← Chapters

အပေးအယူ

Vol. 31 Ch. 424

အပေးအယူ

Vol. 31 Ch. 424

ဘာသာပြန်- The Fate

"ဒီလူအိုကြီး အရှက်ရမိပါတယ်လေ။"

ဘုန်းတော်ကြီးတုအာ၏ သက်ပြင်းချသံနှင့်အတူ သူ၏ခန္တာကိုယ်က ကျောက်ရုပ်ထုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ တစ်လက်မပြီး တစ်လက်မ အက်ကွဲလာခဲ့ပြီး မြေပြင်‌ပေါ်သို့ ကျောက်တုံးပုံကြီးအဖြစ် ပြိုကျသွားခဲ့သည်။ 

ဝမ်ဖုန်းက မြေပြင်ပေါ်ရှိ ကျောက်တုံးပုံကြီးကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာက တည်ကြည်လေးနက်နေဆဲသာ။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖြစ်ပျက်ခဲ့သော အရှုပ်အထွေးများသည် ပြီးဆုံးသွားပုံပေါ်သော်လည်း အမှန်တကယ်မှာတော့ ယခုမှ စတင်ခြင်းဖြစ်လေသည်။

ထျန်းတုမြို့အရှင်က ဆက်ခံသူတစ်ယောက် ချန်ရစ်ခဲ့ကြောင်း ယွမ်ဟွားကောင်းကင်ဘုံမှ ရှေးဟောင်းဗုဒ္ဓဂိုဏ်းက သိသွားပါလျှင် ထိုဆက်ခံသူကို သတ််ဖြတ်ရန် အရာရာတိုင်းကို ပြုလုပ်လိမ့်မည်။။

"ဘုန်း"

ဤအချိန်တွင် ကျောက်တုံးခန်းမကြီးတစ်ခုလုံးက ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ကာ ဝမ်ဖုန်းတို့၏ အမူအယာကို ပြန်လည်၍ လေးနက်သွားစေခဲ့သည်။ ကျောက်တုံးခန်းမကြီးတစ်ခုလုံးကို တုန်ယင်စေခဲ့အောင် ပြုလုပ်လိုက်သော မှော်ဆန်သည့် ဗုဒ္ဓရုပ်ပွားတော်ကြီးကို သူတို့အားလုံး စူးစိုက်ကြည့်မိလိုက်ကြသည်။

ဘုန်းတော်ကြီးတုအာကို သတ်ဖြတ်ပြီးနောက် ရှီကန်းတန်က ဝမ်ဖုန်းနှင့် အခြားသူများကို ချန်ရစ်ခဲ့ပြီး ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ဒီလို အပြောင်းအလဲမျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပါ။ ရှီကန်းတန်က သူ့ကို ဆင့်ခေါ်ပြီးတာနဲ့ ချက်ချင်းပြန်ပြီး ပျောက်သွားတာလားကွာ။ 

ဝမ်ဖုန်း၏ မျက်နှာထက်၌ ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထျန်းတုမြို့အရှင်ရဲ့ဂူသင်းချိုင်းက အရမ်းအန္တာရာယ်များလိမ့်မည်ဟု ဘယ်သူကတွေးထင်ထားအံ့နည်း။ တစ်ခုပြီးတာမှ မကြာသေး နောက်ထပ်တစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။

ကြီးမားသော ဗုဒ္ဓရုပ်ပွားတော်ကြီးသည် လေထုအတွင်း၌ အဆက်မပြတ် ယိမ်းခါနေခဲ့ကာ ကျောက်တုံးရုပ်ပွားတော်ကြီးထံမှ အနက်ရောင်နှင့် အနီရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး ခန်းမကြီးတစ်ခုလုံးကို နီဆွေးနက်မှောင်သွားစေခဲ့သည်။

