← Chapters

ဗုဒ္ဓ၏ရွေးချယ်မှု 

Vol. 31 Ch. 426

ဗုဒ္ဓ၏ရွေးချယ်မှု 

Vol. 31 Ch. 426

ဘာသာပြန်- The Fate

ကောင်းလေစွ..ဒီဆရာတပည့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တွက်ချက်ခန့်မှန်းခဲ့ကြသည်။ဒါက ၀မ်ဖုန်း၏ ကမ္ဘာမြေကြီးအပေါ်အမြင်အာရုံကို ပြောင်းပြန်ဇောက်ထိုးလှန်စေခဲ့သည်။

ထျန်းတုမြို့အရှင်ကတော့ အဆင်ပြေပါသေးသည်။သူ့သမီးချောချောမွေ့မွေ့ မွေးဖွားလာစေရန် သူကမိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည်။ဤသားအဖဆက်ဆံရေးက တကယ့်က်ို စိတ်ထိရှစရာကောင်းလှသည်။ဒါပေ့မယ့်ဘုန်းတော်ကြီးတုအာကရော.......။

ဗုဒ္ဓရဲ့စည်းမျဥ်းစည်းကမ်းတွေက အဲ့ဒီလောက်တောင်အရေးကြီးလို့လား ။သူကသူ့တပည့် နှစ်သက်နေသော အမျိုးသမီးကိုသတ်ဖြတ်ခဲ့ရုံသာမက သူ့တပည့်ကိုသတ်ဖြတ်ရန်လည်း အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ခဲ့သေးသည်။အဆုံးမှာလည်း သူ့တပည့်ရဲ့သမီးကိုသတ်ဖြတ်ဖို့ စီစဥ်နေခဲ့သေးသည်။

သူ့တပည့်၏သမီးကိုသတ်ဖြတ်ရန် မျှော်လင့်ချက်များများစားစား မရှိတော့ဘူးဆိုတာကိုသိလိုက်ပြီးသည့်နောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီးရှေးဟောင်းဗုဒ္ဓဂိုဏ်းတော်ကြီးသို့ပို့ဆောင်ပေးနိုင်မည့် အစီအရင်ကြီးကိုတောင် ဖန်တီးခဲ့သေးသည်။ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းသားတွေက သူ့တပည့်၏ သမီးကိုသတ်ဖြတ်ပစ်ဖို့ပေါ့......။

ဤဘုန်းတော်ကြီးတုအာက တကယ့်က်ို သြချလောက်စရာလူပင် ...။

၀မ်ဖုန်း၏ ရှု့မြင်ပုံအရ ထိုဘုန်းတော်ကြီးတုအာသည် တကယ့်ကို၀မ်းနည်းစရာကောင်းသော ဘ၀၌ ရှင်သန်နေထိုင်ခဲ့ရသည်။သူကသူ့ဘ၀က်ို အရေးပေးပြီးပျော်ပျော်ရွှင်ရွှင်ရှင်သန်နေထ်ိုင်ခဲ့သင့်သော်လည်း ဗုဒ္ဓ၏ စည်းမျဥ်းစည်းကမ်းများအတွက်သူ့တပည့်၏မိသားစုနှင့်သူ့၏အသက်ကိုတောင် ကိုယ်တိုင်ကိုယ်ကျ ဖျက်စီးပစ်ခဲ့သည်။

ရိုးရိုးသားသားပြောရပါလျှင် ၀မ်ဖုန်းကဗုဒ္ဓ၀ါဒကို မုန်းတီးခြင်းမရှိပါ။ သူမုန်းတီးသည့်အရာမှာ ဗုဒ္ဓ၏ စည်းမျဥ်းများက်ို အရာအားလုံး၏ အထက်၌ ထားပြီးလူ့လောကနှင့် တရားမျှတအောင်မနေနိုင်သော ဘုန်းတော်ကြီးတုအာလို လူမျိုးသာဖြစ်သည်။

ဟုတ်ပါပေသည်။ ဘုန်းတော်ကြီးတုအာက စာအုပ်ကြီးအတိုင်း ပြုမှုတတ်သည့် ရှေးရိုးဆန်သော လူတစ်ယောက်ဖြစ်လေသည်။

"ဘုန်း......"

