← Chapters

ဒီအစ်ကို ညီလေးကို ကူညီပေးမယ်

Vol. 31 Ch. 435

ဒီအစ်ကို ညီလေးကို ကူညီပေးမယ်

Vol. 31 Ch. 435

Translator - Hsue Htet 

ဝူရှောင်းမြို့ကို အကျယ်အဝန်းပမာဏများစွာ နေရာယူထားသည့် ဝူရှောင်းမြို့သခင်စံအိမ်တော်သည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ အမှန်စင်စစ်တည်နေရာဖြစ်သည်။ ဝူရှောင်းမြို့၏ အလယ်ဗဟို အချက်အချာနေရာဖြစ်ပြီး သာမန်လူများ ချဉ်းကပ်မရနိုင်သည့် တားမြစ်နယ်မြေလည်း ဖြစ်သည်။

ဝူရှောင်းမြို့သည် သာမန်မြို့များနှင့် မတူပေ။ စက်ဝန်းသဏ္ဍာန်ဖြစ်၏။ စက်ဝိုင်းကြီးနှင့် စက်ဝိုင်းငယ်ဟူ၍ စက်ဝိုင်းနှစ်ခုဖြင့် တည်ဆောက်ထားသောမြို့ဖြစ်သည်။ စက်ဝိုင်းငယ်သည် မြို့၏ပင်မနေရာဖြစ်ပြီး စက်ဝိုင်းကြီးသည် ဝူရှောင်းမြို့တစ်မြို့လုံး၏ ဧရိယာပိုင်နက်ဖြစ်သည်။

ဝူရှောင်းယင်ယန်အစီအရင်သည် ဝူရှောင်းမြို့ကို ကာကွယ်ပေးထားသည့် အကာအကွယ်အစီအရင်ဖြစ်သည်။ ဝူရှောင်းယင်အစီအရင်သည် ဝူရှောင်းမြို့တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်၍ ဝူရှောင်းယန်အစီအရင်သည် မြို့သခင်စံအိမ်တော်ကို ‌ကာကွယ်စောင့်ရှောက်သည်။

မြို့သခင်စံအိမ်တော်သည် အလွန်ကြီးမားကျယ်ဝန်း၍ အဆောက်အဦးများစွာနှင့် ထိုအဆောက်အဦးများကြားတွင် တောင်များစွာလည်း တည်ရှိသည်။ အချက်အချာအကျဆုံးသော တောင်သည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း အဆင့်မြင့်ဂိုဏ်းသားများ၏ အဆောင်ဖြစ်သည်။ ထို့နောက် လက်ရွေးစင်တပည့်များ၏အဆောင်ရှိသည်။ တတိယမြောက် တောင်သည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း မျိုးဆက်သစ်တပည့်များ၏ အဆောင်ဖြစ်ပြီး အတွင်းတပည့်ဆောင်နှင့် အပြင်တပည့်ဆောင်ဟူ၍ ခွဲခြားထားသည်။

တောင်ထိပ်သည် အတွင်းတပည့်များ၏နေရာဖြစ်သည်။ အတွင်းတပည့်ဖန်းကျိသည် ရှက်ကြောက်နေဟန်သော အတွင်းတပည့်တစ်ဦးကို တောနက်ထဲသို့ ‌ခေါ်ဆောင်သွားနေသည်။

“ပေါင်ပေ့ မင်းကိုယ်မင်း အစ်ကို့ကို ပေးအပ်နိုင်မယ်မဟုတ်လား?”

တောနက်ထဲသို့ရောက်သည်နှင့်တစ်ပြိုင်နက် ဖန်းကျိသည် စိတ်လှုပ်ရှားစွာဖြင့် အမျိုးသမီးဂိုဏ်းတပည့်လေးကို လက်နှစ်ဖက်ဖြင့် သိမ်းယူပွေ့ဖက်လိုက်သည်။

“ဂိုဏ်းတူအစ်ကို …?”

