← Chapters

ဧကရာဇ်အရှိန်ဝါ

Vol. 32 Ch. 439

ဧကရာဇ်အရှိန်ဝါ

Vol. 32 Ch. 439

Translator - Hsue Htet 

ရှေးဗုဒ္ဓတားမြစ်နယ်မြေ၌…

ဝမ်ဖုန်းသည် ရှောင်ဝမ်ရွှယ်လေးကို ပွေ့ပိုက်လျက်ဖြင့် ‌လေဟာပြင်ထက်ရှိ မျက်နှာတည်ကြီးများဖြင့်ရပ်နေသည့် ဟွေ့ကုန်းတို့ကို ကြည့်နေ၏။ 

ရှီကန်တန့်သည် ဝမ်ဖုန်း၏ရှေ့သို့ ရောက်လာခဲ့ပြီး လီပိုင်၊ မဟာနတ်‌ဆိုးရွှမ်ရှနှင့် အခြားသူများသည်လည်း ဟွေ့ကုန်းတို့ကို သတိတကြီးဖြင့် စိုက်ကြည့်နေကြသည်။ 

“မကောင်းဆိုးဝါးမိစ္ဆာကောင်တွေ! ကျုပ်တို့ရှေးဗုဒ္ဓတားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး ကျုပ်တို့ရှေးဟောင်းဗုဒ္ဓဂိုဏ်း ပါရမီရှင်တွေကို သတ်တယ်။ ရှုယင်းရဲ့သမီးကိုလည်း ဖွက်ထားသေးတယ်။ မင်းတို့အားလုံး သေသင့်တယ်!”

ဂိုဏ်းချုပ်ဟွေ့ကုန်းမှ ဝမ်ဖုန်းတို့ကို အော်ငေါက်‌ပြောဆို၏။ 

ဧရာမခေါင်းလောင်းသံကြီးကဲ့သို့သော အသံကြီးသည် တားမြစ်နယ်မြေထဲတွင် ပဲ့တင်ထပ်သွားပြီး ၎င်းအသံ၌ အင်အားကြီးမားသည့် စွမ်းအင်လှိုင်းများပါဝင်နေသောကြောင့် ဝမ်ဖုန်းတို့မှာ အနည်းငယ် မူးနောက်သွားရသည်။

“ဟား! ဒါက ကြင်နာဂရုဏာထားရှိမှုအကြောင်း တွင်တွင်ဟောကြားတဲ့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းတဲ့လား? ကျုပ် ဒီနေတော့ အများကြီး အမြင်ကျယ်သွားရပြီဗျာ!”

 ဝမ်ဖုန်းသည် ထေ့ငေါ့စွာပြုံးရယ်လျက် ပျက်ရယ်ပြု၏။

ဝမ်ဖုန်းသည် ပျက်ရယ်ပြုနေခဲ့သော်ငြား မိမိတို့၏လက်ရှိအင်အားဖြင့် ထိုရှေးဟောင်းဗုဒ္ဓဂိုဏ်းကို မတိုက်ခိုက်နိုင်သည်ကို သိထားပါ၏။

“ဒင်! လီချင်းဦးဆောင်တဲ့ ရှန်ရှန့်ကျုံဂိုဏ်းလက်ရွေးစင်တပည့်၉ဦးနဲ့ တံမြက်လှည်းတဲ့လူအိုကြီး ကောင်းကင်ခွဲဖြာအရှင်တို့က ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ အင်အားစုကြီးတစ်ခုဖြစ်တဲ့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကို ဖျက်ဆီးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၅၀၀ဘီလီယံနှင့် ပဏ္ဍိတအဆင့်ကပေန်းဆင့်ခေါ်ခွင့်၅ခု ရရှိပါတယ်။ စနစ်နှင့် ဂိုဏ်းအဆင့်မြှင့်တင်ခြင်း လိုအပ်ချက်များလည်း အသက်သွင်းပြီးဖြစ်ပါတယ်။ အဆင့်မြှင့်တင်ပါမလား?”

ဝမ်ဖုန်း၏ ထေ့ငေါ့စကားများအဆုံး၌ စနစ်၏အသံ ထွက်ပေါ်လာလေရာ ဝမ်ဖုန်းမှာ အံ့အားသင့်သွားတော့သည်။

ဝါးး သေစမ်း! ဘာတွေဖြစ်ကုန်တာလဲ?!

