← Chapters

ဒီနတ်ဆိုးက မင်းကို ဆုံးမမယ်။

Vol. 32 Ch. 444

ဒီနတ်ဆိုးက မင်းကို ဆုံးမမယ်။

Vol. 32 Ch. 444

ဘာသာပြန်- The Fate

ရှေးဗုဒ္ဓတားမြစ်နယ်မြေ၏ အပြင်ဖက်တွင် ဟွေ့ကုန်းနဲ့အကြီးအကဲများ တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ တပည့်များစွာသည် တားမြစ်နယ်မြေအပြင်ဖက်၌ တိတ်ဆိတ်စွာ ထိုင်နေကြပြီး ဗုဒ္ဓ၏နာမတော်ကို ရေရွတ်နေခဲ့ကြသည်။

ဂိုဏ်းတပည့်များစွာ၏အရှေ့ဖက်တွင် အနီရောင်သင်္ကန်းဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးတစ်ပါးသည် လက်အုပ်ချီလျက် ဧရာမကျောက်ပြားချပ်ကြီးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

ဟမ်...

ဤအချိန်တွင် ဧရာမကျောက်ပြားကြီးသည် ပြင်းထန်စွာတုန်ခါလာခဲ့ပြီး ဟွေ့ဖ၏စိတ်တစ်ခုလုံးမှာ မြောက်တက်သွားကာ ကျောက်ပြားချပ်ကြီးကို စူးစိုက်ကြည့်လိုက်သည်။

များစွာသောဂိုဏ်းသားများကလည်း သူတို့၏မျက်ဝန်းများကို ဖွင့်လှစ်လိုက်ကြပြီး ကျောက်ပြားချပ်ကြီးကို အာရုံစိုက်လှမ်းကြည့်လိုက်ကြသည်။

" ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို အပြီးသတ်နိုင်လို့ ပြန်လာကြပြီလား။ "

" ဒီလိုပဲဖြစ်ရမှာပေါ့။ ဂိုဏ်းချုပ်ကိုယ်တိုင်သွားမှတော့ အမိန့်တော်မပြီးဆုံးဘဲရှိမလား။ "

" ဘိုးဘေးတုအာကို ရှေးဗုဒ္ဓအမိန့်တော်ကို ထုတ်ပြန်စေခဲ့တဲ့အထိ ပြုလုပ်နိုင်ခဲ့တဲ့ ရှူယင်းရဲ့သမီးကို ငါတကယ်ပဲ တွေ့ချင်မိတယ်။"

" အောမိ‌ေတာဖု..ဗုဒ္ဓကိုအံတုရင်ဆိုင်ရင် သေဆုံးခြင်းကသာ အဆုံးသတ်ပဲ မဟုတ်လား။ "

များစွာသောရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများသည် ဧရာမကျောက်ပြားချပ်ကြီးကို စိုက်ကြည့်နေပြီး တိုးညင်းစွာ ရေရွတ်လိုက်ကြသည်။ သူတို့၏မျက်နှာထက်၌ စိတ်သက်သာရာရသော အကြည့်တစ်ခု ရှိနေကြသည်။ သူတို့၏အမြင်တွင် ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်နှင့်အကြီးအကဲများ ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားခဲ့ခြင်းဖြစ်ရာ တာဝန်မပြီးမြောက်ဘဲ ရှိနိုင်မှာမဟုတ်။

ဟွေ့ကုန်းနဲ့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ အကြီးအကဲများအားလုံးသည် ယွမ်ဟွားကောင်းကင်ဘုံကြီးအတွင်း၌ အထွဋ်အထိပ်တည်ရှိမှုကြီးများ ဖြစ်ပါသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းက ရှူယင်းရဲ့သမီးကို သတ်ဖြတ်နိုင်စွမ်းရှိကြသည်။

ထိုကဲ့သို့စွမ်းအားနဲ့ ရင်ဆိုင်ရသည့်အခါ သစ္စာဖောက်ရှူယင်းကတောင် ရှင်သန်နိုင်မှာ မဟုတ်ပါ။

" ဟမ် ..အဲ့တာ ဘာကြီးလဲ။ "

" ဟေး..အဲ့ဒီလူတွေက ဂိုဏ်းချုပ်တို့မဟုတ်ကြဘူးနဲ့ တူတယ်နော်။ "

" ဘာ...."