အမျိုးသမီးဂိုဏ်းတပည့်သည် ဖန်းကျိကို ညင်သာစွာတွန်းထုတ်၍ ငြင်းဆိုသည့်ဟန်ပန်ကို ပေါ်လွင်စေလျက် အရိုအသေပြု၏။ သူမ၏နှုတ်ခမ်းနှစ်လွှာမှာ အနည်းငယ်ပွင့်ဟနေလျက် နှစ်လိုဖွယ်ခန္ဓာကိုယ်လေးမှာ ဆွဲဆောင်မှုရှိနေလေရာ ဖန်းကျိ၏မျက်လုံးများမှာ အရောင်တဖိတ်ဖိတ်တောက်ပနေတော့သည်။

“မစိုးရိမ်ပါနဲ့။ ဒီတစ်ကြိမ် မင်းက ဒီဂိုဏ်းတူအစ်ကိုကို ဖြည့်ဆည်းပေးခဲ့တာမို့ တောနက်ထဲရောက်တဲ့အခါ ဒီဂိုဏ်းတူအစ်ကိုက မင်းကိုဖြည့်ဆည်းပေးရမှာ ဖြစ်သင့်တာပါပဲ”

ဖန်းကျိ၏ထိုစကားအဆုံး၌ အမျိုးသမီးဂိုဏ်းတပည့်သည် ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်၍ ဖန်းကျိ၏စိတ်သဘောအတိုင်း ခွင့်ပြုထားလိုက်လေသည်။

သို့သော် ထိုတောနက်အတွင်း အမှောင်ထုထဲမှ တောက်ပသည့်မျက်ဝန်းတစ်စုံကိုမူ သူတို့နှစ်ဦး သတိမထားမိခဲ့ကြချေ။

“အဟမ်း ဂိုဏ်းတူအစ်ကို အခုလှုပ်ရှားတော့မလား?”

ယန်ရှန်းသည် သူ၏ဘေးရှိ မျက်လုံးများတောက်ပနေသော မုယွင်ဖေးကို ချောင်းတစ်ချက်ဟန့်၍ မေးလိုက်သည်။

“ဂိုဏ်းတူညီလေး၇ မစိုးရိမ်ပါနဲ့။ လူတွေ စိတ်ပြင်းပြနေတဲ့အချိန်ကြီးကို ဒီအစ်ကိုက ဘယ်လိုလုပ်ပြီး နှောင့်ယှက်ဝံ့ပါ့မလဲ? သူတို့ကို ခုနေခြောက်လှန့်လိုက်တာက မကောင်းဘူးရယ်! အရင်ဆုံး စောင့်ကြည့်နေ၊ ကြည့်ပြီး နည်းနည်းလောက်သင်ယူ၊ သူတို့ကိစ္စပြီးမှပဲ သတ်ကြတာပေါ့”

မုယွင်ဖေးသည် အဝေးမှမြင်ကွင်းကို အကြည့်မလွှဲတမ်းဖြင့် တီးတိုးပြောဆို၏။

“ဒါ… ဒါက?”

ယန်ရှန်းသည် ခေါင်းတကုတ်ကုတ်ဖြင့် ထစ်ထစ်အအပြန်ပြော၏။ ထိုလူနှစ်ဦးထံမှ ထွက်ပေါ်လာနေသော ပင့်သက်ရှိုက်သန်တို့ကြောင့်လည်း ယန်ရှန်း၏ မျက်နှာတစ်ခုလုံးမှာ နီမြန်းနေခဲ့လေပြီ။

“ဘာဖြစ်လို့လဲ? ဒီအစ်ကိုက မင်းသင်ယူခွင့်ရအောင် သဘောထားကြီးပေးတာလေ။ မင်းက အခုတစ်ယောက်တည်းသမား၊ မင်းသင်ယူဖို့ အလျင်မလိုသေးရင်လည်း ဒီဂိုဏ်းတူအစ်ကို လေ့လာနေတာကို စကားလာပြောမနေနဲ့ဦးလေကွာ!”

မုယွင်ဖေးသည် ယန်ရှန်းကို စကားလာမပြောတော့ရန် လက်ဟန်ပြ‌လိုက်ပြီးနောက် အာရုံစူးစိုက်၍ လေ့လာသင်ယူတော့သည်။

ငါတို့ဒီမှာရှိနေတာသာသိရင် သူတို့ဆက်လုပ်ကြပါဦးမလား? သူတို့က ငါတို့ကို သင်ယူခွင့်ပေးနေရအောင်အထိ သဘောထားကြီးမှာ မဟုတ်ဘူးလေ။ ပြီးတော့ သူတို့က လူအမြင်မသင့်တဲ့ကိစ္စကို လုပ်နေတာကွ!