ဝမ်ဖုန်းတို့၏ ကြောင်အနေသော အကြည့်များအောက်တွင် ကြီးမားသော ဗုဒ္ဓနှင့် နတ်ဆိုး ရုပ်ပွားတော်ကြီး၏ ဦးခေါင်းသည် ဟတ်တတ်ပွင့်သွားခဲ့ကာ 3မီတာမြင့်သော စင်မြင့်ကြီးတစ်ခုသည် ရုပ်ပွားတော်၏ ဦးခေါင်းမှ မြင့်တက် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ကျောက်တုံးစင်မြင့်လေးပေါ်တွင် သလင်းကျောက်ကဲ့သို့ ကြည်လင်သော ရေခဲကုတင်တစ်ခု ရှိနေကြောင်းကို ဝမ်ဖုန်းတို့အားလုံး တွေ့မြင်လိုက်ကြရသည်။ ယင်းကုတင်ပေါ်တွင် နီမြန်းသော အသားအရည်ရှိသည့် မိန်းမငယ်လေးတစ်ယောက် လဲလျောင်းနေခဲ့သည်။ သို့ပါသော်လည်း သူတို့နှင့် သူမကြားတွင် အကွာအဝေးများစွာ ကွာခြားထားသလို အနက်ရောင်နှင့် အနီရောင်အလင်းတန်းများကလည်း ပိတ်ဆို့ထားခဲ့သည်။ ဝမ်ဖုန်းတို့က မိန်းမငယ်လေး၏မျက်နှာကို ရှင်းလင်းစွာ ‌တွေ့မြင်ရခြင်းမရှိပါ။

"သူမက ထျန်းတုမြို့အရှင်ရဲ့ သမီးများလား"

ဝမ်ဖုန်း၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"ဟမ်"

ခမ်းနားကြီးကျယ်သော အသံတစ်ခု ခန်းမကြီးအတွင်း၌ ပဲ့တင်ထပ်သွားခဲ့ကာ ဝမ်ဖုန်းတို့ အုပ်စုကလည်း တုန်လှုပ်သွားကြသည်။ ဗုဒ္ဓနှင့် နတ်ဆိုးရုပ်ထုကြီးသည် ထိုခမ်းနားသောအသံကြီး၏လက်မှောက်တွင် လင်းလက်တောက်ပလာခဲ့သည်။ 

ကျောက်တုံးရုပ်တုကြီးမှ ဖြာထွက်လာသော အနီရောင်နှင့် အနက်ရောင် အလင်းတန်းများသည် ချက်ချင်းဆွဲသိမ်းခံလိုက်ရကာ ရုပ်တုကြီး၏ ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

မူလက အနီရောင်၊အနက်ရောင်များစွန်းထင်းနေသော ကျောက်တုံး ရုပ်ပွားတော်ကြီးသည် ဤအချိန်၌ သန့်ရှင်းသပ်ရပ်လာခဲ့သည်။ အနီရောင်နှင့် အနက်ရောင် သင်္ကေတများသည် ကျောက်တုံး ရုပ်ပွားတော်ကြီး၏ ဝမ်းဗိုက်ထံ၌ စုဝေးသွားခဲ့ပြီး ချက်တော်ကဲ့သို့ သင်္ကေတငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ ၎င်းသင်္ကေတလေးထံမှ နက်ရှိုင်းသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဝမ်ဖုန်းတို့ကို ပဟေဠိဖြစ်သွားစေခဲ့သည်က ဤမျှလောက်များပြားသော အပြောင်းအလဲများဖြစ်ပေါ်လာခဲ့သော်လည်း သူတို့အားလုံးက အန္တာရာယ်ကို ခံစားရခြင်းမရှိပါ။

"သူသေသွားပြီကိုး...."