ဤအချိန်တွင် ကျောက်ပြားချပ်ကြီး၏ရှေ့မှောက်၌ လူပုဂ္ဂိုလ်တစ်ချို့ထွက်လာကြကာ ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများ၏ အမြင်အာရုံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့၏အမူအရာများမှာ ထိတ်လန့်သွားကြသည်။ အချို့သောဂိုဏ်းသားများက မျက်လုံးကိုပွတ်သတ်၍ အမြင်များ မှားသလားဟု ပြန်ကြည့်နေကြသည်။

ကျောက်ပြားချပ်ကြီး၏ ရှေ့မှောက်၌ထွက်ပေါ်လာခဲ့သည်က သူတို့၏ဂိုဏ်းချုပ်မဟုတ်ဘဲ လူစိမ်းတစ်စုသာ ဖြစ်ကြသည်။

ထိုကဲ့သို့ ထူးဆန်းသည့်အခြေအနေက ဟွေ့ဖနဲ့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများရဲ့ နှလုံးအိမ်များကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့၏နှလုံးသားအတွင်း၌ ရုတ်တရက် မူမမှန်မှုကြီးကို ခံစားလိုက်ရသည်။

" မင်းတို့က ဘယ်သူတွေလဲ။ "

ဟွေ့ဖ၏မျက်ဝန်းများက ကျဥ်းမြောင်းသွားကာ ဝမ်ဖုန်းတို့အုပ်စုကို စိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသောလေသံဖြင့် အော်ပြောလိုက်သည်။

သူက မေးသာမေးလိုက်ရသော်လည်း သူ၏နှလုံးသားအတွင်း၌ ခန့်မှန်းချက်တစ်ခုကို ထုတ်ဖော်ပြီး ဖြစ်သည်။ ထိုခန့်မှန်းချက်က သူ့ကို ယုံကြည်ရန်ခက်ခဲစေခဲ့သည်။

" ဘာလဲ..မင်းတို့က ငါတို့ကိုသတ်ဖြတ်ဖို့ ရှေးဗုဒ္ဓရဲ့အမိန့်တော်ကိုတောင် ထုတ်ပြန်ခဲ့တာမဟုတ်လား။ ငါတို့ဘယ်သူလဲဆိုတာ မသိဘူးတဲ့လား။ "

မဟာနတ်ဆိုးရွှမ်ရှက မျက်ခုံးပင့်လိုက်ပြီး ဟွေ့ဖကို စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။

သူ၏ကျင့်ကြံမှုက ထျန်းကျွင်းအထွတ်အထိပ်သို့ တိုးမြှင့်သွားတာကြောင့် မဟာနတ်ဆိုးရွှမ်ရှက သူလုပ်ဆောင်နိုင်သည်ဟု ခံစားနေရသည်။ သူကဒီမြည်းအိုကြီးတွေကို အသုံးပြုပြီး လက်ရည်သွေးရမယ်။ ဒီနည်းလမ်းက ဉာဏ်ပညာကြီးမားလိုက်တာကွာ။

" ဟာ...."

" မြတ်စွာဘုရား..ဒီလူတွေက ဘုန်းတော်ကြီးတုအာကို ရှေးဗုဒ္ဓအမိန့်တော်ကို ထုတ်ပြန်အောင် ပြုလုပ်ခဲ့တဲ့လူတွေလား။ "

" ဂိုဏ်းချုပ်တို့ကရော "

" ဂိုဏ်းချုပ်တို့က သူတို့ကို ရှေးဟောင်းဗုဒ္ဓဂိုဏ်းထဲ ဝင်ခွင့်ပေးလိုက်တာများလား "

" ဖြစ်နိုင်တာက ......? "

ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ များစွာသောရှေးဟောင်းဗုဒ္ဓဂိုဏ်းသားအားလုံးသည် ထိတ်လန့်သွားကြပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်လာကြသည်။ သူတို့ဟာ ဟွေ့ကုန်းနဲ့ အခြားသူများ၏အဆုံးသတ်ကို ခန့်မှန်းနိုင်ခဲ့သော်လည်း မယုံကြည်နိုင်ကြပါ။