ယန်ရှန်းမှာ မျက်ဖြူလန်သွားရပြီး ပြောစရာစကားပင် ပျောက်ရှသွားရလေသည်။ သို့သော် ထပ်မံ၍ စကားမပြောတော့ပေ။ ကြည့်လည်းကြည့်မနေခဲ့ပါ။ အသံကြားရုံဖြင့်ပင် ယန်ရှန်း၏မျက်နှာမှာ နီရဲတွတ်နေခဲ့ပြီဖြစ်ရာ မြင်ကွင်းကို မကြည့်ရဲပါချေ။

မိနစ်အနည်းငယ်မျှကြာပြီးနောက်တွင် လှုပ်ရှားသံများမှာ တဖြေးဖြေး လျော့နည်းပျောက်ကွယ်သွားခဲ့သည်။ ယန်ရှန်းသည်လည်း နောက်ဆုံးတွင်တော့ စိတ်သက်သာရာရစွာ အသက်ရှူသွင်းနိုင်ခဲ့လေပြီ။

“အမှိုက်သရိုက်တွေ!”

“ဒီသခင်က ကြိုးကြိုးစားစားကြည့်ရှုနေတာကို ရလဒ်က ဒါလေးပဲလား?”

“သတ်ကြမယ်!”

မုယွင်ဖေးသည် တံတွေးတစ်ချက်ထွေးလိုက်သေး၏။ သူစိတ်မကျေနပ်ပါချေ။

ယန်ရှန်း၏နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားခဲ့ကာ ထိုသနားချင့်ဖွယ်လူနှစ်ဦးအတွက် စိတ်မကောင်းစွာ မြည်တမ်းလိုက်မိရသေးသည်။ 

မုယွင်ဖေးသည် ဖန်းကျိတို့နှစ်ဦး၏နောက်သို့ ရုတ်ချည်းရောက်ရှိသွားပြီး အင်အားကြီးမားစွာသောစွမ်းအင်ဖြင့် ထိုနှစ်ဦးကို ဖိနှိပ်လိုက်သည်။ လက်ထဲမှဓားကို ခပ်သာသာတစ်ချက်လွှဲယမ်းလိုက်ရာ ထိုနှစ်ဦး၏လည်တိုင်မှ သွေးကြော‌တစ်ချောင်းစီ ပြတ်တောက်သွားခဲ့၏။ မတ်တပ်ထရပ်ကာစ ခန္ဓာကိုယ်မှာ မြေပြင်သို့ အသက်မဲ့စွာ လဲပြိုကျသွားတော့သည်။

မသေဆုံးမီအချိန်ထိတိုင် ဖန်းကျိ၏မျက်နှာမှာ စိတ်ကျေနပ်မှုကြောင့် အပြုံးတစ်ပွင့် တည်ရှိနေဆဲဖြစ်ခဲ့သည်။

အမျိုးသမီးဂိုဏ်းတပည့်၏ မျက်နှာထက်တွင်တော့ ဖီဆန်လိုသော အရိပ်အယောင်အချို့ ထင်ဟပ်နေခဲ့သည်။

မုယွင်ဖေးသည် ဖန်းကျိတို့နှစ်ဦး၏ ရုပ်အလောင်းများကို တိမ်းရှောင်၍ ယန်ရှန်း၏ဘေးသို့ ပြန်လာခဲ့သည်။ ထို့နောက် ယန်ရှန်း၏ပခုံးကို ပုတ်၍ ‌ခပ်ပေ့ါပေါ့အပြုံးဖြင့်ပြော၏။

“ပြီးသွားပြီ”

“ဆင့်ခေါ်!”