၀မ်ဖုန်းကလျှို့၀ှက်စွာတွေးတောနေစဥ်မှာပင် ကျောက်တုံးခန်းမကြီးရှိရွှေရောင်သင်္ကေတကြီးမှာ အပြည့်အ၀အသက်၀င်လာခဲ့သည်။ ယင်းသင်္ကေတ ထံမှ ခမ်းနားကြီးကျယ်သော စွမ်းအားများပျံ့လွှင့်လာကာ ကျောက်တုံးခန်းမကြီးတစ်ခုလုံးကိုယိမ်းခါစေခဲ့သည်။

လီပိုင်နှင့် အခြားသူများ၏ အမူအရာများမှာ အနည်းငယ်ပြောင်းလဲသွားခဲ့ကြသည်။သူတို့က ခုခံကာကွယ်ရန် စွမ်းအားများကိုအသုံးပြုတော့မည့်အချိန်၌ ၀မ်ဖုန်း၏တားဆီးခြင်းက်ိုခံလိုက်ရသည်။၀မ်ဖုန်းက လေထုအတွင်း မျောလွှင့်နေသော ရွှေရောင်သင်္ကေတကြီးကို စူးစိုက်ကြည့်လိုက်ရင်း မျက်မှောင်ဖွဖွကြုံ့လိုက်ကာ သူ၏ နှုတ်ခမ်းထက်၌ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ 

သူကရှန်ရှန်ဂိုဏ်းကြီးတစ်ခုလုံးကို ယွမ်ဟွားကောင်ကင်ဘုံသို့ ခေါ်ဆောင်သွားရန်ပြင်ဆင်နေသည့်အချိန်တွင် နေရာကူးပြောင်းခြင်းအစီအရင်ကြီးထွက်ပေါ်လာခဲ့ရာ သူ့ကိုပြဿနာပေါင်းများစွာမှ ကယ်တင်ပေးလိုက်သည်။

၀မ်ရွှယ်ကလေးကတော့.... သူအနားမှာရှိနေမှတော့ ဘယ်သူကများ သူမရဲ့ဆံပင်တစ်ချောင်းကို ထိတွေ့ရဲမှာလဲ..။ အဲ့ဒီလ်ိုထိတွေ့ရဲတဲ့သူတွေကိုလည်း မြေမြုပ်ပစ်လိုက်မယ် .........။

"ဘုန်း......."

ဧရာမရွှေရောင်သင်္ကေတကြီးသည် ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့ကာ ရွှေရောင်အလင်းတန်းများသည် ယင်းသင်္ကေတကြီးဘေး၌မြန်ဆန်စွာ လှည့်ပတ်လိုက်တော့သည်။ ရွှေရောင်မုန်တိုင်းတစ်ခု အစပျိုးလာခြင်းနှင့်အတူ ၀မ်ဖုန်းနှင့်အခြားသူများကို ယင်းမုန်တိုင်းကြီးက၀ါးမျိုသွားခဲ့သည်။

ဤကဲ့သို့အရေးကြီးနေသည့် အခိုက်အတန့်တွင် ၀မ်ဖုန်းတို့အုပ်စုသည် စွမ်းအားကြီးသောအရှိန်အ၀ါများကိုထုတ်လွှတ်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက်ချိန်းကြိုးများနှင့်ဆက်သွယ်လိုက်ကြသည်။အစီအရင်ဖြင့် ရွှေ့ပြောင်းသွားလာနေစဥ်တွင် မထင်မှတ်ထားသော မတော်တဆမှုတစ်ခုဖြစ်သွားပြီး လူစုကွဲသွားမှာကို ကာကွယ်တားဆီးရန်ဖြစ်လေသည်။

သူတို့အားလုံးက ၀မ်ရွှယ်ကလေးက်ို ဂရုစိုက်ပေးနေကြသည်။၀မ်းဖုန်းနှင့်အခြားသူများက စက်၀ိုင်းပုံသဏ္ဍာန်နေရာယူလ်ိုက်ကာ ၀မ်ရွှယ်ကလေးကိုချီမထားသော ကိုးမြှီးမြေခွေး၏ ပတ်ပတ်လည်၌၀န်းရံလ်ိုက်ကြသည်။

ဤအချိန်တွင် ရွှေရောင်မုန်တိုင်းကြီးသည် ၀မ်းဖုန်းနှင့်အခြားသူများအပေါ် ဖြတ်သန်းတ်ိုက်ခတ်သွားကာ လေထုအတွင်း၌ရွှေရောင်သင်္ကေတများဖြစ်ပေါ်လာခဲ့သည်။မျက်တောင်တစ်ခတ်အတွင်း၌ သူတို့အားလုံးဟာ ကျောက်တုံးခန်းမကြီးထဲမှ ပျောက်ကွယ်သွားခဲ့ကြသည်။

၀မ်ဖုန်းတို့ပျောက်ကွယ်သွားပြီးသည့်နောက် ရွှေရောင်သင်္ကေတကြီးကလည်းဖြေးညင်းစွာဖြင့် ပျောက်ကွယ်သွာခဲ့သည်။ကျောက်တုံးခန်းမကြီးတစ်ခုလုံးကလည်း မူလအတိုင်းတည်ငြိမ်သွားခဲ့ကာ ခန်းမကြီးအတွင်း၌ရှိနေသော အပျက်အစီးများကသာ ထိတ်လန့်ဖွယ် တိုက်ပွဲအကြောင်းရည်ညွှန်း‌ေနခဲ့သည်။

......