ရုတ်တရက်ဆိုသလို ကျောက်တုံးခန်းမလေးအတွင်း၌ အိုမင်းရင့်ရော်နေသော အသံတစ်သံထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းတို့ အားလုံး တုန်လှုပ်သွားကြသည်။မဟာနတ်ဆိုးရွှမ်ရှက ဟစ်ကြွေးပြောဆိုလိုက်သည်။

"ဘယ်သူလဲ။"

ဝမ်ဖုန်းတို့အုပ်စု၏ ကျင့်ကြံမှုဖြင့်တောင် ထိုအသံဘယ်က ထွက်ပေါ်လာမှန်းမသိရပါ။ အမှောင်ထုအတွင်းမှ လူကသာ သူတို့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပါက ဘယ်သူမှ မလွတ်မြောက်နိုင်မှာကို စိုးရိမ်မိသည်။

ဝမ်ဖုန်းနှင့် အခြားသူများ ထိတ်လန့်နေစဉ်တွင် အလင်းတန်းများ ဖြာထွက်နေသော ပုံရိပ်ယောင်တစ်ခုသည် ဗုဒ္ဓနှင့် နတ်ဆိုး ရုပ်ပွားတော်ကြီး၏ ဝမ်းဗိုက်သင်္ကေတမှ ထွက်ပေါ်လာခဲ့ကာ ကျောက်တုံးရုပ်ထုကြီး၏ အရှေ့၌ မတ်တပ်ရပ်လိုက်သည်။

"ခင်ဗျားက ထျန်းတုမြို့အရှင်လား"

ဝမ်ဖုန်း၏ မျက်နှာမှာ တုန်လှုပ်သွားပြီး တစ်စုံတစ်ခုကို တွေးမိသွားသလိုဖြင့် မေးမြန်းလိုက်သည်။ 

"ထျန်းတုမြို့အရှင်တဲ့လား။ ငါနဲ့မထိုက်တန်ပါဘူးလေ။"

ပုံရိပ်ယောင်က ခေါင်းခါလိုက်ပြီး သူ၏ မျက်ဝန်းများအတွင်း၌ ရှုပ်ထွေးသော အကြည့်များရှိနေခဲ့ကာ တီးတိုးပြောဆိုလိုက်သည်။

ထိုစကားများ ထွက်ပေါ်လာသည်က ဝမ်ဖုန်းတို့အားလုံး ထိတ်လန့်သွားရသည်။ ဘာတွေဖြစ်နေတာလဲ?

ပုံရိပ်ယောင်၏ စကားများအရ သူဟာ ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲခဲ့ပါ။ ဒါပေမယ့် သူ့ကို ထျန်းတုမြို့အရှင်လားလို့ မေးမြန်းတော့ ထျန်းတု မြို့အရှင် မဟုတ်ပြန်ဘူးတဲ့လား။ ထျန်းတုမြို့အရှင်က အခြားတစ်ယောက်များလား။

"မစိုးရိမ်ပါနဲ့။ ငါက သေဆုံးသွားတာ ကြာလှပါပြီ။ ဒါက ငါအသက်ရှိစဉ်တုန်းက ချန်ထားခဲ့တဲ့ ပုံရိပ်ယောင်လေးပါ။ ငါ့ရဲ့ကလေးကို ကာကွယ်ဖို့အတွက်ပေါ့။"

ပုံရိပ်ယောင်က ဝမ်ဖုန်းတို့ကို လှမ်းကြည့်လိုက်ပြီး ဆက်လက်ပြောဆိုလိုက်သည်။ 

ကြည့်ရတာ သူတို့မလှုပ်ရှားခဲ့ရင်တောင် ဘုန်းတော်ကြီးတုအာက ထျန်းတုမြို့အရှင်၏ သမီးကို ထိတွေ့နိုင်မှာ မဟုတ်ချေ။ သူ၏တပည့်က ပုံရိပ်ယောင်တစ်ခု ချန်ထားခဲ့လိမ့်မည်ဟု ဘုန်းတော်ကြီးတုအာကတော့ ဘယ်တုန်းကမှ တွေးမိခဲ့မှာမဟုတ်ပါ။

သေချာပါပြီ။ တည်ရှိမှုတစ်ခုက ပို၍ခွန်အားကြီးလာလေလေ ထိုတည်ရှိမှုကို နားလည်သဘောပေါက်ရန် ခက်ခဲလေလေဖြစ်၏။ 

