← Chapters

လူ၁၀ယောက်ဖြင့် ဂိုဏ်းတစ်ဂိုဏ်းကိုသုတ်သင်။

Vol. 32 Ch. 437

လူ၁၀ယောက်ဖြင့် ဂိုဏ်းတစ်ဂိုဏ်းကိုသုတ်သင်။

Vol. 32 Ch. 437

Translator - Hsue Htet 

“ဘယ်အင်အားစုပဲဖြစ်ဖြစ် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကို ထိပါးရဲရင် တန်ကြေးပြန်ပေးဆပ်ရမယ်”

ဂိုဏ်းချုပ်ဝူမင်မှ လဲ့ကျွင်းကို အေးစက်စွာပြော၏။

ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းသည် ဤသို့ဆုံးရှုံးမှုမျိုးကို မကြုံတွေ့ဖူးပေ။ ထို့ပြင် အသတ်ခံရသည့် ဂိုဏ်းတပည့်များမှာ မိမိတို့၏ပိုင်နက်နယ်မြေအတွင်း၌ပင် အသတ်ခံခဲ့ရခြင်းဖြစ်၏။ ဝူရှောင်းမြို့တစ်ခွင်လုံးမှာလည်း ဤအကြောင်းကို ပြောဆိုနေကြလောက်ပေပြီ။ လူသတ်သမားကို မသတ်နိုင်ဘဲ၊ နောက်ကွယ်ရှိလူကိုလည်း ရှာမတွေ့ခဲ့ပါလျှင် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကြီးမှာ ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံး၏ ဟာသကြီးဖြစ်သွားရပေလိမ့်မည်။

“ဟား! ကျားပါးစပ်ကိုဆွဲဖြဲပြီး အစွယ်ထုတ်လာအောင် လုပ်ရဲတဲ့သူရှိနေမယ်လို့ ထင်မထားခဲ့မိဘူးကွာ!”

“ဟုတ်ပ။ ကျုပ်တော့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းရဲ့ နယ်မြေထဲမှာ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းသားတွေကို သတ်ရဲတဲ့ အဲဒီ့လူက ဘယ်သူလဲဆိုတာ သိချင်လိုက်တာ”

“ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတော့ ဒီတစ်ကြိမ် ဆုံးရှုံးမှုကြီးနဲ့ ရင်ဆိုင်လိုက်ရတာပဲ!”

ဂိုဏ်းချုပ်ဝူမင် တွေးထင်သည့်အတိုင်းပင် အကြီးအကဲများမှ လူသတ်သမားကို ရှာဖွေနေစဉ်တွင် ဂိုဏ်းတပည့်များ အသတ်ခံရသည့်သတင်းမှာ ဝူရှောင်းမြို့တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့လေပြီ။

ဝူရှောင်းမြို့ကျင့်ကြံသူများစွာတို့သည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းအပေါ် အမြင်ကောင်းမရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုကြ၍ ဂိုဏ်းတပည့်များ အသတ်ခံရသည့်ကိစ္စရပ်ကိုလည်း နှစ်ထောင်းအားရ မှတ်ချက်ပြုနေကြသည်။ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းသည် အလွန်နိုင်ထက်စီးနင်းပြုမူလွန်း၏။ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းသည် ဝူရှောင်းမြို့တွင် ခြေကုပ်ယူထားပြီး မျိုးရိုစဉ်ဆက် ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့ကြသည်ဖြစ်ရာ ဝူရှောင်းမြို့ကျင့်ကြံသူများစွာတို့မှာ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကို မကျေနပ်ကြသည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။

ယခု၌ ဝူရှောင်းကောင်းကင်ဘုံကို ထိပါးတိုက်ခိုက်ဝံ့သူ ပေါ်ထွက်လာသည်ဖြစ်ရာ သူတို့မှာ ထိုကိစ္စရပ်အကြောင်း ပြောဆိုဆွေးနွေးရသည်ကို အလွန်နှစ်သက်ကြပေသည်။

…..