အဲ့တာက ဒါဇင်ကျော်တဲ့ ထျန်းကျွင်းအဆင့်စွမ်းအားရှင်တွေလေ။ ဒီလူအနည်းစုက သူတို့အားလုံးကို အနိုင်ယူနိုင်ခဲ့တာလား။

" ရှေးဟောင်းဗုဒ္ဓဂိုဏ်းဆိုတာ ဒီထက်လည်း မပိုပါလားကွာ။ ဒီခေါင်းပြောင်ပြောင်နဲ့ ဘုန်းကြီးအိုတွေကို ငါနတ်ဆိုးအိုကြီးကတောင် လက်ချောင်းတစ်ချောင်းနဲ့ တားဆီးနိုင်တယ်။ " မဟာနတ်ဆိုးရွှမ်ရှက ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများ၏ အံ့သြတသင့်ရေရွက်သံကို ကြားလိုက်ရသည့်အခါ ရုတ်တရက်စိတ်လှုပ်ရှားလာပြီး မောက်မာစွာ ပြောဆိုလိုက်သည်။

ခေါင်းလောင်းကြီးမြည်သံကဲ့သို့ အသံကြီးသည် ကွင်းပြင်တစ်ခွင် ဟိန်းထွက်သွားခဲ့ကာ ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့အားလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြပြီး သူတို့၏စိတ်အာရုံများက ဗလာကျင်းသွားကြသည်။

" ရူးလိုက်တာ! "

ဟွေ့ဖ၏မျက်နှာမှာ ဒေါ်သထွက်လာခဲ့ပြီး ဟိန်းဟောက်ပြောဆိုလိုက်သည်။ သူ၏အမြင်အာရုံအောက်တွင် မဟာနတ်ဆိုးရွှမ်ရှက ထျန်းကျွင်းအထွတ်အထိပ်အဆင့်၌သာ ရှိနေသေးကြောင်း သိမြင်နိုင်သည်။ဒီလိုလူတစ်ယောက်က ဂိုဏ်းချုပ်နဲ့အခြားသူတွေကို လက်ချောင်းတစ်ချောင်းနဲ့ ဘယ်လိုလုပ်သတ်နိုင်မှာလဲ။

မဟနတ်ဆိုးရွှမ်ရှက အခုလောက်ထိမမောက်မာခဲ့ဘူးဆိုလျှင် ဟွေ့ဖက ကြောက်လန့်နေနိုင်သေးသည်။သို့ပါသော်လည်း အခုအချိန်တွင် အကြောက်တရားကို နှလုံးသားအတွင်းမှ လှိုက်တက်လာသောဒေါသတို့က အနိုင်ယူသွားခဲ့သည်။ ဂိုဏ်းချုပ်နဲ့အခြားသူတွေက ဒီလူတွေရဲ့ လှည့်ကွက်တစ်ချို့ကို မိသွားတာ ဖြစ်လောက်တယ်။

ဘုန်း.....

ဒါကို တွေးမိလိုက်သည့်အခါ ဟွေ့ဖက တုန့်ဆိုင်းနေခြင်းမရှိဘဲ စွမ်းအားများဖော်ထုတ်လိုက်သည်။ ဘယ်အခြေအနေအောက်မှာပင်ဖြစ်ဖြစ် သူဒီလူတွေကို ရှေးဟောင်းဗုဒ္ဓဂိုဏ်းအတွင်းကို ဝင်ရောက်ခွင့်မပြုနိုင်ဘူး။

မျက်စိကျိန်းလောက်သော ဗုဒ္ဓအလင်းတန်းများသည် ဟွေ့ဖထံမှ ထွက်ပေါ်လာခဲ့ကာ ကမ္ဘာလောကကြီးတစ်ခုလုံးကို ထွန်းလင်းတောက်ပစေခဲ့သည်။ ပေတစ်ရာကျော်မြင့်မားသည့် ကြီးမားသောဗုဒ္ဓကြီးသည် ဟွေ့ဖ၏အနောက်ဖက်၌ ထွက်ပေါ်လာခဲ့သည်။ ကျယ်ပျံ့နက်ရှိုင်းသော ဗုဒ္ဓအရှိန်အဟုန်များသည် အရပ်လေးမျက်နှာသို့ လှိုင်းများအလားပျံ့နှံ့သွားလေသည်။

" ဗုဒ္ဓ၏ အမျက်ဒေါသ !"