“ဒင်! ယဲ့မုချင် မွန်မြတ်ဘုံလောကကို သွားရောက်ချိန်မှာ လီချင်းတို့ကို ယွမ်ဟွားကောင်းကင်နယ်မြေမှာ ကျင့်ကြံဖို့ထားခဲ့ပါတယ်။ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းက သခင်နဲ့ ကတောက်ကဆဖြစ်ခဲ့ဖူးတာကို သိသွားပြီးတော့ လီချင်းတို့၉ဦးက ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ စီစဉ်ခဲ့ပါတယ်”

ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားမှုကြောင့် မှန်းဆရန်ခက်ခဲ၏။ စနစ်အဆင့်မြှင့်တင်ပြီးနောက်တွင် မည်သို့မည်ပုံ ပြောင်းလဲသွားမည်ကို စိတ်ကူးမှန်းဆ၍ မရနိုင်ချေ။

ဝမ်ဖုန်းသည် ကနဦး၌ မိမိမှာ ဤရှေး‌တားမြစ်နယ်မြေထဲတွင် စနစ်အဆင့်မြှင့်တင်ရန်အတွက် ခက်ခဲမည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် မမျှော်လင့်စွာဖြင့် အမှောင်ထဲမှ နတ်ဘုရား၏အကူအညီကို ရရှိခဲ့သည်။ မဟုတ်သေးဘူး.. ဇနီးသည်ရဲ့အကူအညီ!

ဒီလိုဇနီးသည်မျိုးရှိနေမှတော့ ဒီခင်ပွန်းသည်က ဘာကိုများတောင်းဆိုနေရဦးမလဲ?

ဝမ်ဖုန်း အလွန်ဝမ်းမြောက်ပျော်ရွှင်သွားခဲ့သည်။ စနစ်အဆင့်မြှင့်တင်ပြီးသည်နှင့် ရှေးဟောင်းဗုဒ္ဓဂိုဏ်းကို တိုက်ခိုက်ရန်မှာ ပို၍လွယ်ကူသွားပေမည်။ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးလိုက်နိုင်သည်လည်း ဖြစ်နိုင်၏။ 

ထိုအတွေးဖြင့် ဝမ်ဖုန်းသည် ယန်လုံသားရဲကို လှုပ်နှိုးရန်အတွက် တုံ့ဆိုင်းမှုမရှိ သူ၏ခန္ဓာကိုယ်ထဲမှ တစ်ဖက်လောကလျိုယင်း၏စွမ်းအင်များကို စီးဆင်းစေလိုက်သည်။ စနစ်အဆင့်မြှင့်တင်နိုင်တော့မည်ဖြစ်ရာ ဝမ်ဖုန်းမှာ အကြောက်အလန့်မရှိတော့ပေ။ အလကားလုပ်အားပေးခံရမှာပဲကို ဘာလို့များ မသုံးရမလဲ?

ယန်လုံသည် မည်မျှကြမ်းကြုတ်သည်ဖြစ်စေ ဝမ်ဖုန်းမှ ဖိနှိပ်ချင်ပါလျှင် ဖိနှိပ်နိုင်သည်ဖြစ်၏။

“ဘုရားသခင်!”

“ဗုဒ္ဓက ပုံမှန်အားဖြင့် ဂရုဏာထားပါတယ်။ ဒါပေမဲ့ ဘာလို့များ မိစ္ဆာကောင်တွေကို ဂရုဏာထားနေရမလဲ? ဖိနှိပ်ပြီး အမြစ်ပြတ်သုတ်သင်ရှင်းလင်းတာကပဲ နတ်ဆိုးမိစ္ဆာတွေကို အဆုံးသတ်နိုင်မှာ”

ရှေးဟောင်းဗုဒ္ဓဂိုဏ်းချုပ်ဟွေ့ကုန်းမှ ဝမ်ဖုန်းကို အထင်မြင်သေးစွာပြောသည်။

“ဟားဟားဟား! နတ်ဆိုးမိစ္ဆာဆိုတာ ဘာများလဲ? ခင်ဗျားပြောတာတော့ ကျုပ်တို့က မိစ္ဆာကောင်တွေတဲ့။ ဒီဂိုဏ်းချုပ်ရဲ့အမြင်မှာတော့ ခင်ဗျားတို့ကမှ နတ်ဆိုးမိစ္ဆာတွေပဲ!”