“ဂိုဏ်းတူအစ်ကို အခု ‌ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းအကြီးအကဲတွေ လှုပ်ရှားနေပြီ။ ကျွန်တော်တို့ ထပ်တိုက်ခိုက်ကြမယ်လေ”

ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ တောင်ပေါ်တောအုပ်တစ်ခုတွင် ဝူနျန်မှ လီဟေးကို ပြောလိုက်ခြင်းဖြစ်သည်။

“ကောင်းပြီ ဂရုစိုက်! အခု ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးကို အန္တရာယ်ကျရောက်‌နေတဲ့ အခြေအနေအဖြစ် သတ်မှတ်ထားတာ။ အကြီးအကဲတွေ အပြင်ထွက်သွားတယ်ဆိုပေမယ့် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းရဲ့ တခြားစွမ်းအားမြင့်ကျင့်ကြံသူတွေက သတိတကြီးရှိနေကြဦးမှာပဲ”

လီဟေးမှ ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် သတိပေး၏။

ထို့နောက်တွင် နှစ်ဦးသားသည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း အတွင်းတပည့်များ၏နေရာသို့ လျှောက်လာခဲ့ကြသည်။

ဂိုဏ်းတပည့်ဒါဇင်ကျော် အသတ်ခံလိုက်ရသောကြောင့် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းချုပ်၊ဂိုဏ်းအကြီးအကဲများသာမက ဂိုဏ်းတပည့်များသည်လည်း ဒေါသဖြစ်နေကြသည်။ အတွင်းတပည့်အဆောင်၌ အတွင်းတပည့်ဂိုဏ်းတူအစ်ကိုကြီး ဝမ်ဖုန့်သည် လက်ကိုနောက်ပစ်လျက် ရပ်နေ၏။ သူ၏ရှေ့တွင် အတွင်းတပည့်ဒါဇင်ကျော် ရပ်နေကြသည်။

“အားလုံးပဲ ဒီတစ်ကြိမ်မှာ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းက အရှက်ရခဲ့ရတယ်။ ငါတို့အနေနဲ့ လူသတ်သမားကို သတ်နိုင်ခဲ့ရင် သေချာပေါက် ဂိုဏ်းချုပ်နဲ့ ဂိုဏ်းအကြီးအကဲတွေရဲ့မျက်လုံးထဲ ငါတို့ကို သတိထားမိသွားစေနိုင်မယ့်အပြင် ဂိုဏ်းချုပ်ရဲ့ ဆုချီးမြှင့်ခြင်းကိုလည်း လက်ခံရနိုင်တယ်။ ဒါက ငါတို့အတွက် အခွင့်အရေးကြီးပဲ!”

ဝမ်ဖုန့်သည် သူ၏ရှေ့ရှိ အတွင်းတပည့်များကို လေးလေးနက်နက်ပြော၏။

“ဂိုဏ်းတူအစ်ကို လူသတ်သမားက အရမ်းအင်အားကြီးနေခဲ့ရင် ကျွန်တော်တို့ မကိုင်တွယ်နိုင်မှာ စိုးရိမ်မိပါတယ်။ လက်ရွေးစင်တပည့်တွေတောင် အသတ်ခံခဲ့ရတာ.. ကျွန်တော်တို့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ဘယ်လိုလုပ်ပြီး အဲဒီ့လူသတ်သမားတွေရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာပါလဲ?”

အတွင်းတပည့်တစ်ဦးမှ စိုးရိမ်ပူပန်လျက် ပြောလာခဲ့သည်။ အခြားအတွင်းတပည့်များသည်လည်း စကားမဆိုကြသော်ငြား စိုးရိမ်ပူပန်နေကြ၏။

“ကိစ္စမရှိပါဘူး။ ငါ ဂိုဏ်းတူအစ်ကိုယွင်ဖေးနဲ့ ဂိုဏ်းတူအစ်ကိုချင်ဖုန်းကို ဖိတ်ခေါ်ထားတယ်”

ဝမ်ဖုန့်သည် တပည့်အချို့မှာ စိုးရိမ်ပူပန်လိမ့်မည်ကို မျှော်လင့်ထားသည့်အလား အပြုံးလေးဖြင့် ခပ်ဖျော့ဖျော့ပြောလာခဲ့သည်။

“ဒါပေမဲ့ လက်ရွေးစင်တပည့်တွေထဲမှာ ဂိုဏ်းတူအစ်ကိုယွင်ဖေးနဲ့ ချင်ဖုန်းက အဆင့်၄နဲ့၅ မဟုတ်လား?”