ယွမ်ဟွားကောင်းကင်ဘုံကြီး အတွင်း၌ ရှေးဟောင်းဗုဒ္ဓဂ်ိုဏ်း တည်ရှိသော လျှို့၀ှက်ဆန်းကြယ်သည့်နေရာတစ်နေရာရှိ၏။

ယွမ်ဟွားကောင်းကင်ဘုံကြီးအတွင်းရှိ အထူးအင်အားစုငါးစုမှတစ်စုဖြစ်သည့်အ‌ေလျာက် ရှေးဟောင်း ဗုဒ္ဓဂိုဏ်းသည် လျှို့၀ှက်ဆန်းကြယ်ပြီး အစွမ်းထက်လှပါသည်။ အခြားသော အထူးအင်အားစုလေးစုနှင့်နှိုင်းယှဥ်ရလျှင် ရှေးေဟာင်းဗုဒ္ဓဂိုဏ်း၏ တပည့်များမှာ အရေအတွက်အားဖြင့်နည်းပါးသော်လည်း သူတို့တစ်ယောက်ချင်းစီက မိုးကောင်းကင်၏ ကောင်းချီးပေးခြင်း ခံရသူများ ဖြစ်ကြသည်။ ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးအတွင်း၌ သူတို့ဟာ ထိတ်တန်းအဆင့်ပါရမီရှင်များ ဖြစ်ကြလေသည်။

ဤကနေ့ဟာ ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများအတွက် ဗုဒ္ဓရွေးချယ်ခြင်းနေ့အခမ်းအနားပဲဖြစ်တော့သည်။ ဗုဒ္ဓသားတော်များ၏ မျိုးဆက်တစ်ဦးချင်းစီတိုင်းက စည်းမျဥ်စည်းကမ်းဆိုင်ရာပြဿနာရပ်များမရှိတော့ဘူး ဆ်ိုလျှင် ၊ ကာမအာရုံ စွဲလမ်းမှုမရှိတော့ဘူးဆိုလျှင် သူတို့အားလုံးဟာ ယေဘုယျအားဖြင့် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ နောက်တက်မယ့်သူတော်စင် အလောင်းလျာများဖြစ်ကြသည်။

ထို့အတွက်ကြောင့်ဗုဒ္ဓရွေးချယ်ခြင်းအခမ်းအနားသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီး၏ အဓိက အခမ်းအနားကြီးပဲဖြစ်လေသည်။ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ သန်မာသော တန်ခ်ိုးရှင်များအားလုံးသည်သည် ဂိုဏ်း၏ကွင်းပြင်ကျယ်ကြီး၌ စုေ၀းလာကြကာ ကွင်းပြင်ကြီးတစ်ခုလုံးအပေါ်သက်ရောက်နေသော ကြီးကျယ်မြင့်မြတ်သည့်ပွဲတော်ကို စောင့်ကြည့်နေကြသည်။

ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီး၏ လက်ရှိဂိုဏ်းချုပ်ဖြစ်သော ဟွေ့ကုန်း သည်ရွှေနီရောင်သင်္ကန်းက်ို ၀တ်ဆင်ထားပြီး တားမြစ်နယ်မြေ၏အပြင်ဘက်၌ လေးနက်စွာမတ်တက်ရပ်နေခဲ့သည်။ ဗုဒ္ဓ၏ရွှေရောင်အလင်းတန်းများက သူထံမှ ဖြာဆင်းလာခဲ့ကာ သူ့ကိုပြိုင်ဘက်ကင်းသည့်ပုံပေါက်လာစေခဲ့သည်။

သူ၏အနောက်ဘက်တွင် ဗုဒ္ဓရွေးချယ်ခြင်းအခမ်းအနားတွင်ပါ၀င်ဆင်နွှဲမည့် ထိပ်တန်းပါရမီရှင်ဆယ်ယောက် မတ်တပ်ရပ်နေကြသည်။သူတို့တစ်ယောက်ချင်းစီတိုင်းက ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများစွာထဲမှ ရွေးထုတ်ထားခဲ့သော ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်ကြသည်။ယွမ်ဟွားကောင်းကင်ဘုံတစ်ခုလုံးအနှံ့ လိုက်ရှာကြည့်လျှင်တောင် အခြားအင်အားစုလေးစုမှလွဲ၍ သူတို့ကို ဘယ်လူငယ်ပါရမီရှင်ကမှ ရင်ဆိုင်နိုင်မည် မဟုတ်ပါ။