မြင့်မားသော ဗုဒ္ဓအရိပ်ကြီးသည် အနည်းငယ်လှုပ်ရှားလိုက်သည့်အခါ ကြီးမားသောဖိအားကြီးက ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းနဲ့အခြားသူများကို ဖိအားပေးတိုက်ခိုက်လိုက်သည်။ ဝမ်ဖုန်းနှင့် အခြားသူများအထက်ရှိ လေဟာပြင်မှာ ကောင်းကင်ကြီးပြိုကျသကဲ့သို့ ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟွေ့ဖ၏လှုပ်ရှားမှုအောက်တွင် ဧရာမဗုဒ္ဓပုံရိပ်ကြီးက လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ရွှေဝါရောင်လက်သီးလုံးကြီးသည် နေမင်းကြီးတစ်စင်းအလား ပြေးထွက်သွားခဲ့ပြီး ဝမ်ဖုန်းနှင့်အခြားသူများထံ ပြင်းထန်သောအဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။ မြေသိလာထုဟာ တစ်လွှာပြီးတစ်လွှာပေါက်ကွဲထွက်သွားခဲ့ပြီး ဝန်းကျင်တစ်ခွင်၌ မီးခိုးများ အုပ်ဆိုင်းသွားတော့သည်။

" ပိုးမွှားလေးတွေရဲ့ လှည့်ကွက်တစ်ချို့ပါပဲလေ။ "

ပြင်းထန်လွန်းသော ဗုဒ္ဓစွမ်းအားနဲ့ ရင်ဆိုင်လိုက်သည့်အခါ မဟာနတ်ဆိုးရွှမ်ရှက လှောင်ရယ်လိုက်ပြီး သူ့တစ်ကိုယ်လုံးပေါ်၌ နတ်ဆိုးစွမ်းအားများ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ ပိန်းပိန်းအောင်နက်မှောင်သော နတ်ဆိုးစွမ်းအင်များသည် ကမ္ဘာလောကကြီးကို ဝါးမြိုတော့မည့်အလား ဖြစ်ပျက်နေခဲ့သည်။

တာအိုနဲ့ မှော်သင်္ကေတများသည် အနက်ရောင်နဂါးတစ်ကောင်ကဲ့သို့ မဟာနတ်ဆိုးရွှမ်ရှ၏ လက်မောင်းကို ရစ်ပတ်လိုက်သည်။ မဟာနတ်ဆိုးရွှမ်ရှ၏ လက်မောင်းထံမှ လျို့ဝှက်ဆန်းကြယ်သော အနက်ရောင်အလင်းတန်းများ ဖြာဆင်းထွက်ပေါ်လျက်ရှိသည်။ သူက လက်သီးတစ်ချက်ပစ်လွှတ်လိုက်သည့်အခါ ခမ်းနားကြီးကျယ်သောစွမ်းအားများသည် ဒေါသထွက်နေသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ကာ ယင်းနဂါးကြီးက တွင်းပေါက်ကြီးနဲ့တူသော ပါးစပ်ကို ဖွင့်ဟလျက် ဟိန်းဟောက်၍ ရွှေရောင်လက်သီးကြီးဆီ ပြေးဝင်သွားခဲ့သည်။

ဤအချိန်၌ မဟာနတ်ဆိုးရွှမ်ရှသည် ယန်လုံသားရဲကြီး၏နည်းလမ်းကို သင်ယူချင်နေမိသည်။သူက လက်သီးတစ်ချက်ပစ်လွှတ်ပြီးတာနဲ့ အနောက်ကိုပြန်လှည့်၍ စိတ်အေးသက်သာစွာ ရှိနေချင်ခဲ့သည်။

သို့ပါသော်လည်း ဟွေ့ဖ၏ခွန်အားက မရိုးရှင်းကြောင်းသူခံစားနေရသည်။ မင်းဟန်မဆောင်နိုင်ရင် ဟန်ဆောင်မနေနဲ့။ ဒီလိုမှမဟုတ်ရင် နောက်ဆုံးအရှက်ရသူက မင်းဖြစ်သွားလိမ့်မယ်!