ယန်ရှန်းမှ ခေါင်းညိတ်လိုက်ပြီးနောက် မုယွင်ဖေးနှင့် ထွက်သွားတော့မည်တွင် စူးရှသည့်အသံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြောင့် မုယွင်ဖေးတို့သည် အသက်ရှူအောင့်လိုက်ပြီး ဆက်လက်ပုန်းအောင်းနေလိုက်၏။

မုယွင်ဖေးတို့နှင့် မဝေးလှသည့် အကွာအဝေးသို့ ပုံရိပ်နှစ်ခုဆင်းသက်လာသည်။

ပထမတစ်ယောက်မှာ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ အတွင်းတပည့်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုလူ၏ ခိုးကြောင်ခိုးဝှက်သော မျက်လုံးအနေအထားကြောင့် မုယွင်ဖေး၏မျက်လုံးအစုံတို့မှာ အထင်မြင်သေးမှုများ ပြည့်နှက်သွားခဲ့သည်။

ထိုခိုးကြောင်ခိုးဝှက်မျက်လုံးများဖြင့် အတွင်းတပည့်နှင့် နှိုင်းယှဉ်ပါလျှင် နောက်တစ်ဦးမှာ ပို၍ပြေပြစ်လေသည်။ ကြော့ရှင်းသော တာ့အိုဝတ်ရုံကို ဝတ်ဆင်ထားသည်ဖြစ်ရာ ထိုလူမှာ လက်ရွေးစင်တပည့်တစ်ဦး ဖြစ်ပေမည်။

“ဂိုဏ်းတူအစ်ကိုလျန်”

ထိုလက်ရွေးစင်တပည့်ဆင်းသက်လာသောအခါ ခိုးကြောင်ခိုးဝှက်မျက်လုံးပိုင်ရှင် အတွင်းတပည့်သည် ရိုသေကျိုးနွံစွာဖြင့် အရိုအသေပြု၏။

“ယူလာခဲ့လား?”

လျန်ဖန်းကျစ်သည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် သူ၏ရှေ့ရှိ အတွင်းတပည့်ကို အထင်မြင်သေးဟန်သော အကြည့်ဖြင့် မေးမြန်း၏။

“ကျွန်‌တော် လုပ်သင့်တာပါ”

အတွင်းတပည့်သည် သေတ္တာတစ်လုံးကို အလျင်အမြန်ထုတ်ယူ၍ လျန်ဖန်းကျစ်ကို ပေးလိုက်သည်။

“ဒီဆေးရဲ့ ဆေးဖက်ဝင်မှုက အရမ်းအားကောင်းပါတယ်။ ထျန်းရှင်းအဆင့်တောင်မှ ခံနိုင်ရည်မရှိမယ့် အင်အားမျိုးပါ။ အဲဒါကို ဒီတပည့်က မရည်ရွယ်ဘဲ ရရှိခဲ့ပါတယ်”

“မစိုးရိမ်ပါနဲ့။ ဒီကိစ္စပြီးသွားရင် မင်းအတွက်လည်း အကျိုးအမြတ်မရလိုက်တာ မဖြစ်စေရဘူး”

“ဂိုဏ်းတူအစ်ကိုလျန်ကို ကျေးဇူးတင်ပါတယ်”

အတွင်းတပည့်မှ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ခပ်သွက်သွက်ပြန်ပြော၏။

“အရင်ပြန်သွားနှင့်လိုက်”

လျန်ဖန်းကျစ်မှ လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။

အတွင်းတပည့်သည် ခေါင်းညိတ်၍ လက်ဟန်ဖြင့်ဂါရဝပြုကာ ချက်ချင်းထွက်ခွာသွားခဲ့သည်။

အတွင်းတပည့်ထွက်သွားပြီးနောက်တွင် လျန်ဖန်းကျစ်သည် သေတ္တာကိုဖွင့်၍ အတွင်းရှိဆေးလုံးကို စေ့စပ်စွာကြည့်ရှု၏။ သူ၏မျက်လုံးများမှာ တောက်ပနေခဲ့သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ထျန်းကျုံစွမ်းအင်ဖြင့် အဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ဆေးလုံးနှင့်ပူးကပ်လိုက်သည်။

ချက်ချင်းပင် အဆောင်သည် ကြယ်မှုန်စလေးများအဖြစ် ပြောင်းလဲသွားပြီး ဆေးလုံးထဲသို့ စိမ့်ဝင်သွားသည်။ သို့ဖြင့် သာမန်ဆေးလုံးမှာ ထျန်းကျုံအဆင့် ခမ်းနားထည်ဝါသောအရှိန်အဝါတို့ တောက်ပလာခဲ့သည်။

“ဂိုဏ်းတူအစ်ကိုမု အဲဒီ့လူက ထျန်းယုအထွတ်အထိပ်အဆင့်ဆိုတော့ ကျွန်တော် ဓားတစ်ချက်တည်းနဲ့ ဖြေရှင်းလို့ရနိုင်လောက်လား?”