သူတို့ထံမှ အရှိန်အ၀ါပြင်းထန်သော သန့်စင်သည့် စွမ်းအားလှိုင်းများသည် ထွက်ပေါ်လာခဲ့ကြကာ အ‌ေဝးတစ်နေရာရှိ စောင့်ကြည့်နေသော ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများကို အံ့အားသင့်သွားစေခဲ့သည်။ သူတို့ဆယ်ယောက်အနက်မှ တချို့တလေဟာဆိုလျှင် ထိတ်လန့်ဖွယ်ကောင်းသော ထျန်း၀ူ အဆင့်သို့ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုမျှအဆင့်ရှိသော ကျင့်ကြံမှုသည် ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးမှာတောင် အင်အားကြီးပါသည်။ သို့ပါသော်လည်း ရှေးဟောင်းဗုဒ္ဓဂ်ိုဏ်းတွင် သူတို့သည် သာမာန်ဂိုဏ်းသားအဖြစ်သာ ရှိနေကြသည်။ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီး၏နောက်ခံမှာ ဤအချိန်၌ သိသာထင်ရှားလာလေသည်။

"စီနီယာအကိုကြီးတွေထဲက ဘယ်လောက်များများကများ သူတော်စင်တစ်ပါးဖြစ်လာနိုင်သလဲ မသိဘူးနော်..."

"အခြားစီနီယာအက်ိုကြီးတွေးကထျန်းရှင်းအထွတ်အထိတ်ကိုရောက်နေပြီဖြစ်ပေမယ့် စီနီယာအကိုကြီးကျွေ့ရှင်း ၊ကျွေ့မင်နဲ့ ဟွမ့်ရှင်း တို့သုံးယောက်

ကတော့ ထျန်း၀ူ အဆင့်သို့ရောက်ရှိနေကြပြီး အဲ့ဒီစီနီယာအကိုကြီးသုံးယောက်ထဲကတစ်ယောက်က ဗုဒ္ဓ

ရဲ့ရွေးချယ်မှုကိုခံရလိမ့်မယ်"

"တကယ်ပါပဲကွာ ။ကျင့်ကြံမှုအဆင့်တွကိုငါနဲ့ မင်းတို့နဲ့ ဖြတ်သန်းဖို့ခက်ခဲခဲ့ပေမယ့် ဂိုဏ်းတူအကိုကြီးတွေအတွက်ကတော့ အလွယ်ကလေးဖြတ်သန်းသွားနိုင်ခဲ့ကြတာပဲနော်"

"ဟုတ်တယ် ဒါပေမယ့် သေချာတာက ဘယ်သူက ဗုဒ္ဓရဲ့သားတော်ဖြစ်လာပါစေ ၊ငါတို့ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံးအကျိုးအမြတ် များလိမ့်မယ်"

"ဟုတ်တာပေါ့ ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးမှာ ဗုဒ္ဓနဲ့တာအိုလမ်းစဥ် နှစ်ခုစလုံးကို တပြိုင်ထဲ ကျင့်ကြံတာဆိုလို့ ငါတို့ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးပဲရှိ

တာ... ငါတို့ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးကပဲယွမ်ဟွားကောင်းကင်ဘုံတစ်ခုလုံးက်ိုအုပ်စိုးနိုင်သင့်တယ်.."

အ‌ေဝးတစ်နေရာရှိ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းသားမျာသည် အချင်းချင်းပြောဆိုနေကြကာ သူတို့၏ မျက်၀န်းများက တောက်ပနေခဲ့ကြသည်။ 

"အော်မီတော်ဖု" ( အော်မီတော်ဖုဆိုတာ Sanskrit ဘာသာစကား အမိတ္တဘ ကို ခေါ်တာပါ။တရုတ်လေသံနဲ့ဆိုတော့ အောမိတော်ဖော်ဖြစ်သွားတာပေါ့။မြန်မာမှုပြုရရင် အော်မိတော်ဖု- အမိတ္တဗုဒ္ဓ၊ ဘုရားရှင်ကောင်းချီးပေးပါစေတဲ့။အမိတ္တဗုဒ္ဓဆိုတာ မဟာယာနဗုဒ္ဓဝါဒရဲ့ ဘုရားရှင်တစ်ပါးပါ)

ရှေးဟောင်းဗုဒ္ဓ၀ါဒရဲ့ဆရာသခင် ကျုပ် ဟွေ့ကုန်းက ဗုဒ္ဓရဲ့ဆန္ဒကိုဆုပ်ကိုင်ပြီး ဗုဒ္ဓရွေးချယ်ခြင်းအခမ်းအနားကို ဒီကနေ့မှာ စတင်လ်ိုက်ပါပြီ။

"ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးရဲ့ တားမြစ်နေရာကိုဖွင့်လှစ်လိုက်ပါပြီ!"

