← Chapters

မဟာယာန၊ မြင့်မြတ်သော ဗုဒ္ဓအတွက် အသက်အား စတေးခြင်း

Vol. 32 Ch. 447

မဟာယာန၊ မြင့်မြတ်သော ဗုဒ္ဓအတွက် အသက်အား စတေးခြင်း

Vol. 32 Ch. 447

ဘာသာပြန်- The Fate

ဘုန်း.......

ဝမ်ဖုန်းက ကျင်းယွင်ကို ဆင့်ခေါ်ပြီးလိုက်သည့်အချိန်တွင် ပေါက်ကွဲသံကြီးတစ်သံက ဝမ်ဖုန်းကို နိုးထစေခဲ့သည်။ သူက လှမ်းမျှော်ကြည့်ရှူ့လိုက်သည့်အခါ နဲ့ဖုန်းတစ်ယောက် လက်ဖဝါးတစ်ချက်ထိမှန်ပြီး လွင့်စင်ထွက်သွားတာကို တွေ့မြင်လိုက်ရသည်။ တစ်ဖက်ရှိ ဗုဒ္ဓဘုန်းတော်ကြီးမှာ အနည်းငယ် ရူးနှမ်းနေပုံပေါ်သည်။

" ဒီလူအိုကြီးက မောပန်းနွမ်းနယ်နေပါပြီ။မြင့်မြတ်တဲ့ဗုဒ္ဓရဲ့ အမည်နာမအောက်မှာ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးရဲ့ သူတော်စင်ငါးပါးကို ဆင့်ခေါ်ပါတယ်။ "

သူက ဝမ်ဖုန်းကို အချိန်အတော်လေးကြာအောင် စူးစိုက်ကြည့်လိုက်ပြီး လက်သီးကို ခပ်ကြမ်းကြမ်းဆုပ်ကာဖြင့် ဟစ်ကြွေးပြောဆိုလိုက်သည်။ သူ၏အမူအရာမှာ သိပ်မကောင်းသော်လည်း သူ့မျက်နှာဟာ တည်ကြည်လေးနက်နေခဲ့ပြီး အင်မတန်မှ ထူးဆန်းနေခဲ့သည်။

တစ်လက်လက်တောက်ပနေသော ဗုဒ္ဓအလင်းတန်းများသည် လှိုင်းများကဲ့သို့ သူ့ခန္ဓာကိုယ်ထံမှ ပေါက်ဖွားလာခဲ့ကာ အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ဘုန်း..ဘုန်း..

ဗုဒ္ဓအလင်းတန်းများ ပျံ့လွင့်သွားခြင်းနဲ့အတူ နှလုံးခုန်သံကြီးကဲ့သို့သော အသံတစ်ခုသည် ကောင်းကင်နှင့် ကမ္ဘာမြေအတွင်း၌ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ ယင်းနောက် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အနက်ပိုင်းတစ်နေရာသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ကာ ဗုဒ္ဓအလင်းတန်းများသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်းအနက်ပိုင်းထံသို့ ပြေးဝင်သွားခဲ့သည်။ ယင်းနောက် ဗုဒ္ဓအလင်းတန်းများတောက်ပနေသော ပုံရိပ်များသည် ရုတ်တရက် သက်ဆင်းလာခဲ့သည်။

အဆိုပါပုံရိပ်ငါးခု သက်ဆင်းလာသည့်အခါ ကြီးလေးသောဖိအားကြီးသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ပြီး မဟာနတ်ဆိုးရွှမ်ရှနဲ့ အခြားသူများမှာ အသက်ရှူကြပ်လုမတတ် ဖြစ်သွားခဲ့ရသည်။ လီပိုင်၏ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ပါက သူတို့အားလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလောက်သည်။

ဝမ်ဖုန်းကလည်း မိုးကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး သူ၏နှလုံးသားက အတော်လေး ထိတ်လန့်သွားရသည်။ ရှေးဟောင်းဗုဒ္ဓဂိုဏ်းမှာ ရိုးရှင်းခြင်းမရှိကြောင်း သူသိထားသော်လည်း ဤမျှလောက်အထိ သန်မာလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ပါ။ ဤဂိုဏ်းတွင် ပဏ္ဍိတနယ်ပယ်အဆင့် စွမ်းအားရှင်ငါးယောက်ရှိနေခဲ့ပြီး နှစ်ယောက်ဟာ အထွတ်အထိပ်၌ ဖြစ်သည်။