ဝမ်ဖုန်း၏နောက်ရှိ မဟာနတ်ဆိုးရွှမ်ရှမှ ကျယ်လောင်စွာရယ်မော၏။ သူ၏မျက်လုံးအစုံမှာ အမျက်ဒေါသများ ထင်ဟပ်နေပေသည်။

မဟာနတ်ဆိုးရွှမ်ရှသည် သူ၏တစ်ဘဝလုံး၌ အသိတရားဖြင့် ပြုမူနေထိုင်ခဲ့သည်ဖြစ်၏။ နတ်ဆိုးမှော်စွမ်းအင်ကို ကျင့်ကြံခြင်းကြောင့်နှင့် ဆိုးယုတ်သည့် မိစ္ဆာကောင်ဟု သတ်မှတ်ခံရမည်တဲ့။ ဘယ်လိုတောင် ရယ်ရတာလဲ!

ထိုအချိန်တွင် ဝမ်ဖုန်းသည် ခန္ဓာကိုယ်တွင်းရှိ တစ်‌ဖက်လောကလျိုယင်းစွမ်းအင်ကို အသက်သွင်းပြီးဖြစ်၍ ခြေ‌ဖဝါးအောက်ရှိ ကျောက်တုံးမြင့်အတွင်းသို့ တိတ်ဆိတ်စီးဆင်း‌စေခဲ့သည်။

ကျောက်တုံးမြင့်အတွင်းသို့ တစ်ဖက်လောကလျိုယင်း၏စွမ်းအင်များ စီးဝင်သွားပြီးနောက်တွင် မြေအောက်မှ အလင်းဖျော့ဖျော့တောက်ပသည့် အလင်းစလေးများ ထွက်ပေါ်လာသည်။ ထိုအလင်းစများအတွင်း၌ ပိန်ပါးသည့်လူငယ်တစ်ဦး လဲလျောင်းနေ၏။

လူငယ်လေးသည် မျက်လုံးများ တင်းတင်းကြပ်ကြပ်စေ့ပိတ်ထားပြီး ခန္ဓာကိုယ်သည် လျှို့ဝှက်ဆန်းကြယ်စွမ်းအင်တို့ဖြင့် ရစ်ပတ်ခံထားရသည့်အလား ဖြေးညင်းစွာ လည်ပတ်နေခဲ့သည်။

တစ်ဖက်လောကလျိုယင်းစွမ်းအင်များ ထိုးဖောက်စိမ့်ဝင်သွားသောအခါ ထိုအလင်းစများအားလုံး ရုတ်ချည်းတုန်ခါသွားပြီး လူသေရုပ်အလောင်းကဲ့သို့သော ထိုလူငယ်သည်လည်း တုန်ရီလာခဲ့ကာ လက်ချောင်းလေးများ အနည်းငယ် လှုပ်ကွေးလာ၏။

“ဧကရာဇ်အရှိန်ဝါ!”

အိုဟောင်းသောအသံကြီးတစ်ခုသည် မြေအောက်ထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး လူငယ်လေး၏မျက်လုံးများ ရုတ်တရက်ပွင့်ဟလာ၏။ မျက်လုံးများမှာ အလင်းတစ်စ တောက်ပသွားလျက် တုန်ခါနေခဲ့သောအလင်းစများ ပြိုကွဲလာ၏။

ကနဦးက အလင်းဖျော့ဖျော့ရှိနေခဲ့သော မြေအောက်နေရာမှာ အမှောင်အတိကျသွားပြီး နီးမြန်းသောမျက်လုံးတစ်စုံသာလျှင် တောက်ပနေသည်။

ထိုနီးမြန်းသည့်မျက်လုံးတစ်စုံသည် တစ်ဖက်လောကလျိုယင်းရှိရာဘက်သို့ ကြည့်လာခဲ့သည်။

“ဒီလူမှာ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာရှိနေတယ်။ ဧကရာဇ်ကြီး ပြန်လည်ဝင်စားတာလား?”