ရွှေနီရောင်သင်္ကန်းကို၀တ်ဆင်ထားသော ဟွေ့ကုန်းသည် ေလသံတိုးတိုးဖြင့်ပြောဆိုခဲ့ကာ သူ၏မျက်၀န်းအတွင်းက ဗုဒ္ဓအလင်းတန်းများလင်းလက်တောက်ပလျှက်ရှိသည်။

သူ၏စကားဆုံးသည်နှင့်တပြိုင်နက် မျက်စိကျန်းလောက်သော ဗုဒ္ဓအလင်းတန်းများသည် သူ ၏ ခန္ဓာက်ိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။

ဗုဒ္ဓနှင့်တာအ်ိုလမ်းစဥ်သင်္ကေတများသည် ဗုဒ္ဓအလင်းတန်းကြီးတစ်ခုအဖြစ်ပေါင်းစည်း သွားခဲ့ပြီးလေထုအတွင်းသို့ပျံသန်းထွက်ခွာသွားခဲ့သည်။

"ဘုန်း"

မျက်စိကျိန်းလောက်သော ဗုဒ္ဓအလင်းတန်းကြီးသည် လေထုအတွင်းသ်ို့ရောက်ရှိသွားသည်နှင့်တပြိုင်နက် ကမ္ဘာလောကကြီးတစ်ခုလုံးက ရုတ်တရက် ယိမ်းထိုးလာခဲ့သည်။ခမ်းနားကြီးကျယ်ပြီး စွမ်းအားကြီးသောအရှိန်အ၀ါကြီးသည် အရှေ့ဘက် လေဟာပြင်မှထွက်ပေါ်လာခဲ့ကာ ကွင်းပြင်ကြီးတစ်ခုလုံးက်ုဖြတ်သန်းတိုက်ခတ်သွားလေသည်။များစွာေသာရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများသည် ဤ မြင်ကွင်းကို အံအားတသင့် စိုက်ကြည့်နေကြသည်။

လူတိုင်း၏ အကြည့်များအောက်တွင် လေဟာပြင်အတွင်းမှ ဧရာမကျောက်ပြားကြီးထွက်ပေါ်လာခဲ့သည်။ယင်းကျောက်ပြားကြီးဟာ ဆယ်ပေခန့်မြင့်မားပြီး ၄င်းအပေါ်တွင် မရေမတွက်နိုင်သော ဗုဒ္ဓစည်းမျဥ်းများကို ရေးထွင်းထားလေသည်။ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ တားမြစ်နေရာဟူသောစကားလုံးကြီးလေးလုံးသည် ကျောက်ပြားကြီးပေါ်၌၀င်းလက်တောက်ပနေခဲ့သည်။

ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏တားမြစ်နေရာသည် ရှေးဟောင်းဗုဒ္ဓဂ်ိုဏ်း တစ်ခုလုံး၏ အမွေအနှစ်များ တည်ရှိသောနေရာဖြစ်သည်။ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတွင် ယင်းနေရာက ကြီးကျယ်မြင့်မြတ်သော အဆင့်အတန်းရှိလေသည်။ တစ်ချိန်တည်းမှာပင် ယင်းက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးကို ယွမ်ဟွားကောင်ကင်ဘုံကြီး၏ အထူးအင်အားစုငါးစုအတွင်းပါ၀င်လာအောင် ပြုလုပ်ပေးခဲ့သည့်အရာကြီးလည်းဖြစ်လေသည်။

ဒဏ္ဍာရီများအရ လွန်ခဲ့သည့် နှစ်ပေါင်းမရေမတွက်နိုင်ခင်တုန်းက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီး၏ ပထမမျိုးဆက် ဂိုဏ်းချုပ်သည် ယွမ်ဟွားကောင်ကင်ဘုံကြီးရှိ သာမာန် ဘုန်းတော်ကြီးတစ်ပါးသာဖြစ်သည်။သူက မတော်တဆဖြင့် ရှေးဗုဒ္ဓတားမြစ်နေရာသို့ ရောက်ရှ်ိသွားခဲ့ကာ ဗုဒ္ဓဂိုဏ်းသားတစ်ယောက်ဖြစ်လာစေရန် နိုးဆွပေးခြင်းခံခဲ့ရသည်။ 