ဤသည်မှာ ယွမ်ဟွားကောင်းကင်ဘုံကြီး၏ အထူးအင်အားစုတစ်စုသာ ဖြစ်သော်လည်း အင်မတန်မှ အစွမ်းထက်ပါပေသည်။

လီပိုင်၏မျက်ဝန်းများမှာ မှေးကျဥ်းသွားခဲ့ပြီး လေထုအထက်ရှိ ပုံရိပ်ငါးခုကို စူးစိုက်ကြည့်နေခဲ့ကာ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

" ဂိုဏ်းတူအကိုကြီး သေဆုံးသွားတာ ရှင်းလင်းနေပြီ။ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးရဲ့ အမွေအနှစ်ကြီးလဲ ပြတ်တောက်သွားတော့မေ။ "

" ဂိုဏ်းတူအကိုကြီးရဲ့ နောက်ဆုံးဆန္ဒက အမွေအနှစ်တွေ ပြတ်တောက်သွားခဲ့ရင် ရှင်သန်ခြင်း၊ သေဆုံးခြင်းအားလုံးကလည်း ဘာအရေးရှိတော့မှာလဲတဲ့။ သူတို့အားလုံးကို ပြန်လည်မွေးဖွားခွင့် ပေးလိုက်ကြရအောင်! "

ပူဆွေးသောကများ၊ စိတ်ပိုင်းဖြတ်မှုများဖြင့် ပုံရိပ်ငါးခုဟာ တစ်ညီတစ်ညာတည်း ဟစ်ကြွေးလိုက်ကြသည်။

" အောမိတောဖု "

ထိုသို့ပြောဆိုလိုက်ပြီးနောက် ရှေးဟောင်းဗုဒ္ဓဘုန်းတော်ကြီးငါးပါးသည် ဗုဒ္ဓ၏အမည်နာမကို တစ်ညီတစ်ညွတ်တည်း ရေရွတ်လိုက်ကြသည်။ သူတို့၏အမူအရာများဟာ ပျော်ရွှင်မှုရော၊ ဝမ်းနည်းမှုရော ရှိမနေကြပါ။ သို့ပါသော်လည်း သူတို့မျက်ဝန်းအိမ်များအတွင်း၌ ရှိနေသော အေးစက်သည့်အလင်းရောင်သည် သူတို့အတွင်းစိတ်များ ကနာမငြိမ်ဖြစ်နေကြောင်းကို ဖော်ညွှန်းနေခဲ့သည်။

ထိုစကားလုံးများကို ကြားသိလိုက်ရသည့်အခါ ဝမ်ဖုန်း၏နှလုံးသားမှာ တုန်လှုပ်သွားပြီး ခြိမ့်ခြောက်မှုတစ်စုံတစ်ရာကို ခံစားလိုက်ရသည်။ သူဟာ ကောင်းကင်နှင့်ကမ္ဘာမြေအတွင်းရှိ စွမ်းအားကို စုပ်ယူလိုက်ပြီး ဖြစ်ပေါ်လာတော့မည့်အပြောင်းအလဲများအတွက် ခွန်အားပြန်လည်ဖြည့်တင်းလိုက်သည်။

" မဟာယာနလမ်းစဥ် ချိုးဖျက်စေ! "

ရုတ်တရက်ဆိုသလို ပဏ္ဍိတနယ်ပယ်ဘုန်းတော်ကြီးငါးပါးကို ဆင့်ခေါ်လိုက်သော ဘုန်းကြီးအပါအဝင် ဘုန်းတော်ကြီးခြောက်ပါးစလုံးသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။ လျို့ဝှက်ဆန်းကြယ်လွန်းသော ဗုဒ္ဓသင်္ကေတများသည် သူတို့၏ခန္ဓာကိုယ်များမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့ကာ သူတို့ခြောက်ယောက်၏ အရှေ့ဖက်၌ မြင့်မားသောဗုဒ္ဓပုံရိပ်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

" ဗုဒ္ဓက ဗောဓိသက္ကျတွေနဲ့ မဟာသက္ကျတွေအားလုံးက ထိန်းချုပ်သင့်တယ်ဟု ဆာဟူဒီကို ပြောဆိုခဲ့တယ်::,တွေးတောခြင်းမရှိရင် ဘာများအသုံးဝင်ဦးမှာလဲ ဆာဟူဒီ... ဗောဓိသက္ကျက ငါ့ရဲ့ပုံသဏ္ဍာန်ရှိတယ်။ လူသားတွေရဲ့ ပုံသဏ္ဍာန်ရှိတယ်၊ သတ္တဝါတွေရဲ့ ပုံသဏ္ဍာန်ရှိတယ်၊ ထာဝရရှင်သန်ခြင်းရဲ့ ပုံသဏ္ဍာန်ရှိတယ်ဆိုရင် အဲ့တာက ဗောဓိသက္ကျတစ်ပါး အစစ်အမှန်မဟုတ်ဘူး။ "