အသံခပ်သုတ်သုတ်သည် တားမြစ်နယ်မြေအတွင်း ပဲ့တင်ထပ်သွား၏။ ထိုအသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နီးမြန်းသောမျက်လုံးတစ်စုံသည် ပျောက်ကွယ်သွားခဲ့ကာ တားမြစ်နယ်မြေတစ်ခုလုံးမှာ တိတ်ဆိတ်မှုကြီးစိုးသွားပြန်သည်။

…..

“မိစ္ဆာကောင်က မိစ္ဆာကောင်ပဲ!”

ရှေးဗုဒ္ဓတားမြစ်နယ်မြေအထက်၌ ဟွေ့ကုန်းသည် အမူအရာမဲ့သောမျက်နှာဖြင့် မဟာနတ်ဆိုးရွှမ်ရှသို့ အော်‌ဟစ်ပြောသည်။

“ရှုယင်းရဲ့သမီးကို လက်လွှဲပေးစမ်း!”

ဟွေ့ကျန်းမှ ဝမ်ဖုန်းကိုကြည့်၍ အေးစက်စွာပြော၏။

ရှေးဟောင်း‌ဗုဒ္ဓဂိုဏ်းသားများမှာ ဘာမှမလုပ်ဘဲနှင့် ယခုမျှအချိန်ကြာမြင့်စွာ စောင့်နေခဲ့သည်ကပင် အတော်လေး သည်းခံနေရပြီဖြစ်၏။ သို့သော် ဝမ်ဖုန်းတို့အုပ်စုမှ လက်ရှိအရေးကိစ္စ၏တရားခံများဖြစ်လေရာ သေချာပေါက် ‌ဗုဒ္ဓ၏အမျက်ဒေါသကို ခံစားရစေမည်!

ဟွမ်ရှင်းနှင့်အခြားဗုဒ္ဓဂိုဏ်းပါရမီရှင်များ၏ သေဆုံးမှုသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးအတွက် ဆုံးရှုံးမှုကြီးဖြစ်ပြီး အရှက်ရမှုကြီးလည်းဖြစ်သည်။

ရှေး‌ဗုဒ္ဓ၏အမိန့်တော်မရှိလျှင် ရှုယင်း၏သမီးလည်း ရှိခဲ့မည်မဟုတ်။ ဝမ်ဖုန်းတို့ကိုသတ်ဖြတ်ခြင်းသည် နတ်ဆိုးမိစ္ဆာကိုသုတ်သင်ခြင်းဖြစ်ပြီး နတ်ဆိုးမိစ္ဆာကောင်ဟူသည် သေ‌ချာပေါက် ပျက်သုဉ်းသင့်ပေသည်။

ရှေးယခင်အချိန်များတည်းက ဗုဒ္ဓနှင့် နတ်ဆိုးမိစ္ဆာဟူသည် သဟဇာတမဖြစ်ခဲ့ချေ။ 

“မလွှဲပေးရင်ရော?”

ဝမ်ဖုန်းမှ လှောင်ရယ်၏။ သူ၏လှောင်ရယ်ဟန်သော အမူအရာကြောင့် ဟွေ့ကုန်းနှင့်အခြားဗုဒ္ဓဂိုဏ်းသားများမှာ မျက်ခွံတို့ပင့်မြှောက်သွားရကာ စိတ်နှလုံးတွင်းမှ အမျက်ဒေါသမှာလည်း မထိန်းချုပ်နိုင်အောင် တိုးပွားလာရသည်။

“ဘုရားသခင်!”

“ဒီလိုဆိုမှတော့ ကျုပ်တို့ကလည်း မင်းတို့ကို ကောင်းကင်ဘုံကို ပို့ဆောင်ပေးဖို့ပဲ ရွေးချယ်နိုင်ပါတော့မယ်!”

ဟွေ့ကုန်းသည် ဝမ်ဖုန်းကိုကြည့်၍ ခပ်ဖျော့ဖျော့ပြော၏။ ဟွေ့ကုန်းသည် ‌သူ၏ဘေးရှိ ဟွေ့ကန်းကို မျက်စိတစ်ဖက်မှိတ်၍ အချက်ပြလိုက်သည်။

“ဝမ်ကုန်းမိစ္ဆာနှိမ်နင်းလက်သီး!”