ဗုဒ္ဓဂိုဏ်းသားတစ်ယောက်ဖြစ်လာပြီးနောက် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ပထမမျိုးဆက်ဂိုဏ်းချုပ် သည် ရှေးဗုဒ္ဓဂိုဏ်း၏ တားမြစ်နေရာ၌ရှိနေသော ဗုဒ္ဓတစ်ပါး၏ အမွေအနှစ်ကိုလည်းရရှိခဲ့လေသည်။အဆိုပါအမွေအနှစ်ဖြင့် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ပထမမျိုးဆက် ဂိုဏ်းချုပ်သည် ယွမ်ဟွားကောင်းကင်ဘုံကြီး၌ ကြီးကျယ်သော အောင်မြင်မှုများကိုပြုလုပ်နိုင်ခဲ့သည်။ ယင်းနောက် သူက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးကိုထူထောင်ခဲ့လေသည်။

ယခုအချိန်ထိဆိုပါက မရေမတွက်နိုင်သော ဗုဒ္ဓဂိုဏ်းသားများသည် ရှေးဗုဒ္ဓတားမြစ်နေရာအတွင်းသို့ ၀င်ရောက်ခဲ့ကြလေသည်။သို့ပါသော်လည်း ဘယ်သူကမှ တားမြစ်နေရာအတွင်း၌ရှိနေသော လျှို့၀ှက်ဆန်းကြယ်မှုများကို အမှန်တကယ်နားမလည်နိုင်ခဲ့ပါ။ 

သာမာန်အခြေအနေများအောက်တွင် ဘယ်သူကမှ ရှေးဗုဒ္ဓတားမြစ်နေရာအတွင်းသို့ ၀င်ရောက်နိုင်ခြင်းမရှိကြပါ။ ရှေးဗုဒ္ဓတားမြစ်နေရာကို စောင့်ရှောက်ရသော တံခါးစောင့်ကတောင် မ၀င်ရောက်နိုင်ပါ။ ဗုဒ္ဓရွေးချယ်ခြင်းအခမ်းအနားကျင်းပပြီး ရှေးဗုဒ္ဓတားမြစ်နေရာ၏ ရွေးချယ်ခြင်းခံရမှသာ တားမြစ်နယ်မြေအတွင်းသို့ ၀င်ရောက်ခွင့်ရကြသည်။

ထို့အတွက်ကြောင့် ဗုဒ္ဓသားတော်အဖြစ်လျာထားခြင်းခံရသူတစ်ယောက်ချင်းစီတိုင်းသည် ရှေးဟောင်းဗုဒ္ဓတားမြစ်နယ်မြေ၏ အမွေခံအလောင်းလျာများဖြစ်ရုံသာမက ရှေးဗုဒ္ဓဂိုဏ်းကြီး၏ ခွန်အားက်ို မိုးကောင်းကင်ထိ မြင့်တက်အောင် စွမ်းဆောင်ပေးနိုင်မည့် ပုဂ္ဂိုလ် များလည်းဖြစ်ကြလေသည်။

ရှေးဗုဒ္ဓတားမြစ်နယ်မြေအတွင်းသို့၀င်ရောက်သွားသည့်အခါတိုင်းတွင် ဗုဒ္ဓသားတော် ရွေးချယ်ခြင်း၌ ပါ၀င်ကြသော ဂိုဏ်းသားများသည် တားမြစ်နယ်မြေအတွင်း၌ အနည်းနှင့်အများဆိုသလို အခွင့်အလမ်းများရရှိခဲ့ကြသည်။ အဆိုပါအခွင်းအလမ်းများက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးအတွက် အင်မတန်မှ အရေးပါလေသည်။ 

"ဘုန်း...."

ရုတ်တရက်ဆိုသလို ကျောက်ပြားကြီးထံမှ မျက်စိကျိန်းလောက်သော ရွှေရောင်အလင်းတန်းများ ဖြာဆင်းထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကျောက်ပြားကြီးက အဆက်မပြတ်ယိမ်းခါလာခဲ့သည်။ ကျောက်ပြားကြီးပေါ်၌ ရေးထွင်းထားသော ရှေးဗုဒ္ဓတားမြစ်နေရာ ဟူသော စကားလုံးလေးလုံး(တရုတ်လိုဆို) မှာ အလင်းတန်းများထွက်ပေါ်လာခဲ့ပြီး မြေပြင်ပေါ်၌ နှစ်မီတာမြင့်၍ တစ်မီတာခန့် ကျယ်၀န်းသော ရွှေရောင်တံခါးပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ 