ဗုဒ္ဓကျမ်းစာရေရွတ်သံ တစ်သီတစ်တန်းကြီးသည် ဘုန်းတော်ကြီးခြောက်ပါး၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ကာ မိုးကောင်းကင်ကြီး၏အသံကဲ့သို့ ကမ္ဘာလောကတစ်ခွင် ဟိန်းထွက်သွားခဲ့သည်။ ထိုဗုဒ္ဓကျမ်းစာရွက်ဖတ်သံများနဲ့အတူ အရှေ့ဖက်ရှိ ဗုဒ္ဓပုံရိပ်ကြီးမှာ ရုတ်တရက်တုန်ခါသွားပြီး ပုံရိပ်ကြီးထံမှ ဗုဒ္ဓသင်္ကေတများကို ထုတ်လွှတ်ပေးလိုက်သည်။

အဆိုပါဗုဒ္ဓသင်္ကေတများတွင် စိတ်ဝိညာဥ်စွမ်းအားများ ကိန်းဝပ်နေပုံပေါ်ကာ အောက်ဖက်ရှိ ကျောက်ပြားချပ်ကြီးများပေါ်သို့ သက်ဆင်းသွားခဲ့သည်။ ဗုဒ္ဓသင်္ကေတများ သက်ဆင်းသွားသည်နှင့်တပြိုင်နက် သိပ်သည်းသော ကျောက်စာတိုင်များသည် ထိုအရာများကို စုပ်ယူလိုက်လေသည်။

ဘုန်း....

သိပ်သည်းထူထပ်လာသော ကျောက်စာတိုင်ကြီးများသည် ဗုဒ္ဓသင်္ကေတများကို စုပ်ယူပြီးလိုက်သည့်နောက်တွင် အရိုင်းဆန်စွာ တုန်လှုပ်သွားခဲ့သည်။ အထက်ကောင်းကင်ယံမှ ငုတ်မိုးကြည့်ရှူ့ပါလျှင် အဆိုပါကျောက်စာတိုင်များသည် ပုံစံတစ်ခုကို ပုံဖော်ထားကြောင်း တွေ့မြင်ရလိမ့်မည်။ ထိုပုံစံသည် မြင့်မားသောဗုဒ္ဓပုံရိပ်ကြီးနဲ့ ဆင်တူနေလေသည်။

ဘုန်း.....

ရုတ်တရက်ဆိုသလို ကျောက်စာတိုင်များသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားခဲ့ကာ ဗုဒ္ဓပုံရိပ်ကြီးနဲ့တူသော အစီအရင်ကြီးတစ်ခုကို လှစ်ဟပြသလိုက်သည်။ ဗုဒ္ဓပုံရိပ်ကြီးထံမှ လွင့်ပျံ့ထွက်ပေါ်သော သင်္ကေတများသည် အစီအရင်ကြီး၏ပတ်လမ်းအတိုင်း လှည့်ပတ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘုန်းတော်ကြီးခြောက်ပါးထံမှ ထုတ်လွှတ်နေသော ဗုဒ္ဓအရှိန်အဝါများသည် ပို၍ပို၍ နက်ရှိုင်းလာခဲ့သည်။ သူတို့၏ ကိုယ်ခန္ဓာများမှာ မျက်စိဖြင့်တွေ့မြင်နိုင်သောနှုန်းထားဖြင့် ခြောက်သွေ့လာခဲ့သည်။ သူတို့၏သွေးနဲ့ ချီစွမ်းအားသည် ဗုဒ္ဓသင်္ကေတများတလျှောက် လိုက်ပါစီးမျောလျက် ရှိသည်။

ဤမြင်ကွင်းက မနီးမဝေးတွင်ရှိနေသော ဝမ်ဖုန်း၏မျက်ဝန်းသူငယ်အိမ်များကို လှုပ်ခါသွားစေခဲ့ကာ သူ၏မျက်နှာမှာ ပြိုတော့မည့်မိုးကဲ့သို့ မဲမှောင်သွားခဲ့သည်။