အတွင်းတပည့်များ၏မျက်လုံးများမှာ ရုတ်ချည်း တောက်ပသွားကြကာ အလျင်စလို မေးလာကြသည်။

“ဒါပေါ့!”

ဝမ်ဖုန့်မှ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြော၏။

“ဂိုဏ်းတူအစ်ကိုယွင်ဖေးတို့ အတူတိုက်ခိုက်ပေးမယ်ဆိုမှတော့ ကျွန်တော်တို့ မကြောက်တော့ပါဘူး။ ဒီတစ်ခါကိစ္စကတော့ အရမ်းကို အလားအလာကောင်းတာပါပဲ”

အတွင်းတပည့်များသည် အံ့အားဝမ်းမြောက်ကြလျက် ‌သဘောတူထောက်ခံကြသည်။

အသတ်ခံခဲ့ရသည့် လက်ရွေးစင်တပည့်၉ဦးသည် ထိပ်တန်းလက်ရွေးစင်တပည့်များထဲတွင် မပါဝင်ကြပေ။ ယွင်ဖေးနှင့် နှိုင်းယှဉ်ရန်မှာ အတော်လေး နိမ့်ပါးလွန်းသည်။

ထိုဂိုဏ်းတူအစ်ကိုနှစ်ဦးမှာ ထျန်းကျုံနှောင်းပိုင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

“အဲဒါဆို လူသတ်သမားကို သွားရှာကြတာပေါ့”

ဝမ်ဖုန့်သည် စိတ်ကျေနပ်စွာဖြင့် အတွင်းတပည့်များနှင့်အတူ အဆောင်အပြင်ဘက်သို့ ထွက်ခွာခဲ့သည်။

အဆောင်အပြင်ဘက်၌ ယွင်ဖေးနှင့် ချင်ဖုန်းတို့နှစ်ဦး ရောက်ရှိနေကြပြီးဖြစ်၏။

“ဂိုဏ်းတူအစ်ကိုယွင်ဖေးနဲ့ ဂိုဏ်းတူအစ်ကိုချင်ဖုန်းကို ဂါရဝပြုပါတယ်!”

ဝမ်ဖုန့်နှင့် အခြားအတွင်းတပည့်များသည် လက်ဟန်ဖြင့် ရိုသေကျိုးနွံစွာ အရိုအသေပြုလိုက်ကြသည်။

“သွားကြစို့!”

ယွင်ဖေးနှင့် ချင်ဖုန်းသည် အရေးမထားဟန် ခေါင်းတစ်ချက်ညိတ်ပြပြီး‌ေနာက် အရင်ထွက်ခွာသွားကြ၏။

ဝမ်ဖုန့်နှင့် အတွင်းတပည့်များသည်လည်း နောက်မှလိုက်သွားကြသည်။ အချိန်ခဏကြာပြီးနောက်၌ အတွင်းတပည့်တောင်၏တောအုပ်အတွင်းထဲတွင် လူတစ်စုဖြင့် ပြည့်နှက်သွား၏။ 

“ချွင်!”

ယွင်ဖေးတို့အုပ်စု တောအုပ်အတွင်းသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် တောအုပ်အတွင်းပိုင်းမှ ထက်ရှသော လရောင်ကဲ့သို့သော ဓားရောင်ခြည်တစ်ခုမှ ရုတ်တရက် ထွက်ပေါ်တိုက်ခိုက်၏။ ထိုဓားရောင်ခြည်သည် ယွင်ဖေးတို့အုပ်စုကို ကြမ်းကြုတ်ခက်ထန်စွာ တိုက်ခိုက်‌ေလသည်။

ရုတ်တရက်ထွက်ပေါ်လာသည့် ဓားရောင်ခြည်ကြောင့် ယွင်ဖေးနှင့်အခြားသူများမှာ ထိတ်လန့်သွားရသည်။ သူတို့မှ ပြန်လည်တိုက်ခိုက်မည့်အချိန်တွင် ကြောက်မက်ဖွယ်ဓားအရှိန်အဝါသည် သူတို့အားလုံးကို ဖိနှိပ်ထားပြီး ဖြစ်နေခဲ့၍ ယွင်ဖေးနှင့် အခြားဂိုဏ်းတပည့်များအားလုံးမှာ အသက်ဝိဉာဉ်ကင်းမဲ့သွားရလေသည်။