"သွားကြ။ ဗုဒ္ဓရဲ့ရွေးချယ်မှုကို ခံရတဲ့ဘယ်သူမဆို ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ အနာဂါတ် သူတော်စင်လောင်းလျာ ဖြစ်လာလိမ့်မယ်"

"မင်းတို့ သူတော်စင်တစ်ပါးဖြစ်လာဖို့ရွေးချယ်မခံရဘူးဆိုရင်တောင် မှ ရှေးဟောင်းဗုဒ္ဓတားမြစ်နေရာအတွင်း

မှာ ရှိတဲ့ အမွေအနှစ်ကို ရရှိလာအောင်အကောင်းဆုံးကြိုးစား ကြ!"

ရွှေရောင်တံခါးကြီးထွက်ပေါ်လာပြီးသည့်နောက် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းချုပ် ဟွေ့ကုန်းသည် ဂိုဏ်းတပည့်ဆယ်ယောက်ကိုလှမ်းကြည့်လိုက်ပြီး ကျယ်လှောင်စွာ ပြောဆိုလိုက်သည်။ 

"အော်မီတော်ဖု"

ရွေးချယ်ခံရသော ပါရမီရှင် ဂိုဏ်းသားဆယ်ယောက်သည် လက်အုပ်ချီလိုက်ကြပြီး ဗုဒ္ဓ၏ စည်းမျဥ်းများကိုရွတ်ဆိုလိုက်ကာ ဟွေ့ကုန်းထံသို့ ဂါရ၀ ပြုလိုက်ကြသည်။ ထို့နောက် သူတို့က တုံ့ဆိုင်းခြင်းမရှိဘဲ ရွှေရောင်တံခါးဆီသို့ တိုးကပ်သွားခဲ့ကြသည်။နောက်တဒင်္ဂအကြာတွင် ပါရမီရှင်ဆယ်ယောက်သည် ရွှေရောင်တံခါးအတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားကြသလို ရွှေရောင်တံခါးကြီးကလည်းပျောက်ကွယ်သွားလေသည်။

"ဒီတစ်ကြိမ်မှာ ပိုမိုအစွမ်းထက်တဲ့အမွေအနှစ်တွေရရှိဖို့ မျှော်လင့်ပါတယ်"

ဟွေ့ကုန်း၏ ဘေးနားတွင် မတ်တတ်ရပ်နေသော ရှေးဟောင်းဗုဒ္ဓ ၀မ်ကုန်းဘုရားကျောင်း၏ဆရာသခင် ဟွေ့ကန်းသည် ကျောက်ပြားချပ်ကြီးကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလျှက် ပြောဆိုလိုက်သည်။

ထိုအဖြစ်အပျက်ကြီး ဖြစ်သွားပြီးနောက် ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ဂိုဏ်းလုံးသည် ကြီးကြီးမားမားပျက်စီးဆုံးရှုံးခဲ့ရသည်။ ယခုချိန်ထိတိုင်အောင် သူတို့ကအပြည့်အ၀ ပြန်လည် ခေါင်းမော့မလာနိုင်သေးပါ။ လက်ရှိရှေးဟောင်းဗုဒ္ဓဂိုဏ်းသည် ယခင်ရှေးဟောင်းဗုဒ္ဓဂိုဏ်းအထွတ်အထိပ်တွင်ရှိစဥ်အခါကထက် သုံးပုံတစ်ပုံခန့်သာ ခွန်အားရှိတော့သည်။ 

ဤသည်မှာ ထိုအဖြစ်အပျက်ကြီး ဖြစ်ပျက်သွားပြီးသည့်နောက်တွင် ဗုဒ္ဓရွေးချယ်ခြင်းအခမ်းအနားကိုပထမဆုံး ပြန်လည်ပြုလုပ်သည့် ပွဲလည်းဖြစ်သည်။

" အဲ့ဒီလူကသာ ရူးနှမ်းသည့်အရာတွေ မလုပ်ခဲ့ဘူးဆိုရင် ငါတို့ရဲ့ရှေးဟောင်းဗုဒ္ဓဂိုဏ်းက အခြားအထူးအင်အားစုကြီး လေးစုထက်ကို ကျော်လွန်သွားလောက်ပြီ "

ဗုဒ္ဓအမွေအနှစ်ခန်းမ၏ ဆရာသခင်ဖြစ်သော ဟွေ့ကျန်းကလည်း ၀မ်းနည်းနေသော လေသံဖြင့် မြည်တမ်းပြောဆိုလိုက်သည်။ 