ယန်ရှန်းသည် လျန်ဖန်းကျစ်ကိုကြည့်နေရင်းဖြင့် မေးမြန်းလိုက်သည်။

“မလောနဲ့။ ဒီဂိုဏ်းတူအစ်ကိုရဲ့ အမြင်အရ အဲဒီ့လူမှာ အကြံအစည်တစ်ခုခု ရှိနေလိမ့်ဦးမှာ။ ခုနေသတ်ရင် နှစ်ကြိမ်၊သုံးကြိမ်လောက် ပြန်လုပ်နေရလောက်မယ်”

မုယွင်ဖေးသည် စိတ်နှလုံးမတည်ငြိမ်မှုကို ဖိနှိပ်၍ ခေါင်းခါယမ်းပြောဆို၏။

“ဆင့်ခေါ်!”

မုယွင်ဖေး၏စကားအဆုံး၌ လေထုကိုဖြိုခွင်းသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။ မုယွင်ဖေးတို့လည်း အသံလာရာသို့ ကြည့်လိုက်သည်။ ရောက်လာသည့်လူကို မြင်လိုက်‌ရသောအခါ နှစ်ဦးသားမှာ မင်သက်သွားရလေသည်။

အပြာရောင်ဝတ်ရုံဖြင့် ထိုလူ၏ နက်မှောင်တောက်ပသော ဆံပင်များသည် လေတွင်ဝဲလွင့်နေသည်။ နဖူးထောင့်စွန်းရှိ ဆံနွယ်စလေးများမှာ သူမ၏ပြိုင်ဘက်ကင်းမျက်နှာလှလှလေးကို တစ်စွန်းတစ်စ ဖုံးအုပ်နေ၏။ နွဲ့လျသောမျက်ခုံးနှစ်သွယ်မှာ အနည်းငယ်တွန့်ကျုံ့နေ၍ အရေးမထားဟန်မျက်လုံးအစုံတွင် မည်သည့်ခံစားချက်မျှ မရှိချေ။ လေပြင်းမထန်စေသည့် နူးညံ့သိမ်မွေ့သည့် နတ်သမီးတစ်ပါးအလားပင်။

ထိုအမျိုးသမီးကို မြင်သောအခါ လျန်ဖန်းကျစ်၏မျက်လုံးများမှာ ပူပြင်းမှုအချို့ တောက်ပသွား၏။ သို့သော် ထိုပူပြင်းတောက်လောင်မှုမှာ ထိုအမျိုးသမီး ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားခဲ့ပြီး ရိုသေလေးစားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဂိုဏ်းတူအစ်မ လျို”

“ရှင် ထျန်းကျုံဆေးလုံးကို ရထားတယ်ဆို။ ဘာနဲ့ အလဲအလှယ်လုပ်ချင်လဲ?”

လျိုရွှီသည် လျန်ဖန်းကျစ်ကိုကြည့်၍ ခပ်ဖျော့ဖျော့မေးမြန်းလိုက်သည်။

လျန်ဖန်းကျစ်နှင့် လျိုရွှီတို့နှစ်ဦးလုံးသည် လက်ရွေးစင်တပည့်များဖြစ်ကြပြီး လျိုရွှီ၏စွမ်းအင်နှင့် အထုံပါရမီတို့မှာ လျန်ဖန်းကျစ်ထက် များစွာပိုမိုအားကောင်း၏။ သူတို့နှစ်ဦးလုံးသည် ထျန်းကျုံအဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ ထျန်းကျုံဆေးလုံးသည် ဆိုးကျိုးသက်ရောက်မှုမရှိဘဲ အဆင့်တိုးတက်စေ‌နိုင်သောကြောင့် ထျန်းကျုံအဆင့်ကျင့်ကြံသူများအတွက် အလွန်မက်မောရသည့် အရာဖြစ်သည်။ 