မဟာနတ်ဆိုးရွှမ်ရှဟာ မိမိကိုယ်ကို ရှင်းလင်းစွာ သိရှိထားပါသည်။ သူဟာ ဤအချိန်၌ ဆရာကြီးကဲ့သို့ဟန်ဆောင်ရန် အရည်အချင်းပြည့်မီမနေပါ။

ဒါကိုတွေးမိလိုက်သည့်အခါ သူက ပြင်းထန်လှသော နတ်ဆိုးနဂါးကြီးကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများ ပြေးလွှားသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်က ဝေဝါးသွားခဲ့ကာ ဟွေ့ဖ၏အနောက်ဖက်၌ ရုတ်တရက်ပြန်၍ ထွက်ပေါ်လာခဲ့သည်။

အရိပ်ရွေ့လျားခြင်း!

ယဲ့မုချင် သူ့ကိုသင်ပေးခဲ့သော မှော်ဝင်လမ်းစဥ်သည် အာကာပြင်ကို ဖြတ်သန်းနိုင်သော အထူးစွမ်းအားပိုင်ဆိုင်ထားသည်။ ထိုအရာက အလစ်တိုက်ခိုက်ရန်၊ လုပ်ကြံသတ်ဖြတ်ရန်နဲ့ ပြေးလွှားထွက်ပြေးရန် အင်မတန်အသုံးဝင်လေသည်။

ဘုန်း....

ဒေါသထွက်နေသောနဂါးကြီးနဲ့ ရွှေရောင်လက်သီးလုံးကြီးတို့သည် တစ်ခုနဲ့တစ်ခု ထိတွေ့မိသွားကြကာ ကျယ်လောင်သောပေါက်ကွဲသံကြီး မြည်ဟီးထွက်ပေါ်ခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားလှိုင်းလုံးများသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ မတိမ်းရှောင်နိုင်သော ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းသားများသည် တစ်ယောက်ပြီးတစ်ယောက်လေထုအတွင်း၌ ပေါက်ကွဲသွားကြကာ သွေးမြူထုကြီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤစွမ်းအားလှိုင်းများ၏ လက်မှောက်တွင် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းသားများမည်မျှလောက်သေဆုံးသွားပြီး ဒဏ်ရာရသွားသည်ကို ဘယ်သူကမှ မသိနိုင်ကြပါ။

ဟွေ့ဖက သူ၏စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများကို ကာကွယ်ပေးလိုက်ကာ ပေါက်ကွဲမှု၏အလယ်ဗဟိုသို့ ပြန်၍စူးစိုက်ကြည့်လိုက်သည်။ သူဟာ မဟာနတ်ဆိုးရွှမ်ရှက သူ့အနောက်ဖက်၌ ထွက်ပေါ်လာခဲ့သည်ကို သတိမပြုမိခဲ့ပါ။

မဟာနတ်ဆိုးရွှမ်ရှက ပြင်းထန်သောလက်သီးတစ်ချက်ကို ထုတ်ဖော်မိလိုက်သည့်အခါမှာ သူဟာ သတိပြုမိလိုက်သည်။ သူ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။ သူသည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အသုံးပြုလိုက်ပြီး သူ၏နောက်ကျောဖက်၌ ရွှေရောင်ဒိုင်းကာကြီးတစ်ခုကို အလျင်အမြန်ပုံဖော်ဖန်ဆင်းလိုက်သည်။

သို့ပေသိ အလျင်စလိုဖွဲ့တည်ထားသော ရွှေရောင်ဒိုင်းကာကြီးဟာ မဟာနတ်ဆိုးရွှမ်ရှ ခွန်အားကုန်သုံးလိုက်သော လက်သီးချက်ကို မခုခံနိုင်ခဲ့ပါ။ ထိတွေ့မိရုံမျှဖြင့် ရွှေရောင်ဒိုင်းကာကြီးက ချက်ချင်းအက်ကွဲသွားခဲ့ပြီး ပြင်းထန်သည့်စွမ်းအားများ ရောယှက်နေသည့် လက်သီးလုံးကြီးသည် ဟွေ့ဖ၏နောက်ကျောပြင်သို့ သက်ဆင်းသွားခဲ့သည်။

ဘုန်း....