ဝမ်ဖုန်းက နှလုံးအိမ်အတွင်း၌ ကြောင်အသွားခဲ့သည်။ သူ၏ အမူအယာများမှာ သတိထားနေသည့်ပုံပေါ်သည်။ ပုံရိပ်ယောင်၏ စကားများကြောင့် သူက စိတ်အေးသက်သာသွားခြင်း မရှိပါ။

"မင်းက သူ့ရဲ့စွဲလမ်းမှုကိုဖျက်ဆီးခဲ့သလို ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားတွေရဲ့ ရုပ်အလောင်းတွေကိုလည်း ခံစားချက်မရှိဘဲ ဖျက်ဆီးခဲ့တယ်။မင်းက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကလူ မဟုတ်ဘူးဆိုတာကို ဖော်ပြနေတယ်။ ငါမင်းနဲ့ အပေးအယူတစ်ခု ပြုလုပ်ချင်တယ်"

ရှူယင်းရဲ့ စကားဆုံးသွားသည့်အခါ ဝမ်ဖုန်း၏ မျက်နှာထက်၌ အံသြနေသော အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက ရှုယင်းကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

"ဘယ်လို အပေးအယူမျိုးလဲ။"

"ငါ့ရဲ့သမီးကို တစ်ဘဝလုံး ကာကွယ်စောင့်ရှောက်ပေးပါ။ ငါ မင်းကို အစစ်အမှန် ကောင်းကင်ဘုံကို လက်ဆောင်ပေးမယ်။"

ပုံရိပ်ယောင်၏ မျက်ဝန်းများက ဝမ်ဖုန်းအပေါ် ကျဆင်းလာခဲ့ကာ တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"ခင်ဗျား ဘာကို ဆိုလိုတာလဲ"

ဝမ်ဖုန်းက မျက်မှောင်ဖွဖွကျုံ့လိုက်ပြီး မေးမြန်းလိုက်သည်။ 

"ထျန်းတုက ရတနာပစ္စည်းပဲ။ လူတိုင်းတွေးထင်ထားတာထက် ကျော်လွန်နေတဲ့ ရတနာပစ္စည်းကြီး‌ေပါ့။ ကမ္ဘာလောကကြီးအတွင်းက လူတွေက ထျန်းတုကို သာမန်မြို့လေး တစ်မြို့လို့ ထင်ကြတယ်။ ဒါကြောင့်မို့ သူတို့က ငါ့ကို ထျန်းတုမြို့အရှင်လို့ သမုတ်ကြတာ ။ ဒါပေမယ့် အမှန်တကယ်တော့ ငါ့လို သာမညလူသားက ထျန်းတုမြို့အရှင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ့မှာသာ အဲ့ဒီလို လုပ်ဆောင်နိုင်စွမ်းရှိရင် သူမလည်း သေဆုံးရမှာ မဟုတ်ဘူး။"

တစ္ဆေဝိညာဥ်က ခေါင်းကို ခါရမ်းလိုက်ပြီး မိမိဘာသာ လှောင်ရယ်လိုက်သည်။

ဝမ်ဖုန်းမေးမြန်းလာမှာကိုတောင် မစောင့်ဘဲ သူက ဆက်လက်ပြောဆိုလိုက်သည်။ 

"ယွမ်ဟွားကောင်းကင်ဘုံအတွင်းက ရှေးဟောင်းအပျက်အစီးလွင်ပြင်ထဲမှာ ငါက ထျန်းတုကို ကံကောင်းထောက်မစွာနဲ့ ရလာခဲ့တယ်။ အဲ့ဒီ ထျန်းတုအမွေအနှစ်ကြောင့်ပဲ ငါက သာမန်ဘုန်းကြီးလေးအဖြစ်ကနေ ယွမ်ဟွားကောင်းကင်ဘုံတစ်ခုလုံးရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်လာခဲ့တာ။"

"ဒါပေမယ့် ထျန်းတုမြို့အတွင်းကိုတောင် မဝင်နိုင်ခဲ့ဘူးလို့ ဘယ်သူက ထင်ထားမှာလဲ။ ငါက ထျန်းတုမြို့ကို နှစ်ပေါင်းများစွာ လေ့လာရုံလေးနဲ့တင် ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ အသန်မာဆုံးတည်ရှိမှုကြီးဖြစ်လာခဲ့တာ။"

"ဘာ!?"