လျိုရွှီသည် ထျန်းကျုံအစောပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်မှာ မကြာမြင့်သေးပေ။ သူမအနေဖြင့် ထျန်းကျုံဆေးလုံးကို ရရှိနိုင်ပြီး ထျန်းကျုံအလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ပါလျှင် ကျင့်ကြံဆင့်မြင့်တက်ခြင်းနှင့်အတူ ရင်းမြစ်များစွာကိုလည်း တိုးတက်ရရှိနိုင်ပေမည်။

ထိုထျန်းကျုံဆေးလုံးကို ထျန်းကျုံအဆင့်ကျင့်ကြံသူများသာ သုံးစွဲနိုင်သည်ဟုဆိုပါကလည်း မမှားယွင်း‌ပါချေ။

“ကျွန်တော် ဂိုဏ်းတူအစ်မနဲ့ အပေးအယူ မလုပ်ချင်ပါဘူး။ ဂိုဏ်းတူအစ်မဆီက ကတိတစ်ခုပဲ လိုချင်တာပါ”

“ဘာကတိလဲ?”

လျိုရွှီသည် မျက်မှောင်အနည်းငယ်တွန့်ကျုံ့သွား၍ အေးစက်စွာမေး၏။

“ဒီဂိုဏ်းတူမောင်လေး တစ်နေ့နေ့မှာ ဒုက္ခကြုံတွေ့ခဲ့ရရင် ဂိုဏ်းတူအစ်မက တတ်နိုင်သမျှကြိုးစားပြီး ဒီဂိုဏ်းတူမောင်လေးကို လုံခြုံအောင် ကာကွယ်ပေးပါ”

လျန်ဖန်းကျစ်သည် လျိုရွှီ၏ နွဲ့လျသောမျက်ခုံးနှစ်ဖြာကို စူးစိုက်ကြည့်ရင်းဖြင့် သူ၏ရိုးသားမှုကို အတတ်နိုင်ဆုံး ထုတ်ဖော်ပြသလျက် ပြောလိုက်သည်။

ထိုစကားကြောင့် လျိုရွှီသည် လျန်ဖန်းကျစ်ကို လေးလေးနက်နက်ကြည့်လိုက်သည်။ လျန်ဖန်းကျစ်မှ ထုတ်ဖော်ပြသနေသည့် ရိုးသားမှုစိတ်ရင်းကို မြင်တွေ့လိုက်သောအခါ သူမ၏တင်းမာနေသည့်မျက်နှာထားမှာ အတော်လေး ပြေလျော့သွားခဲ့သည်။

“ကတိပေးတယ်”

“ဒါက ထျန်းကျုံဆေးလုံးပါ”

ကတိစကားရရှိသည်နှင့် လျန်ဖန်းကျစ်သည် ဆေးလုံးသေတ္တာကို လျိုရွှီသို့ တုံ့ဆိုင်းမှုမရှိ ပေးအပ်လိုက်သည်။

လျိုရွှီသည် ဆေးလုံးသေတ္တာကို ဖွင့်ကြည့်လိုက်သည်။ ဆေးလုံးထံမှ အားကောင်းသည့် ထျန်းကျုံအရှိန်အဝါကို ခံစားရ‌သည်တွင် သူမ၏မျက်နှာလှလှလေး၌ မထိန်းချုပ်နိုင်စွာဖြင့် ပျော်ရွှင်ဝမ်းမြောက်ခြင်းတို့ ထင်ဟပ်လာခဲ့ပေသည်။ ထို့နောက် လျန်ဖန်းကျစ်သို့လှည့်၍ ‌နူးညံ့စွာပြော၏။

“ဂိုဏ်းတူမောင်လေးလျန်ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ဂိုဏ်းတူမောင်လေးလျန် အခက်အခဲတစ်ခုခု ကြုံတွေ့ခဲ့ရင် ဘယ်လောက်ကြီးတဲ့ကိစ္စကြီးဖြစ်ဖြစ်၊ ကိစ္စငယ်လေးဖြစ်ဖြစ် ကျွန်မကို လာရှာနိုင်ပါတယ်”

‌ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ လက်ရွေးစင်တပည့်များအတွက် ထျန်းကျုံဆေးလုံးသည် အလွန်တရာအဖိုးတန်ပြီး မက်မောရသည့်အရာဖြစ်သည်။ လျန်ဖန်းကျစ်သည် ထိုသို့သော ထျန်းကျုံဆေးလုံးအား သူမကို ပေးအပ်ရန်ဆန္ဒရှိသည်မှာ အတော်လေး ကျေးဇူးတင်ဖွယ်ကိစ္စရပ်ဖြစ်ပါ၏။

“ဂိုဏ်းတူအစ်မလျို ဆေးလုံးကို ဒီနေရာမှာပဲ သန့်စင်ကျင့်ကြံလိုက်ပါလား?”