သူတို့သည် ခန္ဓာကိုယ်တွင်းစွမ်းအင်များကို အလျင်အမြန်စီးဆင်းစေလိုက်ပြီး ကြောက်မက်ဖွယ်ဓားအရှိန်အဝါကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သော်ငြား အနည်းငယ်သော်မျှ ခုခံနိုင်စွမ်းမရှိဘဲနှင့် ထက်ရှ‌ေသာဓားရောင်ခြည်မှ မိမိတို့ကိုယ်တွင်းသို့ ထိုးဖောက်သွားမည်ကိုသာ စောင့်ဆိုင်းနေခဲ့ရသည်။

“ဘန်း! ဘန်း!”

ဒါဇင်ကျော်သော အတွင်းတပည့်များနှင့် လက်ရွေးစင်တပည့်နှစ်ဦးတို့သည် ပြင်းထန်ကြမ်းကြုတ်လှသည့် ဓားစွမ်းအင်အောက်၌ အသက်ကင်းမဲ့သွားခဲ့ပြီး ဖက်ထုပ်လုံးများအလား လေဟာပြင်မှ ပြုတ်ကျသွားကြသည်။

တောအုပ်ထဲတွင် လီဟေးသည် ထိုဂိုဏ်းတပည့်များကို အထင်မြင်သေးစွာ ကြည့်နေ၏။ ထို့နောက်တွင် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ယိမ်း၍ အတွင်းတပည့်အဆောင်သို့ ထွက်သွားသည်။ ထို့နောက် ကျန်ရှိသည့် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း အတွင်းတပည့်များကို သတ်ဖြတ်သည်။

တစ်ပြိုင်နက်တည်းပင် လီချင်းနှင့် အခြားသူများသည်လည်း ဝူရှောင်းဂိုဏ်းအကြီးအကဲများ အပြင်ထွက်သွားကြသည်ကို အခွင့်ကောင်းယူ၍ ဝူရှောင်းဂိုဏ်းတပည့်များနှင့် စွမ်းအားမြင့်ကျင့်ကြံသူအချို့တို့ကို တိုက်ခိုက်သတ်ဖြတ်ကြသည်။

“သေချင်နေတာပဲ!”

လီချင်းတို့၉ဦး၏ အဆက်မပြတ် တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ပင်မခန်းမဆောင်ထဲရှိ ဂိုဏ်းချုပ်ဝူမင်နှင့် နတ်ဘုရားမ လဲ့ကျွင်းတို့သည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိထားမိသွားကြသည်။ ဂိုဏ်းတပည့်များစွာတို့၏ သေဆုံးမှုသည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတစ်ခွင်ကို သွေးညှီနံ့များဖြင့် ဖုံးလွှမ်းသွားစေသည်။ ပင်မခန်းမဆောင်ထဲမှပင် သွေးညှီနံ့ကို ခံစားရရှိနေလေသည်။

ဝူမင်သည် အလွန်အမင်းဒေါသထွက်သွားခဲ့ပြီး အလင်းတစ်စဖြင့် ပင်မခန်းမဆောင်မှ ထွက်သွား၍ လေဟာပြင်ထက်သို့ ရောက်ရှိသွား၏။ လေဟာပြင်ထက်မှ ‌ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးကို အင်အားကြီးမားလှစွာသော သိမြင်ခြင်းစွမ်းအင်ဖြင့် ဖြန့်ကျက်ကြည့်ရှုလိုက်သည်။

လဲ့ကျွင်းသည်လည်း ဝူမင်၏ဘေးသို့ ရောက်ရှိလာ၏။ သူမ၏ မျက်နှာလှလှလေးမှာ ရေခဲတမျှအေးစက်နေပေသည်။ ထိုလူသတ်သမားများမှာ အလွန်အတင့်ရဲလွန်းလှသည်။ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတပည့်များကို နောက်တစ်ကြိမ် ထပ်မံသတ်ဖြတ်ရဲသေး၏။

“ငါဂိုဏ်းချုပ်လက်ထဲမှာ သေလိုက်တော့!”