ပုံရိပ်ယောင်၏ စကားများကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းတို့၏ မျက်လုံးသူငယ်အိမ်များမှာ တုန်လှုပ်သွားပြီး အံအားတသင့် ရေရွတ်မိလိုက်ကြသည်။ သူတို့၏ အမူအယာများက ထိတ်လန့် ခြောက်ခြားသွားကြ၏။ ဒီနှစ်တွေထဲမှာ နားလည်သဘောပေါက်အောင် ပြုလုပ်နေရုံနဲ့ ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ အသန်မာဆုံးတည်ရှိမှု ဖြစ်လာခဲ့တာလား။

စနစ်ပိုင်ဆိုင်ထားသော ဝမ်ဖုန်းကတောင် ဤအချိန်၌ ထိတ်လန့်သွားမိသည်။ ယွမ်ဟွားကောင်းကင်ဘုံသည် ဘုံလောကဆယ်ခုအထက်ရှိ ဘုံလောကကြီး ဖြစ်လေသည်။ ထိုဘုံလောကကြီး၏ နယ်နိမိတ်မှာ ကျယ်ပြန့်ပြီး ထူးချွန်သောလူများစွာကို မွေးဖွားပေးခဲ့သည်။ ယွမ်ဟွားကောင်းကင်ဘုံအတွင်း၌ ချန်ခွမ်းအထွတ်အမြတ်ဘုံကို တက်လှမ်းနိုင်ခဲ့သော ပါရမီရှင်များ မရေမတွက်နိုင်အောင် ပေါ်ထွန်းခဲ့ပါသည်။ 

"ဒါက ယုံနိုင်စရာမကောင်းဘူး။ ဟုတ်တယ်မလား။ ငါလည်း အစက အရမ်းကို ဝမ်းမြောက်သွားခဲ့တာ။ ငါ့မှာ အခွင့်ထူးကြီးတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီ ဆိုပြီးတော့ပေါ့။ ဒါပေမယ့်လည်း ငါ့ဘဝသက်တမ်း တစ်လျှောက်လုံးမှာ ထျန်းတုမြို့ထဲကို ခြေမချနိုင်ခဲ့ပါဘူး။ ဒီလိုမှ မဟုတ်ရင် ငါလည်း ငါ့ဇနီးနှင့်အတူ ပျော်ရွှင်စွာနေထိုင်နိုင်ခဲ့မှာပေါ့။ အခုတော့ အားလုံးပျက်စီးသွားရပြီ။"

ရှုယင်းက ခါးသီးစွာပြုံးလိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။ သူ၏ စကားလုံးများအတွင်း၌ ဝမ်းနည်းမှုများ ပါရှိနေခဲ့သည်။

"အဲ့ဒီအရာရဲ့ မူလဇစ်မြစ်ကို ခင်များ သိလား။"

ဝမ်ဖုန်း၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး ကျယ်လောင်စွာမေးမြန်းလိုက်သည်။ ထျန်းတုမြို့ရဲ့ လျို့ဝှက်ဆန်းကြယ်မှုကို ကြားသိလိုက်ရသည့်အခါ သူဟာ စိတ်လှုပ်ရှားသွားခဲ့ရသည်။ ထိုအရာက စနစ်နှင့် ယှဥ်ပြိုင်နိုင်စွမ်း မရှိသော်လည်း ကမ္ဘာလောကကြီးအတွင်းရှိ အကောင်းဆုံးထဲက အကောင်းဆုံး ရတနာပစ္စည်းတစ်ခုဖြစ်ပါသည်။

"နှစ်ပေါင်းများစွာကြာ လေ့လာခဲ့ပြီး ငါက ထျန်းတုမြို့ထဲကို မဝင်နိုင်ခဲ့ပေမယ့် ထျန်းတုမြို့နှင့် ပတ်သက်တဲ့ အချို့အချက်အလက်တွေကိုတော့ နားလည်ခဲ့ရတယ်။"

"အဲ့ဒါက ကောင်းကင်ဘုံရဲ့ မြို့တော်ကြီး။ ကမ္ဘာလောကအားလုံးရဲ့ မြို့တော်ကြီးပဲ!"