ဟွေ့ကန်းမှ တုံ့ဆိုင်းမှုမရှိ ရှေ့သို့တိုးသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အဟုန်များစွာဖြာထွက်လွှမ်းခြုံစေခဲ့သည်။ ခမ်းနားထည်ဝါလှစွာသော ဗုဒ္ဓအရှိန်အဝါသည် ကမ္ဘာလောကကို တုန်လှုပ်စေ၏။ စူးရှတောက်ပသော ဗုဒ္ဓရောင်ခြည်သည် ဤကမ္ဘာလောကသို့ ဗုဒ္ဓဆင်းသက်လာသည်ကဲ့သို့ ထင်မှတ်ရသည်။

ခန္ဓာကိုယ်တွင်းဗုဒ္ဓစွမ်းအင်များ အဆက်မပြတ်စီးဆင်း၍ ဟွေ့ကန်း၏ လက်သီးထဲသို့စုဝေးသွားပြီးနောက် ချက်ချင်းပင် လက်သီးထိုးချက်တစ်ခု ပစ်လွှတ်လိုက်သည်။ ခမ်းနားထည်ဝါသောစွမ်းအင်များသည် ဧရာမလက်သီးသဏ္ဍာန်ကြီးအဖြစ် ဖြစ်တည်ပစ်လွှတ်ခံလိုက်ရ၏။

ထိုလက်သီးထိုးချက်မှာ အလွန်တရာ အံ့ဩထိတ်လန့်ဖွယ်ကောင်းလှသည်!

ဧရာလက်သီးသဏ္ဍာန်ထိုးချက်ကြောင့် အနီးဝန်းကျင်ရှိ လေဟာပြင်မှာ ကွဲအက်နေသည့်ကြေးမုံတစ်ချပ်ကဲ့သို့ သာမန်မျက်လုံးဖြင့်ပင် မြင်တွေ့နိုင်သည်အထိ ကွဲအက်သွားခဲ့သည်။

ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ထျန်းကျွင်းအထွတ်အထိပ်အဆင့် မိုးကြိုးသွားခန်းမဆောင်အရှင် ဟွေ့ကန်း၏ ထိုလက်သီးထိုးချက်သည် သူ၏အင်အားအပြည့်အဝကို ထုတ်သုံးထားခြင်း မဟုတ်ခဲ့ဘဲ အင်အား၈၀ရာခိုင်နှုန်းမျှကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည့်တိုင် သာမန်ထျန်းကျွင်းအဆင့် ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်ကြရလေသည်။

ကြောက်မက်ဖွယ်စွမ်းအင်ကြောင့် လီပိုင်နှင့်ရှီကန်တန်တို့သည် မျက်ခုံးနှစ်လွှာတွန့်ချိုးလျက် အလွန်တရာတည်ကြည်လေးနက်စွာဖြင့် ခန္ဓာကိုယ်တွင်းစွမ်းအင်များကို ကသုတ်ကရက် စီးဆင်းထားစေခဲ့သည်။ သူတို့သည် ဟွေ့ကန်း၏ လက်သီးထိုးချက်ကို ခုခံနိုင်မည့်ယုံကြည်ချက် မရှိလျှင်သော်မှ အားကုန်သုံး၍ ခုခံကြမည်ဖြစ်၏။

သူတို့၏နောက်ရှိ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည်လည်း အင်အားကြီးမားလှစွာသော အဟုန်တို့ကို ဖြာထွက်ထုတ်လွှတ်၍ လီပိုင်တို့ကို ကူညီရန် အဆင်သင့်ပြင်ဆင်ထားကြသည်။ သူတို့၏ကျင့်ကြံမှုသည် ပိုမိုအားနည်းကြသည်ဖြစ်၍ ထိုလက်သီးထိုးချက်ကို ခုခံနိုင်ခြေ စိုးစဉ်းမျှမရှိသော်ငြား တုံ့ဆိုင်းတွေမှုမရှိ ခုခံတိုက်ခိုက်လိုဆဲပင်။

သူတို့အားလုံးသည် ဝမ်ဖုန်းနှင့်ရှောင်ဝမ်ရွှယ်လေးတို့ မထိခိုက်စေရန်အတွက် ထိုလက်သီးထိုးချက်မှ ခုခံကာကွယ်ပေးရန် ဝမ်ဖုန်း၏ရှေ့တွင် ရပ်လိုက်ကြသည်။

All Chapters