အချိန်ခဏလေးအတွင်း၌ပင် ဝူမင်သည် ဂိုဏ်းတပည့်များကို တိုက်ခိုက်သတ်ဖြတ်နေသည့် လီချင်းကို အာရုံခံမိသွားသည်။ ထျန်းကျွင်းအ‌ေစာပိုင်းအဆင့်စွမ်းအင်များသည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးကို လွမ်းခြုံသွား၏။ ၎င်းစွမ်းအင်သည် လီချင်းကို သေလောက်အောင် ဖိညှစ်နေခဲ့သည်။

ကြောက်မက်ဖွယ်စွမ်းအင်ကြီးကို ခံစားမိသည်တွင် လီချင်းသည် မျက်ခုံးပင့်၍တစ်ချက်ကြည့်လိုက်ပြီးနောက် လှောင်ရယ်လိုက်သည်။ လီချင်းသည် ဝူမင်၏ လက်ဖဝါးရိုက်ချက်ကို လျစ်လျူရှု၍ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ လက်ရွေးစင်တပည့်များကိုသာ ဆက်လက်တိုက်ခိုက်သတ်ဖြတ်သည်။ 

ထျန်းရှင်းအထွတ်အထိပ်အဆင့် လီချင်းသည် လူအုပ်စုကြီးကို ဝင်ဆွဲသည့် ကျားတစ်ကောင်အလားဖြစ်နေ၏။ လက်ရွေးစင်တပည့်များထဲတွင် လီချင်းကို ယှဉ်နိုင်သူမရှိပေ။ သို့ဖြင့် လီချင်း၏ ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေသည်။

ဟမ်!

ဝူမင်၏လက်ဖဝါးရိုက်ချက်သည် လီချင်းကို ထိခတ်လုနီးတွင် လီချင်း၏နောက်ဘက်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်မှ လက်ညွှန်လိုက်ရာ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ ရုတ်ချည်း ဖြန့်ကျက်ထွက်ပေါ်လာသည်။ ၎င်းစွမ်းအင်လှိုင်းကြီးများသည် ဝူမင်၏လက်ဖဝါးရိုက်ချက်ကို တစ်စစီဖြိုခွင်းသွား၍ ဝူမင်ဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။

“မင်း ဟိုတစ်ယောက်ကို သွားသတ်လိုက်။ ဒီလူကိုတော့ ငါကိုင်တွယ်လိုက်မယ်”

ဝူမင်သည် ကောင်းကင်ခွဲဖြာအရှင်၏ ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် မျက်လုံးများမှေးကျဉ်းသွား၍ လဲ့ကျွင်းကို ပြောလိုက်သည်။

“ဟုတ်ကဲ့!”

လဲ့ကျွင်းသည် သူမ၏ခန္ဓာကိုယ်လေးကို လှုပ်ယိမ်း၍ လီချင်းကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ သူမသည် ယခင်က သူမ၏ထျန်းရှင်းအဆင့်စွမ်းအင်ကို စမ်းသပ်နိုင်မည့် ပြိုင်ဘက်ပေါ်ထွက်မလာမည်ကို စိုးရိမ်နေခဲ့သေးသည်။

“သေစမ်း!”

လဲ့ကျွင်းမှ လီချင်းသို့ စတင်တိုက်ခိုက်ချိန်တွင် ဝူမင်သည် အသံနိမ့်ဟစ်ကြွေးလိုက်သည်။ လူတစ်ကိုယ်လုံးမှာ ရေနွေးငွေ့ပေါင်းအိုးကြီးကဲ့သို့ စွမ်းအင်အငွေ့အသက်များ လွှမ်းခြုံလျက် ကောင်းကင်ခွဲဖြာအရှင်ကို အပြင်းအထန်တိုက်ခိုက်တော့သည်။

ကောင်းကင်ခွဲဖြာအရှင်နှင့် လီချင်းသည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဆုံလိုက်ကြကာ ထိုမျက်လုံးများ၌ အထင်မြင်သေးမှုများ ထင်ဟပ်နေကြသည်။ ထို့နောက် လက်ထဲရှိဓားရှည်တို့ကို တစ်ပြိုင်နက်တည်း ‌ဆွဲထုတ်ပင့်မြှောက်လိုက်ကြပြီး ကြောက်မက်ဖွယ်ဓားရောင်ခြည်နှစ်ခုလည်း ရုတ်ချည်းထွက်ပေါ်လာကြသည်။