"ဒီမြင့်မြတ်တဲ့ မြို့တော်ကြီးက အထွတ်အမြတ် တည်ရှိမှုတစ်ခုရဲ့ ရုပ်အလောင်းကနေ အသွင်ပြောင်းဖြစ်ပေါ်လာခဲ့တာ။ မင်း မြို့နံရံပေါ်မှာ မတ်တပ်ရပ်နေရင်တောင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ဆန်းကြယ်တဲ့ စည်းချက်တွေကို ခံစားထိတွေ့နိုင်တယ်။ အဲ့ဒီအထွတ်အမြတ်တည်ရှိမှုကသာ ထျန်းတုမြို့ရဲ့ အစစ်အမှန် အရှင်သခင်ပဲ။"

ရှူယင်း၏ စကားဆုံးသွားသည့်အခါ ဝမ်ဖုန်းက အပြင်ပိုင်းတွင်တည်ငြိမ်နေ‌သေးသော်လည်း သူ၏နှလုံးသားက အဆုံးစွန်ထိတိုင် တုန်လှုပ်သွားခဲ့ရသည်။ အဲ့ဒီ ရတနာပစ္စည်းက ရုပ်အလောင်းတစ်ခုကနေ သန္ဓေပြောင်းဖြစ်ပေါ်လာခဲ့တာလား။ထိုအရာ၏ ကျင့်ကြံမှုစွမ်းအားက သူတွေးထင်ထားသည်ထက် များစွာကျော်လွန်နေလေသည်။ အနည်းဆုံးတော့ ထိုရုပ်အလောင်း၏ ကျင့်ကြံမှုမှာ ဟုန်မန်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများနှင့် ထပ်တူညီမျှလိမ့်မည်။

"အဲ့ဒီ ရတနာပစ္စည်းက အရမ်းအဖိုးတန်မှန်းသိတာတောင် ခင်ဗျားက ကျုပ်ကိုပေးပြီး အပေးအယူလုပ်ချင်တုန်းလား။"

ဝမ်ဖုန်းက ပုံရိပ်ယောင်ကို စိုက်ကြည့်လိုက်ပြီး ခပ်ယောင်ယောင်ပြုံးလျက် ပြောဆိုလိုက်သည်။ ထိုကဲ့သို့ ရတနာမျိုးကို သာမန်လူများဆိုပါက အသက်သာသေပါစေ၊ အခြားသူများကို လွဲပြောင်းပေးနိုင်မှာမဟုတ်ပါ။

"အဲ့ဒါကို ငါ့ရဲ့သမီးကို ပေးဖို့အတွက် ပြင်ဆင်ထားခဲ့တာ။ ဒါပေမယ့် အဲ့ဒီအရာထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် သူမလည်း ကျိန်းသေပေါက် သေရလိမ့်မယ်။ အကြောက်တရားတွေကြားထဲမှာ ရှင်သန်ရတာထက်စာရင် လုံခြုံဘေးကင်းစွာ ရှင်သန်ရတာက ပိုကောင်းပါတယ်လေ။"

"ငါ့ရဲ့သမီးမှာ ထျန်းတုမြို့ မရှိရင်တောင် သာမန်မဟုတ်တဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ရရှိနိုင်မှာပါ။ငါ သူမအတွက် ထားရစ်ခဲ့ချင်တာက စွမ်းအားကြီးတဲ့ ကာကွယ်သူတစ်ယောက်ပဲ။ သူမကို အန္တရာယ်ထဲ ဆွဲသွင်းမယ့် ရတနာပစ္စည်းမျိုး မဟုတ်ဘူး။"