မိုးခြိမ်းသံကြီးကဲ့သို့အသံကြီး မြည်ဟီးထွက်ပေါ်လာခဲ့ကာ ဟွေ့ဖက မြေပြင်ပေါ်သို့ ထိုးချခြင်းခံလိုက်ရသည်။ ထိတ်လန့်ဖွယ်ကောင်းသော ဖိအား၏မျက်မှောက်တွင် မြေပြင်အထက်၌ ဧရာမတွင်းပေါက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။

မြေပြင်ပေါ်ထိုးချခြင်းခံလိုက်ရပြီးနောက် ဟွေ့ဖက ခန္ဓာကိုယ်တစ်ခုလုံးရှိ နာကြင်မှုများကို သည်းခံလိုက်ကာ သူ့ကိုယ်တွင်းရှိ စွမ်းအားများကို နှိုးဆွလိုက်ပြီး မြေပြင်မှ ပြန်ထရန် ပြုလုပ်လိုက်သည်။ သို့ပါသော်လည်း သူစတင်လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် သူ၏အမူအရာဟာ ပျက်ယွင်းသွားပြီး သူ့နှလုံးသားထဲ၌လည်း စိတ်ပျက်အားလျော့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူမြေပြင်ပေါ် ပြုတ်ကျသွားပြီးတာနဲ့ တစ်ပြိုင်နက် မဟာနတ်ဆိုးရွှမ်ရှက သိုင်းပညာစည်းမျဥ်းတွေအကြောင်းတောင် ဂရုမစိုက်တော့ဘဲ သူ့ကို တစွတ်ထိုးတိုက်ခိုက်လာလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ။ မဟာနတ်ဆိုးရွှမ်ရှက သူ့ကို တွင်းပေါက်အတွင်းမှ ထွက်ခွင့်မပြုခဲ့ပါ။

ဒါဇင်ချီသော လက်သီးလုံးများသည် ဟွေ့ဖလဲကျသွားသော တွင်းပေါက်ကြီးအတွင်းသို့ ကျဆင်းလာခဲ့ကာ ပြင်းထန်သော နတ်ဆိုးစွမ်းအားများသည် တွင်းပေါက်ကြီးအတွင်း၌ ပြည့်နှက်သွားခဲ့သည်။ လက်သီးချက်များရောက်မလာခင်ကတည်းက လက်သီး၏အရှိန်အဝါများက ဟွေ့ဖကို ရေခဲဂူကြီးအတွင်းပြုတ်ကျသွားသလို ခံစားလိုက်ရစေသည်။

ဘုန်း.....

သေမင်း၏လက်သီးချက်များအလား ထပ်တူညီသော ဒါဇင်ချီသည့် လက်သီးလုံးများသည် ချွင်းချက်မရှိဘဲ ကမ္ဘာ့မြေထုကို တုန်ခါစေခဲ့သည်။ ဧရာမတွင်းပေါက်ကြီးသည် ရုတ်တရက်ပြိုကျသွားခဲ့ကာ ကြီးမားသောတွင်းပေါက်ကြီးကို ပြည့်သွားစေခဲ့သည်။ မြေပြင်အထက်၌ မီတာတစ်ရာကျော်ကျယ်ဝန်းသော တွင်းပေါက်ကြီးများ ရှိနေခဲ့သည်။

သူဟာ တနေ့မှာ အုပ်ဂူတစ်ခုတောင် ထားရှိခွင့်မရဘဲ သေဆုံးသွားရလိမ့်မည်ဟု ဟွေ့ဖတစ်ယောက် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါချေ။

All Chapters