ပဏ္ဍိတနယ်ပယ် ပုဂ္ဂိုလ်ကြီးခြောက်ယောက် အသက်ကိုစတေးပြီး ဖြိုခွင်းခဲ့တဲ့အစီအရင်ကြီးက ဘယ်လောက်တောင်ကြောက်လန့်ဖို့ကောင်းလိမ့်မလဲ။ ပိုပြီးထိတ်လန့်ဖို့ကောင်းတာက ဒီအစီအရင်ကြီးရဲ့အောက်မှာ ချိပ်ပိတ်ထားတာက ဘယ်လိုမျိုးတည်ရှိမှုကြီးလဲ။

ဤသည်မှာ ယန်လုံသားရဲကြီးကို ချိတ်ပိတ်ထားခဲ့သော အစီအရင်ကြီးနဲ့ ကွာခြားပါသည်။ ယန်လုံသားရဲကြီးကို ချိတ်ပိတ်ထားခဲ့သည့် အစီအရင်မှာ အင်မတန်မှ အဆင့်မြင့်လွန်းတာကြောင့် ချန်ခွမ်းသူတော်စင်အဆင့်စွမ်းအားရှင်များမှာ ထိတွေ့နိုင်ခွင့်တောင် မရကြပါ။

ထို့အတွက်ကြောင့် ဝမ်ဖုန်းက ယန်လုံသားရဲကြီးကို ချိပ်ပိတ်ထားခဲ့သည့်အစီအရင်မှာ အဘယ်မျှလောက် ထိတ်လန့်ဖွယ်ကောင်းကြောင်းကို ထိုအချိန်တုန်းက မသိရှိခဲ့ရပါ။ ထိုချိပ်စည်းကို ဝမ်ဖုန်းကိုယ်တိုင်ချိုးဖျက်ခဲ့ခြင်းမဟုတ်ဘဲ အကျဥ်းသားယန်လုံကိုယ်တိုင် ချိုးဖျက်ခဲ့ခြင်းမဟုတ်ပါလော။

သို့ပါသော်လည်း ဘုန်းတော်ကြီးခြောက်ပါးက အသက်ကိုစတေး၍ ချိပ်စည်းကို ပယ်ဖျက်နေသောမြင်ကွင်းအား တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးများက ဤမျှလောက်အကြင်နာမဲ့လိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ပါ။

စင်စစ် ဗုဒ္ဓ၏အမွေအနှစ်ကို ကိုယ်တိုင်ဖြတ်တောက်ပစ်ရသည့် အကြောင်းအရင်းလဲ ရှိကောင်းနိုင်ပါသည်။

ဘုန်း.....

လူပုဂ္ဂိုလ်အားလုံး၏ သွေးများစီးဆင်းသွားခြင်းနဲ့အတူ ဗုဒ္ဓပုံရိပ်ကြီးထံမှ ထုတ်လွှတ်နေသော သင်္ကေတများသည် တဖြည်းဖြည်းနဲ့ အနက်ရောင်ပြောင်းလဲလာခဲ့သည်။ ကျယ်ပြောနက်ရှိုင်းသော အရှိန်အဝါကြီးသည် ရုတ်တရက်ထွက်ပေါ်ခဲ့ကာ ကမ္ဘာလောကတစ်ခုလုံးကို အရိုင်းဆန်စွာ တုန်လှုပ်သွားစေခဲ့သည်။

ထိုအရှိန်အဝါကို တွေ့ကြုံခံစားလိုက်ရသည့်အခါ မဟာနတ်ဆိုးရွှမ်ရှနဲ့ အခြားသူများ၏ နှလုံးသားမှာ တင်းကြပ်သွားကြပြီး အကြောက်တရားကို ရေးရေးမျှ ခံစားလိုက်ရသည်။ သူတို့က သေမင်းနဲ့ ရင်ဆိုင်လိုက်ရသည့်အလား ထိတ်လန့်သွားကြကာ သူတို့၏ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ကြတော့ပါ။

လီပိုင်လိုသန်မာသောလူတစ်ယောက်၏ မျက်ခုံးကတောင် တဆတ်ဆတ်တုန်လှုပ်နေခဲ့သည်။ ကြီးမားသောအစီအရင်ကြီးကို ငေးစိုက်ကြည့်နေရင်း သူ၏ခန္ဓာကိုယ်ဟာ ခဲတောင့်တုန်လှုပ်လာရသည်။

ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခြင်းနဲ့အတူ ဘုန်းတော်ကြီးခြောက်ပါး၏ ခန္ဓာကိုယ်မှာ သွေးမြူထုများအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။ အဆုံးအစမဲ့ သွေးစွမ်းအားများသည် ကောင်းကင်အထက်ရှိ ဗုဒ္ဓသင်္ကေတများနဲ့ ပေါင်းစပ်သွားကာ မြေပြင်ပေါ်ရှိ အစီအရင်ကြီးထံ စီးဆင်းဝင်ရောက်သွားခဲ့သည်။

ဘုန်း....