ပုံရိပ်ယောင်သည် ကျောက်တုံးစင်မြင့်ပေါ်ရှိ ကုတင်ပေါ်တွင် လဲလျောင်းနေသော မိန်းမငယ်လေးကို ချစ်ခင်ယုယစွာ လှမ်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

" သူမကို ကျုပ် လုံခြုံဘေးကင်းစွာ ထားပါ့မယ်လို့ ခင်ဗျားက ဘယ်လိုလုပ် ကျိန်းသေနေရတာလဲ။"

ဝမ်ဖုန်း၏ စကားလုံးများက ပုံရိပ်ယောင်ကို တခဏကြာ တိတ်ဆိတ်သွားစေခဲ့သည်။ ထို့နောက်မှ သူက ခေါင်းမော့လာပြီး ဝမ်ဖုန်းကို စေ့စေ့စိုက်ကြည့်လိုက်သည်။

"ငါ မင်းကို ထွင်းဖောက်မမြင်နိုင်ဘူး။"

"ငါ သေဆုံးသွားပေမယ့် ငါချန်ရစ်ခဲ့တဲ့ ပုံရိပ်ယောင်က ချန်ခွမ်းအထွတ်အမြတ်ဘုံက လူတွေကိုတောင် ထွင်းဖောက်မြင်နိုင်ခဲ့တယ်။ ဒါပေမယ့် မင်းလို ထျန်းယုအထွတ်အထိပ်လောက်သာ ရှိတဲ့သူကိုတော့ ထွင်းဖောက်မမြင်နိုင်ခဲ့ဘူး။ငါအလောင်းအစားတစ်ခု ပြုလုပ်ကြည့်ချင်တယ်။"

"ဒါ့အပြင် ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး။"

"ကျုပ် သူမကို တပည့်အဖြစ်လက်ခံမယ်။ သူမ လက်စားချေချင်တယ် ဆိုရင်လည်း ကျုပ် သူမကို ကူညီပေးမယ်။"

ခဏတာ တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက တစ္ဆေဝိညာဥ်ကို လှမ်းကြည့်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။

သူက နှလုံးသားအတွင်းမှ ပျော်ရွှင်နေမိသည်။ သူက ဗုဒ္ဓတစ်ဝက် နတ်ဆိုးတစ်ဝက် ပါရမီရှင်တစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရရုံသာမက လျို့ဝှက်ဆန်းကြယ်သော ရတနာတစ်ခုကိုလည်း လက်ဝယ်ရရှိခဲ့သည်။ သူပေးဆပ်ခဲ့ရသည့် တန်ဖိုးမှာ ယွမ်ဟွားကောင်းကင်ဘုံရှိ ရှေးဟောင်းဗုဒ္ဓဂိုဏ်းနှင့် ရင်ဆိုင်ဖို့သာ ဖြစ်သည်။

သာမန်လူများအတွက်တော့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းဟာ နှိုင်းမယှဉ်နိုင်သော ဧရာမတည်ရှိမှုကြီးဖြစ်သော်လည်း ဝမ်ဖုန်းအတွက်တော့ အချိန်တိုအတွင်း အနိုင်ယူနိုင်သည့် အင်အားစုတစ်စုသာ ဖြစ်လေသည်။

"ကျေးဇူးတင်ပါတယ်။ ဒီပုံရိပ်ယောင်ထဲမှာရှိတဲ့ နောက်ဆုံးစွမ်းအားကို အသုံးပြုပြီး ငါ သူမကို နိုးထစေလိုက်မယ်။"

"သူမကို မင်းဆီ လွဲပြောင်းပေးခဲ့ပြီနော်...."