လျန်ဖန်းကျစ်သည် တောက်ပစွာသောမျက်လုံးတို့ဖြင့် လျိုရွှီကို ရိုးသားပွင့်လင်းစွာပြော၏။

“အဲဒီ့ကောင်စုတ်လေးမှာ တကယ့်ကို အကြံအစည်ရှိနေတာပဲ။ ဂိုဏ်းတူညီလေး၇ရေ မင်းအတွက် မိန်းမလှလေးကိုကယ်တင်တဲ့ သူရဲကောင်းဖြစ်ဖို့ အခွင့်အရေးကတော့ မျက်စိ‌ေရှ့ကိုရောက်လာပြီကွာ”

အမှောင်ထဲတွင် ပုန်းအောင်းနေသည့် မုယွင်ဖေးသည် လျန်ဖန်းကျစ်တို့၏ စကားများကိုနားထောင်နေရင်းမှ ယန်ရှန်းကို ပခုံးပုတ်၍ ပြောလာလေသည်။

“ဘာလို့ အစ်ကို မသွားတာလဲ? သူတို့က ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတပည့်တွေလေ။ ဘာပဲဖြစ်ဖြစ် သူတို့က ကျွန်တော်တို့လက်ထဲမှာ အနှေးနဲ့အမြန် သေရမှာပဲဟာ။ မဟုတ်လည်း ကျွန်တော်တို့နဲ့ သူတို့က တစ်သက်မကျေတဲ့ ရန်သူတွေဖြစ်နေကြမှာပဲကို”

ယန်ရှန်းမှ မုယွင်ဖေးကို ပြောထုတ်လိုက်သည်။

“ဂိုဏ်းတူညီလေး၇ အဲဒီ့လိုအတွေးအမြင်က အရမ်းကျဉ်းလွန်းမနေဘူးလား။ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတပည့်‌ဆိုတော့ရော ဘာဖြစ်လဲ? မိန်းကလေးတစ်ယောက်က ကြက်နဲ့လက်ထပ်ရင် ကြက်ဖြစ်ပြီး ခွေးနဲ့လက်ထပ်ရင် ခွေးဖြစ်မှာပဲ။ သူရဲ့ ဂိုဏ်းအဝတ်အစားအပြင်အဆင်ကို ပြောင်းလဲလိုက်တာနဲ့ ဘယ်သူဆိုတာ အရေးကြီးမနေတော့ဘူးလေ”

“ညီနောင် မင်းက တစ်သက်လုံး တစ်ကိုယ်တည်းသမားဖြစ်ချင်နေတာများလား? ဒီဂိုဏ်းတူအစ်ကို မင်းကိုပြောပြမယ်။ ရွာကိုလွဲချော်သွားရင် သိုလှောင်ရုံကိုလည်း မရနိုင်တော့ဘူးပဲ။ မင်းလိုလူမျိုးက နှစ်ပေါင်းရာချီကြာမြင့်တောင် တစ်ကိုယ်တည်းသမားဖြစ်နေလိမ့်ဦးမှာ။ ဒီဂိုဏ်းတူအစ်ကိုကမှ မကူညီပေးရင် မင်းဘာသာ ဇနီးရဖို့ဆိုတာလေ တကယ်အရူးအိပ်မက်ပဲဖြစ်နေမှာ!”

မုယွင်ဖေးသည် ယန်ရှန်းကို အထင်မြင်သေးစွာကြည့်လျက် တည်ကြည်လေးနက်စွာ ပြော၏။

? ? ?

ဒါက ကိုယ်ရေးကိုယ်တာကို တိုက်ခိုက်နေတာ မဟုတ်ဘူးလား?