"အော် မီ တော် ဖု ....မိန်းမတစ်ယောက်အတွက်နဲ့ ဗုဒ္ဓကိုသစ္စာဖောက်ခဲ့တဲ့

အဲ့ဒီလူက ဗုဒ္ဓရဲ့သားတော်လို့တောင် ပြောဆိုဖို့မထိုက်တန်ဘူး။ သူ့ရဲ့နတ်ဆိုးဆန်တဲ့ စရိုက်လက္ခဏာက ေပျာက်ကွယ်ဖို့အတွက် ခဲယဥ်းတယ်...သူသေဆုံး

သွားတာက အ‌ေကာင်းဆုံး အဆုံးသတ်ပါပဲလေ.."

အာဟတ်ခန်းမ ၏ ဆရာသခင်ဖြစ်သော ဟွေ့ကျင်းကလည်းအေးစက်စွာပြောဆိုလိုက်သည်။

ထိုစကားလုံးများထွက်ပေါ်လာသည့်အခါ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ စွမ်းအားရှင်များအားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြသည်။ မည်သူကမှ ဆက်လက်၍ စကားပြောဆိုခြင်း မရှိတော့ပါ။ဗုဒ္ဓတွင်ဗုဒ္ဓ၏ ကိုယ်ပိုင်စည်းမျဥ်းများတည်ရှိလေသည်။

"မလှုပ်ရှားနဲ့ ၊စကားမပြောနဲ့ ၊အသံမထွက်နဲ့တော့ "

ရှေးေဟာင်းဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းချုပ် ဟွေ့ကုန်းသည် လက်အုပ်ချီလိုက်ပြီး တိုးညင်းစွာ ပြောဆိုလိုက်သည်။ 

"ဂိုဏ်းတူအကိုကြီးပြောတာမှန်တယ် 

ကျုပ်တို့အားလုံး တိတ်ဆိတ်စွာပဲ ကျင့်ကြံအားထုတ်ရအောင်လား .....အော် မိီ တော် ဖု...." 

များစွာသော ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဆရာသခင်များသည် ဗုဒ္ဓစည်းမျဥ်းများကို တစ်ယောက်ပြီးတစ်ယောက် ရွတ်ဆိုလိုက်ကြသည် ။ သူတို့အားလုံးက လှိုင်းထခြင်းမရှိသော ကန်ရေပြင်ကြီးအသွင်ကို ဆောင်လိုက်ကြလေသည်။ ကမ္ဘာလောကကြီးတစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများအားလုံးသည် တင်ပျဥ်ချိတ် ထိုင်လိုက်ကြကာ ရှေးဟောင်းဗုဒ္ဓ ဘုန်းတော်ကြီးများမွေးဖွားလာမည်ကို စောင့်မျှော်နေခဲ့ကြသည်။ ဗုဒ္ဓ၏ ရွေးချယ်ခံရသူများကိုပေါ့....။

များစွာသော ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းသားများအားလုံးကလည်း အလွန်အမင်းလေးနက်နေခဲ့ကြသည်။ သူတို့က ပါရမီရှင် ဂိုဏ်းသားဆယ်ယောက်အတွက် တိတ်ဆိတ်စွာ ဆုတောင်းပေးနေခဲ့သည်။

( T/N: ဒီ့အပိုင်းနဲ့နောက်ပိုင်းတွေမှာ ဗုဒ္ဓဂိုဏ်းကို ကြမ်းတမ်းတဲ့စကားလုံးတွေ၊ မသင့်လျော်ရာတွေနဲ့ သမုတ်ထားပါတယ်။ဒါ့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ဘာသာပြန်သူ ဖတ်ရတာ အဆင်မပြေပါဘူး။ဒီ့အပိုင်းမှာဆိုလည်း ဗုဒ္ဓတစ်ပါးဖြစ်လာဖို့ကို သူတော်စင်တစ်ပါးဖြစ်လာဖို့ဆိုပြီးပြင်ရေးထားပါတယ်။မူရင်းမှာ ဘုန်း‌ကြီးတွေက မိမိကိုယ်ကို ဗုဒ္ဓလို့သုံးထားဝာာပါ။ နောက် ဒီအပိုင်း ၄၂၀-၄၃၀အကြား ဘုန်းတော်ကြီးတွေကိုရည်ညွှန်းတဲ့ အဆဲစကားလေးတွေကိုလည်း ကြမ်းတမ်းတာတွေကို နူးညံ့ရာသင့်လျော်ရာအဖြစ် ပြန်ပြင်သုံးထားပါ့မယ်။)

All Chapters