အဆိုပါဗုဒ္ဓသင်္ကေတများ၏ အားဖြည့်မှုအောက်တွင် အစီအရင်ကြီးတစ်ခုလုံးက အပြည့်အဝအသက်ဝင်လာခဲ့ကာ ကမ္ဘာမြေကြီးတစ်ခုလုံးသည် အဆက်မပြတ်ယိမ်းထိုးသွားခဲ့သည်။ နဂါးကြီးတစ်ကောင် လူးလှိမ့်လိုက်သလိုမျိုး မြေပြင်ဟာ တစ်လွှာပြီးတစ်လွှာ မြှောက်တက်လာခဲ့သည်။ အရပ်လေးမျက်နှာသို့ မြေဆီမြေလွှာခဲများ လွင့်ပျံထွက်သွားခဲ့သည်။

ဤအချိန်၌ မိုးကောင်းကင်ကြီးတစ်ခုလုံးဟာ မဲမှောင်သွားခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအားများသည် အစီအရင်ကြီးထံမှ ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက်ဆိုသလို မြင့်မြတ်သောရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးသည် နတ်ဆိုးနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပုံပေါ်၏။

ထိုခမ်းနားကြီးကျယ်သော နတ်ဆိုးစွမ်းအား၏ ရှေ့မှောက်တွင် နတ်ဆိုးစွမ်းအင်ကို ကျင့်ကြံသော မဟာနတ်ဆိုးကြီးရွှမ်ရှကတောင် တုန်လှုပ်သွားခဲ့ရသည်။ သူဟာ အစီအရင်၏ဗဟိုချက်ကို အကြောက်တရားများပြည့်နှက်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ပေသည်။

ဝမ်ဖုန်းကလည်း မျက်မှောင်ကျုံ့လိုက်ပြီး အစီအရင်ကြီး၏ ဗဟိုချက်ကို စူးစိုက်ကြည့်လိုက်မိသည်။ ထိုနတ်ဆိုးစွမ်းအားများမှာ သူ့ကို မသက်မသာဖြစ်အောင် ပြုလုပ်နေခဲ့သည်။ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ရင်ဆိုင်လိုက်ရသည့်အလား လေထုအတွင်း၌ ရန်လိုမှုများ မင်းမူနေခဲ့သည်။

ဤနတ်ဆိုးစွမ်းအားများသည် သန့်စင်ခြင်းအရာ၌ မဟာနတ်ဆိုးရွှမ်ရှ ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအားများကို မယှဥ်ပြိုင်နိုင်ခဲ့ပါ။ သို့ပါသော်လည်း ထိုနတ်ဆိုးစွမ်းအားများသည် ပိုမို၍ ကြမ်းကြုတ်ရက်စက်နေခဲ့သည်။

ယင်းမှာ ကမ္ဘာလောကကြီးတစ်ခုလုံးရှိ ဆိုးယုတ်ညစ်ညမ်းမှုများကို စုပေါင်းထားသည့်အလားပင်။

ရုတ်တရက်ဆိုသလို ဝမ်ဖုန်း၏မျက်ဝန်းများမှာ လှုပ်ခါသွားခဲ့ပြီး ကောင်းကင်နှင့်နေမင်းကိုတောင် ဖုံးကွယ်သွားခဲ့သည့် မှော်စွမ်းအားကြီးတစ်ခုကို စူးစိုက်ကြည့်လိုက်မိသည်။ သူ၏မျက်ဝန်းများမှာ အတားအဆီးများကို ချိုးဖျက်သွားပြီး အစီအရင်ဗဟိုချက်၌ ရှိနေသော မြင့်မားသည့် ပုံရိပ်သုံးခုကို တွေ့မြင်လိုက်ရပုံ ပေါ်သည်။

အဆိုပါပြင်းထန်သော နတ်ဆိုးစွမ်းအားများသည် ထိုပုံရိပ်သုံးခုထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

" စနစ်....အဲ့တာက ဘာလဲ။ "

ပုံရိပ်သုံးခုကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏နှလုံးအိမ်က တောင့်တင်းသွားခဲ့ပြီး မျက်မှောင်ဖွဖွကျုံ့လျက် မေးမြန်းလိုက်သည်။ 

All Chapters