တစ်ယောက်မှ ဝူမင်ကို တိုက်ခိုက်ပြီး နောက်တစ်ယောက်မှ လဲ့ကျွင်းကို တိုက်ခိုက်သည်။

အလင်းအလျင်ဖြင့် ဓားရောင်ခြည်နှစ်ခုသည် ဝူမင်နှင့် လဲ့ကျွင်းကို အပြင်းအထန် ခုတ်ပိုင်း၏။ ထိုဓားသွားနှစ်ခု၏ ထက်ရှမှုကို ထင်ထင်ရှားရှား ခံစားနိုင်လေရာ ဝူမင်နှင့် လဲ့ကျွင်း၏ မျက်နှာအမူအရာတို့မှာ ပျက်ယွင်းသွားရသည်။ နှစ်ဦးသားမှာ ခန္ဓာကိုယ်ကို ရှေ့သို့အရှိန်ယူလိုက်ပြီးနောက် ခန္ဓာကိုယ်တွင်းစွမ်းအင်များကို စီးဆင်းစေပြီး ဓားရောင်ခြည်နှစ်ခုကို ခုခံလိုက်ရသည်။

“ဘုန်း!”

ဓားရောင်ခြည်နှစ်ခုသည် ဝူမင်နှင့်လဲ့ကျွင်းကို ညှာတာမှုမရှိ ခုတ်ပိုင်း၏။ လဲ့ကျွင်းမှာ ‌ဓားရောင်ခြည်ကြောင့် လွင့်ထွက်သွားရကာ သွေးတစ်ပွက်အန်ထွက်သွားရသည်။ မျက်နှာမှာ အလွန်ဖြူဖျော့နေလျက် လေးကြိုးမှ ပစ်လွှတ်လိုက်သည့် မြားတံအလား မြေပြင်ထက်သို့ တန်းတန်းမတ်မတ် ပြုတ်ကျသွားခဲ့ရာ ပြုတ်ကျသည့်နေရာတစ်ဝိုက်တွင် ဖုန်မှုန့်များဖြင့် လွှမ်းခြုံသွားလေသည်။

ဝူမင်၏ အခြေအနေသည်လည်း မသက်သာလှပေ။ သူ၏ရင်အုံထက်တွင် ကြီးမားသည့်အက်ကွဲရာကြီးမှာ ဟက်တက်ပွင့်ထွက်နေလျက် သွေးများစီးကျနေသည်။ ထို့နောက် လေဟာပြင်ထက်တွင် အကြိမ်ပေါင်းများစွာ ကျွမ်းပစ်သွားရ‌ပြီးနောက်မှ တည်ငြိမ်မှုကို ခက်ခက်ခဲခဲ ပြန်ထိန်းယူလိုက်ရသည်။ ဝူမင်သည် ကောင်းကင်ခွဲဖြာအရှင်၏စွမ်းအားကြောင့် အလွန်တရာအံ့အားသင့်သွားရလေသည်။

“မင်းတို့ဘယ်သူလဲ? ကျုပ်တို့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းက မင်းတို့နဲ့ ရန်ငြိုးရန်စ မရှိတာကို ဘာလို့ ဒီလိုတိုက်ခိုက်ရတာလဲ?”

ဂိုဏ်းချုပ်ဝူမင်သည် အံ့အားသင့်မှုကြောင့် အန်ထွက်ချင်နေသော သွေးတစ်ပွက်ကို အတင်းမျိုသိပ်ဖိနှိပ်၍ မေးမြန်းလိုက်သည်။

ဝူမင်၏ အမေးစကားကို ကောင်းကင်ခွဲဖြာအရှင်သည် အာရုံမထားချေ။

ဝူမင်သည် အံကိုတင်းတင်းကြိတ်၍ စိတ်နှလုံးမှ ထိတ်လန့်မှုကို ဖိနှိပ်ပြီး ရှေ့တိုးတိုက်ခိုက်သည်။

ဘုန်း!