"ဒါနဲ့ သူမရဲ့ နာမည်က စုဝမ်ရွှယ်တဲ့။"

ပုံရိပ်ယောင်သည် ဝမ်ဖုန်းတို့ကို လှမ်းကြည့်လိုက်ပြီး တည်ကြည်စွာ ပြောဆိုလိုက်သည်။

သူက ဝမ်ဖုန်းကို ယုံကြည်ရမှာလား။ ဘယ်ကသာ။ ဝမ်ဖုန်းသာ ထျန်းတုမြို့ကို ပိုင်ဆိုင်ပြီး သူ့ရဲ့သမီးကို စွန့်ပစ်ရဲပါက သူနောက်ကွယ်မှာ ချန်ထားရစ်ခဲ့တဲ့ အစွယ်အပါးက ဝမ်ဖုန်းတို့ကို ဝမ်းနည်းစဖွယ် သေဆုံးစေလိမ့်မည်။ အဲ့ဒီအချိန်ရောက်ပါက ထျန်းတုမြို့ကလည်း သူ့သမီးဆီ ပြန်လည်ရောက်ရှိသွားလိမ့်မည်။

ဝမ်ဖုန်းရဲ့ နှလုံးသားကို သူ ဘယ်လိုလုပ် အကြွင်းမဲ့ယုံကြည်ရပါ့မလဲ။ဒါပေမယ့်လည်း သူဟာ သူနောက်ဆုံးချန်ထားရစ်ခဲ့သော အရာကို မလှုပ်ရှားစေချင်ခဲ့ပါ။ သူ့သမီးကလေးကို ဘေးကင်းစွာဖြင့်သာ ရှင်သန်စေချင်ခဲ့သည်။

ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး ဘာစကားမှ ထပ်မပြောတော့။

"ဝုန်း"

ဒါကိုမြင်တော့ ပုံရိပ်ယောင်က လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည့်အခါ ၎င်းလက်ချောင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျောက်တုံးပလက်ဖောင်းပေါ်တွင် လဲလျောင်းနေသော စုဝမ်ရွှယ်၏ ဝမ်းဗိုက်အတွင်းသို့ သက်ဆင်းသွားခဲ့သည်။ မိန်းမငယ်လေး၏ ခန္တာကိုယ်မှာ တုန်ခါလာခဲ့ပြီး မြို့ငယ်လေးတစ်ခုသည် မိန်းမငယ်လေး၏ ဝမ်းဗိုက်ထဲမှ ဆွဲထုတ်ခံလိုက်ရသည်။ 

ပုံရိပ်ယောင်က သေးငယ်သော မြို့ကလေးကို ဆွဲယူလိုက်ပြီး ဝမ်ဖုန်း၏အရှေ့၌ သက်ဆင်းစေလိုက်သည်။ ယင်းမှာ ပိန်းပိတ်အောင် နက်မှောင်နေသော မြို့တစ်ခုဖြစ်သည်။ ဝမ်ဖုန်းက ထိုအရာကို အချိန်အတော်ကြာအောင် စိုက်ကြည့်ခဲ့သော်လည်း ပုံမှန်မဟုတ်တာ ဘာမှမတွေ့ခဲ့ပါ။ ယင်းက အင်မတန်မှ သာမန်ဆန်နေခဲ့သည်။ သာမန်မဟုတ်သည့်အရာဟူ၍ မြို့အတွင်းသို့ ထွင်းဖောက်မမြင်နိုင်ခြင်းသာ ရှိ၏။

"ထျန်းတုမြို့အပေါ်မှာ သေသေချာချာ အာရုံစိုက်ထားသ၍ မင်းရဲ့ စိတ်ဝိညာဥ်က ထျန်းတုမြို့နဲ့ ဆက်နွယ်နိုင်လိမ့်မယ်။ ထျန်းတုမြို့ရဲ့ စည်းချက်တွေကို ခံစားနိုင်လိမ့်မယ်။"

ရှူယင်းက ဝမ်ဖုန်းကို တည်ကြည်သောအမူအယာဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း၌ ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်သန်းသွားခဲ့ပြီး ပြောဆိုလိုက်သည်။ 

All Chapters