ယန်ရှန်းမှာ မျက်လုံးအပြူးသားလေးဖြင့် မုယွင်ဖေးကို စိုက်ကြည့်နေလေသည်။ ယန်ရှန်းမှာ 

‘ဂိုဏ်းတူအစ်ကိုက စကားလှလှလေးတွေ ပြောတတ်တာပဲဗျာ'ဟု ‌ထေ့ငေ့ါပြောပစ်ချင်လှသည်။ သို့သော် ဂိုဏ်းတူအစ်ကိုတစ်ဦးကို သူပြန်မပြောရဲပါချေ။

လျန်ဖန်းကျစ်၏ ထိုစကားကြောင့် လျိုရွှီသည် လျန်ဖန်းကျစ်ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။

“ဒီနေရာက အတွင်းတပည့်တွေရဲ့နေရာလေ။ ဂိုဏ်းတူအစ်မက ဒီနေရာမှာ အဆင့်တက်လှမ်းခဲ့ရင် လက်ရွေးစင်တပည့်တွေနေရာကို ပြန်ရောက်တဲ့အခါ စွန့်စားမှုကြီးကြီးမားမား ဖြတ်‌ေကျာ်ခဲ့ရတယ်လို့ ပြောနိုင်တာပေါ့။ ပြန်ရောက်ပြီးတော့မှ ဆေးလုံးသန့်စင်ကျင့်ကြံပြီး အဆင့်တက်လှမ်းရင် တခြားဂိုဏ်းတူအစ်ကို၊အစ်မတွေ ဆေးလုံးအပေးအယူအကြောင်းကို သိသွားနိုင်တယ်။ အဲ့လိုဆို ကျွန်တော်လည်း အခက်တွေ့ရလိမ့်မယ်”

လျန်ဖန်းကျစ်သည် ရိုးသားမှုကို အတတ်နိုင်ဆုံး ဖော်ထုတ်ပြသလျက် စကားဆို၏။

“ထားလိုက်ပါတော့။ ဒါဆိုလည်း ကျင့်ကြံနေချိန်မှာ ဂိုဏ်းတူမောင်လေးလျန်ကပဲ ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်”

လျန်ဖန်းကျစ်၏ ထိုစကားတွင် လျိုရွှီသည် သံသယများကို ဖိနှိပ်လိုက်ပြီး အတော်အတန် ပျော့ပျောင်းညင်သာစွာ ပြောလိုက်သည်။ လျန်ဖန်းကျစ်ပြောသည်မှာလည်း မှန်ကန်၏။ သူမအနေဖြင့် လက်ရွေးစင်တပည့်များ၏နေရာသို့ ပြန်သွား၍ ကျင့်ကြံပါလျှင် အခြားလက်ရွေးစင်တပည့်များ၏ အာရုံကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။

“ကျွန်တော် လုပ်သင့်တာပါ”

လျန်ဖန်းကျစ်မှ ခိုင်ကြည်စွာဖြင့်ပြော၏။

လျိုရွှီသည်လည်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် ကျောက်တုံးကြီးထက်တွင် ခန္ဓာကိုယ်မျောလွင့်စေ၍ ဆေးလုံးကို သေတ္တာထဲမှ ထုတ်ယူပြီး ဝမ်းဗိုက်အတွင်းသို့ မျိုချလိုက်ပြီးနောက် စတင်ကျင့်ကြံသည်။

၁၅မိနစ်ခန့်ကြာမြင့်ပြီးနောက်၌ လျိုရွှီ၏ မျက်နှာလှလှလေးမှာ မျက်နှာပျက်ယွင်းလာခဲ့ပြီး လျန်ဖန်းကျစ်အား သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်‌လျက် ကြည့်လာခဲ့သည်။ လျိုရွှီမှာ တစ်ကိုယ်လုံး အားနည်း‌ချိနဲ့လာကာ သူမ၏အင်အားအလုံးစုံကို ဖော်ပြမစွမ်းနိုင်သောအင်အားတစ်ခုမှ ဖိနှိပ်ထားသည်။ ထို့ကြောင့် အင်အားအနည်းငယ်သော်မျှ မစိုက်ထုတ်နိုင်တော့ပေ။ ဤသို့သော အခြေအနေဖြစ်ရာ မည်မျှပင် တုံးအနေစေကာမူ မိမိမှာ လျန်ဖန်းကျစ်၏ လှည့်စားခြင်းခံလိုက်ရသည်ကို နားလည်လိုက်ရတော့သည်။

All Chapters