ထျန်းကျွင်းအဆင့်ကျင့်ကြံသူနှစ်ဦး၏ စွမ်းအင်ထိခတ်မှုသည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ အထက်လေဟာပြင်ကို ကွဲအက်သွားစေသည်။ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ အဆောက်အဦးများသည်လည်း တစ်ခုပြီးတစ်ခု ပြိုကျသွား၍ ဖုန်မှုန့်လုံးကြီးများ ထူထပ်နေတော့၏။ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ ငါးပုံတစ်ပုံခန့်မှာ ဝူမင်နှင့် ကောင်းကင်ခွဲဖြာအရှင်၏ စွမ်းအင်ထိခတ်မှုအပြီးတွင် အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားရလေသည်။

ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းမှာ အကာအကွယ်အစီအရင်ချထားသောကြောင့် မဟုတ်ပါလျှင် ဆုံးရှုံးမှုမှာ အဆပေါင်းများစွာ ပိုမိုဆိုးရွားနိုင်‌၏။

“အတင့်ရဲလိုက်တာ!”

ဝူမင်မှ နောက်တစ်ကြိမ် လွင့်ထွက်သွားချိန်၌ ‌ဒေါသတကြီးကြိမ်း‌‌ေမာင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဝူမင်၏ရှေ့၌ ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ခွဲဖြာအရှင်၏ ဓားရောင်ခြည်ကို ခုခံကာဆီးပေးကြသည်။

ထိုပုံရိပ်များမှာ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ဘိုးဘေးကြီးများ ဖြစ်သည်။

“ဝူရှောင်းကောင်းကင်ဘုံကို ထိပါးရဲတယ်! သေချင်နေတာပဲ!”

ဝူရှောင်းဂိုဏ်းဘိုးဘေးများ ရောက်ရှိလာချိန်တွင် ဝူရှောင်းဂိုဏ်း၏တစ်ဝက်ခန့်မှာ ပျက်စီးသွားခဲ့ပြီးဖြစ်ရာ ထိုဂိုဏ်းဘိုးဘေးများမှာ ဒေါသဖြစ်လွန်း၍ အတိုက်အခံကြိမ်းမောင်းလေသည်။ အေးစက်လွန်းစွာသော သတ်ဖြတ်လိုခြင်းအငွေ့အသက်အောက်၌ မြေပြင်၏အပူချိန်မှာလည်း အလွန်အမင်း ကျဆင်းသွား၏။

“သတ်!”

ထျန်းကျွင်းအထွတ်အထိပ်အဆင့် ဝူရှောင်းဂိုဏ်းဘိုးဘေးများသည် စကားတစ်လုံးတစ်လေမျှပင် မဆိုတော့ဘဲ ကောင်းကင်ခွဲဖြာအရှင်ကို သတ်ရန် တစ်ဟုန်ထိုး ဦးတည်တိုက်ခိုက်ကြသည်။

‌ေလဟာပြင်ထက်တွင် ထျန်းကျွင်းအဆင့်တိုက်ပွဲကြီးဖြစ်နေပြီး လေ‌ဟာပြင်အောက်၌မူ လီချင်းနှင့် အခြားရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည် ဝူရှောင်းဂိုဏ်းတပည့်များကို အပြင်းအထန် တိုက်ခိုက်သတ်ဖြတ်နေကြသည်။ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကြီးတစ်ခုလုံးမှာ သွေးများဖုံးလွှမ်းနေသည့် ငရဲပြည်အလားပင်။

အချိန်တိုလေးအတွင်း၌ပင် လီချင်းတို့သည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ အတွင်းတပည့်၊ အပြင်တပည့်စုစု‌ေပါင်း တစ်သောင်းခန့်ကို သတ်ဖြတ်ပြီးခဲ့လေပြီ။ ဝူရှောင်းဂိုဏ်းတပည့်လေးများသည် လီချင်းတို့၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိကြပေ။

လီချင်းတို့၏ တိုက်ကွက်တစ်ချက်တွင် ဝူရှောင်းဂိုဏ်းတပည့် ၁၀ဦးခန့်အရေအတွက်မှ အရေအတွက်တစ်ရာခန့်အထိ သေဆုံးကြရလေသည်။

All Chapters