုယ်ကိုဖိအားပေး ထိန်းချုပ်လိုက်ပြီး ရှီကန်းတန်၏ တူကြီးလက်မှ အောင်မြင်စွာ လွှတ်မြောက်သွားခဲ့သည်။

"ဘုန်း.."

ကျောက်တုံးတူကြီးသည် နံရံအတွင်း၌ နစ်၀င်သွားခဲ့သည်။ စွမ်းအားကြီးသော ဖိအားက ခန်းမကြီးတစ်ခုလုံးက်ိုတုန်လှုပ်လာစေခဲ့ကာ နံရံပေါ်၌ ဧရာမတွင်းပေါက်ကြီးကို ဖြစ်ပေါ်လာစေတော့သည်။

ကျောက်တုံးတူကြီး နံရံအတွင်း၌ နစ်၀င်သွားခဲ့သည်ကို အခွင့်ကောင်းယူကာ ဘုန်းတော်ကြီးတုအာက လှုပ်ရှားလိုက်သည်။ သူကလက်နှစ်ဖက်ကိုတပြိုင်နက်တည်းဆိုသလ်ို ဝှေ့ရမ်းလိုက်ပြီးနောက် လက်ဖ၀ါးချက်နှစ်ခုကိုတစ်ဆက်တည်းဆိုသလိုထုတ်ဖော်လ်ိုက်သည်။

"ဘုန်း......ဘုန်း....."

ဘုန်းတော်ကြီးတုအာထုတ်ဖော်လိုက်သော လက်ဖ၀ါးချက်ကြီးများသည် ပြင်းထန်သောအရှိန်အဟုန်ဖြင့် လေထုကိုဖြတ်သန်းသွားခဲ့ကာ ရှီကန်းတန်း၏နောက်ကျောဘက်၌ မျက်တောင်တစ်ခတ်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။

ရှီကန်းတန်က ၀ဲလက်ကိုဆန့်ထုတ်လိုက်သည့်အခါ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် ဒိုင်းကာကြီးတစ်ခုအဖြစ် စုစည်းဖြစ်တည်သွားပြီး ကျဆင်းလာသောလက်ဖ၀ါးကြီးများကို ပိတ်ဆို့ကာကွယ်လိုက်လေသည်။ သူကဒိုင်းကာကိုကိုင်ဆောင်ပြီးလက်ဖ၀ါးချက်ကြီးများကို ခုခံတားဆီးရင်းဖြင့် ဘုန်းတော်ကြီးတုအား၏အနီးသို့ ရုတ်ချည်းဆိုသလိုတိုးကပ်သွားခဲ့သည်။

ဘုန်းတော်ကြီးတုအာနှင့် ငါးမီတာအကွာအဝေးသို့ရောက်ရှိလာသည့်အခါ သူ့လက်ထဲရှိ ဧရာမတူကြီးကိုပစ်လွှတ်လိုက်သည်။ပြင်းထန်သောစွမ်းအားကိုသယ်ဆောင်ထားသောတူကြီးသည် ဘုန်းတော်ကြီးတုအာထံသို့ပြေး၀င်သွားခဲ့‌ေလသည်။

တစ်ချိန်တည်းမှာပဲ ကျောက်တုံးဓားသည် ရှီကန်းတန်၏လက်အတွင်း၌ ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။သူ့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများသည် ကျောက်တုံးဓာအတွင်းသို့ စီးဆင်း၀င်ရောက်သွားခဲ့သည်။ ဘုန်းတော်ကြီးတုအာက ဧရာမကျောက်တုံးတူကြီးကိုရှောင်ရှားလိုက်သည့်တခဏအတွင်း၌ ရှီကန်းတန်က သူ့လက်ထဲရှိကျောက်တုံးဓားကို ပစ်လွှတ်လိုက်ပြန်သည်။

"ဘုန်း...."

ဘုန်းတော်ကြီးတုအာမှာ စွမ်းအားများကိုစုစည်း၍ မခုခံနိုင်ရသေးခင်တွင် ကျောက်တုံးဓားကြီးသည် သူ၏ခန္ဓကိုယ်ကို ထိုးစိုက်သွားခဲ့ပြီး နံရံ၌ဖိကပ် ချိတ်ဆွဲသွားလေတော့သည်။

ထက်မြတ်သော ဓားအလင်းတန်းတို့သည်ဘုန်းတော်ကြီးတုအာ၏ ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်နေခဲ့ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ အရိုးများ၏ တစ်၀က်နီးပါးကို ကွဲကြေစေခဲ့သည်။ အရိုးကွဲ ကြေသံများကလည်း တဆက်တည်းဆိုသလို ဆက်တိုက်ထွက်ပေါ်လာတော့သည်။

"ငါ့ရဲ့စွဲလမ်းမှုကို အောင်မြင်စွာမပြုလုပ်နိုင်တော့ဘူး "

ဘုန်းတော်ကြီးတုအာ၏ အမှုအရာမှာ တည်ငြိမ်သွားခဲ့ပြီး လေးပင်စွာဖြင့်သက်ပြင်းချလိုက်သည်။သူဟာသေဆုံးသွားခဲ့ပြီးသားဖြစ်သည်။ထို့အတွက်ကြောင့်အရိုးများကွဲကြေရသည့်နာကျင်မှုကိုမခံစားနိုင်ပါ။သူဟာ သာမာန်လူသားတစ်ယောက်လိုမျိုး လှုပ်ရှားနိုင်ရခြင်းမှာ သူ့ကိုယ်တွင်း၌ ကိန်း၀ပ်နေသည့် စွဲလမ်းမှုကြောင့်သာဖြစ်လေသည်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိအရိုးများ၏ ထက်၀က်ကျော်က်ို ကျောက်တုံးဓားကြီးကလည်းဖျက်စီးပစ်လိုက်ပစ်သည်။ထက်မြသော ဓားအလင်းတန်းများကလည်း သူ့ခန္ဓာကိုအတွင်း၌ လှည့်ပတ်နေကာ ကျန်ရှိနေသေးသော စွဲလမ်းမှုများကို ဖျက်စီးပစ်နေသည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ စွဲလမ်းမှုများ ပျက်စီးသွားသည်နှင့်တပြိုင်နက် သူဟာလည်း လုံး၀ပျောက်ကွယ်သွားရပေလိမ့်မည်။

All Chapters